【 ဆောင်ပါး 】 ဟန်ဆောင်သူများ

【 ဆောင်ပါး 】 ဟန်ဆောင်သူများ

"မမ ရှေ့ကိုကျော်ရစ်လိုက်ပါဗျာ"

"ဘာလို့ရစ်ရမှာလဲ၊ ဇာတ်လမ်းကအဆက်ပြတ်သွားမှာပေါ့"

"အဲဒီလူကြီးကို မကြည့်ချင်ဘူးဗျာ မင်းသားကို ဒီလောက်နှိပ်စက်နေတာ မတွေ့ဘူးလား"

"ဒီဇာတ်လမ်းထဲမှာ သူကလူကြမ်းပဲဟာ၊ နှိပ်စက်မှာပေါ့"

"ဒီလူကြီးက ဇာတ်လမ်းတိုင်း မင်းသားကိုနှိပ်စက်လိုက်၊ မင်းသမီးကိုအနိုင်ကျင့်လိုက်နဲ့။သူ့မျက်လုံးတွေ သူ့အမူအရာတွေက အရမ်းရွံဖို့ကောင်းတာပဲ"

"အဲဒါ သူသရုပ်ဆောင်တာကောင်းလို့ပေါ့ မောင်လေးရဲ့"

"မဟုတ်ဘူးမမ။သူကအရမ်းမိုက်ရိုင်းတယ်။ဟိုနေ့ကကြည့်တဲ့ကားထဲမှာဆို သူ့သမီးကို အရမ်းနှိပ်စက်တာပဲ။ဆူလိုက်ဆဲလိုက်နဲ့။အမေကိုလည်း ပြဿနာရှာတယ်။ဓါးနဲ့တောင်လိုက်ခုတ်တယ်။အရက်ကလည်းသောက်ထားသေးတယ်။ဒီလူကြီးအကျင့်ကိုမကောင်းဘူး။သူ့ပုံစံကိုကြည့်ပါလား၊ သူများကိုဒုက္ခပေးဖို့ပဲ ကြံစည်နေတဲ့ရုပ်ကြီး။အပြင်မှာဆို ဒီထက်တောင်ဆိုးဦးမယ်။တော်ပြီဗျာမကြည့်တော့ဘူး"

ကျွန်တော့ သမီးနှင့် သား Video ခွေကြည့်နေရင်း ပြောနေကြတာပါ။သားဖြစ်သူက သရုပ်ဆောင်လူကြမ်းကို ကြည့်မရဖြစ်ပြီး မကျေမနပ်နှင့်ထွက်သွားပါတော့သည်။

အနုပညာရှင်တို့၏ သရုပ်ဆောင်မှုအတတ်ပညာက တကယ့်ကိုအံ့မခန်းပါပဲ။သူတို့သရုပ်ဆောင်ပီပြင်မှုကြောင့် ပရိသတ်၏ အမုန်းခံကြရသည်။အချစ်ခံကြရသည်။

အပြင်မှာအရက်မသောက်တတ်သူက ဇာတ်လမ်းထဲမှာ အရက်ချိုးကပ်နေသူလို သရုပ်ဆောင်ကြသည်။အရက်ကိုမပြတ်သောက်တတ်သူကလည်း၊ ဘုရားဒကာလိုသရုပ်ဆောင်သည်။အပြင်မှာ အကျင့်စာရိတ္တကောင်းမွန်ပြီး၊ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်သူကလည်း ဇာတ်လမ်းအရ အကျင့်စရိုက်ဆိုးသူ၊ မိန်းကလေးတွေကို ဘဝပျက်အောင်ဖျက်ဆီးသူအဖြစ် သရုပ်ဆောင်ရသည်။အပြင်မှာမာနကြီးသူသည်လည်း၊ ဇာတ်လမ်းထဲမှာ မာနကင်းပြီး နှိမ့်ချရို့ကျိုးသူအဖြစ် သရုပ်ဆောင်နိုင်ကြပါသည်။

တကယ်တော့၊ သရုပ်ဆောင်အနုပညာရှင်များသည် ဟန်ဆောင်သူများဖြစ်ပါသည်။အရက်သမားဟန်ဆောင်သည်၊ ဘုရားဒကာဟန်ဆောင်သည်။မိန်ကလေးတစ်ယောက်ကို စေ့စေ့မှမကြည့်ရဲသော ရိုးသားသူအဖြစ်ဟန်ဆောင်သည်။မိန်းကလေးတစ်ယောက်ကို အရုပ်ကလေးတစ်ရုပ်လို ကစားချင်တိုင်းကစား၊ ဖျက်ဆီးချင်တိုင်းဖျက်ဆီးသူအဖြစ် ဟန်ဆောင်သည်။သားသမီးကောင်း၊ မိဘကောင်းအဖြစ် ဟန်ဆောင်သည်။သားသမီးဆိုး၊ မိဘဆိုးအဖြစ်လည်း ဟန်ဆောင်ကြသည်။

သို့သော်လည်း၊ သူတို့ဟန်ဆောင်ခြင်းက အပြစ်ကင်းပါသည်။ပရိသတ်ကိုပျော်စေချင်သော၊ သင်ခန်းစာကောင်းရစေချင်သော စေတနာနှင့်ဟန်ဆောင်ကြခြင်းသာဖြစ်ပါသည်။ပရိသတ် အထင်ကြီးအောင်၊ အထင်သေးအောင် ဟန်ဆောင်ခြင်းမဟုတ်ပါ။ဇာတ်လမ်းအရ၊ ဇာတ်ကောင်စရိုက်ပေါ်အောင် ဟန်ဆောင်နေကြခြင်းသာဖြစ်ပါသည်။

တကယ့်လက်တွေ့လောကမှာတော့၊ လူတို့သည်သူများ အထင်ကြီးအောင်ဟန်ဆောင်ကြလေ၏။သူများယုံကြည်လာအောင် ဟန်ဆောင်ကြ၏။

ကိုယ်ချစ်သော မိန်းကလေးက၊ ပန်းအလွန်ကြိုက်သဖြင့် ယောကျ်ားတန်မဲ့ ပန်းချစ်သူအဖြစ်ဟန်ဆောင်ကြသည်။တချို့ဆိုလျှင် ချစ်သူမိန်းကလေးအထင်ကြီးအောင်၊ အိမ်မှာပန်းပင်စိုက်သည်။သို့မဟုတ် ပန်းပွင့်နေသော ပန်းအိုးကိုဝယ်ယူ၍ အိမ်မှာထားသည်။ကိုယ့်ချစ်သူ မိန်းကလေးက၊ ကိုယ့်ကိုပြန်ချစ်လာအောင် ဟန်ဆောင်ခြင်းဖြစ်၏။ထိုဟန်ဆောင်သူများသည်လည်း အပြစ်ကင်းသည်ဟု ဆိုနိုင်ပါသည်။ထိုချစ်သူမိန်းကလေးကို တကယ်တန်ဖိုးထား၍၊ မြတ်နိုးကြပါသည်။တကယ်လက်ထပ်ယူ၍ သားသမီးများနှင့် တကယ့်မိသားစုဘဝကို ဖန်တီးတည်ဆောက်ကြပါသည်။

အပြစ်မကင်းသော ဟန်ဆောင်သူများလည်းရှိပါသည်။မိန်းကလေးအကြိုက်လိုက်၍ ဟန်ဆောင်နေပြီး၊ ထိုမိန်းကလေးနှင့်အဆင်ပြေပြီးသောအခါ နောက်တစ်ယောက်၊ နောက်တစ်ယောက်နှင့် ရည်းစားတွေမှိုလိုပေါက်အောင် ထားကြသည်။ထိုမိန်းကလေးတွေကိုလည်း နှမချင်းမစာနာဘဲ ဖျက်ဆီးလိုက်သေး၏။

တကယ် စာကိုစိတ်မဝင်စားဘဲ မိဘဆရာသမားများ အထင်ကြီးအောင် စာအုပ်နှင့်မျက်နှာမခွာဘဲ စာကြိုးစားသူအဖြစ် ဟန်ဆောင်ကြ၏။မိတ်ဆွေသူငယ်ချင်းများကိုလည်း သစ္စာရှိသလို ဟန်ဆောင်ပေါင်း၍ ကွယ်ရာတွင်မကောင်းပြောသောသူမျိုးလည်းရှိ၏။တချို့ဆိုလျှင် ခြေမသန်၊ လက်မသန်၊ အင်္ဂါချို့ယွင်းသူအဖြစ် ဟန်ဆောင်ကာ တောင်းရမ်းစားသောက်တတ်၏။

တချို့လူများ၏ ဟန်ဆောင်ခြင်းများသည် တစ်ဖက်လူအတွက် အန္တရာယ်ကြီးလှ၏။လမ်းပေါ်၊ ကားပေါ်၊ ရထားပေါ်မှာ အဝတ်ကောင်းကောင်းဝတ်၊ အမွှေးရနံ့ဆွတ်ဖျန်းပြီး လူကောင်းသူကောင်းဟန်ဆောင်၍ ခါးပိုက်နှိုက်ကြသည်။ကိုယ့်မှာ သားကြီးမယားကြီးရှိပါလျက်နှင့် လူပျိုလူလွတ်ဟန်ဆောင်ကာ အခြားမိန်းမပျိုလေးများကို ခိုးယူပေါင်းသင်းကြ၏၊၊

အခြားလူတစ်ယောက်ကို မိတ်ဆွေဖွဲ့၍ဖြစ်စေ၊ ကိုယ့်ရှိရင်းစွဲမိတ်ဆွေအပေါ်မှာဖြစ်စေ အတွင်းလူအဖြစ် အချက်အလက်စုဆောင်းပြီး၊ ထိုမိတ်ဆွေအိမ်မှ ငွေကြေးဥစ္စာခိုးယူခြင်း၊ အနုကြမ်းစီး ဓါးပြတိုက်ခြင်းတို့ ပြုလုပ်တတ်ကြသည်။

အလျဉ်းသင့်၍၊ ၅၅၀ ဇာတ်တော်မှ ဟန်ဆောင်ကျွမ်းကျင်သော ရသေ့တစ်ပါးအကြောင်း ပြောပြချင်ပါသည်။

တစ်ခါက ရွာတစ်ရွာမှာ သူကြွယ်တစ်ယောက်ရှိ၏။ထိုသူကြွယ်သည် ရသေ့တစ်ပါးကို တောကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းပြီး ဆွမ်းကွမ်းကိစ္စများလည်း လိုလေသေးမရှိအောင် ပြုစုထောက်ပံ့ထားသည်။သူကြွယ်က ထိုရသေ့၏ အပြောအဆို အနေအထိုင်အပြုအမူများအပေါ် အလွန်ကြည်ညိုလေးစားလေသည်။ကြည်ညိုစရာကောင်းသော ထိုရသေ့၏ ဒါယိကာရင်းတစ်ယောက်အဖြစ်လည်း သူ့ကိုယ်သူဂုဏ်ယူမဆုံးဖြစ်နေ၏။

တစ်နေ့တွင် သူပိုင်သော ရွှေစင်ပိဿာတစ်ရာကို ခိုးသူလုယက်သူများလက်မှ ကြိုတင်ကာကွယ်သည့်အနေနှင့် လျှို့ဝှက်သိမ်းဆည်းထားရန် စဉ်းစားမိသည်။ဘယ်နေရာမှာသိမ်းဆည်းလျှင် ကောင်းမလဲဟုတွေးတောရင်း သူတော်စင်ရသေ့ကိုမြင်ယောင်ပြီး အကြံရသွားသည်။သို့နှင့် ရသေ့ရှိရာ ကျောင်းသင်္ခမ်းသို့သွားသည်။ကျောင်သင်္ခမ်းအတွင်းရှိ မြေတစ်နေရာတွင် သူ၏ရွှေစင်ပိဿာတစ်ရာကိုမြှုပ်ပြီး ရသေ့အား ကြည့်ရှုစောင့်ရှောက်ပေးပါရန် လျှောက်ထားသည်။ထိုအခါ ရသေ့က ခါးခါးသီးသီးငြင်းသည်။သူတော်ကောင်းနှင့် ရွှေငွေရတနာ လုံးဝမအပ်စပ်ကြောင်း၊ ဝတ္ထုပစ္စည်း ကာမဂုဏ်တို့ကိုမုန်းတီး၍ လူဝတ်ကြောင်ကိုစွန့်ကာ ရသေ့ဝတ်ခဲ့ကြောင်း၊ ထိုပစ္စည်းတို့သည် သူ့လိုရသေ့ရဟန်းအတွက် ရွံစရာ။မသဒီစရာ အညစ်အကြေးဖြစ်ကြောင်း ရှင်းပြသည်။ဒါယိကာသူကြွယ်သည် ရသေ့ကို တောင်းပန်စကားပြောရသည်။သို့သော်လည်း သူ၏ရွှေစင်များကိုမူ ပို၍စိတ်ချလက်ချထားခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ ရသေ့က သူကြွယ်ကို လာနှုတ်ဆက်သည်။လူများနှင့်ရောယှက်နေထိုင်ခြင်းဖြင့် ကိလေသာအညစ်အကြေးကြားမှာ နေရသလိုဖြစ်နေသောကြောင့် ထိုအညစ်အကြေးကြားမှရုန်းထွက်၍ တစ်ဆင့်တက်ကာ တရားကျင့်ကြံတော့မည်ဖြစ်ကြောင်းပြောပြီး ထွက်သွားတော့သည်။ရသေ့ထွက်သွားပြီးနောက်မကြာမီ ဘုရားလောင်းကုန်သည်သည် ခရီးသွားရင်းသူကြွယ်၏နေအိမ်၌ ခဏတာတည်းခိုခွင့်ပြုပါရန် ခွင့်တောင်းသည်။သူကြွယ်ကလည်း တည်းခိုခွင့်ပြုလိုက်သည်။ထိုအချိန်မှာပင် ရသေ့ပြန်လာသည်ကိုတွေ့သဖြင့် သူကြွယ်က အကျိုးအကြောင်းမေးလျှောက်သည်။ရသေ့က သူ၏ဆံထုံးကြားမှ မြက်ပင်လေးတစ်ပင်ကိုယူ၍ သူကြွယ်ကိုပေးသည်။သူကြွယ်၏အိမ်အမိုးမှ မြက်ပင်တစ်ပင်သည် သူ၏ဆံထုံးနှင့်ငြိ၍ ကပ်ပါသွားခဲ့ကြောင်း၊ အဒိန္နာဒါန်မြောက်မည်စိုး၍ ထိုမြက်ပင်ကို ပိုင်ရှင်သူကြွယ်ထံ ပြန်လာအပ်ရခြင်းဖြစ်ကြောင်းပြောပြီး ပြန်ထွက်သွားသည်။သူကြွယ်က သူကိုးကွယ်သော ရသေ့သည် ထိုမျှစင်ကြယ်သူဖြစ်ကြောင်း ဂုဏ်ယူစွာပြောသည်။

အတွေ့အကြုံများ၍ ပညာဗဟုသုတနှင့်ပြည့်စုံသော ဘုရားလောင်းက ထိုရသေ့ကို သင်္ကာမကင်းဖြစ်မိသည်။ထို့ကြောင့် သူကြွယ်ကို ထိုရသေ့နှင့် ပစ္စည်းဥစ္စာအဆက်အဆံ ရှိ၊ မရှိ မေးသည်။ဘာအဆက်အဆံမှမရှိကြောင်းနှင့် သူ၏ရွှေစင်ပိဿာတစ်ရာ ကျောင်းသင်္ခမ်းထဲမှာမြှုပ်ထား၍ ထိုပစ္စည်းများကိုကြည့်ရှုထားပါရန်ပြောတာကိုပင် လက်မခံကြောင်းရှင်းပြသည်။သူကြွယ်စကားကြားသည်နှင့် ဘုရားလောင်းက ချက်ချင်းပင် ထိုရွှေစင်တစ်ရာမြှုပ်နှံထားသောနေရာသို့ လိုက်ပြခိုင်းသည်။ထိုနေရာသို့ရောက်၍ တူးဖေါ်ကြည့်သောအခါ ရွှေစင်တစ်စပင် မကျန်တော့သည်ကိုတွေ့ရသည်။

နှစ်ယောက်သား ရသေ့သွားရာလမ်းအတိုင်းလိုက်ခဲ့ရာ လမ်းတွင် ထိုရသေ့ကိုတွေ့လေသည်။သူကြွယ်က သူ၏ရွှေစင်တစ်ရာကို ယူသွားသလားဟုမေးသောအခါ ရသေ့က သူ့လိုသူတော်စင်ကိုစွပ်စွဲရပါမည်လားဟု စိတ်ဆိုးမာန်ဆိုးပြောလေသည်။ဘုရားလောင်းနှင့် သူကြွယ်တို့နှစ်ယောက် ရသေ့ကိုချုပ်နှောင်၍ ဇွတ်အတင်းရှာဖွေတော့မှ သူကြွယ်၏ ရွှေစင်တစ်ရာကို ပြန်လည်ရရှိလေတော့သည်။

ဘုရားလောင်းကုန်သည်က "တချို့လူများသည် အံ့ဩစရာကောင်းလောက်အောင် ဟန်ဆောင်ကောင်းကြတယ် သူကြွယ်ကြီး" ဟု မှတ်ချက်ချသည်။

ဟန်ဆောင်သူတစ်ယောက်မှာ ရည်ရွယ်ချက်ရှိပါသည်။ဆိုးသည်ကောင်းသည်မှာ ထိုရည်ရွယ်ချက်ပေါ်တွင် မူတည်ပါသည်။

ဆရာဝန်တစ်ယောက်အဖြစ် ဟန်ဆောင်သူသည် ဆရာဝန်အဝတ်အစား၊ ဆရာဝန်တစ်ယောက်အတွက် လိုအပ်သောအသုံးအဆောင်ပစ္စည်း၊ ဆရာဝန်တစ်ယောက်၏ လူနာအပေါ်ထားရှိရမည့် စိတ်နေစိတ်ထားများကိုသိရှိပြီး ထိုအတိုင်းပြင်ဆင်လုပ်ဆောင်ကြရသည်။
အမှန်တကယ်ဆေးကုသမှုမပေးနိုင်သည်ကလွဲလျှင် ဆရာဝန်တစ်ယောက်ပုံစံ တကယ်ကိုပေါက်ပါသည်။အပြင်ပန်းသက်သက်သာကြည့်မည်ဆိုလျှင် သာမန်ဆရာဝန်အစစ်တစ်ယောက်ထက်ပင် ပို၍ပီပြင်ပြီး လူနာတစ်ယောက်အတွက် ပို၍အားကိုးချင်စရာကောင်းနေလေသည်။သို့သော် သူ့စေတနာ သူ့ရည်ရွယ်ချက်က တခြားလူတွေအထင်ကြီးအောင်လုပ်ပြီး မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်ချင်၍လား၊ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နှင့် ရင်းနှီးချင်၍လား၊ သူရန်ငြိုးထားသော လူနာတစ်ယောက်ကို အနီးကပ်ဒုက္ခပေးချင်၍လား စသည့်အကြောင်းတစ်ခုခုကြောင့်သာ ဟန်ဆောင်ထားခြင်းဖြစ်သည်။

ကလေးမွေးစားသူအများစုကိုကြည့်လျှင် ရည်ရွယ်ချက်ကောင်းများတွေ့နိုင်သည်။တစ်သက်လုံး မိဘအရင်းလိုဟန်ဆောင်သွားကြသည်။တချို့ဆိုလျှင် မူလပတ်ဝန်းကျင်ကိုစွန့်၍ နေရာဒေသအသစ်၊ ပတ်ဝန်းကျင်အသစ်မှာနေထိုင်ပြီး မိသားစုကမ္ဘာလေး တည်ဆောက်သွားကြသည်။
သူတို့ရည်ရွယ်ချက်မှာ မိဘနှင့်သားသမီး ရင်းရင်းနှီးနှီး၊ နွေးနွေးထွေးထွေး မေတ္တာထားနိုင်ရန်၊ သားသမီးဘဝ တိုးတက်ကောင်းမွန်ရေးအတွက် ပြုစုပျိုးထောင်ရာ၌ အနှောင့်အယှက် အဟန့်အတား အထစ်အငေါ့မရှိဘဲ၊ စိတ်ဝမ်းမကွဲဘဲ စောင့်ရှောက်သွားရန်ဖြစ်သည်။ကောင်းသော၊ အပြစ်ကင်းသော၊ အကျိုးရှိသော၊ မွန်မြတ်သော ဟန်ဆောင်မှုဖြစ်သည်။

အချို့သူများကျတော့ ဟန်ဆောင်ပန်ဆောင်မွေးစားပြီး နောက်ပိုင်းမှာ ထိုကလေးကို ခိုင်းစား၊ ရောင်းစားခြင်းများပြု၍ ကိုယ်ကျိုးရှာကြလေသည်။ထိုသူမျိုးသည် ဒုက္ခရောက်နေသူများကို တကယ်မကယ်တင်ဘဲ ကယ်တင်ချင်ဟန်ဆောင်၍ ဒုက္ခထပ်ပေးကြသည်။အိမ်ထောင်ဦးစီးမရှိတော့၍ မုဆိုးမဘဝနှင့် သားသမီးများအား ထိန်းသိမ်းစောင့်ရှောက်နေသူကို ချဉ်းကပ်သည်။တကယ့်ယောင်္ကျားကောင်း၊ ခင်ပွန်းကောင်း ဟန်ဆောင်သည်။သားသမီးများအပေါ် ဖခင်ကောင်းဟန်ဆောင်သည်။မကြာမီ မင်းသားခေါင်းကျွတ်၍ ဘီလူးခေါင်းပေါ်လာသည်။မိန်းမလုပ်စာကို အခန့်သားထိုင်စားရုံမကဘဲ ဖဲရိုက် အရက်သောက် သုံးဖြုန်းပစ်သည်။အဖေအရင်းလို အားကိုးနေရှာသော မိန်းကလေးကို သားမယားပြု၍ ဘဝကိုဖျက်ဆီးသည်။သူဟန်ဆောင်သည့်ရည်ရွယ်ချက်ကိုက သူ့လောဘ၊ သူ့ရာဂအတွက်ဖြစ်သည်။

သူခိုးတစ်ယောက်ဝင်ခိုးလျှင် ငွေကြေးအချို့ပစ္စည်းအချိုု့သာ ဆုံးရှုံးသည်။ဓါးပြတိုက်ခံရလျှင် ငွေကြေးအတော်များများပါသွားသော်လည်း လျှို့ဝှက်သိမ်ထားသောပစ္စည်းများ၊ အိမ်တွင်းပစ္စည်းများ ကျန်သေးသည်။တစ်အိမ်လုံးမီးလောင်လျှင်တောင် အတွင်းပစ္စည်းများ၊ ငွေကြေးများ ကျန်သေးသည်။အိမ်ထောင်ဦးစီးတစ်ယောက် ဖေါက်ပြန်လျှင်တော့ မြေမှာမြှုပ်ထားသော အထုပ်အထည်ရော။ဘဏ်မှာအပ်ထားသောငွေကြေးရော ဘာတစ်ခုမှမကျန်နိုင်တော့ပေ။

ထိုသို့အများနှင့်ဆိုင်သော၊ အများကိုအုပ်ချုပ်ခွင့်ရနေသော၊ အများကခေါင်းဆောင်ကောင်းဟု ယုံကြည်ထားသော၊ ထိုသို့ယုံကြည်လောက်အောင် ဟန်ဆောင်ထားသူများကတော့ အပြစ်ကြီးသမားများဟု ဆိုရမည်ထင်ပါသည်။

အိမ်ထောင်ဦးစီးတိုင်း လူဆိုးမဟုတ်သလို၊ အိမ်ထောင်ဦးစီးတိုင်း လူကောင်းမဟုတ်ပါ။အဖွဲ့အစည်းခေါင်း ဆောင်တိုင်း လူဆိုးမဖြစ်နိုင်သလို၊ အဖွဲ့အစည်းခေါင်းဆောင်တိုင်း လူကောင်းမဖြစ်နိုင်ပါ။နိုင်ငံတစ်ခု၏ အုပ်ချုပ်သူတိုင်း လူဆိုးဟုပြော၍မရသလို၊ နိုင်ငံတစ်ခု၏အုပ်ချုပ်သူတိုင်းကို လူကောင်းဟုပြော၍မရပါ။

ဥပဒေအပြင်ဘက်၊ တောတွင်းနေရာများမှာ လူဆိုးလူဆိုးချင်းမို့ "ငါခေါင်းဆောင်ကောင်း" ဟု ပြောချင်မှပြောပါမည်။"ငါခေါင်းဆောင်ဆိုးကွ"ဟုပင် challenge လုပ်၍ ပြောချင်ပြောပါလိမ့်မည်။

မိသားစု၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံတော် စသည့်အဖွဲ့အစည်းများသည် လူဆိုးလူမိုက်များ ဖွဲ့စည်းထားခြင်းမဟုတ်ပါ။ယေဘုယျအားဖြင့် ရိုးသားသူများ၊ လူကောင်းများ ဖွဲ့စည်းထားသည်ဟုပင် ဆိုနိုင်ပါသည်။ထိုအဖွဲ့အစည်းမျိုးတွင် "ငါခေါင်းဆောင်ဆိုးကွ" ဟု မည်သူမှမပြောပါ။တကယ်ခေါင်းဆောင်ကောင်း အစစ်ဖြစ်လျှင်ဖြစ်၊ သို့မဟုတ်လျှင် ခေါင်းဆောင်ကောင်းအဖြစ် ဟန်ဆောင်ကြရပါမည်။

"ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု" ၍ အများအတွက် အသက်ပေးရန်ဝန်မလေးဘဲ၊ ကိုယ်ကျိုးစွန့်သော၊ မျက်နှာဖုံးစွပ်စရာမလိုသော ခေါင်းဆောင်များဖြစ်လျှင်တော့ ထိုအဖွဲ့အစည်း၊ ထိုမြေထိုဒေသ၊ ထိုနိုင်ငံမှာရှိသူအားလုံးအတွက် အလွန်ကံကောင်းသောလက်ဆောင် very lucky present ဆိုတာ အသေအချာပါ။

သို့သော်လည်း "ငါပြီးတော့ ငါ့မယား၊ ငါ့သမီးနဲ့ ငါ့သား၊ ငါ့မြေးနဲ့ တပည့်များ၊ ငါ့ကိုဖါးသူများ၊ ငွေလိုလား ရွှေလိုလား၊ လာထား။ငါ့ကိုမကျေနပ်ဘူးလား၊ ငါ့ကိုဆန့်ကျင်တာလား၊ ငါ့ကိုဝေဖန်သူများ၊ ငါ့မျက်နှာဖုံးဆွဲချွတ်မှာလား၊ မြို့ထဲကထွက်သွား၊ နိုင်ငံထဲကထွက်သွား၊ သွားချင်သလိုသွား၊ မသွားချင်ထောင်ထဲသွား၊ တောထဲသွား၊ မသွားချင်ဘူးလား၊ ဒါဆိုရင်တော့သေထား" ဆိုသည့် ခေါင်းဆောင်မျိုးနှင့်ဆုံလျှင်တော့ အားလုံးအတွက် အလွန်ကံမကောင်းသော လက်ဆောင် very unlucky present ပဲ ဖြစ်ရမှာပါ။သူကခေါင်းဆောင်ကောင်းအဖြစ် ဟန်ဆောင်တော့မှာလေ။

အများအတွက်၊ အဖွဲ့အစည်းအတွက် ကူညီပေးသူအဖြစ်၊ ကယ်တင်ရှင်အဖြစ် ဟန်ဆောင်ပန်ဆောင်နေရာယူပြီး ငွေကြေးပစ္စည်းဥစ္စာတွေ ယူချင်သလိုယူ၊ သုံးချင်သလိုသုံး၊ ဖြုန်းချင်သလိုဖြုန်း၊ အိုးအိမ်ခြံမြေလယ်မြေတွေ သိမ်းချင်သလိုသိမ်း၊ သူတို့ဆန္ဒရှိသူများလက်သို့ ပေးချင်သလိုပေး၊ တကယ့်ပိုင်ရှင်အစစ်တွေကိုတော့ ကရုဏာမသက်၊ ရက်ရက်စက်စက်နှင့် ဖမ်းချင်သလိုဖမ်း၊ သတ်ချင်သလိုသတ် လုပ်ပေတော့မည်။

အချို့အသည်းမာသော မျက်နှာဖုံးရှင်များဆိုလျှင် သူတို့၏မျက်နှာဖုံးကျွတ်ကျသွားသည်ကို အများကကွင်းကွင်းကွက်ကွက်မြင်သွားပြီး သူတို့၏ဟန်ဆောင်ထားသော မင်းသားမျက်နှာဖုံးကျွတ်၍ ဘီလူးရုပ်ပေါ်လာသည်ကိုပင် ကပျာကယာနှင့်အရှက်ပြေ မင်းသားမျက်နှာဖုံးကိုလည်းကောက်မစွပ်၊ အရှက်မပြေနိုင်အောင်ဖြစ်ပြီးတော့လည်း ထွက်မပြေးဘဲ အစွယ်ပြူးပြူး သွေးသံရဲရဲ ပါးစပ်ကြီးဖြဲလျက် "ငါက မင်းသားကွ၊ ငါက မင်းတို့ရဲ့ကယ်တင်ရှင်ကွ" ဟု အော်ဟစ်နေတတ်ကြပြန်သေး၏။

တကယ်ကို တချို့လူများသည်အံ့ဩစရာကောင်းလောက်အောင် ဟန်ဆောင်ကောင်းကြပါသည်။

ပြင်ပက နိုင်ငံခြားသားဘီလူးတွေကလည်း ကူညီသူလိုလို ကယ်တင်ရှင်လိုလိုနှင့် ဒီမြေဒီလူတွေကို မင်းသာခေါင်းမျက်နှာဖုံးစွပ်၍ ဒုက္ခပေးခဲ့ပါသည်။အတွင်းက အမျိုးသားဘီလူးအချို့ကလည်း ကူညီသူလိုလို၊ ကယ်တင်ရှင်လိုလိုနှင့် ဒီမြေဒီလူတွေကို မင်းသားခေါင်းမျက်နှာဖုံးစွပ်၍ ဒုက္ခတွေပေးခဲ့ပါပြီ။

လက်ရှိခေါင်းဆောင်များအလှည့်ရောက်ပါပြီ။ကိုယ်တိုင်မစွမ်းဆောင်နိုင်သော အများစုကကိုယ်စားလှယ်အဖြစ် တင်မြှောက်ထားသော ခေါင်းဆောင်များ၊ မိမိဆန္ဒအရ အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ တရားမျှတလိုစိတ်များနှင့် လှုပ်ရှားဆောင်ရွက်နေသော ခေါင်းဆောင်များ၊ မျိုးဆက်ညံ့သော်လည်း အမှန်အမှားခွဲခြားနိုင်သည့် ထူးကဲသော အသိ၊ သတိ၊ သတ္တိတို့နှင့် သမိုင်းအသစ်ကိုရေးလိုသော ခေါင်းဆောင်များပါ။

နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ပြည်သူအားလုံးအတွက် အားရှိစရာပါ။အားကိုးစရာပါ။ပြည်သူအများက ဆုတောင်းနေကြပါလိမ့်မည်။

ဘီလူးရုပ်ပေါ်သွားသော ဟန်ဆောင်သူအဆက်ဆက်ကို မမုန်းချင်နေပါ၊ ချစ်တော့မချစ်ကြပါစေနှင့်။အပြစ်မပေးချင်နေပါ၊ သူတို့ဘက်တော့မလိုက်ပါစေနှင့်။

ခေါင်းဆောင်တို့ကိုယ်တိုင်လည်း မင်းသားခေါင်းစွပ်၍လည်း ဟန်မဆောင်ပါစေနှင့်။မင်းသားခေါင်းချွတ်၍လည်း ဟန်မဆောင်ပါစေနှင့်။ဘီလူးမဖြစ်အောင် ထိန်းချုပ်နိုင်၍ ဟန်မဆောင်တတ်သော အများအကျိုးကိုဦးစားပေးသော မိမိဂုဏ်သိက္ခာကို အသက်လိုမြတ်နိုးတတ်သော ခေါင်းဆောင်ကောင်းများ ဖြစ်ပေးကြပါစေဟု။

ရိုက်မောင်း
ဇူလိုင် - ၄

( Zawgyi )

"မမ ေရွ႕ကိုေက်ာ္ရစ္လိုက္ပါဗ်ာ"

"ဘာလို႔ရစ္ရမွာလဲ၊ ဇာတ္လမ္းကအဆက္ျပတ္သြားမွာေပါ့"

"အဲဒီလူႀကီးကို မၾကည့္ခ်င္ဘူးဗ်ာ မင္းသားကို ဒီေလာက္ႏွိပ္စက္ေနတာ မေတြ႕ဘူးလား"

"ဒီဇာတ္လမ္းထဲမွာ သူကလူၾကမ္းပဲဟာ၊ ႏွိပ္စက္မွာေပါ့"

"ဒီလူႀကီးက ဇာတ္လမ္းတိုင္း မင္းသားကိုႏွိပ္စက္လိုက္၊ မင္းသမီးကိုအႏိုင္က်င့္လိုက္နဲ႔။သူ႔မ်က္လုံးေတြ သူ႔အမူအရာေတြက အရမ္း႐ြံဖို႔ေကာင္းတာပဲ"

"အဲဒါ သူသ႐ုပ္ေဆာင္တာေကာင္းလို႔ေပါ့ ေမာင္ေလးရဲ႕"

"မဟုတ္ဘူးမမ။သူကအရမ္းမိုက္႐ိုင္းတယ္။ဟိုေန႔ကၾကည့္တဲ့ကားထဲမွာဆို သူ႔သမီးကို အရမ္းႏွိပ္စက္တာပဲ။ဆူလိုက္ဆဲလိုက္နဲ႔။အေမကိုလည္း ျပႆနာရွာတယ္။ဓါးနဲ႔ေတာင္လိုက္ခုတ္တယ္။အရက္ကလည္းေသာက္ထားေသးတယ္။ဒီလူႀကီးအက်င့္ကိုမေကာင္းဘူး။သူ႔ပုံစံကိုၾကည့္ပါလား၊ သူမ်ားကိုဒုကၡေပးဖို႔ပဲ ႀကံစည္ေနတဲ့႐ုပ္ႀကီး။အျပင္မွာဆို ဒီထက္ေတာင္ဆိုးဦးမယ္။ေတာ္ၿပီဗ်ာမၾကည့္ေတာ့ဘူး"

ကြၽန္ေတာ့ သမီးႏွင့္ သား Video ေခြၾကည့္ေနရင္း ေျပာေနၾကတာပါ။သားျဖစ္သူက သ႐ုပ္ေဆာင္လူၾကမ္းကို ၾကည့္မရျဖစ္ၿပီး မေက်မနပ္ႏွင့္ထြက္သြားပါေတာ့သည္။

အႏုပညာရွင္တို႔၏ သ႐ုပ္ေဆာင္မႈအတတ္ပညာက တကယ့္ကိုအံ့မခန္းပါပဲ။သူတို႔သ႐ုပ္ေဆာင္ပီျပင္မႈေၾကာင့္ ပရိသတ္၏ အမုန္းခံၾကရသည္။အခ်စ္ခံၾကရသည္။

အျပင္မွာအရက္မေသာက္တတ္သူက ဇာတ္လမ္းထဲမွာ အရက္ခ်ိဳးကပ္ေနသူလို သ႐ုပ္ေဆာင္ၾကသည္။အရက္ကိုမျပတ္ေသာက္တတ္သူကလည္း၊ ဘုရားဒကာလိုသ႐ုပ္ေဆာင္သည္။အျပင္မွာ အက်င့္စာရိတၱေကာင္းမြန္ၿပီး၊ ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္သူကလည္း ဇာတ္လမ္းအရ အက်င့္စ႐ိုက္ဆိုးသူ၊ မိန္းကေလးေတြကို ဘဝပ်က္ေအာင္ဖ်က္ဆီးသူအျဖစ္ သ႐ုပ္ေဆာင္ရသည္။အျပင္မွာမာနႀကီးသူသည္လည္း၊ ဇာတ္လမ္းထဲမွာ မာနကင္းၿပီး ႏွိမ့္ခ်႐ို႕က်ိဳးသူအျဖစ္ သ႐ုပ္ေဆာင္ႏိုင္ၾကပါသည္။

တကယ္ေတာ့၊ သ႐ုပ္ေဆာင္အႏုပညာရွင္မ်ားသည္ ဟန္ေဆာင္သူမ်ားျဖစ္ပါသည္။အရက္သမားဟန္ေဆာင္သည္၊ ဘုရားဒကာဟန္ေဆာင္သည္။မိန္ကေလးတစ္ေယာက္ကို ေစ့ေစ့မွမၾကည့္ရဲေသာ ႐ိုးသားသူအျဖစ္ဟန္ေဆာင္သည္။မိန္းကေလးတစ္ေယာက္ကို အ႐ုပ္ကေလးတစ္႐ုပ္လို ကစားခ်င္တိုင္းကစား၊ ဖ်က္ဆီးခ်င္တိုင္းဖ်က္ဆီးသူအျဖစ္ ဟန္ေဆာင္သည္။သားသမီးေကာင္း၊ မိဘေကာင္းအျဖစ္ ဟန္ေဆာင္သည္။သားသမီးဆိုး၊ မိဘဆိုးအျဖစ္လည္း ဟန္ေဆာင္ၾကသည္။

သို႔ေသာ္လည္း၊ သူတို႔ဟန္ေဆာင္ျခင္းက အျပစ္ကင္းပါသည္။ပရိသတ္ကိုေပ်ာ္ေစခ်င္ေသာ၊ သင္ခန္းစာေကာင္းရေစခ်င္ေသာ ေစတနာႏွင့္ဟန္ေဆာင္ၾကျခင္းသာျဖစ္ပါသည္။ပရိသတ္ အထင္ႀကီးေအာင္၊ အထင္ေသးေအာင္ ဟန္ေဆာင္ျခင္းမဟုတ္ပါ။ဇာတ္လမ္းအရ၊ ဇာတ္ေကာင္စ႐ိုက္ေပၚေအာင္ ဟန္ေဆာင္ေနၾကျခင္းသာျဖစ္ပါသည္။

တကယ့္လက္ေတြ႕ေလာကမွာေတာ့၊ လူတို႔သည္သူမ်ား အထင္ႀကီးေအာင္ဟန္ေဆာင္ၾကေလ၏။သူမ်ားယုံၾကည္လာေအာင္ ဟန္ေဆာင္ၾက၏။

ကိုယ္ခ်စ္ေသာ မိန္းကေလးက၊ ပန္းအလြန္ႀကိဳက္သျဖင့္ ေယာက်္ားတန္မဲ့ ပန္းခ်စ္သူအျဖစ္ဟန္ေဆာင္ၾကသည္။တခ်ိဳ႕ဆိုလွ်င္ ခ်စ္သူမိန္းကေလးအထင္ႀကီးေအာင္၊ အိမ္မွာပန္းပင္စိုက္သည္။သို႔မဟုတ္ ပန္းပြင့္ေနေသာ ပန္းအိုးကိုဝယ္ယူ၍ အိမ္မွာထားသည္။ကိုယ့္ခ်စ္သူ မိန္းကေလးက၊ ကိုယ့္ကိုျပန္ခ်စ္လာေအာင္ ဟန္ေဆာင္ျခင္းျဖစ္၏။ထိုဟန္ေဆာင္သူမ်ားသည္လည္း အျပစ္ကင္းသည္ဟု ဆိုႏိုင္ပါသည္။ထိုခ်စ္သူမိန္းကေလးကို တကယ္တန္ဖိုးထား၍၊ ျမတ္ႏိုးၾကပါသည္။တကယ္လက္ထပ္ယူ၍ သားသမီးမ်ားႏွင့္ တကယ့္မိသားစုဘဝကို ဖန္တီးတည္ေဆာက္ၾကပါသည္။

အျပစ္မကင္းေသာ ဟန္ေဆာင္သူမ်ားလည္းရွိပါသည္။မိန္းကေလးအႀကိဳက္လိုက္၍ ဟန္ေဆာင္ေနၿပီး၊ ထိုမိန္းကေလးႏွင့္အဆင္ေျပၿပီးေသာအခါ ေနာက္တစ္ေယာက္၊ ေနာက္တစ္ေယာက္ႏွင့္ ရည္းစားေတြမႈိလိုေပါက္ေအာင္ ထားၾကသည္။ထိုမိန္းကေလးေတြကိုလည္း ႏွမခ်င္းမစာနာဘဲ ဖ်က္ဆီးလိုက္ေသး၏။

တကယ္ စာကိုစိတ္မဝင္စားဘဲ မိဘဆရာသမားမ်ား အထင္ႀကီးေအာင္ စာအုပ္ႏွင့္မ်က္ႏွာမခြာဘဲ စာႀကိဳးစားသူအျဖစ္ ဟန္ေဆာင္ၾက၏။မိတ္ေဆြသူငယ္ခ်င္းမ်ားကိုလည္း သစၥာရွိသလို ဟန္ေဆာင္ေပါင္း၍ ကြယ္ရာတြင္မေကာင္းေျပာေသာသူမ်ိဳးလည္းရွိ၏။တခ်ိဳ႕ဆိုလွ်င္ ေျခမသန္၊ လက္မသန္၊ အဂၤါခ်ိဳ႕ယြင္းသူအျဖစ္ ဟန္ေဆာင္ကာ ေတာင္းရမ္းစားေသာက္တတ္၏။

တခ်ိဳ႕လူမ်ား၏ ဟန္ေဆာင္ျခင္းမ်ားသည္ တစ္ဖက္လူအတြက္ အႏၲရာယ္ႀကီးလွ၏။လမ္းေပၚ၊ ကားေပၚ၊ ရထားေပၚမွာ အဝတ္ေကာင္းေကာင္းဝတ္၊ အေမႊးရနံ႔ဆြတ္ဖ်န္းၿပီး လူေကာင္းသူေကာင္းဟန္ေဆာင္၍ ခါးပိုက္ႏႈိက္ၾကသည္။ကိုယ့္မွာ သားႀကီးမယားႀကီးရွိပါလ်က္ႏွင့္ လူပ်ိဳလူလြတ္ဟန္ေဆာင္ကာ အျခားမိန္းမပ်ိဳေလးမ်ားကို ခိုးယူေပါင္းသင္းၾက၏၊၊

အျခားလူတစ္ေယာက္ကို မိတ္ေဆြဖြဲ႕၍ျဖစ္ေစ၊ ကိုယ့္ရွိရင္းစြဲမိတ္ေဆြအေပၚမွာျဖစ္ေစ အတြင္းလူအျဖစ္ အခ်က္အလက္စုေဆာင္းၿပီး၊ ထိုမိတ္ေဆြအိမ္မွ ေငြေၾကးဥစၥာခိုးယူျခင္း၊ အႏုၾကမ္းစီး ဓါးျပတိုက္ျခင္းတို႔ ျပဳလုပ္တတ္ၾကသည္။

အလ်ဥ္းသင့္၍၊ ၅၅၀ ဇာတ္ေတာ္မွ ဟန္ေဆာင္ကြၽမ္းက်င္ေသာ ရေသ့တစ္ပါးအေၾကာင္း ေျပာျပခ်င္ပါသည္။

တစ္ခါက ႐ြာတစ္႐ြာမွာ သူႂကြယ္တစ္ေယာက္ရွိ၏။ထိုသူႂကြယ္သည္ ရေသ့တစ္ပါးကို ေတာေက်ာင္းတစ္ေက်ာင္း ေဆာက္လုပ္လႉဒါန္းၿပီး ဆြမ္းကြမ္းကိစၥမ်ားလည္း လိုေလေသးမရွိေအာင္ ျပဳစုေထာက္ပံ့ထားသည္။သူႂကြယ္က ထိုရေသ့၏ အေျပာအဆို အေနအထိုင္အျပဳအမူမ်ားအေပၚ အလြန္ၾကည္ညိဳေလးစားေလသည္။ၾကည္ညိဳစရာေကာင္းေသာ ထိုရေသ့၏ ဒါယိကာရင္းတစ္ေယာက္အျဖစ္လည္း သူ႔ကိုယ္သူဂုဏ္ယူမဆုံးျဖစ္ေန၏။

တစ္ေန႔တြင္ သူပိုင္ေသာ ေ႐ႊစင္ပိႆာတစ္ရာကို ခိုးသူလုယက္သူမ်ားလက္မွ ႀကိဳတင္ကာကြယ္သည့္အေနႏွင့္ လွ်ိဳ႕ဝွက္သိမ္းဆည္းထားရန္ စဥ္းစားမိသည္။ဘယ္ေနရာမွာသိမ္းဆည္းလွ်င္ ေကာင္းမလဲဟုေတြးေတာရင္း သူေတာ္စင္ရေသ့ကိုျမင္ေယာင္ၿပီး အႀကံရသြားသည္။သို႔ႏွင့္ ရေသ့ရွိရာ ေက်ာင္းသခၤမ္းသို႔သြားသည္။ေက်ာင္သခၤမ္းအတြင္းရွိ ေျမတစ္ေနရာတြင္ သူ၏ေ႐ႊစင္ပိႆာတစ္ရာကိုျမႇဳပ္ၿပီး ရေသ့အား ၾကည့္ရႈေစာင့္ေရွာက္ေပးပါရန္ ေလွ်ာက္ထားသည္။ထိုအခါ ရေသ့က ခါးခါးသီးသီးျငင္းသည္။သူေတာ္ေကာင္းႏွင့္ ေ႐ႊေငြရတနာ လုံးဝမအပ္စပ္ေၾကာင္း၊ ဝတၳဳပစၥည္း ကာမဂုဏ္တို႔ကိုမုန္းတီး၍ လူဝတ္ေၾကာင္ကိုစြန႔္ကာ ရေသ့ဝတ္ခဲ့ေၾကာင္း၊ ထိုပစၥည္းတို႔သည္ သူ႔လိုရေသ့ရဟန္းအတြက္ ႐ြံစရာ။မသဒီစရာ အညစ္အေၾကးျဖစ္ေၾကာင္း ရွင္းျပသည္။ဒါယိကာသူႂကြယ္သည္ ရေသ့ကို ေတာင္းပန္စကားေျပာရသည္။သို႔ေသာ္လည္း သူ၏ေ႐ႊစင္မ်ားကိုမူ ပို၍စိတ္ခ်လက္ခ်ထားခဲ့သည္။

ရက္အနည္းငယ္ၾကာၿပီးေနာက္၊ ရေသ့က သူႂကြယ္ကို လာႏႈတ္ဆက္သည္။လူမ်ားႏွင့္ေရာယွက္ေနထိုင္ျခင္းျဖင့္ ကိေလသာအညစ္အေၾကးၾကားမွာ ေနရသလိုျဖစ္ေနေသာေၾကာင့္ ထိုအညစ္အေၾကးၾကားမွ႐ုန္းထြက္၍ တစ္ဆင့္တက္ကာ တရားက်င့္ႀကံေတာ့မည္ျဖစ္ေၾကာင္းေျပာၿပီး ထြက္သြားေတာ့သည္။ရေသ့ထြက္သြားၿပီးေနာက္မၾကာမီ ဘုရားေလာင္းကုန္သည္သည္ ခရီးသြားရင္းသူႂကြယ္၏ေနအိမ္၌ ခဏတာတည္းခိုခြင့္ျပဳပါရန္ ခြင့္ေတာင္းသည္။သူႂကြယ္ကလည္း တည္းခိုခြင့္ျပဳလိုက္သည္။ထိုအခ်ိန္မွာပင္ ရေသ့ျပန္လာသည္ကိုေတြ႕သျဖင့္ သူႂကြယ္က အက်ိဳးအေၾကာင္းေမးေလွ်ာက္သည္။ရေသ့က သူ၏ဆံထုံးၾကားမွ ျမက္ပင္ေလးတစ္ပင္ကိုယူ၍ သူႂကြယ္ကိုေပးသည္။သူႂကြယ္၏အိမ္အမိုးမွ ျမက္ပင္တစ္ပင္သည္ သူ၏ဆံထုံးႏွင့္ၿငိ၍ ကပ္ပါသြားခဲ့ေၾကာင္း၊ အဒိႏၷာဒါန္ေျမာက္မည္စိုး၍ ထိုျမက္ပင္ကို ပိုင္ရွင္သူႂကြယ္ထံ ျပန္လာအပ္ရျခင္းျဖစ္ေၾကာင္းေျပာၿပီး ျပန္ထြက္သြားသည္။သူႂကြယ္က သူကိုးကြယ္ေသာ ရေသ့သည္ ထိုမွ်စင္ၾကယ္သူျဖစ္ေၾကာင္း ဂုဏ္ယူစြာေျပာသည္။

အေတြ႕အႀကဳံမ်ား၍ ပညာဗဟုသုတႏွင့္ျပည့္စုံေသာ ဘုရားေလာင္းက ထိုရေသ့ကို သကၤာမကင္းျဖစ္မိသည္။ထို႔ေၾကာင့္ သူႂကြယ္ကို ထိုရေသ့ႏွင့္ ပစၥည္းဥစၥာအဆက္အဆံ ရွိ၊ မရွိ ေမးသည္။ဘာအဆက္အဆံမွမရွိေၾကာင္းႏွင့္ သူ၏ေ႐ႊစင္ပိႆာတစ္ရာ ေက်ာင္းသခၤမ္းထဲမွာျမႇဳပ္ထား၍ ထိုပစၥည္းမ်ားကိုၾကည့္ရႈထားပါရန္ေျပာတာကိုပင္ လက္မခံေၾကာင္းရွင္းျပသည္။သူႂကြယ္စကားၾကားသည္ႏွင့္ ဘုရားေလာင္းက ခ်က္ခ်င္းပင္ ထိုေ႐ႊစင္တစ္ရာျမႇဳပ္ႏွံထားေသာေနရာသို႔ လိုက္ျပခိုင္းသည္။ထိုေနရာသို႔ေရာက္၍ တူးေဖၚၾကည့္ေသာအခါ ေ႐ႊစင္တစ္စပင္ မက်န္ေတာ့သည္ကိုေတြ႕ရသည္။

ႏွစ္ေယာက္သား ရေသ့သြားရာလမ္းအတိုင္းလိုက္ခဲ့ရာ လမ္းတြင္ ထိုရေသ့ကိုေတြ႕ေလသည္။သူႂကြယ္က သူ၏ေ႐ႊစင္တစ္ရာကို ယူသြားသလားဟုေမးေသာအခါ ရေသ့က သူ႔လိုသူေတာ္စင္ကိုစြပ္စြဲရပါမည္လားဟု စိတ္ဆိုးမာန္ဆိုးေျပာေလသည္။ဘုရားေလာင္းႏွင့္ သူႂကြယ္တို႔ႏွစ္ေယာက္ ရေသ့ကိုခ်ဳပ္ေႏွာင္၍ ဇြတ္အတင္းရွာေဖြေတာ့မွ သူႂကြယ္၏ ေ႐ႊစင္တစ္ရာကို ျပန္လည္ရရွိေလေတာ့သည္။

ဘုရားေလာင္းကုန္သည္က "တခ်ိဳ႕လူမ်ားသည္ အံ့ဩစရာေကာင္းေလာက္ေအာင္ ဟန္ေဆာင္ေကာင္းၾကတယ္ သူႂကြယ္ႀကီး" ဟု မွတ္ခ်က္ခ်သည္။

ဟန္ေဆာင္သူတစ္ေယာက္မွာ ရည္႐ြယ္ခ်က္ရွိပါသည္။ဆိုးသည္ေကာင္းသည္မွာ ထိုရည္႐ြယ္ခ်က္ေပၚတြင္ မူတည္ပါသည္။

ဆရာဝန္တစ္ေယာက္အျဖစ္ ဟန္ေဆာင္သူသည္ ဆရာဝန္အဝတ္အစား၊ ဆရာဝန္တစ္ေယာက္အတြက္ လိုအပ္ေသာအသုံးအေဆာင္ပစၥည္း၊ ဆရာဝန္တစ္ေယာက္၏ လူနာအေပၚထားရွိရမည့္ စိတ္ေနစိတ္ထားမ်ားကိုသိရွိၿပီး ထိုအတိုင္းျပင္ဆင္လုပ္ေဆာင္ၾကရသည္။
အမွန္တကယ္ေဆးကုသမႈမေပးႏိုင္သည္ကလြဲလွ်င္ ဆရာဝန္တစ္ေယာက္ပုံစံ တကယ္ကိုေပါက္ပါသည္။အျပင္ပန္းသက္သက္သာၾကည့္မည္ဆိုလွ်င္ သာမန္ဆရာဝန္အစစ္တစ္ေယာက္ထက္ပင္ ပို၍ပီျပင္ၿပီး လူနာတစ္ေယာက္အတြက္ ပို၍အားကိုးခ်င္စရာေကာင္းေနေလသည္။သို႔ေသာ္ သူ႔ေစတနာ သူ႔ရည္႐ြယ္ခ်က္က တျခားလူေတြအထင္ႀကီးေအာင္လုပ္ၿပီး မိန္းကေလးတစ္ေယာက္ကို ဆြဲေဆာင္ခ်င္၍လား၊ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ႏွင့္ ရင္းႏွီးခ်င္၍လား၊ သူရန္ၿငိဳးထားေသာ လူနာတစ္ေယာက္ကို အနီးကပ္ဒုကၡေပးခ်င္၍လား စသည့္အေၾကာင္းတစ္ခုခုေၾကာင့္သာ ဟန္ေဆာင္ထားျခင္းျဖစ္သည္။

ကေလးေမြးစားသူအမ်ားစုကိုၾကည့္လွ်င္ ရည္႐ြယ္ခ်က္ေကာင္းမ်ားေတြ႕ႏိုင္သည္။တစ္သက္လုံး မိဘအရင္းလိုဟန္ေဆာင္သြားၾကသည္။တခ်ိဳ႕ဆိုလွ်င္ မူလပတ္ဝန္းက်င္ကိုစြန႔္၍ ေနရာေဒသအသစ္၊ ပတ္ဝန္းက်င္အသစ္မွာေနထိုင္ၿပီး မိသားစုကမာၻေလး တည္ေဆာက္သြားၾကသည္။
သူတို႔ရည္႐ြယ္ခ်က္မွာ မိဘႏွင့္သားသမီး ရင္းရင္းႏွီးႏွီး၊ ေႏြးေႏြးေထြးေထြး ေမတၱာထားႏိုင္ရန္၊ သားသမီးဘဝ တိုးတက္ေကာင္းမြန္ေရးအတြက္ ျပဳစုပ်ိဳးေထာင္ရာ၌ အေႏွာင့္အယွက္ အဟန႔္အတား အထစ္အေငါ့မရွိဘဲ၊ စိတ္ဝမ္းမကြဲဘဲ ေစာင့္ေရွာက္သြားရန္ျဖစ္သည္။ေကာင္းေသာ၊ အျပစ္ကင္းေသာ၊ အက်ိဳးရွိေသာ၊ မြန္ျမတ္ေသာ ဟန္ေဆာင္မႈျဖစ္သည္။

အခ်ိဳ႕သူမ်ားက်ေတာ့ ဟန္ေဆာင္ပန္ေဆာင္ေမြးစားၿပီး ေနာက္ပိုင္းမွာ ထိုကေလးကို ခိုင္းစား၊ ေရာင္းစားျခင္းမ်ားျပဳ၍ ကိုယ္က်ိဳးရွာၾကေလသည္။ထိုသူမ်ိဳးသည္ ဒုကၡေရာက္ေနသူမ်ားကို တကယ္မကယ္တင္ဘဲ ကယ္တင္ခ်င္ဟန္ေဆာင္၍ ဒုကၡထပ္ေပးၾကသည္။အိမ္ေထာင္ဦးစီးမရွိေတာ့၍ မုဆိုးမဘဝႏွင့္ သားသမီးမ်ားအား ထိန္းသိမ္းေစာင့္ေရွာက္ေနသူကို ခ်ဥ္းကပ္သည္။တကယ့္ေယာက်ၤားေကာင္း၊ ခင္ပြန္းေကာင္း ဟန္ေဆာင္သည္။သားသမီးမ်ားအေပၚ ဖခင္ေကာင္းဟန္ေဆာင္သည္။မၾကာမီ မင္းသားေခါင္းကြၽတ္၍ ဘီလူးေခါင္းေပၚလာသည္။မိန္းမလုပ္စာကို အခန႔္သားထိုင္စား႐ုံမကဘဲ ဖဲ႐ိုက္ အရက္ေသာက္ သုံးျဖဳန္းပစ္သည္။အေဖအရင္းလို အားကိုးေနရွာေသာ မိန္းကေလးကို သားမယားျပဳ၍ ဘဝကိုဖ်က္ဆီးသည္။သူဟန္ေဆာင္သည့္ရည္႐ြယ္ခ်က္ကိုက သူ႔ေလာဘ၊ သူ႔ရာဂအတြက္ျဖစ္သည္။

သူခိုးတစ္ေယာက္ဝင္ခိုးလွ်င္ ေငြေၾကးအခ်ိဳ႕ပစၥည္းအခ်ိဳု႔သာ ဆုံးရႈံးသည္။ဓါးျပတိုက္ခံရလွ်င္ ေငြေၾကးအေတာ္မ်ားမ်ားပါသြားေသာ္လည္း လွ်ိဳ႕ဝွက္သိမ္ထားေသာပစၥည္းမ်ား၊ အိမ္တြင္းပစၥည္းမ်ား က်န္ေသးသည္။တစ္အိမ္လုံးမီးေလာင္လွ်င္ေတာင္ အတြင္းပစၥည္းမ်ား၊ ေငြေၾကးမ်ား က်န္ေသးသည္။အိမ္ေထာင္ဦးစီးတစ္ေယာက္ ေဖါက္ျပန္လွ်င္ေတာ့ ေျမမွာျမႇဳပ္ထားေသာ အထုပ္အထည္ေရာ။ဘဏ္မွာအပ္ထားေသာေငြေၾကးေရာ ဘာတစ္ခုမွမက်န္ႏိုင္ေတာ့ေပ။

ထိုသို႔အမ်ားႏွင့္ဆိုင္ေသာ၊ အမ်ားကိုအုပ္ခ်ဳပ္ခြင့္ရေနေသာ၊ အမ်ားကေခါင္းေဆာင္ေကာင္းဟု ယုံၾကည္ထားေသာ၊ ထိုသို႔ယုံၾကည္ေလာက္ေအာင္ ဟန္ေဆာင္ထားသူမ်ားကေတာ့ အျပစ္ႀကီးသမားမ်ားဟု ဆိုရမည္ထင္ပါသည္။

အိမ္ေထာင္ဦးစီးတိုင္း လူဆိုးမဟုတ္သလို၊ အိမ္ေထာင္ဦးစီးတိုင္း လူေကာင္းမဟုတ္ပါ။အဖြဲ႕အစည္းေခါင္း ေဆာင္တိုင္း လူဆိုးမျဖစ္ႏိုင္သလို၊ အဖြဲ႕အစည္းေခါင္းေဆာင္တိုင္း လူေကာင္းမျဖစ္ႏိုင္ပါ။ႏိုင္ငံတစ္ခု၏ အုပ္ခ်ဳပ္သူတိုင္း လူဆိုးဟုေျပာ၍မရသလို၊ ႏိုင္ငံတစ္ခု၏အုပ္ခ်ဳပ္သူတိုင္းကို လူေကာင္းဟုေျပာ၍မရပါ။

ဥပေဒအျပင္ဘက္၊ ေတာတြင္းေနရာမ်ားမွာ လူဆိုးလူဆိုးခ်င္းမို႔ "ငါေခါင္းေဆာင္ေကာင္း" ဟု ေျပာခ်င္မွေျပာပါမည္။"ငါေခါင္းေဆာင္ဆိုးကြ"ဟုပင္ challenge လုပ္၍ ေျပာခ်င္ေျပာပါလိမ့္မည္။

မိသားစု၊ ဘာသာေရး၊ လူမႈေရး၊ စီးပြားေရး၊ ပညာေရး၊ ႏိုင္ငံေတာ္ စသည့္အဖြဲ႕အစည္းမ်ားသည္ လူဆိုးလူမိုက္မ်ား ဖြဲ႕စည္းထားျခင္းမဟုတ္ပါ။ေယဘုယ်အားျဖင့္ ႐ိုးသားသူမ်ား၊ လူေကာင္းမ်ား ဖြဲ႕စည္းထားသည္ဟုပင္ ဆိုႏိုင္ပါသည္။ထိုအဖြဲ႕အစည္းမ်ိဳးတြင္ "ငါေခါင္းေဆာင္ဆိုးကြ" ဟု မည္သူမွမေျပာပါ။တကယ္ေခါင္းေဆာင္ေကာင္း အစစ္ျဖစ္လွ်င္ျဖစ္၊ သို႔မဟုတ္လွ်င္ ေခါင္းေဆာင္ေကာင္းအျဖစ္ ဟန္ေဆာင္ၾကရပါမည္။

"ထႂကြႏိုးၾကား၊ သနားသည္းခံ၊ ေဝဖန္ေထာက္ရႈ" ၍ အမ်ားအတြက္ အသက္ေပးရန္ဝန္မေလးဘဲ၊ ကိုယ္က်ိဳးစြန႔္ေသာ၊ မ်က္ႏွာဖုံးစြပ္စရာမလိုေသာ ေခါင္းေဆာင္မ်ားျဖစ္လွ်င္ေတာ့ ထိုအဖြဲ႕အစည္း၊ ထိုေျမထိုေဒသ၊ ထိုႏိုင္ငံမွာရွိသူအားလုံးအတြက္ အလြန္ကံေကာင္းေသာလက္ေဆာင္ very lucky present ဆိုတာ အေသအခ်ာပါ။

သို႔ေသာ္လည္း "ငါၿပီးေတာ့ ငါ့မယား၊ ငါ့သမီးနဲ႔ ငါ့သား၊ ငါ့ေျမးနဲ႔ တပည့္မ်ား၊ ငါ့ကိုဖါးသူမ်ား၊ ေငြလိုလား ေ႐ႊလိုလား၊ လာထား။ငါ့ကိုမေက်နပ္ဘူးလား၊ ငါ့ကိုဆန႔္က်င္တာလား၊ ငါ့ကိုေဝဖန္သူမ်ား၊ ငါ့မ်က္ႏွာဖုံးဆြဲခြၽတ္မွာလား၊ ၿမိဳ႕ထဲကထြက္သြား၊ ႏိုင္ငံထဲကထြက္သြား၊ သြားခ်င္သလိုသြား၊ မသြားခ်င္ေထာင္ထဲသြား၊ ေတာထဲသြား၊ မသြားခ်င္ဘူးလား၊ ဒါဆိုရင္ေတာ့ေသထား" ဆိုသည့္ ေခါင္းေဆာင္မ်ိဳးႏွင့္ဆုံလွ်င္ေတာ့ အားလုံးအတြက္ အလြန္ကံမေကာင္းေသာ လက္ေဆာင္ very unlucky present ပဲ ျဖစ္ရမွာပါ။သူကေခါင္းေဆာင္ေကာင္းအျဖစ္ ဟန္ေဆာင္ေတာ့မွာေလ။

အမ်ားအတြက္၊ အဖြဲ႕အစည္းအတြက္ ကူညီေပးသူအျဖစ္၊ ကယ္တင္ရွင္အျဖစ္ ဟန္ေဆာင္ပန္ေဆာင္ေနရာယူၿပီး ေငြေၾကးပစၥည္းဥစၥာေတြ ယူခ်င္သလိုယူ၊ သုံးခ်င္သလိုသုံး၊ ျဖဳန္းခ်င္သလိုျဖဳန္း၊ အိုးအိမ္ၿခံေျမလယ္ေျမေတြ သိမ္းခ်င္သလိုသိမ္း၊ သူတို႔ဆႏၵရွိသူမ်ားလက္သို႔ ေပးခ်င္သလိုေပး၊ တကယ့္ပိုင္ရွင္အစစ္ေတြကိုေတာ့ က႐ုဏာမသက္၊ ရက္ရက္စက္စက္ႏွင့္ ဖမ္းခ်င္သလိုဖမ္း၊ သတ္ခ်င္သလိုသတ္ လုပ္ေပေတာ့မည္။

အခ်ိဳ႕အသည္းမာေသာ မ်က္ႏွာဖုံးရွင္မ်ားဆိုလွ်င္ သူတို႔၏မ်က္ႏွာဖုံးကြၽတ္က်သြားသည္ကို အမ်ားကကြင္းကြင္းကြက္ကြက္ျမင္သြားၿပီး သူတို႔၏ဟန္ေဆာင္ထားေသာ မင္းသားမ်က္ႏွာဖုံးကြၽတ္၍ ဘီလူး႐ုပ္ေပၚလာသည္ကိုပင္ ကပ်ာကယာႏွင့္အရွက္ေျပ မင္းသားမ်က္ႏွာဖုံးကိုလည္းေကာက္မစြပ္၊ အရွက္မေျပႏိုင္ေအာင္ျဖစ္ၿပီးေတာ့လည္း ထြက္မေျပးဘဲ အစြယ္ျပဴးျပဴး ေသြးသံရဲရဲ ပါးစပ္ႀကီးၿဖဲလ်က္ "ငါက မင္းသားကြ၊ ငါက မင္းတို႔ရဲ႕ကယ္တင္ရွင္ကြ" ဟု ေအာ္ဟစ္ေနတတ္ၾကျပန္ေသး၏။

တကယ္ကို တခ်ိဳ႕လူမ်ားသည္အံ့ဩစရာေကာင္းေလာက္ေအာင္ ဟန္ေဆာင္ေကာင္းၾကပါသည္။

ျပင္ပက ႏိုင္ငံျခားသားဘီလူးေတြကလည္း ကူညီသူလိုလို ကယ္တင္ရွင္လိုလိုႏွင့္ ဒီေျမဒီလူေတြကို မင္းသာေခါင္းမ်က္ႏွာဖုံးစြပ္၍ ဒုကၡေပးခဲ့ပါသည္။အတြင္းက အမ်ိဳးသားဘီလူးအခ်ိဳ႕ကလည္း ကူညီသူလိုလို၊ ကယ္တင္ရွင္လိုလိုႏွင့္ ဒီေျမဒီလူေတြကို မင္းသားေခါင္းမ်က္ႏွာဖုံးစြပ္၍ ဒုကၡေတြေပးခဲ့ပါၿပီ။

လက္ရွိေခါင္းေဆာင္မ်ားအလွည့္ေရာက္ပါၿပီ။ကိုယ္တိုင္မစြမ္းေဆာင္ႏိုင္ေသာ အမ်ားစုကကိုယ္စားလွယ္အျဖစ္ တင္ေျမႇာက္ထားေသာ ေခါင္းေဆာင္မ်ား၊ မိမိဆႏၵအရ အမ်ိဳးခ်စ္စိတ္၊ ႏိုင္ငံခ်စ္စိတ္၊ တရားမွ်တလိုစိတ္မ်ားႏွင့္ လႈပ္ရွားေဆာင္႐ြက္ေနေသာ ေခါင္းေဆာင္မ်ား၊ မ်ိဳးဆက္ညံ့ေသာ္လည္း အမွန္အမွားခြဲျခားႏိုင္သည့္ ထူးကဲေသာ အသိ၊ သတိ၊ သတၱိတို႔ႏွင့္ သမိုင္းအသစ္ကိုေရးလိုေသာ ေခါင္းေဆာင္မ်ားပါ။

ႏိုင္ငံအတြက္၊ လူမ်ိဳးအတြက္၊ ျပည္သူအားလုံးအတြက္ အားရွိစရာပါ။အားကိုးစရာပါ။ျပည္သူအမ်ားက ဆုေတာင္းေနၾကပါလိမ့္မည္။

ဘီလူး႐ုပ္ေပၚသြားေသာ ဟန္ေဆာင္သူအဆက္ဆက္ကို မမုန္းခ်င္ေနပါ၊ ခ်စ္ေတာ့မခ်စ္ၾကပါေစႏွင့္။အျပစ္မေပးခ်င္ေနပါ၊ သူတို႔ဘက္ေတာ့မလိုက္ပါေစႏွင့္။

ေခါင္းေဆာင္တို႔ကိုယ္တိုင္လည္း မင္းသားေခါင္းစြပ္၍လည္း ဟန္မေဆာင္ပါေစႏွင့္။မင္းသားေခါင္းခြၽတ္၍လည္း ဟန္မေဆာင္ပါေစႏွင့္။ဘီလူးမျဖစ္ေအာင္ ထိန္းခ်ဳပ္ႏိုင္၍ ဟန္မေဆာင္တတ္ေသာ အမ်ားအက်ိဳးကိုဦးစားေပးေသာ မိမိဂုဏ္သိကၡာကို အသက္လိုျမတ္ႏိုးတတ္ေသာ ေခါင္းေဆာင္ေကာင္းမ်ား ျဖစ္ေပးၾကပါေစဟု။

႐ိုက္ေမာင္း
ဇူလိုင္ - ၄