【 ဆောင်းပါး 】သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတွင် ရရှိခဲ့သော အောင်မြင်မှုများ

【 ဆောင်းပါး 】သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတွင် ရရှိခဲ့သော အောင်မြင်မှုများ

တရုတ်နိုင်ငံဟာ ဂေဟစနစ်ထိန်းသိမ်းကာကွယ်မှုတွင် လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကြီးမားသော အောင်မြင်မှုများကို ဖော်ဆောင်နိုင်ခဲ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့ပတ်သက်ပြီး အသိပညာပေးခြင်းနှင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ အကောင်အထည်ဖော်မှုများကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါတယ်။

နောက်ဆုံးထုတ်ပြန်ထားသော ဂြိုဟ်တုကနေ ကောက်ယူထားသော အချက်အလက်များအရ ချင်းဟိုင်ကန်အနီးက ရေမျက်နှာပြင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ဧရိယာပေါင်း ကီလိုမီတာ ၄၆၂၅.၆ ကျယ်ဝန်းကြီးမားကြောင်း၊ ဒါဟာ တရုတ်နိုင်ငံတွင် အကြီးဆုံး ဆားရေကန်တစ်ခုဖြစ်ကြောင်း သိရပါတယ်။

၁၉၅၀ ကစပြီး ဒီကန်ရဲ့ ရေပမာဏဟာ အကြောင်းအမျိုးမျိုးကြောင့် တဖြည်းဖြည်းနဲ့ကျဆင်းလာခဲ့ပါတယ်။ ထိုထဲတွင် လူသားများရဲ့ လုပ်ဆောင်မှုကြောင့်လည်း ဖြစ်ပါတယ်။ အားလုံးရဲ့ အတူတူပူးပေါင်းကြိုးပမ်းမှုကြောင့် ဒီကန်အတွင်း ရေခမ်းပါးမှုကို ပြန်လည်နောက်ပြန်လှန်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း ကီလိုမီတာပေါင်း ၂၂၀ အထိ ပြန်လည်ကျယ်ပြန့်လာခဲ့ပါတယ်။

ချင်းဟိုင်ကန်အောင်မြင်မှုဟာ နိုင်ငံရဲ့ ဂေစနစ်ကာကွယ်မှုတွင် ရရှိခဲ့သော အောင်မြင်မှုကို ပြသနေပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့ပတ်သက်ပြီး တရားဥပဒေရေးရာ တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ထိုထဲတွင် သစ်တောဥပဒေကို ပြန်လည်ပြုပြင်ခြင်းနှင့် မျက်ပင်မြေနေရာ ဥပဒေကိုလည်း ပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဗဟိုအစိုးရဟာ ယွမ် ၅၀ ဘီလီယံကို ရင်းနှီးမြှုပ်နှံထားပြီး စီမံကိန်း ၂၅ ခုကို ဂေဟစနစ် ကာကွယ်ရေးနှင့် တောင်ကုန်းများ၊ မြစ်များ၊ သစ်တောများ၊ ရေကန်များနှင့် မြက်ပင်မြေများ ထိန်းသိမ်းကာကွယ်ရေးအတွက် လျှာထားခဲ့ပါတယ်။

၂၀၂၀ ဇွန်လတွင် တရုတ်ဟာ ၁၅ နှစ်စီမံကိန်းကို ချမှတ်ခဲ့ပြီး ထိုထဲတွင် ကာကွယ်ရေး နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၁ ကနေ ၂၀၃၅ ခုနှစ်အကြား ဖော်ဆောင်ရန် အရေးကြီးသော စီမံကိန်းများ ပါဝင်ပါတယ်။

စီမံချက်များအရ တရုတ်နိုင်ငံဟာ လာမယ့် ၂၀၃၅ ခုနှစ်တွင် သစ်တောနေရာကို ၂၆ ရာခိုင်နှုန်းအထိ တိုးချဲ့ရန်ဖြစ်ပြီး မြက်ပင်မြေနေရာကိုလည်း ၆၀ ရာခိုင်နှုန်းအထိ တိုးချဲ့မည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို တိုးတက်စေပြီး ကာကွယ်မှုရှိသော မြေနေရာပေါင်း တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ၁၈ ရာခိုင်နှုန်းအထိ တိုးမည်ဖြစ်ပါတယ်။

“၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါရဲ့  ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသားညီလာခံတွင် ကျွန်တော်တို့ဟာ ဂေဟစနစ်ပြန်လည်တည်ဆောက်ရေးကို ပထဝီအနေအထားအတိုင်း ကဏ္ဍပေါင်းစုံတွင် ဆောင်ရွက်ရန်စီမံချက် ချမှတ်ထားပြီဖြစ်ပါတယ်။ စနစ်တကျ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကို လုပ်ဆောင်ပြီး အရေးကြီးသော ဒေသများ၊ မြစ်များ နှင့် ပင်လယ်နေရာများတွင် ဂေဟစနစ်ပြဿနာများကို ကုသရန်ဖြစ်ပါတယ်” ဟု အမျိုးသားနယ်မြေပတ်ဝန်းကျင်ပြန်လည်တည်ဆောက်ရေးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ကျိုယွမ်ဘိုက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွင် တရုတ်နိုင်ငံဟာ ဂေဟစနစ်ကာကွယ်ရေး အနီရောင်မျဉ်းရေးဆွဲမှုကို ပြီးစီးခဲ့ပြီး နိုင်ငံရဲ့ အနည်းဆုံးနေရာ ၂၅ ရာခိုင်နှုန်းကို ကာကွယ်မှုနေရာအဖြစ် သတ် မှတ်ထားပါတယ်။

တရုတ်နိုင်ငံဟာ ပထမအသုတ်အဖြစ် အမျိုးသားဥယျာဉ်ကို ကီလိုမီတာ ၂၃၀၀၀၀ အသုံးပြုပြီး ဆောက်ခဲ့ပြီး ထိုအမျိုးသားဥယျာဉ်တို့မှာ Sanjiangyuan National Park ၊ Giant Panda National Park ၊ Northeast China Tiger နှင့် Leopard National Park ၊ Hainan Tropical Rainforest National Park နှင့် Wuyishan National Park တို့ကို ဆောက်လုပ်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွင်းက တောရိုင်းတိရစ္ဆာန် ၃၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ပေးထားသော နေရာများဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ သဘာဝဂေဟစနစ်ဟာ တည်ငြိမ်နေပြီး တိုးတက်နေပါတယ်။နိုင်ငံ၏ အရေးကြီးသော ဂေဟစနစ်အတွက် နေရာများဖြစ်တဲ့ Qinghai-Tibet ကုန်းမြင့်နေရာ၊ ယန်ဇီမြစ် နှင့် မြစ်ဝါမြစ် အစရှိသော နေရာများတွင်လည်း တိုးတက်မှုများ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

Naing

Ref:CMG| Notable achievements made in protecting natural ecosystem in China