【 ဆောင်းပါး 】 "ငွေနဲ့အောင်မြင်မှုနောက်လိုက်တဲ့အခါ''

【 ဆောင်းပါး 】 "ငွေနဲ့အောင်မြင်မှုနောက်လိုက်တဲ့အခါ''

ကားအကောင်းစားစီးတယ်။ဘယ်လောက်ကြာကြာဇိမ်ခံနိုင်မှာလဲ။အလွန်ဆုံး တစ်လ၊ တစ်နှစ်ပေါ့။ပြီးရင် ဘာမှမဟုတ်တော့ဘူး။ကလေးဘဝအရုပ်ရရင် ဆော့လှ ၃၊ ၄၊ ၅ ရက်။ဒီသဘောပါပဲ။အခုခေတ်က လူတွေမှာ တဏှာ၊ ကိလေသာ ပိုကြီးလာတယ်။တဏှာနောက်က လောဘလိုက်တယ်။လောဘကြီးတော့ လိုချင်တာဖြစ်ချင်တာ များလာတယ်။များလာလေလေ အဲဒါတွေရဖို့ ကြိုးစားလေလေ ဒေါသနဲ့ မောဟ ကပ်ပါလာလေလေပါပဲ။

အဲဒီတော့ အောင်မြင်ချင်တဲ့သူ၊ ကျော်ကြားချင်တဲ့သူ၊ ချမ်းသာချင်တဲ့သူ၊ နာမည်ရချင်သူ၊ ရာထူးနေရာမက်မောသူ၊ ဂုဏ်ပကာသနမက်မောသူ၊ လူအထင်ကြီးခံချင်တဲ့သူ စတဲ့သူပေါင်းများစွာ အခုခေတ်မှာ ပိုများလာပါတယ်။ဘာလို့ပိုများလာလဲဆိုတော့ စည်းစိမ်ဥစ္စာ၊ ဂုဏ်ရှိန်ဂုဏ်ဝါနဲ့ ဘာလုပ်တာ ဘာပညာတွေတတ်တာ၊ ဘာရာထူး ဘာကျော်ကြားမှုတွေ စသဖြင့် ကြွားနိုင်တာတွေကို ပလက်ဖောင်းခံတင်ပြဖို့ ဖေ့စ်ဘွတ်ခ်ကြီးကရှိနေပြီလေ။စိတ်မထားတတ်လေ သောကပွားကြလေဖြစ်မှာပါပဲ။အဓိက သူများလိုဖြစ်ချင်ကြတယ်။သူများလိုဖြစ်ချင်တော့ နာမည်ရပြီးရော ချမ်းသာပြီးရော မမှန်ကန်တဲ့နည်းတွေနဲ့ ငွေရှာလာတယ် နေရာယူလာတယ်။ငါဆိုတဲ့ ဒိဋ္ဌိကပ်လေ အတ္တကြီးလေ မမှန်ကန်တဲ့နည်းတွေနဲ့ ပိုက်ဆံရှာတာကို ပါးနပ်တယ် တော်တယ် တရားတယ်လို့ ထင်လာကြပါတယ်။အဲဒီထက်ဆိုးရင် မနာလိုမှုကြီးထွားလာတယ်။

အဲဒီထက်ဆိုးရင် မရမကလိုက်ပြိုင်ကြတယ်။အဲဒီထက်ဆိုးရင် ကိုယ်မနာလိုတဲ့သူ ပျက်စီးရာပျက်စီးကြောင်း မကြံကောင်းမစည်ရာတွေအထိ ကြံလာကြတယ်။ပညာပြကြတယ်။တွန်းတိုက်ကြတယ်။နေရာလုကြတယ်။ကိုယ်တိုင်က ပုထုဇဥ်လို့ပဲ မှတ်ယူသေးတာမို့ လောဘ၊ ဒေါသ၊ မောဟ လုံးလုံးမကင်းပါဘူး။ဒါပေမယ့် အားလုံးဟာ ခဏတာပဲ၊ အဖြစ်အပျက်ပဲလို့ သိရှိပြီးတဲ့နောက် ထောင်လွှားလိုတာ မောက်မာလိုတာ၊ လောဘ ဒေါသ မောဟတွေ တတ်နိုင်သမျှ ထိန်းလာနိုင်ပါတယ်။ထိန်းလာနိုင်တယ်ဆိုတာထက် မထိန်းရဘဲ သူ့အလိုလို အောက်ကျို့ပြီးပဲ နေတတ်လာတာပါ။ငါဆိုတာ ဒိဋ္ဌိ၊ နာမည်ဆိုတာ ပညတ်၊ ရုပ်နာမ်ကသပ်သပ် ဘာမှမပတ်သက်ပဲ သက်သက်စီလို့ သိထားတာမို့ ကိုယ့်ကိုဘယ်လိုကျောကျော ကိုယ့်ကိုဘယ်လိုမောက်မာမောက်မာ ဘယ်လိုပညာပြပြ ရှူးရှူးရှဲရှဲ ဒေါသဖြစ်တာ အသည်းအသန်ခံပြင်းတာတွေ မဖြစ်တော့ပါဘူး။စိတ်ထဲအနည်းအကျဥ်း ကသိကအောက်ဖြစ်ရင်တောင် မိနစ်ပိုင်းထက်မပိုပါဘူး။ကိုယ့်ကိုထိခိုက်စေတဲ့သူကလည်း ရုပ်နာမ်ပဲ၊ ကိုယ်ကလဲ ရုပ်နာမ်ပဲ ဘယ်သူဘယ်ဝါဆိုပြီး တပ်ထားတဲ့ အမည်နာမတွေက ပညတ်တွေသတ်သတ်ဆိုတာ သိထားလို့ပါ။

နောက်တစ်ခုက ခန္ဓာ၊ ဥာဏ်၊ ပညာ၊ ရာထူး၊ ဂုဏ်ပကာသန၊ စည်းစိမ်ဥစ္စာတွေဆိုတာ မမြဲပါဘူး။ငယ်ငယ်က စာမှာတောင်ထည့်သင်တယ်။ပညာရွှေအိုး လူမခိုးတဲ့။ပညာတတ်ထားရင် ဘယ်သူမှခိုးလို့မရဘူး။ပညာဂုဏ်ကြီးတယ်ပေါ့။အဲဒီတော့ တချို့လူငယ်တွေက ပညာတတ်အောင်လုပ်တယ်။ရင့်ကျက်အောင် မကျင့်ကြံတော့ ပညာတတ်ပြီး ပညာမရှိတဲ့အခါ ပညာဂုဏ်မောက်လာကြတယ်။ငါ ဆရာဝန်၊ ငါ အင်ဂျင်နီယာ၊ ငါ ဥပဒေပညာရှင် ငါဘာတတ်ကျွမ်းသူကြီး စသဖြင့် ပညာဂုဏ်မောက်လေ့ရှိတယ်။တချို့တွေက ပညာတတ်လေ ရင့်ကျက်အောင်ကျင့်ကြံတတ်လေပါပဲ။အဲဒီလိုကျင့်ကြံလေ နှိမ့်ချလာလေပဲ။တကယ်ပြည့်သွားတော့ ဘောင်ဘင်မခတ်တော့တဲ့သဘောပေါ့။တကယ်တော့ ပညာဆိုတာကလည်း ဘယ်လောက်တတ်တတ် လူမခိုးလည်း အချိန်မရွေး မှတ်ဥာဏ်တွေထဲက ပျောက်သွားနိုင်တယ်။ဥပမာ သူငယ်ပြန်တဲ့၊ အယ်လ်ဇိုင်းမားဖြစ်တဲ့၊ လေဖြတ်တဲ့အခါ အဲဒီပညာတွေ ကျွမ်းကျင်မှုတွေဆိုတာကကော မြဲနိုင်ပါ့မလား။အဲဒီတော့ ပညာဆိုတာလည်းမမြဲပါဘူး။

တကယ်က အထက်မှာပြောခဲ့တဲ့ တဏှာကြီးသူ မောက်မာချင်သူ မရင့်ကျက်သူတွေရဲ့ အဓိကပြဿနာက သူတို့ကိုယ်နဲ့စိတ်နဲ့ သူတို့နာမည်တွဲနေတာဟာ သူတို့ပိုင်တယ် ထင်နေကြလို့ပါပဲ။တကယ်က ရုပ်နာမ်နှစ်ပါးဖြစ်ပျက်ကြားမှာ ပညတ်ဆိုတဲ့ နာမည်တွေပေးထားတာကို သူတို့ကပိုင်တယ် ထင်နေကြလို့ပါ။လူအားလုံးဟာ ရုပ်နာမ်နှစ်ပါး ဖြစ်ပျက်နေတဲ့သဘောပါပဲ။အမည်နာမ ပညတ်တွေကို ဖယ်ကြည့်လိုက်ပါ။ဘယ်သူက ဘာမှမဟုတ်တာ ဘာမှတကယ်မပိုင်တာ မြင်လာသိလာပါလိမ့်မယ်။

ဒီလိုတွေပြောလို့ မင်းမှ ဒီအခွင့်အရေးတွေ စည်းစိမ်ဥစ္စာ၊ ပညာ၊ ရာထူး၊ ဂုဏ်ဒြပ်တွေ မရဘူးသေးတာလို့ တချို့ကပြောကြတယ်။ကျွန်တော် အဲဒီအရာတွေရဖူးလား မရဖူးလားဆိုတာ ကျွန်တော်နဲ့နီးစပ်တဲ့သူတွေ ရင်းနှီးတဲ့သူတွေ သိပါတယ်။အောင်လည်းအောင်မြင်ဖို့၊ နာမည်လည်းကြီးဖို့ အကြောင်းတွေဖန်ဖူးပါတယ်။နာမည်မကြီးချင် မအောင်မြင်ချင်လို့ကို ရှောင်ခဲ့တာပါ။အဲဒီနာမည်ကျော်ကြားမှုတွေ အောင်မြင်မှုတွေရလာတော့ကော ဘယ်လောက်ကြာကြာ ခံစားစံစားပီတိဖြစ်နေနိုင်မှာလဲ၊ အားလုံးကခဏပါပဲ။ဝိုင်းဝန်းချီးမြှောက်လှ ဂုဏ်ပြုလှ အလွန်ဆုံး တစ်ပတ်၊ တစ်လပေါ့။ချီးမြှောက်ခံရသူတွေ မတော်တဆအမှားလုပ်မိ၊ လွဲချော်မိရင်လည်း ခုနက ချီးကျူးချီးမြှောက်ခဲ့သူတွေကပဲ ရစရာမရှိအောင် ဝိုင်းပြီးဝေဖန်ကြပါတယ်။အဲဒီလိုဝေဖန်တာတွေကကော တစ်ပတ်၊ တစ်လထက် မပိုပါဘူး။အဲဒီလို ဒုက္ခရော၊ သုခရော ဘယ်လောက်မှ ကြာရှည်မခံနိုင်တာသိရင် ဘာလို့များ ကိလေသာတွေနောက် သဲကြီးမဲကြီး တစ်ကောက်ကောက်လိုက်နေကြဦးမှာလဲ။ပင်ပန်းလွန်း ပူလောင်လွန်းလှပါတယ်။

ဟိုအဖွဲ့ဒီအဖွဲ့ကပေးတဲ့ ဂုဏ်ရောင်ဂုဏ်ဝါစာရွက်တွေလည်း ကျွန်တော့်မှာရှိပါတယ်။ကမ္ဘာ့နံပါတ်တစ် နိုင်ငံကို အချိန်မရွေးဝင်ထွက်ရလွယ်တဲ့ အသိအမှတ်ပြု Member ကတ်တောင် ရှိပါတယ်။ကိုယ်တင်မကဘူး ကိုယ်သွားရင် ကိုယ့်မိသားစုတောင် ခေါ်လို့ရသေးတယ်။ဒါပေမယ့် အဲဒီစာရွက်တွေ၊ အဖွဲ့ဝင်ကတ်တွေ ထုတ်မကြွားသလို အဲဒါတွေသုံးပြီးလည်း အဲ့နိုင်ငံကြီးတွေမသွားပါဘူး။ခဏခဏအဖိတ်ခံရတယ်။ program တွေရှိတိုင်း မေးလ်တွေပို့ပါတယ်။သူတို့စရိတ်ခံပါ့မယ် လာပါပေါ့။သူများတွေစိတ်ကူးယဥ်တဲ့ နိုင်ငံကြီးတွေ မကြာခဏပါတယ်။မသွားချင်လို့ကို မသွားဖြစ်ခဲ့ပါဘူး။ခြေဥနဲ့ပတ်သက်တဲ့ စာတမ်းတစ်ခုကို fellowship ခရီးစဥ်တစ်ခုမှာတင် လိုက်ဖူးတယ်။
အဲဒါနဲ့ဆက်စပ်ပြီး ပညာသင်စရိတ်ထောက်ပံ့ပေးပြီး ပြည်ပက နာမည်ကြီးတက္ကသိုလ်မှာ ဥပဒေပညာသင်ခွင့်အတွက် ကမ်းလှမ်းခံရတယ်။စဥ်းတောင်မစဥ်းစားဘဲငြင်းခဲ့တယ်။ဘာလို့လဲဆိုတော့ လောကနိယာမ တစ်ခုယူရင် တစ်ခုပြန်ပေးရတတ်ပါတယ်။အခုချိန်မှာ တချို့လူတွေ ပြည်တွင်း ဒါမှမဟုတ် ပြည်ပကပေးတဲ့ အခွင့်အရေးတချို့ယူထားမိလို့ သူတို့လိုချင်တဲ့ ဝါဒဖြန့်ချီမှုတွေ သူတို့ခိုင်းတာတွေ လိုက်လုပ်နေရတယ်လို့ ကြားမိပါတယ်။အခန့်မသင့်ရင် ကိုယ့်တိုင်းပြည်အပေါ် သစ္စာဖောက်ရာရောက်နိုင်တာမျိုးများ ကြုံခဲ့မယ်ဆို ဥပဒေအရ အရေးယူခံရနိုင်ပါတယ်။

ဒီနိုင်ငံမှာက ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး။အာဏာရှင်စနစ်တုန်းကလို နိုင်ငံရေးလုပ်တာနဲ့ အဖမ်းတော့မခံရနိုင်ပါဘူး။ဒါပေမယ့် လူမှုရေးအရောင်ပြပြီး နိုင်ငံရေးမကျ ဘာမကျ သူများအသုံးချတာခံရဖို့ ငွေနောက်လိုက်မိရင်တော့ ဒုက္ခရောက်နိုင်ပါတယ်။ကိုယ်ဒုက္ခမရောက်သေးရင်တောင် ကိုယ့်ကိုထောက်ပံ့သူတွေ ရည်မှန်းချက်အောင်မြင်ဖို့အရေး ကိုယ့်တိုင်းပြည်က ဒုက္ခရောက်နေသူတွေကို မျောက်ပြပြီး ဆန်တောင်းတဲ့အဖြစ်မျိုးကတော့ ခုနှစ်ရက်သားသမီးကို အသုံးချတာမို့ အကုသိုလ်အတော်ကြီးပါတယ်။ဒီကြားထဲ ဝင်ငွေရလမ်းများ အလိုက်ခံရလို့ကတော့ ခိုင်လုံတဲ့အကြောင်းပြချက်မပေးနိုင်ဘဲ ငွေမဲတွေကြားညပ်နေမယ်ဆိုရင် တည်ဆဲဥပဒေအရ အရေးယူခံရမှာမလွဲပါဘူး။

အခွင့်ထူးခံဘဝမှာလည်း နေဖူးပါတယ်။ ပေးတဲ့ အခွင့်ထူးတွေ ခံ၊ မခံဆိုတာ အဲဒီအသိုင်းအဝိုင်းကလူတွေသိပါတယ်။ကိုယ့်ဘဝမှာ လိုချင်တာတွေရခဲ့တာများတယ်။ကိုယ်စီးချင်တဲ့ကားဆို သိပ်မကြာဘူး အကြောင်းအမျိုးမျိုးနဲ့ စီးရဖို့ဖန်လာတယ်။လိုချင်တဲ့ဇိမ်ခံပစ္စည်းတွေရှိလည်း အကြောင်းအမျိုးမျိုးနဲ့ရခဲ့တာများတယ်။ဒါပေမယ့် မရရအောင် အားစိုက်ထုတ်ကြိုးစားခဲ့ရတယ်ဆိုတာတော့မရှိပါဘူး။ကိုယ်ကလိုချင်ဖူးတယ်။လိုချင်တာပဲရှိတာ ရအောင်တော့မကြိုးစားခဲ့ဘူး။မကြိုးစားချင်လို့မဟုတ်ပါဘူး တွေးရုံနဲ့တင် အတော်ကိုပူလောင်ရလို့ မရရအောင်မကြိုးစားခဲ့တာပါ။ဒါပေမယ့် သိပ်မကြာဘူး အဲ့ပစ္စည်းကရလာတာပါပဲ။ငွေ၊ ကား၊ တိုက်ခန်း၊ ရာထူး စသဖြင့် အပေးအယူနဲ့ ခဏခဏအကမ်းလှမ်းခံရဖူးတယ်။ကိုယ်လုပ်တဲ့အလုပ်ခွင်တွေနဲ့ ဆက်စပ်တာတွေများပါတယ်။အဲဒီအခွင့်အရေးတွေအားလုံးကိုမယူဘဲ ငြင်းခဲ့တာပါ။အဲဒါတွေပေးခဲ့ဖူး ကမ်းလှမ်းခဲ့ဖူးတဲ့သူတွေ ခုထိရှိကြပါသေးတယ်။သူတို့ဆို ကိုယ့်အကြောင်း ကောင်းကောင်းသိပါတယ်။ဘယ်လိုလူမျိုးဆိုတာ။ခရီးစဥ်တွေသွားတယ် စာအိတ်လေးတွေနဲ့ထည့်ပေးတယ်။ငါးသောင်းကနေ သိန်းဂဏန်းထိကို တစ်ခါမှမယူခဲ့ဖူးပါဘူး။အဲဒီအချိန်မှာ ခေတ်စားနေတဲ့ သုံးလေးသိန်းတန် ကင်မရာပေးတယ်။တခြားသတင်းသမားတချို့ယူခဲ့တယ်။ကိုယ်ကငြင်းခဲ့ပါတယ်။

အမှတ်တရကတော့ ကိုယ်ရေးတဲ့ သတင်းနဲ့ ဆောင်းပါးဟာ နစ်နာသူတွေတွက် ရသင့်ရထိုက်တဲ့လျော်ကြေးကို သိန်းထောင်နဲ့ချီရသွားကြဖူးတယ်။ကျွန်တော်ကို သိန်းရာချီခေါ်ပေးတယ်။ကျေးဇူးဆပ်ချင်လို့ပါတဲ့။အဲဒီချိန်တုန်းက အဲဒီငွေတွေက တိုက်ခန်းတို့ လီမိတက်တို့တောင် ဝယ်လို့ရတယ်။အေးအေးလူလူငြင်းခဲ့တယ်။အဲဒီတော့ဘာရလဲ။
ဘာမှမရဘူး။ဒါပေမယ့် ကိုယ့်ရဲ့သမိုင်းမှာ ငွေရေးကြေးရေး၊ ရာထူးပစ္စည်း၊ အခွင့်အရေးယူတာတွေနဲ့ပတ်သက်လို့ နောက်ကြောင်းရှင်းတယ်။အခုလို လူသိရှင်ကြားထုတ်ပြောရဲတယ်ပေါ့။အဓိက ကတော့ အပူစာတွေမစားခဲ့ဖူးတော့ ခုချိန် သေခါနီးဖြစ်နေရင်တောင် မမှန်မကန်ယူထားတဲ့ အခွင့်အရေးတွေ ခေါင်းထဲပေါ်လာစရာမရှိလို့ အပယ်ကျဖို့ ရာခိုင်နှုန်းနည်းတယ်ပေါ့လေ။စိတ်ဖြောင့်လက်ဖြောင့် အသက်ထွက်နိုင်တယ်ပေါ့။မတရားနည်းနဲ့ လိမ်ပတ်ကွေ့ကောက် လူလည်ကျပြီး ချမ်းသာနေသူတွေလည်း ချက်ချင်းအကုသိုလ်အကျိုးမပေးသေးလို့ သာနေတယ်မထင်ပါနဲ့။
နောင်ဘဝမဟုတ်တောင် အသက်ထွက်ခါနီး အဲဒီအကုသိုလ်ကံတွေ အာရုံထဲပြန်ပေါ်ပြီး ကောင်းရာဘဝမလားနိုင်မှာ အသေမဖြောင့်နိုင်မှာ အသေအချာပါပဲ။

ဒါကြောင့် အဲဒီလူတွေကိုအားကျပြီးလည်း မိုးခါးရေ သွားမသောက်မိပါစေနဲ့ မသေခင်လေးပဲ စည်းစိမ်ခံစားနေကြတာပါ။သေခါနီးနဲ့ နောက်ဘဝဆိုတာ ကောင်းလာစရာသိပ်မရှိပါဘူး။ဒါတွေပြောတာက မဏ္ဍပ်တိုင်တက်ပြတာမဟုတ်ပါဘူး။ကိုယ်က ဒါတွေရဖို့ကြုံခဲ့ဖူးတယ် မယူဘဲငြင်းနိုင်ခဲ့တာမို့ အခုခေတ်လူတချို့ ဖြစ်ချင်တာ အောင်မြင်ချင်တာ နေရာလိုချင်တာ ချမ်းသာချင်တာတွေ နည်းနည်းလောက် လျှော့စေချင်လို့ပါ။အဲဒါတွေက မမြဲဘူးဆိုတာ သတိကပ်မယ်ဆို သူတပါးကို ခုတုံးလုပ်တာ အသုံးချတာ မတရားနည်းနဲ့ငွေရှာတာတွေ လျော့လာပါလိမ့်မယ်။အဲဒီလိုတွေလျော့လာရင် တရားတဲ့ဘက်မှာ အားသာလာမှာမို့ တရားနည်းလမ်းကျကျ ဖြစ်ပေါ်လာပါလိမ့်မယ်။

အခုတလော မတရားလုပ်တာတွေ စိတ်ကောင်းမထားနိုင်တာတွေ ပြိုင်ချင်ဆိုင်ချင် တွန်းတိုက်ချင်တာတွေ အရမ်းများလာတဲ့အကြောင်း သိနေမြင်နေ ကြားနေရတာမို့ အဲဒီလိုသူတွေကို အကုသိုလ်နည်းစေချင်တဲ့ဆန္ဒ ဖြစ်ပေါ်လာမိပါတယ်။အဲဒါနဲ့ပဲ ဒီစာစုလေးကို ရေးဖြစ်တာဖြစ်ပါတယ်။ဘယ်သူ့ကိုမှ ဆရာလုပ်ခြင်း မဟုတ်ပါဘူး။လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။

သာဓက
ဇန်နဝါရီ - ၇

( Zawgyi )

ကားအေကာင္းစားစီးတယ္။ဘယ္ေလာက္ၾကာၾကာဇိမ္ခံႏိုင္မွာလဲ။အလြန္ဆုံး တစ္လ၊ တစ္ႏွစ္ေပါ့။ၿပီးရင္ ဘာမွမဟုတ္ေတာ့ဘူး။ကေလးဘဝအ႐ုပ္ရရင္ ေဆာ့လွ ၃၊ ၄၊ ၅ ရက္။ဒီသေဘာပါပဲ။အခုေခတ္က လူေတြမွာ တဏွာ၊ ကိေလသာ ပိုႀကီးလာတယ္။တဏွာေနာက္က ေလာဘလိုက္တယ္။ေလာဘႀကီးေတာ့ လိုခ်င္တာျဖစ္ခ်င္တာ မ်ားလာတယ္။မ်ားလာေလေလ အဲဒါေတြရဖို႔ ႀကိဳးစားေလေလ ေဒါသနဲ႔ ေမာဟ ကပ္ပါလာေလေလပါပဲ။

အဲဒီေတာ့ ေအာင္ျမင္ခ်င္တဲ့သူ၊ ေက်ာ္ၾကားခ်င္တဲ့သူ၊ ခ်မ္းသာခ်င္တဲ့သူ၊ နာမည္ရခ်င္သူ၊ ရာထူးေနရာမက္ေမာသူ၊ ဂုဏ္ပကာသနမက္ေမာသူ၊ လူအထင္ႀကီးခံခ်င္တဲ့သူ စတဲ့သူေပါင္းမ်ားစြာ အခုေခတ္မွာ ပိုမ်ားလာပါတယ္။ဘာလို႔ပိုမ်ားလာလဲဆိုေတာ့ စည္းစိမ္ဥစၥာ၊ ဂုဏ္ရွိန္ဂုဏ္ဝါနဲ႔ ဘာလုပ္တာ ဘာပညာေတြတတ္တာ၊ ဘာရာထူး ဘာေက်ာ္ၾကားမႈေတြ စသျဖင့္ ႂကြားႏိုင္တာေတြကို ပလက္ေဖာင္းခံတင္ျပဖို႔ ေဖ့စ္ဘြတ္ခ္ႀကီးကရွိေနၿပီေလ။စိတ္မထားတတ္ေလ ေသာကပြားၾကေလျဖစ္မွာပါပဲ။အဓိက သူမ်ားလိုျဖစ္ခ်င္ၾကတယ္။သူမ်ားလိုျဖစ္ခ်င္ေတာ့ နာမည္ရၿပီးေရာ ခ်မ္းသာၿပီးေရာ မမွန္ကန္တဲ့နည္းေတြနဲ႔ ေငြရွာလာတယ္ ေနရာယူလာတယ္။ငါဆိုတဲ့ ဒိ႒ိကပ္ေလ အတၱႀကီးေလ မမွန္ကန္တဲ့နည္းေတြနဲ႔ ပိုက္ဆံရွာတာကို ပါးနပ္တယ္ ေတာ္တယ္ တရားတယ္လို႔ ထင္လာၾကပါတယ္။အဲဒီထက္ဆိုးရင္ မနာလိုမႈႀကီးထြားလာတယ္။

အဲဒီထက္ဆိုးရင္ မရမကလိုက္ၿပိဳင္ၾကတယ္။အဲဒီထက္ဆိုးရင္ ကိုယ္မနာလိုတဲ့သူ ပ်က္စီးရာပ်က္စီးေၾကာင္း မႀကံေကာင္းမစည္ရာေတြအထိ ႀကံလာၾကတယ္။ပညာျပၾကတယ္။တြန္းတိုက္ၾကတယ္။ေနရာလုၾကတယ္။ကိုယ္တိုင္က ပုထုဇဥ္လို႔ပဲ မွတ္ယူေသးတာမို႔ ေလာဘ၊ ေဒါသ၊ ေမာဟ လုံးလုံးမကင္းပါဘူး။ဒါေပမယ့္ အားလုံးဟာ ခဏတာပဲ၊ အျဖစ္အပ်က္ပဲလို႔ သိရွိၿပီးတဲ့ေနာက္ ေထာင္လႊားလိုတာ ေမာက္မာလိုတာ၊ ေလာဘ ေဒါသ ေမာဟေတြ တတ္ႏိုင္သမွ် ထိန္းလာႏိုင္ပါတယ္။ထိန္းလာႏိုင္တယ္ဆိုတာထက္ မထိန္းရဘဲ သူ႔အလိုလို ေအာက္က်ိဳ႕ၿပီးပဲ ေနတတ္လာတာပါ။ငါဆိုတာ ဒိ႒ိ၊ နာမည္ဆိုတာ ပညတ္၊ ႐ုပ္နာမ္ကသပ္သပ္ ဘာမွမပတ္သက္ပဲ သက္သက္စီလို႔ သိထားတာမို႔ ကိုယ့္ကိုဘယ္လိုေက်ာေက်ာ ကိုယ့္ကိုဘယ္လိုေမာက္မာေမာက္မာ ဘယ္လိုပညာျပျပ ရႉးရႉးရွဲရွဲ ေဒါသျဖစ္တာ အသည္းအသန္ခံျပင္းတာေတြ မျဖစ္ေတာ့ပါဘူး။စိတ္ထဲအနည္းအက်ဥ္း ကသိကေအာက္ျဖစ္ရင္ေတာင္ မိနစ္ပိုင္းထက္မပိုပါဘူး။ကိုယ့္ကိုထိခိုက္ေစတဲ့သူကလည္း ႐ုပ္နာမ္ပဲ၊ ကိုယ္ကလဲ ႐ုပ္နာမ္ပဲ ဘယ္သူဘယ္ဝါဆိုၿပီး တပ္ထားတဲ့ အမည္နာမေတြက ပညတ္ေတြသတ္သတ္ဆိုတာ သိထားလို႔ပါ။

ေနာက္တစ္ခုက ခႏၶာ၊ ဥာဏ္၊ ပညာ၊ ရာထူး၊ ဂုဏ္ပကာသန၊ စည္းစိမ္ဥစၥာေတြဆိုတာ မၿမဲပါဘူး။ငယ္ငယ္က စာမွာေတာင္ထည့္သင္တယ္။ပညာေ႐ႊအိုး လူမခိုးတဲ့။ပညာတတ္ထားရင္ ဘယ္သူမွခိုးလို႔မရဘူး။ပညာဂုဏ္ႀကီးတယ္ေပါ့။အဲဒီေတာ့ တခ်ိဳ႕လူငယ္ေတြက ပညာတတ္ေအာင္လုပ္တယ္။ရင့္က်က္ေအာင္ မက်င့္ႀကံေတာ့ ပညာတတ္ၿပီး ပညာမရွိတဲ့အခါ ပညာဂုဏ္ေမာက္လာၾကတယ္။ငါ ဆရာဝန္၊ ငါ အင္ဂ်င္နီယာ၊ ငါ ဥပေဒပညာရွင္ ငါဘာတတ္ကြၽမ္းသူႀကီး စသျဖင့္ ပညာဂုဏ္ေမာက္ေလ့ရွိတယ္။တခ်ိဳ႕ေတြက ပညာတတ္ေလ ရင့္က်က္ေအာင္က်င့္ႀကံတတ္ေလပါပဲ။အဲဒီလိုက်င့္ႀကံေလ ႏွိမ့္ခ်လာေလပဲ။တကယ္ျပည့္သြားေတာ့ ေဘာင္ဘင္မခတ္ေတာ့တဲ့သေဘာေပါ့။တကယ္ေတာ့ ပညာဆိုတာကလည္း ဘယ္ေလာက္တတ္တတ္ လူမခိုးလည္း အခ်ိန္မေ႐ြး မွတ္ဥာဏ္ေတြထဲက ေပ်ာက္သြားႏိုင္တယ္။ဥပမာ သူငယ္ျပန္တဲ့၊ အယ္လ္ဇိုင္းမားျဖစ္တဲ့၊ ေလျဖတ္တဲ့အခါ အဲဒီပညာေတြ ကြၽမ္းက်င္မႈေတြဆိုတာကေကာ ၿမဲႏိုင္ပါ့မလား။အဲဒီေတာ့ ပညာဆိုတာလည္းမၿမဲပါဘူး။

တကယ္က အထက္မွာေျပာခဲ့တဲ့ တဏွာႀကီးသူ ေမာက္မာခ်င္သူ မရင့္က်က္သူေတြရဲ႕ အဓိကျပႆနာက သူတို႔ကိုယ္နဲ႔စိတ္နဲ႔ သူတို႔နာမည္တြဲေနတာဟာ သူတို႔ပိုင္တယ္ ထင္ေနၾကလို႔ပါပဲ။တကယ္က ႐ုပ္နာမ္ႏွစ္ပါးျဖစ္ပ်က္ၾကားမွာ ပညတ္ဆိုတဲ့ နာမည္ေတြေပးထားတာကို သူတို႔ကပိုင္တယ္ ထင္ေနၾကလို႔ပါ။လူအားလုံးဟာ ႐ုပ္နာမ္ႏွစ္ပါး ျဖစ္ပ်က္ေနတဲ့သေဘာပါပဲ။အမည္နာမ ပညတ္ေတြကို ဖယ္ၾကည့္လိုက္ပါ။ဘယ္သူက ဘာမွမဟုတ္တာ ဘာမွတကယ္မပိုင္တာ ျမင္လာသိလာပါလိမ့္မယ္။

ဒီလိုေတြေျပာလို႔ မင္းမွ ဒီအခြင့္အေရးေတြ စည္းစိမ္ဥစၥာ၊ ပညာ၊ ရာထူး၊ ဂုဏ္ျဒပ္ေတြ မရဘူးေသးတာလို႔ တခ်ိဳ႕ကေျပာၾကတယ္။ကြၽန္ေတာ္ အဲဒီအရာေတြရဖူးလား မရဖူးလားဆိုတာ ကြၽန္ေတာ္နဲ႔နီးစပ္တဲ့သူေတြ ရင္းႏွီးတဲ့သူေတြ သိပါတယ္။ေအာင္လည္းေအာင္ျမင္ဖို႔၊ နာမည္လည္းႀကီးဖို႔ အေၾကာင္းေတြဖန္ဖူးပါတယ္။နာမည္မႀကီးခ်င္ မေအာင္ျမင္ခ်င္လို႔ကို ေရွာင္ခဲ့တာပါ။အဲဒီနာမည္ေက်ာ္ၾကားမႈေတြ ေအာင္ျမင္မႈေတြရလာေတာ့ေကာ ဘယ္ေလာက္ၾကာၾကာ ခံစားစံစားပီတိျဖစ္ေနႏိုင္မွာလဲ၊ အားလုံးကခဏပါပဲ။ဝိုင္းဝန္းခ်ီးေျမႇာက္လွ ဂုဏ္ျပဳလွ အလြန္ဆုံး တစ္ပတ္၊ တစ္လေပါ့။ခ်ီးေျမႇာက္ခံရသူေတြ မေတာ္တဆအမွားလုပ္မိ၊ လြဲေခ်ာ္မိရင္လည္း ခုနက ခ်ီးက်ဴးခ်ီးေျမႇာက္ခဲ့သူေတြကပဲ ရစရာမရွိေအာင္ ဝိုင္းၿပီးေဝဖန္ၾကပါတယ္။အဲဒီလိုေဝဖန္တာေတြကေကာ တစ္ပတ္၊ တစ္လထက္ မပိုပါဘူး။အဲဒီလို ဒုကၡေရာ၊ သုခေရာ ဘယ္ေလာက္မွ ၾကာရွည္မခံႏိုင္တာသိရင္ ဘာလို႔မ်ား ကိေလသာေတြေနာက္ သဲႀကီးမဲႀကီး တစ္ေကာက္ေကာက္လိုက္ေနၾကဦးမွာလဲ။ပင္ပန္းလြန္း ပူေလာင္လြန္းလွပါတယ္။

ဟိုအဖြဲ႕ဒီအဖြဲ႕ကေပးတဲ့ ဂုဏ္ေရာင္ဂုဏ္ဝါစာ႐ြက္ေတြလည္း ကြၽန္ေတာ့္မွာရွိပါတယ္။ကမာၻ႔နံပါတ္တစ္ ႏိုင္ငံကို အခ်ိန္မေ႐ြးဝင္ထြက္ရလြယ္တဲ့ အသိအမွတ္ျပဳ Member ကတ္ေတာင္ ရွိပါတယ္။ကိုယ္တင္မကဘူး ကိုယ္သြားရင္ ကိုယ့္မိသားစုေတာင္ ေခၚလို႔ရေသးတယ္။ဒါေပမယ့္ အဲဒီစာ႐ြက္ေတြ၊ အဖြဲ႕ဝင္ကတ္ေတြ ထုတ္မႂကြားသလို အဲဒါေတြသုံးၿပီးလည္း အဲ့ႏိုင္ငံႀကီးေတြမသြားပါဘူး။ခဏခဏအဖိတ္ခံရတယ္။ program ေတြရွိတိုင္း ေမးလ္ေတြပို႔ပါတယ္။သူတို႔စရိတ္ခံပါ့မယ္ လာပါေပါ့။သူမ်ားေတြစိတ္ကူးယဥ္တဲ့ ႏိုင္ငံႀကီးေတြ မၾကာခဏပါတယ္။မသြားခ်င္လို႔ကို မသြားျဖစ္ခဲ့ပါဘူး။ေျခဥနဲ႔ပတ္သက္တဲ့ စာတမ္းတစ္ခုကို fellowship ခရီးစဥ္တစ္ခုမွာတင္ လိုက္ဖူးတယ္။
အဲဒါနဲ႔ဆက္စပ္ၿပီး ပညာသင္စရိတ္ေထာက္ပံ့ေပးၿပီး ျပည္ပက နာမည္ႀကီးတကၠသိုလ္မွာ ဥပေဒပညာသင္ခြင့္အတြက္ ကမ္းလွမ္းခံရတယ္။စဥ္းေတာင္မစဥ္းစားဘဲျငင္းခဲ့တယ္။ဘာလို႔လဲဆိုေတာ့ ေလာကနိယာမ တစ္ခုယူရင္ တစ္ခုျပန္ေပးရတတ္ပါတယ္။အခုခ်ိန္မွာ တခ်ိဳ႕လူေတြ ျပည္တြင္း ဒါမွမဟုတ္ ျပည္ပကေပးတဲ့ အခြင့္အေရးတခ်ိဳ႕ယူထားမိလို႔ သူတို႔လိုခ်င္တဲ့ ဝါဒျဖန္႔ခ်ီမႈေတြ သူတို႔ခိုင္းတာေတြ လိုက္လုပ္ေနရတယ္လို႔ ၾကားမိပါတယ္။အခန္႔မသင့္ရင္ ကိုယ့္တိုင္းျပည္အေပၚ သစၥာေဖာက္ရာေရာက္ႏိုင္တာမ်ိဳးမ်ား ႀကဳံခဲ့မယ္ဆို ဥပေဒအရ အေရးယူခံရႏိုင္ပါတယ္။

ဒီႏိုင္ငံမွာက ဘာမွမျဖစ္ရင္ ဘာမွမျဖစ္ပါဘူး။အာဏာရွင္စနစ္တုန္းကလို ႏိုင္ငံေရးလုပ္တာနဲ႔ အဖမ္းေတာ့မခံရႏိုင္ပါဘူး။ဒါေပမယ့္ လူမႈေရးအေရာင္ျပၿပီး ႏိုင္ငံေရးမက် ဘာမက် သူမ်ားအသုံးခ်တာခံရဖို႔ ေငြေနာက္လိုက္မိရင္ေတာ့ ဒုကၡေရာက္ႏိုင္ပါတယ္။ကိုယ္ဒုကၡမေရာက္ေသးရင္ေတာင္ ကိုယ့္ကိုေထာက္ပံ့သူေတြ ရည္မွန္းခ်က္ေအာင္ျမင္ဖို႔အေရး ကိုယ့္တိုင္းျပည္က ဒုကၡေရာက္ေနသူေတြကို ေမ်ာက္ျပၿပီး ဆန္ေတာင္းတဲ့အျဖစ္မ်ိဳးကေတာ့ ခုႏွစ္ရက္သားသမီးကို အသုံးခ်တာမို႔ အကုသိုလ္အေတာ္ႀကီးပါတယ္။ဒီၾကားထဲ ဝင္ေငြရလမ္းမ်ား အလိုက္ခံရလို႔ကေတာ့ ခိုင္လုံတဲ့အေၾကာင္းျပခ်က္မေပးႏိုင္ဘဲ ေငြမဲေတြၾကားညပ္ေနမယ္ဆိုရင္ တည္ဆဲဥပေဒအရ အေရးယူခံရမွာမလြဲပါဘူး။

အခြင့္ထူးခံဘဝမွာလည္း ေနဖူးပါတယ္။ ေပးတဲ့ အခြင့္ထူးေတြ ခံ၊ မခံဆိုတာ အဲဒီအသိုင္းအဝိုင္းကလူေတြသိပါတယ္။ကိုယ့္ဘဝမွာ လိုခ်င္တာေတြရခဲ့တာမ်ားတယ္။ကိုယ္စီးခ်င္တဲ့ကားဆို သိပ္မၾကာဘူး အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ စီးရဖို႔ဖန္လာတယ္။လိုခ်င္တဲ့ဇိမ္ခံပစၥည္းေတြရွိလည္း အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ရခဲ့တာမ်ားတယ္။ဒါေပမယ့္ မရရေအာင္ အားစိုက္ထုတ္ႀကိဳးစားခဲ့ရတယ္ဆိုတာေတာ့မရွိပါဘူး။ကိုယ္ကလိုခ်င္ဖူးတယ္။လိုခ်င္တာပဲရွိတာ ရေအာင္ေတာ့မႀကိဳးစားခဲ့ဘူး။မႀကိဳးစားခ်င္လို႔မဟုတ္ပါဘူး ေတြး႐ုံနဲ႔တင္ အေတာ္ကိုပူေလာင္ရလို႔ မရရေအာင္မႀကိဳးစားခဲ့တာပါ။ဒါေပမယ့္ သိပ္မၾကာဘူး အဲ့ပစၥည္းကရလာတာပါပဲ။ေငြ၊ ကား၊ တိုက္ခန္း၊ ရာထူး စသျဖင့္ အေပးအယူနဲ႔ ခဏခဏအကမ္းလွမ္းခံရဖူးတယ္။ကိုယ္လုပ္တဲ့အလုပ္ခြင္ေတြနဲ႔ ဆက္စပ္တာေတြမ်ားပါတယ္။အဲဒီအခြင့္အေရးေတြအားလုံးကိုမယူဘဲ ျငင္းခဲ့တာပါ။အဲဒါေတြေပးခဲ့ဖူး ကမ္းလွမ္းခဲ့ဖူးတဲ့သူေတြ ခုထိရွိၾကပါေသးတယ္။သူတို႔ဆို ကိုယ့္အေၾကာင္း ေကာင္းေကာင္းသိပါတယ္။ဘယ္လိုလူမ်ိဳးဆိုတာ။ခရီးစဥ္ေတြသြားတယ္ စာအိတ္ေလးေတြနဲ႔ထည့္ေပးတယ္။ငါးေသာင္းကေန သိန္းဂဏန္းထိကို တစ္ခါမွမယူခဲ့ဖူးပါဘူး။အဲဒီအခ်ိန္မွာ ေခတ္စားေနတဲ့ သုံးေလးသိန္းတန္ ကင္မရာေပးတယ္။တျခားသတင္းသမားတခ်ိဳ႕ယူခဲ့တယ္။ကိုယ္ကျငင္းခဲ့ပါတယ္။

အမွတ္တရကေတာ့ ကိုယ္ေရးတဲ့ သတင္းနဲ႔ ေဆာင္းပါးဟာ နစ္နာသူေတြတြက္ ရသင့္ရထိုက္တဲ့ေလ်ာ္ေၾကးကို သိန္းေထာင္နဲ႔ခ်ီရသြားၾကဖူးတယ္။ကြၽန္ေတာ္ကို သိန္းရာခ်ီေခၚေပးတယ္။ေက်းဇူးဆပ္ခ်င္လို႔ပါတဲ့။အဲဒီခ်ိန္တုန္းက အဲဒီေငြေတြက တိုက္ခန္းတို႔ လီမိတက္တို႔ေတာင္ ဝယ္လို႔ရတယ္။ေအးေအးလူလူျငင္းခဲ့တယ္။အဲဒီေတာ့ဘာရလဲ။
ဘာမွမရဘူး။ဒါေပမယ့္ ကိုယ့္ရဲ႕သမိုင္းမွာ ေငြေရးေၾကးေရး၊ ရာထူးပစၥည္း၊ အခြင့္အေရးယူတာေတြနဲ႔ပတ္သက္လို႔ ေနာက္ေၾကာင္းရွင္းတယ္။အခုလို လူသိရွင္ၾကားထုတ္ေျပာရဲတယ္ေပါ့။အဓိက ကေတာ့ အပူစာေတြမစားခဲ့ဖူးေတာ့ ခုခ်ိန္ ေသခါနီးျဖစ္ေနရင္ေတာင္ မမွန္မကန္ယူထားတဲ့ အခြင့္အေရးေတြ ေခါင္းထဲေပၚလာစရာမရွိလို႔ အပယ္က်ဖို႔ ရာခိုင္ႏႈန္းနည္းတယ္ေပါ့ေလ။စိတ္ေျဖာင့္လက္ေျဖာင့္ အသက္ထြက္ႏိုင္တယ္ေပါ့။မတရားနည္းနဲ႔ လိမ္ပတ္ေကြ႕ေကာက္ လူလည္က်ၿပီး ခ်မ္းသာေနသူေတြလည္း ခ်က္ခ်င္းအကုသိုလ္အက်ိဳးမေပးေသးလို႔ သာေနတယ္မထင္ပါနဲ႔။
ေနာင္ဘဝမဟုတ္ေတာင္ အသက္ထြက္ခါနီး အဲဒီအကုသိုလ္ကံေတြ အာ႐ုံထဲျပန္ေပၚၿပီး ေကာင္းရာဘဝမလားႏိုင္မွာ အေသမေျဖာင့္ႏိုင္မွာ အေသအခ်ာပါပဲ။

ဒါေၾကာင့္ အဲဒီလူေတြကိုအားက်ၿပီးလည္း မိုးခါးေရ သြားမေသာက္မိပါေစနဲ႔ မေသခင္ေလးပဲ စည္းစိမ္ခံစားေနၾကတာပါ။ေသခါနီးနဲ႔ ေနာက္ဘဝဆိုတာ ေကာင္းလာစရာသိပ္မရွိပါဘူး။ဒါေတြေျပာတာက မ႑ပ္တိုင္တက္ျပတာမဟုတ္ပါဘူး။ကိုယ္က ဒါေတြရဖို႔ႀကဳံခဲ့ဖူးတယ္ မယူဘဲျငင္းႏိုင္ခဲ့တာမို႔ အခုေခတ္လူတခ်ိဳ႕ ျဖစ္ခ်င္တာ ေအာင္ျမင္ခ်င္တာ ေနရာလိုခ်င္တာ ခ်မ္းသာခ်င္တာေတြ နည္းနည္းေလာက္ ေလွ်ာ့ေစခ်င္လို႔ပါ။အဲဒါေတြက မၿမဲဘူးဆိုတာ သတိကပ္မယ္ဆို သူတပါးကို ခုတုံးလုပ္တာ အသုံးခ်တာ မတရားနည္းနဲ႔ေငြရွာတာေတြ ေလ်ာ့လာပါလိမ့္မယ္။အဲဒီလိုေတြေလ်ာ့လာရင္ တရားတဲ့ဘက္မွာ အားသာလာမွာမို႔ တရားနည္းလမ္းက်က် ျဖစ္ေပၚလာပါလိမ့္မယ္။

အခုတေလာ မတရားလုပ္တာေတြ စိတ္ေကာင္းမထားႏိုင္တာေတြ ၿပိဳင္ခ်င္ဆိုင္ခ်င္ တြန္းတိုက္ခ်င္တာေတြ အရမ္းမ်ားလာတဲ့အေၾကာင္း သိေနျမင္ေန ၾကားေနရတာမို႔ အဲဒီလိုသူေတြကို အကုသိုလ္နည္းေစခ်င္တဲ့ဆႏၵ ျဖစ္ေပၚလာမိပါတယ္။အဲဒါနဲ႔ပဲ ဒီစာစုေလးကို ေရးျဖစ္တာျဖစ္ပါတယ္။ဘယ္သူ႔ကိုမွ ဆရာလုပ္ျခင္း မဟုတ္ပါဘူး။လြတ္လပ္စြာ သေဘာထားကြဲလြဲႏိုင္ပါတယ္။

သာဓက
ဇန္နဝါရီ - ၇