【နိုင်ငံတကာဆောင်းပါး】အောင်မြင်မှုရခဲ့သည့် တရုတ်စပါးစိုက်ပျိုးမှု

【နိုင်ငံတကာဆောင်းပါး】အောင်မြင်မှုရခဲ့သည့် တရုတ်စပါးစိုက်ပျိုးမှု

တရုတ်နိုင်ငံက PR23 လို့ခေါ်တဲ့ နှစ်ရှည်စပါးတစ်မျိုးဟာ ၂၀၂၂ သိပ္ပံထိပ်တန်းအောင်မြင်မှု ၁၀ ခုတွင် ထည့်သွင်းသတ်မှတ်ဖော်ပြခံရပါတယ်။
နိုင်ငံတကာတွင် လူအများ၏ အဓိက စားသုံးကုန်ဖြစ်သော ဆန်ဟာ စိုက်ပျိုးရိတ်သိမ်းပြီးနောက် အသစ်တစ်ဖန်ပြန်လည်စိုက်ပျိုးရပါတယ်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဟာ လယ်သမားများကို အလွန်အလုပ်များစေပြီး ပတ်ဝန်းကျင်အတွက်လည်း ပြဿနာများကို ဖန်တီးနေပါတယ်။ထိုထဲတွင် မြေဆီလွှာပျက်စီးခြင်းလည်း ပါဝင်ပါတယ်။ သို့သော်လည်း PR23 စပါးဟာ လယ်သမားများရဲ့ လုပ်အားကို လျော့ကျစေပါတယ်။
PR23 စပါးကို တစ်ကြိမ်စိုက်ပျိုးပြီးနောက် နောက် ၃ နှစ်ကနေ ၄ နှစ်အထိ အဆက်မပြတ်ရိတ်သိမ်းနိုင်ပါတယ်။ ဒုတိယအကြိမ်အတွက် လယ်သမားများဟာ စိုက်ပျိုးရန်မျိုးစေ့ဝယ်ယူခြင်း၊ အမျိုးစေ့ကြဲခြင်း၊ လယ်ထွန်ခြင်း၊ သို့မဟုတ် အပင်ကူးပြောင်းခြင်းများကို လုပ်ဆောင်ရန်မလိုအပ်တော့ပါဘူး၊ လယ်ကွင်းပြင်ဆင်မှုနှင့် ရိတ်သိမ်းခြင်းအတွက်သာ ပြင်ဆင်မှုပြုလုပ်ရန် လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် စပါးစိုက်ပျိုးမှု၏ ကုန်ကျစရိတ်များကို သက်သာစေပါတယ်။
ဟိုက်ဘရစ်နည်းပညာကို အသုံးပြုပြီး နှစ်ရှည်အသီးနှံပင်များစိုက်ပျိုးရေးတွင် ဒီနှစ်ရှည်စပါးဟာ မှတ်တိုင်တစ်ခုကို ရယူနိုင်ခြင်းဖြစ်ပါတယ်။
PR23 စပါးကို လွန်ခဲ့တဲ့ နှစ်အတန်ကြာက အာရှစပါးအမျိုးအစားနှင့် အာဖရိကစပါးအမျိုးအစားများကို ပေါင်းစပ်ခြင်းဖြင့် ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တွင် ယူနန်တက္ကသိုလ်ရှိ သုတေသီများနှင့် အခြားသော အဖွဲ့အစည်းများဟာ ဒီစပါးမျိုးစေ့ကို တရုတ်နိုင်ငံရှိ လယ်သမားများကို ပေးအပ်ခဲ့ပါတယ်။ ဒီစပါးကို စမ်းသပ်စိုက်ပျိုးမှုကြီးမားစွာ လုပ်ဆောင်စေခဲ့ပါတယ်။
၂၀၂၂ နိုဝင်ဘာလတွင် သုတေသီများဟာ သဘာဝတရား တည်တံ့ရေး (nature sustainability) ခေါင်းစဉ်ဖြင့် စာတမ်းပြုစုချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။ ထိုစာတမ်းတွင် PR23 ၏ ရာသီတိုင်းစိုက်ပျိုးသော စပါးကဲ့သို့ စပါးများကဲ့သို့ အထွက်နှုန်းရှိကြောင်း ဖော်ပြခဲ့ကြပါတယ်။
အခြားသော သိပ္ပံပညာထူးခြားအောင်မြင်မှုတွင် နာဆာရဲ့ James Webb Space Telescope အာကာသမှန်ပြောင်းလည်းပါဝင်ပြီး ထိုမှန်ပြောင်းဖြင့် ကြီးမားသော မိုက်ခရို့ခ်၊ Black Death ပလိပ်ရောဂါနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်နှင့် ရှေးခေတ်ဂေဟစနစ် ပြန်လည်တည်ဆောက်ခြင်းတို့ ပါဝင်ပါတယ်။
 
Naing
 
Ref:CMG|China's perennial grain listed on Science's '2022 Breakthrough of the Year'