ရာသီဥတုဖောက်ပြန်မှု ကို တုန့်ပြန်ရာမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်

 ရာသီဥတုဖောက်ပြန်မှုကို တုန့်ပြန်ရာမှာ အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်

အရင်တစ်ပတ်လောက်တုန်းကတော့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ မူဘောင်သဘောတူညီချက် သက်ဆိုင်သူတွေရဲ့ ၂၄ကြိမ်မြောက်ညီလာခံမှာ သဘောတူညီချက်တစ်ခုခု ရနိုင်တဲ့အလားအလာကို စိတ်တောင်မကူးရဲလောက်အောင်ပဲ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၅ခုနှစ်က ပါရီမှာ သဘောတူထားခဲ့တဲ့အပေါ်မှာ အခြေတည်ထားတဲ့ ပိုလန်မြို့ ကာတိုဝိုက်က ညီလာခံမှာ ရရှိခဲ့တဲ့အောင်မြင်မှုဟာ ရာသီဥတုဖောက်ပြန်မှုကို ဖြေရှင်းဖို့ကြိုးစားရာမှာ ရှေ့ကိုးတိုးတက်လာတဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

ရေနံတင်ပို့တဲ့နိုင်ငံကြီးတွေဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စု၊ ရုရှ၊ ဆော်ဒီအာရေဗျနဲ့ ကူဝိတ်တို့က ရာသီဥတုဖောက်ပြန်မှု နိုင်ငံစုံအဖွဲ့ရဲ့ အစီရင်ခံစာကို ထောက်ခံအတည်ပြုမှာကို ပိတ်ဆို့ခဲ့ကြလို့ ညီလာခံဟာ ပိုပိုပြီး လေပူတွေ ထုတ်လွှင့်တော့မယ်လို့တောင် ထင်စရာဖြစ်လာခဲ့ပါတယ်။

အစီရင်ခံစာကတော့ ဒီရာစုနှစ်အကုန်လောက်မှာ ကမ္ဘာကြီးပူနွေးလာမှုဟာ စက်မှုအကြိုခေတ်များကနဲ့ နှိုင်းယှဉ်ရင် ၁.၅ဒီဂရီ ဆဲစီးယပ်အထိကို ရောက်ရှိသွားနိုင်လို့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို သိသိသာသာ ပြုပြင်ပြောင်းလဲပြီး ရုပ်ကြွင်းလောင်စာကို ကျောခိုင်းဖို့လိုအပ်လာနေပြီလို့ ကောက်ချက်ချထားပါတယ်။

ဆုတ်ဆိုင်းမှုတွေရှိလင့်ကစား စနေနေ့က စည်းမျဉ်းစာအုပ်ကို အတည်ပြုလိုက်နိုင်တာဟာ မဆုတ် မနစ်တဲ့ သံခင်းတမန်ခင်းရဲ့ ရလဒ်၊ နိုင်ငံစုံဝါဒရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။ စည်းမျဉ်းစာအုပ် ဆိုတာက နိုင်ငံတွေက ဖန်လုံအိမ်ဓာတ်ငွေ့ ဘယ်လောက်ထုတ်နေတယ်၊ ထင်သာမြင်သာရှိတဲ့ နည်းလမ်းတွေနဲ့ ဘယ်ပုံလျှော့ချဖို့ကြိုးစားနေတယ်ဆိုတာတွေကို အစီရင်ခံသင့်တဲ့ အကြောင်းပဲဖြစ်ပါတယ်။

ပါရီ မှာပြုလုပ်ခဲ့တဲ့ ကတိကဝတ်တွေကို အရှိန်အဟုန်မြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်သလို၊ ပါဝင်တဲ့ နိုင်ငံတွေ ကလည်း ၂၀၂၀ကို ပစ်မှတ်ထားပြီး သူတို့ရဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးရည်မှန်းချက်တွေကို အဆင့်မြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။ ကတိကဝတ်ပဋိဉာဉ်အသစ်တွေကိုလည်း ၂၀၁၉ခုနှစ် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလညီလာခံမှာ ပြန်လည် သုံးသပ်ကြမှာပဲ ဖြစ်ပါတယ်။

၂၀၂၀ခုနှစ်ကစပြီး တစ်နှစ်ကို ကန်ဒေါ်လာ ဘီလျံ၁၀၀ ထည့်ဝင်ရေးဆိုတဲ့ လက်ရှိလျာထားချက်ရဲ့ နောက်ဆက်တွဲအနေနဲ့ ၂၀၂၅ခုနှစ်ကစတင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို ဘဏ္ဍာရေး ကူညီထောက်ပံ့မယ့် လျာထားချက်အသစ်တွေ ထူထောင်တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ လမ်းညွှန် ချက်တွေလည်း ဒီစည်းမျဉ်းစာအုပ်မှာ ပါဝင်နေပါတယ်။

သွားရမယ့်ခရီးက အဝေးကြီးကျန်နေသေးတယ်ဆိုပေမယ့်လည်း ကမ္ဘာကြီးပူနွေးလာမှုကို အခုလိုမှ ဘရိတ်မအုပ်ရင် ခံစားရမယ့်ဆိုးကျိုးတွေက အားလုံးအတွက် အထည်ကိုယ်ဒြပ်ထင်ရှားနေပြီမို့ ဘရိတ်အုပ်ဖို့ အရေးတကြီးလိုအပ်နေပြီဆိုတဲ့ အသိကို ဆောင်ကျဉ်းလာတာက ဒီညီလာခံရဲ့ ရလဒ် မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။
 
ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးရဲ့ အစီရင်ခံစာတစ်စောင်မှာတော့ နောက်ဆုံး ၂၂နှစ် မှာ နှစ်၂၀ က ပူသည် ထက်ပူလာခဲ့ရာမှာ နောက်ဆုံး၄နှစ်ကတော့ အပူဆုံးစံချိန်တင်လာခဲ့တာကြောင့် ကမ္ဘာကြီးပူနွေးလာမှုရဲ့ ရေရှည်လမ်းကြောင်းက ဆုတ်ယုတ်အားလျော့သွားတယ်ရယ်လို့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုအချိန်အထိ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်တွေကို မျက်ဝါးထင်ထင်ကြုံလာခဲ့ရရာမှာ ထိထိရောက်ရောက် မတုန့်ပြန်မတားဆီးနိုင်ဘူးဆိုရင် ရှေ့လျှောက်ဘာဖြစ်ဦးမယ်ဆိုတာ ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။

နိုင်ငံတွေဟာ တူညီပေမယ့်လည်း ခြားနားတဲ့ တာဝန်ဝတ္တရားတွေကို စွဲမြဲကျေပွန်သင့်သလို၊ ရာသီဥတုဖောက်ပြန်မှုကို တုန့်ပြန်ရာမှာလည်း သန္နိဌာန်ခိုင်ခိုင်ထားသင့်ပါတယ်။ ဒီကိစ္စမှာတော့ ကိုယ်ကျိုးကြည့်ရင် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကို ပျက်စီးစေမှာပဲ ဖြစ်ပါတယ်။

လုံးလုံး

(  Zawgyi  )

 

အရင္တစ္ပတ္ေလာက္တုန္းကေတာ့ ကုလသမဂၢ ရာသီဥတုဆိုင္ရာ မူေဘာင္သေဘာတူညီခ်က္ သက္ဆိုင္သူေတြရဲ႕ ၂၄ႀကိမ္ေျမာက္ညီလာခံမွာ သေဘာတူညီခ်က္တစ္ခုခု ရႏိုင္တဲ့အလားအလာကို စိတ္ေတာင္မကူးရဲေလာက္ေအာင္ပဲ ျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ၂၀၁၅ခုႏွစ္က ပါရီမွာ သေဘာတူထားခဲ့တဲ့အေပၚမွာ အေျခတည္ထားတဲ့ ပိုလန္ၿမိဳ႕ ကာတိုဝိုက္က ညီလာခံမွာ ရရွိခဲ့တဲ့ေအာင္ျမင္မႈဟာ ရာသီဥတုေဖာက္ျပန္မႈကို ေျဖရွင္းဖို႔ႀကိဳးစားရာမွာ ေရွ႕ကိုးတိုးတက္လာတဲ့ အေရးႀကီးတဲ့ ေျခလွမ္းတစ္ရပ္ပဲ ျဖစ္ပါတယ္။

ေရနံတင္ပို႔တဲ့ႏိုင္ငံႀကီးေတြျဖစ္ၾကတဲ့ အေမရိကန္ျပည္ေထာင္စု၊ ႐ုရွ၊ ေဆာ္ဒီအာေရဗ်နဲ႔ ကူဝိတ္တို႔က ရာသီဥတုေဖာက္ျပန္မႈ ႏိုင္ငံစုံအဖြဲ႕ရဲ႕ အစီရင္ခံစာကို ေထာက္ခံအတည္ျပဳမွာကို ပိတ္ဆို႔ခဲ့ၾကလို႔ ညီလာခံဟာ ပိုပိုၿပီး ေလပူေတြ ထုတ္လႊင့္ေတာ့မယ္လို႔ေတာင္ ထင္စရာျဖစ္လာခဲ့ပါတယ္။

အစီရင္ခံစာကေတာ့ ဒီရာစုႏွစ္အကုန္ေလာက္မွာ ကမာၻႀကီးပူေႏြးလာမႈဟာ စက္မႈအႀကိဳေခတ္မ်ားကနဲ႔ ႏႈိင္းယွဥ္ရင္ ၁.၅ဒီဂရီ ဆဲစီးယပ္အထိကို ေရာက္ရွိသြားႏိုင္လို႔ ကမာၻလုံးဆိုင္ရာ စီးပြားေရးကို သိသိသာသာ ျပဳျပင္ေျပာင္းလဲၿပီး ႐ုပ္ႂကြင္းေလာင္စာကို ေက်ာခိုင္းဖို႔လိုအပ္လာေနၿပီလို႔ ေကာက္ခ်က္ခ်ထားပါတယ္။

ဆုတ္ဆိုင္းမႈေတြရွိလင့္ကစား စေနေန႔က စည္းမ်ဥ္းစာအုပ္ကို အတည္ျပဳလိုက္ႏိုင္တာဟာ မဆုတ္ မနစ္တဲ့ သံခင္းတမန္ခင္းရဲ႕ ရလဒ္၊ ႏိုင္ငံစုံဝါဒရဲ႕ ေအာင္ပြဲပဲ ျဖစ္ပါတယ္။ စည္းမ်ဥ္းစာအုပ္ ဆိုတာက ႏိုင္ငံေတြက ဖန္လုံအိမ္ဓာတ္ေငြ႕ ဘယ္ေလာက္ထုတ္ေနတယ္၊ ထင္သာျမင္သာရွိတဲ့ နည္းလမ္းေတြနဲ႔ ဘယ္ပုံေလွ်ာ့ခ်ဖို႔ႀကိဳးစားေနတယ္ဆိုတာေတြကို အစီရင္ခံသင့္တဲ့ အေၾကာင္းပဲျဖစ္ပါတယ္။

ပါရီ မွာျပဳလုပ္ခဲ့တဲ့ ကတိကဝတ္ေတြကို အရွိန္အဟုန္ျမႇင့္တင္ဖို႔ ရည္႐ြယ္တာျဖစ္သလို၊ ပါဝင္တဲ့ ႏိုင္ငံေတြ ကလည္း ၂၀၂၀ကို ပစ္မွတ္ထားၿပီး သူတို႔ရဲ႕ ကာဗြန္ထုတ္လႊတ္မႈေလွ်ာ့ခ်ေရးရည္မွန္းခ်က္ေတြကို အဆင့္ျမႇင့္ဖို႔ သေဘာတူခဲ့ၾကပါတယ္။ ကတိကဝတ္ပဋိဉာဥ္အသစ္ေတြကိုလည္း ၂၀၁၉ခုႏွစ္ စက္တင္ဘာလမွာ က်င္းပမယ့္ ကုလညီလာခံမွာ ျပန္လည္ သုံးသပ္ၾကမွာပဲ ျဖစ္ပါတယ္။

၂၀၂၀ခုႏွစ္ကစၿပီး တစ္ႏွစ္ကို ကန္ေဒၚလာ ဘီလ်ံ၁၀၀ ထည့္ဝင္ေရးဆိုတဲ့ လက္ရွိလ်ာထားခ်က္ရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ၂၀၂၅ခုႏွစ္ကစတင္ၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြရဲ႕ ႀကိဳးပမ္းမႈေတြကို ဘ႑ာေရး ကူညီေထာက္ပံ့မယ့္ လ်ာထားခ်က္အသစ္ေတြ ထူေထာင္တဲ့ လုပ္ငန္းစဥ္နဲ႔ ပတ္သက္တဲ့ လမ္းၫႊန္ ခ်က္ေတြလည္း ဒီစည္းမ်ဥ္းစာအုပ္မွာ ပါဝင္ေနပါတယ္။

သြားရမယ့္ခရီးက အေဝးႀကီးက်န္ေနေသးတယ္ဆိုေပမယ့္လည္း ကမာၻႀကီးပူေႏြးလာမႈကို အခုလိုမွ ဘရိတ္မအုပ္ရင္ ခံစားရမယ့္ဆိုးက်ိဳးေတြက အားလုံးအတြက္ အထည္ကိုယ္ျဒပ္ထင္ရွားေနၿပီမို႔ ဘရိတ္အုပ္ဖို႔ အေရးတႀကီးလိုအပ္ေနၿပီဆိုတဲ့ အသိကို ေဆာင္က်ဥ္းလာတာက ဒီညီလာခံရဲ႕ ရလဒ္ ေမွ်ာ္လင့္ခ်က္ပဲ ျဖစ္ပါတယ္။
 
ကမာၻ႔မိုးေလဝသအဖြဲ႕ႀကီးရဲ႕ အစီရင္ခံစာတစ္ေစာင္မွာေတာ့ ေနာက္ဆုံး ၂၂ႏွစ္ မွာ ႏွစ္၂၀ က ပူသည္ ထက္ပူလာခဲ့ရာမွာ ေနာက္ဆုံး၄ႏွစ္ကေတာ့ အပူဆုံးစံခ်ိန္တင္လာခဲ့တာေၾကာင့္ ကမာၻႀကီးပူေႏြးလာမႈရဲ႕ ေရရွည္လမ္းေၾကာင္းက ဆုတ္ယုတ္အားေလ်ာ့သြားတယ္ရယ္လို႔ မရွိခဲ့ဘူးလို႔ ဆိုပါတယ္။ အခုအခ်ိန္အထိ ကမာၻႀကီးပူေႏြးလာမႈရဲ႕ အက်ိဳးဆက္ေတြကို မ်က္ဝါးထင္ထင္ႀကဳံလာခဲ့ရရာမွာ ထိထိေရာက္ေရာက္ မတုန႔္ျပန္မတားဆီးႏိုင္ဘူးဆိုရင္ ေရွ႕ေလွ်ာက္ဘာျဖစ္ဦးမယ္ဆိုတာ ဘယ္သူမွ ႀကိဳမေျပာႏိုင္ပါဘူး။

ႏိုင္ငံေတြဟာ တူညီေပမယ့္လည္း ျခားနားတဲ့ တာဝန္ဝတၱရားေတြကို စြဲၿမဲေက်ပြန္သင့္သလို၊ ရာသီဥတုေဖာက္ျပန္မႈကို တုန႔္ျပန္ရာမွာလည္း သႏၷိဌာန္ခိုင္ခိုင္ထားသင့္ပါတယ္။ ဒီကိစၥမွာေတာ့ ကိုယ္က်ိဳးၾကည့္ရင္ ကမာၻလုံးဆိုင္ရာ ႀကိဳးပမ္းမႈကို ပ်က္စီးေစမွာပဲ ျဖစ္ပါတယ္။

လုံးလုံး