【 ဆောင်းပါး】နိုင်ငံတကာတရုတ်ကုန်သွယ်ရေးစင်တာ

【 ဆောင်းပါး 】နိုင်ငံတကာတရုတ်ကုန်သွယ်ရေးစင်တာ 

နိုင်ငံတကာ တရုတ်ကုန်သွယ်ရေးစင်တာInternational China Trade Center (ICTC) ဟာ  တရုတ်နိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတွေအကြား ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ ကုန်သွယ်မှုကို မြှင့်တင်ပေးတဲ့ စင်တာတစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာ တရုတ်ကုန်သွယ်ရေးစင်တာဟာ ပေကျင်းမှာ ၂၀၀၁ ခုနှစ်က  စတင်တည်ထောင်ခဲ့တာဖြစ်ပြီး  ကမ္ဘာတစ်ဝှမ်းက  အဖွဲ့ဝင်များနဲ့အတူ အကျိုးအမြတ်မယူတဲ့  ကော်ပိုရေးရှင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

နိုင်ငံတကာ တရုတ်ကုန်သွယ်ရေးစင်တာInternational China Trade Center ICTC တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့  တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ချဲ့ထွင်ဖို့၊ တရုတ်နဲ့ အခြားကမ္ဘာ့နိုင်ငံတွေကြား နိုင်ငံတကာကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေဖို့ နဲ့ နိုင်ငံတကာကုန်သွယ်မှု လွယ်ကူချောမွေ့စေဖို့နဲ့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ဖြစ်တယ်လို့သိရပါတယ်။

ဒါအပြင် အဆိုပါ ကုန်သွယ်ရေးစင်တာဟာ နောက်ဆုံးပေါ်စျေးကွက်လမ်းကြောင်းများအကြောင်းလေ့လာဖို့၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များရှာဖွေဖို့နဲ့ နောက်ဆုံးပေါ်ပို့ကုန်သွင်းကုန်စည်းမျဉ်းများရယူဖို့အပြင် တရုတ်နဲ့ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီများအတွက် ပလက်ဖောင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါ စင်တာဟာ ဧရိယာစတုရန်းမီတာ ၄.၂ သန်းကို လွှမ်းခြုံထားပြီး နိုင်ငံတကာ ကုန်သွယ်မှုဈေးကွက်၊ ပြပွဲစင်တာ၊ ထောက်ပံ့ပို့ဆောင်ရေးစင်တာနဲ့ e-commerce စင်တာတို့အပါအဝင် ကဏ္ဍများစွာ ပါဝင်တယ်လို့သိရပါတယ်။

နိုင်ငံတကာ တရုတ်ကုန်သွယ်ရေးစင်တာInternational China Trade Center (ICTC )ကြီးမားတဲ့ အဆောက်အဦး ဖြစ်ပြီး ပြခန်းပေါင်း ၇၀၀၀၀ ကျော်ရှိပြီး  နေ့စဉ်ဧည့်သည် နှစ်သိန်း (၂၀၀၀၀၀)လာရောက်လေ့ရှိတယ်လို့သိရပါတယ်။ ပြခန်းတွေမှာတော့  လူသုံးကုန်ပစ္စည်းအသေးစားတွေ၊ အထည်အလိပ်တွေ၊ လက်ဝတ်ရတနာတွေနဲ့ လျှပ်စစ်ပစ္စည်းတွေအပါအဝင်  ကုန်စည်မျိုးစုံကိုပြသလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ပြပွဲစင်တာမှာ တစ်နှစ်ပတ်လုံး ကုန်စည်ပြပွဲတွေနဲ့  ပွဲလမ်းသဘင်တွေကို ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းမှ ထောင်နဲ့ချီသော စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  လာရောက်ကြည့်ရှုသူတွေကို ဆွဲဆောင်ထားတယ်လို့ သိရပါတယ်။

နိုင်ငံတကာ တရုတ်ကုန်သွယ်ရေးစင်တာInternational China Trade Center (ICTC) ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတွေနဲ့ ဒေသပေါင်း ၂၀၀ ကျော်က ဝယ်ယူသူတွေနဲ့ ရောင်းချသူတွေကို ဆွဲဆောင်နိုင်တဲ့  နိုင်ငံတကာကုန်သွယ်မှုအတွက် အချက်အချာဖြစ်လာတယ်လို့လည်းသိရပါတယ်။ ဒါအပြင် အဆိုပါ ကုန်သွယ်ရေးစင်တာဟာ  ပတ်ဝန်းကျင်ဒေသတွေရဲ့ စီးပွားရေးတိုးတက်မှုကို သိသိသာသာ ပံ့ပိုးပေးနိုင်ပြီး  အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ကာ  စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်တယ်လို့သိရပါတယ်။

အဆိုပါစင်တာဟာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို လွယ်ကူချောမွေ့စေဖို့အတွက်  တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေအကြား စီးပွားရေးကွန်ရက် ချိတ်ဆက်မှုကို လုပ်ဆောင်နိုင်တဲ့အပြင်တရုတ်နိုင်ငံနဲ့  အခြားနိုင်ငံတွေကြား ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ပေးလျက်ရှိတယ်လို့သိရပါတယ်။

ဒါကြောင့် အဆိုပါ နိုင်ငံတကာ တရုတ်ကုန်သွယ်ရေးစင်တာInternational China Trade Center (ICTC) မှာ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတွေ၊ ဘာသာစကားသင်တန်းတွေကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိတယ်လို့ သိရပါတယ်။

ကရင်လေး(အိမ်မဲ)