【နိုင်ငံတကာဆောင်းပါး】တရုတ်-ဥရောပ တိုက်ရိုက်ကုန်စည်ပို့ဆောင်ရေး ရထားဝန်ဆောင်မှု

【နိုင်ငံတကာဆောင်းပါး】တရုတ်-ဥရောပ တိုက်ရိုက်ကုန်စည်ပို့ဆောင်ရေး ရထားဝန်ဆောင်မှု

ကွန်တိန်နာ ၅၀ ပါဝင်သော ကုန်တင်ရထားကြီးဟာ ကြာသပတေးနေ့တွင် ပေကျင်းကနေ ရုရှားနိုင်ငံ မော်စကိုမြို့ကို စတင်ထွက်ခွာခဲ့ပါတယ်၊ ဒါဟာ တရုတ်နိုင်ငံ၏ မြို့တော်ကနေ ပထမဆုံး စတင်ခဲ့သော တရုတ်-ဥရောပ ကုန်တင်ရထားပြေးဆွဲမှုဖြစ်ပါတယ်။

ဆောက်လုပ်ရေးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများဖြစ်တဲ့ လျှပ်စစ်ပစ္စည်းများ နှင့် အဝတ်အထည်များကို ကုန်စည်ပို့ဆောင်ရေးနေရာဖြစ်တဲ့ ပီန်ကူခရိုင်ကနေ တရုတ်နိုင်ငံမြောက်ပိုင်းတွင် တည်ရှိသော မန်ယိုလီဆိပ်ကို ဖြတ်ကျော်ကာ မွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းပိုင်းကနေ တစ်ဆင့် မော်စကိုမြို့ကို ထွက်ခွာသွားခဲ့ပါတယ်။

ဒီရထားကြီးဟာ ၁၈ ရက်အတွင်း မော်စကိုမြို့ကို ရောက်ရှိမည်ဟု ခန့်မှန်းရပြီး ကီလိုမီတာပေါင်း ၉၀၀၀ ခန့်ကို ဖြတ်သန်းမောင်းနှင်မည်ဖြစ်ပါတယ်။

“အရင်တုန်းကတော့ ဥရောပကို ကုန်ပစ္စည်း မတင်ပို့ခင် ဟိုင်နန် သို့မဟုတ် ဟေဘေကို အရင်ပို့ရတယ်” ဟု Taitong International Transportation Co.,Ltd တွင် အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသော ချူယိချောင်က ပြောပါတယ်။

“ဒီလို ကုန်တင်ရထားပြေးဆွဲမှု စတင်လိုက်ခြင်းကြောင်း၊ ကုန်စည်များကို ခုတော့ ပေကျင်းကနေ ဥရောပကို တိုက်ရိုက်ပို့နိုင်ပြီ၊ ကုန်စည်ပို့ဆောင်ခ လျှော့ချလာပြီး ပို့ဆောင်ဆက်သွယ်မှုကိုလည်း လျင်မြန်လာစေပါတယ်” ဟု သူက ပြောပါတယ်။ ဒီလို တိုးတက်မှုများဟာ စီးပွားရေးလုပ်ငန်းများ တိုးတက်လာရန် အသစ်သော အခွင့်အလမ်းများကို ဖော်ဆောင်ပေးကြောင်း ဆိုပါတယ်။

ဒီနှစ်ဟာ BRI စီမံကိန်း စတင်ခဲ့တာ ၁၀ နှစ်ပြည့်သော နှစ်လည်းဖြစ်ပါတယ်။ China State Railway Group Co., Ltd တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော လျူဇန်ဖန်ကလည်း တရုတ်-ဥရောပကုန်တင်ရထားဟာ တရုတ်နိုင်ငံက မြို့ပေါင်း ၁၀၈ မြို့နဲ့ ချိတ်ဆက်ထားပြီး ဥရောပနိုင်ငံက မြို့ပေါင်း ၂၀၈ မြို့ကို ဖြတ်ကျော်မည်ဖြစ်ပြီး ခရီးစဉ်ပေါင်း ၆၅၀၀၀ ကို ပြုလုပ်နေကြောင်း ပြောပါတယ်။

ဝန်ထမ်းများဟာ ပေကျင်း၊ ပီန်ကူခရိုင်တွင်ရှိသော မာဖန်းဘူတာရုံတွင် ရှိသောတရုတ်-ဥရောပကုန်တင်ရထားကို စစ်ဆေးပြီးနောက် မော်စကိုမြို့ကို မတ်လ ၁၆ ရက်နေ့ကနေ စတင်ထွက်ခွာလာခဲ့ပါတယ်။ ကွန်တိန်နာ ၅၅ ခုပါဝင်သော ကုန်တင်ရထားကြီးဟာ ပေကျင်းမြို့ကနေ ကြာသပတေးနေ့တွင် စတင်ထွက်ခွာလာခဲ့ပြီး မော်စကိုမြို့ကို ဦးတည်သွားနေပါတယ်။ ဒါဟာ တရုတ်-ဥရောပကုန်တင်ရထားကို ပေကျင်းမြို့ကနေ ပထမဦးဆုံး ပြေးဆွဲခြင်းဖြစ်ပါတယ်။

Naing

Ref:CMG| Beijing launches first direct China-Europe freight train service