【 အလှအပနှင့် ကျန်းမာရေး 】အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် ကိုကာကွယ်နိုင်တဲ့ ဗီတာမင်-ဒီ

【  အလှအပနှင့် ကျန်းမာရေး  】အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် ကိုကာကွယ်နိုင်တဲ့ ဗီတာမင်-ဒီ

လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အထူးသဖြင့် ဝူဟန်မြို့တွင် အဓိက ကူးစက် ပျံ့နှံ့ခဲ့သော်လည်း ယခုအခါ အခြား နိုင်ငံများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အီရန်နိုင်ငံ စသည့်နိုင်ငံများအပါအဝင် ကူးစက်ပျံ့နှံ့မှုများပြားလာလျက်ရှိပါတယ်။ ကိုရီးယားသမ္မတနိုင်ငံ၌ ရောဂါကူးစက်ပြန့်ပွားမှုသည် ပြည်သူလူထုအတွင်း၌ စတင် ဖြစ်ပွားခဲ့ကာ ရောဂါကူးစက်မှုနှုန်းမြင့်မားနေသည့်ကာလ Ascending phase ဖြစ်နေသောကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကိုကာကွယ်နိုင်တဲ့ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်အတွက် အထောက်အကူပြုပေးတဲ့ ဗီတာမင်-ဒီ ကို သုံးစွဲသင့် ပါတယ်။ ဗီတာမင်-ဒီ ဆိုတာက ခန္ဓာကိုယ်အတွက်ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ကယ်ဆီယမ်ကို စုပ်ယူပေးနိုင်ပြီး ကိုယ်ခံအားလည်း ကောင်းစေသလို ဖျားနာရောင်ရမ်းမှုတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

အရိုး နဲ့ သွားကျန်းမာရေးအတွက်သာမကဘဲ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်အတွက် အထောက်အကူပြုပေးပါတယ်။ ဗီတာမင်-ဒီ ကို ဘယ်ကရသလဲ? ဗီတာမင်-ဒီ ကို ကျွန်တော်တို့စားလိုက်တဲ့ ကြက်ဥ၊ ဘဲဥစတဲ့ ဥမျိုးစုံ၊ အဆီများတဲ့ငါး၊ နွားနို့၊ ထောပတ်တို့ကနေ ရရှိပါ တယ်။ ဒီအစားအစာထဲမှာပါတဲ့ Vitamin D ဟာ ကုန်ကြမ်းအဆင့်ဖြစ်တဲ့ 7–dehydrocholesterol အနေနဲ့ပဲ ဖြစ်ပါတယ်။ နေရောင်ခြည် မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV Light) ဟာ လူရဲ့အရေပြားမှတဆင့် သွေးကြောထဲကို ဖောက်ဝင်သွားတဲ့အခါမှာ သွေးထဲမှာရှိတဲ့ အဆိုပါကုန်ကြမ်းကို Vitamin D ဖြစ်တဲ့ Cholecalciferol အဖြစ်ကို ပြောင်းပေးပါတယ်။ ပြီးတော့မှ အသည်းနဲ့ကျောက်ကပ်တို့က အဆင့်ဆင့်ပြု ုပြင်ပေးပြီး နောက်ဆုံးမှ ခန္ဓာကိုယ်ဟာ အသုံးချနိုင်တဲ့ ဗီတာမင်-ဒီ အနေအထားကို ရောက်ပါတယ်။ သွေးထဲမှာ Vitamin D level ဘယ်လောက်ရှိသင့်သလဲ? ပုံမှန်ရှိရမယ့် Vitamin D level က 75nmol/L ပါ။ 50 - 75 nmol/L ရှိနေတဲ့သူတွေဆို Vitamin D မလုံလောက်ဘူး။ 50nmol/L အောက်ရောက်နေပြီဆိုရင် အရိုးပွတာ အရိုးကျိုးလွယ်တာတွေ ဖြစ်နိုင်တယ်။

ဗီတာမင် D ချို့တဲ့ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့

1. မကြာခဏ ဖျားနာပြီး ရောဂါကူးစက်ခံရ လွယ်ခြင်း
2. ပင်ပန်းနွမ်းနယ်နေခြင်း
3. အရိုးအဆစ်များနာကျင်ခြင်း၊ ခါးကိုက်ဝေဒနာခံစားရခြင်း
 4. စိတ်ဓါတ်ကျခြင်း
5. အနာကျက် နှေးခြင်း
6. အရိုးပွ ရောဂါခံစားရလာခြင်း
 7. ဆံပင်ကျွတ်ခြင်း
8. ကြွက်သားများနာကျင်ကိုက်ခဲခြင်း
9. သွေးပေါင်ချိန် တက်ခြင်း တို့ဖြစ်ပါတယ်။

Vitamin D ချို့တဲ့နေတာဘယ်လိုသိနိုင်လဲ? သွေးစစ်ကြည့်ရမယ်။ ကိုယ်က Vitamin D ချို့တဲ့နေတာသေချာပြီဆိုရင် ဆရာဝန် ညွှန်ကြားချက် အတိုင်း ဆေးသောက်သင့်ပါတယ်။ ဗီတာမင် ဒီ ချို့တဲ့သူများဟာ ချို့တဲ့သော အဆင့် (သာမန်၊ အလယ်အလတ်၊ ပြင်းထန်) ပေါ် မူတည်၍ ဆေးကို လချီ၍ သောက်သုံးရတတ်ပါတယ်။ ပုံမှန်လူကြီးတစ်ယောက်အနေနဲ့ တစ်နေ့တာ အများဆုံး စားသုံး သင့် တဲ့ ပမာဏဟာ 600 IU ထက် မကျော်သင့်ပါဘူး။ ယနေ့ခေတ် နေမထွက်ခင် ရုံးတက်၊ နေဝင်မှ ရုံးဆင်း၊ တစ်နေကုန် ရုံးမှာထိုင်ရတဲ့ အပြင် အချို့နေရောင်မရတဲ့ ဒေသမှာ နေရတဲ့အခါ ဗီတာမင် ဒီ ချို့တဲ့မှုကို ခံစားလာရပါတယ်။ဒါကြောင့် ပုံမှန် နေ့အလင်းရောင် အောက်မှာ လှုပ်ရှားသွားလာပြီး ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်အတွက် အထောက်အကူပြု စေကာ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် ကိုကာကွယ်ကြပါစို့။ ။ ကျန်းမာပျော်ရွှင်ကြပါစေ။

ဇီဝက ( ဆေး-၁ )

(  Zawgyi  )

 လတ္တေလာအသက္ရႉလမ္းေၾကာင္း ဆိုင္ရာေရာဂါသည္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ၊ အထူးသျဖင့္ ဝူဟန္ၿမိဳ႕တြင္ အဓိက ကူးစက္ ပ်ံ႕ႏွံ႔ခဲ့ေသာ္လည္း ယခုအခါ အျခား ႏိုင္ငံမ်ားအေနျဖင့္ ကိုရီးယားသမၼတႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံႏွင့္ အီရန္ႏိုင္ငံ စသည့္ႏိုင္ငံမ်ားအပါအဝင္ ကူးစက္ပ်ံ႕ႏွံ႔မႈမ်ားျပားလာလ်က္ရွိပါတယ္။ ကိုရီးယားသမၼတႏိုင္ငံ၌ ေရာဂါကူးစက္ျပန႔္ပြားမႈသည္ ျပည္သူလူထုအတြင္း၌ စတင္ ျဖစ္ပြားခဲ့ကာ ေရာဂါကူးစက္မႈႏႈန္းျမင့္မားေနသည့္ကာလ Ascending phase ျဖစ္ေနေသာေၾကာင့္ ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ အေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကိုကာကြယ္ႏိုင္တဲ့ကိုယ္ခႏၶာရဲ႕ ခုခံအားစနစ္အတြက္ အေထာက္အကူျပဳေပးတဲ့ ဗီတာမင္-ဒီ ကို သုံးစြဲသင့္ ပါတယ္။ ဗီတာမင္-ဒီ ဆိုတာက ခႏၶာကိုယ္အတြက္ႀကီးထြားဖြံ႕ၿဖိဳးဖို႔လိုအပ္တဲ့ ကယ္ဆီယမ္ကို စုပ္ယူေပးႏိုင္ၿပီး ကိုယ္ခံအားလည္း ေကာင္းေစသလို ဖ်ားနာေရာင္ရမ္းမႈေတြကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

အ႐ိုး နဲ႔ သြားက်န္းမာေရးအတြက္သာမကဘဲ ကိုယ္ခႏၶာရဲ႕ ခုခံအားစနစ္အတြက္ အေထာက္အကူျပဳေပးပါတယ္။ ဗီတာမင္-ဒီ ကို ဘယ္ကရသလဲ? ဗီတာမင္-ဒီ ကို ကြၽန္ေတာ္တို႔စားလိုက္တဲ့ ၾကက္ဥ၊ ဘဲဥစတဲ့ ဥမ်ိဳးစုံ၊ အဆီမ်ားတဲ့ငါး၊ ႏြားႏို႔၊ ေထာပတ္တို႔ကေန ရရွိပါ တယ္။ ဒီအစားအစာထဲမွာပါတဲ့ Vitamin D ဟာ ကုန္ၾကမ္းအဆင့္ျဖစ္တဲ့ 7–dehydrocholesterol အေနနဲ႔ပဲ ျဖစ္ပါတယ္။ ေနေရာင္ျခည္ မွာပါတဲ့ ခရမ္းလြန္ေရာင္ျခည္ (UV Light) ဟာ လူရဲ႕အေရျပားမွတဆင့္ ေသြးေၾကာထဲကို ေဖာက္ဝင္သြားတဲ့အခါမွာ ေသြးထဲမွာရွိတဲ့ အဆိုပါကုန္ၾကမ္းကို Vitamin D ျဖစ္တဲ့ Cholecalciferol အျဖစ္ကို ေျပာင္းေပးပါတယ္။ ၿပီးေတာ့မွ အသည္းနဲ႔ေက်ာက္ကပ္တို႔က အဆင့္ဆင့္ျပဳ ုျပင္ေပးၿပီး ေနာက္ဆုံးမွ ခႏၶာကိုယ္ဟာ အသုံးခ်ႏိုင္တဲ့ ဗီတာမင္-ဒီ အေနအထားကို ေရာက္ပါတယ္။ ေသြးထဲမွာ Vitamin D level ဘယ္ေလာက္ရွိသင့္သလဲ? ပုံမွန္ရွိရမယ့္ Vitamin D level က 75nmol/L ပါ။ 50 - 75 nmol/L ရွိေနတဲ့သူေတြဆို Vitamin D မလုံေလာက္ဘူး။ 50nmol/L ေအာက္ေရာက္ေနၿပီဆိုရင္ အ႐ိုးပြတာ အ႐ိုးက်ိဳးလြယ္တာေတြ ျဖစ္ႏိုင္တယ္။

ဗီတာမင္ D ခ်ိဳ႕တဲ့ရင္ ျဖစ္တတ္တဲ့ လကၡဏာေတြကေတာ့

1. မၾကာခဏ ဖ်ားနာၿပီး ေရာဂါကူးစက္ခံရ လြယ္ျခင္း
2. ပင္ပန္းႏြမ္းနယ္ေနျခင္း
3. အ႐ိုးအဆစ္မ်ားနာက်င္ျခင္း၊ ခါးကိုက္ေဝဒနာခံစားရျခင္း
 4. စိတ္ဓါတ္က်ျခင္း
5. အနာက်က္ ေႏွးျခင္း
6. အ႐ိုးပြ ေရာဂါခံစားရလာျခင္း
 7. ဆံပင္ကြၽတ္ျခင္း
8. ႂကြက္သားမ်ားနာက်င္ကိုက္ခဲျခင္း
9. ေသြးေပါင္ခ်ိန္ တက္ျခင္း တို႔ျဖစ္ပါတယ္။

Vitamin D ခ်ိဳ႕တဲ့ေနတာဘယ္လိုသိႏိုင္လဲ? ေသြးစစ္ၾကည့္ရမယ္။ ကိုယ္က Vitamin D ခ်ိဳ႕တဲ့ေနတာေသခ်ာၿပီဆိုရင္ ဆရာဝန္ ၫႊန္ၾကားခ်က္ အတိုင္း ေဆးေသာက္သင့္ပါတယ္။ ဗီတာမင္ ဒီ ခ်ိဳ႕တဲ့သူမ်ားဟာ ခ်ိဳ႕တဲ့ေသာ အဆင့္ (သာမန္၊ အလယ္အလတ္၊ ျပင္းထန္) ေပၚ မူတည္၍ ေဆးကို လခ်ီ၍ ေသာက္သုံးရတတ္ပါတယ္။ ပုံမွန္လူႀကီးတစ္ေယာက္အေနနဲ႔ တစ္ေန႔တာ အမ်ားဆုံး စားသုံး သင့္ တဲ့ ပမာဏဟာ 600 IU ထက္ မေက်ာ္သင့္ပါဘူး။ ယေန႔ေခတ္ ေနမထြက္ခင္ ႐ုံးတက္၊ ေနဝင္မွ ႐ုံးဆင္း၊ တစ္ေနကုန္ ႐ုံးမွာထိုင္ရတဲ့ အျပင္ အခ်ိဳ႕ေနေရာင္မရတဲ့ ေဒသမွာ ေနရတဲ့အခါ ဗီတာမင္ ဒီ ခ်ိဳ႕တဲ့မႈကို ခံစားလာရပါတယ္။ဒါေၾကာင့္ ပုံမွန္ ေန႔အလင္းေရာင္ ေအာက္မွာ လႈပ္ရွားသြားလာၿပီး ကိုယ္ခႏၶာရဲ႕ ခုခံအားစနစ္အတြက္ အေထာက္အကူျပဳ ေစကာ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာေရာဂါ ကို႐ိုနာဗိုင္းရပ္စ္ ကိုကာကြယ္ၾကပါစို႔။ ။ က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ဇီဝက ( ေဆး-၁ )