【 အလှအပနှင့် ကျန်းမာရေး 】 နှုတ်ခမ်းချင်းစုပ်နမ်းခြင်း (Kissing) အကြောင်းတစေ့တစောင်း

【  အလှအပနှင့် ကျန်းမာရေး  】 နှုတ်ခမ်းချင်းစုပ်နမ်းခြင်း (Kissing) အကြောင်းတစေ့တစောင်း

Kissing ဆိုတာ ချစ်သူတိုင်း အတွက် ကြည်နူးဖွယ် အခိုက်အတန့်လေးပါ။ ယခုအပတ် မှာတော့ နှုတ်ခမ်းချင်းစုပ်နမ်းခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုး တွေကို ကျန်းမာရေးရှု့ထောင့်ကနေ ဖော်ပြသွားမှာဖြစ်ပါတယ်။

 
နှုတ်ခမ်းချင်းစုပ်နမ်းတဲ့ အခိုက်အတန့်လေးမှာဦးနှောက်က

-ဆယ်ရိုတိုနင် (Serotonin -Happy Neurotransmitter)စိတ်ဖိစီးမှုကို လျော့ကျစေခြင်းသာမက စိတ်ကျရောဂါ Depression ဖြစ်ပွားမှုကိုလည်း လျော့နဲစေခြင်း။

- ‌အောက်ဆီတိုစင် (Oxytocin)  တစ်ဦးနဲ့ တစ်ဦး ချစ်ခင်တွယ်တာစုံမက်မှုတွေ ဖြစ်စေခြင်း။

 - ဒိုပါမင်(Dopamine) ဟော်မုန်းထွက်ပေါ်လာတဲ့အခါမှာတော့ Feeling High (ခံစားမှုမြင့်တက်လာခြင်း)

- အက်ဒီနယ်လင် ( Adrenaline) ဟော်မုန်းထွက်လာပြီဆိုရင်တော့ ရင်ထဲမှာဂနာမငြိမ်ဖြစ်လာကာနှလုံးခုန်မြန်ပြီး သွေးကြောတွေကျယ်စေခြင်း။

-အက်ဒရောဖင် (Endorphins) ပေါ့ပါးလန်းဆန်းကာ နာကျင်မှုကိုသက်သာစေခြင်း စတဲ့ ဟော်မုန်း တွေထွက်စေပါတယ်။

ဒါပေမဲ့ သတိထားရမဲ့ ကျန်းမာရေး ဆိုးကျိုးတွေက

၁)အနမ်းခံရတဲ့သူ (သို့) နမ်းတဲ့သူရဲ့ နှုတ်ခမ်းနဲ့ခံတွင်းမှာ အနာပေါက်နေရင် Cold sores ခေါ်တဲ့ နှုတ်ခမ်းရေယုန်(HSV-1) ဗိုင်းရပ်စ်၊ ဝဲ ၊မှို၊ နဲ့ ဆစ်ဖလစ်ရောဂါ ၊သလိပ်ထဲ ပိုးတွေ့ တီဘီ ကူးစက်နိုင်တယ်။

၂) Kissing disease အနမ်းရောဂါလို့ခေါ်တဲ့ (EBV) နဲ့ (CMV) ဗိုင်းရပ်စ်တွေကနေ ကူးစက်သော Infectious  Mononucleosis ရောဂါ ကူးစက်နိုင်တယ်။

၃) Hand-foot-mouth disease လက်-ခြေ-ပါးစပ်ရောဂါ လို့ခေါ်တဲ့ Coxsackie virus ဗိုင်းရပ်စ်က ကူးစက်တဲ့ရောဂါ ကူးစက်နိုင်တယ်။

၄) HIV ပိုးကောင် အရေအတွက် ခန္ဓာကိုယ်အတွင်းများနေလျှင်လဲ HIV ကူးစက်နိုင်တယ်။

၅) အသဲရောင်အသားဝါ အေ ဘီ စီ ပိုးကောင် အရေအတွက် များနေလျှင်လဲ ကူးစက်နိုင်ပါတယ်။

*တစ်မိနစ် နမ်းရင်ကယ်လ်လိုရီ 6.4 ကယ်လ်လိုရီလောင်ကျွမ်းတယ် ဆိုတော့ *

ကျန်းမာပျော်ရွှင်ကြပါစေ။ 

 

(   Zawgyi   )

 Kissing ဆိုတာ ခ်စ္သူတိုင္း အတြက္ ၾကည္ႏူးဖြယ္ အခိုက္အတန႔္ေလးပါ။ ယခုအပတ္ မွာေတာ့ ႏႈတ္ခမ္းခ်င္းစုပ္နမ္းျခင္းေၾကာင့္ ရရွိႏိုင္တဲ့ ေကာင္းက်ိဳး ဆိုးက်ိဳး ေတြကို က်န္းမာေရးရႈ႕ေထာင့္ကေန ေဖာ္ျပသြားမွာျဖစ္ပါတယ္။

 
ႏႈတ္ခမ္းခ်င္းစုပ္နမ္းတဲ့ အခိုက္အတန႔္ေလးမွာဦးေႏွာက္က

-ဆယ္႐ိုတိုနင္ (Serotonin -Happy Neurotransmitter)စိတ္ဖိစီးမႈကို ေလ်ာ့က်ေစျခင္းသာမက စိတ္က်ေရာဂါ Depression ျဖစ္ပြားမႈကိုလည္း ေလ်ာ့နဲေစျခင္း။

- ‌ေအာက္ဆီတိုစင္ (Oxytocin)  တစ္ဦးနဲ႔ တစ္ဦး ခ်စ္ခင္တြယ္တာစုံမက္မႈေတြ ျဖစ္ေစျခင္း။

 - ဒိုပါမင္(Dopamine) ေဟာ္မုန္းထြက္ေပၚလာတဲ့အခါမွာေတာ့ Feeling High (ခံစားမႈျမင့္တက္လာျခင္း)

- အက္ဒီနယ္လင္ ( Adrenaline) ေဟာ္မုန္းထြက္လာၿပီဆိုရင္ေတာ့ ရင္ထဲမွာဂနာမၿငိမ္ျဖစ္လာကာႏွလုံးခုန္ျမန္ၿပီး ေသြးေၾကာေတြက်ယ္ေစျခင္း။

-အက္ဒေရာဖင္ (Endorphins) ေပါ့ပါးလန္းဆန္းကာ နာက်င္မႈကိုသက္သာေစျခင္း စတဲ့ ေဟာ္မုန္း ေတြထြက္ေစပါတယ္။

ဒါေပမဲ့ သတိထားရမဲ့ က်န္းမာေရး ဆိုးက်ိဳးေတြက

၁)အနမ္းခံရတဲ့သူ (သို႔) နမ္းတဲ့သူရဲ႕ ႏႈတ္ခမ္းနဲ႔ခံတြင္းမွာ အနာေပါက္ေနရင္ Cold sores ေခၚတဲ့ ႏႈတ္ခမ္းေရယုန္(HSV-1) ဗိုင္းရပ္စ္၊ ဝဲ ၊မႈိ၊ နဲ႔ ဆစ္ဖလစ္ေရာဂါ ၊သလိပ္ထဲ ပိုးေတြ႕ တီဘီ ကူးစက္ႏိုင္တယ္။

၂) Kissing disease အနမ္းေရာဂါလို႔ေခၚတဲ့ (EBV) နဲ႔ (CMV) ဗိုင္းရပ္စ္ေတြကေန ကူးစက္ေသာ Infectious  Mononucleosis ေရာဂါ ကူးစက္ႏိုင္တယ္။

၃) Hand-foot-mouth disease လက္-ေျခ-ပါးစပ္ေရာဂါ လို႔ေခၚတဲ့ Coxsackie virus ဗိုင္းရပ္စ္က ကူးစက္တဲ့ေရာဂါ ကူးစက္ႏိုင္တယ္။

၄) HIV ပိုးေကာင္ အေရအတြက္ ခႏၶာကိုယ္အတြင္းမ်ားေနလွ်င္လဲ HIV ကူးစက္ႏိုင္တယ္။

၅) အသဲေရာင္အသားဝါ ေအ ဘီ စီ ပိုးေကာင္ အေရအတြက္ မ်ားေနလွ်င္လဲ ကူးစက္ႏိုင္ပါတယ္။

*တစ္မိနစ္ နမ္းရင္ကယ္လ္လိုရီ 6.4 ကယ္လ္လိုရီေလာင္ကြၽမ္းတယ္ ဆိုေတာ့ *

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။