Metabolic syndrome အကြောင်း သိကောင်းစရာ

Metabolic syndrome အကြောင်း သိကောင်းစရာ

Metabolic syndrome အကြောင်း သိကောင်းစရာ
 
ကမ္ဘာတဝှမ်းတွင် non-communicable disease လို့ခေါ်တဲ့ သွေးတိုး ဆီးချိုကဲ့သို့ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုနှုန်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံများသာမက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ ပိုမို များပြားလာပါသည်။ ဒီအပတ်မှာတော့ ဆီးချိုအမျိုးအစား၂ နဲ့ အတူ တွဲတွေ့ရတတ်တဲ့ metabolic syndrome အကြောင်းဖော်ပြမှာပါ။
 
Metabolic syndrome ဆိုတာ ဘာကိုခေါ်တာလဲ?
ဒီအောက်မှာ ဖော်ပြထားတဲ့ ရောဂါအခြေအနေ ငါးမျိုးထဲက အနည်းဆုံး သုံးခုပါဝင်တဲ့ ရောဂါအစုအဝေးကိုခေါ်တာပါ။ 
၁.သွေးတိုးခြင်း (high blood pressure)
၂.သွေးတွင်း သကြားဓါတ်များခြင်း (high blood sugar)
၃.အဝလွန်ခြင်း (central obesity)
၄.သွေးထဲမှာ ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေသော အဆီဓါတ်များ များနေခြင်း (high LDL, cholesterol, triglycerides)
၅.ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ HDL လို့ခေါ်တဲ့ အဆီဓါတ်ပမာဏ နည်းနေခြင်း (Low HDL) တို့ဖြစ်ပါတယ်။ 
 
 ဒါ့အပြင် အသည်းအဆီဖုံးခြင်း (Non alcoholic fatty liver disrase) နဲ့ အမျိုးသမီးတွေမှာတော့ Polycystic Ovarian Syndrome လို့ခေါ်တဲ့ သားဥအိမ်တွင် အရည်အိတ်များစွာရှိနေတဲ့ ရောဂါနဲ့လည်း တွဲတွေ့ရတတ်ပါတယ်။ Metabolic syndrome ကို နောက်အမည်တစ်မျိုး Syndrome X လို့လည်း ခေါ်ကြပါသေးတယ်။
 
ဘာကြောင့် metabolic syndrome ဖြစ်တာလဲ?
ဖြစ်စေတဲ့ အကြောင်းအရင်း အတိအကျကိုတော့ ရှာနေဆဲပါ။ 
၁.အဝလွန်ခြင်း 
၂.ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း နဲ့
၃.မျိုးရိုးဗီဇ
၄.ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကစဉ့်ကလျားဖြစ်ခြင်း
၅. သွေးတွင်းသကြားဓါတ်ကို ထိန်းပေးနေတဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က ဆဲလ်တွေက မတုံ့ပြန်ခြင်း (Insulin resistance) နဲ့လည်း သက်ဆိုင်မှုရှိတယ်လို့ ဆိုကြတယ်။ 
 
Metabolic syndrome ရှိတဲ့သူတွေရဲ့ သိသာတဲ့ ပုံပန်းသွင်ပြင်ကတော့ central obesity လို့ခေါ်တဲ့ ဗိုက်နဲ့ ခါးတဝိုက်မှာ အဆီပိုတွေ အများဆုံးစုနေလို့ apple and pear body shapes လို့တောင် တင်စားခေါ်ကြပါတယ်။ ၁)Waist circumference လို့ခေါ်တဲ့ ခါးအရွယ်အစားတိုင်းကြည့်ခြင်း
၂) Body Mass Index (BMI) တိုင်းတာခြင်းများ ပြုလုပ်ရန်လိုအပ်ပါသည်။ 
 
ခန္ဓာကိုယ်မှာ အဆီများခြင်းရဲ့ လက္ခဏာ ဖြစ်တဲ့ မျက်လုံးတဝိုက် အဆီဖတ်လေးများရှိခြင်း (Xanthelesma) ၊ ခန္ဓာကိုယ်ရဲ့ ဂုတ်ပိုးနှင့် ချိုင်းနေရာများ မည်းခြင်း (Acanthosis nigrican) စတာတွေလည်း တွေ့ရနိုင်ပါသည်။
 
နောက်ဆက်တွဲခံစားရမှာတွေကတော့-
၁.နှလုံးသွေးကြောကျဉ်းခြင်း
၂.လေဖြတ်ခြင်း 
၃.အမျိုးအစား ၂ ဆီးချိုဖြစ်ခြင်း တို့ဖြစ်နိုင်ခြေပိုများပါတယ်။ 
ဒါကြောင့် ရောဂါဖြစ်မှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်မှုရှိပါတယ်။ 
ဒါကြောင့် ကျန်းမာသော ဘဝနေထိုင်နည်းဖြစ်အောင် -
၁.နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်ခြင်း ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ပေးပါ။
၂.အဆီများသော အစားအသောက်များ ကျန်းမာရေးနှင့် မညီညွတ်သော ဆီများ စားသုံးခြင်း ရှောင်ကြဉ်ပါ။
၃.အသီးအရွက် အသား ငါး ပဲအမျိုးမျိုး စသည်တို့ကို အာဟာရပြည့်ဝအောင် စားပါ။
၄.အဝမလွန်အောင် နေထိုင်ပါ။
၅.ဆေးလိပ် အရက်ရှောင်ကြဉ်ပါ။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီဝက ဆေး(၁)
 
(  Zawgyi  )
 
 
Metabolic syndrome အေၾကာင္း သိေကာင္းစရာ
 
ကမာၻတဝွမ္းတြင္ non-communicable disease လို႔ေခၚတဲ့ ေသြးတိုး ဆီးခ်ိဳကဲ့သို႔ မကူးစက္ႏိုင္ေသာ ေရာဂါမ်ား ျဖစ္ပြားမႈႏႈန္းမွာ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားသာမက ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာပါ ပိုမို မ်ားျပားလာပါသည္။ ဒီအပတ္မွာေတာ့ ဆီးခ်ိဳအမ်ိဳးအစား၂ နဲ႔ အတူ တြဲေတြ႕ရတတ္တဲ့ metabolic syndrome အေၾကာင္းေဖာ္ျပမွာပါ။
 
Metabolic syndrome ဆိုတာ ဘာကိုေခၚတာလဲ?
ဒီေအာက္မွာ ေဖာ္ျပထားတဲ့ ေရာဂါအေျခအေန ငါးမ်ိဳးထဲက အနည္းဆုံး သုံးခုပါဝင္တဲ့ ေရာဂါအစုအေဝးကိုေခၚတာပါ။ 
၁.ေသြးတိုးျခင္း (high blood pressure)
၂.ေသြးတြင္း သၾကားဓါတ္မ်ားျခင္း (high blood sugar)
၃.အဝလြန္ျခင္း (central obesity)
၄.ေသြးထဲမွာ ခႏၶာကိုယ္အတြက္ ေဘးျဖစ္ေစေသာ အဆီဓါတ္မ်ား မ်ားေနျခင္း (high LDL, cholesterol, triglycerides)
၅.ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့ HDL လို႔ေခၚတဲ့ အဆီဓါတ္ပမာဏ နည္းေနျခင္း (Low HDL) တို႔ျဖစ္ပါတယ္။ 
 
 ဒါ့အျပင္ အသည္းအဆီဖုံးျခင္း (Non alcoholic fatty liver disrase) နဲ႔ အမ်ိဳးသမီးေတြမွာေတာ့ Polycystic Ovarian Syndrome လို႔ေခၚတဲ့ သားဥအိမ္တြင္ အရည္အိတ္မ်ားစြာရွိေနတဲ့ ေရာဂါနဲ႔လည္း တြဲေတြ႕ရတတ္ပါတယ္။ Metabolic syndrome ကို ေနာက္အမည္တစ္မ်ိဳး Syndrome X လို႔လည္း ေခၚၾကပါေသးတယ္။
 
ဘာေၾကာင့္ metabolic syndrome ျဖစ္တာလဲ?
ျဖစ္ေစတဲ့ အေၾကာင္းအရင္း အတိအက်ကိုေတာ့ ရွာေနဆဲပါ။ 
၁.အဝလြန္ျခင္း 
၂.ကိုယ္လက္လႈပ္ရွားမႈနည္းျခင္း နဲ႔
၃.မ်ိဳး႐ိုးဗီဇ
၄.ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ကစဥ့္ကလ်ားျဖစ္ျခင္း
၅. ေသြးတြင္းသၾကားဓါတ္ကို ထိန္းေပးေနတဲ့ အင္ဆူလင္ေဟာ္မုန္းကို ခႏၶာကိုယ္က ဆဲလ္ေတြက မတုံ႔ျပန္ျခင္း (Insulin resistance) နဲ႔လည္း သက္ဆိုင္မႈရွိတယ္လို႔ ဆိုၾကတယ္။ 
 
Metabolic syndrome ရွိတဲ့သူေတြရဲ႕ သိသာတဲ့ ပုံပန္းသြင္ျပင္ကေတာ့ central obesity လို႔ေခၚတဲ့ ဗိုက္နဲ႔ ခါးတဝိုက္မွာ အဆီပိုေတြ အမ်ားဆုံးစုေနလို႔ apple and pear body shapes လို႔ေတာင္ တင္စားေခၚၾကပါတယ္။ ၁)Waist circumference လို႔ေခၚတဲ့ ခါးအ႐ြယ္အစားတိုင္းၾကည့္ျခင္း
၂) Body Mass Index (BMI) တိုင္းတာျခင္းမ်ား ျပဳလုပ္ရန္လိုအပ္ပါသည္။ 
 
ခႏၶာကိုယ္မွာ အဆီမ်ားျခင္းရဲ႕ လကၡဏာ ျဖစ္တဲ့ မ်က္လုံးတဝိုက္ အဆီဖတ္ေလးမ်ားရွိျခင္း (Xanthelesma) ၊ ခႏၶာကိုယ္ရဲ႕ ဂုတ္ပိုးႏွင့္ ခ်ိဳင္းေနရာမ်ား မည္းျခင္း (Acanthosis nigrican) စတာေတြလည္း ေတြ႕ရႏိုင္ပါသည္။
 
ေနာက္ဆက္တြဲခံစားရမွာေတြကေတာ့-
၁.ႏွလုံးေသြးေၾကာက်ဥ္းျခင္း
၂.ေလျဖတ္ျခင္း 
၃.အမ်ိဳးအစား ၂ ဆီးခ်ိဳျဖစ္ျခင္း တို႔ျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။ 
ဒါေၾကာင့္ ေရာဂါျဖစ္မွ ကုသျခင္းထက္ ႀကိဳတင္ကာကြယ္ျခင္းက ပိုထိေရာက္မႈရွိပါတယ္။ 
ဒါေၾကာင့္ က်န္းမာေသာ ဘဝေနထိုင္နည္းျဖစ္ေအာင္ -
၁.ေန႔စဥ္ နာရီဝက္ခန႔္ လမ္းေလွ်ာက္ျခင္း ကိုယ္လက္လႈပ္ရွားအားကစား ျပဳလုပ္ေပးပါ။
၂.အဆီမ်ားေသာ အစားအေသာက္မ်ား က်န္းမာေရးႏွင့္ မညီၫြတ္ေသာ ဆီမ်ား စားသုံးျခင္း ေရွာင္ၾကဥ္ပါ။
၃.အသီးအ႐ြက္ အသား ငါး ပဲအမ်ိဳးမ်ိဳး စသည္တို႔ကို အာဟာရျပည့္ဝေအာင္ စားပါ။
၄.အဝမလြန္ေအာင္ ေနထိုင္ပါ။
၅.ေဆးလိပ္ အရက္ေရွာင္ၾကဥ္ပါ။
 
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
 
ဇီ၀က ေဆး(၁)