【 ဆောင်းပါး 】“ပျော်ရွှင်ဆင်နွှဲ လတန်ဆောင်တိုင်ပွဲ”

【 ဆောင်းပါး 】“ပျော်ရွှင်ဆင်နွှဲ လတန်ဆောင်တိုင်ပွဲ”

လတန်ဆောင်တိုင်သို့ ရောက်ပြီ။မိုးလေကင်းလွတ်သော သည်လအခါဝယ် ပွဲလမ်းများ ကျင်းပကြသည့်နည်းတူ ဘာသာရေးအရလည်း ထူးခြားလေးနက်သည့် ပွဲတော်များ ကျင်းပရာ အခါလည်းဖြစ်သည်။အများစုက ဆီမီးရောင်မြိုင် လတန်ဆောင်တိုင် ဆိုသည်နှင့် လူ့ရပ်လူ့ရွာ ပျော်ပွဲရွှင်ပွဲ ခြိမ့်ခြိမ့်သဲကျင်းပသည့် အချိန်ကာလဟုလည်း မှတ်ယူမှားကြသည်။

တန်ဆောင်မုန်းလမှာ မြန်မာလ ဆယ့်နှစ်လထဲတွင် ရှစ်လမြောက်ြ ဖြစ်သည်။မိုးနှောင်း၊ ဆောင်းအကူး သာယာကြည်နူးဖွယ် ကာလဖြစ်ပြီး ဗြ္ဆိာရာသီ ဖြစ်၏။လပြည့်မှာ ကြတ္တိကာ နက္ခတ်နှင့် ယှဉ်ပြိုင်ထွန်းပသဖြင့် လရောင်က ရွှန်းမြကြည်လင်နေသည်။
တာရာမှာ ကျီးတာရာဖြစ်ပြီး ရာသီပန်းက ခဝဲပန်း ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များအဖို့ ဘာသာရေးအရ အထွဋ်အမြတ် ထူးခြားသည့်လလည်း ဖြစ်သည်။အထူးသဖြင့် တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလ သုတ္တန်ကို ဟောကြားတော်မူသောကြောင့် ဗုဒ္ဓဘာသာဝင်များက တန်ဆောင်မုန်း လပြည့်နေ့ကို သာမညဖလနေ့ ဟုလည်း ခေါ်ကြသည်။သာမညဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟု အဓိပ္ပာယ်ရကာ ဘုရားရှင်က ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ ဖြစ်၍လည်း ဤနေ့ကို သံဃာတော်များနေ့ဟုလည်း အများစုက မှတ်သားခေါ်ဝေါ်ကြသည်။

ဘုရားရှင်က အဇာတသတ်မင်းကို ဟောကြားသည့် သာမညဖလ သုတ္တန်တွင် ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးအဖြစ် -

၁။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ လွတ်ကင်းခြင်းအကျိုး။
၂။ အခွန်ထမ်းဆောင်မှုမှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရ သီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၄။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠ သီလနှင့် ပြည့်စုံခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္စိမ သီလနှင့် ပြည့်စုံခြင်း အကျိုး။
၆။ နက္ခတ်ဗေဒင်၊ ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း အကျိုး။
၇။ ဣန္ဒြေ ၆ ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။
၈။ သတိနှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ) တရားနှင့် ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ (ရောင့်ရဲခြင်း) အကျိုး။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး။
၁၂။ ဈာန်တရားရနိုင်ခြင်း အကျိုး။
၁၃။ ဝိဇ္ဇာ ရှစ်ပါးနှင့် ပြည့်စုံ၍ မဂ်ဖိုလ် ရနိုင်ခြင်း စသည့်  ၁၃ ပါးကို ဟောကြားခဲ့သည်။

အဆိုပါ သာမညဖလသုတ်တွင် ပါဝင်သည့် အချက်များနှင့် ယှဉ်ထိုးကာ အချို့သံဃာတုများ၏ ကျင့်ကြံမှုကို ချိန်ကိုက်စစ်ထုတ်ကြည့်နိုင်သဖြင့်လည်း သာသနာတော်အတွက် အလွန်အကျိုးထူး များစေသည့် သုတ္တန်လည်း ဖြစ်သည်။

ထို့ပြင် တန်ဆောင်မုန်းလပြည့်နေ့က ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်များအတွက်လည်း နောင်သံသရာ ဘဝများအတွက် အလွန်အကျိုးထူးရစေသည့် နေ့ရက်လည်းဖြစ်ကာ ဗုဒ္ဓဘာသာဝင်များအတွက် ကထိန်သင်္ကန်းကို နောက်ဆုံးရက်အဖြစ် ကပ်လှူခွင့်ရသည့် နေ့လည်းဖြစ်ပြီး ကထိန်ခင်းရန် မတတ်နိုင်သည့် ကျောင်းများကိုရှာကာ ကထိန်ခင်းခွင့် နောက်ဆုံးရသည့် နေ့လည်း ဖြစ်သည်။

ကထိန်ဆိုသည်မှာ ''ကထိန'' ဟူသော ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်း ဖြစ်သည်။အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏'' ဟု ချီးကျူးသြဘာ ထောမနာပြုရသော အလုပ်ကျိုးကို ''ကထိန်'' ဟု ခေါ်သည်။ကထိန်ပွဲတော်သည် ရှေးဘုရင်လက်ထက် အဆက်ဆက်ကပင် ရှိခဲ့သည်။ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိရသည်။

ကထိန်ပွဲတော်ကို သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်းကျင်းရသည်။ကထိန်ခင်းရာတွင် မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ၊ အကြီးဆုံး မထေရ်အားဖြစ်စေ ကပ်လှူရန် ဥတ်သင်္ကန်းအပြင် အခြံအရံ လှူဖွယ်ပစ္စည်းများကို ထည့်သွင်းလှူဒါန်းလေ့ ရှိသည်။ကထိန်ခင်းရာ၌ သံဃိက စစ်စစ် ဖြစ်သင့်သည့်အတွက် အလှူ့ဒကာများက မည်သည့်ပစ္စည်းကား သံဃိက ပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိက ပစ္စည်း ဖြစ်သည်ဟု ခွဲခြားလျှောက်တင်ကြရသည်။ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန်အာနိသင်ငါးပါး ခံစားရကြောင်းလည်း ကျမ်းဂန်များတွင် ဆိုထားသည်။

ထိုသို့ ကထိန်ခင်းခြင်းကြောင့် မိမိတွင် အကျိုးကုသိုလ်ထူးရသလို ရဟန်းသံဃာများအတွက် ကထိန် အာနိသင် ၅ ပါးကိုလည်း ရစေသည့် အကျိုးထူးသောနေ့ ဖြစ်သည်။

ယခုအခါ ကထိန်ခင်းသူ ဗုဒ္ဓဘာသာဝင်တိုင်း ကထိန် အာနိသင် ၅ ပါးကို သိခဲလှသည်။ထို ၅ ပါးမှာ

၁ - ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာ အိမ်သို့ သွားနိုင်ခြင်း၊
၂ - အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင်နေနိုင်ခြင်း၊
၃ - အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ ထားနိုင်ခြင်း၊
၄ - ထမင်းစားကြွပါ စသည်ဖြင့် မအပ်သော ဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
၅ - ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအား လှူသော သင်္ကန်းလျာပုဆိုးကို လည်းကောင်း၊ (သို့မဟုတ်) သင်္ကန်းကို လည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း၊ စသည့် အကျိုး ၅ ပါး ဖြစ်သည်။ထို ကထိန် အာနိသင် ၅ ပါးကို ကထိန်ခင်းသော ရဟန်းနှင့် ကထိန်ခင်းရာဝယ် နှုတ်ဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်သော ရဟန်းအားလုံး ကထိန်းခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်တိုင်အောင် ခံစားခွင့်ရှိခြင်းတို့ ဖြစ်သည်။

ကထိန်သင်္ကန်း အလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာ ပြုရသော ကာလဒါနမျိုး ဖြစ်သည်။ကထိန်သင်္ကန်း ကပ်လှူပွဲ ခွင့်ပြုသောကာလမှာ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင် မုန်း လပြည့်နေ့အထိ ဖြစ်သည်။တန်ဆောင်မုန်း လပြည့်နေ့ အရုဏ်တက်ချိန် မသိုးသင်္ကန်းများ ကပ်လှူရန်အတွက် ရက်လုပ်ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက်မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။

ဗုဒ္ဓဘာသာဝင် မြန်မာတို့က ကထိန်အလှူပွဲတော်ကို ခြိမ့်ခြိမ့်သဲကျင်းပကြပြီး ထိုရက်တွင် တန်ဆောင်တိုင် မီးထွန်းပွဲ၊ ကျီးမနိုးပွဲ၊ အမျိုးသားအောင်ပွဲနေ့ စသော လောကီပျော်ပွဲရွှင်ပွဲများကို ကျင်းပကြသလို ကုသိုလ်ရစေသည့် လောကုတ္တရာ ဘာသာရေးပွဲဖြစ်သော မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ ရှင်မာလဲပွဲ ပွဲများကိုလည်း ကျင်းပကြသည်။ထိုရက်တွင် တချို့ရပ်ရွာများ၌ ရှင်မာလဲ ပွဲကို ခမ်းနားစွာ ကျင်းပကြသည်။

ရှင်မာလဲ ပွဲမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။အရိမေတ္တေယျ ဘုရား အလောင်းနတ်သားက သီဟိုဠ်ကျွန်းသား ရှင်မာလဲမထေရ် အား တန်ဆောင်မုန်း လပြည့်နေ့တိုင်း လူအပေါင်းတို့အား ဝေဿန္တရာဇာတ်တော်ကို ဟောကြားပါရန် တောင်းပန်လျှောက်ထားသဖြင့် ရှင်မာလဲ က ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာ ဇာတ်တော်ကြီးကို ဟောပြောသည်ကို အထိမ်းအမှတ်ပြု၍ ဝေဿန္တရာ ဇာတ်တော်ကို ဟောပြောခဲ့သည်။ထိုသည်ကို အစွဲပြုကာ နောက်လူတို့က လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းထုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် စသည် တင်ကာ လှူဒါန်းခြင်းဖြင့်လည်း ရှင်မာလဲပွဲ ကိုလည်း ကျင်းပကြသည်။

တန်ဆောင်မုန်း လပြည့်နေ့ ကာလများတွင် ကိုယ့်ရပ်ကိုယ့်ရွာအလိုက် အလှူအတန်းများ၊ မရှိနွမ်းပါးသူများ အထောက်အကူဖြစ်စေရန် နိဗ္ဗာန်ဈေးများ၊ မီးထွန်းပွဲတော်များ ကျင်းပကြသလို ဒေသအလိုက် တန်ခိုးကြီး ဘုရားများတွင်လည်း မသိုးသင်္ကန်း ကပ်လှူကြသည်ကလည်း ယနေ့တိုင်မြဲနေသည့် ထူးကဲသော အစဉ်အလာကောင်းပင် ဖြစ်သည်။

ဗုဒ္ဓဘာသာမှ ဆင်းသက်လာသည့် မြင့်မြတ်သည့် ကထိန်နှင့် မြတ်စွာဘုရား သာမညဖလ သုတ္တန် ဟောကြားသည့်နေ့ဖြစ်သည့် တန်ဆောင်မုန်း လပြည့်နေ့တွင် လောကီပျော်ပွဲရွှင်ပွဲထက် နောင်သံသရာအထိ အကျိုးထူးစေမည့် ကုသိုလ်ရေးကို ဦးထိပ်ထားသည့် ဒါန၊ သီလ တိုးပွားစေသည့် ဓလေ့ကောင်းများက ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ လက်ဆင့်ကမ်း စောင့်ထိန်းရမည့် တာဝန်လည်း ဖြစ်ပေသည်။

ဖြိုးဝေလှ
နိုဝင်ဘာ - ၂၁

( Zawgyi )

လတန္ေဆာင္တိုင္သို႔ ေရာက္ၿပီ။မိုးေလကင္းလြတ္ေသာ သည္လအခါဝယ္ ပြဲလမ္းမ်ား က်င္းပၾကသည့္နည္းတူ ဘာသာေရးအရလည္း ထူးျခားေလးနက္သည့္ ပြဲေတာ္မ်ား က်င္းပရာ အခါလည္းျဖစ္သည္။အမ်ားစုက ဆီမီးေရာင္ၿမိဳင္ လတန္ေဆာင္တိုင္ ဆိုသည္ႏွင့္ လူ႔ရပ္လူ႔႐ြာ ေပ်ာ္ပြဲ႐ႊင္ပြဲ ၿခိမ့္ၿခိမ့္သဲက်င္းပသည့္ အခ်ိန္ကာလဟုလည္း မွတ္ယူမွားၾကသည္။

တန္ေဆာင္မုန္းလမွာ ျမန္မာလ ဆယ့္ႏွစ္လထဲတြင္ ရွစ္လေျမာက္ျ ျဖစ္သည္။မိုးေႏွာင္း၊ ေဆာင္းအကူး သာယာၾကည္ႏူးဖြယ္ ကာလျဖစ္ၿပီး ျဗၦိာရာသီ ျဖစ္၏။လျပည့္မွာ ၾကတၱိကာ နကၡတ္ႏွင့္ ယွဥ္ၿပိဳင္ထြန္းပသျဖင့္ လေရာင္က ႐ႊန္းျမၾကည္လင္ေနသည္။
တာရာမွာ က်ီးတာရာျဖစ္ၿပီး ရာသီပန္းက ခဝဲပန္း ျဖစ္သည္။

ဗုဒၶဘာသာဝင္မ်ားအဖို႔ ဘာသာေရးအရ အထြဋ္အျမတ္ ထူးျခားသည့္လလည္း ျဖစ္သည္။အထူးသျဖင့္ တန္ေဆာင္မုန္း လျပည့္ေန႔တြင္ ျမတ္စြာဘုရားက အဇာတသတ္မင္းအား သာမညဖလ သုတၱန္ကို ေဟာၾကားေတာ္မူေသာေၾကာင့္ ဗုဒၶဘာသာဝင္မ်ားက တန္ေဆာင္မုန္း လျပည့္ေန႔ကို သာမညဖလေန႔ ဟုလည္း ေခၚၾကသည္။သာမညဖလ ဆိုသည္မွာ ရဟန္းျပဳရျခင္း၏ အက်ိဳးဟု အဓိပၸာယ္ရကာ ဘုရားရွင္က ရဟန္းျပဳရျခင္း၏ အက်ိဳးကို ေဟာၾကားေသာေန႔ ျဖစ္၍လည္း ဤေန႔ကို သံဃာေတာ္မ်ားေန႔ဟုလည္း အမ်ားစုက မွတ္သားေခၚေဝၚၾကသည္။

ဘုရားရွင္က အဇာတသတ္မင္းကို ေဟာၾကားသည့္ သာမညဖလ သုတၱန္တြင္ ရဟန္းျပဳျခင္း၏ အက်ိဳးေက်းဇူးအျဖစ္ -

၁။ မင္းခစားဘဝႏွင့္ မင္းျပစ္မင္းဒဏ္မွ လြတ္ကင္းျခင္းအက်ိဳး။
၂။ အခြန္ထမ္းေဆာင္မႈမွ လြတ္ကင္းျခင္း အက်ိဳး။
၃။ ပါတိေမာကၡ သံဝရ သီလႏွင့္ ျပည့္စုံသျဖင့္ အပါယ္ေဘးမွ ကင္းေဝးျခင္း အက်ိဳး။
၄။ ဒုစ႐ိုက္ကို ေရွာင္သျဖင့္ ဒုစ႐ိုက္ဒုကၡမွ ကင္းလြတ္၍ စူဠ သီလႏွင့္ ျပည့္စုံျခင္း အက်ိဳး။
၅။ ပြဲသဘင္ အမ်ိဳးမ်ိဳး၊ ကစားပြဲ အမ်ိဳးမ်ိဳး မေကာင္းေသာစကား အမ်ိဳးမ်ိဳးတို႔မွ ေရွာင္ၾကဥ္သျဖင့္ ထိုဒုကၡမ်ားမွ ကင္းလြတ္၍ မဇၥိမ သီလႏွင့္ ျပည့္စုံျခင္း အက်ိဳး။
၆။ နကၡတ္ေဗဒင္၊ ယၾတာ လကၡဏာ ေဆးကုျခင္း စသည္တို႔မွ ေရွာင္ၾကဥ္သျဖင့္ အာဇီဝ ပါရိသုဒၶိ သီလႏွင့္ ညီၫြတ္၍ မဟာသီလႏွင့္ ျပည့္စုံျခင္း အက်ိဳး။
၇။ ဣေျႏၵ ၆ ပါး၌ အကုသိုလ္မျဖစ္ေအာင္ ေစာင့္စည္းႏိုင္ျခင္း အက်ိဳး။
၈။ သတိႏွင့္ ျပည့္စုံျခင္း အက်ိဳး။
၉။ သမၸဇဥ္ (ဆင္ျခင္တုံ) တရားႏွင့္ ျပည့္စုံျခင္း အက်ိဳး။
၁၀။ သေႏၲာသ (ေရာင့္ရဲျခင္း) အက်ိဳး။
၁၁။ နီဝရဏ ငါးပါးမွ လြတ္ကင္းျခင္း အက်ိဳး။
၁၂။ ဈာန္တရားရႏိုင္ျခင္း အက်ိဳး။
၁၃။ ဝိဇၨာ ရွစ္ပါးႏွင့္ ျပည့္စုံ၍ မဂ္ဖိုလ္ ရႏိုင္ျခင္း စသည့္  ၁၃ ပါးကို ေဟာၾကားခဲ့သည္။

အဆိုပါ သာမညဖလသုတ္တြင္ ပါဝင္သည့္ အခ်က္မ်ားႏွင့္ ယွဥ္ထိုးကာ အခ်ိဳ႕သံဃာတုမ်ား၏ က်င့္ႀကံမႈကို ခ်ိန္ကိုက္စစ္ထုတ္ၾကည့္ႏိုင္သျဖင့္လည္း သာသနာေတာ္အတြက္ အလြန္အက်ိဳးထူး မ်ားေစသည့္ သုတၱန္လည္း ျဖစ္သည္။

ထို႔ျပင္ တန္ေဆာင္မုန္းလျပည့္ေန႔က ဗုဒၶဘာသာဝင္ လူပုဂၢိဳလ္မ်ားအတြက္လည္း ေနာင္သံသရာ ဘဝမ်ားအတြက္ အလြန္အက်ိဳးထူးရေစသည့္ ေန႔ရက္လည္းျဖစ္ကာ ဗုဒၶဘာသာဝင္မ်ားအတြက္ ကထိန္သကၤန္းကို ေနာက္ဆုံးရက္အျဖစ္ ကပ္လႉခြင့္ရသည့္ ေန႔လည္းျဖစ္ၿပီး ကထိန္ခင္းရန္ မတတ္ႏိုင္သည့္ ေက်ာင္းမ်ားကိုရွာကာ ကထိန္ခင္းခြင့္ ေနာက္ဆုံးရသည့္ ေန႔လည္း ျဖစ္သည္။

ကထိန္ဆိုသည္မွာ ''ကထိန'' ဟူေသာ ပါဠိေဝါဟာရကို ျပန္ဆိုထားျခင္း ျဖစ္သည္။အလုပ္အက်ိဳးေပး ၿမဲၿမဲခိုင္ခံ့ေသာအလုပ္၊ ဘုရားအစရွိေသာ ပညာရွိတို႔က ''ေကာင္း၏၊ ေကာင္း၏'' ဟု ခ်ီးက်ဴးၾသဘာ ေထာမနာျပဳရေသာ အလုပ္က်ိဳးကို ''ကထိန္'' ဟု ေခၚသည္။ကထိန္ပြဲေတာ္သည္ ေရွးဘုရင္လက္ထက္ အဆက္ဆက္ကပင္ ရွိခဲ့သည္။ပဒုမုတၱရဘုရားရွင္တို႔၏ လက္ထက္၌ ကထိန္ခြင့္ျပဳခဲ့သည္ဟု ဗုဒၶစာေပမ်ား၌ ေတြ႕ရွိရသည္။

ကထိန္ပြဲေတာ္ကို သီတင္းကြၽတ္ လျပည့္ေက်ာ္ တစ္ရက္ေန႔မွ တန္ေဆာင္မုန္း လျပည့္ေန႔အထိ ခင္းက်င္းရသည္။ကထိန္ခင္းရာတြင္ မရွိႏြမ္းပါးေသာ ရဟန္းအားျဖစ္ေစ၊ အႀကီးဆုံး မေထရ္အားျဖစ္ေစ ကပ္လႉရန္ ဥတ္သကၤန္းအျပင္ အၿခံအရံ လႉဖြယ္ပစၥည္းမ်ားကို ထည့္သြင္းလႉဒါန္းေလ့ ရွိသည္။ကထိန္ခင္းရာ၌ သံဃိက စစ္စစ္ ျဖစ္သင့္သည့္အတြက္ အလႉ႔ဒကာမ်ားက မည္သည့္ပစၥည္းကား သံဃိက ပစၥည္း၊ မည္သည့္ပစၥည္းကား ပုဂၢလိက ပစၥည္း ျဖစ္သည္ဟု ခြဲျခားေလွ်ာက္တင္ၾကရသည္။ကထိန္ခင္း၍ သကၤန္းရရွိေသာ ရဟန္းတို႔မွာ ကထိန္အာနိသင္ငါးပါး ခံစားရေၾကာင္းလည္း က်မ္းဂန္မ်ားတြင္ ဆိုထားသည္။

ထိုသို႔ ကထိန္ခင္းျခင္းေၾကာင့္ မိမိတြင္ အက်ိဳးကုသိုလ္ထူးရသလို ရဟန္းသံဃာမ်ားအတြက္ ကထိန္ အာနိသင္ ၅ ပါးကိုလည္း ရေစသည့္ အက်ိဳးထူးေသာေန႔ ျဖစ္သည္။

ယခုအခါ ကထိန္ခင္းသူ ဗုဒၶဘာသာဝင္တိုင္း ကထိန္ အာနိသင္ ၅ ပါးကို သိခဲလွသည္။ထို ၅ ပါးမွာ

၁ - ထင္ရွားရွိေသာ ရဟန္းကို မပန္ၾကားမူ၍ ၿမိဳ႕တြင္း႐ြာတြင္း ဆြမ္းဖိတ္ရာ အိမ္သို႔ သြားႏိုင္ျခင္း၊
၂ - အဓိ႒ာန္တင္ၿပီး ေဆာင္ေသာသကၤန္းကို မယူမူ၍ သြားႏိုင္ေနႏိုင္ျခင္း၊
၃ - အလိုရွိတိုင္း သကၤန္းကို အဓိ႒ာန္ ဝိကပၸနာမျပဳမူ၍ ထားႏိုင္ျခင္း၊
၄ - ထမင္းစားႂကြပါ စသည္ျဖင့္ မအပ္ေသာ ဖိတ္ျခင္းရွိေသာ ဂဏေဘာဇဥ္ကို စားႏိုင္ျခင္း၊
၅ - ကထိန္ခင္းေသာ ေက်ာင္းတိုက္၌ ကထိန္ခင္းၿပီးေနာက္ တေပါင္းလျပည့္ေန႔အတြင္း သံဃာအား လႉေသာ သကၤန္းလ်ာပုဆိုးကို လည္းေကာင္း၊ (သို႔မဟုတ္) သကၤန္းကို လည္းေကာင္း၊ ထိုေက်ာင္းတိုက္ရွိ ကထိန္ အႏုေမာဒနာျပဳေသာ ရဟန္းတို႔သာ ရႏိုင္ျခင္း၊ စသည့္ အက်ိဳး ၅ ပါး ျဖစ္သည္။ထို ကထိန္ အာနိသင္ ၅ ပါးကို ကထိန္ခင္းေသာ ရဟန္းႏွင့္ ကထိန္ခင္းရာဝယ္ ႏႈတ္ျဖင့္ ဝမ္းေျမာက္ႏုေမာ္ သာဓုေခၚေသာ ရဟန္းအားလုံး ကထိန္းခင္းသည့္ ေန႔မွစ၍ တေပါင္းလျပည့္တိုင္ေအာင္ ခံစားခြင့္ရွိျခင္းတို႔ ျဖစ္သည္။

ကထိန္သကၤန္း အလႉသည္ တစ္ႏွစ္တြင္ တစ္လ၊ တစ္လတြင္ တစ္ရက္သာ ျပဳရေသာ ကာလဒါနမ်ိဳး ျဖစ္သည္။ကထိန္သကၤန္း ကပ္လႉပြဲ ခြင့္ျပဳေသာကာလမွာ သီတင္းကြၽတ္ လျပည့္ေက်ာ္ ၁ ရက္ေန႔မွ တန္ေဆာင္ မုန္း လျပည့္ေန႔အထိ ျဖစ္သည္။တန္ေဆာင္မုန္း လျပည့္ေန႔ အ႐ုဏ္တက္ခ်ိန္ မသိုးသကၤန္းမ်ား ကပ္လႉရန္အတြက္ ရက္လုပ္ပူေဇာ္ပြဲမ်ား က်င္းပေလ့ရွိၿပီး ေန႔မကူး၊ ရက္မကူးဘဲ တစ္ရက္တည္း အၿပီးရက္လုပ္ လႉဒါန္းရေသာ သကၤန္းျဖစ္သျဖင့္ မသိုးသကၤန္းဟုလည္း ေခၚေဝၚၾကသည္။

ဗုဒၶဘာသာဝင္ ျမန္မာတို႔က ကထိန္အလႉပြဲေတာ္ကို ၿခိမ့္ၿခိမ့္သဲက်င္းပၾကၿပီး ထိုရက္တြင္ တန္ေဆာင္တိုင္ မီးထြန္းပြဲ၊ က်ီးမႏိုးပြဲ၊ အမ်ိဳးသားေအာင္ပြဲေန႔ စေသာ ေလာကီေပ်ာ္ပြဲ႐ႊင္ပြဲမ်ားကို က်င္းပၾကသလို ကုသိုလ္ရေစသည့္ ေလာကုတၱရာ ဘာသာေရးပြဲျဖစ္ေသာ မသိုးသကၤန္းရက္ၿပိဳင္ပြဲ၊ ရွင္မာလဲပြဲ ပြဲမ်ားကိုလည္း က်င္းပၾကသည္။ထိုရက္တြင္ တခ်ိဳ႕ရပ္႐ြာမ်ား၌ ရွင္မာလဲ ပြဲကို ခမ္းနားစြာ က်င္းပၾကသည္။

ရွင္မာလဲ ပြဲမွာ ျမတ္စြာဘုရား ပရိနိဗၺာန္စံၿပီးမွ ေပၚေပါက္လာျခင္း ျဖစ္သည္။အရိေမေတၱယ် ဘုရား အေလာင္းနတ္သားက သီဟိုဠ္ကြၽန္းသား ရွင္မာလဲမေထရ္ အား တန္ေဆာင္မုန္း လျပည့္ေန႔တိုင္း လူအေပါင္းတို႔အား ေဝႆႏၲရာဇာတ္ေတာ္ကို ေဟာၾကားပါရန္ ေတာင္းပန္ေလွ်ာက္ထားသျဖင့္ ရွင္မာလဲ က ဂါထာတစ္ေထာင္ျဖင့္ တန္ဆာဆင္အပ္ေသာ ေဝႆႏၲရာ ဇာတ္ေတာ္ႀကီးကို ေဟာေျပာသည္ကို အထိမ္းအမွတ္ျပဳ၍ ေဝႆႏၲရာ ဇာတ္ေတာ္ကို ေဟာေျပာခဲ့သည္။ထိုသည္ကို အစြဲျပဳကာ ေနာက္လူတို႔က ေလွာ္ကားေတာ္ပုံျပဳ၍ ေလွာ္ကားထက္တြင္ အသီးတစ္ေထာင္၊ အပြင့္တစ္ေထာင္၊ ထမင္းထုပ္တစ္ေထာင္၊ ဆီမီးတစ္ေထာင္ စသည္ တင္ကာ လႉဒါန္းျခင္းျဖင့္လည္း ရွင္မာလဲပြဲ ကိုလည္း က်င္းပၾကသည္။

တန္ေဆာင္မုန္း လျပည့္ေန႔ ကာလမ်ားတြင္ ကိုယ့္ရပ္ကိုယ့္႐ြာအလိုက္ အလႉအတန္းမ်ား၊ မရွိႏြမ္းပါးသူမ်ား အေထာက္အကူျဖစ္ေစရန္ နိဗၺာန္ေဈးမ်ား၊ မီးထြန္းပြဲေတာ္မ်ား က်င္းပၾကသလို ေဒသအလိုက္ တန္ခိုးႀကီး ဘုရားမ်ားတြင္လည္း မသိုးသကၤန္း ကပ္လႉၾကသည္ကလည္း ယေန႔တိုင္ၿမဲေနသည့္ ထူးကဲေသာ အစဥ္အလာေကာင္းပင္ ျဖစ္သည္။

ဗုဒၶဘာသာမွ ဆင္းသက္လာသည့္ ျမင့္ျမတ္သည့္ ကထိန္ႏွင့္ ျမတ္စြာဘုရား သာမညဖလ သုတၱန္ ေဟာၾကားသည့္ေန႔ျဖစ္သည့္ တန္ေဆာင္မုန္း လျပည့္ေန႔တြင္ ေလာကီေပ်ာ္ပြဲ႐ႊင္ပြဲထက္ ေနာင္သံသရာအထိ အက်ိဳးထူးေစမည့္ ကုသိုလ္ေရးကို ဦးထိပ္ထားသည့္ ဒါန၊ သီလ တိုးပြားေစသည့္ ဓေလ့ေကာင္းမ်ားက ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ား လက္ဆင့္ကမ္း ေစာင့္ထိန္းရမည့္ တာဝန္လည္း ျဖစ္ေပသည္။

ၿဖိဳးေဝလွ
ႏိုဝင္ဘာ - ၂၁