【 ဆောင်းပါး 】ကိုဗစ်ပေါ်လစီအပြောင်းအလဲနှင့် ကူးစက်မှုကိန်းဂဏန်းများ

【 ဆောင်းပါး 】ကိုဗစ်ပေါ်လစီအပြောင်းအလဲနှင့် ကူးစက်မှုကိန်းဂဏန်းများ

ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါအပြင်းအထန်ဖြစ်ခဲ့သည့် ၃ နှစ်အကြာတွင် တင်းကျပ်သည့် ကိုဗစ်ကန့် သတ်ချက်များကို ကိုင်ဆွဲထားခဲ့သည့် တရုတ်နိုင်ငံအဖို့ ၎င်းကိုင်စွဲလာသည့် ကိုဗစ် သုညမူဝါဒမှ တစ်ဆင့်လျော့ သည့် ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်သည့် နည်းလမ်းသို့ ပြောင်းလဲရန် ဖြစ်လာခဲ့သည်။ တင်းကျပ်သည့် ကိုဗစ် သုည မူဝါဒကျင့်သုံးချိန်တွင် ကူးစက်ရောဂါကြောင့် လူဖိတ်စင်မှုကို အနည်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့သော်လည်း  သုံးနှစ်ကြာလာသည့်အခါ ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် ကမ္ဘာ့ စီးပွားရေးလျှင်မြန်စွာနာလံထူလာရန်အတွက် နဂိုကျင့်သုံးနေသည့် ကိုဗစ်ဇီရိုးဟုခေါ်သည့် ကိုဗစ်သုည မူဝါဒအစား ကမ္ဘာတစ်ဝန်း ကျင့်သုံးလာနေသည့်  ကိုဗစ် နှင့် အတူယှဉ်တွဲနေထိုင်သည့် မူဝါဒကို ပြောင်းလဲကျင့်သုံးရန်ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၇ ရက်တွင် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ကိုဗစ်သုညမူဝါဒကို လျော့ပေါ့ကာ အချက် ၁၀ ချက်ပါသည့် ကိုဗစ်ကန့်သတ်မှုစည်းမျည်းကိုချခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းက  ယင်းသို့ ပြောင်းလဲလာမှုကို ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘောဆောင်သော တွန်းအားပေးမှုအဖြစ် ယေ ဘုယျအားဖြင့် ကြိုဆိုကြသည်။ သို့သော်လည်း ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်သည့် နိုင်ငံများတွင် စတင် ကျင့်သုံးသည့်အခါတိုင်းဖြစ်လေ့ရှိသည့် ဖိတ်စင်မှုနည်းပါးသည့် ကူးစက်မှုမြင့်တက်ခြင်းသဘောသဘာ၀ကို ယခုအခါ အထိတ်တလန့် ကမ္ဘာ့နိုင်ငံအချို့က လုပ်နေကြသည်ကို တွေ့ရသည်။ ထိုသို့ အထိတ်တလန့်လုပ်နေ ခြင်းက ကပ်ရောဂါတိုက်ဖျက်ရေးဆောင်ရွက်ချက်ကို လျှော့ပေါ့ပြီး “တံခါးဖွင့်”ရန် တဖွဖွ အော်ဟစ်ကာ တောင်းဆိုခဲ့မှုများနှင့် ဖီလာဖြစ်နေပေသည်။ ထိုသို့ အမေရိကန် ကိုယ်စားပြု နိုင်ငံများက အထိတ်တလန့်လုပ် ရာတွင် တရုတ်ပြည်တွင်း ကပ်ရောဂါ အခြေအနေကြောင့် မျိုးဗီဇပြောင်း ဗိုင်းရပ်စ် အသစ် ဖြစ်ပေါ် လာနိုင် ဖွယ်ရာရှိခြင်း ဆိုသည်ကို အကြောင်းပြုပြီး တရုတ်နိုင်ငံမှ ခရီးသည်များ အပေါ် ဝင်ရောက်မှု ကန့်သတ်ရေး မူဝါဒကို ကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့ကြခြင်းဖြစ်သည်။   

ထို့အတွက် ကိုဗစ်ကူးစက်မှုနှင့် အဖိတ်အစင် ဆိုင်ရာ ကိန်းဂဏန်းများက ပြန်လည်ဆန်းစစ်ဖွယ်ဖြစ်လာ နေသည်။ ကိုဗစ်ကူးစက်မှုတွင် ယခုနောက်ဆုံးကိန်းဂဏန်းများကို ကြည့်ပါက ကမ္ဘာ့တစ်ဝန်းကူးစက်သူအရေ အ တွက် ၆၆၆ သန်းကျော်၊ သေဆုံးသူအရေအတွက် ၆.၇ သန်းကျော်ရှိနေသည်ကို တွေ့ရသည်။ အမေရိကန်တွင် ကူး စက်သူ ၁၀၂ သန်းကျော်၊ သေဆုံးသူ ၁.၁ သန်းကျော်ရှိခဲ့သည်။ တရုတ်တွင် ကူးစက်သူ လေးသိန်းခွဲကျော် ၊ သေ ဆုံးသူ ၅ထောင်ကျော်သာရှိခဲ့သည်။ ထိုနှစ်နိုင်ငံတွင် တရုတ်နိုင်ငံ၏လူဦးရေမှာ ၁.၄ ဘီလီယံရှိကာ အမေရိကန်၏ လူဦး ရေမှာ ၃၃၆ သန်းနီးပါးသာရှိသည်။ တစ်ဘီလီယံတွင် သန်းတစ်ထောင်ရှိရာ တရုတ်လူဦးရေ၏ ၄ ပုံတစ်ပုံ အောက်သာရှိသည့် အမေရိကန်တွင် ထိုမျှ သေဆုံးမှုများခဲ့သည်မှာ အဆိုပါနိုင်ငံများ၏ ကျန်းမာရေးစနစ်နှင့် အစိုး ရ၏ ကိုဗစ်ကပ်ရောဂါအပေါ် ကိုင်တွယ်မှုက အသေအပျောက်အပေါ် အဆုံးအဖြစ် ဖြစ်သွားခဲ့ဟန်တူလေ သည်။

လက်ရှိတွင် အာရှနိုင်ငံအချို့တွင် ဆောင်းရာသီနှင့် အတူ ကိုဗစ်ရောဂါဖြစ်ပွားမှုပြန်လည်တွေ့ရှိလာ နေ သည်။ ဂျပန်၊တောင်ကိုရီးယား၊ထိုင်ဝမ်တို့တွင် ကိုဗစ်ကူးစက်မှုပြန်လည်မြင့်တက်နေသလို တရုတ်နိုင်ငံတွင်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ရန် နည်းလမ်းကြောင့် ကူးစက်မှု တွေ့လာရသည်။ သို့သော် ယခုတစ်ခါ ကူးစက်မှု ပြန်တွေ့လာရခြင်းအပေါ် တရုတ်ကျန်းမာရေးအာဏာပိုင်များဘက်က စိုးရိမ်မှု မရှိသလို တရုတ်ပြည်သူအတွင်း၌လည်း ကြောင့်ကြမှုနည်းလှသည်။ ယခုဇန်နဝါရီ ၃ ရက်ကဆိုလျှင် မြို့တော်ပေကျင်းတွင် သာမန်အတိုင်း သွားလာနေသည်ကိုပင်တွေ့နေရပြီ ဖြစ်သည်။ ထိုသည်က ယခင်ကိုဗစ်သုညကျင့်သုံးစဉ်ရှိနေသည့် အခြေအနေနှင့် မတူသည့် အနေအထားဖြစ်သည်။

ယခု ကိုဗစ်နှင့် အတူယဉ်တွဲနေထိုင်ရန် နည်းလမ်းကို သုံးဖို့ ပြောင်းသည့်အခါ နိုင်ငံအတွင်း ကိုဗစ် ကာ ကွယ် ဆေးထိုးနူန်းက လူဦးရေ၏ ကိုးဆယ် ရာခိုင်နူန်းကျော်ရှိနေခြင်းဖြစ်သည်။ ထို့ပြင် ယခုကူးစက်နေသည့် အိုမီခရွန်မျိုးကွဲမှာ  ကူးစက်ခံ့ရသူ၏ ၉၉ ရာခိုင်နူန်းကို ၇ ရက်မှ ၁၀ ရက်အတွင်း အပြည်အ၀ပြန်လည် ကောင်းမွန် လာနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်‌ ဒီဇင်ဘာ ၇ရက် တွင် ကိုဗစ်နှင့် ပတ်သက်ပြီး မူဝါဒလျော့ပေါ့လိုက်သည့်အခါ ၂၀၂၃ခုနှစ် နှစ်ဆန်းတွင် ပေကျင်း၊  ရှန်ဟိုင်းစသည့်  တရုတ်နိုင်ငံ၏ အထင်ကရမြို့ကြီးများ ပြန်လည် အသက် ဝင်လာခဲ့ကာ ဇန်နဝါရီ တွင် ကျရောက်သည့် တရုတ်နှစ်သစ်ကူးပွဲတော်ဆင်နွဲရန် အရှိန်မြင့်လာ စေခဲ့ သည်။

လက်ရှိတွင် တရုတ်ခရီးသွားများဝင်ရောက်မှုအတွက် နိုင်ငံအချို့က ကိုဗစ်စစ်ဆေးမှုပြုလုပ်နေသော် လည်း ထူးခြားသည့် တွေ့ရှိမှုကို မတွေ့ရှိခဲ့သေးပေ။ အီတလီနိုင်ငံက လတ်တလော တရုတ်နိုင်ငံကနေ ရောက် ရှိလာသည့်  ကိုဗစ်-၁၉ ပိုးရှိ အဖြေထွက်ခရီးသွားတွေထဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ သက်ဆိုင်သည့်  ဗီဇမျိုးကွဲမှု အသစ်မတွေ့ရှိရဘဲ အကုန်လုံးက သိရှိပြီးသားမျိုးကွဲပိုးတွေဖြစ်ကြောင်း ဆိုသည်။ ဥရောပတိုက် ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာကလည်း  တရုတ်ခရီးသွားတွေကို ကန့်သတ်ဖို့ အကြောင်းပြချက် မရှိကြောင်းနှင့် ယခုတရုတ်နိုင်ငံမှာဖြစ်ပွားနေသည့် ဗီဇမျိုးကွဲမှာ  ဥရောပသမဂ္ဂ ဒေသတွေမှာ ဖြစ်ပွားပြီး မျိုးကွဲထဲ ပါပြီးဖြစ်ကြောင်း ဆိုထားသည်။

ထို့ကြောင့် ကမ္ဘာ့စီးပွားရေးလျှင်မြန်စွာနာလံထရေးတွင် အရေးပါသည့် ခရီးသွားကဏ္ဍကို ကန့်သတ် မည့် တရုတ်ခရီးသွားများအပေါ် ကိုဗစ်စစ်ဆေးခြင်းကို နိုင်ငံအများအပြားမှ ကျန်းမာရေး ပညာရှင်များ မလို အပ်ဟု မြင်ကြသည်။ တရုတ်ခရီးသွားများကို ဝင်ခွင့်ကန့်သတ်ရန် မလိုအပ်ဟု ယုံကြည်ကြသည့် အပြင်၊ ဥရောပနှင့် အမေရိကနိုင်ငံအချို့၏ သက်ဆိုင်ရာ စည်းမျဉ်းများ သည် သိပ္ပံနည်းကျအခြေခံမရှိရုံသာမက ကပ်ရောဂါကာကွယ်ခြင်းဆိုင်ရာ အချက်အလက်များကိုပါ လျစ်လျူရှုကာ အကျိုးသက်ရောက်မှုတွင် ပို၍ပင် အသုံးမဝင်ပေဟု ယူဆကြသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုကို သတိထားမိနေသည့် အမေရိကန်နှင့် အနောက်နိုင်ငံများအကြား ကိုဗစ်ရောဂါဖြစ်ပွားမှုမှာ အနောက်နိုင်ငံများက ပိုမြင့်မားသည်။ သို့သော် အမေရိကန်နှင့် အနောက်နိုင်ငံများ တွင် ကိုဗစ်ပြင်းထန်စဉ်ကပင် တင်းတင်းကျပ်ကျပ်စစ်ဆေးခြင်းမကျင့်သုံးခဲ့သဖြင့် ကူးစက်မှုနှင့်သေဆုံးမှု နူန်း မှာ ထုတ်ပြန်ထားသည်ထက် အဆများစွာရှိနိုင်သည်ဟု အမေရိကန်ကူးစက်ရောဂါပညာရှင် ဒေါက်တာဖော်စီ က ဆိုထားသည်။ ထိုအချက်ကိုကြည့်ပါက တရုတ်နှစ်ကူးကို အမှီပြုကာ အာရှတစ်ဝန်း တရုတ်ခရီးသွား များ ဖြင့် ဆွဲတင်ကြမည့် စီးပွားရေးနာလန်ထမှုကို ခြိမ်းခြောက်နေသည့် လက်ရှိ နိုင်ငံတကာမီဒီယာအချို့ တွင် ဖော်ပြနေသည့် မသေချာသော ကူးစက်မှုဆိုင်ရာကိန်းဂဏန်းများက နိုင်ငံရေးရည်ရွယ်ချက် ရှိနေနိုင်ပေသည်။

 

လင်းသစ်အောင်