【 ဆောင်းပါး 】နှစ်ပေါင်း ၁၀၀ အတွင်းက တရုတ်နိုင်ငံ၏ ထိပ်တန်းရှေးဟောင်းသုတေသန တွေ့ရှိချက် ၁၀၀

【 ဆောင်းပါး 】နှစ်ပေါင်း ၁၀၀ အတွင်းက တရုတ်နိုင်ငံ၏ ထိပ်တန်းရှေးဟောင်းသုတေသန တွေ့ရှိချက် ၁၀၀

တတိယအကြိမ်မြောက် တရုတ်ရှေးဟောင်းသုတေသနညီလာခံကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟေနန်ပြည်နယ်ကမြို့တစ်မြို့ဖြစ်တဲ့ ဆန်မဲန်ရှားမြို့မှာ တနင်္လာနေ့တုန်းက စတင်ခဲ့ပြီး တရုတ်နိုင်ငံကတော့ ခေတ်သစ် တရုတ်ရှေးဟောင်းသုတေသနစတင်ခြင်း နှစ်တစ်ရာပြည့်အထိမ်းအမှတ်ကို ကျင်းပနေတာဖြစ်ပါတယ်။

တရုတ်အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန်းခွဲရေးရုံး (NCHA) က ဖွင့်ပွဲတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်း တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရှေးဟောင်းသုတေသန တွေ့ရှိမှု ၁၀၀ ခုအကြောင်းကို မိတ်ဆက်ပေးခဲ့ပါတယ်။

ပြည်နယ်ပေါင်း ၂၉ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ မြူနီစီပယ်နယ်မြေ၊ ဟောင်ကောင်နှင့် ထိုင်ဝမ် အစရှိသော နေရာများက တွေ့ရှိခဲ့သော ရှေးဟောင်းသုတေသနနေရာများကို အမျိုးအစား ၈ မျိုးသို့ သမိုင်း ကာလအပေါ်မူတည်ပြီး ခွဲခြားထားပါတယ်။ ဒီတွေ့ရှိချက်များဟာ မင်ခေတ်ကနေ ချင်ခေတ် (၁၃၆၈-၁၉၁၁) အတွင်းက ရှေးဟောင်းတွေ့ရှိချက်များပါဝင်ပါတယ်။

ဟေနန်ပြည်နယ်ဟာ ရှေးဟောင်းသုတေသန အများဆုံးတွေ့ရှိထားသော နေရာဖြစ်ပြီး စုစုပေါင်း ၁၄ ခုရှိပြီး တရုတ်အနောက်မြောက်ဘက်တွင်ရှိသော စန်ရှီးပြည်နယ်ကတော့ ၁၁ ခုဖြင့် ဒုတိယနေရာလိုက်ထား ပါတယ်။

လူသိများသောတွေ့ရှိမှုများဖြစ်တဲ့ Zhoukoudian ၊ Lianzhu နှင့် Sanxingdui အစရှိသော တွေ့ရှိချက်များကလည်း စာရင်းထဲမှာ ပါဝင်ပါတယ်။

ပေကျင်းက Zhoukoudian ရှေးဟောင်းနေရာ

Zhoukoudian ရှေးဟောင်းနေရာဟာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိမှတ်ပြုထားသော ပေကျင်းရှိ ဖန်ရှန်ခရိုင်တွင် တည်ရှိသော နေရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀၀၀၀ သိန်းခန့်က ပထမဆုံးတည်ရှိခဲ့သော Peking Man လို့ခေါ်တဲ့ ဟိုမိုရုပ်တု ပထမဆုံးကို‌ တွေ့ရှိခဲ့သောကြောင့် လူသိများသော နေရာတစ်ခုဖြစ်ပါတယ်။

လူသားများရဲ့ ရုပ်ကြွင်းပေါင်း ၂၀၀ ကျော်၊ အသုံးအဆောင်ပစ္စည်းများဖြစ်သော ကျောက်အသုံးအဆောင်များ ၁၀၀၀၀၀ ကျော် နှင့် တိရစ္ဆာန်ငယ်များရဲ့ ရုပ်ကြွင်းများကိုလည်း ဒီနေရာမှာ တူးဖော်တွေ့ရှိခဲ့ကြပြီး လူသားများ စတင်တည်ရှိလာပုံနှင့် လူသားများ ဆင့်ကဲပြောင်းလဲလာတို့နဲ့ ပတ်သက်ပြီး အရေးပါသော အချက်အလက် များကို ရရှိနိုင်ခဲ့ပါတယ်။

ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးရှိ Liangzhu ရှေးဟောင်းသုတေသနေ နေရာ

ရှေးဟောင်းသုတေသန နေရာတစ်ခုဖြစ်တဲ့ Liangzhu ဟာ ကျောက်ခေတ်အတွင်းက တူးဖော်ရရှိသော တရုတ်နိုင်ငံအတွင်းက ရှေးဟောင်းနေရာများစွာထဲက အရေးကြီးဆုံး တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ သမိုင်းမတိုင်ခင် ၃၃၀၀ ဘီစီနှင့် ၂၃၀၀ ဘီစီအကြားက ဆန်စပါးစိုက်ပျိုးရေးတည်ရှိခဲ့ကြောင်းကို ပြသထားပါတယ်။

နောက်ထပ်ကြီးမားသော တွေ့ရှိချက်များစွာလည်း ရှိပါသေးတယ်။ မြို့တံတိုင်းများ၊ ကြီးမားသော စိုက်ပျိုးမှုလုပ်ငန်းတည်ရှိရာ နေရာ၊ အုတ်ဂူများ၊ နတ်စင်များ၊ နေအိမ်များ၊ ဆိပ်ကမ်းများနှင့် အလုပ်ရုံများအားလုံးကို ရှေးဟောင်းမြို့ဖြစ်တဲ့ Liangzhu မှာ အကုန်လုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

စီချွမ်ပြည်နယ်က ကွမ်ဟမ်တွင် ရှိသော Sanxingdui ရှေးဟောင်းသုတေသနနေရာ

စီချွမ်ပြည်နယ်မြို့တော်ဖြစ်တဲ့ ချဲန်ဒူတွင်တည်ရှိသော Sanxingdui ရှေးမြို့ဟောင်းကြီတည်ရှိရာနေရာကို ၂၀ ရာစုအတွင်း အရေးကြီးဆုံးသော ရှေးဟောင်းသုတေသနတွေ့ရှိမှုအဖြစ် သတ်မှတ်ကြပါတယ်။ ဒီရှေးဟောင်း နေရာတူးဖော်မှုဟာ နှစ်ပေါင်း ၁၀၀ အထိကြာမြင့်ခဲ့ပြီး စတင်တွေ့ရှိခဲ့သော ၁၉၂၀ ခုနှစ်ကျော်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်တွင် သုတေသနပညာရှင်များဟာ ရှန်ခေတ် (၁၆၀၀-၁၀၄၆ ဘီစီ) က အလွန်ကြီးမားသော ပူဇော်ရာ တွင်းကြီးနှစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ ဒီတွင်းကြီးနှစ်ခုထဲက ထောင်နဲ့ချီသော ရတနာများကို တူး ဖော် ရရှိခဲ့ပါတယ်။ ၂၀၂၁ မတ်လနောက်ပိုင်း တရုတ်သုတေသနပညာရှင်များဟာ နောက်ထပ်တွေ့ရှိထားသော ယဇ်ပူဇော်ရာတွင်း ၆ ခုကိုရှာဖွေမှုအောင်မြင်စွာ လုပ်လာခဲ့ကြပါတယ်။

Naing

Ref: CMG|China's top 100 archaeological findings in past 100 years unveiled