ASD (Atrial Septal Defect) (ခ) မွေးရာပါနှလုံးအပေါက်ပါခြင်းအကြောင်းသိကောင်းစရာ

 
နှလုံးမှာ အခန်း လေးခန်း ရတယ်။
အထက်-ညာဘက်ခန်း(Right Atrium)ကို တကိုယ်လုံးက ရှိရှိသမျှ သွေးဟောင်းတွေ ဝင်လာကြတယ်။ နောက် သူ့အောက်က
ညာ-အောက်ခန်း(Right Ventricle)ကို ရောက်မယ်။ အဲဒီကနေ အဆုတ်မှာ သွေးဟောင်းတွေကို အသက်ရှူတဲ့အထဲက
အောက်စီဂျင်နဲ့ ထိတွေ့-ပေါင်းစပ်ပေးလိုက်တော့ သွေးဟာ နီရဲပြီး၊ သွေးသစ် ဖြစ်လာတော့တယ်။ ဒီသွေးသစ်တွေက နှလုံးအထက်
ဘယ်ဘက်ခန်း(Left Atrium)ဆီ ဝင်လာမယ်။ နောက် သူ့အောက်က ဘယ်-အောက်ခန်း(Left Ventricle) မှ တဆင့် တကိုယ်လုံးကို
သွေးသစ်တွေပို့ဆောင်ပေးတယ်။
 
ဒီတော့ နှလုံးအထက် နှစ်ခန်းဟာ ကြားထဲမှာ နံရံလေးသာ ခြားထားတယ်။ အဲဒီအကန့်မှာ အပေါက်ဖြစ်တာကို ASD လို့ ခေါ်လိုက်တာပါ။
အပေါက် ရှိနေတော့ သွေးသစ်နဲ့ သွေးဟောင်းတွေ ရောနေတာပေါ့။
 
ဘာလို့ အပေါက်လာဖြစ်တယ်ဆိုတာ တိတိကျကျ မပြောနိုင်သေးပါ။
မိခင်မှာ ကိုယ်ဝန်ဆောင်နေတုန်း 
Rubella ခေါ်တဲ့ ဂျာမန်-ဝက်သက်ရောဂါပိုး ကူးစက်ခံရရင်၊ Diabetes ဆီးချိုကောင်းကောင်း မထိန်းနိုင်ရင်၊ ဆေးဝါး၊ အရက်၊
ဓါတ်ရောင်ခြည်တွေနဲ့ မကင်းရင်၊ တချို့မှာ ဘာလို့ဆိုတာ မသိပါ။ 
 
အပေါက်ကလဲ အကန့်နေရာ အမျိုးမျိုး မှာ
အရွယ်အစားအမျိုးမျိုး ရှိနိုင်တယ်။ 
• Secundum ASD (ASD 2) အပေါက်က အလည်မှာရှိတဲ့ အမျိုးအစား။(ပထမ အများဆုံး)
• Primum ASD (ASD 1) အပေါက်ကအောက်နားမှာ ရှိတဲ့အမျိုးအစား။(ဒုတိယအများဆုံး)
• Sinus Venosus ASD (Sinus Venus) သွေးပြန်ကြောကြီးတွေနဲ့ နီးရာမှာ အပေါက် ရှိတဲ့အမျိုးအစား (အနဲဆုံး)
 
မိန်းကလေးတွေမှာ ပိုအတွေ့များတယ်။
ကလေး ၁ဝဝဝ မွေးရင် ၄-၈ ယောက်ဖြစ်တတ်တယ်။  မျိုးရိုး လိုက်တတ်တယ်။ 
 
 ရောဂါလက္ခဏာတွေကတော့ 
-အစားပျက်ခြင်း
- ဖွံ့ထွားမှုနှေးခြင်း 
-အားယုတ်ခြင်း 
-အသက်ရှူ မဝခြင်း 
-အသက်ရှူလမ်း ခဏခဏပိုးဝင်ခြင်း
 -နှလုံးခုန် မမှန်ခြင်း
 -Heart failure နှလုံးက လိုသလောက် အလုပ် မလုပ်နိုင်တော့ခြင်းတို့ဖြစ်ပါတယ်။
 
ဘယ်လိုစစ်ဆေးမလဲ
-Chest x-ray ရင်ဘတ်-ဓါတ်မှန်၊ 
 -ECG (အီး-စီ-ဂျီ)၊ 
-Echocardiography (အက်ကို)၊ 
-Heart MRI (အမ်-အာရ်-အိုင်) 
-Cardiac catheterization 
-Coronary angiography နှလုံးသွေးကြော-ဓါတ်မှန် (အသက် ၃၅ နှစ်အထက်)၊
 
ကုထုံးများ
အပေါက် သေးသေးလေးဆိုရင် သူ့ဘာသာ 
ပြန်ပိတ်နိုင်တယ်။ အိန္ဒိယ National Institutes of Health အဆိုကတော့ 
တဝက်လောက်က သူ့အလိုလို ပိတ်တယ်၊ ၂ဝ%က တနှစ်အရွယ်မှာ ပိတ်တယ်၊ ငယ်ငယ်နဲ့ မပိတ်ရင်တော့ နောင်လဲ ပိတ်မှာ
မဟုတ်ဘူး။ သူ့အလိုလိုမပိတ်ရင်တော့ခွဲစိတ်ကုသမှုပြုလုပ်ဖို့လိုအပ်ပါတယ်။
 
ခွဲစိတ်ကုသနည်း (၂) နည်း သုံးပါတယ်။
၁။ Cardiac catheterization လူနာရဲ့ ပေါင်ရင်းကနေ သေးငယ်တဲ့ ပိုက်-ပြွန်ကလေး ထိုးသွင်းပြီး၊ Mesh patch or Plug ခေါ်တဲ့ 
ပစ္စည်းကို အပေါက်မှာ ထည့်ပေးပြီး 
နှလုံးအပေါက်ပိတ်နည်း
၂။ Open-heart surgery မေးဆေးပေး၊ Heart-lung machine စက်သုံးပြီး၊ ခွဲစိတ်-ချုပ်ပိတ်နည်း ဖြစ်တယ်။ 
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီဝက ဆေး (၁)
ASD (Atrial Septal Defect) (ခ)
ေမြးရာပါႏွလံုးအေပါက္ပါျခင္းအေၾကာင္းသိေကာင္းစရာ
 
ႏွလံုးမွာ အခန္း ေလးခန္း ရတယ္။
အထက္-ညာဘက္ခန္း(Right Atrium)ကို တကိုယ္လံုးက ရွိရွိသမွ် ေသြးေဟာင္းေတြ ဝင္လာၾကတယ္။ ေနာက္ သူ႔ေအာက္က ညာ-ေအာက္ခန္း(Right Ventricle)ကို ေရာက္မယ္။ အဲဒီကေန အဆုတ္မွာ ေသြးေဟာင္းေတြကို အသက္ရွဴတဲ့အထဲက ေအာက္စီဂ်င္နဲ႔ ထိေတြ႔-ေပါင္းစပ္ေပးလိုက္ေတာ့ ေသြးဟာ နီရဲျပီး၊ ေသြးသစ္ ျဖစ္လာေတာ့တယ္။ ဒီေသြးသစ္ေတြက ႏွလံုးအထက္ ဘယ္ဘက္ခန္း(Left Atrium)ဆီ ဝင္လာမယ္။ ေနာက္ သူ႔ေအာက္က ဘယ္-ေအာက္ခန္း(Left Ventricle) မွ တဆင့္ တကိုယ္လံုးကိုေသြးသစ္ေတြပို႔ေဆာင္ေပးတယ္။
 
ဒီေတာ့ ႏွလံုးအထက္ ႏွစ္ခန္းဟာ ၾကားထဲမွာ နံရံေလးသာ ျခားထားတယ္။ အဲဒီအကန္႔မွာ အေပါက္ျဖစ္တာကို ASD လို႔ ေခၚလိုက္တာပါ။အေပါက္ ရွိေနေတာ့ ေသြးသစ္နဲ႔ ေသြးေဟာင္းေတြ ေရာေနတာေပါ့။
 
ဘာလို႔ အေပါက္လာျဖစ္တယ္ဆိုတာ တိတိက်က် မေျပာႏိုင္ေသးပါ။
မိခင္မွာ ကိုယ္ဝန္ေဆာင္ေနတုန္း 
Rubella ေခၚတဲ့ ဂ်ာမန္-ဝက္သက္ေရာဂါပိုး ကူးစက္ခံရရင္၊ Diabetes ဆီးခ်ိဳေကာင္းေကာင္း မထိန္းႏိုင္ရင္၊ ေဆးဝါး၊ အရက္၊ ဓါတ္ေရာင္ျခည္ေတြနဲ႔ မကင္းရင္၊ တခ်ိဳ႕မွာ ဘာလို႔ဆိုတာ မသိပါ။ 
 
အေပါက္ကလဲ အကန္႔ေနရာ အမ်ိဳးမ်ိဳး မွာ
အရြယ္အစားအမ်ိဳးမ်ိဳး ရွိႏိုင္တယ္။ 
• Secundum ASD (ASD 2) အေပါက္က အလည္မွာရွိတဲ့ အမ်ိဳးအစား။(ပထမ အမ်ားဆံုး)
• Primum ASD (ASD 1) အေပါက္ကေအာက္နားမွာ ရွိတဲ့အမ်ိဳးအစား။(ဒုတိယအမ်ားဆံုး)
• Sinus Venosus ASD (Sinus Venus) ေသြးျပန္ေၾကာၾကီးေတြနဲ႔ နီးရာမွာ အေပါက္ ရွိတဲ့အမ်ိဳးအစား (အနဲဆံုး)
 
မိန္းကေလးေတြမွာ ပိုအေတြ႔မ်ားတယ္။
ကေလး ၁ဝဝဝ ေမြးရင္ ၄-၈ ေယာက္ျဖစ္တတ္တယ္။  မ်ိဳးရိုး လိုက္တတ္တယ္။ 
 
 ေရာဂါလကၡဏာေတြကေတာ့ 
-အစားပ်က္ျခင္း
- ဖြံ႔ထြားမႈေႏွးျခင္း 
-အားယုတ္ျခင္း 
-အသက္ရွဴ မဝျခင္း 
-အသက္ရွဴလမ္း ခဏခဏပိုးဝင္ျခင္း
 -ႏွလံုးခုန္ မမွန္ျခင္း
 -Heart failure ႏွလံုးက လိုသေလာက္ အလုပ္ မလုပ္ႏိုင္ေတာ့ျခင္းတို႔ျဖစ္ပါတယ္။
 
ဘယ္လိုစစ္ေဆးမလဲ
-Chest x-ray ရင္ဘတ္-ဓါတ္မွန္၊ 
 -ECG (အီး-စီ-ဂ်ီ)၊ 
-Echocardiography (အက္ကို)၊ 
-Heart MRI (အမ္-အာရ္-အိုင္) 
-Cardiac catheterization 
-Coronary angiography ႏွလံုးေသြးေၾကာ-ဓါတ္မွန္ (အသက္ ၃၅ ႏွစ္အထက္)၊
 
ကုထံုးမ်ား
အေပါက္ ေသးေသးေလးဆိုရင္ သူ႔ဘာသာ 
ျပန္ပိတ္ႏိုင္တယ္။ အိႏၵိယ National Institutes of Health အဆိုကေတာ့ 
တဝက္ေလာက္က သူ႔အလိုလို ပိတ္တယ္၊ ၂ဝ%က တႏွစ္အရြယ္မွာ ပိတ္တယ္၊ ငယ္ငယ္နဲ႔ မပိတ္ရင္ေတာ့ ေနာင္လဲ ပိတ္မွာ မဟုတ္ဘူး။ သူ႔အလိုလိုမပိတ္ရင္ေတာ့ခြဲစိတ္ကုသမႈျပဳလုပ္ဖို႔လိုအပ္ပါတယ္။
 
ခြဲစိတ္ကုသနည္း (၂) နည္း သံုးပါတယ္။
၁။ Cardiac catheterization လူနာရဲ႔ ေပါင္ရင္းကေန ေသးငယ္တဲ့ ပိုက္-ျပြန္ကေလး ထိုးသြင္းျပီး၊ Mesh patch or Plug ေခၚတဲ့ 
ပစၥည္းကို အေပါက္မွာ ထည့္ေပးျပီး 
ႏွလံုးအေပါက္ပိတ္နည္း
၂။ Open-heart surgery ေမးေဆးေပး၊ Heart-lung machine စက္သံုးျပီး၊ ခြဲစိတ္-ခ်ဳပ္ပိတ္နည္း ျဖစ္တယ္။ 
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။
 
ဇီ၀က ေဆး (၁)