“ မြန်မာ့ရိုးရာ နားနှိပ်စက်ပွဲတော်”

  “ မြန်မာ့ရိုးရာ နားနှိပ်စက်ပွဲတော်”

ဘယ်သူကစပြီး သတ်မှတ်လိုက်လဲ မသိ။အလှူတွေမှာ ၊အသုဘတွေမှာ လော်စပီကာကို အကျယ်ဆုံး ချဲ့ကာ ဖွင့်ကြရမည်ဟု။ အခုတော့ အလှူတွေ ၊နာရေးတွေမှာသာမဟုတ် အလှူခံတွေ ၊အလှူခံမဏ္ဍပ်တွေမှာ ပါ နားမခံသာအောင် လော်တွေ ဆောင်းဘောက်တွေ ဖွင့်ကာ ပြောကြဟောကြနှင့် တခါတစ်ရံ ဆရာတော်ကြီး တွေ တရားတွေဖွင့်ကြနှင့် ပြောရမှာလည်း အခက်။ပြောပြန်ရင်လည်း ကိုယ်က ဗုဒ္ဓဘာသာဝင်ဘဲ မဟုတ် သ လို။ မပြောပြန်တော့လည်း ကိုယ်မှာ နေ့လည်း ကောင်းကောင်းမနေရ၊ ညဘက်လည်း ကောင်းကောင်း မအိပ် ရနှင့် အတော်လေး ဒုက္ခများသည့်အဖြစ်။ဓမ္မာရုံနားမှာ အိမ်ဝယ်မိသည့် ကိုယ်အဖြစ်က တောင်မင်း မြောက်မင်း မကယ်နိုင်သည့်အဖြစ်။

ယခုရက်ပိုင်း တန်ဆောင်တိုင်ပွဲနီးလာသဖြင့် ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း ဆူဆူညံညံ။ ကိုယ်တွေရပ် ကွက်လည်း၊လမ်းလည်း ဒီလိုနေရာမှာ ဘယ်ကျန်ခဲ့ပါ့မလဲ။ရှေ့ဆုံးမရောက်ရင်တောင် နောက်ဆုံးမှာ မကျန်။ နေတဲ့နေရာက မြို့သစ်ဆိုတော့ ကောင်းတာရော၊ဆိုးတာရော နှစ်ထွေရောနေသည်။ တစ်ခါတစ်လေ မကောင်း တာတွေ ရှိတာတောင် ကောင်းကွက်တွေနှင့် ထေရတာတွေ ရှိသည်။မြို့သစ်တွေမှာ နေရတာက အစွန်အဖျား ကျတာ၊ သွားရေးလာရေးခက်တာတွေ ရှိသည်မှန်သော်လည်း မြန်မာရိုးရာဓလေ့ တစ်အိမ်နှင့် တစ်အိမ် စောင့် ရှောက်မှုတွေက မြို့သစ်တွေမှာရှိသေးထွန်းကားနေသေးသဖြင့် ကြံဖန်ဂုဏ်ယူရမည်ပင် ။

ထိုရှားပါးကုန်နှင့်အတူ ဒွန်တွဲနေသည့်  မကောင်းသည့်အချက်က တစ်ယောက်လုပ်တာကို တစ် ယောက်က မကြိုက်ရင်၊ မခံသာရင်တောင် အားနာပြီး ပြောဖို့ဝန်လေးရသည့် အချက်ပင်ဖြစ်သည်။ ထိုအ ချက်ကပင် အများစုမကြိုက်သော်လည်း အောင့်အည်းသည်းခံနေရသည့် ဒုက္ခကိုခံစားရခြင်းဖြစ်သည်။ယခင်ကတည်းက ရပ်ကွက်ထဲ အလုပ်မရှိသဖြင့် အားနေသည့်လူတွေ၊ပင်စင်စားတွေ ၊ အိမ်မှာ ဖင်ပူအောင်မနေနိုင်သည့်လူတွေကြောင့် ဝါတွင်း ၃ လလုံး ဆွမ်းလောင်းရက်တွေမှာ တစ်ညလုံး တရားတွေဖွင့်၊ မနက်ဆို ပရိတ်၊ပဋ္ဌာန်းတွေဖွင့်၊ဓမ္မသီချင်းတွေနှင့် ပြောဟောမှုတွေနှင့် နားဒုက္ခဖြင့် နှစ်ပါးသွားခဲ့ရသည့် ကျွန်တော်မှာ ယခုလို လိုင်စင်ရ သီတင်းကျွတ်၊တန်ဆောင်မုန်း အထူးသဖြင့် ယခုလို တန်ဆောင်တိုင် ကာလတွင် ဘုရားတရမလိုပင် နားဒုက္ခကို ခံစားရတော့သည်။

တစ်နေ့လုံး စာလိုက်သင်၊ညဘက်အိမ်ပြန်ရောက်တော့ နားမည်လို မကြံခင် ကပ်လျှက်ရှိသည့် ဓမ္မာရုံက တရားတွေထဖွင့်တာကြောင့် အိပ်ဘဲအိပ်ရမလို ၊သဘက် ပခုံးပေါ်တင်ပြီး သာဓုဘဲထခေါ်ရမလို။ ဓမ္မာရုံကြည့်တော့လည်း  ဘယ်သူမှမရှိတော့ ။အကုန်လုံးပြန်ကုန်ပြီ။ ဒါပေမယ့် ဓမ္မာရုံအသံချဲစက်ထဲက  ဆရာတော်က တရားဟောနေဆဲ။ဘယ်လောက်များ ပတ်ဝန်းကျင်ကို ဒုက္ခပေးခဲ့သလဲ ဆိုတာသာကြည့်။
ကျွန်တော်မှာ ဝါတွင်းကာလတစ်လျှောက်လုံး ဒီဒုက္ခကို ခံရသည်။ စာသင်ရသည့်အလုပ်ဆိုတော့ တစ် ရက်ပျက်လို့တောင်မရ။ အိပ်ရေးပျက်ပျက် မပျက်ပျက် မနက်ဆို ဝမ်းရေးအတွက် စာလိုက်သင်ရသည့်ဘ၀ ။ ဒီ တော့အလှူခံမှာ အလှူခံရင်းပြောကြဟောကြတာကိုလည်း ညဉ့်အတော်နက် သည့် အထိ နားထောင်ရ၊ နံ နက် ၃ နာရီ ၄ နာရီ ကြတော့လည်း ပဋ္ဌာန်းပရိတ်တွေ ထဖွင့်တော့ ကျွန်တော်မှာ တရားနာချင်လည်း နာ၊မနာ ချင် လည်း နာ။တရား စကားနေ့တိုင်းကြားရ လိမ္မာသည်ဆိုလား။ကျွန်တော်မှာတော့ ဓမ္မာရုံက လူရှုပ်တွေကြောင့် ကုသိုလ်မရဘဲ အကုသိုလ်တွေဖြစ်။ ကျွန်တော်လိုဘဲ ဓမ္မာရုံပတ်လည်အနီးတစ်ဝိုက် အိမ်တွေကလူတိုင်း ဆွမ်းလောင်းသည့် နေ့တွေဆို အိပ်ရေးမဝလို ကြောင်စီစီ မျက်တွင်းလေးတွေ ချောင်လို့။ ပညာရှိနည်းနဲ့ ပညာမဲ့ ကျွန်တော်တို့ကို နှိပ်စက်ကြလေလားမသိ။

တစ်ခါတစ်လေတော့  ဘုရားသာ သက်ရှိထင်ရှားရှိစေချင်သည် ။ ဘာကြောင့်ဆို ဘုရား၊တရားကို အလွဲသုံးစားပြုကာ တချို့လူတွေ ထင်သလို ရမ်းကားပုံကြောင့် လူတွေ ဒုက္ခရောက်တာ သိစေချင်လို့ ဖြစ် သည်။ ဒီလိုလူတွေကြောင့်လည်း တချို့ဘာသာဝင်တွေ ဗုဒ္ဓဘာသာကို အထင်သေးကြတာပါလားဟု တစ်ခါတရံ ကိုယ်နားဒုက္ခအခံရခက်သည့်အခါ တွေးမိသည်။ဝါတွင်းကာလပြီးလို ဓမ္မာရုံ ဒုက္ခပြီးပြီလို့ဝမ်းသာလို့မှမဆုံး။ ဘာပွဲ ညာပွဲတွေနဲ့ ရပ်ကွက်ထဲမှာ လော် ဒုက္ခကမပျက်။ နားဒုက္ခ စိပ်လှသည်။ မနေ့ကတော့ ကျူရှင်တွေ ဝိုင်းတွေမှာ တန်ဆောင် တိုင် ကာလဖြစ်သဖြင့် မဖြစ်မနေ ၃ ရက်ပိတ်ပေးလိုက်သည်။ မိဘတွေကတော့ သိပ်သဘောမကျ။ ကလေးတွေ ကတော့ အတော် လေး သဘောကျသည်။ကျွန်တော်အတွက်လည်း အဆင်ပြေသည်။ ကျောင်းဖွင့်ကတည်းက နားရတာ သီတင်း ကျွတ်ကာလ သာရှိသေးသည်မို့ တန်ဆောင်တိုင်မှာ ခဏနားရသဖြင့် အိမ်တွင်လုပ်စရာရှိတာတွေလုပ်ဖို့နှင့် ဖတ်စရာရှိတာလေးတွေဖတ်ဖို့ ၊ဥပုသ်သီလလေးဆောက်တည်ဖို့ အချိန်လေးရသဖြင့် အတော်လေးဟန် သွား သည်။ သို့သော် ရပ်ကွက်ထဲ ဝင်ကတည်း ကျွန်တော်ထင်ထားသလို မဟုတ်။ကျွန်တော်တွေးထင်ထားတာတွေ တလုံဖြစ်မည် အနေအထားကို လမ်းထိပ်မှာ ထိုးထားသည့် မဏ္ဍပ်က ပြနေသလို ဓမ္မာရုံက လော်သံက ပြနေသည်။

ညဘက်ကျတော့ ထင်ထားသလိုဘဲ လမ်းထိပ်က ကာရာအိုကေ မဏ္ဍပ်နှင့် ဓမ္မာရုံက တရားတွေကို တ လှည့်စီနာပြီး တညလုံးနိုးလိုက် အိပ်လိုက်ဖြင့် မိုးဘယ်လိုလင်းလို့ လင်းမှန်းတောင်မသိတော့။ မနက်ကျတော့ ဘယ်လိုမှ ဖျစ်ညှစ်အိပ်လို့မရအောင် ကထိန်လှည့်သည့် ကားတွေ ဆိုက်ကားတွေက အသံတွေကြောင့် နိုးလာ သည်။အိပ်ချင်မူးတူးဖြင့် မျက်နှာသစ်ကာ လမ်းထိပ်လဘက်ရည်ဆိုင်တွင် သွားထိုင်မိသည်။ကျွန်တော် လဘက် ရည်ဆိုင်ထိုင်သည့်နေရာက လမ်းထိပ်တွင်ရှိသဖြင့် ကျွန်တော်လမ်းထိပ်ရှိ  မဏ္ဍပ်မှ တရစပ်ဖွင့်နေသည့်သီချင်း သံကို ကြားနေရသလို လဘက်ရည်ဆိုင်မှ ဖြတ်သွားသည့် ပဒေသာပင်လှည့်သည့် ကားတွေ ဆိုက်ကားတွေ ကြောင့် စကားပြောဖို့တောင် မနည်းပြောပြောရသည်အထိ ။လူတွေ နားကွဲမတတ်ပင် ။
ကျွန်တော်တို့ငယ်ငယ်က လော်ဆိုလျှင် တစ်ခုသာ။ဒါတောင် ကိုယ်သွားသည့်လမ်းထဲ လူမမာတွေ သက်ကြီးရွယ်အိုတွေ ရှိလျှင် ဒုက္ခပေးရာမရောက်အောင် ပါလာသည့် လူကြီးတွေက အသံကိုအမြဲလျော့ ခိုင်းသဖြင့် လော်က လော်သံတောင် မပီပြင်ချင်တော့။အခုကတော့ ဒီလိုမဟုတ်။ နေမကောင်းလို့ သေမယ် သူပင်ရှိ ရှိ၊ဒါက ဘာသာရေး ကုသိုလ်ရေးဆိုသည့် အစွန်းရောက်သည့် အတွေးတွေကြောင့် လူတွေက အတော်လေးကို အလှူခံ၊ပဒေသာပင်လှည့်တာ၊သာရေးနာရေးလုပ်တာတွေကို သိပ်ပြီးကြည်မရ။

တစ်ခါက လမ်းထဲက အလှူခံမဏ္ဍပ်ဖွင့်ချိန်နှင့် မဏ္ဍပ်နားရှိအိမ်က လူတစ်ယောက်နေမကောင်း တာ ကြုံပြီး စကားများတာကိုတွေ့ဘူးသည်။ ဒီကတည်းက ညဆိုအရက်သောက်၊နေ့ဆို မဏ္ဍပ်မှာမှောက်တတ် သည့်လူတွေနှင့်  ဝေးဝေးရှောင်တော့သည်။ အခုလည်း တန်ဆောင်တိုင်ဆိုတာသူတို့အတွက် ပွဲတော် ရက်။ဖွင့်ချင်သည့်သီချင်းကို ဖွင့်။ဆူညံပြီး ကျယ်လျှင်ပြီးရော။ မြန်မာသီချင်းလား နိုင်ငံခြားသီချင်းလားဆိုတာ မခွဲ။တခါတုန်းကဆို ဘာသာခြားသီချင်းကို ဖွင့်ပြီး မူးရှုးကနေသည့် ကထိန်လှည်နေသ ည့်လူတွေကိုလည်း တွေ့ခဲ့ရဘူးသည်။

ဒီရက်တွေက သူတို့ အတွက် တရားဝင် နားနှိပ်စက်ခွင့်ရသည့် ရက်တွေ။ဒီတော့ တချို့ ခပ်ကဲကဲ တွေက မွန်ပြည်နယ်ဘက်က လူတွေလို ဆောင်းဘောက်တွေ ဆင့်ကာစီပြီး အရပ်ထဲလှည့်တာတွေ အထိ ရှိလာသလို တချို့ ဆို ကျွန်တော်ရက်ပိုင်းအတွင်းမြင်ခဲ့ရသည့် ဈေးကြီးတစ်ခု၏ကထိန်ပဒေသာပင်လှည့် မြင်ကွင်းတွင် ၆ ဘီးကားပေါ် ဆောင်းဘောက်တွေ အပြည့်တင်ကာ လမ်းတစ်လျှောက် မူးရှုးကနေကြသည်က ဘုရားဟောသည့် ကထိနဆိုသည့် ကထိန်အဓိပါ္ပယ်လည်းပျောက်၊လမ်းတစ်လျှောက် နေထိုင်သည့်လူ တွေလည်း စိတ်ညစ်ရ၊အထိတ်တလန့်ဖြစ်ရနှင့်။အသက်မပျောက်တာပင် ကံကောင်းတယ်ဆိုရမလို။

အသိကျောင်းဆရာတစ်ယောက်ကတော့ ဒီကာလကို ဖြစ်နိုင်လျှင် ဗီဒီယိုအခွေကျော်သလို ကျော်ရစ် လိုက်ချင်သည်ဟု ဆိုသည်။ဘာကြောင့်ဆို ဒီကာလတွင်  လမ်းမှာလည်း ဆူညံ၊အရပ်ထဲမှာလည်း နေ့နေ့ညည ဆူညံမူးယစ်နှင့်  တန်ဆောင်တိုင်ရဲ့ အရသာကို လုံးဝကို ကင်းမဲေ့နလို့ဟုပင်။ သူပြောလည်းပြောစရာပင်။ ကထိန်ခင်းမည့် ကျောင်းတိုက်သို့ ပို့မည့် ပဒေသာပင် ပါသည့် ကားက တစ်စီး။ဆောင်းဘောက်တွေ လော်တွေ ပါသည့်  ကားက နှစ်စီး သုံးစီး။ကထိန်မဲကျသည့် ကျောင်းတိုင်ခမျာ ကထိန်မဲရတာနှင့် မကာမိအောင်နားဒုက္ခကို ခံပေတော့။

ဒီရက်တွေက နောက်ပိုင်းကာလတွေမှာ အစဉ်အလာတစ်ရပ်သဖွယ် ကထိန်ကို အကြောင်းပြုကာ ရပ် ထဲ ရွာထဲ မူးရှုးသောင်းကျန်းကြ၊ရန်တွေ ဖြစ်ကြ။ ဒီမတိုင်ခင်ကလည်း အလှူခံ အကြောင်းပြကာ လူတွေက နေ့နေ့ညည ပြောချင်တာပြော၊ပြီးတော့ သီချင်းတွေ အသံချဲ့စက်မိုင်ကုန်ဖွင့်ကာ တစ်မဏ္ဍပ်နှင့် တစ်မဏ္ဍပ် အပြိုင်ဖွင့်ကြပြောကြနှင့် ရပ်ရွာကို နှစ်စဉ် ဒုက္ခပေးကြတာ အစဉ်အလာကို ဖြစ်နေပြီ။ ပြောပြန်ရင်လည်း အရက် သမားတွေက ခင်ဗျား ဗုဒ္ဓဘာသာမဟုတ်ဘူးလား ဟု မေးတာကိုအောင့်သက်သက်ခံရဦးမည်။ဘယ်လိုမှ အပြောမလွတ်သလို ခံရသူအများစုအဖို့လည်း ဘာသာရေးဖြစ်နေတော့ ပြောရလည်းခက်ခက်။ခေတ်ကိုက ဆုတ်ကပ်ဖြစ်နေတော့ စောင်းခြမ်းတွေရေပေါ်ဆိုသလို ကောသလမင်းအိမ်မက် ၁၆ ချက်လို့ ဖြစ်နေတာ အဆိုးမဆိုသာ။

ဒီလို ဘာသာရေးဗန်းပြပြီး လုပ်ချင်တာလုပ်ကြ၊ ထင်သလို မူးရှုးသောင်းကျန်းကြသည့် ဓလေ့က ဘယ် တော့မှ ပြင်မလဲဆိုတာ မှန်းလို့တောင် မှန်းလို့လို့မရ။ တခြားဘာသာဝင်တွေ မြင်ရင် အထင်သေးစရာ။ ဒါတွင် မက ကထိန်ပဒေသာပင်လှည့်ကားတွေ တစ်ကားနှင့် တစ်ကားအပြိုင် ဖွင့်ကြသည့် ဆောင်းဘောက်တွေ လော်တွေကြောင့် လူတစ်ယောက်နားခံသာဖို့မဆိုနှင့် အနီးရှိ အရာဝတ္ထူတွေတောင် တုန်သည်အထိဖြစ်ရတော့ တွေးကြည့်လျှင် စိတ်ပျက်ရင်လေးစရာ။ လူတစ်ယောက်ခံနိုင်သည့် ပမာဏထက်ပိုသည့် ပြင်းထန်သည့် အသံ လှိုင်းတွေကြောင့် နီးရင်နီးသလို ရင်တုန်ပန်းတုန်ဖြစ်ကာ ကတုန်ကယင်မဖြစ်ရင် ၊နားခေတ္တအူမသွားရင်ဘဲ ငေါက်ခနဲ့ မသေသွားရင်ဘဲ တော်လှပြီ မှတ်ပေတော့။

တန်ဆောင်တိုင်အခါကာလက တဖြေးဖြေးနှင့် မြန်မာရိုးရာ နားနှိပ်စက်ပွဲတော် ဖြစ်မှန်းမသိ ဖြစ်လာ နေပြီ။ တစ်နှစ်ထက် တစ်နှစ် ဆိုးဝါးလာသည့် ဒီလို ဘာသာရေးဗန်းပြကာ ထင်သလို နားဒုက္ခပေးမှုတွေကို တားပြီး ယဉ်ကျေးသည့် ပျော်ပွဲရွှင်ပွဲဖြစ်လာအောင် ဘယ်လိုတားကြမလဲ၊ထိန်းကြမလဲ ဆိုတာကိုတွေးသင့်ပြီ ဖြစ်သည်။အခြေအနေက ဆရာတော်ကြီး တစ်ပါးပြောသလို “တစ်နှစ်တစ်ခါ ငရဲရှာ လူရွာဘုရားပွဲ” ဆိုသလို ဖြစ်နေလေပြီ။တန်ဆောင်တိုင်ဆိုသည်က လောကုတ္တရာနှင့် ယှဉ်သည့်ပွဲဖြစ်သဖြင့်် ဘာသာရေးနှင့် မကင်းကွာသည့် တခြားသူကို မနှိပ်စက်သည့် ဘာသာရေးပွဲတစ်ခုဖြစ်အောင် ကြံဆောင်သင့်ပြီဖြစ်ပေသည်။

မောင်ဦးလွင်  

(  Zawgyi )

 ဘယ္သူကစၿပီး သတ္မွတ္လိုက္လဲ မသိ။အလႉေတြမွာ ၊အသုဘေတြမွာ ေလာ္စပီကာကို အက်ယ္ဆုံး ခ်ဲ႕ကာ ဖြင့္ၾကရမည္ဟု။ အခုေတာ့ အလႉေတြ ၊နာေရးေတြမွာသာမဟုတ္ အလႉခံေတြ ၊အလႉခံမ႑ပ္ေတြမွာ ပါ နားမခံသာေအာင္ ေလာ္ေတြ ေဆာင္းေဘာက္ေတြ ဖြင့္ကာ ေျပာၾကေဟာၾကႏွင့္ တခါတစ္ရံ ဆရာေတာ္ႀကီး ေတြ တရားေတြဖြင့္ၾကႏွင့္ ေျပာရမွာလည္း အခက္။ေျပာျပန္ရင္လည္း ကိုယ္က ဗုဒၶဘာသာဝင္ဘဲ မဟုတ္ သ လို။ မေျပာျပန္ေတာ့လည္း ကိုယ္မွာ ေန႔လည္း ေကာင္းေကာင္းမေနရ၊ ညဘက္လည္း ေကာင္းေကာင္း မအိပ္ ရႏွင့္ အေတာ္ေလး ဒုကၡမ်ားသည့္အျဖစ္။ဓမၼာ႐ုံနားမွာ အိမ္ဝယ္မိသည့္ ကိုယ္အျဖစ္က ေတာင္မင္း ေျမာက္မင္း မကယ္ႏိုင္သည့္အျဖစ္။

ယခုရက္ပိုင္း တန္ေဆာင္တိုင္ပြဲနီးလာသျဖင့္ ရပ္ကြက္တိုင္း ရပ္ကြက္တိုင္း ဆူဆူညံညံ။ ကိုယ္ေတြရပ္ ကြက္လည္း၊လမ္းလည္း ဒီလိုေနရာမွာ ဘယ္က်န္ခဲ့ပါ့မလဲ။ေရွ႕ဆုံးမေရာက္ရင္ေတာင္ ေနာက္ဆုံးမွာ မက်န္။ ေနတဲ့ေနရာက ၿမိဳ႕သစ္ဆိုေတာ့ ေကာင္းတာေရာ၊ဆိုးတာေရာ ႏွစ္ေထြေရာေနသည္။ တစ္ခါတစ္ေလ မေကာင္း တာေတြ ရွိတာေတာင္ ေကာင္းကြက္ေတြႏွင့္ ေထရတာေတြ ရွိသည္။ၿမိဳ႕သစ္ေတြမွာ ေနရတာက အစြန္အဖ်ား က်တာ၊ သြားေရးလာေရးခက္တာေတြ ရွိသည္မွန္ေသာ္လည္း ျမန္မာ႐ိုးရာဓေလ့ တစ္အိမ္ႏွင့္ တစ္အိမ္ ေစာင့္ ေရွာက္မႈေတြက ၿမိဳ႕သစ္ေတြမွာရွိေသးထြန္းကားေနေသးသျဖင့္ ႀကံဖန္ဂုဏ္ယူရမည္ပင္ ။

ထိုရွားပါးကုန္ႏွင့္အတူ ဒြန္တြဲေနသည့္  မေကာင္းသည့္အခ်က္က တစ္ေယာက္လုပ္တာကို တစ္ ေယာက္က မႀကိဳက္ရင္၊ မခံသာရင္ေတာင္ အားနာၿပီး ေျပာဖို႔ဝန္ေလးရသည့္ အခ်က္ပင္ျဖစ္သည္။ ထိုအ ခ်က္ကပင္ အမ်ားစုမႀကိဳက္ေသာ္လည္း ေအာင့္အည္းသည္းခံေနရသည့္ ဒုကၡကိုခံစားရျခင္းျဖစ္သည္။ယခင္ကတည္းက ရပ္ကြက္ထဲ အလုပ္မရွိသျဖင့္ အားေနသည့္လူေတြ၊ပင္စင္စားေတြ ၊ အိမ္မွာ ဖင္ပူေအာင္မေနႏိုင္သည့္လူေတြေၾကာင့္ ဝါတြင္း ၃ လလုံး ဆြမ္းေလာင္းရက္ေတြမွာ တစ္ညလုံး တရားေတြဖြင့္၊ မနက္ဆို ပရိတ္၊ပ႒ာန္းေတြဖြင့္၊ဓမၼသီခ်င္းေတြႏွင့္ ေျပာေဟာမႈေတြႏွင့္ နားဒုကၡျဖင့္ ႏွစ္ပါးသြားခဲ့ရသည့္ ကြၽန္ေတာ္မွာ ယခုလို လိုင္စင္ရ သီတင္းကြၽတ္၊တန္ေဆာင္မုန္း အထူးသျဖင့္ ယခုလို တန္ေဆာင္တိုင္ ကာလတြင္ ဘုရားတရမလိုပင္ နားဒုကၡကို ခံစားရေတာ့သည္။

တစ္ေန႔လုံး စာလိုက္သင္၊ညဘက္အိမ္ျပန္ေရာက္ေတာ့ နားမည္လို မႀကံခင္ ကပ္လွ်က္ရွိသည့္ ဓမၼာ႐ုံက တရားေတြထဖြင့္တာေၾကာင့္ အိပ္ဘဲအိပ္ရမလို ၊သဘက္ ပခုံးေပၚတင္ၿပီး သာဓုဘဲထေခၚရမလို။ ဓမၼာ႐ုံၾကည့္ေတာ့လည္း  ဘယ္သူမွမရွိေတာ့ ။အကုန္လုံးျပန္ကုန္ၿပီ။ ဒါေပမယ့္ ဓမၼာ႐ုံအသံခ်ဲစက္ထဲက  ဆရာေတာ္က တရားေဟာေနဆဲ။ဘယ္ေလာက္မ်ား ပတ္ဝန္းက်င္ကို ဒုကၡေပးခဲ့သလဲ ဆိုတာသာၾကည့္။
ကြၽန္ေတာ္မွာ ဝါတြင္းကာလတစ္ေလွ်ာက္လုံး ဒီဒုကၡကို ခံရသည္။ စာသင္ရသည့္အလုပ္ဆိုေတာ့ တစ္ ရက္ပ်က္လို႔ေတာင္မရ။ အိပ္ေရးပ်က္ပ်က္ မပ်က္ပ်က္ မနက္ဆို ဝမ္းေရးအတြက္ စာလိုက္သင္ရသည့္ဘ၀ ။ ဒီ ေတာ့အလႉခံမွာ အလႉခံရင္းေျပာၾကေဟာၾကတာကိုလည္း ညဥ့္အေတာ္နက္ သည့္ အထိ နားေထာင္ရ၊ နံ နက္ ၃ နာရီ ၄ နာရီ ၾကေတာ့လည္း ပ႒ာန္းပရိတ္ေတြ ထဖြင့္ေတာ့ ကြၽန္ေတာ္မွာ တရားနာခ်င္လည္း နာ၊မနာ ခ်င္ လည္း နာ။တရား စကားေန႔တိုင္းၾကားရ လိမၼာသည္ဆိုလား။ကြၽန္ေတာ္မွာေတာ့ ဓမၼာ႐ုံက လူရႈပ္ေတြေၾကာင့္ ကုသိုလ္မရဘဲ အကုသိုလ္ေတြျဖစ္။ ကြၽန္ေတာ္လိုဘဲ ဓမၼာ႐ုံပတ္လည္အနီးတစ္ဝိုက္ အိမ္ေတြကလူတိုင္း ဆြမ္းေလာင္းသည့္ ေန႔ေတြဆို အိပ္ေရးမဝလို ေၾကာင္စီစီ မ်က္တြင္းေလးေတြ ေခ်ာင္လို႔။ ပညာရွိနည္းနဲ႔ ပညာမဲ့ ကြၽန္ေတာ္တို႔ကို ႏွိပ္စက္ၾကေလလားမသိ။

တစ္ခါတစ္ေလေတာ့  ဘုရားသာ သက္ရွိထင္ရွားရွိေစခ်င္သည္ ။ ဘာေၾကာင့္ဆို ဘုရား၊တရားကို အလြဲသုံးစားျပဳကာ တခ်ိဳ႕လူေတြ ထင္သလို ရမ္းကားပုံေၾကာင့္ လူေတြ ဒုကၡေရာက္တာ သိေစခ်င္လို႔ ျဖစ္ သည္။ ဒီလိုလူေတြေၾကာင့္လည္း တခ်ိဳ႕ဘာသာဝင္ေတြ ဗုဒၶဘာသာကို အထင္ေသးၾကတာပါလားဟု တစ္ခါတရံ ကိုယ္နားဒုကၡအခံရခက္သည့္အခါ ေတြးမိသည္။ဝါတြင္းကာလၿပီးလို ဓမၼာ႐ုံ ဒုကၡၿပီးၿပီလို႔ဝမ္းသာလို႔မွမဆုံး။ ဘာပြဲ ညာပြဲေတြနဲ႔ ရပ္ကြက္ထဲမွာ ေလာ္ ဒုကၡကမပ်က္။ နားဒုကၡ စိပ္လွသည္။ မေန႔ကေတာ့ က်ဴရွင္ေတြ ဝိုင္းေတြမွာ တန္ေဆာင္ တိုင္ ကာလျဖစ္သျဖင့္ မျဖစ္မေန ၃ ရက္ပိတ္ေပးလိုက္သည္။ မိဘေတြကေတာ့ သိပ္သေဘာမက်။ ကေလးေတြ ကေတာ့ အေတာ္ ေလး သေဘာက်သည္။ကြၽန္ေတာ္အတြက္လည္း အဆင္ေျပသည္။ ေက်ာင္းဖြင့္ကတည္းက နားရတာ သီတင္း ကြၽတ္ကာလ သာရွိေသးသည္မို႔ တန္ေဆာင္တိုင္မွာ ခဏနားရသျဖင့္ အိမ္တြင္လုပ္စရာရွိတာေတြလုပ္ဖို႔ႏွင့္ ဖတ္စရာရွိတာေလးေတြဖတ္ဖို႔ ၊ဥပုသ္သီလေလးေဆာက္တည္ဖို႔ အခ်ိန္ေလးရသျဖင့္ အေတာ္ေလးဟန္ သြား သည္။ သို႔ေသာ္ ရပ္ကြက္ထဲ ဝင္ကတည္း ကြၽန္ေတာ္ထင္ထားသလို မဟုတ္။ကြၽန္ေတာ္ေတြးထင္ထားတာေတြ တလုံျဖစ္မည္ အေနအထားကို လမ္းထိပ္မွာ ထိုးထားသည့္ မ႑ပ္က ျပေနသလို ဓမၼာ႐ုံက ေလာ္သံက ျပေနသည္။

ညဘက္က်ေတာ့ ထင္ထားသလိုဘဲ လမ္းထိပ္က ကာရာအိုေက မ႑ပ္ႏွင့္ ဓမၼာ႐ုံက တရားေတြကို တ လွည့္စီနာၿပီး တညလုံးႏိုးလိုက္ အိပ္လိုက္ျဖင့္ မိုးဘယ္လိုလင္းလို႔ လင္းမွန္းေတာင္မသိေတာ့။ မနက္က်ေတာ့ ဘယ္လိုမွ ဖ်စ္ညႇစ္အိပ္လို႔မရေအာင္ ကထိန္လွည့္သည့္ ကားေတြ ဆိုက္ကားေတြက အသံေတြေၾကာင့္ ႏိုးလာ သည္။အိပ္ခ်င္မူးတူးျဖင့္ မ်က္ႏွာသစ္ကာ လမ္းထိပ္လဘက္ရည္ဆိုင္တြင္ သြားထိုင္မိသည္။ကြၽန္ေတာ္ လဘက္ ရည္ဆိုင္ထိုင္သည့္ေနရာက လမ္းထိပ္တြင္ရွိသျဖင့္ ကြၽန္ေတာ္လမ္းထိပ္ရွိ  မ႑ပ္မွ တရစပ္ဖြင့္ေနသည့္သီခ်င္း သံကို ၾကားေနရသလို လဘက္ရည္ဆိုင္မွ ျဖတ္သြားသည့္ ပေဒသာပင္လွည့္သည့္ ကားေတြ ဆိုက္ကားေတြ ေၾကာင့္ စကားေျပာဖို႔ေတာင္ မနည္းေျပာေျပာရသည္အထိ ။လူေတြ နားကြဲမတတ္ပင္ ။
ကြၽန္ေတာ္တို႔ငယ္ငယ္က ေလာ္ဆိုလွ်င္ တစ္ခုသာ။ဒါေတာင္ ကိုယ္သြားသည့္လမ္းထဲ လူမမာေတြ သက္ႀကီး႐ြယ္အိုေတြ ရွိလွ်င္ ဒုကၡေပးရာမေရာက္ေအာင္ ပါလာသည့္ လူႀကီးေတြက အသံကိုအၿမဲေလ်ာ့ ခိုင္းသျဖင့္ ေလာ္က ေလာ္သံေတာင္ မပီျပင္ခ်င္ေတာ့။အခုကေတာ့ ဒီလိုမဟုတ္။ ေနမေကာင္းလို႔ ေသမယ္ သူပင္ရွိ ရွိ၊ဒါက ဘာသာေရး ကုသိုလ္ေရးဆိုသည့္ အစြန္းေရာက္သည့္ အေတြးေတြေၾကာင့္ လူေတြက အေတာ္ေလးကို အလႉခံ၊ပေဒသာပင္လွည့္တာ၊သာေရးနာေရးလုပ္တာေတြကို သိပ္ၿပီးၾကည္မရ။

တစ္ခါက လမ္းထဲက အလႉခံမ႑ပ္ဖြင့္ခ်ိန္ႏွင့္ မ႑ပ္နားရွိအိမ္က လူတစ္ေယာက္ေနမေကာင္း တာ ႀကဳံၿပီး စကားမ်ားတာကိုေတြ႕ဘူးသည္။ ဒီကတည္းက ညဆိုအရက္ေသာက္၊ေန႔ဆို မ႑ပ္မွာေမွာက္တတ္ သည့္လူေတြႏွင့္  ေဝးေဝးေရွာင္ေတာ့သည္။ အခုလည္း တန္ေဆာင္တိုင္ဆိုတာသူတို႔အတြက္ ပြဲေတာ္ ရက္။ဖြင့္ခ်င္သည့္သီခ်င္းကို ဖြင့္။ဆူညံၿပီး က်ယ္လွ်င္ၿပီးေရာ။ ျမန္မာသီခ်င္းလား ႏိုင္ငံျခားသီခ်င္းလားဆိုတာ မခြဲ။တခါတုန္းကဆို ဘာသာျခားသီခ်င္းကို ဖြင့္ၿပီး မူးရႈးကေနသည့္ ကထိန္လွည္ေနသ ည့္လူေတြကိုလည္း ေတြ႕ခဲ့ရဘူးသည္။

ဒီရက္ေတြက သူတို႔ အတြက္ တရားဝင္ နားႏွိပ္စက္ခြင့္ရသည့္ ရက္ေတြ။ဒီေတာ့ တခ်ိဳ႕ ခပ္ကဲကဲ ေတြက မြန္ျပည္နယ္ဘက္က လူေတြလို ေဆာင္းေဘာက္ေတြ ဆင့္ကာစီၿပီး အရပ္ထဲလွည့္တာေတြ အထိ ရွိလာသလို တခ်ိဳ႕ ဆို ကြၽန္ေတာ္ရက္ပိုင္းအတြင္းျမင္ခဲ့ရသည့္ ေဈးႀကီးတစ္ခု၏ကထိန္ပေဒသာပင္လွည့္ ျမင္ကြင္းတြင္ ၆ ဘီးကားေပၚ ေဆာင္းေဘာက္ေတြ အျပည့္တင္ကာ လမ္းတစ္ေလွ်ာက္ မူးရႈးကေနၾကသည္က ဘုရားေဟာသည့္ ကထိနဆိုသည့္ ကထိန္အဓိပါၸယ္လည္းေပ်ာက္၊လမ္းတစ္ေလွ်ာက္ ေနထိုင္သည့္လူ ေတြလည္း စိတ္ညစ္ရ၊အထိတ္တလန႔္ျဖစ္ရႏွင့္။အသက္မေပ်ာက္တာပင္ ကံေကာင္းတယ္ဆိုရမလို။

အသိေက်ာင္းဆရာတစ္ေယာက္ကေတာ့ ဒီကာလကို ျဖစ္ႏိုင္လွ်င္ ဗီဒီယိုအေခြေက်ာ္သလို ေက်ာ္ရစ္ လိုက္ခ်င္သည္ဟု ဆိုသည္။ဘာေၾကာင့္ဆို ဒီကာလတြင္  လမ္းမွာလည္း ဆူညံ၊အရပ္ထဲမွာလည္း ေန႔ေန႔ညည ဆူညံမူးယစ္ႏွင့္  တန္ေဆာင္တိုင္ရဲ႕ အရသာကို လုံးဝကို ကင္းမဲေ့နလို႔ဟုပင္။ သူေျပာလည္းေျပာစရာပင္။ ကထိန္ခင္းမည့္ ေက်ာင္းတိုက္သို႔ ပို႔မည့္ ပေဒသာပင္ ပါသည့္ ကားက တစ္စီး။ေဆာင္းေဘာက္ေတြ ေလာ္ေတြ ပါသည့္  ကားက ႏွစ္စီး သုံးစီး။ကထိန္မဲက်သည့္ ေက်ာင္းတိုင္ခမ်ာ ကထိန္မဲရတာႏွင့္ မကာမိေအာင္နားဒုကၡကို ခံေပေတာ့။

ဒီရက္ေတြက ေနာက္ပိုင္းကာလေတြမွာ အစဥ္အလာတစ္ရပ္သဖြယ္ ကထိန္ကို အေၾကာင္းျပဳကာ ရပ္ ထဲ ႐ြာထဲ မူးရႈးေသာင္းက်န္းၾက၊ရန္ေတြ ျဖစ္ၾက။ ဒီမတိုင္ခင္ကလည္း အလႉခံ အေၾကာင္းျပကာ လူေတြက ေန႔ေန႔ညည ေျပာခ်င္တာေျပာ၊ၿပီးေတာ့ သီခ်င္းေတြ အသံခ်ဲ႕စက္မိုင္ကုန္ဖြင့္ကာ တစ္မ႑ပ္ႏွင့္ တစ္မ႑ပ္ အၿပိဳင္ဖြင့္ၾကေျပာၾကႏွင့္ ရပ္႐ြာကို ႏွစ္စဥ္ ဒုကၡေပးၾကတာ အစဥ္အလာကို ျဖစ္ေနၿပီ။ ေျပာျပန္ရင္လည္း အရက္ သမားေတြက ခင္ဗ်ား ဗုဒၶဘာသာမဟုတ္ဘူးလား ဟု ေမးတာကိုေအာင့္သက္သက္ခံရဦးမည္။ဘယ္လိုမွ အေျပာမလြတ္သလို ခံရသူအမ်ားစုအဖို႔လည္း ဘာသာေရးျဖစ္ေနေတာ့ ေျပာရလည္းခက္ခက္။ေခတ္ကိုက ဆုတ္ကပ္ျဖစ္ေနေတာ့ ေစာင္းျခမ္းေတြေရေပၚဆိုသလို ေကာသလမင္းအိမ္မက္ ၁၆ ခ်က္လို႔ ျဖစ္ေနတာ အဆိုးမဆိုသာ။

ဒီလို ဘာသာေရးဗန္းျပၿပီး လုပ္ခ်င္တာလုပ္ၾက၊ ထင္သလို မူးရႈးေသာင္းက်န္းၾကသည့္ ဓေလ့က ဘယ္ ေတာ့မွ ျပင္မလဲဆိုတာ မွန္းလို႔ေတာင္ မွန္းလို႔လို႔မရ။ တျခားဘာသာဝင္ေတြ ျမင္ရင္ အထင္ေသးစရာ။ ဒါတြင္ မက ကထိန္ပေဒသာပင္လွည့္ကားေတြ တစ္ကားႏွင့္ တစ္ကားအၿပိဳင္ ဖြင့္ၾကသည့္ ေဆာင္းေဘာက္ေတြ ေလာ္ေတြေၾကာင့္ လူတစ္ေယာက္နားခံသာဖို႔မဆိုႏွင့္ အနီးရွိ အရာဝတၳဴေတြေတာင္ တုန္သည္အထိျဖစ္ရေတာ့ ေတြးၾကည့္လွ်င္ စိတ္ပ်က္ရင္ေလးစရာ။ လူတစ္ေယာက္ခံႏိုင္သည့္ ပမာဏထက္ပိုသည့္ ျပင္းထန္သည့္ အသံ လႈိင္းေတြေၾကာင့္ နီးရင္နီးသလို ရင္တုန္ပန္းတုန္ျဖစ္ကာ ကတုန္ကယင္မျဖစ္ရင္ ၊နားေခတၱအူမသြားရင္ဘဲ ေငါက္ခနဲ႔ မေသသြားရင္ဘဲ ေတာ္လွၿပီ မွတ္ေပေတာ့။

တန္ေဆာင္တိုင္အခါကာလက တေျဖးေျဖးႏွင့္ ျမန္မာ႐ိုးရာ နားႏွိပ္စက္ပြဲေတာ္ ျဖစ္မွန္းမသိ ျဖစ္လာ ေနၿပီ။ တစ္ႏွစ္ထက္ တစ္ႏွစ္ ဆိုးဝါးလာသည့္ ဒီလို ဘာသာေရးဗန္းျပကာ ထင္သလို နားဒုကၡေပးမႈေတြကို တားၿပီး ယဥ္ေက်းသည့္ ေပ်ာ္ပြဲ႐ႊင္ပြဲျဖစ္လာေအာင္ ဘယ္လိုတားၾကမလဲ၊ထိန္းၾကမလဲ ဆိုတာကိုေတြးသင့္ၿပီ ျဖစ္သည္။အေျခအေနက ဆရာေတာ္ႀကီး တစ္ပါးေျပာသလို “တစ္ႏွစ္တစ္ခါ ငရဲရွာ လူ႐ြာဘုရားပြဲ” ဆိုသလို ျဖစ္ေနေလၿပီ။တန္ေဆာင္တိုင္ဆိုသည္က ေလာကုတၱရာႏွင့္ ယွဥ္သည့္ပြဲျဖစ္သျဖင့္္ ဘာသာေရးႏွင့္ မကင္းကြာသည့္ တျခားသူကို မႏွိပ္စက္သည့္ ဘာသာေရးပြဲတစ္ခုျဖစ္ေအာင္ ႀကံေဆာင္သင့္ၿပီျဖစ္ေပသည္။

ေမာင္ဦးလြင္