【 ဆောင်းပါး 】ဆယ်စုနှစ်အတွင်း ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းမှုကိုရလာသည့် တိဘက်ဒေသ

【 ဆောင်းပါး 】ဆယ်စုနှစ်အတွင်း ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းမှုကိုရလာသည့် တိဘက်ဒေသ

ချင်းဟိုင်-တိဘက်ကုန်းပြင်မြင့်ပေါ်တွင် တည်ရှိပြီး “ကမ္ဘာ့အိမ်ခေါင်မိုး” ဟု ခေါပြီး တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် တည်ရှိသော တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ အလွန်ကြီးမားသော ပြောင်းလဲမှုများဖြင့် ဆယ်စုနှစ်တစ်ခုကို ဒေသန္တရအစိုးရနှင့် ဗဟိုအစိုးရတို့၏ ပံ့ပိုးမှုဖြင့် အံ့ဩဖွယ်ကောင်းစွာ ဖြတ်ကျော်လာခဲ့ပါတယ်။

နှစ်အတန်ကြာပြီးနောက် တိဘက်ဒေသကကျေးလက်နေ ပြည်သူများဟာ သူတို့ရဲ့ လူမှုတိုးတက်ရေး အသီးအပွင့်များကို ရရှိလာခဲ့ကြပြီး တစ်ဦးချင်းဝင်ငွေကလည်း ၁၉ နှစ်ဆက်တိုက် တက်လာခဲ့ပါတယ်။

၂၀၂၁ တွင် တိဘက်ဒေသရှိ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေဟာ တစ်နှစ်ကို ယွမ် ၁၆၉၃၅ သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၃၈၅ သို့ မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တုန်းကထက် ၂.၉၇ ဆ တိုးလာတာ ဖြစ်ကြောင်း ဒေသစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဒူဂျီးက ပြောပါတယ်။ ဒီဒေသအတွင်းက ဝင်ငွေတိုးတက်လာမှုဟာ တစ်နိုင်ငံလုံးတွင် လွန်ခဲ့တဲ့ ၇ နှစ်အတွင်းအမြင့်ဆုံးဖြစ်ကြောင်း ဆိုပါတယ်။

နေထိုင်ရေးပတ်ဝန်းကျင်နှင့် လယ်သမားများ၏ ဘဝအရည်အသွေးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကြီးမားစွာ တိုးတက်လာခဲ့တယ်” ဟု ဒူက ပြောပါတယ်။။

အသစ်သောလမ်းများ

မီးရထားလမ်းနှင့် လမ်းဆောက်လုပ်ရေးအတွက် ကြီးမားသော အသုံးစရိတ်များကြောင့် တိဘက်ဟာလည်း လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ အဆက်မပြတ်လူမှုဘဝတိုးတက်မှုတို့ကို ရရှိလာခဲ့ကြပါတယ်။ ၂၀၁၂ တွင် တိဘက်ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ပုံသေရင်းနှီးမြှုပ်နှံမှုအဖြစ် ယွမ် ၃၃၇ ဘီလီယံကို သတ်မှတ်ခဲ့ကြောင်း ဒေသအတွင်း ပို့ဆောင်ဆက်သွယ်ရေးဌာနက ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရထားလမ်း သုံးခုဟာ “ Y ” ပုံစံလမ်းကို ဒေသအတွင်း ကုန်းပြင်မြင့်ပေါ်တွင် ဆောက်လုပ်နိုင်ခဲ့ပြီး ဒါဟာ ဒေသအတွင်းက ပထမဆုံးသော ရထားလမ်းလည်းဖြစ်ကာ ၂၀၂၁ ဇွန်လ ၂၅ ရက်နေ့ တွင် စတင်လည်ပတ်အသုံးပြုမည်ဖြစ်ပါတယ်။ ဟာဆာရထားလမ်းဟာလည်း ၂၀၀၇ တွင် လူပေါင်း ၂.၂၄ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၂၁ မှာတော့ လူပေါင်း ၄ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။

၂၀၂၀ နှစ်ကုန်ပိုင်းတွင်လည်း ကိုစီဆူဂီမြို့နယ်တွင် ကတ္တရာလမ်းကိုစတင်အသုံးပြုလာနိုင်ခဲ့ကြပါတယ်။ တိဘက်ဒေသအတွင်း လမ်းအရှည်ဟာ ကီလိုမီတာ ၅၅၀၀၀ ကနေ ၁၂၀၀၀၀ ကီလီုမီတာအထိ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်း တိုးလာခဲ့ပါတယ်။ ထိုထဲတွင် ကျေးလက်ဒေသလမ်း ကီလိုမီတာ ၉၀၀၀၀ လည်းပါဝင်ကြောင်း တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များတွင် ဖော်ပြထားပါတယ်။

လူမှုဘဝတိုးတက်လာခြင်း

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် ဒေသအတွင်း ခရီးသွားလုပ်ငန်းလည်း တိုးတက်လာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွင် တိဘက်ဒေသကိုလာရောက်လည်ပတ်သူပေါင်း ၁၂.၇ သန်း ရှိခဲ့ပြီး ဝင်ငွေ ယွမ် ၁.၆ ဘီလီယံအထိ ဖော်ဆောင်နိုင်ခဲ့ပြီး လယ်သမားများနှင့် မွေးမြူရေးသမားများအတွက် အလုပ်အကိုင်ပေါင်း ၆၄၅၀၀ ကျော် ဖန်တီးပေးခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိတဲ့ ဒါဝါဒရိုလ်းမားဟာ ခရီးသွားများကို ဖျော်ဖြေပေးသော လူများထဲက တစ်ယောက်ဖြစ်ပြီး ခရီးသွားရာသီတွင် ညတိုင်း တင်ဆက်မှုလုပ်ရပါတယ်။ သူဟာ သူမမိသားစုရဲ့ အိမ်လေးကို တည်းခိုခန်းအဖြစ်သို့ ပြုပြင်နိုင်ခဲ့ပြီး ကုတင်ပေါင်း ၆ ခုကိုလည်း ဝယ်ယူနိုင်ခဲ့ပါတယ်။ “ဒီလို ခရီးသွားမှု မြင့်တက်တဲ့အချိန်မှာ အခန်းက အပြည့်ပဲ” ဟု သူက ပြောပါတယ်။ သူမရဲ့စင်ပေါ်တွင် ဖျော်ဖြေရေးကနေ အပိုဝင်ငွေရရှိပြီး တစ်နှစ်ကို ယွမ် ၅၀၀၀၀ ကျော်ရရှိကြောင်း ဆိုပါတယ်။

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မေဒေါ့အဝေးပြေးလမ်းမကြီးစီမံကိန်းကိုစတင်ခဲ့ပြီးနောက် မေဒေါ့ ကောင်တီတွင် အခြေအနေအရပ်ရပ်ဟာ ပြောင်းလဲလာခဲ့ကာ မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများလည်း ဝင်ရောက်လာခဲ့ပါတယ်။ ကလေးများဟာ ယနေ့ကားများဖြင့် ကျောင်းသွားနိုင်ပြီး လူနာများကလည်း မြို့ပေါ်က ဆေးရုံများသို့ လျင်မြန်စွာ ရွေ့ပြောင်းနိုင်ပြီး တစ်ခါတလေ လူနာတင်ကားများကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ပေါ်တာဖြင့် ထမ်းရန် မလိုအပ်တော့ပါဘူး။

၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် ပြင်းထန်သော ရောဂါပေါင်း ၄၀၀ ကျော်ကို တိဘက်ဒေသအတွင်း ကုသနိုင်တော့မည်လည်းဖြစ်ပါတယ်။ ထို့အပြင် နောက်ထပ်ပြင်းထန်မှုမရှိသော ရောဂါပေါင်း ၂၄၀၀ ခန့်ကိုလည်းတိဘက်အတွင်းကုသနိုင်မည်ဖြစ်ပါတယ်။ ထို့အပြင် တိဘက်ဒေသအတွင်းက လူ့သက်တမ်းဟာလည်း ၂၀၁၅ တွင် ၆၈.၂ နှစ် သာ ရှိရာကနေ ခုတော့ ၇၂.၁၉ နှစ်သို့ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။

ကျေးလက်ဒေသပြန်လည်ထူထောင်ရေး

လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးကွန်ရက်များနှင့် အခြားသော ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာတွင် တိုးတက်မှုများ ဖော်ဆောင်နိုင်ခဲ့သောကြောင့် ဒေသအတွင်း ဒီဂျစ်တယ်စီးပွားရေး တိုးတက်မှုကိုလည်း အထောက်အကူပြုခဲ့ပါတယ်။ အွန်လိုင်းကနေ စျေးရောင်းဝယ်ခြင်းကလည်း လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ ဒေသတွင်းထွက်ကုန်ပစ္စည်းများကိုလည်း အခြားသော တရုတ်နိုင်ငံက ဒေသများသို့ အွန်လိုင်းကနေတစ်ဆင့် ရောင်းချလာနိုင်ပါတယ်။

ချပ်ယပ်ကောင်တီက မိုင်ဒိုကျေးရွာဟာ ရွှေထည်ပစ္စည်းများနှင့် ငွေထည်ပစ္စည်းများကို ထုတ်လုပ်သော ရွာလေးအဖြစ် နှစ်ပေါင်းများစွာ လူသိများလာခဲ့သော နေရာတစ်နေရာဖြစ်ပါတယ်။ လက်မှုလုပ်ငန်းကို မိဘဆီကနေ အမွေဆက်ခံလာခဲ့သောသူတစ်ဦးဖြစ်တဲ့ တဲန်ပါးဒိုဂျေ၏ ပြောကြားချက်အရ ရွာသားများဟာ ရွှေနှင့် ငွေထည်ပစ္စည်းများကို သူတို့၏ နေအိမ်မှာပဲ ထုဆစ်ခဲ့ကြသောကြောင့် ထုတ်လုပ်နိုင်မှုနှုန်းကလည်း နည်းပါးကာ အရည်အသွေးကလည်း မပြည့်မှီကြောင်းဆိုပါတယ်။

“သင်တန်းပေးမှုကြောင့် ကျွန်တော်တို့ဟာ ခုတော့ အတူတူထိုင်ပြီး ဆွေးနွေးကာ ရင်ဆိုင်နေရသော စိန်ခေါ်မှုများအကြောင်းကို ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ လူငယ်များကိုလည်း ဒီလောကထဲကို ဘယ်လိုဆွဲဆောင်ပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန်များနဲ့ စားသုံးသူများကို ဘယ်လိုဆွဲဆောင်မလဲဆိုတာကိုလည်း ဆွေးနွေးနိုင်ခဲ့ကြတယ်” ဟု သူကပြောပါတယ်။

နောက်ထပ်ရွာသားတစ်ဦးဖြစ်တဲ့ ရှဲရပ်ဒိုဂျေကလည်း အလုပ်ရုံဆွေးနွေးပွဲကို လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စတင်တက်ရောက်ခဲ့ပြီး “ကျွန်တော် ရိုးရာအသုံးအဆောင်များကို ဘယ်လိုလုပ်မလဲဆိုတာကို သင်ယူခဲ့ပြီး ခုတော့ တစ်ခါတလေ တစ်လကို ယွမ် ၄၀၀၀ အထိရတယ်” ဟု ပြောပါတယ်။

Ref: Tibet's rural residents enjoy improved livelihood over past decade|Xinhua

Naing