E-cigarette အကြောင်းသိကောင်းစရာ

E-cigarette အကြောင်းသိကောင်းစရာ
 
 E-cigarette ဆိုတာ နစ်ကိုတင်းအရည်ကို ဘက်ထရီအသုံးပြုရတဲ့ကိရိယာထဲမှာထည့်ပြီး အပူပေးလိုက်လို့ အငွေ့ပျံလာတာကိုရှူသွင်းရတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။
ဆေးလိပ်သောက်ရင် အဓိကစွဲလန်းစေတဲ့၊ ကျေနပ်မှုဖြစ်စေတဲ့ နစ်ကိုတင်းကို အဓိကထည့်သွင်းထားပေမဲ့ အဲ့ဒီနစ်ကိုတင်းကို အရည်ဘဝနဲ့ ကြာရှည်တည်ရှိနေနိုင်အောင်
base လို့ခေါ်တဲ့ ဖျော်တဲ့ပစ္စည်းတွေ၊ အနံ့အရသာကောင်းအောင် ထည့်သွင်းထားတဲ့ essence  တွေပါ ရောထားပါသေးတယ်။ e-cigs  လို့လည်း အတိုကောက်ခေါ်သလို 'Vaping' လို့လည်း ခေါ်ပါတယ်။
အချို့ e-cigs တွေက တစ်ခါသုံးဖြစ်ပြီး အထဲကအရည်ကုန်တာနဲ့ လွှင့်ပစ်ရပါတယ်။များသောအားဖြင့်တော့ အရည်ပြန်ဖြည့်ပြီးသုံးရတဲ့ Refillable cartridges နဲ့ သုံးတာကပိုများပါတယ်။ ဘက်ထရီကိုလည်း
ကွန်ပြူတာ ဒါမှမဟုတ် power bank နဲ့ အားသွင်းပြီး အသုံးပြုနိုင်ပါတယ်။
e-cigarette ရဲ့မူလ idea ကို ၁၉၆၃ ခုနှစ်မှာ Herbert  A. Giebert ဆိုသူကစတင်တီထွင်
ပြီးမူပိုင်ခွင့် (Patent) ပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်  ဈေးကွက်တင်ရောင်ချနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒီကနေ့သုံးနေတဲ့ e-cigs ပုံစံကို တရုတ်လူမျိုး Pharmacist ဖြစ်တဲ့ Hon Lik က
တီထွင်ခဲ့တာဖြစ်ပြီး ''Golden Dragon Holding'' ကုမ္ပဏီအတွက် လုပ်ခဲ့တာဖြစ်ပါတယ်။နောင်ပိုင်းမှာတော့ အဲ့ဒီကုမ္ပဏီကို 'Ruyan' လို့ အမည်ပြောင်းခဲ့ပါတယ်။
၂၀၀၃ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး တရုတ်ပြည်မှာ၂၀၀၄ ခုနှစ်အတွင်း စတင်ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။၂၀၀၅-၂၀၀၆ လောက်မှာတော့ ကျန်ကမ္ဘာ့နိုင်ငံအသီးသီးကို ဖြန့်ဖြူးရောင်းချနိုင်ခဲ့ပါတယ်။
ဒါပေမယ့် တကယ်တွင်ကျယ်လာတာက ၂၀၁၀ နောက်ပိုင်းကျမှဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် ၅နှစ်တာကာလအတွင်း အမေရိကန်လူငယ်တွေကြားမှာရာခိုင်နှုန်း ၉၀၀ (၉ဆ) လောက် တိုးတက်သုံးစွဲလာတာတွေ့ရပါတယ်။ ၂၀၁၆ ရောက်တဲ့အခါမှာ
အမေရိကန်နိုင်ငံမှာရှိတဲ့ ၁၈ နှစ်အထက် လူတွေအားလုံးရဲ့ ၃.၂% ဟာ e-cigs ကို စွဲနေကြ ပါပြီ ။ဒါ့ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ တစ်နေ့ထက်တစ်နေ့ များလာနေတဲ့ အတွက်
အမေရိကန် FDA က ဥပဒေတွေပြဌာန်းပြီး ကန့်သတ်ဖို့ကြိုးစားလာနေရပါပြီ။
 
e-cigarette သုံးရင် အဓိကအ
နေနဲ့ ဆိုးကျိုး(၅) ချက်ရှိပါတယ်။
 
(၁) နစ်ကိုတင်းကြောင့်ဖြစ်လာသည့် ကျန်းမာရေးဆိုးကျိုးများ - e-cigs ဆိုတာ အဓိကအားဖြင့် နစ်ကိုတင်းအရည်ကို အငွေ့ပျံစေပြီး ရှူရှိုက်တာဖြစ်ပါတယ်။သာမန်ဆေးလိပ်မှာပါဝင်တဲ့
နစ်ကိုတင်းထက်ပိုမိုသန့်စင်အောင် ပြုလုပ်ထားပြီး ထုတ်ထားတာဖြစ်လို့ သူ့ချည်းပါဝင်မှု concentration ပိုများပါတယ်။ ဒါ့ကြောင့် ရှူလိုက်ရင်ဝင်သွားတဲ့ နစ်ကိုတင်းပမာဏဟာ
သာမန်ဆေးလိပ်တစ်လိပ်ကိုရှူလိုက်ရင်ဝင်လာတဲ့ပမာဏထက် ပိုများပါတယ်။ ဒါ့ကြောင့် နစ်ကိုတင်းကြောင့် ဖြစ်ရတဲ့ကျန်းမာရေးဆိုးကျိုးတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊
လေဖြတ်တာ၊ ခြေလက်တွေသွေးကြောပိတ်ပြီးပုပ်တာ၊ ဦးနှောက်နဲ့အာရုံကြောတွေ ထိခိုက်တာ၊ ဆီးချိုသွေးချိုဖြစ်တာ၊ ဟိုမုန်းတွေပုံမှန်မဖြစ်တော့တာ၊ အရိုးတွေပွတာ၊ ကြွက်သားတွေနာကျင်တာ၊
အသက်တိုစေတာ အစရှိသဖြင့် အကုန်လုံးဖြစ်မှာပါ။ 
 
(၂) e-cigarette အရည်ထဲမှာပါဝင်တဲ့ ဖျော်ရည်အခြေခံပစ္စည်း (base) ဖြစ်တဲ့ Propylene glycol တို့၊ glycerol တို့အပြင် ကြာရှည်ခံစေတဲ့ပစ္စည်းတွေ၊ အနံ့အရသာကောင်းဖို့ထည့်ထားတဲ့
ဓာတုပစ္စည်းမျိုးစုံဟာလည်း ဒုက္ခပေးနိုင်ပါတယ်။အဲ့ဒီပစ္စည်းတွေကို မီးနဲ့အပူပေးလိုက်ရင် ဓာတ်ပြုရာက Formaldehyde တွေ ထွက်လာလေ့ရှိပါတယ်။အဲ့ဒီပစ္စည်းထဲကတစ်ချို့ဟာ
အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။
 
(၃) e-cigarette ကို အပူပေးလို့ထွက်လာတဲ့ အငွေ့တွေမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေဟာ
ဓာတုပစ္စည်းတွေကို မီးရှို့ရာကထွက်လာတဲ့ ပစ္စည်းတွေဖြစ်လို့ အဆုတ်ကိုထိခိုက်စေပါတယ်။အဲ့ဒီအထဲမှာ အဆိုးဆုံးပစ္စည်းကတော့ ''Dicetyl'' လို့ခေါ်ပြီး အဆုတ်ကို တိုက်ရိုက်ဖျက်ဆီးတဲ့အတွက်
ဓာတ်မှန်ရိုက်ကြည့်ရင် အဆုတ်နေရာတစ်ဝိုက်မှာ အဖြူရောင်အလုံးတွေ တွေ့ရလေ့ရှိပါတယ်။ ပြောင်းဖူးပေါက်ပေါက်နဲ့တူလို့ ဆေးပညာအရ ''popcorn lung'' လို့ခေါ်ပြီးပြန်ကုလို့မရတဲ့အခြေအနေ
(irreversible lung disease) ဖြစ်ပါတယ်။
 
(၄) e-cigarette ရဲ့ အငွေ့ထဲမှာပါဝင်နေတဲ့ Nitrosamine တွေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေရဲ့ DNA ကို ထိခိုက်ပျက်စီးစေတဲ့အတွက် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။
လောလောဆယ် ကြွက်တွေမှာစမ်းသပ်ပြီး ထွက်ရှိလာတဲ့ သုတေသနစာတမ်းတွေအရ ကြွက်တွေကို e-cigs အငွေ့တွေ ရှူခိုင်းကြည့်ရာမှာ အဆုတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာတွေ ဖြစ်လာတာတွေ့ရပါတယ်။
အခုလောလောဆယ် အသုံးပြုနေတဲ့လူတွေကိုတော့ နောင် ၁၀ နှစ်လောက်ကြာလို့ လေ့လာခဲ့ရင် လူတွေမှာလည်း ကင်ဆာဖြစ်စဉ်တွေ ပိုတွေ့ရတော့မှာပါပဲလို့ ပညာရှင်တွေက ယုံကြည်လျက်ရှိပါတယ်။
 
(၅) e-cigarette သုံးစွဲသူလူငယ်များ တိုးပွားလာခြင်းဟာလည်း အဓိကပြဿနာတစ်ခုဖြစ်ပါတယ်။ e-cigs ကို စတင်ထုတ်လုပ်ခဲ့တဲ့ မူလရည်ရွယ်ချက်က ဆေးလိပ်သောက်သုံးသူတွေကိုဆေးလိပ်ဖြတ်တဲ့အခါ
အစားထိုးအသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးထုတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် တကယ့်လက်တွေ့မှာ ဆေးလိပ်လုံးဝမသောက်ဖူးသူ လူငယ်တွေအနေနဲ့ 
e-cigs ကို အန္တရာယ်ကင်းတယ်ထင်ပြီး အသုံးပြုမှုဟာ တဟုန်ထိုးတိုးတက်လာတာ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ
၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်အတွင်းအရင်ကဆေးလိပ်လုံး၀ မသောက်သုံးခဲ့တဲ့သူ e-cigs ကို သုံးစွဲနေသူပေါင်း ၂၆၃,၀၀၀ ရှိတာ တွေ့ရပါတယ်။အခုဆိုရင် သန်းဂဏန်းကျော်သွားလောက်ပြီလို့
ထင်ပါတယ်။ ဒါကလည်း သ့ူမှာပါဝင်တဲ့ နစ်ကိုတင်းဟာ စွဲလန်းစေလို့ လူငယ်တွေကြားမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါဟာ အနာဂတ်မျိုးဆက်တွေအတွက် အင်မတန်မှ ရင်လေးစရာဖြစ်ပါတယ်။
 
 ဆေးလိပ်ဖြတ်ပြီးတဲ့အချိန်ကစပြီး ၇၂ နာရီကျော်တာနဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ အဲ့ဒီထဲက ကျန်းမာရေးနဲ့ ပတ်သက်လို့ပြောရရင်
 
(၁) နှလုံးနဲ့သွေးကြောတွေ ကျန်းမာရေးကတော့ သိသိသာသာ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။နှလုံးခုန်တာတွေ မြန်နေရာကနေ၊ ပုံမှန်မဖြစ်တာကနေ ပုံမှန်ပြန်ဖြစ်လာပါမယ်။
သွေးကြောလေးတွေကျဉ်းနေတာတွေ တဖြည်းဖြည်းပြန်ကျယ်လာလို့ သွေးလှည့်ပတ်မှုတွေ ပိုကောင်းလာပါမယ်။ ခြေဖျားလက်ဖျားတွေ သွေးပိုလျှောက်လာလို့ အရင်ကလိုမဲညစ်မနေဘဲ နီလာပါမယ်။
သွေးတိုးရှိတဲ့သူတွေ သွေးပေါင်ချိန်ကျလာပါမယ်။
 
(၂) အဆုတ်ရဲ့အလုပ်လုပ်တာတွေ ပိုကောင်းလာပါမယ်။အသက်ရှူရတာပိုချောင်လာမယ်၊
ချောင်းဆိုးတာတွေလည်း သက်သာသွားပါမယ်။ အဆုတ်ထဲကိုမကြာခဏပိုးဝင်ပြီး လေပြွန် ရောင်တာတွေ၊ နမိုးနီးယားဖြစ်တာတွေ လျော့လာပါမယ်။ ပိုပြီးအမောခံနိုင်လာပါမယ်။
 
(၃) ဦးနှောက်ထဲမှာ အောက်ဆီဂျင်ပိုရလာလို့ မူးဝေတာတွေ၊ ခေါင်းမကြည်မလင်ဖြစ်နေတာတွေ ကောင်းလာပါမယ်။မှတ်ဉာဏ်တွေပိုပြီးတိုးတက်ကောင်းမွန်လာပါမယ်။သတိမေ့တာတွေ လျော့လာပါမယ်။
 
(၄) အမောခံပြီး သက်လုံပိုကောင်းပါမယ်။ အားကစားလုပ်ရင်၊ လမ်းလျှောက်ရင် ခါတိုင်းထက် ပိုကောင်းလာပါမယ်။သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လျော့နည်းလာလို့ ဟေမိုဂလိုဗင်ဟာ
အောက်ဆီဂျင်ကို ပိုသယ်လာနိုင်လို့ နေလို့ပိုကောင်းလာပါမယ်။
 
(၅) အနံ့အသက်တွေ ပိုကောင်းပါမယ်။ ခန္ဓာကိုယ်ကနေ ရှူထုတ်လိုက်တဲ့လေထဲမှာ
မကောင်းတဲ့ ဆေးလိပ်နံ့တွေကင်းစင်သလို၊ ချွေးထဲမှာလဲ ဆေးလိပ်ရဲ့မကောင်းတဲ့အနံ့တွေကင်းစင်လာလို့ ခန္ဓာကိုယ်မှာ ဆေးလိပ်နံ့တွေတဖြည်းဖြည်း လျော့နည်းလာပါမယ်။
မိမိနဲ့ထိတွေ့ဆက်ဆံတဲ့ မိတ်ဆွေတွေရဲ့ ပိုမိုနှစ်သက်လက်ခံမှုကို ရရှိစေမှာဖြစ်ပါတယ်။
 
(၆) ဆေးလိပ်သောက်ရင်ဖြစ်တဲ့ သွားတွေဝါနေတာ၊ အရေပြားတွေ မွဲခြောက်ခြောက်ဖြစ်တာ၊ပါးရေတွန့်တာမြန်တာတွေ၊ ဆံပင်တွေကြွပ်ဆတ်တာ၊ လက်သည်းခြေသည်းတွေမလှတာတွေကနေ တဖြည်းဖြည်း
ပြန်ကောင်းလာပြီး ပိုမိုချောမောလှပစေမှာ ဖြစ်ပါတယ်။အသားအရေတွေလည်းပိုမိုစိုပြေလာပြီး ကြည့်လို့ပိုကောင်းစေပါတယ်။
 
(၇) ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားခြင်းကနေ ကာကွယ်ရာရောက်ပါတယ်။ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်တဲ့ရောဂါဆိုးတွေဖြစ်တဲ့ လေဖြတ်တာ၊ ခြေလက်ထုံကျင်ပြီးသွေးမလျှောက်ဖြစ်တာ၊ ဟိုမုန်းတွေပုံမှန်မဖြစ်တာ၊
ပန်းသေပန်းညှိုးရောဂါတွေကို ကာကွယ်ရာရောက်ပါတယ်။
 
(၈) ခန္ဓာကိုယ်ခုခံအားစနစ်ကို ဆေးလိပ်သောက်စဉ်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာလို့ မကြာခဏဖျားနာတာ၊ တရှောင်ရှောင်ဖြစ်တာတွေ ကောင်းလာပါမယ်။ အော်တိုအင်မြူးရောဂါတွေ ဖြစ်ဖို့
အလားအလာလည်းနည်းသွားပါတယ်။Free Radical တွေ လျော့နည်းလာလို့ ခုခံအားစနစ်ကို ဖျက်ဆီးခြင်းကနေ ကာကွယ်ရာရောက်ပါတယ်။
 
(၉) နောက်ဆုံးအနေနဲ့ ဆေးလိပ်သောက်စဉ်ကထက်ပိုပြီး အသက်ရှည်နုပျိုကျန်းမာလာလို့
သက်တမ်း ပိုပြီးနေရမှာဖြစ်ပါတယ်။သက်တမ်းစေ့နေရဖို့ အထောက်အကူပြုပါတယ်
E-cigarette အေၾကာင္းသိေကာင္းစရာ
 
 E-cigarette ဆုိတာ နစ္ကိုတင္းအရည္ကို ဘက္ထရီအသံုးျပဳရတဲ့ကိရိယာထဲမွာထည့္ၿပီး အပူေပးလုိက္လို႔ အေငြ႕ပ်ံလာတာကို႐ွဴသြင္းရတဲ့ကိရိယာတစ္ခုျဖစ္ပါတယ္
။ေဆးလိပ္ေသာက္ရင္ အဓိကစဲြလန္းေစတဲ့၊ ေက်နပ္မႈျဖစ္ေစတဲ့ နစ္ကိုတင္းကို အဓိကထည့္သြင္းထားေပမဲ့ အဲ့ဒီနစ္ကိုတင္းကို အရည္ဘ၀နဲ႔ ၾကာ႐ွည္တည္႐ွိေနႏိုင္ေအာင္ base လုိ႔ေခၚတဲ့
ေဖ်ာ္တဲ့ပစၥည္းေတြ၊ အနံ႔အရသာေကာင္းေအာင္ ထည့္သြင္းထားတဲ့ essence  ေတြပါ ေရာထားပါေသးတယ္။ e-cigs  လို႔လည္း အတိုေကာက္ေခၚသလို 'Vaping' လို႔လည္း ေခၚပါတယ္။
အခ်ဳိ႕ e-cigs ေတြက တစ္ခါသံုးျဖစ္ၿပီး အထဲကအရည္ကုန္တာနဲ႔ လႊင့္ပစ္ရပါတယ္။မ်ားေသာအားျဖင့္ေတာ့ အရည္ျပန္ျဖည့္ၿပီးသံုးရတဲ့ Refillable cartridges နဲ႔ သံုးတာကပိုမ်ားပါတယ္။
ဘက္ထရီကိုလည္း ကြန္ျပဴတာ ဒါမွမဟုတ္ power bank နဲ႔ အားသြင္းၿပီး အသံုးျပဳႏိုင္ပါတယ္။
e-cigarette ရဲ႕မူလ idea ကို ၁၉၆၃ ခုႏွစ္မွာ Herbert  A. Giebert ဆိုသူကစတင္တီထြင္
ၿပီးမူပိုင္ခြင့္ (Patent) ျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္  ေစ်းကြက္တင္ေရာင္ခ်ႏိုင္ျခင္း မ႐ွိခဲ့ပါဘူး။
ဒီကေန႔သံုးေနတဲ့ e-cigs ပံုစံကို တ႐ုတ္လူမ်ဳိး Pharmacist ျဖစ္တဲ့ Hon Lik က
တီထြင္ခဲ့တာျဖစ္ၿပီး ''Golden Dragon Holding'' ကုမၸဏီအတြက္ လုပ္ခဲ့တာျဖစ္ပါတယ္။ေနာင္ပိုင္းမွာေတာ့ အဲ့ဒီကုမၸဏီကို 'Ruyan' လို႔ အမည္ေျပာင္းခဲ့ပါတယ္။
၂၀၀၃ခုႏွစ္က စတင္ထုတ္လုပ္ခဲ့ၿပီး တ႐ုတ္ျပည္မွာ၂၀၀၄ ခုႏွစ္အတြင္း စတင္ျဖန္႔ျဖဴးေရာင္းခ်ခဲ့ပါတယ္။၂၀၀၅-၂၀၀၆ ေလာက္မွာေတာ့ က်န္ကမၻာ႔ႏိုင္ငံအသီးသီးကို ျဖန္႔ျဖဴးေရာင္းခ်ႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ တကယ္တြင္က်ယ္လာတာက ၂၀၁၀ ေနာက္ပိုင္းက်မွျဖစ္ပါတယ္။
၂၀၁၁ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္ ၅ႏွစ္တာကာလအတြင္း အေမရိကန္လူငယ္ေတြၾကားမွာရာခိုင္ႏႈန္း ၉၀၀ (၉ဆ) ေလာက္ တိုးတက္သံုးစြဲလာတာေတြ႕ရပါတယ္။ ၂၀၁၆ ေရာက္တဲ့အခါမွာ
အေမရိကန္ႏိုင္ငံမွာ႐ွိိတဲ့ ၁၈ ႏွစ္အထက္ လူေတြအားလံုးရဲ႕ ၃.၂% ဟာ e-cigs ကို စြဲေနၾက ပါၿပီ ။ဒါ့ေၾကာင့္ ေနာက္ဆက္တြဲ က်န္းမာေရးျပႆနာေတြ တစ္ေန႔ထက္တစ္ေန႔ မ်ားလာေနတဲ့ အတြက္
အေမရိကန္ FDA က ဥပေဒေတြျပဌာန္းၿပီး ကန္႔သတ္ဖို႔ႀကိဳးစားလာေနရပါၿပီ။
 
e-cigarette သံုးရင္ အဓိကအ
ေနနဲ႔ ဆိုးက်ဳိး(၅) ခ်က္႐ွိပါတယ္။
 
(၁) နစ္ကိုတင္းေၾကာင့္ျဖစ္လာသည့္ က်န္းမာေရးဆုိးက်ဳိးမ်ား - e-cigs ဆိုတာ အဓိကအားျဖင့္ နစ္ကိုတင္းအရည္ကို အေငြ႕ပ်ံေစၿပီး ႐ွဴ႐ိႈက္တာျဖစ္ပါတယ္။သာမန္ေဆးလိပ္မွာပါ၀င္တဲ့
နစ္ကိုတင္းထက္ပိုမိုသန္႔စင္ေအာင္ ျပဳလုပ္ထားၿပီး ထုတ္ထားတာျဖစ္လို႔ သူ႕ခ်ည္းပါ၀င္မႈ concentration ပိုမ်ားပါတယ္။ ဒါ့ေၾကာင့္ ႐ွဴလုိက္ရင္၀င္သြားတဲ့ နစ္ကိုတင္းပမာဏဟာ
သာမန္ေဆးလိပ္တစ္လိပ္ကို႐ွဴလိုက္ရင္၀င္လာတဲ့ပမာဏထက္ ပိုမ်ားပါတယ္။ ဒါ့ေၾကာင့္ နစ္ကိုတင္းေၾကာင့္ ျဖစ္ရတဲ့က်န္းမာေရးဆုိးက်ဳိးေတြျဖစ္တဲ႔ ေသြးတိုးေရာဂါ၊ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ၊
 ေလျဖတ္တာ၊ ေျခလက္ေတြေသြးေၾကာပိတ္ၿပီးပုပ္တာ၊ ဦးေႏွာက္နဲ႔အာ႐ံုေၾကာေတြ ထိခုိက္တာ၊ ဆီးခ်ဳိေသြးခ်ဳိျဖစ္တာ၊ ဟိုမုန္းေတြပံုမွန္မျဖစ္ေတာ့တာ၊ အ႐ိုးေတြပြတာ၊ ၾကြက္သားေတြနာက်င္တာ၊
အသက္တုိေစတာ အစ႐ွိသျဖင့္ အကုန္လံုးျဖစ္မွာပါ။ 
 
(၂) e-cigarette အရည္ထဲမွာပါ၀င္တဲ့ ေဖ်ာ္ရည္အေျခခံပစၥည္း (base) ျဖစ္တဲ့ Propylene glycol တို႔၊ glycerol တို႔အျပင္ ၾကာ႐ွည္ခံေစတဲ့ပစၥည္းေတြ၊ အနံ႔အရသာေကာင္းဖို႔ထည့္ထားတဲ့
ဓာတုပစၥည္းမ်ဳိးစံုဟာလည္း ဒုကၡေပးႏိုင္ပါတယ္။အဲ့ဒီပစၥည္းေတြကို မီးနဲ႔အပူေပးလုိက္ရင္ ဓာတ္ျပဳရာက Formaldehyde ေတြ ထြက္လာေလ့႐ွိပါတယ္။အဲ့ဒီပစၥည္းထဲကတစ္ခ်ဳိ႕ဟာ အဆိပ္အေတာက္ျဖစ္ေစၿပီး
ကင္ဆာေရာဂါအထိ ျဖစ္ေစႏိုင္ပါတယ္။
 
(၃) e-cigarette ကို အပူေပးလို႔ထြက္လာတဲ့ အေငြ႕ေတြမွာပါ၀င္တဲ့ဓာတ္ပစၥည္းေတြဟာ
ဓာတုပစၥည္းေတြကို မီး႐ွိဳ႕ရာကထြက္လာတဲ့ ပစၥည္းေတြျဖစ္လို႔ အဆုတ္ကိုထိခုိက္ေစပါတယ္။အဲ့ဒီအထဲမွာ အဆိုးဆံုးပစၥည္းကေတာ့ ''Dicetyl'' လို႔ေခၚၿပီး အဆုတ္ကို တိုက္႐ိုက္ဖ်က္ဆီးတဲ့အတြက္
ဓာတ္မွန္႐ိုက္ၾကည့္ရင္ အဆုတ္ေနရာတစ္၀ိုက္မွာ အျဖဴေရာင္အလံုးေတြ ေတြ႕ရေလ့႐ွိပါတယ္။ ေျပာင္းဖူးေပါက္ေပါက္နဲ႔တူလို႔ ေဆးပညာအရ ''popcorn lung'' လို႔ေခၚၿပီးျပန္ကုလို႔မရတဲ့အေျခအေန
(irreversible lung disease) ျဖစ္ပါတယ္။
 
(၄) e-cigarette ရဲ႕ အေငြ႕ထဲမွာပါ၀င္ေနတဲ့ Nitrosamine ေတြဟာ ခႏၶာကိုယ္ထဲမွာ႐ွိတဲ့ ဆဲလ္ေတြရဲ႕ DNA ကို ထိခုိက္ပ်က္စီးေစတဲ့အတြက္ ကင္ဆာေရာဂါအမ်ဳိးမ်ဳိး ျဖစ္ေစႏိုင္ပါတယ္။
 ေလာေလာဆယ္ ၾကြက္ေတြမွာစမ္းသပ္ၿပီး ထြက္႐ွိလာတဲ့ သုေတသနစာတမ္းေတြအရ ၾကြက္ေတြကို e-cigs အေငြ႕ေတြ ႐ွဴခိုင္းၾကည့္ရာမွာ အဆုတ္ကင္ဆာနဲ႔ ဆီးအိမ္ကင္ဆာေတြ ျဖစ္လာတာေတြ႕ရပါတယ္။
အခုေလာေလာဆယ္ အသံုးျပဳေနတဲ့လူေတြကိုေတာ့ ေနာင္ ၁၀ ႏွစ္ေလာက္ၾကာလို႔ ေလ့လာခဲ့ရင္ လူေတြမွာလည္း ကင္ဆာျဖစ္စဥ္ေတြ ပိုေတြ႕ရေတာ့မွာပါပဲလို႔ ပညာ႐ွင္ေတြက ယံုၾကည္လ်က္႐ွိပါတယ္။
 
(၅) e-cigarette သံုးစြဲသူလူငယ္မ်ား တိုးပြားလာျခင္းဟာလည္း အဓိကျပႆနာတစ္ခုျဖစ္ပါတယ္။ e-cigs ကို စတင္ထုတ္လုပ္ခဲ့တဲ့ မူလရည္႐ြယ္ခ်က္က ေဆးလိပ္ေသာက္သံုးသူေတြကိုေဆးလိပ္ျဖတ္တဲ့အခါ
အစားထိုးအသံုးျပဳႏိုင္ဖို႔ ရည္႐ြယ္ၿပီးထုတ္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ တကယ့္လက္ေတြ႕မွာ ေဆးလိပ္လံုး၀မေသာက္ဖူးသူ လူငယ္ေတြအေနနဲ႔ 
e-cigs ကို အႏၲရာယ္ကင္းတယ္ထင္ၿပီး အသံုးျပဳမႈဟာ တဟုန္ထိုးတိုးတက္လာတာ ေတြ႕ရပါတယ္။ အေမရိကန္ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ စစ္တမ္းတစ္ခုအရ
၂၀၁၁ ကေန ၂၀၁၃ ခုႏွစ္အတြင္းအရင္ကေဆးလိပ္လံုး၀ မေသာက္သံုးခဲ့တဲ့သူ e-cigs ကို သံုးစြဲေနသူေပါင္း ၂၆၃,၀၀၀ ႐ွိတာ ေတြ႕ရပါတယ္။အခုဆိုရင္ သန္းဂဏန္းေက်ာ္သြားေလာက္ၿပီလုိ႔ ထင္ပါတယ္။
ဒါကလည္း သ႔ူမွာပါ၀င္တဲ့ နစ္ကိုတင္းဟာ စြဲလန္းေစလုိ႔ လူငယ္ေတြၾကားမွာ တြင္တြင္က်ယ္က်ယ္အသံုးျပဳလာတာ ျဖစ္ပါတယ္။ ဒါဟာ အနာဂတ္မ်ဳိးဆက္ေတြအတြက္ အင္မတန္မွ ရင္ေလးစရာျဖစ္ပါတယ္။
 
 ေဆးလိပ္ျဖတ္ၿပီးတဲ့အခ်ိန္ကစၿပီး ၇၂ နာရီေက်ာ္တာနဲ႔ အက်ဳိးေက်းဇူးေတြကေတာ့ အမ်ားႀကီးပါပဲ။ အဲ့ဒီထဲက က်န္းမာေရးနဲ႕ ပတ္သက္လို႔ေျပာရရင္
 
(၁) ႏွလံုးနဲ႔ေသြးေၾကာေတြ က်န္းမာေရးကေတာ့ သိသိသာသာ တုိးတက္ေကာင္းမြန္လာမွာ ျဖစ္ပါတယ္။ႏွလံုးခုန္တာေတြ ျမန္ေနရာကေန၊ ပံုမွန္မျဖစ္တာကေန ပံုမွန္ျပန္ျဖစ္လာပါမယ္
။ေသြးေၾကာေလးေတြက်ဥ္းေနတာေတြ တျဖည္းျဖည္းျပန္က်ယ္လာလို႔ ေသြးလွည့္ပတ္မႈေတြ ပိုေကာင္းလာပါမယ္။ ေျခဖ်ားလက္ဖ်ားေတြ ေသြးပိုေလွ်ာက္လာလို႔ အရင္ကလိုမဲညစ္မေနဘဲ နီလာပါမယ္
။ေသြးတိုး႐ွိတဲ့သူေတြ ေသြးေပါင္ခ်ိန္က်လာပါမယ္။
 
(၂) အဆုတ္ရဲ႕အလုပ္လုပ္တာေတြ ပိုေကာင္းလာပါမယ္။အသက္႐ွဴရတာပိုေခ်ာင္လာမယ္၊
ေခ်ာင္းဆိုးတာေတြလည္း သက္သာသြားပါမယ္။ အဆုတ္ထဲကိုမၾကာခဏပိုး၀င္ၿပီး ေလျပြန္ ေရာင္တာေတြ၊ နမိုးနီးယားျဖစ္တာေတြ ေလ်ာ့လာပါမယ္။ ပိုၿပီးအေမာခံႏိုင္လာပါမယ္။
 
(၃) ဦးေႏွာက္ထဲမွာ ေအာက္ဆီဂ်င္ပိုရလာလို႔ မူးေ၀တာေတြ၊ ေခါင္းမၾကည္မလင္ျဖစ္ေနတာေတြ ေကာင္းလာပါမယ္။မွတ္ဉာဏ္ေတြပိုၿပီးတိုးတက္ေကာင္းမြန္လာပါမယ္။သတိေမ့တာေတြ ေလ်ာ့လာပါမယ္။
 
(၄) အေမာခံၿပီး သက္လံုပိုေကာင္းပါမယ္။ အားကစားလုပ္ရင္၊ လမ္းေလွ်ာက္ရင္ ခါတိုင္းထက္ ပိုေကာင္းလာပါမယ္။ေသြးထဲမွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြ ေလ်ာ့နည္းလာလို႔ ေဟမိုဂလိုဗင္ဟာ
ေအာက္ဆီဂ်င္ကို ပုိသယ္လာႏိုင္လို႔ ေနလို႔ပိုေကာင္းလာပါမယ္။
 
(၅) အနံ႔အသက္ေတြ ပိုေကာင္းပါမယ္။ ခႏၶာကိုယ္ကေန ႐ွဴထုတ္လုိက္တဲ့ေလထဲမွာ
မေကာင္းတဲ့ ေဆးလိပ္နံ႔ေတြကင္းစင္သလို၊ ေခြၽးထဲမွာလဲ ေဆးလိပ္ရဲ႕မေကာင္းတဲ့အနံ႔ေတြကင္းစင္လာလို႔ ခႏၶာကိုယ္မွာ ေဆးလိပ္နံ႔ေတြတျဖည္းျဖည္း ေလ်ာ့နည္းလာပါမယ္။
မိမိနဲ႔ထိေတြ႕ဆက္ဆံတဲ့ မိတ္ေဆြေတြရဲ႕ ပိုမိုႏွစ္သက္လက္ခံမႈကို ရ႐ွိေစမွာျဖစ္ပါတယ္။
 
(၆) ေဆးလိပ္ေသာက္ရင္ျဖစ္တဲ့ သြားေတြ၀ါေနတာ၊ အေရျပားေတြ မြဲေျခာက္ေျခာက္ျဖစ္တာ၊ပါးေရတြန္႔တာျမန္တာေတြ၊ ဆံပင္ေတြၾကြပ္ဆတ္တာ၊ လက္သည္းေျခသည္းေတြမလွတာေတြကေန
တျဖည္းျဖည္း ျပန္ေကာင္းလာၿပီး ပိုမိုေခ်ာေမာလွပေစမွာ ျဖစ္ပါတယ္။အသားအေရေတြလည္းပိုမိုစိုေျပလာၿပီး ၾကည့္လို႔ပိုေကာင္းေစပါတယ္။
 
(၇) ကင္ဆာေရာဂါအမ်ဳိးမ်ဳိး ျဖစ္ပြားျခင္းကေန ကာကြယ္ရာေရာက္ပါတယ္။ေဆးလိပ္ေၾကာင့္ျဖစ္တဲ့ က်န္တဲ့ေရာဂါဆိုးေတြျဖစ္တဲ့ ေလျဖတ္တာ၊ ေျခလက္ထံုက်င္ၿပီးေသြးမေလွ်ာက္ျဖစ္တာ၊
ဟုိမုန္းေတြပံုမွန္မျဖစ္တာ၊ ပန္းေသပန္းညွိဳးေရာဂါေတြကို ကာကြယ္ရာေရာက္ပါတယ္။
 
(၈) ခႏၶာကိုယ္ခုခံအားစနစ္ကို ေဆးလိပ္ေသာက္စဥ္ကထက္ ပိုမိုတိုးတက္ေကာင္းမြန္လာလို႔ မၾကာခဏဖ်ားနာတာ၊ တေ႐ွာင္ေ႐ွာင္ျဖစ္တာေတြ ေကာင္းလာပါမယ္။ ေအာ္တိုအင္ျမဴးေရာဂါေတြ ျဖစ္ဖို႔
အလားအလာလည္းနည္းသြားပါတယ္။Free Radical ေတြ ေလ်ာ့နည္းလာလို႔ ခုခံအားစနစ္ကို ဖ်က္ဆီးျခင္းကေန ကာကြယ္ရာေရာက္ပါတယ္။
 
(၉) ေနာက္ဆံုးအေနနဲ႔ ေဆးလိပ္ေသာက္စဥ္ကထက္ပိုၿပီး အသက္႐ွည္ႏုပ်ဳိက်န္းမာလာလို႔
သက္တမ္း ပိုၿပီးေနရမွာျဖစ္ပါတယ္။သက္တမ္းေစ့ေနရဖို႔ အေထာက္အကူျပဳပါတယ္