【 ဆောင်းပါး 】လမ်းခရီးသွား ညံ့လိုက်တဲ့ ဆိုင်တွေ

【 ဆောင်းပါး 】လမ်းခရီးသွား ညံ့လိုက်တဲ့ ဆိုင်တွေ

လူငယ်ဘဝတုန်းကတော့ ခရီးသွားပြီဟေ့ဆို ဘာဆိုဘာမှမသယ်ချင်။ခရီးသွားတယ် ဆိုတာ ပစ္စည်း တွေဟို ထမ်း ဒီဆွဲနဲ့ဆို လူငယ်သဘာဝ  ရှိုးပဲ့တယ်လို့ ခံယူထားတဲ့ပုံ။ရန်ကုန်ကနေ ကိုယ့်ဇာ တိပြန်ရင်လည်း ဘာမှမသယ်၊ဇာတိကနေ ရန်ကုန်ပြန်ရင်လည်း ဆွေမျိုးတွေ ဘာဆိုဘာမှ လာမပေး နဲ့၊ကိုယ့်အတွက်လည်း မသယ်၊လူကြုံပေးရင်လည်း ဆောရီး။

မှတ်မှတ်ရရ၊ဇာတိကို သင်္ကြန်ပြန်တော့ ခေါက်ဆွဲခြောက်ထုပ်တွေ တနင့်ကြီးသယ် သွားတာ တစ်ခါ။ ၁၉၉၉ခုနှစ်လား၊သက္ကရာဇ်၂၀၀၀ လား တစ်နှစ်နှစ်ပဲ။အဲဒီတုန်းက ကျနော်က စီးကရက်စက်ရုံတစ်ရုံမှာ အင် ဂျင်နီယာလုပ်နေတဲ့အချိန်။အဲဒီစက်ရုံမှာက ညမနက် ထမင်းကျွေးလေ့ရှိပြီး ထမင်းမစားရင် တစ်နပ်ကို ခေါက် ဆွဲခြောက်အထုပ်၃ထုပ်လား၊၄ထုပ်လားပေးလေ့ရှိတယ်။

ကျွေးတဲ့ထမင်းဟင်းက ကန်ထရိုက်ပေးပြီးကျွေးတာဆိုတော့ ကောင်းပါ့။အသားတစ်မျိုး၊အ ရွက်တစ် မျိုးနဲ့ အရည်သောက်တစ်ခွက်။ဟင်းလိုချင်ရင် ထပ်တောင်းလို့လည်းရတော့ အစားကြီးသူတွေအတွက်လည်း စိတ်ကြိုက်သာစား။

ဒါပေမဲ့၊နေ့ရောညပါ ဒီထမင်းဟင်းချည်းဆိုတော့ နည်းနည်းကြာလာတော့ အိမ်ထမင်းဟင်း ကိုသာ ပိုစားချင်လာ။ဒါ့ကြောင့် ညဘက်ဆို စက်ရုံထမင်းမစားဘဲ ခေါက်ဆွဲထုပ် ယူလေ့ရှိတယ်။အဲဒီ တုန်းက ခေါက် ဆွဲထုပ်ဆိုတာ ပေါ်တာသိပ်မကြာသေးတဲ့ အသင့်စား အစားအစာ။ခေါက်ဆွဲပြုတ်နဲ့ ဆီချက်ခေါက်ဆွဲ။ ကျနော် ရော အဖေပါ အဲဒီခေါက်ဆွဲထုပ်ကို မကြိုက်တာမို့ ဆွေမျိုးတွေအတွက် သိမ်းထားလိုက်တယ်။တောပြန်ဖို့ လူကြုံရှိရင် ဒါမှမဟုတ် တောက ဆွေမျိုးတွေလာရင် ခေါက်ဆွဲ ထုပ်တွေ နင့်နေအောင် ပေးလိုက်တယ်။

ကျနော်တို့တောမှာ အဲဒီအချိန်တုန်းက ခေါက်ဆွဲထုပ်ဆိုတာ ကုန်စုံဆိုင်တွေမှာတောင် တင်မရောင်း သေးတာမို့ ကျနော်တို့အမျိုးတွေက ခေါက်ဆွဲထုပ်ဆို သိပ်ကြိုက်။တောကတစ်ယောက်ယောက် ရန်ကုန်လာ ရင် ကျနော့်ဆီ ခေါက်ဆွဲထုပ်ဝင်ယူခိုင်းနေကျ။အဲဒီလို ဆွေမျိုးတွေ ကြိုက်လွန်း လို့ သင်္ကြန် ဇာတိပြန်တော့ ယူသွားပေးခဲ့တာ။ခေါက်ဆွဲထုပ်က မလေးပေမဲ့ အထုပ်ရေ ၂၀၀ကျော်မို့ ဝန်ခပ်ကျယ်ကျယ်၊ သယ်ရပြုရ ကိုး လို့ကန့်လန် စိတ်ကိုရှုပ်ရော။ဘာပဲဖြစ်ဖြစ် ခေါက်ဆွဲထုပ် လက် ဆောင်ပေးနိုင်ရင် အကောင်ပဲမို့ ဆွေမျိုးတွေ အလယ် သိပ်မျက်နှာပွင့်လှ။

ကျနော့်ညီကတော့ ကျနော်နဲ့ပြောင်းပြန်။သူက နိုင်ငံခြားသင်္ဘောသား၊သင်္ဘောပေါ်က ပြန်လာရင် လည်း သယ်လာတဲ့ပစ္စည်းတွေက တနင့်ကြီး။ရွာပြန်ပြီဆိုရင်လည်း သယ်သွားတာမှ နည်း နည်းနောနော မဟုတ်။ရွာကနေ ပြန်လာပြီဆိုရင်လည်း ဆွေမျိုးတွေ ပေးသမျှ လက်ဆောင် တစ်ခုတ လေတောင်မငြင်းဘဲ အကုန်သယ်တဲ့ကောင်။

ကျနော့်အဖေဆိုလည်း ရွာပြန်ပြီဆို အကုန်သယ်၊ရွာကနေပြန်လာရင်လည်း အကုန်သယ်ပြန် ။ကျ နော် ၉တန်းနှစ်၊၁၉၈၆-၈၇ လောက်ထင်တယ်။ကျနော်တို့တောမှာ ခရမ်းသီးအရမ်းထွက်တာ ဈေးက သိပ် ပေါ လွန်းတာမို့ ဆွေမျိုးတွေ လက်ဆောင်ပေးလိုက်ကြတာ ဝက်ဝက်ကွဲ။အဲဒီခရမ်းသီး ခြင်းကြီးနဲ့ ၅ခြင်းလောက် ကို အဖေက ရန်ကုန်ထိရောက်အောင် သယ်ပြန်လာခဲ့တာ။အဖေနဲ့အတူ ပြန်တဲ့ကျနော့်မှာ နေရင်းထိုင်ရင်း သယ်လိုက်ရတာ ဖက်ဖက်ကိုမော၊ရှိုးကလည်းပဲ့လှသမို့ မကြည်။

ကျနော့်ဘကြီးဆိုရင်လည်း ကျနော့်လိုပဲ လမ်းခရီးသွားရင် သူ့အဝတ်အိတ်တစ်လုံးကလွဲ ဘာမှ မသယ်။ အဝတ်အိတ်ကိုတောင် မကောင်းတတ်လို့ သယ်ရတယ်တဲ့။လမ်းခရီးသွား ကားတွေ၊ရထား တွေက အချိန်မမှန်လို့ စိတ်ညစ်ရတာနဲ့ အခန့်မသင့်ရင် ကားမူးရတာနဲ့ဆိုတော့ ဘာဆိုဘာမှမသယ် ချင်။ရန်ကုန် ရောက်ဆွေမျိုးတွေက ဘာလေးညာလေးသယ်ခဲ့ပေးလို့ဆိုရင် ဘကြီးက ကားလွှတ်ခဲ့ပေးရင် သယ်ပေးမယ်လို့ ပြန်ပြောလေ့ရှိတာမို့ ဘယ်သူကမှ မမှာရဲတော့။

ကျနော့်အဘိုးအဘွားကတော့ တစ်နှစ်တစ်ခေါက် ရန်ကုန်သွားတဲ့အခါ ရန်ကုန်မှာ တော်တော့်ကို ချမ်းသာနေတဲ့ သူ့အစ်မ မိသားစုတွေစားဖို့တဲ့။အိမ်မွေးနွားတွေရဲ့ နွားနို့စစ်စစ်၊အိမ်မွေးဘဲပေါင်းနဲ့ ငါးသ လောက်ပေါင်းအိုးကြီးတွေနဲ့ကို သယ်သွားခဲ့တာ။သွားကြတာလည်း ဘုရားဖူးဆိုပြီး အုံလိုက်ကြီးဆိုတော့ သယ် ရပြုရ မပင်ပန်းကြ။ဘကြီးကတော့ ရန်ကုန်လည်း သွားခဲသလို အဲဒီလို သယ် ရပြုရတာမျိုးကို လုံးဝ မလိုက်။

‘ခရီးသွားတယ်ဆိုတာ အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်နေရမယ်’တဲ့။အဲဒါက ဘကြီးရဲ့ခရီးသွားဗေဒ ကျနော့်အတွက်လှမှလှ။ဘကြီးက အခု အသက်၈၀ရှိတဲ့အထိတိုင် လုံးဝမပြောင်းမလဲ သူ့မူအတိုင်း။

ကျနော်ကတော့ နည်းနည်းကြီးလာတော့ ဘကြီးလို မပြုကျင့်နိုင်တော့။ခရီးသွားရင် ဘာမှ မသယ် ချင် ပေမဲ့ အိမ်ကချက်ပေးလိုက်တဲ့ ထမင်းနဲ့ဟင်းကိုတော့ သယ်သွားချင်တယ်။ဘာလို့လဲဆို တော့ သွားဖူးသမျှ လမ်းခရီးတိုင်းရဲ့ စားဖူးသမျှ ဆိုင်တိုင်းမှာ မန္တလေး-မုံရွာလမ်းပိုင်းက တစ်ဆိုင်ကို သာ ကောင်းကောင်း ခံတွင်း တွေ့ခဲ့ဖူးပြီး ကျန်တဲ့ဆိုင်မှန်သမျှဟာ ဈေးကြီးပြီး ဟင်းညံ့တာကြောင့် ပါပဲ။

စားဖူးတဲ့ကားဂိတ်တိုင်းရဲ့ ဆိုင်တွေက ဖြစ်သလို ချက်ထားပြီ ဈေးကြီးသလို အဝေးပြေးလမ်း ပေါ်က ခရီးသည်တင်အဝေးပြေးကားတွေ ရပ်တဲ့ဆိုင်တွေက မြင်လိုက်ရင် ဆိုင်တွေက ခမ်းနားသ လောက် လက်ဖက် ရည်ကစလို့ ဟင်းအထိ ဘာမှမကောင်းရုံတင်မက တချို့ဆိုင်တွေဆို ခရီးသည် တွေဆီကနေ ပြတ်ပြတ် သားသားရိတ်လိုက်မယ်ဆိုတာမျိုး ဈေးက ကြီးပါ့။

အဲဒါကြောင့် အခုနည်းနည်းကြီးလာတော့ နှင်းပုလဲထမင်းပေါင်းရတဲ့ ရန်ကုန်-မော်လမြိုင်ရ ထားစီး တာကလွဲလို့ ဘယ်ခရီးမဆို ထမင်းနဲ့ အရည်အဖိတ်အစင်နည်း တဲ့ အခြောက်အခြမ်းလေး သယ်သွားချင်မိ။

ငေါထွက်နေတဲ့ ဗိုက်တစ်လုံးကြောင့် ဘာပစ္စည်းမှမသယ်လည်း ရှိုးပဲ့ပြီးသားမို့ ထမင်းဟင်း ဗူးလောက် သယ်လည်း ထပ်ရှိုးပဲ့စရာမရှိတော့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ငြိမ်းဆက်