【 ဆောင်းပါး 】 ခွေးဆိုတာ လူထက် ပိုအရေးကြီးနေလား

【 ဆောင်းပါး 】 ခွေးဆိုတာ လူထက် ပိုအရေးကြီးနေလား

ပြီးခဲ့သည့် ၂နှစ်ကျော်တုန်းက ကျနော် ခွေးကိုက်ခံရဖူးသည်။လမ်းဘေးဂျာနယ်ဆိုင်မှ သတင်းစာဝယ်ပြီး လှည့်အထွက် ပလက်ဖောင်းပေါ် မှိန်းနေသည့် ခွေးလေခွေးလွင့်တစ်ကောင်၏ အမြီးကို နည်းနည်းနင်းမိသဖြင့် အကိုက်ခံရခြင်းဖြစ်သည်။ခြေသလုံးပွန်းရုံသာ ဖြစ်သော်လည်း ခွေးရူးပြန်ရောဂါကို ကြောက်သဖြင့် ဆေးရုံကြီးသို့ ပြေးရသည်။

ခွေးကိုက်ခံရသဖြင့် ခွေးကိုလည်း ရန်ရှာလို့မရ။ပိုင်ရှင်မဲ့ခွေးမို့ မည်သူ့ကိုမှလည်း တာဝန်ယူခိုင်းလို့မရ။ဆေး ရုံကြီးသို့ ၃ ကြိမ် ဆေးသွားထိုးရသဖြင့် ၃ ခါ တက္ကစီဖိုးကုန်သလို အချိန်ကုန်သည်။ကာကွယ်ဆေးထိုးခ တစ်ပြားတစ်ချပ်မျှ မပေးရသော်လည်း တိုင်းပြည်ဘဏ္ဍာဖြင့် နိုင်ငံခြားမှဝယ်ယူထားသော ဆေးကို အသုံးပြုရသောကြောင့် ပြည်သူ့ဘဏ္ဍာ ပွန်းပဲ့သွားတာ သေချာသည်။တစ်ရက်လျှင် ကျနော့်လို ကာကွယ်ဆေးလာထိုးသူ မည်မျှရှိနေသနည်း။နေ့စဉ် တိုင်းပြည်ဘဏ္ဍာ မည်မျှကုန်ကျခံနေရသနည်း။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ခွေးရူးပြန်ကာကွယ်ဆေးနှင့် ယင်းရောဂါကုသမှု ပဋိပစ္စည်း ဝယ်ယူရသောငွေမှာ ၅ ဒဿမ ၄ ဘီလီယံ ရှိကြောင်း သတင်းများအရ သိရသည်။ယင်းကုန်ကျစရိတ်များမှာ ကုန်သင့်ကုန်ထိုက်သော ကုန်ကျစရိတ်များဟု ယူဆပါသလား။

ကုန်သင့်ကုန်ထိုက်သော ကုန်ကျစရိတ် ဟုတ်၊ မဟုတ်သည် တစ်ပိုင်း။ရန်ကုန်လို၊ အခြားမြို့ကြီးများလို နေရာတိုင်းတွင် မည်သူမဆို ခွေးကိုက်ခံရနိုင်တာ သေချာသည်။ဥပမာ-သင်သည် သူဌေးရပ်ကွက်တွင်လည်းမနေ၊ ကိုယ်ပိုင်ကားလည်းမရှိဘဲ ည အိမ်အပြန်နောက်ကျခဲ့ပါက ခွေးကိုက်ခံရရန် ရာခိုင်နှုန်း ၈၀ ခန့် ရှိမည်ထင်၏။
ခွေးလေခွေးလွင့်ဆိုတာက သခင်မရှိသော်လည်း သူ့အုပ်စုနှင့်သူ ပိုင်ရာဆိုင်ရာ နေရာများရှိကြသည်။အထူးသဖြင့် ညလူခြေတိတ်ချိန်များတွင် သူ့နေရာတွင်သူ အုပ်စုလိုက် မင်းမူလေ့ရှိသည်။လူတစ်ဦးဦး ဖြတ်လာပြီဆိုလျှင် လုံးဝလက်မခံ။အနိမ့်ဆုံးအဆင့် ဝိုင်းဟောင်မည်။ကြောက်တတ်သူဆိုပါက အကိုက်ခံရမည်။ထို့ကြောင့် ခဲကောက်ပြီး ဖြတ်ရသည်။ခဲနဲ့စွတ်ပစ်လို့တော့မရ။သူများကားမှန်လျှင် ပြဿနာကြီးနိုင်တာမို့ ခြောက်လှန့်ပစ်ရသည်။အိန္ဒြေလည်းပျက်ရ၊ စိတ်တွေလည်းပျက်ရ။မြို့ကြီးပြကြီးတွင်နေပြီး လူမကြောက်ရဘဲ ခွေးကြောက်နေရသည်မှာ သိပ်မဟန်။မြန်မာအယူအဆက ကံဆိုးလွန်းလျှင် ခွေးကိုက်ခံရတတ်သည်ဟု ဆိုသည်။မြို့ကြီးပြကြီးမှ လူလတ်တန်းစားနှင့် အောက်အလွှာမှာ အချိန်မရွေး ကံဆိုးသွားနိုင်သည့်သဘော။၂၀၁၈ ခုနှစ်အတွင်း မန္တလေးပြည်သူ့ဆေးရုံရောက် ခွေးကိုက်ခံ ပြင်ပလူနာ ၅၆၉၀ ဦး။၂၀၁၈ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ခွေးကိုက်ခံရသူ တစ်သိန်းကိုးသောင်းကျော်။၂၀၁၉ ပထမသုံးလအတွင်း မန်း၌ ခွေးကိုက်ခံရသူ ၁၂၂၈ ဦးနှင့် ခွေးကြောင့်ဖြစ်သည့် ယာဉ်တိုက်မှုမှာလည်းများကြောင်း ကိန်းဂဏန်း အချက်အလက်မှာ သိပ်ကိုများလွန်းနေသည့် ပမာဏဖြစ်သည်။

သာမန်ခွေးကိုက်ခံရတာထက် ကံပိုဆိုးသူ ကလေးတစ်ဦးကတော့ ဧပြီ ၂၃ ရက်နေ့တွင် ခွေးရူးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။အသက် ၁၂ နှစ်အရွယ်။သာကေတမြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သူ။မိဘများခမျာ ဘယ်လောက်ရင်ကျိုးလိုက်လေမည်နည်း။

သူတို့ထက် ပိုကံဆိုးသော ကလေးမှာ ပျော်ဘွယ်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာမှ ၄ နှစ်အရွယ် သမီးငယ်လေးဖြစ်သည်။ထိုကလေးမှာ ၂၀၁၈ ခုနှစ် သြဂုတ် ၁၄ ရက် နံနက်တုန်းက အရှင်လတ်လတ် ခွေးကိုက်ခံရပြီး သေဆုံးခြင်းဖြစ်သည်။လမ်းဘေးခွေး ၅ ကောင်က ဝိုင်းကိုက်သဖြင့် ကလေးငယ်၏ ဦးခေါင်းတစ်ခုလုံး စုတ်ပြတ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ကလေးငယ်ခမျာ မသေခင် ဝေဒနာဘယ်လောက်ခံစားရလေမလဲ။ကဲ၊ မည်သူ့ကို အပြစ်တင်ချင်ပါသလဲ။ခွေးလေခွေးလွင့်ပေါသော နိုင်ငံတွင် လူလာဖြစ်သော ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမည့်ကိန်းဖြစ်သည်။

လမ်းဘေးခွေးတွေက များသဖြင့် ခွေးကိုက်ခံရဖို့များသည်။ခွေးကိုက်ခံရပါက မိမိရော တိုင်းပြည်ကပါ ဆေးဖိုးဝါးခ ကုန်ကျစရိတ်ရှိမည်။အထက်ပါအတိုင်း သေဆုံးမှုများလည်းရှိသည်။ဒါတင်ပဲလားဆိုတော့ နောက်ဆက်တွဲများက ရှိသေးသည်။ကြုံသလို ယိုထားသော ခွေးချေးများမှာ ရပ်ကွက်လမ်းများတွင်သာမက ရန်ကုန်မြို့တွင်းလို နေရာမျိုးတွင်ပင် ရှိလေတော့ သတိထားရှောင်တတ်ရန်လိုသည်။ထို့ပြင် လမ်းဘေးဝဲယာ ခွေးများကို သတိထားရှောင်ရ၊ ညအချိန်မတော် ခွေးဟောင်သံ၊ ခွေးချင်းကိုက်သံနှင့် ခွေးအူသံများကို စိတ်ညစ်ရ။ပြောရလျှင် မြို့ပြ၏ ကျက်သရေမှာ လမ်းဘေးခွေးများကြောင့် ဆုတ်ယုတ်ရသည်။

ကံဆိုးရှာသော ကျနော့်မိတ်ဆွေတစ်ဦးကတော့ သူတို့တိုက်တန်းနေ ခွေးချစ်သူတစ်ဦး၏ ကောင်းမှုကြောင့် လမ်းဘေးခွေးတို့၏ဒဏ်ကို နေ့စဉ်ခံစားနေရသည်ဟု ဆို၏။ခွေးချစ်သူက ညနေပုံမှန် လမ်းဘေးခွေးများကို ညစာလှိုင်လှိုင်ကျွေးသဖြင့် ၎င်းတို့ရပ်ရွာမှာ လမ်းဘေးခွေးတို့ စံပျော်ရာနေရာ ဖြစ်လို့နေသည်ဟု ဆို၏။
လမ်းဘေးခွေးတို့မှာ ၎င်းတို့၏ ကျေးဇူးရှင် ခွေးချစ်သူကြီးကို မြင်သည်နှင့် ကျေးဇူးရှင်ပမာ မိခင်ပမာ အမြီးလေးရမ်းရမ်းခါခါဖြင့် ချစ်ခင်ကျိုးနွံကြသော်လည်း ကျန်လူများကတော့ လူရယ်လို့ သိပ်မထင်။သူတို့ကို မကျွေးရ မမွေးရ ကောင်းလားဆိုသည့် အပေါက်မျိုးလားမသိ။

“အဆိုးဆုံးကတော့ဗျာ။ည ၁၀ နာရီ၊ ၁၁ နာရီလောက်ဆို ခွေးတွေက တိုက်လှေကားပေါ် တက်အိပ်ကြတာပဲ။ကိုယ်က ညနက်မှပြန်လာရင် အကိုက်ခံရမှာ ကြောက်ကြောက်နဲ့ တက်ရတယ်။ဖယ်ခိုင်းပြန်ရင်လည်း ရန်လုပ်တယ်။တိုက်လှေကားမှာပဲ ချေးပါချသေးတယ်။ခွေးနံ့ကလည်းနံဗျာ။တော်တော့်ကို စိတ်ပျက်ရတယ်။” ဟု ၎င်းကပြောသည်။

ခွေးချစ်သူတို့မှာ ကျွေးနိုင်မွေးနိုင်သော်လည်း နောက်ဆက်တွဲ ပြဿနာများကိုမူ တာဝန်မယူနိုင်သဖြင့် ခွေးဒုက္ခမခံနိုင်သူများနှင့် ဝိရောဓိဖြစ်ရသည်။ခွေးချစ်သူများက လမ်းဘေးခွေးများအား ရန်ရှာခြင်းကိုပင်မကြိုက်။လမ်းဘေးခွေးများအား အဆိပ်ချရှင်းလင်းရန်ကို အပြင်းအထန်ကန့်ကွက်သည်။

သို့သော်၊ ဧပြီ ၂၃ ရက်နေ့၊ သာကေတမြို့နယ်အတွင်း အသက် ၁၂ နှစ်အရွယ် ကလေးငယ် ခွေးရူးပြန်ရောဂါဖြင့် ကွယ်လွန်ပြီးနောက်တွင် ရန်ကုန်ပြည်သူများကြား လမ်းဘေးခွေး ပြဿနာမှာ ရှေ့တန်းရောက်လာခဲ့သည်။နာမည်ကျော် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က  “မောင်ဝေယံမင်းအောင် ခွေးရူးပြန်ရောဂါဖြင့် ကွယ်လွန်သွားတဲ့ သတင်းကြားရတာ စည်ပင်ကို စိန်ခေါ်လိုက်တဲ့ အကြီးမားဆုံး ပြဿနာတစ်ခုပါ” ဟု ၎င်း၏ လူမှုကွန်ရက်ပေါ် ဖော်ပြထားသည်။လမ်းဘေးခွေးများကြောင့် လူ့အသက် အသေခံသင့်သလားဆိုသည့် မေးခွန်းလည်း လူမှုပတ်ဝန်းကျင်၌ ထွက်ပေါ်လာခဲ့ သည်။

ခွေးချစ်သူများကတော့ အဆိပ်ချရှင်းလင်းခြင်း နည်းလမ်းကို လုံးဝလက်မခံ။အပြင်းအထန် ကန့်ကွက်သည်။လမ်းဘေးခွေးများ ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် သားဆက်ခြားပေးမည်။သင်းကွပ်ပေးမည်။ကာကွယ်ဆေးထိုးပေးမည်။အစွယ်ချိုးပေးမည်။ပြီးလျှင် လမ်းဘေးခွေးတို့ မူလနေထိုင်ရာ ရပ်ကွက်သို့ ပြန်ပို့မည်ဟူ၍ တောင်းဆိုကြောင်း သိရသည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ အဆိုအရ ခွေးတစ်ကောင် သင်းကွပ်ခမှာ ဆရာဝန်ခမပါ ကျပ်သုံးသောင်း ကုန်ကျမည်ဟု သိရသည်။ပြီးလျှင် ကာကွယ်ဆေး ထိုးပေးဦးမလား၊ နောက်ထပ် ဆေးဖိုးကုန်ကျစရိတ် ထပ်ရှိမည်။မိတ်ဆွေဆရာဝန်ကြီးတစ်ဦးကို လှမ်းမေးကြည့်လိုက်တော့ ယင်းဆေးများ အားလုံးလိုလိုကို ပြည်ပမှ ဒေါ်လာဖြင့် ဝယ်ရကြောင်း သိရသည်။ထို့ကြောင့် လမ်းဘေးခွေးများကို ဆေးထိုးရန် မည်သူက လှူသည်ဖြစ်စေ၊ ကိုယ့်နိုင်ငံမှ ဒေါ်လာဖြင့် ပြည်ပမှ ဝယ်ရခြင်းသာဖြစ်သည်။

ဒေါက်တာရဲလွင် က ခွေးများကို အစုအဖွဲ့ဖြင့် သင်းကွပ်သည့်တိုင် တစ်ရက်လျှင် ၁၀ ကောင်ထက် ပိုမခွဲနိုင်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။ဆိုတော့ မြန်မာတစ်နိုင်ငံလုံးရှိ လမ်းဘေးခွေးများအားလုံးကို သင်းကွပ်မည့်အရေးမှာ အစိုးရသက်တမ်း ၅ နှစ်အတွင်း လူအင်အား လှိုင်လှိုင်သုံးပြီး ဆောင်ရွက်လျှင်တောင် ပြီးပြတ်ရန်မသေချာ။

စဉ်းစားကြည့်၊ သာကေတတစ်မြို့နယ်တည်းတွင်ပင် လမ်းဘေးခွေး နှစ်ထောင်မှ သုံးထောင်ကြားအထိ ရှိသည်ဟု ခန့်မှန်းကြသည်။လျှော့လျှော့ပေါ့ပေါ့ တစ်မြို့နယ် ခွေးနှစ်ထောင်နှုန်းပဲထား။ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ ၃၃ မြို့နယ်တွင်ဆို လမ်းဘေးခွး ခြောက်သောင်းခြောက်ထောင်။

သင်းကွပ်ခြင်းနှင့် ကာကွယ်ဆေးထိုးရန် တစ်ကောင်လျှင် ကျပ်လေးသောင်းထား။ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း ကုန်ကျစရိတ်မှာ ကျပ်သိန်းနှစ်သောင်းခြောက်ထောင့်လေးရာ။ဒါက ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းသာဆိုတော့ တစ်နိုင်ငံလုံးဆိုပါက ရင်ဘတ်စည်တီး ငိုချင်းချရမည့် ကိန်းဂဏန်းသို့ ရောက်မည်။

မည်သည့်နေရာကြည့်ကြည့် ချွတ်ခြုံကျနေသော တိုင်းပြည်တွင် လမ်းဘေးခွေးများအတွက် ထိုမျှငွေ အသုံးပြုသင့်သည်ဟု စာရှုသူတို့ ယူဆပါသလား။တိုင်းပြည်အတွင်း ထမင်းနပ်မမှန်သောသူ များစွာရှိသည်။ဆေးကုသစရိတ် မတတ်နိုင်သောသူ များစွာရှိသည်။ပညာသင်ကြားရန် ခက်ခဲနေသူ များစွာရှိသည်။စစ်ရှောင်စခန်းများတွင် အနာဂတ်ပျောက်နေသူ များစွာရှိသည်။

လူထက် ခွေးက မည်သို့သော အကြောင်းကြောင့် အရေးကြီးနေရသနည်း။နောက်ဆုံး ခွေးက လူထက် အရေးကြီးသည်ဟု ယူဆကာ ငွေကုန်ကျခံပြီး သင်းကွပ်မည်၊ ကာကွယ်ဆေးထိုးမည်၊ သားဆက်ခြားမည်ဆိုပါက ခွေးအရေအတွက် ဆက်မတိုးရေးနှင့် ခွေးရူးပြန်ရောဂါအတွက် အတန်အသင့် စိတ်ချရနိုင်သော်လည်း အထက်တွင် ဆိုခဲ့သော လမ်းဘေးခွေးများပေးသော ဒုက္ခကိုမူ ပြည်သူအပေါင်း ခါးစည်းခံရပေဦးမည်။ထို့ပြင် အင်မတန်မှ ဖောင်းပွနေသော လက်ရှိ ခွေးအရေအတွက်မှာ လျော့ပါးသွားစရာ အကြောင်းမရှိသဖြင့် လမ်းဘေးခွေးများ တစီစီဖြစ်နေသော ရန်ကုန်ကို နိုင်ငံတကာအဆင့် မြို့တော်ဖြစ်အောင် မည်သို့တည်ထောင်ကြမည်နည်း။လူကိုဗဟိုပြု စဉ်းစားတတ်ရန် လိုပါမည်။ကိုယ့်ဘဝပေးကို အမှန်အတိုင်းရှုမြင်ပြီး စိတ်ကူးမယဉ်ကြရန် လိုပါမည်။

မေ ၁၅ ရက်နေ့၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတို့ တွေ့ဆုံပွဲတွင် သာကေတပြည်သူတို့က လမ်းဘေးခွေးများကို အပြတ်ရှင်းပေးရန် ပြတ်သားစွာ တောင်းဆိုလိုက်ကြပြီဖြစ်သည်။ဒေသခံတို့၏ ဆန္ဒအတိုင်း ဆောင်ရွက်မည်ဆိုပြီး ချတုံချိချဖြစ်နေသော ရွေးကောက်ခံ စည်ပင်အကြီးအကဲများ မည်သို့ဆောင်ရွက်မည်ကိုမူ စောင့်ကြည့်ရပေဦးတော့မည်။

မျိုးညွန့်(Popular News)
မေ - ၂၃

( Zawgyi )

ၿပီးခဲ့သည့္ ၂ႏွစ္ေက်ာ္တုန္းက က်ေနာ္ ေခြးကိုက္ခံရဖူးသည္။လမ္းေဘးဂ်ာနယ္ဆိုင္မွ သတင္းစာဝယ္ၿပီး လွည့္အထြက္ ပလက္ေဖာင္းေပၚ မွိန္းေနသည့္ ေခြးေလေခြးလြင့္တစ္ေကာင္၏ အၿမီးကို နည္းနည္းနင္းမိသျဖင့္ အကိုက္ခံရျခင္းျဖစ္သည္။ေျခသလုံးပြန္း႐ုံသာ ျဖစ္ေသာ္လည္း ေခြး႐ူးျပန္ေရာဂါကို ေၾကာက္သျဖင့္ ေဆး႐ုံႀကီးသို႔ ေျပးရသည္။

ေခြးကိုက္ခံရသျဖင့္ ေခြးကိုလည္း ရန္ရွာလို႔မရ။ပိုင္ရွင္မဲ့ေခြးမို႔ မည္သူ႔ကိုမွလည္း တာဝန္ယူခိုင္းလို႔မရ။ေဆး ႐ုံႀကီးသို႔ ၃ ႀကိမ္ ေဆးသြားထိုးရသျဖင့္ ၃ ခါ တကၠစီဖိုးကုန္သလို အခ်ိန္ကုန္သည္။ကာကြယ္ေဆးထိုးခ တစ္ျပားတစ္ခ်ပ္မွ် မေပးရေသာ္လည္း တိုင္းျပည္ဘ႑ာျဖင့္ ႏိုင္ငံျခားမွဝယ္ယူထားေသာ ေဆးကို အသုံးျပဳရေသာေၾကာင့္ ျပည္သူ႔ဘ႑ာ ပြန္းပဲ့သြားတာ ေသခ်ာသည္။တစ္ရက္လွ်င္ က်ေနာ့္လို ကာကြယ္ေဆးလာထိုးသူ မည္မွ်ရွိေနသနည္း။ေန႔စဥ္ တိုင္းျပည္ဘ႑ာ မည္မွ်ကုန္က်ခံေနရသနည္း။၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း ေခြး႐ူးျပန္ကာကြယ္ေဆးႏွင့္ ယင္းေရာဂါကုသမႈ ပဋိပစၥည္း ဝယ္ယူရေသာေငြမွာ ၅ ဒႆမ ၄ ဘီလီယံ ရွိေၾကာင္း သတင္းမ်ားအရ သိရသည္။ယင္းကုန္က်စရိတ္မ်ားမွာ ကုန္သင့္ကုန္ထိုက္ေသာ ကုန္က်စရိတ္မ်ားဟု ယူဆပါသလား။

ကုန္သင့္ကုန္ထိုက္ေသာ ကုန္က်စရိတ္ ဟုတ္၊ မဟုတ္သည္ တစ္ပိုင္း။ရန္ကုန္လို၊ အျခားၿမိဳ႕ႀကီးမ်ားလို ေနရာတိုင္းတြင္ မည္သူမဆို ေခြးကိုက္ခံရႏိုင္တာ ေသခ်ာသည္။ဥပမာ-သင္သည္ သူေဌးရပ္ကြက္တြင္လည္းမေန၊ ကိုယ္ပိုင္ကားလည္းမရွိဘဲ ည အိမ္အျပန္ေနာက္က်ခဲ့ပါက ေခြးကိုက္ခံရရန္ ရာခိုင္ႏႈန္း ၈၀ ခန႔္ ရွိမည္ထင္၏။
ေခြးေလေခြးလြင့္ဆိုတာက သခင္မရွိေသာ္လည္း သူ႔အုပ္စုႏွင့္သူ ပိုင္ရာဆိုင္ရာ ေနရာမ်ားရွိၾကသည္။အထူးသျဖင့္ ညလူေျခတိတ္ခ်ိန္မ်ားတြင္ သူ႔ေနရာတြင္သူ အုပ္စုလိုက္ မင္းမူေလ့ရွိသည္။လူတစ္ဦးဦး ျဖတ္လာၿပီဆိုလွ်င္ လုံးဝလက္မခံ။အနိမ့္ဆုံးအဆင့္ ဝိုင္းေဟာင္မည္။ေၾကာက္တတ္သူဆိုပါက အကိုက္ခံရမည္။ထို႔ေၾကာင့္ ခဲေကာက္ၿပီး ျဖတ္ရသည္။ခဲနဲ႔စြတ္ပစ္လို႔ေတာ့မရ။သူမ်ားကားမွန္လွ်င္ ျပႆနာႀကီးႏိုင္တာမို႔ ေျခာက္လွန႔္ပစ္ရသည္။အိေျႏၵလည္းပ်က္ရ၊ စိတ္ေတြလည္းပ်က္ရ။ၿမိဳ႕ႀကီးျပႀကီးတြင္ေနၿပီး လူမေၾကာက္ရဘဲ ေခြးေၾကာက္ေနရသည္မွာ သိပ္မဟန္။ျမန္မာအယူအဆက ကံဆိုးလြန္းလွ်င္ ေခြးကိုက္ခံရတတ္သည္ဟု ဆိုသည္။ၿမိဳ႕ႀကီးျပႀကီးမွ လူလတ္တန္းစားႏွင့္ ေအာက္အလႊာမွာ အခ်ိန္မေ႐ြး ကံဆိုးသြားႏိုင္သည့္သေဘာ။၂၀၁၈ ခုႏွစ္အတြင္း မႏၲေလးျပည္သူ႔ေဆး႐ုံေရာက္ ေခြးကိုက္ခံ ျပင္ပလူနာ ၅၆၉၀ ဦး။၂၀၁၈ ခုႏွစ္အတြင္း ျမန္မာတစ္ႏိုင္ငံလုံး၌ ေခြးကိုက္ခံရသူ တစ္သိန္းကိုးေသာင္းေက်ာ္။၂၀၁၉ ပထမသုံးလအတြင္း မန္း၌ ေခြးကိုက္ခံရသူ ၁၂၂၈ ဦးႏွင့္ ေခြးေၾကာင့္ျဖစ္သည့္ ယာဥ္တိုက္မႈမွာလည္းမ်ားေၾကာင္း ကိန္းဂဏန္း အခ်က္အလက္မွာ သိပ္ကိုမ်ားလြန္းေနသည့္ ပမာဏျဖစ္သည္။

သာမန္ေခြးကိုက္ခံရတာထက္ ကံပိုဆိုးသူ ကေလးတစ္ဦးကေတာ့ ဧၿပီ ၂၃ ရက္ေန႔တြင္ ေခြး႐ူးေရာဂါျဖင့္ ကြယ္လြန္ခဲ့သည္။အသက္ ၁၂ ႏွစ္အ႐ြယ္။သာေကတၿမိဳ႕နယ္ ၇ ရပ္ကြက္တြင္ ေနထိုင္သူ။မိဘမ်ားခမ်ာ ဘယ္ေလာက္ရင္က်ိဳးလိုက္ေလမည္နည္း။

သူတို႔ထက္ ပိုကံဆိုးေသာ ကေလးမွာ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ဒီးဒုတ္ကုန္းေက်း႐ြာမွ ၄ ႏွစ္အ႐ြယ္ သမီးငယ္ေလးျဖစ္သည္။ထိုကေလးမွာ ၂၀၁၈ ခုႏွစ္ ၾသဂုတ္ ၁၄ ရက္ နံနက္တုန္းက အရွင္လတ္လတ္ ေခြးကိုက္ခံရၿပီး ေသဆုံးျခင္းျဖစ္သည္။လမ္းေဘးေခြး ၅ ေကာင္က ဝိုင္းကိုက္သျဖင့္ ကေလးငယ္၏ ဦးေခါင္းတစ္ခုလုံး စုတ္ျပတ္ကာ ေသဆုံးခဲ့ျခင္းျဖစ္သည္။ကေလးငယ္ခမ်ာ မေသခင္ ေဝဒနာဘယ္ေလာက္ခံစားရေလမလဲ။ကဲ၊ မည္သူ႔ကို အျပစ္တင္ခ်င္ပါသလဲ။ေခြးေလေခြးလြင့္ေပါေသာ ႏိုင္ငံတြင္ လူလာျဖစ္ေသာ ကိုယ့္ကိုယ္ကိုယ္သာ အျပစ္တင္ရမည့္ကိန္းျဖစ္သည္။

လမ္းေဘးေခြးေတြက မ်ားသျဖင့္ ေခြးကိုက္ခံရဖို႔မ်ားသည္။ေခြးကိုက္ခံရပါက မိမိေရာ တိုင္းျပည္ကပါ ေဆးဖိုးဝါးခ ကုန္က်စရိတ္ရွိမည္။အထက္ပါအတိုင္း ေသဆုံးမႈမ်ားလည္းရွိသည္။ဒါတင္ပဲလားဆိုေတာ့ ေနာက္ဆက္တြဲမ်ားက ရွိေသးသည္။ႀကဳံသလို ယိုထားေသာ ေခြးေခ်းမ်ားမွာ ရပ္ကြက္လမ္းမ်ားတြင္သာမက ရန္ကုန္ၿမိဳ႕တြင္းလို ေနရာမ်ိဳးတြင္ပင္ ရွိေလေတာ့ သတိထားေရွာင္တတ္ရန္လိုသည္။ထို႔ျပင္ လမ္းေဘးဝဲယာ ေခြးမ်ားကို သတိထားေရွာင္ရ၊ ညအခ်ိန္မေတာ္ ေခြးေဟာင္သံ၊ ေခြးခ်င္းကိုက္သံႏွင့္ ေခြးအူသံမ်ားကို စိတ္ညစ္ရ။ေျပာရလွ်င္ ၿမိဳ႕ျပ၏ က်က္သေရမွာ လမ္းေဘးေခြးမ်ားေၾကာင့္ ဆုတ္ယုတ္ရသည္။

ကံဆိုးရွာေသာ က်ေနာ့္မိတ္ေဆြတစ္ဦးကေတာ့ သူတို႔တိုက္တန္းေန ေခြးခ်စ္သူတစ္ဦး၏ ေကာင္းမႈေၾကာင့္ လမ္းေဘးေခြးတို႔၏ဒဏ္ကို ေန႔စဥ္ခံစားေနရသည္ဟု ဆို၏။ေခြးခ်စ္သူက ညေနပုံမွန္ လမ္းေဘးေခြးမ်ားကို ညစာလႈိင္လႈိင္ေကြၽးသျဖင့္ ၎တို႔ရပ္႐ြာမွာ လမ္းေဘးေခြးတို႔ စံေပ်ာ္ရာေနရာ ျဖစ္လို႔ေနသည္ဟု ဆို၏။
လမ္းေဘးေခြးတို႔မွာ ၎တို႔၏ ေက်းဇူးရွင္ ေခြးခ်စ္သူႀကီးကို ျမင္သည္ႏွင့္ ေက်းဇူးရွင္ပမာ မိခင္ပမာ အၿမီးေလးရမ္းရမ္းခါခါျဖင့္ ခ်စ္ခင္က်ိဳးႏြံၾကေသာ္လည္း က်န္လူမ်ားကေတာ့ လူရယ္လို႔ သိပ္မထင္။သူတို႔ကို မေကြၽးရ မေမြးရ ေကာင္းလားဆိုသည့္ အေပါက္မ်ိဳးလားမသိ။

“အဆိုးဆုံးကေတာ့ဗ်ာ။ည ၁၀ နာရီ၊ ၁၁ နာရီေလာက္ဆို ေခြးေတြက တိုက္ေလွကားေပၚ တက္အိပ္ၾကတာပဲ။ကိုယ္က ညနက္မွျပန္လာရင္ အကိုက္ခံရမွာ ေၾကာက္ေၾကာက္နဲ႔ တက္ရတယ္။ဖယ္ခိုင္းျပန္ရင္လည္း ရန္လုပ္တယ္။တိုက္ေလွကားမွာပဲ ေခ်းပါခ်ေသးတယ္။ေခြးနံ႔ကလည္းနံဗ်ာ။ေတာ္ေတာ့္ကို စိတ္ပ်က္ရတယ္။” ဟု ၎ကေျပာသည္။

ေခြးခ်စ္သူတို႔မွာ ေကြၽးႏိုင္ေမြးႏိုင္ေသာ္လည္း ေနာက္ဆက္တြဲ ျပႆနာမ်ားကိုမူ တာဝန္မယူႏိုင္သျဖင့္ ေခြးဒုကၡမခံႏိုင္သူမ်ားႏွင့္ ဝိေရာဓိျဖစ္ရသည္။ေခြးခ်စ္သူမ်ားက လမ္းေဘးေခြးမ်ားအား ရန္ရွာျခင္းကိုပင္မႀကိဳက္။လမ္းေဘးေခြးမ်ားအား အဆိပ္ခ်ရွင္းလင္းရန္ကို အျပင္းအထန္ကန႔္ကြက္သည္။

သို႔ေသာ္၊ ဧၿပီ ၂၃ ရက္ေန႔၊ သာေကတၿမိဳ႕နယ္အတြင္း အသက္ ၁၂ ႏွစ္အ႐ြယ္ ကေလးငယ္ ေခြး႐ူးျပန္ေရာဂါျဖင့္ ကြယ္လြန္ၿပီးေနာက္တြင္ ရန္ကုန္ျပည္သူမ်ားၾကား လမ္းေဘးေခြး ျပႆနာမွာ ေရွ႕တန္းေရာက္လာခဲ့သည္။နာမည္ေက်ာ္ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ က  “ေမာင္ေဝယံမင္းေအာင္ ေခြး႐ူးျပန္ေရာဂါျဖင့္ ကြယ္လြန္သြားတဲ့ သတင္းၾကားရတာ စည္ပင္ကို စိန္ေခၚလိုက္တဲ့ အႀကီးမားဆုံး ျပႆနာတစ္ခုပါ” ဟု ၎၏ လူမႈကြန္ရက္ေပၚ ေဖာ္ျပထားသည္။လမ္းေဘးေခြးမ်ားေၾကာင့္ လူ႔အသက္ အေသခံသင့္သလားဆိုသည့္ ေမးခြန္းလည္း လူမႈပတ္ဝန္းက်င္၌ ထြက္ေပၚလာခဲ့ သည္။

ေခြးခ်စ္သူမ်ားကေတာ့ အဆိပ္ခ်ရွင္းလင္းျခင္း နည္းလမ္းကို လုံးဝလက္မခံ။အျပင္းအထန္ ကန႔္ကြက္သည္။လမ္းေဘးေခြးမ်ား ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ရန္အတြက္ သားဆက္ျခားေပးမည္။သင္းကြပ္ေပးမည္။ကာကြယ္ေဆးထိုးေပးမည္။အစြယ္ခ်ိဳးေပးမည္။ၿပီးလွ်င္ လမ္းေဘးေခြးတို႔ မူလေနထိုင္ရာ ရပ္ကြက္သို႔ ျပန္ပို႔မည္ဟူ၍ ေတာင္းဆိုေၾကာင္း သိရသည္။

မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္၏ အဆိုအရ ေခြးတစ္ေကာင္ သင္းကြပ္ခမွာ ဆရာဝန္ခမပါ က်ပ္သုံးေသာင္း ကုန္က်မည္ဟု သိရသည္။ၿပီးလွ်င္ ကာကြယ္ေဆး ထိုးေပးဦးမလား၊ ေနာက္ထပ္ ေဆးဖိုးကုန္က်စရိတ္ ထပ္ရွိမည္။မိတ္ေဆြဆရာဝန္ႀကီးတစ္ဦးကို လွမ္းေမးၾကည့္လိုက္ေတာ့ ယင္းေဆးမ်ား အားလုံးလိုလိုကို ျပည္ပမွ ေဒၚလာျဖင့္ ဝယ္ရေၾကာင္း သိရသည္။ထို႔ေၾကာင့္ လမ္းေဘးေခြးမ်ားကို ေဆးထိုးရန္ မည္သူက လႉသည္ျဖစ္ေစ၊ ကိုယ့္ႏိုင္ငံမွ ေဒၚလာျဖင့္ ျပည္ပမွ ဝယ္ရျခင္းသာျဖစ္သည္။

ေဒါက္တာရဲလြင္ က ေခြးမ်ားကို အစုအဖြဲ႕ျဖင့္ သင္းကြပ္သည့္တိုင္ တစ္ရက္လွ်င္ ၁၀ ေကာင္ထက္ ပိုမခြဲႏိုင္ဟု ၎၏ လူမႈကြန္ရက္စာမ်က္ႏွာ၌ ေရးသားထားသည္။ဆိုေတာ့ ျမန္မာတစ္ႏိုင္ငံလုံးရွိ လမ္းေဘးေခြးမ်ားအားလုံးကို သင္းကြပ္မည့္အေရးမွာ အစိုးရသက္တမ္း ၅ ႏွစ္အတြင္း လူအင္အား လႈိင္လႈိင္သုံးၿပီး ေဆာင္႐ြက္လွ်င္ေတာင္ ၿပီးျပတ္ရန္မေသခ်ာ။

စဥ္းစားၾကည့္၊ သာေကတတစ္ၿမိဳ႕နယ္တည္းတြင္ပင္ လမ္းေဘးေခြး ႏွစ္ေထာင္မွ သုံးေထာင္ၾကားအထိ ရွိသည္ဟု ခန႔္မွန္းၾကသည္။ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့ တစ္ၿမိဳ႕နယ္ ေခြးႏွစ္ေထာင္ႏႈန္းပဲထား။ရန္ကုန္စည္ပင္ နယ္နိမိတ္အတြင္းရွိ ၃၃ ၿမိဳ႕နယ္တြင္ဆို လမ္းေဘးခြး ေျခာက္ေသာင္းေျခာက္ေထာင္။

သင္းကြပ္ျခင္းႏွင့္ ကာကြယ္ေဆးထိုးရန္ တစ္ေကာင္လွ်င္ က်ပ္ေလးေသာင္းထား။ရန္ကုန္စည္ပင္ နယ္နိမိတ္အတြင္း ကုန္က်စရိတ္မွာ က်ပ္သိန္းႏွစ္ေသာင္းေျခာက္ေထာင့္ေလးရာ။ဒါက ရန္ကုန္စည္ပင္ နယ္နိမိတ္အတြင္းသာဆိုေတာ့ တစ္ႏိုင္ငံလုံးဆိုပါက ရင္ဘတ္စည္တီး ငိုခ်င္းခ်ရမည့္ ကိန္းဂဏန္းသို႔ ေရာက္မည္။

မည္သည့္ေနရာၾကည့္ၾကည့္ ခြၽတ္ၿခဳံက်ေနေသာ တိုင္းျပည္တြင္ လမ္းေဘးေခြးမ်ားအတြက္ ထိုမွ်ေငြ အသုံးျပဳသင့္သည္ဟု စာရႈသူတို႔ ယူဆပါသလား။တိုင္းျပည္အတြင္း ထမင္းနပ္မမွန္ေသာသူ မ်ားစြာရွိသည္။ေဆးကုသစရိတ္ မတတ္ႏိုင္ေသာသူ မ်ားစြာရွိသည္။ပညာသင္ၾကားရန္ ခက္ခဲေနသူ မ်ားစြာရွိသည္။စစ္ေရွာင္စခန္းမ်ားတြင္ အနာဂတ္ေပ်ာက္ေနသူ မ်ားစြာရွိသည္။

လူထက္ ေခြးက မည္သို႔ေသာ အေၾကာင္းေၾကာင့္ အေရးႀကီးေနရသနည္း။ေနာက္ဆုံး ေခြးက လူထက္ အေရးႀကီးသည္ဟု ယူဆကာ ေငြကုန္က်ခံၿပီး သင္းကြပ္မည္၊ ကာကြယ္ေဆးထိုးမည္၊ သားဆက္ျခားမည္ဆိုပါက ေခြးအေရအတြက္ ဆက္မတိုးေရးႏွင့္ ေခြး႐ူးျပန္ေရာဂါအတြက္ အတန္အသင့္ စိတ္ခ်ရႏိုင္ေသာ္လည္း အထက္တြင္ ဆိုခဲ့ေသာ လမ္းေဘးေခြးမ်ားေပးေသာ ဒုကၡကိုမူ ျပည္သူအေပါင္း ခါးစည္းခံရေပဦးမည္။ထို႔ျပင္ အင္မတန္မွ ေဖာင္းပြေနေသာ လက္ရွိ ေခြးအေရအတြက္မွာ ေလ်ာ့ပါးသြားစရာ အေၾကာင္းမရွိသျဖင့္ လမ္းေဘးေခြးမ်ား တစီစီျဖစ္ေနေသာ ရန္ကုန္ကို ႏိုင္ငံတကာအဆင့္ ၿမိဳ႕ေတာ္ျဖစ္ေအာင္ မည္သို႔တည္ေထာင္ၾကမည္နည္း။လူကိုဗဟိုျပဳ စဥ္းစားတတ္ရန္ လိုပါမည္။ကိုယ့္ဘဝေပးကို အမွန္အတိုင္းရႈျမင္ၿပီး စိတ္ကူးမယဥ္ၾကရန္ လိုပါမည္။

ေမ ၁၅ ရက္ေန႔၊ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ေဒသခံတို႔ ေတြ႕ဆုံပြဲတြင္ သာေကတျပည္သူတို႔က လမ္းေဘးေခြးမ်ားကို အျပတ္ရွင္းေပးရန္ ျပတ္သားစြာ ေတာင္းဆိုလိုက္ၾကၿပီျဖစ္သည္။ေဒသခံတို႔၏ ဆႏၵအတိုင္း ေဆာင္႐ြက္မည္ဆိုၿပီး ခ်တုံခ်ိခ်ျဖစ္ေနေသာ ေ႐ြးေကာက္ခံ စည္ပင္အႀကီးအကဲမ်ား မည္သို႔ေဆာင္႐ြက္မည္ကိုမူ ေစာင့္ၾကည့္ရေပဦးေတာ့မည္။

မ်ိဳးၫြန႔္(Popular News)
ေမ - ၂၃