【 ဆောင်းပါး 】တရုတ်ရာသီခွင် ၁၂ခု ဖြစ်ပေါ်လာပုံ

【 ဆောင်းပါး 】တရုတ်ရာသီခွင် ၁၂ခု ဖြစ်ပေါ်လာပုံ 

မြန်မာလူမျိုးတွေနဲ့အတူ အိမ်နီးချင်း ထိုင်း ၊ သီရိလင်္ကာစတဲ့နိုင်ငံတွေမှာ နေ့နံအလိုက်အကောင်လေးတွေ ရှိကြပါတယ်။

မြန်မာလူမျိုးတွေကတော့ ခုနှစ်ရက်သားသမီးတွေထဲမှာ တနင်္ဂနွေနေ့ကို ဂဠုန်အဖြစ်လည်းကောင်း ၊သီရိ လင်္ကာမှာ မြင်းအဖြစ်လည်းကောင်း၊ ထိုင်းမှာ မျောက်အဖြစ်လည်းကောင်း နေ့နံသင်္ကေတအဖြစ် သတ်မှတ်ကြ ပါတယ်။

တနင်္လာနေ့နံသင်္ကေတကိုတော့ မြန်မာတွင် ကျား၊ သီရိလင်္ကာတွင် ဆင်နှင့်ထိုင်းတွင် မြင်းအဖြစ်အသီး သီး သတ်မှတ်ထားသလို အင်္ဂါနံကိုတော့ မြန်မာတွင် ခြင်္သေ့၊ သီရိလင်္ကာတွင် ဥဒေါင်း နှင့် ထိုင်းတွင် ကျွဲ အဖြစ် သတ်မှတ်ကြပါတယ်။

ဗုဒ္ဓဟူးနေ့နံကိုလည်း မြန်မာတွင် ဆင်၊သီရိလင်္ကာတွင် ကျွဲ နှင့် ထိုင်းတွင် ဆင် အဖြစ် နေ့နံသင်္ကေတတွေ ကို သတ်မှတ်ထားသလို ရာဟုနံသင်္ကေတမှာတော့ မြန်မာတွင် ဟိုင်းဆင် ၊ သီရိလင်္ကာတွင် မြည်း နှင့်ထိုင်းတွင် ဂဠုန်အဖြစ် သတ်မှတ်ပါတယ်။

ဒါ့အပြင် ကြာသပတေးနံသင်္ကေတကိုလည်း မြန်မာတွင် ကြွက်၊သီရိလင်္ကာတွင် ခြင်္သေ့ နှင့် ထိုင်းတွင် သမင်အဖြစ် သတ်မှတ်ကြသလို သောကြာနေ့နံ သင်္ကေတကိုတော့ မြန်မာတွင် ပူး ၊သီရိလင်္ကာတွင်နွားသိုးနှင့် ထိုင်းတွင်နွားထီး အဖြစ်သတ်မှတ်ကြပြီး စနေနံရဲ့ သင်္ကေတကိုလည်း မြန်မာတွင် နဂါး၊သီရိလင်္ကာတွင် ကျီးကန်း နှင့်ထိုင်းတွင် ကျား စသည်ဖြင့် အသီးသီးသတ်မှတ်ကြပါတယ်။

မြန်မာမှာတော့ နေ့နံအလိုက်ကိုယ်စားပြုတဲ့ အက္ခရာတွေရှိပြီး မွေးဖွားချိန် အမည်နာမည်ပေးရာမှာလည်း နေ့နံ အလိုက် ကိုယ်စားပြုတဲ့ အက္ခရာတွေကို ထည့်သွင်းပေးကြတာဖြစ်ပါတယ်။ မြန်မာ ၊ ထိုင်း ၊ သီရီလင်္ကာ စတဲ့ နိုင်ငံတွေမှာ နေ့နံအလိုက် အကောင်လေးတွေ ရှိကြသလို မြန်မာနဲ့ အိမ်နီးချင်း တရုတ်လူမျိုးတွေမှာလည်း တရုတ်ရာသီခွင် အကောင်လေးတွေ ရှိပါတယ်။

မြန်မာ ၊ထိုင်း ၊ သီရီလင်္ကာတို့နဲ့ တရုတ်မှာ မတူညီတဲ့အချက်ကတော့ မြန်မာ ၊ ထိုင်းနဲ့ သီရိလင်္ကာတို့မှာ နေ့နံ အလိုက် ရာဟုအပါအဝင် နေ့နံအကောင် (၈) ကောင်ရှိပြီး တရုတ်မှာတော့ ရာသီခွင်အကောင် စုစုပေါင်း (၁၂) ကောင် ရှိပါတယ်။

တရုတ်ရာသီခွင် ကိုယ်စားပြုအကောင်တစ်ဆယ့်နှစ်ကောင်မှာ အကောင်တစ်ကောင်စီဟာ တစ်နှစ်စီကို ကိုယ် စားပြုတာ ဖြစ်ပါတယ်။တရုတ်နှစ်မှာ “ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ဝက်” ဆိုပြီး တိရစ္ဆာန် ၁၂ ကောင်ဟာ တစ်နှစ်တစ်ကောင်အနေနဲ့ အစဉ်လိုက် ကျရောက်တတ်ပါတယ်။

ခုနှစ်သက္ကရာဇ်အလိုက် သက်ဆိုင်တဲ့ တရုတ်ရာသီခွင် ကိုယ်စားပြုအကောင်ရှိပြီး (၁၂) နှစ်ကြာတဲ့အခါ တစ်ပတ် လည်ပြီး အစကနေ ပြန်စရတာ ဖြစ်ပါတယ်။ ဒီလို ကိုယ်စားပြု သတ္တဝါတွေကို တရုတ်နှစ်သစ်ကူးမှာ အပြောင်းအလဲ ပြုလုပ်ကြတာဖြစ်ပြီး ယခုနှစ်ဟာ ယုန်နှစ်ဆိုရင် နောင်လာမယ့် တရုတ်နှစ်သစ်ကူးရောက် ပြီဆို ရင် နဂါးနှစ်သို့ ကူးပြောင်းတာ ဖြစ်ပါတယ်။

တရုတ်ရာသီခွင်အကောင် (၁၂) ကောင်ဟာ တရုတ်လူမျိုးတို့အတွက် အရေးပါတဲ့ရိုးရာယဉ်ကျေးမှု ဆိုင် ရာ အမှတ်သင်္ကေတတစ်ခု ဖြစ်ပါတယ်။

တရုတ်လူမျိုးတွေဟာ မိမိတို့မွေးဖွားတဲ့ နှစ်ရဲ့ကိုယ်စားပြု သတ္တဝါကိုမှတ်သားလေ့ရှိပြီး အသက်အရွယ် တွက်ချက်မှုများပြုလုပ်သည့် စနစ်တစ်ခုအနေနဲ့လည်း အသုံးပြုကြပါတယ်။  ရှေးယခင်ကတည်းက ဗေဒင်တွက် ချက်မှုများနှင့် အိမ်ထောင်ဘက်ရွေးချယ်မှုတွေမှာ တွင်ကျယ်စွာ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

တရုတ်ရာသီခွင်အကောင် (၁၂) ကောင်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီအမျိုးမျိုးဟာလည်း ယနေ့ထက်တိုင် တရုတ်လူမျိုးများအကြား ပြောစမှတ်တွင်နေဆဲဖြစ်ပါတယ်။

တရုတ်ရာသီခွင် ကိုယ်စားပြုအကောင်တွေကို သတ်မှတ်ကြတဲ့ ပုံပြင်တစ်ခုမှာတော့ ကျောက်စိမ်း ဧကရာဇ်ကြီး( သိကြားမင်း)ဟာ တိရစ္ဆာန်တွေကို ပြက္ခဒိန်ရဲ့ အစိတ်အပိုင်းဖြစ်ရမယ်လို့ အမိန့်ထုတ်ခဲ့ပြီးတော့ အရင်ဆုံးရောက် လာတဲ့ တိရစ္ဆာန် ၁၂ ကောင်ကို ရွေးချယ်မယ်လို့ဆိုခဲ့ပါတယ်။

အဲဒီသတင်းကိုကြား လိုက်ရတဲ့အချိန် သူငယ်ချင်းကောင်းတွေဖြစ်ကြတဲ့ ကြောင်နဲ့ကြွက်တို့ တိုင်ပင် ကြရာမှာ အိပ်ယာထနောက်ကျတတ်တဲ့ ကြောင်က ကြွက်ကို ကြွက်ကိုမနက်အစောနှိုးပေးဖို့ သဘောတူခဲ့ ကြပေမယ့် ကြွက်က အရမ်းစိတ်လှုပ်ရှားနေတာကြောင့် နှိုးဖို့မေ့သွားခဲ့ပြီး တစ်ကောင်တည်း ထွက်ခွာသွား ခဲ့ပါတယ်။

လမ်းမှာ ကြွက်ဟာ သူ့ထက် လျင်မြန်အောင်သွားနိုင်တဲ့ ကျား၊ နွား၊ မြင်းနဲ့အခြား တိရစ္ဆာန်တွေနဲ့ တိုက်မိ ခဲ့ပါတယ်။ အဲဒီမှာ ကြွက်ဟာ အစီအစဉ်တစ်ခုကို ရွေးချယ်ခဲ့ပြီး သူ့ကိုကျောပေါ်မှာ တင်ခေါ်သွားပေးဖို့ နွားကိုပြောကြားခဲ့ပြီး ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လမ်းခရီးတစ်လျှောက်လုံးမှာ သီချင်းဆိုပေးပါ့မယ်လို့ ပြောခဲ့ ပါတယ်။

ဒါကြောင့် တရုတ်ရိုးရာ တိရစ္ဆာန် ၁၂ ကောင်မှာ နွားကအရင်ရောက်လာပေမယ့် ကြွက်က သူ့ရှေ့ မှာရှိနေတဲ့အတွက် ကံကောင်းတဲ့ တိရစ္ဆာန်ဖြစ်လာခဲ့တာလို့ ဆိုထားပါတယ်။  

ဒီလိုနဲ့ ရွေးချယ်ပွဲ ပြီးသွားတဲ့ အချိန်မှသာ ကြောင်ဟာရောက်ရှိလာတာကြောင့် ကြောင်ဟာ ကြွက်ကို မုန်းတီးပြီး အမြဲတစေ ကြွက်နောက်ကို လိုက်လံသတ်ဖြတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

လူတစ်​ယောက်ဟာ သူမွေးတဲ့တိရစ္ဆာန်ရဲ့ ရာသီခွင်​ပေါ်လိုက်ပြီး​တော့ စိတ်​နေစိတ်ထားပါ ​ဗီဇစရိုက်ပါ သတ်မှတ် ပြီး ​မွေးဖွားလာတယ်လို့ ​တရုတ်လူမျိုး​တွေဟာ ရှေး​ခေတ်ကတည်းက ယုံကြည်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

သမိုင်းကြောင်းတိုးတက်လာတာနဲ့အတူ တရုတ်ရာသီခွင် (၁၂) ခုဟာ တဖြည်းဖြည်းနဲ့ နေ့နံကိုက်ခြင်း၊ မကိုက်ခြင်း စတဲ့ ယုံကြည်မှု အယူအဆများနဲ့ ရောနှောယှက်တင်လာခဲ့ပြီး အိမ်ထောင်ရေး၊ ဘဝလမ်းကြောင်း၊ ကံကြမ္မာ စတဲ့ အရာတွေကို ထင်ဟပ်လာတယ်လို့ သိရပါတယ်။

ယနေ့ခေတ်မှာတော့ လူတော်တော်များများက တရုတ်ရာသီခွင်အကောင်တွေကို တရုတ်နှစ်သစ်ကူး လာဘ်မင်္ဂလာအဆောင်အဖြစ် သတ်မှတ်လာကြပြီး ဖျော်ဖြေရေးယဉ်ကျေးမှု အမှတ်သင်္ကေတတစ်ခု ဖြစ်လို့လာ ပါတော့တယ်။

ခန့်မောင်