【 ဆောင်းပါး 】ကိုဗစ်အလွန်မှာ ခရီးသွားကဏ္ဍ ပြန်လည်ဖော်ဆောင်နေတဲ့ မကာအို

【 ဆောင်းပါး 】ကိုဗစ်အလွန်မှာ ခရီးသွားကဏ္ဍ ပြန်လည်ဖော်ဆောင်နေတဲ့ မကာအို  

တရုတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကန့်သတ်မှုများ ဖြေလျှော့လိုက်ပြီးချိန်ဟာ တရုတ်နှစ်သစ်ကူးအချိန်ကာလနဲ့ တိုက်ဆိုင်နေပါတယ်။

တရုတ်နွေဦးနှစ်ကူးချိန်ခါမရောက်ခင် တစ်လလောက်အလိုကတည်းက တရုတ်မြို့ပြကြီး တွေမှာ အလုပ်လုပ်ကိုင် နေကြတဲ့ ပြည်သူတွေဟာ မိမိတို့ရဲ့နေရပ်များသို့ပြန်ပြီး နှစ်သစ်ကူးဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အချို့သော တရုတ်ပြည်သူများကလည်း ကိုဗစ်စည်းမျဉ်းများ ဖြေလျှော့ပြီးချိန်မှာ တရုတ်နိုင်ငံအတွင်း ထင်ရှားကျော်ကြားတဲ့ နေရာ‌ဒေသများသို့ ခရီးသွားလာလည်ပတ်ခဲ့ကြပါတယ်။

တရုတ်ပြည်မကြီးက ပြည်သူအများအပြား သွားရောက်လည်ပတ်တဲ့အထဲမှာ လောင်းကစားမြို့တော်ကြီးလို့ ခေါ် ဆိုရမယ့် မကာအိုဒေသလည်း ပါဝင်နေပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းမှာ တည်ရှိတဲ့ မကာအိုဒေသဟာ အထူးအုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး တောင် တရုတ်ပင်လယ်ကမ်းစပ် အနောက်ပုလဲမြစ်ဝကျွန်းပေါ်မှာ တည်ရှိပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံးသော ဒေသတစ်ခုလည်းဖြစ်ပြီး ပေါ်တူဂီရဲ့ ကိုလိုနီလက်အောက်ကိုလည်း ကျ ရောက်ခဲ့ဖူးပါတယ်။ သမိုင်းမှတ်တမ်းများအရ ၁၅၅၇ ခုနှစ်မှာ 'မင်' မင်းဆက်က မကာအိုနယ်မြေကို ကုန်သွယ် ရေးစခန်းအဖြစ် ပေါ်တူဂီသို့ ငှားရမ်းဆောင်ရွက်စေခဲ့ပြီး၊ ၁၈၈၇ ခုနှစ်အထိ မကာအိုနယ်မြေဒေသကို ပေါ်တူဂီက အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်‌။

နောက်ပိုင်းမှာ တရုတ်နိုင်ငံအတွင်းသို့ ပြန်လည်ပေါင်းစည်းခဲ့ပြီး တရုတ်ရဲ့ အောင်မြင် တဲ့ တစ်နိုင်ငံ စနစ်နှစ်ခု မူဝါဒနဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့တာဖြစ်ပါတယ်။

မကာအိုဒေသအတွင်းမှာ တရုတ်ဗိသုကာလက်ရာများနဲ့ ပေါ်တူဂီလက်ရာများ ပေါင်းစည်းမှုကို မြင်တွေ့နိုင်မှာ ဖြစ်ပြီး၊ ၂၀၀၅ ခုနှစ်အရောက်မှာတော့ မကာအိုဒေသတွင်းက ရှေးဟောင်းဗိသုကာလက်ရာတွေဟာ ယူနက် စကိုကမ္ဘာ့အမွေအနှစ်စာရင်းသို့ မှတ်တမ်းဝင်ခဲ့ပါတယ်။

မကာအိုဒေသတွင်း ကာစီနိုလောင်း ကစားလုပ်ငန်းကို ၂၉၆၂ ခုနှစ်မှာ ပထမဆုံးစတင် တရားဝင်ခွင့်ပြုခဲ့ပြီး၊ ကမ္ဘာ ပေါ်က အကြီးဆုံးလောင်းကစားလုပ် ငန်း ဖြစ်လာခဲ့ပါတယ်။လောင်းကစားခရီးသွားလုပ်ငန်းတွေ တွင်ကျယ်လာ တဲ့ မကာအိုဒေသကို အမေရိကန် နိုင်ငံရဲ့  လောင်းကစားမြို့တော် လာ့စ်ဗေးဂတ်စ်နဲ့ ခိုင်းနှိုင်းပြီး "အရှေ့လာ့စ်ဗေး ဂတ်စ်" လို့ ခေါ်ဆိုကြပါတယ်။

ယခင်က မကာအိုဒေသက ကျွန်းစုမြေတွေမှာလူနေကျဲပါးပေမယ့် ဒေသတွင်းမှာ လောင်းကစားလုပ်ငန်းတွေခေတ် စားလာချိန်မှာတော့ လူနေထူထပ်လာခဲ့သလို ကမ္ဘာတစ်ဝန်းက ခရီးသွားဧည့်သည်တွေကိုလည်း ဆွဲဆောင်နိုင်ခဲ့ ပါတယ်။

တရုတ်နိုင်ငံအတွင်း ဇန်နဝါရီ ၈ ရက်နေ့က စတင်ပြီး တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်၊ မကာအိုနဲ့ ထိုင်ဝမ်တို့ အကြား နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်လိုက်ပေးချိန်မှာ လူပေါင်းတစ်သန်းနီးပါးဟာ ခရီးသွားလာခွင့် အတွက် လျှောက်ထားခဲ့ကြပါတယ်။

မကာအိုအုပ်ချုပ်ရေးအဖွဲ့ဟာလည်း တင်းကျပ်တဲ့ ကျန်းမာရေးကန့် သတ် ချက်တွေကို ဖြေလျှော့ခဲ့သလို ကွာရာ တင်းစည်းမျဉ်းများကိုလည်း ရုတ်သိမ်းခဲ့သလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နီပေါ၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ အခြား နိုင်ငံပေါင်း ၄၁ နိုင်ငံမှ နိုင်ငံခြားခရီးသွားများကို မကာအိုဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပေးခဲ့ပြီး ဒေသ စီးပွားရေးမှီခိုနေရတဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။

မကာအိုအုပ်ချုပ်ရေးအဖွဲ့ရဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်ကို ရုပ်သိမ်းလိုက်တဲ့ ပထမဆုံးနေ့မှာပဲ တရုတ်ပြည်မ ကြီးက ဧည့်သည် ၄၀,၀၀၀ ခန့် ဝင်ရောက်လာခဲ့ပါတယ်။ မကာအိုဒေသသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှုဟာ တရုတ်နှစ်ကူးချိန်ခါ နီးကပ်လာတာနဲ့အမျှ ပိုမိုများပြားလာမယ်လို့ မကာအိုအုပ်ချုပ်ရေးအဖွဲ့က မျှော်လင့်ထား လျက်ရှိနေပါတယ်။

မကာအိုဒေသတွင်းမှ ပထမဆုံးတည်ထောင်ခဲ့တဲ့ အပန်းဖြေစခန်းကတော့ (The Venetian Macao) ဖြစ်ပါတယ်။ (The Venetian Macao) ကို အမေရိကန်ရဲ့ (Las Vegas Sands) ကုမ္ပဏီက ပိုင်ဆိုင်ပြီး အဆိုပါအပန်းဖြေစခန်းမှာ ကမ္ဘာ့ဒုတိယအကြီးဆုံးသော ကာစီနိုရုံကြီးလည်း တည်ရှိပါတယ်။

(The Venetian Macao) အပန်းဖြေစခန်းကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်မှာ တစ်နေ့လျှင် ဧည့်သည်ပေါင်း ၇၅,၀၀၀ ခန့်ကို ဧည့်ခံကြိုဆို လျက်ရှိပြီး၊ မကာအိုဒေသကို အာရှတိုက်အတွင်း အအောင်မြင်ဆုံး လောင်းကစားမြို့တော်အဖြစ် ပြောင်းလဲရာမှာ အကြီးမားဆုံး အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

မကာအို‌ဒေသတွင်းမှာ သွားလာလည်ပတ်စရာ နေရာအများအပြား တည်ရှိပြီး ပေါ်တူဂီကိုလိုနီခေတ်က လက်ရာ များကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ပေါ်တူဂီကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့တဲ့ စိန့်ပေါလ်ဘုရားရှိခိုး ကျောင်းဟာ မကာအိုရဲ့ သမိုင်းကို ထင်ဟပ်နေပြီး၊ ဘုရားကျောင်းရဲ့ ခမ်းနားတဲ့ ဗိသုကာလက်ရာများဟာ အရှေ့ တိုင်းပုံစံ မျက်နှာစာများနဲ့ ခေတ်ဆန်းဗိသုကာပုံစံများကို ရောယှက်ပြသထားတာကို လေ့လာတွေ့ရှိနိုင်မှာ ဖြစ်ပါ တယ်။

ဒါ့အပြင် မကာအိုရဲ့ အနောက်‌တောင်ဘက်ကမ်းစပ် ရေကန်အနီးမှာတည်ရှိတဲ့ မကာအိုမျှော်စင်ကြီးဟာလည်း ဒေသတွင်းကို လာရောက်လည်ပတ်တဲ့အခါ မဖြစ်မနေသွားရောက်သင့်တဲ့ နေရာတစ်ခုဖြစ်ပြီး အဆိုပါမျှော် စင် ကြီး ဟာ ၃၃၈ မီတာ အမြင့်ရှိသလို မကာအိုမြို့ရဲ့ ရင်သပ်ရှုမောဖွယ်အလှအပတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ် ပါတယ်။

တရုတ်တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒအောက်မှာ အမြဲမပြတ်ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ တရုတ်နိုင်ငံအတွင်းက အထူးအုပ်ချုပ် ခွင့်ရဒေသတစ်ခုဖြစ်တဲ့ မကာအိုဒေသဟာ ရင်သပ်ရှုမောဖွယ် အလှအပရှုခင်းတွေနဲ့ ပြည့်နှက်နေ သလို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ အဆောက်အဦတွေနဲ့ ရှေးဟောင်းသမိုင်းဝင်အဆောက်အဦတွေကို လေ့လာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

မိုးသီဟန်