
【ဆောင်းပါး】မကာအိုရှိ ထင်ရှားသောဘာသာရေးကျောင်းများ ( အပိုင်း ၂ )
စိန့်လောရင့်စ်ဘုရားကျောင်း
စိန့်လောရင့်စ်ဘုရာကျောင်း ( St. Lawrence's Church) ဟာ တရုတ်နိုင်ငံ မကာအိုမှာ တည်ရှိတဲ့ သမိုင်းဝင်ဘုရားကျောင်းဖြစ်ပါတယ်။ အဲ့ဒီဘုရားကျောင်းဟာ မကာအိုရှိ ရှေးအကျဆုံး ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်ပြီး အာရှမှာရှိတဲ့ ခန့်ညားထည်ဝါတဲ့ ဗိသုကာလက်ရာရဲ့ စံနမူနာကောင်းတစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
ဘုရားကျောင်းကို ၁၅၆၀ခုနှစ်မှာ Jesuit ဘုန်းတော်ကြီးတွေက တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၆၀၁ခုနှစ်မှာ မီးလောင်ကျွမ်းခဲ့တဲ့အတွက် ၁၆၁၈ ခုနှစ်မှာ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ဘုရားကျောင်းမှာ ထူးခြားတဲ့ အစိမ်းနဲ့ အဖြူရောင် မျက်နှာစာရှိပြီး အနုစိတ်တဲ့ ထွင်းထုထားတဲ့ ရုပ်တုတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ဘုရားကျောင်းအတွင်းမှာ လှပတဲ့ နံရံဆေးရေးပန်းချီတွေ၊ ကြီးကျယ်ခမ်းနားတဲ့ ရာဇပလ္လင်တစ်ခုနဲ့ ပေါ်တူဂီဘုန်းတော်ကြီးတစ်ပါးရဲ့ စကျင်ကျောက် သင်္ချိုင်းတစ်ခု ပါဝင်နေပါတယ်။ဒါအပြင် အာရှတိုက်မှာ ခရစ်ယာန်ဘာသာ ပြန့် ပွားရေးအတွက် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ထင်ရှားသော Jesuit သာသနာပြုတစ်ဦးဖြစ်တဲ့ စိန့်ဖရန်စစ် ဇာဗီယာရဲ့ အရိုးများအပါအဝင် အဖိုးတန် အမွေအနှစ်များစွာကိုလည်း ဘုရားကျောင်းအတွင်းမှာ ထားရှိထားပါတယ်။
စိန့်လောရင့်စ်ဘုရာကျောင်း ( St. Lawrence's Church)ဟာ ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပြီး မကာအိုရဲ့သမိုင်းဝင်ဘုရားကျောင်းတွေထဲမှာပါဝင်တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့လာလည်ပတ်မှုများတယ်လို့ဆိုပါတယ်။
စိန့်အန်တိုနီဘုရားကျောင်း
စိန့်အန်တိုနီဘုရားကျောင်း(St. Anthony's Church)ဟာ မကာအိုကျွန်းဆွယ်မှာရှိတဲ့ သမိုင်းဝင် ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ အဆိုပါဘုရားကျောင်းဟာ မကာအိုမှာရှိတဲ့ ရှေးအကျဆုံး ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်ပြီး ဂျူးလူမျိုးတွေက ၁၆ ရာစုမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ဘုရားကျောင်းမှာ ခေါင်းလောင်းမျှော်စင် နဲ့ ယဇ်ပူဇော်နိုင်တဲ့ အဆောက်အဦတွေ ပါရှိပါတယ်။ ဘုရားကျောင်းရဲ့ ဗိသုကာလက်ရာတွေဟာ အတွင်းပိုင်းမှာ အလှဆင်ထားတဲ့ အနုစိတ်လက်ရာတွေနဲ့ ပန်းချီကားတွေ ခန့်ညားထည်ဝါစွာဆောက်လုပ်ထားပြီး တရုတ်လက်အနုပညာလက်ရာတွေနဲ့ ရောနှောထားပါတယ်။
ဘုရားကျောင်းကို လှပစွာ တန်ဆာဆင်ထားတဲ့ သစ်သားမျက်နှာကျက်တွေဟာ ထင်ရှားပြီး အနုစိတ်တဲ့ ပုံစံတွေနဲ့ပြုလုပ်ထားတဲ့ ဒီဇိုင်းတွေရှိနေပါတယ်။ မျက်နှာကျက်ကို ကျွန်းသစ်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။
စိန့်အန်တိုနီဘုရားကျောင်း(St. Anthony's Church)ဟာ မကာအိုမှာ အရေးပါတဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းဝင် အထင်ကရနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။
စိန့်အန်တိုနီဘုရားကျောင်း(St. Anthony's Church)ဟာ ဝတ်ပြုရာနေရာတစ်ခုအဖြစ် တည်ရှိနေတာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့အတွက် ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လည်ပတ်မှုများတယ်လို့သိရပါတယ်။
ကရင်လေး(အိမ်မဲ)