【နိုင်ငံတကာဆောင်းပါး 】ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများကို လွတ်လပ်ခွင့်ပိုပေးခဲ့တဲ့ တရုတ်နိုင်ငံ

【နိုင်ငံတကာဆောင်းပါး 】ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများကို လွတ်လပ်ခွင့်ပိုပေးခဲ့တဲ့ တရုတ်နိုင်ငံ

တရုတ်နိုင်ငံ၏ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများဟာ နိုင်ငံရဲ့ ဗျူဟာမြောက်ကာကွယ်ရေးနှင့် စွမ်းအင်ပံ့ပိုးမှုတွင် ကြီးမားသော လွှမ်းမိုးမှုရှိသော ကဏ္ဍဖြစ်ပါတယ်။  လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အစိုးရဟာစျေးကွက် အခြေခံ ပြုပြင်ပြောင်းလဲမှုများကို ခိုင်မာစွာဆောင်ရွက်လာခဲ့ပါတယ်။

ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများဟာ ထုတ်လုပ်နိုင်မှုစွမ်းရည်နိမ့်ကျ၊ ခေတ်နောက်ကျနေပြီဖြစ်သော အုပ်ချုပ်မှုနှင့် များပြားသော အလုပ်သမားအင်အားတို့ကြောင့် ဝေဖန်ခံနေရကြောင်း Chongyang Institute for Financial Studies တွင် တာဝန်ထမ်းဆောင်နေသော ပါမောက္ခလျူရှီရှင်းက ပြောပါတယ်။

 “လက်ရှိအချိန်မှာတော့ ဒီပြုပြင်ပြောင်းလဲမှုအားလုံးနှင့် ပြန်လည်တည်ဆောက်မှုလုပ်ငန်းများဟာ အပြုသဘောဆောင်သော ရလဒ်ဖြစ်ပေါ်စေတယ်လို့ ထင်တယ်” ဟု သူက ပြောပါတယ်။

ဗဟိုအစိုးရ၏ စီမံခန့်ခွဲရေးအောက်တွင်ရှိသော ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများပမာဏကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ၁၁၇ ခုကနေ ၉၈ ခုအထိ လျှော့ကျလာခဲ့ကြောင်း SASAC ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါ တယ်။ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းကြောင့် ဒီကုမ္ပဏီများဟာ လည်ပတ်ရေးကုန်ကျစရိတ် ယွမ် ၁၀ ဘီလီယံခန့် လျှော့ချနိုင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ SASAC ဟာ  အလွန်အကျွံထုတ်လုပ်မှုနှင့် zombies လုပ်ငန်းများလို့ခေါ်တဲ့ လည်ပတ်ရန် လိုအပ်သော အစိုးရ၏ စီးပွားရေးလုပ်ငန်းများကို ဖယ်ရှားရန် ကြိုးပမ်းနေပြီး ပြီးခဲ့တဲ့ နှစ်မှာပဲ ယူနစ်ပေါင်း ၄၉၇၇ ယူနစ်ကို ပိတ်ခဲ့ပါတယ်။ အလုပ်သမားပေါင်း ၃၀၇၀၀၀ ခန့်ကိုလည်း ပြန်လည်ရွှေ့ပြောင်းခဲ့ရပြီး ပိုင်ဆိုင်မှု တန်ဖိုးပေါင်း ယွမ် ၄၁၂ ဘီလီယံကိုလည်း လျှော်ကြေးပေးခဲ့ပါတယ်။

ဗဟိုအစိုးရဟာ အများပိုင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကိုလည်း လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပြင်းထန်စွာ လုပ်ဆောင်လာခဲ့ပါတယ်။ SASAC က ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၁၆ နှစ်ကုန်တွင် ပြည်သူပိုင် စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီစနစ်အကြား အများပိုင်အဖြစ်သို့ ပြောင်းလဲမှုဟာ ဗဟိုအစိုးရ၏ ၇၀ ရာခိုင်နှုန်းရှိသော ပြုပြင်ပြောင်းလဲမှုဖြစ်ကြောင်း ဆိုပါတယ်။

“ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူပိုင်မဟုတ်သော စီးပွားရေးလုပ်ငန်းများပေါင်းစည်းခြင်းဖြင့်၊ လုပ်ငန်းများဟာ ဆုံးဖြတ်ချက်ချရေးနှင့် ပုဂ္ဂလိကလုပ်ငန်းများကို ဆွဲခေါ်နိုင်ပါတယ်၊ ဒါပေမယ့် ခိုင်မာသော အုတ်မြစ်ဖြစ်တဲ့အစိုးရပိုင်စီးပွားရေးလုပ်ငန်းအပေါ်တွင် ရပ်တည်နေပါတယ်။ ဒါဟာ နှစ်ဘက်အကျိုးစီးပွားဖြစ်သောအရာဖြစ်တယ်” ဟု SASAC ၏ ဥက္ကဋ္ဌဖြစ်တဲ့ ရှောင်ယာရှင်းက ပြောပါတယ်။

ကော်ပိုရိတ်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အများပိုင်ဆိုင်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဟာ တတိယအဆင့်ကနေ ဒုတိယအဆင့် သို့တိုးချဲ့နိုင်ခဲ့ပြီဖြစ်ပါတယ်။ မူလအစမ်းကာလကို ဒီကဏ္ဍတွင်လည်း အသုံးဆောင်ပစ္စည်း များ၊ ရေနံဆီ၊ သဘာဝဓာတ်ငွေ့ နှင့် ရထားလမ်း အစရှိသော ကဏ္ဍများတွင် စမ်းသပ်ခဲ့ပြီဖြစ်ပါတယ်။

တချို့ကတော့ အစိုးရဟာ စီးပွားရေးလုပ်ငန်းများ လက်လွှတ်နေရသောကြောင့် စိုးရိမ်နေကြပြီး လျူကတော့ ဒါဟာ စိုးရိမ်စရာမရှိကြောင်း ပြောပါတယ်။ ဆန့်ကျင်ဘက်အဖြစ် လျူရဲ့ ပြောဆိုချက်အရ အစိုးရဟာ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများကို လွတ်လပ်မှုပိုပေးခြင်းဖြစ်ကြောင်း ၊ ထိုမှသာ လုပ်ငန်းများဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ပြီး လည်ပတ်နိုင်မည်ဖြစ်ကြောင်း ဆိုပါတယ်။

“အစိုးရက ထိန်းချုပ်ချင်တယ်ဆိုရင် ဘယ်သူမှ တားဆီးလို့မရဘူး။ ခုတော့ ဗဟိုအစိုးရဟာ အစိုးရပိုင်စီးပွားရေးလုပ်ငန်းများကို လွတ်လပ်ခွင့်ပိုပေးထားကြောင်းကို ပြသနေတယ်။ အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေးကဏ္ဍ နှင့် အကျိုးအမြတ် ဖြန့်ဝေခြင်းတို့ပါဝင်တယ်လို့ ဗဟိုဘဏ်ကပြောထားတယ်” ဟု လျူက ဆက်လက်ရှင်းပြခဲ့ပါတယ်။

ကော်ပိုရိတ်များ ပြုပြင်ပြောင်းလဲလိုက်ခြင်းကြောင့် ပြည်သူပိုင်စီးပွားရေးစျေးကွက်ကလည်း ပြိုင်ဆိုင်မှု အားကောင်းလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ပြည်သူပိုင်စီးပွားရေး လုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်းဟာ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရ နှစ်ခုလုံးကလည်း ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများ စျေးကွက်တွင် ပြိုင်ဆိုင်မှုအားကောင်းသော လုပ်ငန်းများ ဖြစ်ရန် ကြိုးပမ်းချိန်တွင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

SASAC က ထုတ်ပြန်ထားသော အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပြည်သူပိုင်စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ဟာ ဗဟိုနှင့် ဒေသန္တရအဆင့်နှစ်ခုလုံးတွင် ကော်ပိုရိတ်ပုံစံကို ပြည့်စုံစွာ ပြောင်းလဲလာခဲ့ပြီဖြစ် ကြောင်းဆိုပါတယ်။ ဆိုလိုတာက ထိုလုပ်ငန်းများဟာ စျေးကွက်အတွင်းသို့ လွတ်လပ်သော လုပ်ငန်းများအဖြစ် တဖြည်းဖြည်းပြောင်းလဲလာမည်ဖြစ်ကြောင်း ဆိုပါတယ်။

လာမယ့် ၅ နှစ်အတွင်းမှာတော့ ပြိုင်ဆိုင်မှုအားကောင်းလာရန် ကြိုးပမ်းမည်ဖြစ်ပြီး ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲမှုအရည်အသွေးကို ကောင်းမွန်စေရန် လုပ်ဆောင်မည်ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူပိုင် ပစ္စည်းများတန်ဖိုးမြင့်တက်လာစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ရှောင်က ပြောပါတယ်။

အစိုးရဟာ ပြည်သူပိုင်စီးပွားရေး လုပ်ငန်းများကို အများပိုင်အဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းနေပြီး သူတို့ရဲ့ ယူနစ်တန်ဖိုးမြင့်တက်လာစေရန် ကြိုးပမ်းလာကြပါတယ်။ ထိုထဲတွင် Shanghai Huayi Group ကတော့ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တွင် ယွမ် ၁၁.၆ ဘီလီယံတန်ရှိသော ပိုင်ဆိုင်မှုများကို အများပိုင်အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။

“ပြုပြင်ပြောင်းလဲမှုတွင် ကြီးမားသော ပြဿနာကတော့ ပြည်သူပိုင်စီးပွားရေး လုပ်ငန်းများအနေနဲ့ စျေးကွက်တွင် ပြိုင်ဆိုင်မှုအားကောင်းလာဖို့ပါပဲ” ဟု Fudan University Enerprise Research Institute တွင် ညွှန် ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ယန်ဟူမင်က CGT‌‌N ကို ပြောပါတယ်။

Naing

Ref: CMG | Reform in Action: China moves to make SOEs more independent