【 အလှအပနှင့်ကျန်းမာရေး 】 Hypothyroidism ခေါ် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းအကြောင်း

【  အလှအပနှင့်ကျန်းမာရေး  】 Hypothyroidism ခေါ် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းအကြောင်း

သိုင်းရွိုက်ဟော်မုန်းဆိုတာဘာလဲ?
ကျွန်ုပ်တို့ လည်ပင်းက အသံအိုးရဲ့ရှေ့မှာရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ထုတ်ပေးနေတာပါ။
ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်တဲ့နေရာမှာ အရေးကြီးတဲ့ဟော်မုန်းတစ်ခုဖြစ်တယ်။သိုင်းရွိုက်ဟော်မုန်းက T4 နဲ့ T3 ဆိုပြီး နှစ်မျိုးရှိပါတယ်။

သိုင်းရွိုက်ဟော်မုန်းနည်းစေတဲ့အကြောင်းရင်း?
 ကမ္ဘာတဝှမ်း အဖြစ်အများဆုံးကတော့
အိုင်အိုဒင်းဓါတ်ချို့တဲ့လို့ ဖြစ်တဲ့ လည်ပင်းကြီးရောဂါပါ။

အခြားအကြောင်းရင်းတွေကတော့-
-autoimmune ရောဂါတွေဖြစ်တဲ့  primary atrophic hypothyroidism, Hashimoto's thyroiditis
-သိုင်းရွိုက်ဂလင်းကို ဖြတ်ထုတ်ထားတဲ့သူတွေ
-ရေဒီယို အိုင်အိုဒင်း ကုသမှုခံယူထားတဲ့သူတွေ
-သိုင်းရွိုက်ဟော်မုန်းများလို့ သောက်ဆေးသောက်နေရတဲ့သူတွေ
-နှလုံးဆေး (Amiodarone) စိတ်ရောဂါကုဆေး (lithium) သောက်နေရတဲ့သူတွေ
-သိုင်းရွိုက်ဂလင်းရောင်ခြင်း (Subacute thyroiditis
-အလွန်ရှားတဲ့အကြောင်းရင်းတွေကတော့ သိုင်းရွိုက်ဟော်မုန်းထုတ်တာကို ထိန်းချုပ်နေတဲ့ ဦးနှောက်က pituitary ဂလင်းမှာပြဿ     နာ ရှိခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Secondary hypothyroidism) နဲ့ မွေးရာပါသိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါတွေ ပါ။

ဘယ်သူတွေမှာအဖြစ်များလဲ?
 သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို အသက်၄၀နှင့်အထက် အမျိုးသမီးတွေမှာ တွေ့ရများတတ်ပါတယ်။အမျိုးသမီးတွေက အမျိုးသားတွေထက် ခြောက်ဆလောက် အဖြစ်များတာတွေ့ရပါတယ်။

ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ?
-မောပန်းလွယ်ခြင်း နုံးခြင်း
-ကိုယ်အလေးချိန်တိုးလာခြင်း
-အအေးဒဏ်မခံနိုင်ခြင်း
-လေးလံထိုင်းမှိုင်းခြင်း
-သာမန်ထက်ပို အိပ်ချင်နေခြင်း
-ဆံပင် အရေပြားများခြောက်သွေ့ခြင်း
-စိတ်ဓါတ်ကျခြင်း
-မှတ်ဉာဏ်အားနည်းလာခြင်း
-အသံပြောင်းလဲလာခြင်း
-ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
-ကြွက်တက်ခြင်း
-ဝမ်းချုပ်ခြင်း
-ရာသီသွေးများခြင်း စတာတွေ တွေ့ရမှာပါ။
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကြောင့် ဖြစ်တဲ့လက္ခဏာတွေက တဖြည်းဖြည်းချင်း ဖြစ်တာဖြစ်ပီး နုံးတာ မောပန်းလွယ်တာ စတဲ့မသိသာတဲ့ လက္ခဏာတွေနဲ့တွေ့ရတတ်လို့ သတိမပြုမိဘဲ ဖြစ်တတ်ကြပါတယ်။

သိုင်းရွိုက်ဟော်မုန်း ကြာရှည်စွာနည်းနေတဲ့သူတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ Mucopolysaccharides,hyaluronic acid နဲ့ chondroitin စတဲ့ ပစ္စည်းတွေပုံလာခြင်းကြောင့်
-အသံအောလာခြင်း
-အကြားအာရုံထိခိုက်ခြင်း
-စကားပြောလုံးလာခြင်း
-လက်ထုံကျင်ခြင်း
-ခြေ၊လက် ဖောရောင်ခြင်း
-မျက်လုံးတဝိုက်ဖောင်းအစ်လာခြင်း
-မျက်နှာပြည့်ဖောင်းလာခြင်း စတာတွေတွေ့ရမှာပါ။

ဘယ်လို ရောဂါရှာဖွေမှာလဲ?
Thyroid function test လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း level အနည်း အများ ကို သွေးထဲမှာစစ်ကြည့်နိုင်တယ်။
Pituitary ပြဿနာတွေဖြစ်တဲ့  secondary hypothyroidismမှာတော့ T4ရော TSH ရောကျမှာပါ။

ဘယ်လိုကုသမှုခံယူမလဲ?
ဘာအကြောင်းကြောင့်ဖြစ်စေ သိုင်းရွိုက်ဟော်မုန်းနည်းနေပီဆိုရင်တော့ Levothyroxine လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း ပြန်ဖြည့်ပေးရမှာပါ။သိုင်းရွိုက်ဂလင်းရောင်လို့ဖြစ်တဲ့ subacute thyroiditis ကလွဲလို့ ကျန်တဲ့ ရောဂါတွေမှာ life long therapy ဘဝတလျှောက် သောက်ဖို့လိုပါတယ်။တနေ့တကြိမ်သောက်ဖို့လိုမှာဖြစ်ပီး ၆ပတ်အကြာမှာ ပြန်စစ်ကြည့်သင့်ပါတယ်။နှစ်ပတ် သုံးပတ်အကြာမှာ မျက်နှာဖောတာ ဝတာ စတဲ့လက္ခဏာတွေသက်သာလာမှာဖြစ်ပီး ခြောက်လအကြာမှာတော့ အသားအရေခြောက်တာတွေနဲ့အခြားလက္ခဏာတွေသက်သာလာမှာပါ။အသက်ငယ်တဲ့သူတွေမှာတော့ 100mcg လောက်ထိ dose ပေးနိုင်ပေမယ့် အသက်ကြီးတဲ့သူတွေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါရှိတဲ့သူတွေမှာတော့ 25mcg dose နည်းနည်းနဲ့ပဲစပေးသင့်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ အချိန်ကြာမကုပဲထားပါက
၁)နှလုံးသွေးကြောကျဉ်းခြင်း(IHD)
၂)သတိမေ့ခြင်း (Demantia)
၃)myxoedema coma (ကိုမာဖြစ်ခြင်း)စတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပါဖြစ်လာနိုင်တာကြောင့် အမြန်ဆုံး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ( ဆေး- ၁ ) 

(  Zawgyi  )

 သိုင္း႐ြိဳက္ေဟာ္မုန္းဆိုတာဘာလဲ?
ကြၽႏ္ုပ္တို႔ လည္ပင္းက အသံအိုးရဲ႕ေရွ႕မွာရွိတဲ့ သိုင္း႐ြိဳက္ဂလင္းကေန ထုတ္ေပးေနတာပါ။
ကိုယ္ခႏၶာအစိတ္အပိုင္းေတြရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြကို ထိန္းခ်ဳပ္တဲ့ေနရာမွာ အေရးႀကီးတဲ့ေဟာ္မုန္းတစ္ခုျဖစ္တယ္။သိုင္း႐ြိဳက္ေဟာ္မုန္းက T4 နဲ႔ T3 ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။

သိုင္း႐ြိဳက္ေဟာ္မုန္းနည္းေစတဲ့အေၾကာင္းရင္း?
 ကမာၻတဝွမ္း အျဖစ္အမ်ားဆုံးကေတာ့
အိုင္အိုဒင္းဓါတ္ခ်ိဳ႕တဲ့လို႔ ျဖစ္တဲ့ လည္ပင္းႀကီးေရာဂါပါ။

အျခားအေၾကာင္းရင္းေတြကေတာ့-
-autoimmune ေရာဂါေတြျဖစ္တဲ့  primary atrophic hypothyroidism, Hashimoto's thyroiditis
-သိုင္း႐ြိဳက္ဂလင္းကို ျဖတ္ထုတ္ထားတဲ့သူေတြ
-ေရဒီယို အိုင္အိုဒင္း ကုသမႈခံယူထားတဲ့သူေတြ
-သိုင္း႐ြိဳက္ေဟာ္မုန္းမ်ားလို႔ ေသာက္ေဆးေသာက္ေနရတဲ့သူေတြ
-ႏွလုံးေဆး (Amiodarone) စိတ္ေရာဂါကုေဆး (lithium) ေသာက္ေနရတဲ့သူေတြ
-သိုင္း႐ြိဳက္ဂလင္းေရာင္ျခင္း (Subacute thyroiditis
-အလြန္ရွားတဲ့အေၾကာင္းရင္းေတြကေတာ့ သိုင္း႐ြိဳက္ေဟာ္မုန္းထုတ္တာကို ထိန္းခ်ဳပ္ေနတဲ့ ဦးေႏွာက္က pituitary ဂလင္းမွာျပႆ     နာ ရွိျခင္းေၾကာင့္ သိုင္း႐ြိဳက္ေဟာ္မုန္းနည္းျခင္း (Secondary hypothyroidism) နဲ႔ ေမြးရာပါသိုင္း႐ြိဳက္ေဟာ္မုန္းနည္းတဲ့ေရာဂါေတြ ပါ။

ဘယ္သူေတြမွာအျဖစ္မ်ားလဲ?
 သိုင္း႐ြိဳက္ေဟာ္မုန္းနည္းျခင္းကို အသက္၄၀ႏွင့္အထက္ အမ်ိဳးသမီးေတြမွာ ေတြ႕ရမ်ားတတ္ပါတယ္။အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ေျခာက္ဆေလာက္ အျဖစ္မ်ားတာေတြ႕ရပါတယ္။

ဘယ္လိုလကၡဏာေတြ ေတြ႕ရမလဲ?
-ေမာပန္းလြယ္ျခင္း ႏုံးျခင္း
-ကိုယ္အေလးခ်ိန္တိုးလာျခင္း
-အေအးဒဏ္မခံႏိုင္ျခင္း
-ေလးလံထိုင္းမႈိင္းျခင္း
-သာမန္ထက္ပို အိပ္ခ်င္ေနျခင္း
-ဆံပင္ အေရျပားမ်ားေျခာက္ေသြ႕ျခင္း
-စိတ္ဓါတ္က်ျခင္း
-မွတ္ဉာဏ္အားနည္းလာျခင္း
-အသံေျပာင္းလဲလာျခင္း
-ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္း
-ႂကြက္တက္ျခင္း
-ဝမ္းခ်ဳပ္ျခင္း
-ရာသီေသြးမ်ားျခင္း စတာေတြ ေတြ႕ရမွာပါ။
သိုင္း႐ြိဳက္ေဟာ္မုန္းနည္းျခင္းေၾကာင့္ ျဖစ္တဲ့လကၡဏာေတြက တျဖည္းျဖည္းခ်င္း ျဖစ္တာျဖစ္ပီး ႏုံးတာ ေမာပန္းလြယ္တာ စတဲ့မသိသာတဲ့ လကၡဏာေတြနဲ႔ေတြ႕ရတတ္လို႔ သတိမျပဳမိဘဲ ျဖစ္တတ္ၾကပါတယ္။

သိုင္း႐ြိဳက္ေဟာ္မုန္း ၾကာရွည္စြာနည္းေနတဲ့သူေတြရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြမွာ Mucopolysaccharides,hyaluronic acid နဲ႔ chondroitin စတဲ့ ပစၥည္းေတြပုံလာျခင္းေၾကာင့္
-အသံေအာလာျခင္း
-အၾကားအာ႐ုံထိခိုက္ျခင္း
-စကားေျပာလုံးလာျခင္း
-လက္ထုံက်င္ျခင္း
-ေျခ၊လက္ ေဖာေရာင္ျခင္း
-မ်က္လုံးတဝိုက္ေဖာင္းအစ္လာျခင္း
-မ်က္ႏွာျပည့္ေဖာင္းလာျခင္း စတာေတြေတြ႕ရမွာပါ။

ဘယ္လို ေရာဂါရွာေဖြမွာလဲ?
Thyroid function test လို႔ေခၚတဲ့ သိုင္း႐ြိဳက္ေဟာ္မုန္း level အနည္း အမ်ား ကို ေသြးထဲမွာစစ္ၾကည့္ႏိုင္တယ္။
Pituitary ျပႆနာေတြျဖစ္တဲ့  secondary hypothyroidismမွာေတာ့ T4ေရာ TSH ေရာက်မွာပါ။

ဘယ္လိုကုသမႈခံယူမလဲ?
ဘာအေၾကာင္းေၾကာင့္ျဖစ္ေစ သိုင္း႐ြိဳက္ေဟာ္မုန္းနည္းေနပီဆိုရင္ေတာ့ Levothyroxine လို႔ေခၚတဲ့ သိုင္း႐ြိဳက္ေဟာ္မုန္း ျပန္ျဖည့္ေပးရမွာပါ။သိုင္း႐ြိဳက္ဂလင္းေရာင္လို႔ျဖစ္တဲ့ subacute thyroiditis ကလြဲလို႔ က်န္တဲ့ ေရာဂါေတြမွာ life long therapy ဘဝတေလွ်ာက္ ေသာက္ဖို႔လိုပါတယ္။တေန႔တႀကိမ္ေသာက္ဖို႔လိုမွာျဖစ္ပီး ၆ပတ္အၾကာမွာ ျပန္စစ္ၾကည့္သင့္ပါတယ္။ႏွစ္ပတ္ သုံးပတ္အၾကာမွာ မ်က္ႏွာေဖာတာ ဝတာ စတဲ့လကၡဏာေတြသက္သာလာမွာျဖစ္ပီး ေျခာက္လအၾကာမွာေတာ့ အသားအေရေျခာက္တာေတြနဲ႔အျခားလကၡဏာေတြသက္သာလာမွာပါ။အသက္ငယ္တဲ့သူေတြမွာေတာ့ 100mcg ေလာက္ထိ dose ေပးႏိုင္ေပမယ့္ အသက္ႀကီးတဲ့သူေတြနဲ႔ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရွိတဲ့သူေတြမွာေတာ့ 25mcg dose နည္းနည္းနဲ႔ပဲစေပးသင့္ပါတယ္။

သိုင္း႐ြိဳက္ေဟာ္မုန္းနည္းျခင္းဟာ အခ်ိန္ၾကာမကုပဲထားပါက
၁)ႏွလုံးေသြးေၾကာက်ဥ္းျခင္း(IHD)
၂)သတိေမ့ျခင္း (Demantia)
၃)myxoedema coma (ကိုမာျဖစ္ျခင္း)စတဲ့ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြပါျဖစ္လာႏိုင္တာေၾကာင့္ အျမန္ဆုံး စစ္ေဆးကုသမႈခံယူသင့္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက ( ေဆး- ၁ )