【 ဆောင်းပါး 】“ ကြည်နူးရွှင်ပျော် သီတင်းကျွတ်ပွဲတော်”

 【 ဆောင်းပါး  】“ ကြည်နူးရွှင်ပျော် သီတင်းကျွတ်ပွဲတော်”

သီတင်းကျွတ်သို့ရောက်ပြီ။ သီတင်းကျွတ်လမှာ မိုးရာသီကုန်လုနီးချိန်ဖြစ်သည်။ အနောက်တောင် မုတ်သုံ လေ တစ်ပြည်လုံးမှ ဆုတ်ခွာစ ပြုတော့မည့်အားလျော်စွာ အားနည်းသော မိုးကြွင်းမိုးကျန် များသာ ရွာလေ့ရှိ သည်။ ရာသီအားဖြင့် မိုးအကုန်ဆောင်းအကူးဆိုသည့် မုတ်သုန်လေ ဆုတ်သည့် အချိန် မြောက်ပိုင်းမှ အအေး ဓာတ် စတင်လွှမ်းခြုံ ဝင်ရောက်လာသည့် ရာသီဖြစ်သဖြင့် မိုးလည်း မပြတ်သေး၊ ဆောင်းအအေး ဓာတ် လည်း ချည်းနင်းဝင်ရောက် လာတတ်သည့် သမမျှတသည့် သရဒဥတုပင်ဖြစ်သည်။

သီတင်းကျွတ်လကား မြန်မာအလိုအားဖြင့် တူရာသီ ။ တူရာသီဖြစ်သည့် သီတင်း ကျွတ်လတွင် နက္ခတ် အလိုအရ အသဝနီ နက္ခတ်နှင့် စန်းယှဉ်နေခြင်း၊ ရာသီပန်းများအနေဖြင့် ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ် (ကြာပုဏ္ဍရိက်)၊ ကြာခေါင်း လောင်း (ပဒုမ္မာ)ဟူသော ကြာမျိုး ငါးပါးတို့ ပွင့်ခြင်း ၊ရာသီ လက်ကျန် ပန်းများဖြစ် သည် စံပယ်၊ ပုန်းညက်၊ စကားဝါ၊ ယင်းမာနှင့် ခတ္တာ၊ မြတ်လေးပန်းတို့ ပွင့်တတ် သည့် ရာသီဖြစ်ပြီး ရာသီ ပွဲတော်အဖြစ် ဆီမီးမြင်းမိုရ်ပွဲ (ဝါ)တာဝတိံသာပွဲများ ကျင်းပလေ့ ရှိခြင်း၊ မြန်မာလများအနက် တစ်ခုတည်းသော နေ့တာနှင့် ညတာ ညီမျှသော လဖြစ်ခြင်း(နံနက် ၆ နာရီ နေထွက်၍ ညနေ ၆ နာရီတွင် နေဝင်ခြင်း) တို့ဖြင့် ပြည့်စုံသည့် လရာသီလည်း ဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့တွင် မြတ်ဘုရားရှင်သည် ဝါတွင်း ၃လ တာ ကာလလုံး မိဘကျေးဇူးဆပ် သည့်  အဘိဓမ္မာတရားတော်ကို နတ်ပြည်၌ နတ်၊ ဗြဟ္မာ အပေါင်းတို့အား အကျယ်နည်းဖြင့် ဟောကြား ပြီးဆုံးခဲ့ သည့် နေ့ဖြစ်သည်။ ထို့ပြင် သီတင်း ကျွတ် လပြည့်နေ့တွင် မြတ်ဘုရားရှင်က စန္ဒကူးတော၌ အရှင်သာရိပုတ္တရာ အား အကျဉ်းနည်းဖြင့် ဟောကြားပြီးဆုံးသည့်နေ့ဖြစ်ကာ တစ်ဖန် အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ ဖူး သော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ် အလတ် နည်းဖြင့် ဟောကြားပြီးဆုံးသည့်နေလည်း ဖြစ်ခဲ့ သဖြင့် ''အဘိဓမ္မာအခါတော်နေ့'' အဖြစ်လည်း ဗုဒ္ဓဘာသာဝင်တို့က တခမ်းတနားကျင်းပလာခဲ့ကြသည်။

သီတင်းကျွတ်လပြည့်နေ့မှာ တစ်နည်းအားဖြင့် အဘိဓမ္မာအခါတော်နေ့ဖြစ်သလို ဘုရားကျောင်း ကန် စေတီများ၌ ထိုနေ့တွင် အဘိဓမ္မာတရားတော်ရွတ်ဖတ်ပူဇော်ပွဲများကို တခမ်းတနားကျင်းပကြသည်။ ဗုဒ္ဓဘာသာ ဝင်များက အဘိဓမ္မာတရားတော်ကို ရွတ်ပွားပူဇော်နာယူရခြင်းကြောင့် (၁) လင်းနို့ သားဖြစ် ခဲ့ဖူးသော ရဟန်း တော်များ ကဲ့သို့ နာမရူပ ပရ္ဆေိဒဉာဏ်ရင့်သန်စေခြင်း၊(၂) မဂ်ဖိုနိဗ္ဗာန် ရောက်ရန် လမ်းကြောင်း အထောက်အပံ့ ကောင်း ရနိုင်ခြင်း၊ (၃) ဘေးဥပဒ်အ္တရာယ် ကင်းဝေးစေခြင်း၊ (၄)ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံ စေခြင်း စသည့် အကျိုးတရားများ ရရှိနိုင်သည်ဟု သက်ဝင်ယုံကြည်ထားကြသည်။

ထိုပြင် ရဟန်းသံဃာများအတွက်လည်း ဤလကား အထွဋ်အမြတ်ကာလလည်းဖြစ်သည်။ သီတင်း ကျွတ်လပြည့်နေ့မှာ ဝါတွင်းသုံးလတာကာလ၏ နောက်ဆုံးနေ့ဖြစ်သဖြင့် သုံးလတာ ဝါဆိုတော် မူကြသော သံဃာတော်မြတ်တို့ သီတင်းသုံးရာ ကျောင်းသင်္ကန်းမှ ဝါပန်ကာ သွားလာရသည့်မှ ကင်းလွတ်ကာ လွတ် လွတ်ကျွတ်ကျွတ်သွားလာသီတင်းသုံးနိုင်ကြပြီဖြစ်သည်။ သီတင်းကျွတ် လပြည့်နေ့တွင် ရဟန်းသံဃာတော်များ  ပဝါရဏာ ပွဲကို ကျောင်းသင်္ခန်းနှင့် စာသင်တိုက် တိုင်း  ကျင်းပကြသည်။ ပဝါရဏာမှာ ရဟန်းသံဃာတော်များ အချင်းချင်းအပြန်အလှန် ဖိတ်ကြားတိုက်တွန်း သောပွဲဖြစ်ပြီး ဘုရားရှင်၏ ဝိနည်းဒေသနာတော်ပညက်ချက်အရ ကျင်းပရသည် ပွဲဖြစ်သည်။

ကျောင်းတိုက် တစ်ခု၌ ဝါကပ်သောသံဃာ (သို့မဟုတ်) နီးစပ်ရာကျောင်းတိုက်များမှ သံဃာများသည် သိမ်တစ်ခုတွင် အညီအညွတ်စုရုံးကာ မထေရ်ကြီးကစ၍ အငယ်ဆုံးရဟန်းအထိ တစ်ပါးချင်းစီ ပဝါရဏာပါဠိကို ရွတ်ဆိုကာ ပဝါရဏာပြုကြရသည်။ တပည့်တော်ကို သနား သောအားဖြင့် ပြောဆို ဆုံးမကြပါဘုရား။ တပည့် တော်မှာ အပြစ်ရှိခဲ့လျှင် ကုစားပါမည်၊ ပြုပြင်ပါမည်ဘုရားဟု အဓိပ္ပာယ် သက်ရောက်သော ပါဠိကိုရွတ်ဆိုကာ ပဝါရဏာပြုကြသည်။  ဗုဒ္ဓသာသနာ့ဘောင်ရှိ ရဟန်းငယ် များက ရဟန်း ကြီး၊ ဆရာတော်ကြီးများကို ရှိခိုး ကန်တော့ကြ ၊ မိမိတို့တွင် အပြစ်ကြီး၊ အပြစ်ငယ် ရှိပါကလည်း ခွင့်လွှတ်ပါရန် တောင်းပန် ကြ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများထံမှ သြဝါဒကို ခံယူကြသည့် သံဃာထုညီညွတ်အောင်ဘုရားရှင်ပညက်တော်မူခဲ့သည့် ပွဲလည်းဖြစ်သည်။

ပဝါရဏာဟူ သည် ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း အဓိပ္ပာယ်ရသည်။ ပရဝါဏာမှာ ဝါဆို သော သံဃာအချင်းချင်း ''သံဃာတော်တို့အား တပည့်တော်သည် သံဃာကိုဖိတ်ကြားပါ၏။ အပြစ်ကို မြင်၍ သော်လည်းကောင်း၊ ကြား၍ သော်လည်းကောင်း၊ သံသယရှိ၍သော်လည်းကောင်း တပည့်တော် အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကိုရှု၍ ကုစားပါမည်''ဟု သုံးကြိမ်တိုင်တိုင် သံဃာအား ဖိတ် ကြား ပန်ကြားတိုက်တွန်းရသည်။

ထေရ်စဉ်ဝါလိုက် သံဃာတော်တို့အား သုံးကြိမ်စီ ရိုသေစွာဖိတ်ကြားကြရ၏။ ဖိတ်ကြားပြီးတိုင်း ကျန်သံ ဃာများက သာဓုသုံးကြိမ်ခေါ်ကြရ၏။ သံဃာအားလုံး ဖိတ်ကြားပြီးသည့်အခါ အကြီးဆုံး သံဃနာယက မထေရ် ကြီးက သံဃာများအား သြဝါဒစကားမိန့်ကြားတော် မူလေ့ရှိပေသည်။မယ်တော်မိနတ်သားအား ကျေးဇူးဆပ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူအခါ သင်္ကဿနဂိုရ်၊ သာဝတ္ထိ၊ ဝေသာလီ၊ ရာဇဂြိုဟ်၊ ဗာရာဏသီစသည့် ပြည်သူပြည်သားများက မီးရှူးမီးပန်းများ၊ ဆီမီးများထွန်းညှိ ၍လည်း ကောင်း၊ ပန်းရေချမ်းများကပ်လှူ၍ ဘုရားရှင်အားပူဇော်ခဲ့ကြသည်။

ထိုပူဇော်ခြင်းကို အတုယူ၍ ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ် မီးထွန်းပွဲတော်ကို အစဉ်အလာမပျက် နှစ်စဉ် ကျင်းပခဲ့ကြသည်။ မြတ်စွာဘုရားရှင် ကြွမြန်းလာသည် ကို ရည်မှန်းကာ ထိုနေ့တွင် မီးများထွန်းကာ မြင်းမိုရ်ပွဲ များ ဆင်ယင်ကျင်းပလေ့ရှိသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားရှင်၏ မိဘကျေးဇူးဆပ်သည့် နည်းလမ်းအတိုင်း မိဘဘိုးဘွားများ ပူဇော်ကန်တော့ကြသည်။ ဘုရားကျောင်းကန်များတွင် ဥပုသ်သီတင်းသီလ ဆောက်တည်ကြလေ့ရှိ သလို အိမ်တိုင်းအိမ်တိုင်း မီးပုံးလှလှလေးများ ချိတ်ဆွဲ၍တစ်ဖုံ၊ ဖယောင်း တိုင်များထွန်းညှိ၍ တစ်သွယ်၊ ဆီမီးခွက်များထွန်း၍ တစ်နည်းစသည်ဖြင့် ဘုရားရှင်အား ရည်မျှော်မှန်းကာ ပူဇော်လေ့ရှိကြပါသည်။ စေတီ၊ ပုထိုး၊ ကျောင်းကန်အသီးသီးတို့တွင်လည်း အသင်းအဖွဲ့အလိုက် ဆီမီးပူဇော်ပွဲများပြုလုပ်ကြ လေ့ရှိပါသည်။ မြို့ရွာအချို့၌ မီးထွန်းပွဲကိုအကြောင်းပြု၍ ပွဲလမ်း သဘင်နှင့် ဈေးပွဲတော်များလည်း ကျင်းပလေ့ရှိသည်။

ဤသို့ ဝိသေသထူးသည့် ဘုရားရှင် မိခင်ကျေးဇူးဆပ်သည့် နေ့မှ ဆင်းသက်လာသည့် သီတင်း ကျွတ် လပြည့်နေ့တွင် လူပြည်လူရွာ၌  ဥပုသ်သီလဆောက်တည်ကာ ကုသိုလ်ကောင်းမှု ပြုကြသလို ဘုရားရှင် နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ ရွှေစောင်းတန်း၊ငွေစောင်းတန်း၊ပတ္တမြားစောင်း တန်းကြီးများဖြင့် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့ကို ရည်မှန်းပူဇော်ကာ ဘုရားကျောင်း ကန်စေတီနှင့် ရပ်ရွာနေအိမ်လမ်းများတွင် ဆီမီးရောင်စုံထွန်းညှိ့ကာ ကုသိုလ်ရေး
ပျော်ပွဲ ဆင်နွှဲကြသည့် အချိန်အခါလည်း ဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ဟောကြားခြင်း ပြီးမြောက်သောနေ့ဖြစ်ခြင်း၊ မယ်တော်မိနတ်သားအား ကျေးဇူးဆပ်သည့် အနေဖြင့် နတ်ပြည်၌ နတ်၊ ဗြဟ္မာ တို့အား အဘိဓမ္မာဒေသနာ အကျယ်ဟောကြားခြင်းပြီးဆုံးသော နေ့ဖြစ်ခြင်း၊ အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား စန္ဒကူးနံ့သာတော၌ အဘိဓမ္မာဒေသနာတော်ကို မကျဉ်းမကျယ် ဟောကြားပြီးဆုံး သော နေ့ဖြစ်ခြင်း၊ ရဟန်းတော်များ ဝါမှ ထသောနေ့၊ ပဝါရဏာပြုကြသောနေ့ဖြစ်ခြင်း၊ လောကဝိဝရဏ တန်ခိုး တော်ကြောင့် စကြဝဠာ တစ်ဝန်းလုံးကို လူတိုင်း တိုးလျှိုပေါက်မြင်ကြရသောနေ့စသော ဘာသာရေးအရ နေ့ထူးနေ့မြတ်လည်း ဖြစ်ပေသည်။ဘာသာရေးအရ နေ့ထူးနေမြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့ကား ရဟန်းသံဃာနှင့် လူပရိတ် သတ်အပေါင်း ကုသိုလ်ကောင်း မှုဖြင့် မွေ့ပျော်ကာ သီတင်းသီလဆောက်တည်ပြီး မိဘကျေးဇူး သိတတ်သည့် ကန်တော့ခြင်းများဖြင့် ပြည်စုံကုံလုံနေသည့် အခါသမယပင် ဖြစ်ပါတော့သည်။

                                        ဖြိုးဝေလှ

(   Zawgyi  )

 သီတင္းကြၽတ္သို႔ေရာက္ၿပီ။ သီတင္းကြၽတ္လမွာ မိုးရာသီကုန္လုနီးခ်ိန္ျဖစ္သည္။ အေနာက္ေတာင္ မုတ္သုံ ေလ တစ္ျပည္လုံးမွ ဆုတ္ခြာစ ျပဳေတာ့မည့္အားေလ်ာ္စြာ အားနည္းေသာ မိုးႂကြင္းမိုးက်န္ မ်ားသာ ႐ြာေလ့ရွိ သည္။ ရာသီအားျဖင့္ မိုးအကုန္ေဆာင္းအကူးဆိုသည့္ မုတ္သုန္ေလ ဆုတ္သည့္ အခ်ိန္ ေျမာက္ပိုင္းမွ အေအး ဓာတ္ စတင္လႊမ္းၿခဳံ ဝင္ေရာက္လာသည့္ ရာသီျဖစ္သျဖင့္ မိုးလည္း မျပတ္ေသး၊ ေဆာင္းအေအး ဓာတ္ လည္း ခ်ည္းနင္းဝင္ေရာက္ လာတတ္သည့္ သမမွ်တသည့္ သရဒဥတုပင္ျဖစ္သည္။

သီတင္းကြၽတ္လကား ျမန္မာအလိုအားျဖင့္ တူရာသီ ။ တူရာသီျဖစ္သည့္ သီတင္း ကြၽတ္လတြင္ နကၡတ္ အလိုအရ အသဝနီ နကၡတ္ႏွင့္ စန္းယွဥ္ေနျခင္း၊ ရာသီပန္းမ်ားအေနျဖင့္ ၾကာျဖဴ၊ ၾကာနီ၊ ၾကာညိဳ၊ ၾကာတံဆိပ္ (ၾကာပု႑ရိက္)၊ ၾကာေခါင္း ေလာင္း (ပဒုမၼာ)ဟူေသာ ၾကာမ်ိဳး ငါးပါးတို႔ ပြင့္ျခင္း ၊ရာသီ လက္က်န္ ပန္းမ်ားျဖစ္ သည္ စံပယ္၊ ပုန္းညက္၊ စကားဝါ၊ ယင္းမာႏွင့္ ခတၱာ၊ ျမတ္ေလးပန္းတို႔ ပြင့္တတ္ သည့္ ရာသီျဖစ္ၿပီး ရာသီ ပြဲေတာ္အျဖစ္ ဆီမီးျမင္းမိုရ္ပြဲ (ဝါ)တာဝတႎသာပြဲမ်ား က်င္းပေလ့ ရွိျခင္း၊ ျမန္မာလမ်ားအနက္ တစ္ခုတည္းေသာ ေန႔တာႏွင့္ ညတာ ညီမွ်ေသာ လျဖစ္ျခင္း(နံနက္ ၆ နာရီ ေနထြက္၍ ညေန ၆ နာရီတြင္ ေနဝင္ျခင္း) တို႔ျဖင့္ ျပည့္စုံသည့္ လရာသီလည္း ျဖစ္သည္။

သီတင္းကြၽတ္လျပည့္ေန႔တြင္ ျမတ္ဘုရားရွင္သည္ ဝါတြင္း ၃လ တာ ကာလလုံး မိဘေက်းဇူးဆပ္ သည့္  အဘိဓမၼာတရားေတာ္ကို နတ္ျပည္၌ နတ္၊ ျဗဟၼာ အေပါင္းတို႔အား အက်ယ္နည္းျဖင့္ ေဟာၾကား ၿပီးဆုံးခဲ့ သည့္ ေန႔ျဖစ္သည္။ ထို႔ျပင္ သီတင္း ကြၽတ္ လျပည့္ေန႔တြင္ ျမတ္ဘုရားရွင္က စႏၵကူးေတာ၌ အရွင္သာရိပုတၱရာ အား အက်ဥ္းနည္းျဖင့္ ေဟာၾကားၿပီးဆုံးသည့္ေန႔ျဖစ္ကာ တစ္ဖန္ အရွင္သာရိပုတၱရာက လင္းႏို႔သားျဖစ္ခဲ့ ဖူး ေသာ ရဟန္းငါးရာတို႔အား မက်ဥ္းမက်ယ္ အလယ္ အလတ္ နည္းျဖင့္ ေဟာၾကားၿပီးဆုံးသည့္ေနလည္း ျဖစ္ခဲ့ သျဖင့္ ''အဘိဓမၼာအခါေတာ္ေန႔'' အျဖစ္လည္း ဗုဒၶဘာသာဝင္တို႔က တခမ္းတနားက်င္းပလာခဲ့ၾကသည္။

သီတင္းကြၽတ္လျပည့္ေန႔မွာ တစ္နည္းအားျဖင့္ အဘိဓမၼာအခါေတာ္ေန႔ျဖစ္သလို ဘုရားေက်ာင္း ကန္ ေစတီမ်ား၌ ထိုေန႔တြင္ အဘိဓမၼာတရားေတာ္႐ြတ္ဖတ္ပူေဇာ္ပြဲမ်ားကို တခမ္းတနားက်င္းပၾကသည္။ ဗုဒၶဘာသာ ဝင္မ်ားက အဘိဓမၼာတရားေတာ္ကို ႐ြတ္ပြားပူေဇာ္နာယူရျခင္းေၾကာင့္ (၁) လင္းႏို႔ သားျဖစ္ ခဲ့ဖူးေသာ ရဟန္း ေတာ္မ်ား ကဲ့သို႔ နာမ႐ူပ ပေရၦိဒဉာဏ္ရင့္သန္ေစျခင္း၊(၂) မဂ္ဖိုနိဗၺာန္ ေရာက္ရန္ လမ္းေၾကာင္း အေထာက္အပံ့ ေကာင္း ရႏိုင္ျခင္း၊ (၃) ေဘးဥပဒ္အၱရာယ္ ကင္းေဝးေစျခင္း၊ (၄)က်က္သေရမဂၤလာ အျဖာျဖာႏွင့္ ျပည့္စုံ ေစျခင္း စသည့္ အက်ိဳးတရားမ်ား ရရွိႏိုင္သည္ဟု သက္ဝင္ယုံၾကည္ထားၾကသည္။

ထိုျပင္ ရဟန္းသံဃာမ်ားအတြက္လည္း ဤလကား အထြဋ္အျမတ္ကာလလည္းျဖစ္သည္။ သီတင္း ကြၽတ္လျပည့္ေန႔မွာ ဝါတြင္းသုံးလတာကာလ၏ ေနာက္ဆုံးေန႔ျဖစ္သျဖင့္ သုံးလတာ ဝါဆိုေတာ္ မူၾကေသာ သံဃာေတာ္ျမတ္တို႔ သီတင္းသုံးရာ ေက်ာင္းသကၤန္းမွ ဝါပန္ကာ သြားလာရသည့္မွ ကင္းလြတ္ကာ လြတ္ လြတ္ကြၽတ္ကြၽတ္သြားလာသီတင္းသုံးႏိုင္ၾကၿပီျဖစ္သည္။ သီတင္းကြၽတ္ လျပည့္ေန႔တြင္ ရဟန္းသံဃာေတာ္မ်ား  ပဝါရဏာ ပြဲကို ေက်ာင္းသခၤန္းႏွင့္ စာသင္တိုက္ တိုင္း  က်င္းပၾကသည္။ ပဝါရဏာမွာ ရဟန္းသံဃာေတာ္မ်ား အခ်င္းခ်င္းအျပန္အလွန္ ဖိတ္ၾကားတိုက္တြန္း ေသာပြဲျဖစ္ၿပီး ဘုရားရွင္၏ ဝိနည္းေဒသနာေတာ္ပညက္ခ်က္အရ က်င္းပရသည္ ပြဲျဖစ္သည္။

ေက်ာင္းတိုက္ တစ္ခု၌ ဝါကပ္ေသာသံဃာ (သို႔မဟုတ္) နီးစပ္ရာေက်ာင္းတိုက္မ်ားမွ သံဃာမ်ားသည္ သိမ္တစ္ခုတြင္ အညီအၫြတ္စု႐ုံးကာ မေထရ္ႀကီးကစ၍ အငယ္ဆုံးရဟန္းအထိ တစ္ပါးခ်င္းစီ ပဝါရဏာပါဠိကို ႐ြတ္ဆိုကာ ပဝါရဏာျပဳၾကရသည္။ တပည့္ေတာ္ကို သနား ေသာအားျဖင့္ ေျပာဆို ဆုံးမၾကပါဘုရား။ တပည့္ ေတာ္မွာ အျပစ္ရွိခဲ့လွ်င္ ကုစားပါမည္၊ ျပဳျပင္ပါမည္ဘုရားဟု အဓိပၸာယ္ သက္ေရာက္ေသာ ပါဠိကို႐ြတ္ဆိုကာ ပဝါရဏာျပဳၾကသည္။  ဗုဒၶသာသနာ့ေဘာင္ရွိ ရဟန္းငယ္ မ်ားက ရဟန္း ႀကီး၊ ဆရာေတာ္ႀကီးမ်ားကို ရွိခိုး ကန္ေတာ့ၾက ၊ မိမိတို႔တြင္ အျပစ္ႀကီး၊ အျပစ္ငယ္ ရွိပါကလည္း ခြင့္လႊတ္ပါရန္ ေတာင္းပန္ ၾက၊ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးမ်ားထံမွ ၾသဝါဒကို ခံယူၾကသည့္ သံဃာထုညီၫြတ္ေအာင္ဘုရားရွင္ပညက္ေတာ္မူခဲ့သည့္ ပြဲလည္းျဖစ္သည္။

ပဝါရဏာဟူ သည္ ဖိတ္ၾကားျခင္း၊ ေတာင္းပန္တိုက္တြန္းျခင္း အဓိပၸာယ္ရသည္။ ပရဝါဏာမွာ ဝါဆို ေသာ သံဃာအခ်င္းခ်င္း ''သံဃာေတာ္တို႔အား တပည့္ေတာ္သည္ သံဃာကိုဖိတ္ၾကားပါ၏။ အျပစ္ကို ျမင္၍ ေသာ္လည္းေကာင္း၊ ၾကား၍ ေသာ္လည္းေကာင္း၊ သံသယရွိ၍ေသာ္လည္းေကာင္း တပည့္ေတာ္ အား သနားေသာ အားျဖင့္ ေျပာဆို သတိ ေပးၾကပါ။ အျပစ္ကိုရႈ၍ ကုစားပါမည္''ဟု သုံးႀကိမ္တိုင္တိုင္ သံဃာအား ဖိတ္ ၾကား ပန္ၾကားတိုက္တြန္းရသည္။

ေထရ္စဥ္ဝါလိုက္ သံဃာေတာ္တို႔အား သုံးႀကိမ္စီ ႐ိုေသစြာဖိတ္ၾကားၾကရ၏။ ဖိတ္ၾကားၿပီးတိုင္း က်န္သံ ဃာမ်ားက သာဓုသုံးႀကိမ္ေခၚၾကရ၏။ သံဃာအားလုံး ဖိတ္ၾကားၿပီးသည့္အခါ အႀကီးဆုံး သံဃနာယက မေထရ္ ႀကီးက သံဃာမ်ားအား ၾသဝါဒစကားမိန႔္ၾကားေတာ္ မူေလ့ရွိေပသည္။မယ္ေတာ္မိနတ္သားအား ေက်းဇူးဆပ္ၿပီး သီတင္းကြၽတ္လျပည့္ေန႔တြင္ ျမတ္စြာဘုရားရွင္သည္ တာဝတႎသာနတ္ျပည္မွ သကၤႆနဂိုရ္ျပည္သို႔ ႂကြျမန္းဆင္းသက္ေတာ္မူအခါ သကၤႆနဂိုရ္၊ သာဝတၳိ၊ ေဝသာလီ၊ ရာဇၿဂိဳဟ္၊ ဗာရာဏသီစသည့္ ျပည္သူျပည္သားမ်ားက မီးရႉးမီးပန္းမ်ား၊ ဆီမီးမ်ားထြန္းညႇိ ၍လည္း ေကာင္း၊ ပန္းေရခ်မ္းမ်ားကပ္လႉ၍ ဘုရားရွင္အားပူေဇာ္ခဲ့ၾကသည္။

ထိုပူေဇာ္ျခင္းကို အတုယူ၍ ဗုဒၶဘာသာဝင္တို႔က သီတင္းကြၽတ္ မီးထြန္းပြဲေတာ္ကို အစဥ္အလာမပ်က္ ႏွစ္စဥ္ က်င္းပခဲ့ၾကသည္။ ျမတ္စြာဘုရားရွင္ ႂကြျမန္းလာသည္ ကို ရည္မွန္းကာ ထိုေန႔တြင္ မီးမ်ားထြန္းကာ ျမင္းမိုရ္ပြဲ မ်ား ဆင္ယင္က်င္းပေလ့ရွိသည္။

သီတင္းကြၽတ္လျပည့္ေန႔တြင္ ဘုရားရွင္၏ မိဘေက်းဇူးဆပ္သည့္ နည္းလမ္းအတိုင္း မိဘဘိုးဘြားမ်ား ပူေဇာ္ကန္ေတာ့ၾကသည္။ ဘုရားေက်ာင္းကန္မ်ားတြင္ ဥပုသ္သီတင္းသီလ ေဆာက္တည္ၾကေလ့ရွိ သလို အိမ္တိုင္းအိမ္တိုင္း မီးပုံးလွလွေလးမ်ား ခ်ိတ္ဆြဲ၍တစ္ဖုံ၊ ဖေယာင္း တိုင္မ်ားထြန္းညႇိ၍ တစ္သြယ္၊ ဆီမီးခြက္မ်ားထြန္း၍ တစ္နည္းစသည္ျဖင့္ ဘုရားရွင္အား ရည္ေမွ်ာ္မွန္းကာ ပူေဇာ္ေလ့ရွိၾကပါသည္။ ေစတီ၊ ပုထိုး၊ ေက်ာင္းကန္အသီးသီးတို႔တြင္လည္း အသင္းအဖြဲ႕အလိုက္ ဆီမီးပူေဇာ္ပြဲမ်ားျပဳလုပ္ၾက ေလ့ရွိပါသည္။ ၿမိဳ႕႐ြာအခ်ိဳ႕၌ မီးထြန္းပြဲကိုအေၾကာင္းျပဳ၍ ပြဲလမ္း သဘင္ႏွင့္ ေဈးပြဲေတာ္မ်ားလည္း က်င္းပေလ့ရွိသည္။

ဤသို႔ ဝိေသသထူးသည့္ ဘုရားရွင္ မိခင္ေက်းဇူးဆပ္သည့္ ေန႔မွ ဆင္းသက္လာသည့္ သီတင္း ကြၽတ္ လျပည့္ေန႔တြင္ လူျပည္လူ႐ြာ၌  ဥပုသ္သီလေဆာက္တည္ကာ ကုသိုလ္ေကာင္းမႈ ျပဳၾကသလို ဘုရားရွင္ နတ္ျဗဟၼာအေပါင္းၿခံရံလ်က္ တာဝတႎသာမွ ေ႐ႊေစာင္းတန္း၊ေငြေစာင္းတန္း၊ပတၱျမားေစာင္း တန္းႀကီးမ်ားျဖင့္ သကၤႆနဂိုရ္ျပည္သို႔ ဆင္းသက္ေတာ္မူေသာေန႔ကို ရည္မွန္းပူေဇာ္ကာ ဘုရားေက်ာင္း ကန္ေစတီႏွင့္ ရပ္႐ြာေနအိမ္လမ္းမ်ားတြင္ ဆီမီးေရာင္စုံထြန္းညႇိ႔ကာ ကုသိုလ္ေရး
ေပ်ာ္ပြဲ ဆင္ႏႊဲၾကသည့္ အခ်ိန္အခါလည္း ျဖစ္သည္။

သီတင္းကြၽတ္လျပည့္ေန႔သည္ တာဝတႎသာနတ္ျပည္၌ အဘိဓမၼာတရားေတာ္ကို ဝါတြင္းသုံးလ ေဟာၾကားျခင္း ၿပီးေျမာက္ေသာေန႔ျဖစ္ျခင္း၊ မယ္ေတာ္မိနတ္သားအား ေက်းဇူးဆပ္သည့္ အေနျဖင့္ နတ္ျပည္၌ နတ္၊ ျဗဟၼာ တို႔အား အဘိဓမၼာေဒသနာ အက်ယ္ေဟာၾကားျခင္းၿပီးဆုံးေသာ ေန႔ျဖစ္ျခင္း၊ အရွင္သာရိပုတၱရာက တပည့္ငါးရာတို႔အား စႏၵကူးနံ႔သာေတာ၌ အဘိဓမၼာေဒသနာေတာ္ကို မက်ဥ္းမက်ယ္ ေဟာၾကားၿပီးဆုံး ေသာ ေန႔ျဖစ္ျခင္း၊ ရဟန္းေတာ္မ်ား ဝါမွ ထေသာေန႔၊ ပဝါရဏာျပဳၾကေသာေန႔ျဖစ္ျခင္း၊ ေလာကဝိဝရဏ တန္ခိုး ေတာ္ေၾကာင့္ စၾကဝဠာ တစ္ဝန္းလုံးကို လူတိုင္း တိုးလွ်ိဳေပါက္ျမင္ၾကရေသာေန႔စေသာ ဘာသာေရးအရ ေန႔ထူးေန႔ျမတ္လည္း ျဖစ္ေပသည္။ဘာသာေရးအရ ေန႔ထူးေနျမတ္ျဖစ္သည့္ သီတင္းကြၽတ္လျပည့္ေန႔ကား ရဟန္းသံဃာႏွင့္ လူပရိတ္ သတ္အေပါင္း ကုသိုလ္ေကာင္း မႈျဖင့္ ေမြ႕ေပ်ာ္ကာ သီတင္းသီလေဆာက္တည္ၿပီး မိဘေက်းဇူး သိတတ္သည့္ ကန္ေတာ့ျခင္းမ်ားျဖင့္ ျပည္စုံကုံလုံေနသည့္ အခါသမယပင္ ျဖစ္ပါေတာ့သည္။

                                        ၿဖိဳးေဝလွ