【ဆောင်းပါး 】နံပါတ်တစ်နေရာမှာဘယ်သူရှိရမှာလဲ

【ဆောင်းပါး 】နံပါတ်တစ်နေရာမှာဘယ်သူရှိရမှာလဲ

Chrystre Corporation ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ဒါရိုက်တာများအဖွဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူ Lee Iacocoa က ယခုလိုပြောခဲ့ဖူးပါတယ်။

‘’စီးပွားရေးလုပ်ငန်းတွေကို စကားလုံးသုံးလုံးနဲ့ အကျဉ်းချုံ့ပြော့ရပါတယ်။ Pသုံးလုံးဆိုပါစို့။ People ဆို့ဝန်ထမ်းတွေ၊ Product ဆိုတဲ့ ကုန်စည်၊ နောက်ဆုံးပေမယ့်အရေးကြီးလှတဲ့ profit ဆိုတဲ့အမြတ်အစွန်းရယ် ပဲဖြစ်ပါတယ်။

အမှန်ပါပဲ။ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာ Product ဆိုတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုမရှိဘဲ၊ People ဆိုတဲ့ဝန်ထမ်းတွေမရှိဘဲ လုပ်လို့မရပါဘူး။ ဝယ်ယူစားသုံးသူမရှိဘဲ စီးပွားရေးလုပ်လို့မရပါဘူး။ အလုပ် ကတော့ဖြစ်ပါရဲ့၊ အမြတ်အစွန်းမရဘူးဆိုရင်လည်း မဟုတ်သေးပါဘူး။ အမြတ်အစွန်းရှိပါမှ လုပ်ငန်းရေရှည်သွား လို့မှာဖြစ်ပါတယ်။

ဒီနေရာမှာ People ဆိုတာကို ဝန်ထမ်းတွေလို့ ဘာကြောင့်ပြောရတုန်း ဆိုတာလေးကိုရှင်းပြလိုပါတယ်။ ယေဘုယျအားဖြင့် People ဆိုတာကိုလူတွေလို့ပြောရင် အကုန်ပါသွားပါတယ်။ ဘာမှစောဒကတက်လာစရာမရှိဘူး။ ဒါဖြင့် ဘာလို့ ဝန်ထမ်းတွေလို့ပြောချင်ရတာလဲ။ Four Ps (ပီလေးလုံး) ဆိုတဲ့  Marketing Mix မှာ Product, Price, Place, Promotion ဆိုပြီးရှိပါတယ်။ ဒီ P လေးလုံးဟာ ကုမ္ပဏီဘက်ကကြည့်တဲ့အမြင်ပါ။ ဝယ်ယူစားသုံး သူ Customer ဖောက်သည်ဘက်ကနေ “C” အဖြစ်ပြောင်းလဲကြည့်ရှုတဲ့အခါမှာ Customer Satisfaction, cost, Convenience နဲ့ Communication ဆိုပြီးမြင်ရပါတယ်။ မတူတဲ့အမြင်များဖြစ်ပါတယ်။ ဘက်ပြောင်းကြည့်ပေး ဖို့လိုပါတယ်။ ပိုပြီးမြင်သာအောင် Four Ps နဲ့ Four Cs ကိုယှဉ်ပြီးကြည့်ရအောင်ပါ။

            Four Ps                                                            Four Cs

  1. Product                                                            1. Customer Satisfaction
  2. Price                                                                2. Cost
  3. Place                                                               3. Convenience
  4. Promotion                                                       4. Communication

 

ဆိုလိုတာကတော့ ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ Product သည်ဖောက်သည်လိုအပ်တဲ့ကုန်ပစ္စည်း ဖြစ် ပြီး ဖောက်သည်စိတ်ကျေနပ်ပျော်ရွှင်ရမယ်။ နောက် Price ကုမ္ပဏီဘက်ကကြည့်တော့ စျေးနှုန်း။ ဝယ်သူဘက်က ကြည့်တော့စရိတ်၊ အလားတူပါပဲ Place ကုမ္ပဏီဘက်ကကြည့်တော့ နေရာ(ဗဒင်ရဲ့နေရာစီးရီးကိုပြောတာမဟုတ်ပါဘူး) ဝယ်ယူသူဘက်ကကြည့်တော့ အဆင်ပြေချောမွေ့မှု။ အဆင်ပြေတဲ့နေရာမှာဝယ်မှာပေါ့။ ဝယ်ယူသူတွေ အဆင်တပြေဝယ်ယူရရှိနိုင်အောင် ကုမ္ပဏီဘက်က စီစဉ်ဆောင်ရွက်ပေးဖို့လိုတာပေါ့။ နောက်Promotion ကုမ္ပဏီဘက်ကကြည့်တော့ အရောင်းမြှင့်တင်ရေး။ Customer ဘက်ကကြည့်တော့ Communication အရေးကြီးပါတယ်။ ဒါက Four Ps နဲ့ Four Cs ကိုယှဉ်ပြီးစဉ်းစားတာပါ။

Four Ps ကနေ  Five Ps အဖြစ်စဉ်းစားမယ်ဆိုရင် ပဉ္စမမြောက် p က People ပါ။ ရှေ့မှာဆိုခဲ့တဲ့ ပီလေး လုံးသည် အပြင်ဖောက်သည် (External Customer) များကို အဓိကဦးတည်ရည်ညွှန်းပါတယ်။ ပဉ္စမပီကတော့အတွင်းဖောက်သည် internal Customer ဖြစ်တဲ့ Employees ဝန်ထမ်းများကို ယူပါတယ်။ (ပီတွေဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ 7Ps, 13Ps, 23Ps, 44ps, အစရှိသည်ဖြင့် ရှိပါတယ်။)

Alibaba.com ရဲ့ ဂုရုကြီး Jack Ma ကတော့ ဒီလိုပြောပါတယ်။

‘’The Customer is number One,

The employee is number and

The shareholder is number three’’

‘’ဖောက်သည်များသည် နံပါတ်တစ်၊

ဝန်ထမ်းများသည် နံပါတ်နှစ်၊

ရှယ်ယာဝင်များသည်နံပါတ် သုံး”ပါတဲ့။ မိတ်ဆွေ အသင်ရော ဘယ်လိုထင်ပါသလဲ?

Jack ma ဂျက်မားရဲ့ဆိုလိုရင်းက အရမ်းရှင်းပါတယ်။ ထပ်ရှင်းစရာမလိုတော့ပြီမလို့ မရှင်းတော့ပြီ။ ဂျက် မားကသူ့ရဲ့ဟောပြောပွဲတွေမှာလည်းထည့်ပြောလေ့ရှိပါတယ်။ ‘’We should focus on customer , not money ဖောက်သည်ကိုပဲ အာရုံစိုက်သင့်တယ်။ ငွေကိုဒီလောက် အာရုံမထားသင့်ဘူး။ ဆိုပြီး” ဒါက ဂျက်မားရဲ့ အယူအဆ။

ခေတ်သစ်စီမံခန့်ခွဲမှု News Management မှာ တော့ Put customer second ဖောက်သည်တွေကို နံပါတ်နှစ်နေရာမှာထားပါတဲ့။ ဒါဆိုဘယ်သူတွေကို နံပါတ် တစ်နေရာထားမှာလဲ။ Davaid Burlcus က သူ့ရဲ့နာမည်ကျော် Under New Management မှာ ဝန်ထမ်းကိုနံပါတ် တစ်နေရာမှာထားပါတဲ့။

ရှေ့အစမှာဖော်ပြခဲ့တဲ့ Lee iacocoa ရဲ့ စကားကိုပြန်ဆက်ရရင် စီးပွားရေးလုပ်ငန်းတစ်ခုကို People, Product နဲ့ ProJect ဆိုတဲ့ စကားလုံးသုံးလုံးနဲ့ အနှစ်ချုပ်နိုင်ပါတယ်တဲ့။ အဲ့ဒီသုံးလုံးမှာ People come First ဝန်ထမ်းတွေကအရင်လာပါတယ်တဲ့။ သင့်မှာဝန်ထမ်းတွေမရှိရင်၊ Team ကောင်းကောင်းမရှိရင် ကျန်တဲ့နှစ်ခုဖြစ် လာမှာ မဟုတ်ပါဘူး။ ဒါကြောင့်ဝန်ထမ်းတွေကို စနစ်တကျပျိုးထောင်လေ့ကျင့်ဖို့လိုတယ်။  ကိုယ် Team မှာလူ တော်လူတက်တွေ။ လူကောင်းသူကောင်းတွေကို ရွေးချယ်ထည့်သွင်းဖွဲ့စည်းထားရမှာဖြစ်ပါတယ်။

ဖောက်သည် Customer တွေကို ပထမနေရာမှာမထားဘဲ ဝန်ထမ်းတွေကိုဘာကြောင့် ဦးစားပေးနေရာ မှာ ထားသင့်တာလဲဆိုတော့ ဖောက်သည်တွေကို စိတ်ကျေနပ်ပျော်ရွှင်မှု Customer satisfaction ရစေချင်တာ ကြောင့် ဖြစ်ပါတယ်။ တစ်မျိုးကြီးပါလား။ ဖောက်သည်တွေကိုလည်းစိတ်ချမ်းသာစေချင်တယ်ပြောတယ်၊ ပထမ ဦးစားပေးနေရာမှာတော့ ဝန်ထမ်းတွေကို ထားရမယ်ဆိုထားတယ်။ ဘယ်လိုကြီးလဲ။

ဒီလိုပါ။ ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်ပျော်ရွှင်မှု Employee satisfaction မရဘဲဖောက်သည် စိတ်ကျေနပ် မှုမရနိုင်လို့ပါ။ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးနေတာ ဝန်ထမ်းတွေပါ။ ဝန်ထမ်းတွေရဲ့အရည်အသွေးမြင့်မား မှ၊ ထက်မြက်နေမှ‌ ဖောက်သည်တွေကိုကောင်းကောင်းဝန်ဆောင်မှုပေးနိုင်မှာပါ။ ဝန်ထမ်းတွေထက်မြက်နေဖို့လိုသလို ဝန်ထမ်းတွေပျော်ရွှင်နေဖို့လိုအပ်ပါတယ်။ စိတ်ကျေနပ်ပျော်ရွှင်နေတဲ့ ဝန်ထမ်းတွေသည် ကုန်ထုတ်စွမ်းအား  မြင့်မားပြီး ဖောက်သည်ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ဝန်ထမ်းစိတ်ကျေနပ်မှု> ဖောက်သည်စိတ်ကျေနပ်မှု> သစ္စာရှိဖောက်သည်> ဝင်ငွေတိုးတက်အမြတ်ရ

ဖောက်သည်စိတ်ကျေနပ်မှုရမှ သစ္စာရှိဖောက်သည်တွေဖြစ်လာပါမယ်။ သစ္စာရှိဖောက်သည် Customer Loyaity များများရလာမှ ကုမ္ပဏီဝင်ငွေတိုးတက်ရရှိပြီး အမြတ်အစွန်းပိုမိုရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မူလအရင်းခံသည် ဝန်ထမ်းများဖြစ်ပြီး ဝန်ထမ်းများသည် ဖောက်သည်များကို အနီးကပ်ဝန်ဆောင်မှု‌ပေးနေသူများဖြစ်ကာ သစ္စာရှိဖောက်သည်များကို မွေးထုတ်ပြီး ကုမ္ပဏီအမြတ်အစွန်းများများရရှိအောင် ဆောင်ရွက်နိုင်သူများဖြစ်၍ ဝန်ထမ်းများသည်သာလျှင် ကုမ္ပဏီ၏ဦးစားပေး နံပါတ်တစ်နေရာတွင် ရှိသင့်ပါကြောင်းတင်ပြလိုက်ပါတယ်။

 

  မှူးခန့်စံ