OSA (Obstructive Sleep Apnoea) - အိပ်ပျော်စဉ်အလွန်အမင်းဟောက်ခြင်း

OSA ဆိုသည်မှာ အိပ်ပျော်နေစဉ်တွင် 
လည်ပင်းရှိကြွက်သားများနှင့် အဆီတစ်ရှုးများ တင်းအားလျော့ကျသွားပြီး လေပြွန်ကို ဖိမိသောကြောင့် အသက်ရှူလမ်းကြောင်း တဖြည်း
ဖြည်းကျဉ်းလာပြီး လေထဲတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်များ သွေးထဲသို့ မရောက်နိုင်တော့ဘဲ ဦးနှောက်မှာ
အောက်ဆီဂျင်လုံလောက်စွာ မရရှိနိုင်တော့ပေ။ ထို့ပြင် လေပြွန်လုံးဝပိတ်ဆို့မှုကြောင့် အသက်ရှူရပ်တန့်သွားခြင်းမျိုးထိ
ဖြစ်ပွားနိုင်သည်။ထိုသို့ အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ အသက်ရှူရပ်သွားခြင်းသည် အိပ်နေစဉ်တစ်နာရီအတွင်း 
အကြိမ် ၃၀ ခန့်ထက်ပို၍ ပိတ်ဆို့နေလျှင် ဆိုးရွားသောအဆင့်သို့ရောက်ရှိနေပြီဖြစ်ပါသည်။
 
ထိုသို့ဖြစ်သွားမှုကြောင့် လူနာသည် အိပ်ပျော်နေရာမှ နိုးလာရသည်။တစ်ခါတစ်ရံတွင် ယင်းကဲ့သို့ အိပ်လိုက်၊ နိုးလိုက် ဖြစ်စဉ်မှာ
တိုတောင်းလွန်းသောကြောင့် လူနာမှ မှတ်မိနိုင်ခြင်း မရှိပါ။ ထိုသို့ဖြင့် လူနာသည် တစ်ညလုံး နိုးလိုက်၊ အိပ်လိုက် ကြိမ်ဖန်များစွာ
ဖြစ်နေသောကြောင့် နံနက်အိပ်ရာထချိန်တွင် အိပ်ရေးမဝခြင်း၊ အိပ်ပျော်နေစဉ် ကျယ်လောင်စွာ ဟောက်သံထွက်ခြင်း၊ အိပ်ပျော်နေစဉ်
အသက်ရှူကြပ်ခြင်း၊ နံနက်အိပ်ယာထတွင် ခေါင်းကိုက်ခြင်း / ပင်ပန်းနွမ်းနယ်ခြင်း၊
နေ့အချိန်တွင်ပုံမှန်ထက်ပိုပြီး အလွန်အမင်း အိပ်ငိုက်နေခြင်း၊စိတ်ဓါတ်ကျလွယ်ခြင်းနှင့် စိတ်ဆက်လွယ်ခြင်း၊ အလုပ်တွင် အာရုံစူးစိုက်မှု
ကျဆင်းခြင်း၊ယခင်ထက်ပိုပြီး မှတ်ဉာဏ်အားနည်းလာခြင်း နှင့်အခြားလက္ခဏာများကိုခံစားလာရပါသည်။ 
 
အဖြစ်များသောလူများမှာ 
လည်ချောင်းရှိကြွက်သားများ အားနည်းခြင်း။
အသက်ရှူလမ်းကြောင်းဘေးတွင် အဆီ / တစ်ရှူးများ များပြားလွန်းခြင်း။ 
မွေးရာပါ ( သို့ ) ရောဂါအခြေအနေ တစုံတရာကြောင့် အသက်ရှူလမ်းကြောင်းဖြစ်တည်မှုပုံမမှန်ခြင်း။
အမျိုးသားလည်ပင်းလုံးပတ် ၁၇ လက်မ နှင့် အထက်ရှိခြင်း။
အမျိုးသမီးလည်းပင်းလုံးပတ် ၁၆ လက်မ နှင့် အထက်ရှိခြင်း စသည့်အခြေအနေများက OSA ဖြစ်စေနိုင်ပါသည်။ 
 
ထို့အပြင် အဝလွန်ခြင်း၊ သွေးတိုးရောဂါရှိခြင်း၊
ဆီးချိုရောဂါရှိခြင်း၊ နှလုံးစက်တပ်ဆင်ထားခြင်း စသည့်ရောဂါအခြေအနေများ ရှိပါက OSA ရောဂါဖြစ်နိုင်ချေရှိပါသည်။
 
OSA ကိုထိရောက်စွာမကုသပါက
-သွေးတိုးရောဂါ
-ဆီးချိုရောဂါ
-နှလုံးခုန်မမှန် / နှလုံးသွေးကြောကျဉ်းရောဂါ။
-လေဖြတ်ခြင်း
-စိတ်ဓါတ်ကျရောဂါ
-မှတ်ဉာဏ်အားနည်းခြင်း။ 
-လုပ်ငန်းတွင် အာရုံစူးစိုက်မှု ကျဆင်းသောကြောင့် အလုပ်ထုတ်ပယ်ခံရနိုင်ခြင်း၊ မအောင်မြင်ခြင်း။
-အိပ်ငိုက်လွယ်သောကြောင့် ယဉ်တိုက်မှုဖြစ်ခြင်းနှင့် လုပ်ငန်းခွင်မတော်တဆဖြစ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။
 
OSA ရောဂါ ရှိ / မရှိ နှင့် ရောဂါ ပြင်းထန်မှုကို Sleep Study ( အိပ်ပျော်နေစဉ် စောင့်ကြည့်စမ်းသပ်မှု) ဖြင့် စစ်ဆေးနိုင်ပါသည်။
Sleep Study ဆိုသည်မှာ Polysomnography ဆိုသောစက်ဖြင့် လူနာအိပ်နေစဉ်အတွင်း ဖြစ်ပေါ်သော ဦးနှောက်လှိုင်းများ၊ နှလုံးလှိုင်းများ၊
အသက်ရှူခြင်း ပုံစံများ၊ အသက်ရှူ နှုန်း၊သွေးတွင်းအောက်စီဂျင်ဓါတ်များ၊AHI ဟုခေါ်သော OSA ရှိမရှိတွက်ထုတ်ပေးခြင်းကို
အာရုံခံကိရိယာ(Sensor) များတပ်ဆင်၍ စောင့်ကြည့် လေ့လာခြင်းဖြစ်ပါသည်။ 
 
AHI ရလဒ်အရ
 
-AHI <5 - ပုံမှန်
-AHI 5 မှ 10 ကြားရှိလျှင် - mild (အပျော့စား အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း)
-AHI 15မှ30ကြားရှိလျှင် -moderate (အလယ်အလတ်အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း)
-AHI 30 ကျော်လျှင် - severe (အပြင်းစား အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း)
ထို ရရှိလာသည့် AHI အပေါ်မူတည်ပြီး ကုသမှု ပေးခြင်းအား ဆုံးဖြတ်ပါသည်။ 
 
OSA ရောဂါကို 
ကိုယ်အလေးချိန် လျော့ချခြင်း။
အရက်နှင့် ဆေးလိပ်ဖြတ်ခြင်း။ 
စိတ်နှင့် အာရုံကြောထိုင်းမှိုင်းခြင်း ဖြစ်စေသော / ကြွက်သားတင်းအား လျော့စေသောဆေးများကိုရှောင်ခြင်း။
CPAP ( Continuous Positive Airway Pressure ) စက်အသုံးပြု ုခြင်း။ 
ခွဲစိတ်ခြင်း၊ ခံတွင်းကိရိယာများတပ်ဆင်ခြင်း တို့ဖြင့် ကုသနိုင်ပါသည်။ 
 
OSA ရောဂါကို အကောင်းဆုံးနှင့် အထိရောက်ဆုံးကုသမှုမှာ CPAP စက်တပ်ဆင် အိပ်စက်ခြင်းဖြစ်ပါတယ်။ CPAP ကုထုံးဆိုသည်မှ
ာ CPAP စက်မှ အဆက်မပြတ်မှုတ်ထုတ်ပေးနေသော လေသည်နှာခေါင်းအုပ်မှတဆင့် အသက်ရှူလမ်းကြောင်းထဲသို့
ဝင်လာပြီးအသက်ရှူလမ်းကြောင်းပိတ်ဆို့မှု မဖြစ်အောင် လေတွန်းအားဖြင့် ဖွင့်ပေးထားခြင်းဖြစ်ပါသည်။ 
ထိုသို့ အသက်ရှူလမ်းကြောင်းကို လေဖိအားဖြင့် ဖွင့်ပေးနေသဖြင့် အသက်ရှူရပ်ခြင်း၊ အောက်ဆီဂျင်လျော့ကျခြင်း၊ မကြာခဏ
အိပ်ယာမှနိုးခြင်း၊ ဟောက်ခြင်းများ မရှိတော့ပေ။
 
ယခုအခါတွင် ပို၍ ခေတ်မီလာသော အခါ Auto CPAP များပေါ်လာပြီး လူနာအသက်ရှူလမ်းကြောင်းပိတ်သည့် အခါတွင် စက်မှ
အလိုအလျောက် ပိတ်ဆို့ မှု ပမာဏအား တိုင်းတာ၍ လိုအပ်သော Pressure အား ပေးနိုင်သည်အထိ လူနာအား
သက်တောင့်သက်သာ ဖြစ်စေသော စက်များပေါ်လာပြီဖြစ်ပါသည်။
 
Auto CPAP  အချို့ပိုမိုကောင်းမွန်သော စက်များတွင် လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ဟုခေါ်သော
လေတွင် ရေငွေ့များ ပါဝင်စေခြင်းဖြင့် အသက်ရှူရာတွင် သက်တောင့်သက်သာ ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါသည်။
ထို့အပြင် စက်တပ်ခြင်းဖြင့် ယခင်ဟောက်သောသူများပင် အသက်ရှူလမ်းကြောင်းပွင့်သွားသော ကြောင့် ဟောက်ခြင်းလုံးဝ
မဖြစ်စေတော့ပဲ အခြားမိသားစုဝင်များပါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါသည်။ 
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီဝက ဆေး (၁)
 
 
 
 
 
 
 
 
 
 
OSA (Obstructive Sleep Apnoea) - အိပ္ေပ်ာ္စဥ္အလြန္အမင္းေဟာက္ျခင္း
 
 
OSA ဆိုသည္မွာ အိပ္ေပ်ာ္ေနစဥ္တြင္ 
လည္ပင္းရွိၾကြက္သားမ်ားႏွင့္ အဆီတစ္ရွဳးမ်ား တင္းအားေလ်ာ့က်သြားျပီး ေလျပြန္ကို ဖိမိေသာေၾကာင့္
အသက္ရွဴလမ္းေၾကာင္း တျဖည္း
ျဖည္းက်ဥ္းလာျပီး ေလထဲတြင္ပါ၀င္ေသာ ေအာက္ဆီဂ်င္ဓါတ္မ်ား ေသြးထဲသို႔ မေရာက္ႏုိင္ေတာ့ဘဲ ဦးေႏွာက္မွ
ေအာက္ဆီဂ်င္လံုေလာက္စြာ မရရွိႏိုင္ေတာ့ေပ။ ထို႔ျပင္ ေလျပြန္လံုး၀ပိတ္ဆို႔မွုေျကာင့္ အသက္ရွဴရပ္တန္႔သြားျခင္းမ်ိဳးထိ
ျဖစ္ပြားႏုိင္သည္။ထုိသို႔ အသက္ရွဴလမ္းေၾကာင္းပိတ္ဆို႔၍ အသက္ရွဴရပ္သြားျခင္းသည္ အိပ္ေနစဥ္တစ္နာရီအတြင္း 
အၾကိမ္ ၃၀ ခန့္ထက္ပို၍ ပိတ္ဆို႔ေနလ်ွင္ ဆိုးရြားေသာအဆင့္သို႔ေရာက္ရိွေနျပီျဖစ္ပါသည္။
 
ထိုသို႕ျဖစ္သြားမွုေၾကာင့္ လူနာသည္ အိပ္ေပ်ာ္ေနရာမွ ႏိုးလာရသည္။တစ္ခါတစ္ရံတြင္ ယင္းကဲ့သို႔ အိပ္လိုက္၊ ႏိုးလိုက္ ျဖစ္စဥ္မွာ
တိုေတာင္းလြန္းေသာေၾကာင့္ လူနာမွ မွတ္မိႏိုင္ျခင္း မရွိပါ။ ထိုသို႔ျဖင့္ လူနာသည္ တစ္ညလံုး ႏုိးလိုက္၊ အိပ္လုိက္ ၾကိမ္ဖန္မ်ားစြာ
ျဖစ္ေနေသာေၾကာင့္ နံနက္အိပ္ရာထခ်ိန္တြင္ အိပ္ေရးမ၀ျခင္း၊ အိပ္ေပ်ာ္ေနစဥ္ က်ယ္ေလာင္စြာ ေဟာက္သံထြက္ျခင္း၊ အိပ္ေပ်ာ္ေနစဥ္
အသက္ရွဴျကပ္ျခင္း၊ နံနက္အိပ္ယာထတြင္ ေခါင္းကိုက္ျခင္း / ပင္ပန္းႏြမ္းနယ္ျခင္း၊
ေန႔႔အခ်ိန္တြင္ပံုမွန္ထက္ပိုျပီး အလြန္အမင္း အိပ္ငိုက္ေနျခင္း၊စိတ္ဓါတ္က်လြယ္ျခင္းနွင့္ စိတ္ဆက္လြယ္ျခင္း၊ အလုပ္တြင္ အာရံုစူးစိုက္မွု
က်ဆင္းျခင္း၊ယခင္ထက္ပိုျပီး မွတ္ဥာဏ္အားနည္းလာျခင္း ႏွင့္အျခားလကၡဏာမ်ားကိုခံစားလာရပါသည္။ 
 
အျဖစ္မ်ားေသာလူမ်ားမွာ 
လည္ေခ်ာင္းရွိၾကြက္သားမ်ား အားနည္းျခင္း။
အသက္ရွဴလမ္းေၾကာင္းေဘးတြင္ အဆီ / တစ္ရွဴးမ်ား မ်ားျပားလြန္းျခင္း။ 
ေမြးရာပါ ( သို႕ ) ေရာဂါအေျခအေန တစံုတရာေၾကာင့္ အသက္ရွဴလမ္းေၾကာင္းျဖစ္တည္မွုပံုမမွန္ျခင္း။
အမ်ိဳးသားလည္ပင္းလံုးပတ္ ၁၇ လက္မ ႏွင့္ အထက္ရွိျခင္း။
အမ်ိဳးသမီးလည္းပင္းလံုးပတ္ ၁၆ လက္မ နွင့္ အထက္ရွိျခင္း စသည့္အေျခအေနမ်ားက OSA ျဖစ္ေစႏိုင္ပါသည္။ 
 
ထို႕အျပင္ အ၀လြန္ျခင္း၊ ေသြးတိုးေရာဂါရွိျခင္း၊
ဆီးခ်ိဳေရာဂါရွိျခင္း၊ နွလံုးစက္တပ္ဆင္ထားျခင္း စသည့္ေရာဂါအေျခအေနမ်ား ရွိပါက OSA ေရာဂါျဖစ္ႏုိင္ေခ်ရွိပါသည္။
 
OSA ကိုထိေရာက္စြာမကုသပါက
-ေသြးတိုးေရာဂါ
-ဆီးခ်ိဳေရာဂါ
-နွလံုးခုန္မမွန္ / နွလံုးေသြးေၾကာက်ဥ္းေရာဂါ။
-ေလျဖတ္ျခင္း
-စိတ္ဓါတ္က်ေရာဂါ
-မွတ္ဥာဏ္အားနည္းျခင္း။ 
-လုပ္ငန္းတြင္ အာရံုစူးစိုက္မွု က်ဆင္းေသာေၾကာင့္ အလုပ္ထုတ္ပယ္ခံရႏိုင္ျခင္း၊ မေအာင္ျမင္ျခင္း။
-အိပ္ငိုက္လြယ္ေသာေၾကာင့္ ယဥ္တိုက္မွုျဖစ္ျခင္းႏွင့္ လုပ္ငန္းခြင္မေတာ္တဆျဖစ္ျခင္းတို႕ျဖစ္လာႏုိင္ပါသည္။
 
OSA ေရာဂါ ရွိ / မရွိ နွင့္ ေရာဂါ ျပင္းထန္မွုကို Sleep Study ( အိပ္ေပ်ာ္ေနစဥ္ ေစာင့္ၾကည့္စမ္းသပ္မွု) ျဖင့္ စစ္ေဆးႏိုင္ပါသည္။
Sleep Study ဆိုသည္မွာ Polysomnography ဆိုေသာစက္ျဖင့္ လူနာအိပ္ေနစဥ္အတြင္း ျဖစ္ေပၚေသာ ဦးေႏွာက္လိွုင္းမ်ား၊
နွလံုးလိွုင္းမ်ား၊ အသက္ရွဴျခင္း ပံုစံမ်ား၊ အသက္ရွဴ ႏႈန္း၊ေသြးတြင္းေအာက္စီဂ်င္ဓါတ္မ်ား၊AHI ဟုေခၚေသာ OSA ရိွမရိွတြက္ထုတ္ေပးျခင္္းကို
အာရံုခံကိရိယာ(Sensor) မ်ားတပ္ဆင္၍ ေစာင့္ၾကည့္ ေလ့လာျခင္းျဖစ္ပါသည္။ 
 
AHI ရလဒ္အရ
 
-AHI <5 - ပံုမွန္
-AHI 5 မွ 10 ၾကားရိွလ်ွင္ - mild (အေပ်ာ့စား အသက္ရွဴလမ္းေၾကာင္းပိတ္ဆုိ့ျခင္း)
-AHI 15မွ30ၾကားရိွလ်ွင္ -moderate (အလယ္အလတ္အသက္ရွဴလမ္းေၾကာင္းပိတ္ဆုိ့ျခင္း)
-AHI 30 ေက်ာ္လ်ွင္ - severe (အျပင္းစား အသက္ရွဴလမ္းေၾကာင္းပိတ္ဆုိ့ျခင္း)
ထုိ ရရွိလာသည့္ AHI အေပၚမူတည္ျပီး ကုသမႈ ေပးျခင္းအား ဆံုးျဖတ္ပါသည္။ 
 
OSA ေရာဂါကို 
ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ျခင္း။
အရက္နွင့္ ေဆးလိပ္ျဖတ္ျခင္း။ 
စိတ္နွင့္ အာရံုေၾကာထိုင္းမွိုင္းျခင္း ျဖစ္ေစေသာ / ၾကြက္သားတင္းအား ေလ်ာ့ေစေသာေဆးမ်ားကိုေရွာင္ျခင္း။
CPAP ( Continuous Positive Airway Pressure ) စက္အသံုးျပဳ ဳျခင္း။ 
ခြဲစိတ္ျခင္း၊ ခံတြင္းကိရိယာမ်ားတပ္ဆင္ျခင္း တုိ႕ျဖင့္ ကုသႏုိင္ပါသည္။ 
 
OSA ေရာဂါကို အေကာင္းဆံုးနွင့္ အထိေရာက္ဆံုးကုသမွုမွာ CPAP စက္တပ္ဆင္ အိပ္စက္ျခင္းျဖစ္ပါတယ္။ CPAP ကုထံုးဆိုသည္မွာ
CPAP စက္မွ အဆက္မျပတ္မွုတ္ထုတ္ေပးေနေသာ ေလသည္ႏွာေခါင္းအုပ္မွတဆင့္ အသက္ရွဴလမ္းေၾကာင္းထဲသို႔ ၀င္လာျပီး
အသက္ရွဴလမ္းေၾကာင္းပိတ္ဆို႕မွု မျဖစ္ေအာင္ ေလတြန္းအားျဖင့္ ဖြင့္ေပးထားျခင္းျဖစ္ပါသည္။ 
ထိုသို႕ အသက္ရွဴလမ္းေၾကာင္းကို ေလဖိအားျဖင့္ ဖြင့္ေပးေနသျဖင့္ အသက္ရွဴရပ္ျခင္း၊ ေအာက္ဆီဂ်င္ေလ်ာ့က်ျခင္း၊ မၾကာခဏ အိပ္ယာမွႏိုးျခင္း၊
ေဟာက္ျခင္းမ်ား မရွိေတာ့ေပ။
 
ယခုအခါတြင္ ပို၍ ေခတ္မီလာေသာ အခါ Auto CPAP မ်ားေပၚလာျပီး လူနာအသက္ရွဴလမ္းေၾကာင္းပိတ္သည့္ အခါတြင္ စက္မွ
အလုိအေလ်ာက္ ပိတ္ဆုိ႔ မွဳ ပမာဏအား တုိင္းတာ၍ လုိအပ္ေသာ Pressure အား ေပးႏုိင္သည္အထိ လူနာအား သက္ေတာင့္သက္သာ
ျဖစ္ေစေသာ စက္မ်ားေပၚလာျပီျဖစ္ပါသည္။
 
Auto CPAP  အခ်ိဳ႕ပိုမိုေကာင္းမြန္ေသာ စက္မ်ားတြင္ လူနာမ်ား အသက္ရွဴရာတြင္ အာမေျခာက္ေစရန္ Humidifier ဟုေခၚေသာ
ေလတြင္ ေရေငြ႔မ်ား ပါဝင္ေစျခင္းျဖင့္ အသက္ရွဴရာတြင္ သက္ေတာင့္သက္သာ ျဖစ္ေစျပီး ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေစပါသည္။
ထို႔အျပင္ စက္တပ္ျခင္းျဖင့္ ယခင္ေဟာက္ေသာသူမ်ားပင္ အသက္ရွဴလမ္းေၾကာင္းပြင့္သြားေသာ ေၾကာင့္ ေဟာက္ျခင္းလံုးဝ မျဖစ္ေစေတာ့ပဲ
အျခားမိသားစုဝင္မ်ားပါ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေစပါသည္။ 
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။
 
ဇီ၀က ေဆး (၁)