【ဆောင်းပါး 】ဖောက်သည်တန်ဖိုး

【ဆောင်းပါး 】ဖောက်သည်တန်ဖိုး

စားသုံးသူများ၏ ၇၂% သည် သင့် ကုန်ပစ္စည်း/ ဝန်ဆောင်မှု နှင့် ပတ်သက်သည့် သုံးသပ်ချက်အမြင်အား မလေ့ လာဘဲ ဝယ်ယူမည် မဟုတ်ပေ။ သုံးသပ်ချက်အမြင်အား လေ့လာပြီးမှသာ ဤ ကုန်ပစ္စည်းသည် စိတ်ချ ရသည်၊ မိမိတို့၏ ဝယ်ယူမှု အတွေ့အကြုံအပေါ် ဂရုစိုက်သည်ဟူ၍ ယုံကြည် စိတ်ချမည်ဖြစ်သည်။ သင့်အနေ ဖြင့် သုံးသပ် ချက်အမြင်ကို အီးမေးလ်မှ တောင်းယူနိုင်ပြီး လင့်ခ်လုပ်၍ ဆက်စပ်မှုရှိသည့် သုံးသပ်ချက်အမြင် တင်လေ့ရှိသည့် Website များသို့ တင်ပို့နိုင်သည်။ ထို့နောက် သင့်ကုန်ပစ္စည်းအကြောင်း ရေးထားသည့် လူမှုကွန်ရက်များအား စောင့်ကြည့်သင့်သည်။

အကြံဉာဏ် / ထင်မြင်ချက်သဘောထား တောင်းခံခြင်း။

မိမိကုန်ပစ္စည်း၏ အရည်အသွေးပေါ်တွင် ဖောက်သည်များ၏ တုန့်ပြန်မှု မည်သို့ရှိသည်ကို သိလိုသော ကုမ္ပဏီများသည် ဖောက်သည်များ၏ အထင်အမြင် မည်သို့ရှိကြောင်း မေးလေ့ရှိကြသည်။ ကုန်ပစ္စည်းကို ကြိုက်ကြသလား၊ ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အခက်အခဲ တစ်စုံတစ်ရာ ရှိကြသလား။ ရှိလျင် ဘာတွေလဲ၊ ဖောက်သည်များသည် ထိုသို့သော သဘောထားရှိသည့် ရောင်းချသူများကို နှစ်သက်ကြ၍ ထပ်မံလာရောက်ဝယ်ယူရန် သေချာသလောက်ရှိသည်။ ဥပမာ Grammarly သည် သုံးစွဲသူများကို ၎င်းတို့၏ သဘောထားအမြင်အား ကြယ်ငါးပွင့် အမှတ်ပေး စနစ်ဖြင့် တုန့်ပြန်ပေးရန် အမြဲတိုက်တွန်းသည်။

သ‌ဘောထားအမြင် တုန့်ပြန်ပေးရန် Grammarly ၏ တောင်းဆိုလွှာ

ရိုးရှင်းလွယ်ကူသော သဘောထားအမြင်တုန့်ပြန်မှု ရစေရန် ဖောက်သည်အား စစ်တမ်းဖြေဆိုပေးရန် တောင်းဆိုနိုင်သည်။ စစ်တမ်းပြုခြင်းအားဖြင့် သင့်ဖောက်သည်များက သင့် တံဆိပ်အပေါ်တွင် ဘယ်လိုသဘောထားရှိကြောင်း သိလာနိုင်သလို၊ သင့်အနေဖြင့် မိမိ၏ ပေးလိုရာကို ပိုမိုထိရောက်ကောင်းမွန်စွာပေးနိုင်မည့် သင်နှင့် သင့်ဖောက်သည်ကြားမှ ပေါင်းကူးတံတားသဖွယ်ဖြစ်သော အခွင့်အလမ်းကိုတွေ့ရှိ လာနိုင်စေမည် ဖြစ်သည်။ ဥပမာ- ဖောက်သည်က သူ၏ အတွေ့အကြုံပေါ်မူတည်၍ စိတ်ရင်းကောင်းဖြင့်ပေးသော အကြံဉာဏ် အတွက် ကျေးဇူးတင်စကားပြောနိုင်ရန် အခွင့်အရေးရခြင်း၊ သူတို့တွင် အခက်အခဲတစ်စုံတစ်ရာ ရှိပါကလည်း ကူညီဖြေရှင်း ပေးနိုင်ခြင်း၊ စားသုံးသူ ကြုံတွေ့နေရသော စိတ်မတင်မကျဖြစ်စရာများကို ကောင်းမွန်စွာ မွမ်းမံနိုင်မည့် အချင်းအရာများကို ဖလှယ်နိုင်ခြင်း။  ဥပမာ အနေဖြင့်- Adobe Customer Care က ကိစ္စတစ်ရပ် ဖြေရှင်းပြီးလျှင် ၄င်းတို့၏ ဆောင်ရွက်ပေးချက်အပေါ် ဖောက်သည်က အကဲဖြတ်အမှတ်ပေးရန် မေးမြန်းသော စစ်တမ်းမေးခွန်းလွှာကို ကြည့်နိုင်ပါသည်။

ကိစ္စတစ်ရပ် ဖြေရှင်းပြီးလျှင် ဖောက်သည်က အကဲဖြတ်အမှတ်ပေးရန် မေးမြန်းသော Adobe Customer Care ၏ စစ်တမ်းမေးခွန်းလွှာ

 

ပြိုင်ပွဲများ ကျင်းပပေးခြင်း။

ပျော်စရာကောင်းပြီး ဆုများလည်း ရနိုင်သဖြင့် လူအများသည် ပြိုင်ပွဲများကို ကြိုက်ကြသည်။ အထူးအားစိုက်စရာမလိုပဲ ကြိုတင် စာရင်းသွင်းမှာယူသူ ဖောက်သည်များသည် သူတို့၏ တံဆိပ်နှင့်အတူ ပါဝင်ဆင်နွှဲပြီး အခမဲ့ ကုန်ပစ္စည်းလက်ဆောင်/ ဝန်ဆောင်မှုကို ခံစားနိုင်ခြင်း၊ သို့မဟုတ် အထူးလျော့ဈေးဖြင့် ဝယ်ယူရရှိနိုင်သည်။ ထို့အပြင် ကုမ္ပဏီက ပြိုင်ပွဲများကို မိမိတို့ တံဆိပ်ကို လူသိများစေရေးနှင့် စားသုံးသူများနှင့် တိုက်ရိုက်ထိတွေ့စေရေး အတွက် ဆောင်ရွက်သည် မှန်သော်လည်း ပေါ်တင်ကြော်ငြာဝင်သလို စိတ်အနှောင့်အယှက် ဖြစ်ခြင်းမျိုး ရှိမည်မဟုတ်ချေ။ ပြိုင်ပွဲများနှင့် ဆုပေးခြင်းများ အတွက် အီးမေးလ်၊ လူမှုကွန်ရက်၊ ကုမ္ပဏီ၏ Website များကို အသုံးပြု နိုင်သည်။

ကြိုတင်စာရင်းသွင်းမှာယူသော ဖောက်သည်များအတွက် ရေးသောအီးမေးလ်တွင် စည်းမျဉ်းစည်းကမ်းများ၊ ရရှိမည့် ဆုများ၊ စသည့် လိုအပ်အသော သတင်းအချက်အလက်များ ထည့်သွင်းရေးသားရမည်။ အီးမေးလ်များတွင် တိုးတက်ဖြစ်စဉ်များကို ထည့်သွင်းရေးသားခြင်းဖြင့် ပြိုင်ပွဲဝင် အသစ်များ ဝင်ရောက်လာစေရန် လှုံ့ဆော်ရာ ရောက်မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့် Page သို့မဟုတ် သင့် Website ၏ Link များကို အစဉ်ထည့်သွင်းသင့်သည်။ ဥပမာ- Lush က သူ၏ ဖောက်သည်များက သူတို့ နှစ်သက်သော wobbling jelly ၏ ဗွီဒီယိုကို hastag #gejellywithit ဖြင့် ပို့စ်တင်ပါက ဆုလက်ဆောင်အိတ် မဲဖောက်ပေးသည်။ ပြိုင်ပွဲတွင် ပါဝင်ခွင့်ရရန်အတွက်လည်း သူတို့၏ website တွင် မှတ်ပုံတင် (Register) လုပ်ရန်လိုအပ်သည်။ ယင်းသို့ဖြင့် ဖောက်သည်ဖြစ်လာနိုင် သူများ အလိုအလျောက် တိုးပွားလာစေသည်။ သူတို့၏ အီးမေးလ်တွင် ကုန်ပစ္စည်း၏ တောက်ပသော ပုံနှင့် ဖော်ညွှန်းချက်များအား ထည့်သွင်းခြင်းဖြင့်လည်း ဖောက်သည်များက စမ်းသပ်ဝယ် ယူသုံးစွဲမိစေရန် လှုံဆော်ရာ ရောက်စေသည်။

လူမှုကွန်ရက် ပြိုင်ဲပွများတွင် ပြိုင်ပွဲလှုံ့ဆော်ရေး Hashtag ပါဝင်သော လျှောက်ထားချက်ပါဝင်လေ့ရှိသည်။ ဤနည်းသည် ပြိုင်ပွဲဝင်များကို နောက်ယောင်ခံရန်နှင့် နိုင်သူကို အလိုအလျောက် ရှာဖွေရာ၌ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ အောက်ပါတို့မှာ လူမှုကွန်ရက် ပြိုင်ပွဲ ပုံစံ အချို့ဖြစ်သည်။

  1. ဆုပေးခြင်း - ပါဝင်ပတ်သက်ရမှု အနည်းငယ်သာ လိုအပ်သည်။ ဆုရသူများကို ကျပန်းနည်း ဖြင့်ရွေးချယ်ပြီး ပါဝင်ယှဉ်ပြိုင်ရန် လိုအပ်ချက်များသည်လည်း ရိုးစင်းသောကြောင့် ဖြစ်သည်။ ဥပမာ - ပို့စ်တစ်ခုအား ဝေဖန် ထင်မြင်ချက် ပေးရခြင်း။
  2. ပြိုင်ခြင်း - လှုပ်ရှားမှုကို လိုအပ်သည်။ ဥပမာ - ပေးထားသောခေါင်းစဉ် နှင့် လျော်ညီသော ဓါတ်ပုံရိုက်ရခြင်း၊ ပြိုင်ဆိုင်မှုများကို အကဲဖြတ်ရခြင်း၊ အနိုင်ရသူကို ဒိုင်များမှ ရွေးချယ်ရခြင်း။
  3. ပြိုင်ပွဲအတိုလေးများ - အမှားအမှန်ရွေးရခြင်း၊ ပ‌ဟေဠိဖြေရခြင်း၊ ပုစ္ဆာဖြေရခြင်း စသည့် Instagram တွင် ကျင်းပလေ့ရှိသောဆုအငယ်များ ချီးမြှင့်သည့် ပြိုင်ပွဲများ။

သင့် Website တွင်တင်ထားသော ပြိုင်ပွဲများအား စားသုံးသူများက စိတ်ဝင်စားလာစေရန် ပြိုင်ပွဲဝင် စာရင်းသွင်းသော ပုံစံဖောင်သို့ လင့်ချိတ်ထားသည့် ရှင်းလင်းသော CTAs (Call to Action - လုပ်ဆောင်ရန် ညွှန်ကြားချက်များ - ဥပမာ - ဤနေရာကို နှိပ်ပါ) များကို သက်ဆိုင်ရာ စာမျက်နှာတိုင်း၌ ထည့်သွင်းထားရန်လိုသည်။ ပြိုင်ပွဲဝင်ရမည့်အချိန် Countdown Timer များ ကို လာ‌ရောက်သူများအား ပြိုင်ပွဲဝင်ရန် စိတ်ပါစေရန်နှင့် အသိပေးနှိုးဆော် နေစေရန် ထည့်သွင်း အသုံးပြုနိုင်သည်။

ဥပမာ- နာဆာ NASA သည် စာစီစာကုံးပြိုင်ပွဲ နိုင်သူ ၄င်း၏ ပရိသတ်များ Mars 2020 Rover ဖွင့်ပွဲ သို့တက်ရောက်ရန် အခွင့်အရေး ရစေမည့် ပြိုင်ပွဲဖန်တီးပေးခြင်း။ အမေရိကားမှ K-12 သင်တန်းသားများ အား အာကာသယာဉ် နာမည် အကောင်းဆုံးပေးရန် အုပ်ချုပ်ရေးက ဖိတ်ခေါ်ခြင်း- ရွေးချယ်ခံရသူများသည် အဓိကဆုကြီးအပြင် အမေဇုံမှ လစဉ်ကြိုတင်မှာယူသော eBook များ၊ AWS Educate ငွေကြေးရန်ပုံငွေ အသင်းဝင် ဖြစ်ခွင့်နှင့် အကျိုးခံစားခွင့်များနှင့် အခြားအကျိုးတူအဖွဲ့ဝင်များ၏ ဆုပဒေသာများ ကို ရရှိနိုင်ခြင်း။

Rover ကို အမည်ပေးပါ- NASA ၏ ကြော်ငြာ

NASA သည် ဆုရသူများကို “အင်္ဂါဂြိုဟ်သို့ လေ့လာခြင်း အစီအစဉ်” website၊ ၄င်းတို့၏ လူမှုကွန်ရက်နှင့် ပုံမှန် လှုံ့ဆော်ရေး အီးမေးလ် တို့တွင် ကြေငြာပေးခဲ့သည်။ ပြိုင်ပွဲကို မည်သည့် ကုန်ပစ္စည်းအတွက်မဆို အသုံးပြုနိုင်သည်။ စားသုံးသူ ဖောက်သည်များသည် အရည်အသွေးကောင်းသော အသုံးဝင်သော ပစ္စည်းများကိုသာ တန်ဘိုးထားသည်မဟုတ်၊ သူတို့ကို ပြုံးစေသည့် အကောင်းမြင် စိတ်ခံစားမှုများ ကိုလည်း တန်ဘိုးထားကြသည်။

တစ်ဦးချင်း အကြိုက်လုပ်ပေးခြင်း။

RILA’s (R)Tech Center for Innovation and Accenture ၏ တွေ့ရှိချက်အရ ၆၃% သော စားသုံးသူများသည် တစ်ဦးချင်းစိတ်ကြိုက်လုပ်ပေးသော တံဆိပ်မှရသော အတွေ့အကြုံကို စိတ်ဝင်စားကြသည်။ ကြိုတင်စာရင်းသွင်း မှာယူသော Subscriber တစ်ဦးချင်းစီ၏ စရိုက်နှင့် လိုလားချက်များအပေါ်မူတည်၍ ရေးသားသော အီးမေးလ်များသည် မိမိရည်စူးသော ပရိတ်သတ်အား စိတ်ကျေနပ်မှုရစေသည့် အင်အားကောင်းသော နည်းလမ်း ဖြစ်သည်။

ဦးဆုံး လုပ်သင့်ရာကို အကြံပေးလိုသည်မှာ ဖောက်သည်၏ အချက်အလက်များကို စုဆောင်းထားပြီး အသုံးချရေးပင်ဖြစ်သည်။ ဖောက်သည်များ၏ မွေးနေ့များ အားစာရင်းပြုစု၍ အချိန်နှင့် တပြေးညီ ဝမ်းမြောက်ဆုတောင်း ခြင်း ပြုရာ၏။ အကယ်၍သင်သည် ဖောက် သည်များ ၏ Online ပေါ်တွင် အပြုအမူနှင့် ဝယ်ယူမှု နောက်ကြောင်း ကို မှတ်တမ်းတင် စောင့်ကြည့်လေ့လာထားပါက၊ သင့် အီးမေးလ်ထဲတွင် သူတို့နှစ်သက်သော ကုန်ပစ္စည်းများကို ထည့်သွင်းရေးသားနိုင်သည်။ သင့်တွင် သူတို့၏ အဖွဲ့ဝင်စတင်နေ့စွဲ သိရှိထားပါက သင့်အနေဖြင့် ဖောက်သည်၏ တိုးတက်ဖြစ်စဉ်နှင့် စပ်လျဉ်းသော အီးမေးလ်ကို ပေးပို့နိုင်မည် ဖြစ်သည်။ ဥပမာ- နှစ်စဉ် ဒီဇင်ဘာတိုင်းတွင် Shipt အမည်ရှိသော ပစ္စည်းပို့ပေးသော ဝန်ဆောင်မှု လုပ်ငန်း နှင့် အခြား ကုမ္ပဏီများစွာတို့သည် (ဖောက်သည်) တစ်ဦးခြင်းစီ၏ တစ်နှစ်တွင်း တိုးတက်မှုဖြစ်စဉ် သုံးသပ်ချက်အမြင် အီးမေးလ် ကို ‌ပေးပို့ဖြန့်ဝေလေ့ရှိသည်။

အနှစ်ချုပ်

အခုဆိုလျှင် သင်သည် တန်ဖိုး ( Value) ကို ဘယ်လိုဖန်တီး တည်ဆောက်ယူရမည် ကို သိလေပြီ။ အကြံပေးချက်များ ကို လေ့လာ၍ ဘယ်အချက်က စတင်မည်ကို ရွေးချယ်လိုက်ပါ။

  1. စိတ်တက်ကြွစေသော အစီအစဉ်များ လုပ်ပေးခြင်း။
  2. သစ္စာရှိသောဖောက်သည် အစီအစဉ်။
  3. တန်ဘိုးများကို မျှဝေနားလည်စေခြင်း။
  4. အကြံဉာဏ်/ ထင်မြင်ချက်သဘောထား တောင်းခံခြင်း။
  5. ပြိုင်ပွဲများ ကျင်းပပေးခြင်း။
  6. တစ်ဦးချင်း အကြိုက်လုပ်ပေးခြင်း။

အဓိက စိတ်ကူးမှာ ဖောက်သည်များအား ရောင်းရအောင် အတင်းကြိုးစားခြင်းမဟုတ်ဘဲ ဂရုစိုက်ပေးခြင်းကို ပိုမို အလေးထား ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။ သင့်ဖောက်သည် တကယ် တန်ဘိုးထားတာက ဘာလဲ၊ ဘယ်လို အကျိုးခံစားခွင့်က သူတို့ကို ပျော်စေမလဲ။ ဈေးကွက်ရေးရာ ကုန်ပစ္စည်း ဘယ်သတင်းအချက်အလက်ကို သူတို့ မျက်ခြေပြတ်နေလဲ။ သူတို့အတွက် ဘယ်လိုပျော်စရာ ဖန်တီးပေးနိုင်မလဲ တို့ကို သေချာစဉ်းစားပြီး တန်ဖိုး (Value) ဖန်တီးပေးရာတွင် ကောင်းစွာ အသုံးချပါ။

အထက်တွင်ဖော်ပြပေးခဲ့သောဗျူဟာများသည် သင့် ကုန်ပစ္စည်းအား အလားအလာကောင်းသော ရည်စူးစားသုံးသူ ဖောက်သည်များကြားတွင် ကောင်းသောပုံရိပ် (Positive Image) ဖန်တီးရန် ကောင်းစွာ အထောက်အကူပြုပါလိမ့်မည်။ သင့်ကိုယ်တိုင် ဝမ်းသာစွာ ရယူဖတ်ရှုလိုသော အီးမေးလ်မျိုး ပေးပို့ပါ။ ပြီးတော့ အဲဒါတွေ ကို  SendPulse! နဲ့ ဖန်တီးလိုက်ပါ။

                                                                                              

 သက်ထွန်း (သျှမ်း)

Photo Credit: REVE Chat