【 ဆောင်းပါး 】 တဏှာအိပ်မက်မှ နိုးထသင့်ပြီ

【 ဆောင်းပါး 】 တဏှာအိပ်မက်မှ နိုးထသင့်ပြီ

“ရှင့်ကို Pajero ကားပေါ်က လှမ်းကြည့်သွားတာ၊ ရှင်တို့ကုမ္ပဏီကလား”

“ဟုတ်တယ်”

“ကားကို အရှိန်လျှော့ပြီးမောင်းလာတာ အသိသာကြီး။မင်းကို ကားကြုံခေါ်သွားမလို့ ထင်တယ်”

“ဘယ်သိမလဲ။သူခေါ်တော့ရော ကျုပ်က လိုက်ရမှာလား”

“ဒါဆို ရှင်က မလိုက်ချင်လို့ တမင် မသိချင်ယောင်ဆောင်နေလိုက်တယ် ဆိုပါတော့”

“ဒါပေါ့”

“ဒါဖြင့်ရင်တော့ ရှင်မှားသွားပြီ”

“ဘာလို့မှားရမှာလဲ။ဝန်ထမ်းစည်းကမ်းထဲမှာ ကုမ္ပဏီလူကြီးကို အပြင်မှာတွေ့ရင် ကြည့်ကိုကြည့်ရမယ်၊ သူခေါ်ရင် သူ့ကားနဲ့ လိုက်ရမယ်လို့မှ မပါတာ”

“ဟာ - ဒါတော့ ရှင်က စကားကို ကပ်သပ်ပြောနေတာပဲ”

“ကျုပ်က ကပ်သပ်မပြောဘူး။ဘုမသိ ဘမသိနဲ့ စွပ်ပြောနေတဲ့ ရှင်ကသာ မဆီမဆိုင် ကျုပ်ကို လာရစ်နေတာ”

“ကျုပ်က ဘာသိစရာလိုလို့လဲ”

“လိုတာပေါ့။သူက ကျုပ်တို့ကုမ္ပဏီက ဒါရိုက်တာ”

“ဒါဆို”

“နေဦး - ကျုပ်ဆက်ပြောမယ်။ရာထူးကြီးပြီး အသက်ကြီးတာပဲရှိတာ။အကျင့်က ကောင်းတာမဟုတ်ဘူး”

“ဘာက မကောင်းတာလဲ”

“ဖွန်ကြောင်လို့”

“တကယ်”

“တကယ်ပေါ့။ကုမ္ပဏီမှာ သူခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးမလေးရှိတယ်။ငယ်ငယ်ချောချောလေး။ကျုပ်တို့ထက် အသက်နည်းနည်းပဲကြီးမယ်။ဘာတာဝန်မှလည်း မယ်မယ်ရရမရှိဘူး။ဒါရိုက်တာကြီးက သူ့အခန်းထဲ ခဏခဏခေါ်တယ်။ကောင်မလေး ဝင်သွားပြီးရင် တော်တော်နဲ့ထွက်မလာဘူး။အပြင်ထွက်ရင်လဲ မကြာခဏခေါ်ခေါ်သွားတယ်။တစ်ခါတစ်ခါ သူအပြင်ရောက်မှ ဖုန်းဆက်ပြီး ဘယ်ကနေလှမ်းခေါ်လဲမသိဘူး။ကောင်မလေး လိုက်လိုက်သွားတယ်။အပြင်မှာ သူတို့နှစ်ယောက် အီစီကလီလုပ်နေကြတာ မမြင်ချင်မှအဆုံး။သူ့မှာလည်း သားကြီး မယားကြီးနဲ့၊ သူ့သမီးအရွယ်လောက်လေးကို သူမို့မရှက်တယ်။ဒါပေါ့ ယိုသူမရှက်၊ မြင်သူရှက်ဆိုတာ။ဒီလို ဣန္ဒြေမရှိ၊ သိက္ခာမရှိတဲ့သူကို ဘယ်သူကလေးစားမှာလဲ”

ဘတ်စ်ကားမှတ်တိုင်မှာ ကလေးမလေးနှစ်ယောက် ဘတ်စ်ကားစောင့်ရင်း စကားပြောနေကြခြင်း ဖြစ်သည်။သူတို့ စကားမဆုံးခင် မှတ်တိုင်မှာရပ်လာသော ဘတ်စ်ကားပေါ်သို့ အသီးသီးတက်သွားကြသည်။ထိုနေ့က ကောင်မလေးနှစ်ယောက် ပြောစကားများကို စပ်စပ်စုစု ခိုး၍နားထောင်နေမိသော ကျွန်တော်သာ ဘတ်စ်ကားမှတ်တိုင်မှာ ဆက်၍ကျန်ရစ်ခဲ့ပါသည်။

ကုမ္ပဏီဝန်ထမ်း ကောင်မလေး၏ ရဲရင့်သော အမူအရာ၊ အပြောအဆိုတို့ကို ချီးကျူးမိသည်။ကုမ္ပဏီဒါရိုက်တာဆိုသော ပုဂ္ဂိုလ်အပေါ်တော့ ကရုဏာသက်မိရပါသည်။သူ့နေရာကို ဝင်ခံစားမိတော့ ရှက်သလို၊ အားငယ်သလို ဖြစ်မိသည်။သူ့အုပ်ချုပ်ခံ လက်အောက်ငယ်သားများက သူ့အမှားတစ်ခုကြောင့် အထင်သေး၊ အမြင်သေးဖြစ်နေတာ သူသိသွားလျှင် ဘယ်လိုနေမလဲ။
ရှက်နေမှာလား။သိမ်ငယ်နေမှာလား။ဝမ်းနည်းနေမှာလား။ ဒါမှမဟုတ် စိတ်တိုသွားမည်လား။တစ်ခုခုတော့ ခံစားရမှာပါ။ အမှားလုပ်မိသူ တစ်ယောက်အနေနှင့် သူ့အမှားသူမြင်လျှင် သောကဖြစ်မည်။သူ့အမှားသူ မမြင်လျှင်တော့ ဒေါသဖြစ်မှာ သေချာသည်။စာရေးသူတို့၏ ဉာဉ်အတိုင်း သူ့ဇာတ်လမ်းလေးကို ပြောင်းပြန်လှန် တွေးကြည့်မိသည်။

အကယ်၍များ အုပ်ချုပ်ရေးမှူးမလေးအပေါ် အီစီကလီစိတ်၊ ဘာညာဘာညာစိတ်တွေ ဖယ်ရှားပြီး သမီးလေးလို တပည့်မလေးလို စေတနာစိတ်၊ စာနာစိတ်သာ ထားခဲ့မည်ဆိုလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။သူ့သိက္ခာလည်းမကျ၊ ကောင်မလေးဘဝလည်း မနစ်နာ၊ ဝန်ထမ်းအားလုံး၏ ရင်ထဲက အထင်ကြီးလေးစားစိတ်တွေကိုလည်း ပိုင်ဆိုင်ခွင့်ရရှိပေမည်။
သူ့အသက်အရွယ်၊ သူ့အတတ်ပညာ၊ သူ့ရာထူး၊ သူ့ဂုဏ်သိက္ခာ၊ သူ့မိသားစု၊ သူ့ဆွေမျိုး၊ သူ့အပေါင်းအသင်း၊ သူ့ကုမ္ပဏီအဖွဲ့အစည်း အို - တွေးစရာ၊ ထောက်စရာ၊ ငဲ့စရာတွေ အများကြီးပါ။ဒီလောက်ငဲ့စရာတွေ အများကြီးကို လျစ်လျူရှု၍ ‘ဆန္ဒရမ္မက်’ ကို အလေးပေးခဲ့ခြင်းကြောင့် အများအမြင်မှာ မဖွယ်မရာဖြစ်နေရပါပြီ။

ဘုရားရှင် ဟောကြားခဲ့သော ၅၅၀ ဇာတ်၊ ဧကကနိပါတ်၊ ကုလာဝက၀ဂ်၊ နစ္စဇာတ်မှ ဒေါင်းငှက်လို ဖြစ်နေပေပြီ။

တစ်ချိန်က ဟိမဝန္တာတော၌ ဟင်္သာငှက်မင်းမှာ အလွန်လှပ၍ လိမ္မာရေးခြားရှိသော သမီးတော် ဟင်္သာမလေးရှိ၏။အရွယ်ရောက်သောအခါ ဟင်္သာမင်းက သမီးတော်အတွက် ကြင်ဖေါ်ဖက်ကို သမီးတော်၏ ဆန္ဒအလိုကျအတိုင်း ရွေးချယ်စေ၏။ဟိမဝန္တာတောအတွင်းရှိ ငှက်မျိုးစုံတို့ကိုလည်းခေါ်၍ သမီးတော်၏ ကြင်ယာအဖြစ် အရွေးခံစေ၏။ဟင်္သာမလေးက ငှက်အပေါင်းအနက်မှ ပတ္တမြားရောင် အဆင်းနှင့် လှပသော အကွက်ဆန်းများရှိသည့် ဒေါင်းငှက်ကို နှစ်သက်မိလေသည်။ထို့ကြောင့် ဟင်္သာမင်းက သမီးတော်ကို ထိုဒေါင်းငှက်နှင့် လက်ဆက်ပေးမည်ဖြစ်ကြောင်း ကြေငြာသည်။အခြားငှက်အပေါင်းက ဒေါင်းကို ကံကောင်းသူအဖြစ် ချီးကျူးပြောဆိုကြ၏။ထိုအခါ ဒေါင်းက သူ၏အလှအပကို ခံစားမိသော ငှက်များအနေနှင့် သူ့ကိုပို၍ အထင်ကြီးလေးစားလာအောင် သူ၏လှပသောအတောင်ကိုဖြန့်၍ လှည့်ပတ်ကပြနေသည်။ရှေ့ကကြည့်လျှင် လှပသည်မှန်သော်လည်း ကိုယ်ကိုလှည့်လိုက်သောအခါ အမြီးများက အပေါ်သို့ ထောင်နေသဖြင့် နောက်ပိုင်းဟောင်းလောင်းကိုသာ ရှက်စရာမြင်ရလေသည်။ရှေ့ကကြည့်တော့ အရောင်အသွေးစုံနှင့် လှတပတ ကပြနေသော်လည်း နောက်ကကြည့်တော့ ဖင်ဟောင်းလောင်းနှင့် ဒေါင်း။သည်တော့မှ ဘုရားလောင်း ဟင်္သာမင်းက သမီးတော်ကို ဆင်ခြင်မှုနည်း၍ အရှက်မရှိသော ဒေါင်းနှင့် မပေးစားတော့ဘဲ ဟင်္သာငှက်ချင်း ပေးစားလိုက်လေသည်။

လူတွင်လည်း အတတ်ပညာတွေ၊ ရာထူးတွေ၊ ဂုဏ်ဓနတွေ ရှိသော်လည်း ကိုယ်ကျင့်တရား ချို့ယွင်းနေသူကို အကြောင်းသိများက မည်သို့မျှ အထင်ကြီးနိုင်မှာ မဟုတ်ပါ။ဒါက ပတ်ဝန်းကျင်အမြင်အရ အထင်သေးခံရရုံသာ ရှိပါသေးသည်။ရှေ့ဆက်၍ ကြုံတွေ့ရမည့် ရလဒ်များကလည်း ဆိုးကျိုးများသာဖြစ်ဖို့ များပါသည်။ကိုယ်လုပ်သည့်အကြောင်း မကောင်းတော့ ကိုယ်ရမည့်အကျိုးကလည်း ဘယ်လိုမှမကောင်းနိုင်တာ သဘာဝကျပါသည်။တစ်နေ့နေ့ ထိုပုဂ္ဂိုလ်ကြီးမျိုး၏ ဖေါက်ပြန်မှုက ဘွားခနဲပေါ်လာခဲ့လျှင် ဘယ်လိုဖြစ်လာမလဲ။ကိုယ့်လက်အောက်ခံ ဖြစ်သော်လည်း အမှန်အတိုင်းရပ်တည်နေသော ကိုယ့်မိသားစုနှင့် ကိုယ့်ဝန်ထမ်းများကို အမှားလုပ်ထားမိသော ကိုယ်က ဘယ်လိုသတ္တိမျိုးနှင့် ရင်ဆိုင်ပါမည်နည်း။

အလျဉ်းသင့်၍ ဆရာသော်တာဆွေ ၏ ‘မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း’ ဆောင်းပါးလေးကို တင်ပြချင်ပါသည်။ဆရာက ဆောင်းပါးတွင် “သတ္တိနှင့်သစ္စာ၊ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း” တို့သည် ဒွန်တွဲနေ၏။သစ္စာမဲ့သူသည် သတ္တိမဲ့သူဖြစ်၏။သစ္စာရှိသူသည် သတ္တိရှိသူဖြစ်၏။သစ္စာကို သတ္တိနှင့်စောင့်ထိန်းရ၏။သတ္တိဆိုရာ၌ မှန်ကန်သောကိစ္စကို ရဲဝံ့စွာပြုလုပ်ခြင်းသာ မဟုတ်သေး၊ မကောင်းမှုကို စောင့်ထိန်းနိုင်ခြင်း၊ မှားယွင်းသော ဆန္ဒလောဘကို ချုပ်တည်းနိုင်ခြင်း၊ အောင့်အည်းသည်းခံနိုင်ခြင်းတို့သည်လည်း သတ္တိမည်၏ဟူ၍ အစချီရှင်းပြထားပြီးမှ ဇာတ်လမ်းတစ်ခုအနေနှင့် သာဓကပြထားပါသည်။

ဆရာ့အသက် ၈ နှစ်၊ ၉ နှစ်ခန့်က ဖြစ်သည်။ဆရာတို့ ရွာသူကြီး၊ ဦးအောင်ဒွန်း သည် အလွန်ရဲရင့်သူဖြစ်သည်။ရွာဆယ်ရွာကို အုပ်ချုပ်ရသော ဆယ်ခိုင်သူကြီး ဖြစ်သည်။ဥပဓိရုပ်ကောင်းသည်။ခန္ဓာကိုယ် ဖွံ့ထွားသန်မာ၍ ယောင်္ကျားပီသသည်။အားခွန်ဗလကောင်း၍ နွားထီးတစ်ကောင်၏ လက်ပြင်ရိုးကို လက်သီးနှင့်ထိုး၍ လှဲနိုင်သည်။ခြေဖျားမှ ငယ်ထိပ်အထိ မှင်နီ၊ မှင်နက်ဖြင့် ထိုးထားသည့် နဂါးရုပ်၊ ဂဠုန်ရုပ် စသော ထိုးကွင်းမင်ကြောင်များ ပြည့်လျက်ရှိ၏။နှစ်လုံးပြူးသေနတ် ကိုင်ဆောင်ခွင့်ရသည်။မင်္ဂလာဆောင်၊ ရှင်ပြုပဉ္ဇင်းခံတို့၌လည်း သြဘာစာများကို ကိုယ်တိုင်ရေး၍ အောင်မြင်သောအသံနှင့် ကောင်းစွာဟောပြောနိုင်၏။နံနက်အရုဏ်တက်၍ ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်ချိန်တွင် အိပ်ရာထ၍ ဘုရားရှိခိုး၊ ပရိတ်များ ရွတ်ပါသည်။ဇနီး၊ သမီး၊ သမက်တို့နှင့်အတူ နှစ်ဆောင်ပြိုင်အိမ်ကြီးတွင် တင့်တင့်တယ်တယ် သိက္ခာရှိရှိနေထိုင်၍ လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံပြီး ရွာဆယ်ရွာအပေါ် သြဇာညောင်းစွာ အုပ်ချုပ်နိုင်သော သူကြီး ဦးအောင်ဒွန်း ကို ဆရာသော်တာဆွေ က အမျိုးမတော်စပ်သော်လည်း ‘ဘိုး’ ဟု ခေါ်၍ ကြည်ညိုလေးစားနေခဲ့ပါသည်။

တစ်နေ့တွင် ထိုပုဂ္ဂိုလ်ကြီးသည် တတိယအရွယ်၏ ဒုတိယဝေဒနာ ရလာခဲ့သည်။ဝေဒနာပေးသူ မေတ္တာရှင်မလေးက မချောဖြူ။အမည်နှင့်လိုက်အောင် အသားဖြူချောမောသူ။သို့သော် အကျင့်ကတော့မကောင်း။ဘိန်းစားဖိုးဆိုင် က ဘယ်နှစ်ယောက်မြောက်မှန်းမ သိသော သူမ၏ ကာမပိုင်ယောင်္ကျား။ဘိန်းစားသည်မှလွဲ၍ မခိုးတတ်၊ မဝှက်တတ်ဘဲ ထန်းတက်ခြင်း၊ မြံှုးထောင်၍ ငါးရှာခြင်းတို့ဖြင့် ရိုးသားစွာလုပ်ကိုင်စားသူ ဖြစ်သည်။မချောဖြူ တို့ လင်မယားသည် မချောဖြူ၏ မိခင်အိုကြီးနှင့်အတူ နေထိုင်သည်။မချောဖြူ ဈေးတောင်းခေါင်းရွက်၍ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆား လှည့်လည်ရောင်းသည်။မိုးရာသီ၌ မုန့်ဟင်းခါး လှည့်လည်ရောင်းသည်။သူကြီး ဦးအောင်ဒွန်း တစ်ယောက် အိမ်တိုင်ရာရောက် ရောင်းချသော မချောဖြူ ထံမှ ဈေးခေါ်ဝယ်ရင်း အချစ်ဇာတ်လမ်း စတော့သည်။လေး၊ ငါးလအကြာတွင် မချောဖြူ၏ ယောင်္ကျား ဖိုးဆိုင် တစ်ယောက် အိတ်ထဲတွင် ဘိန်းငါးကျပ်သားခန့်မိ၍ အဖမ်းခံရပြီး ထောင်ကျသွားသည်။သူကြီး ဦးအောင်ဒွန်း ၏ မတရားသက်သေများနှင့် တမင်အမှုဆင်မှန်း တစ်ရွာလုံးက သိကြသည်။ထို့ကြောင့်လည်း သူ့ဇနီးသည် ဘယ်လိုမှ သတိပေး မေတ္တာရပ်ခံ၍ မရသည့်အဆုံး သမီးနှင့် သမက်ကိုခေါ်ကာ ဇာတိရွာသို့ ပြန်သွားသည်။ဦးအောင်ဒွန်း က မချောဖြူ ကို အိမ်ပေါ်ခေါ်တင်လိုက်လေတော့သည်။ထိုနေ့ကစ၍ မနက်တိုင်း မနက်တိုင်း မချောဖြူ၏ မိခင် အဘွားအိုက ဓါးတစ်လက်ကိုင်၍ ဦးအောင်ဒွန်း အိမ်သို့ ရောက်လာကာ အော်ဟစ်ဆဲဆိုသည်။ပါးစပ်က စိန်ခေါ်လိုက်၊ ဓါးနှင့်ပစ်လိုက်လုပ်သည်။ဦးအောင်ဒွန်း ကမူ အိမ်တံခါးကို အားလုံးပိတ်ပြီး တုတ်တုတ်မျှမလှုပ်ပေ။တစ်ရွာလုံးကလည်း ဘာမှဝင်မပြောကြ။ငါးရက်မြောက်နေ့ မနက်စောစောတွင် ဦးအောင်ဒွန်း မခံနိုင်တော့ဘဲ မချောဖြူ ကို ခေါ်၍ လှည်းတစ်စီးနှင့် ထွက်ပြေးလေတော့သည်။ရွာတွင် သူကြီးအသစ် တင်မြှောက်လိုက်ပြီး ဦးအောင်ဒွန်း မှာလည်း ထိုစိတ်နှင့်ပင် မကြာမီသေဆုံးသွားသည်ဟု ကြားကြရသည်။

ကလေးအရွယ် ဆရာသော်တာဆွေ က သူလေးစားရသော သူ့သူရဲကောင်း ဦးအောင်ဒွန်း သည် အဘွားအိုက ဆဲလိုက်ဆိုလိုက်၊ ဓါးနှင့်ပေါက်လိုက် လုပ်နေသည်ကို မကျေမနပ်နှင့် အံ့သြနေသည်။ပြန်လည်မတုံ့ပြန်သောကြောင့် အားမလိုအားမရဖြစ်ကာ ဖခင်ကို ဖွင့်ဟပြောပြတော့ ဖခင်က အဘက်ဘက်မှ အရည်အချင်းရှိသော်လည်း အမှားတစ်ခု လုပ်မိသောကြောင့် မှန်သူကို ရင်မဆိုင်ဝံ့တော့ကြောင်းနှင့် သားဖြစ်သူ (ဆရာသော်တာဆွေ) လူကြီးဖြစ်လာလျှင် သဘောပေါက်မည်ဖြစ်ကြောင်း ရှင်းပြခဲ့ရသည်။

ဆရာပေးထားသော ကိုယ်တွေ့ဇာတ်လမ်းလေးသည် ဆရာပြောချင်သော ရည်ရွယ်ချက်ကို တကယ်ထိရောက်ပါသည်။လူဆိုတာ ပိုက်ဆံရှိခြင်း မရှိခြင်း၊ ခွန်အားကြီးခြင်း မကြီးခြင်း၊ အာဏာရှိခြင်း မရှိခြင်းထက် အကျင့်စာရိတ္တကောင်းဖို့ သူတစ်ပါး ဒုက္ခမရောက်စေဖို့ အမှားမလုပ်မိဖို့ အရေးကြီးကြောင်း ပြောပြထားပါသည်။ကိုယ်မှန်နေလျှင် ရဲရင့်တတ်ကြသော်လည်း အမှားလုပ်မိလျှင် ရဲရင့်မှုမရှိတော့ကြောင်း ထင်ရှားစေခဲ့ပါသည်။

ပိုက်ဆံမရှိတာ အာဏာမရှိတာ ဂုဏ်သိက္ခာကို မထိခိုက်ပါ။မကျန်းမာတာ အင်အားမရှိတာ ဂုဏ်သိက္ခာကို မထိခိုက်ပါ။“သစ္စာမရှိတာ အကျင့်စာရိတ္တမကောင်းတာ” ကတော့ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပါသည်။

ဆန္ဒအိပ်မက်၊ လောဘအိမ်မက်၊ သမုဒယအိပ်မက်မှာ နစ်မျောနေသူများအနေနှင့် ဆုံးရှုံးသွားသော ကိုယ်ကျင့်တရားကို နှမြောသင့်ပါသည်။ထိုရမ္မက်ဇောနှင့် လွင့်မြောနေသည့် အိပ်မက်များမှ နိုးထသင့်ပါသည်။

ထိုလွင့်မြောနေသော အိပ်မက်သူများ (floating dreamers) ကို မှတ်သားဖူးသည့် အင်္ဂလိပ်အဆိုအမိန့်လေး တစ်ခုနှင့် လှုပ်နှိုးပါရစေ။

When wealth is lost, nothing is lost.
When health is lost, something is lost.
When character is lost, everything is lost.

(စည်းစိမ်ချမ်းသာ ဆုံးရှုံးတဲ့အခါ ဘာမှမဆုံးရှုံးသေးပါ။ကျန်းမာခြင်း ဆုံးရှုံးတဲ့အခါ တစ်ခုခု ဆုံးရှုံးလိုက်ပါပြီ။အကျင့်စာရိတ္တဆုံးရှုံးတဲ့ အခါမှာတော့ အရာအားလုံး ဆုံးရှုံးသွားတော့တာပါပဲ။

ရိုက်မောင်း
မတ် - ၇

( Zawgyi )

“ရွင့္ကို Pajero ကားေပၚက လွမ္းၾကည့္သြားတာ၊ ရွင္တို႔ကုမၸဏီကလား”

“ဟုတ္တယ္”

“ကားကို အရွိန္ေလွ်ာ့ၿပီးေမာင္းလာတာ အသိသာႀကီး။မင္းကို ကားႀကဳံေခၚသြားမလို႔ ထင္တယ္”

“ဘယ္သိမလဲ။သူေခၚေတာ့ေရာ က်ဳပ္က လိုက္ရမွာလား”

“ဒါဆို ရွင္က မလိုက္ခ်င္လို႔ တမင္ မသိခ်င္ေယာင္ေဆာင္ေနလိုက္တယ္ ဆိုပါေတာ့”

“ဒါေပါ့”

“ဒါျဖင့္ရင္ေတာ့ ရွင္မွားသြားၿပီ”

“ဘာလို႔မွားရမွာလဲ။ဝန္ထမ္းစည္းကမ္းထဲမွာ ကုမၸဏီလူႀကီးကို အျပင္မွာေတြ႕ရင္ ၾကည့္ကိုၾကည့္ရမယ္၊ သူေခၚရင္ သူ႔ကားနဲ႔ လိုက္ရမယ္လို႔မွ မပါတာ”

“ဟာ - ဒါေတာ့ ရွင္က စကားကို ကပ္သပ္ေျပာေနတာပဲ”

“က်ဳပ္က ကပ္သပ္မေျပာဘူး။ဘုမသိ ဘမသိနဲ႔ စြပ္ေျပာေနတဲ့ ရွင္ကသာ မဆီမဆိုင္ က်ဳပ္ကို လာရစ္ေနတာ”

“က်ဳပ္က ဘာသိစရာလိုလို႔လဲ”

“လိုတာေပါ့။သူက က်ဳပ္တို႔ကုမၸဏီက ဒါ႐ိုက္တာ”

“ဒါဆို”

“ေနဦး - က်ဳပ္ဆက္ေျပာမယ္။ရာထူးႀကီးၿပီး အသက္ႀကီးတာပဲရွိတာ။အက်င့္က ေကာင္းတာမဟုတ္ဘူး”

“ဘာက မေကာင္းတာလဲ”

“ဖြန္ေၾကာင္လို႔”

“တကယ္”

“တကယ္ေပါ့။ကုမၸဏီမွာ သူခန႔္ထားတဲ့ အုပ္ခ်ဳပ္ေရးမႉးမေလးရွိတယ္။ငယ္ငယ္ေခ်ာေခ်ာေလး။က်ဳပ္တို႔ထက္ အသက္နည္းနည္းပဲႀကီးမယ္။ဘာတာဝန္မွလည္း မယ္မယ္ရရမရွိဘူး။ဒါ႐ိုက္တာႀကီးက သူ႔အခန္းထဲ ခဏခဏေခၚတယ္။ေကာင္မေလး ဝင္သြားၿပီးရင္ ေတာ္ေတာ္နဲ႔ထြက္မလာဘူး။အျပင္ထြက္ရင္လဲ မၾကာခဏေခၚေခၚသြားတယ္။တစ္ခါတစ္ခါ သူအျပင္ေရာက္မွ ဖုန္းဆက္ၿပီး ဘယ္ကေနလွမ္းေခၚလဲမသိဘူး။ေကာင္မေလး လိုက္လိုက္သြားတယ္။အျပင္မွာ သူတို႔ႏွစ္ေယာက္ အီစီကလီလုပ္ေနၾကတာ မျမင္ခ်င္မွအဆုံး။သူ႔မွာလည္း သားႀကီး မယားႀကီးနဲ႔၊ သူ႔သမီးအ႐ြယ္ေလာက္ေလးကို သူမို႔မရွက္တယ္။ဒါေပါ့ ယိုသူမရွက္၊ ျမင္သူရွက္ဆိုတာ။ဒီလို ဣေျႏၵမရွိ၊ သိကၡာမရွိတဲ့သူကို ဘယ္သူကေလးစားမွာလဲ”

ဘတ္စ္ကားမွတ္တိုင္မွာ ကေလးမေလးႏွစ္ေယာက္ ဘတ္စ္ကားေစာင့္ရင္း စကားေျပာေနၾကျခင္း ျဖစ္သည္။သူတို႔ စကားမဆုံးခင္ မွတ္တိုင္မွာရပ္လာေသာ ဘတ္စ္ကားေပၚသို႔ အသီးသီးတက္သြားၾကသည္။ထိုေန႔က ေကာင္မေလးႏွစ္ေယာက္ ေျပာစကားမ်ားကို စပ္စပ္စုစု ခိုး၍နားေထာင္ေနမိေသာ ကြၽန္ေတာ္သာ ဘတ္စ္ကားမွတ္တိုင္မွာ ဆက္၍က်န္ရစ္ခဲ့ပါသည္။

ကုမၸဏီဝန္ထမ္း ေကာင္မေလး၏ ရဲရင့္ေသာ အမူအရာ၊ အေျပာအဆိုတို႔ကို ခ်ီးက်ဴးမိသည္။ကုမၸဏီဒါ႐ိုက္တာဆိုေသာ ပုဂၢိဳလ္အေပၚေတာ့ က႐ုဏာသက္မိရပါသည္။သူ႔ေနရာကို ဝင္ခံစားမိေတာ့ ရွက္သလို၊ အားငယ္သလို ျဖစ္မိသည္။သူ႔အုပ္ခ်ဳပ္ခံ လက္ေအာက္ငယ္သားမ်ားက သူ႔အမွားတစ္ခုေၾကာင့္ အထင္ေသး၊ အျမင္ေသးျဖစ္ေနတာ သူသိသြားလွ်င္ ဘယ္လိုေနမလဲ။
ရွက္ေနမွာလား။သိမ္ငယ္ေနမွာလား။ဝမ္းနည္းေနမွာလား။ ဒါမွမဟုတ္ စိတ္တိုသြားမည္လား။တစ္ခုခုေတာ့ ခံစားရမွာပါ။ အမွားလုပ္မိသူ တစ္ေယာက္အေနႏွင့္ သူ႔အမွားသူျမင္လွ်င္ ေသာကျဖစ္မည္။သူ႔အမွားသူ မျမင္လွ်င္ေတာ့ ေဒါသျဖစ္မွာ ေသခ်ာသည္။စာေရးသူတို႔၏ ဉာဥ္အတိုင္း သူ႔ဇာတ္လမ္းေလးကို ေျပာင္းျပန္လွန္ ေတြးၾကည့္မိသည္။

အကယ္၍မ်ား အုပ္ခ်ဳပ္ေရးမႉးမေလးအေပၚ အီစီကလီစိတ္၊ ဘာညာဘာညာစိတ္ေတြ ဖယ္ရွားၿပီး သမီးေလးလို တပည့္မေလးလို ေစတနာစိတ္၊ စာနာစိတ္သာ ထားခဲ့မည္ဆိုလွ်င္ ဘယ္ေလာက္ေကာင္းလိုက္မလဲ။သူ႔သိကၡာလည္းမက်၊ ေကာင္မေလးဘဝလည္း မနစ္နာ၊ ဝန္ထမ္းအားလုံး၏ ရင္ထဲက အထင္ႀကီးေလးစားစိတ္ေတြကိုလည္း ပိုင္ဆိုင္ခြင့္ရရွိေပမည္။
သူ႔အသက္အ႐ြယ္၊ သူ႔အတတ္ပညာ၊ သူ႔ရာထူး၊ သူ႔ဂုဏ္သိကၡာ၊ သူ႔မိသားစု၊ သူ႔ေဆြမ်ိဳး၊ သူ႔အေပါင္းအသင္း၊ သူ႔ကုမၸဏီအဖြဲ႕အစည္း အို - ေတြးစရာ၊ ေထာက္စရာ၊ ငဲ့စရာေတြ အမ်ားႀကီးပါ။ဒီေလာက္ငဲ့စရာေတြ အမ်ားႀကီးကို လ်စ္လ်ဴရႈ၍ ‘ဆႏၵရမၼက္’ ကို အေလးေပးခဲ့ျခင္းေၾကာင့္ အမ်ားအျမင္မွာ မဖြယ္မရာျဖစ္ေနရပါၿပီ။

ဘုရားရွင္ ေဟာၾကားခဲ့ေသာ ၅၅၀ ဇာတ္၊ ဧကကနိပါတ္၊ ကုလာဝက၀ဂ္၊ နစၥဇာတ္မွ ေဒါင္းငွက္လို ျဖစ္ေနေပၿပီ။

တစ္ခ်ိန္က ဟိမဝႏၲာေတာ၌ ဟသၤာငွက္မင္းမွာ အလြန္လွပ၍ လိမၼာေရးျခားရွိေသာ သမီးေတာ္ ဟသၤာမေလးရွိ၏။အ႐ြယ္ေရာက္ေသာအခါ ဟသၤာမင္းက သမီးေတာ္အတြက္ ၾကင္ေဖၚဖက္ကို သမီးေတာ္၏ ဆႏၵအလိုက်အတိုင္း ေ႐ြးခ်ယ္ေစ၏။ဟိမဝႏၲာေတာအတြင္းရွိ ငွက္မ်ိဳးစုံတို႔ကိုလည္းေခၚ၍ သမီးေတာ္၏ ၾကင္ယာအျဖစ္ အေ႐ြးခံေစ၏။ဟသၤာမေလးက ငွက္အေပါင္းအနက္မွ ပတၱျမားေရာင္ အဆင္းႏွင့္ လွပေသာ အကြက္ဆန္းမ်ားရွိသည့္ ေဒါင္းငွက္ကို ႏွစ္သက္မိေလသည္။ထို႔ေၾကာင့္ ဟသၤာမင္းက သမီးေတာ္ကို ထိုေဒါင္းငွက္ႏွင့္ လက္ဆက္ေပးမည္ျဖစ္ေၾကာင္း ေၾကျငာသည္။အျခားငွက္အေပါင္းက ေဒါင္းကို ကံေကာင္းသူအျဖစ္ ခ်ီးက်ဴးေျပာဆိုၾက၏။ထိုအခါ ေဒါင္းက သူ၏အလွအပကို ခံစားမိေသာ ငွက္မ်ားအေနႏွင့္ သူ႔ကိုပို၍ အထင္ႀကီးေလးစားလာေအာင္ သူ၏လွပေသာအေတာင္ကိုျဖန႔္၍ လွည့္ပတ္ကျပေနသည္။ေရွ႕ကၾကည့္လွ်င္ လွပသည္မွန္ေသာ္လည္း ကိုယ္ကိုလွည့္လိုက္ေသာအခါ အၿမီးမ်ားက အေပၚသို႔ ေထာင္ေနသျဖင့္ ေနာက္ပိုင္းေဟာင္းေလာင္းကိုသာ ရွက္စရာျမင္ရေလသည္။ေရွ႕ကၾကည့္ေတာ့ အေရာင္အေသြးစုံႏွင့္ လွတပတ ကျပေနေသာ္လည္း ေနာက္ကၾကည့္ေတာ့ ဖင္ေဟာင္းေလာင္းႏွင့္ ေဒါင္း။သည္ေတာ့မွ ဘုရားေလာင္း ဟသၤာမင္းက သမီးေတာ္ကို ဆင္ျခင္မႈနည္း၍ အရွက္မရွိေသာ ေဒါင္းႏွင့္ မေပးစားေတာ့ဘဲ ဟသၤာငွက္ခ်င္း ေပးစားလိုက္ေလသည္။

လူတြင္လည္း အတတ္ပညာေတြ၊ ရာထူးေတြ၊ ဂုဏ္ဓနေတြ ရွိေသာ္လည္း ကိုယ္က်င့္တရား ခ်ိဳ႕ယြင္းေနသူကို အေၾကာင္းသိမ်ားက မည္သို႔မွ် အထင္ႀကီးႏိုင္မွာ မဟုတ္ပါ။ဒါက ပတ္ဝန္းက်င္အျမင္အရ အထင္ေသးခံရ႐ုံသာ ရွိပါေသးသည္။ေရွ႕ဆက္၍ ႀကဳံေတြ႕ရမည့္ ရလဒ္မ်ားကလည္း ဆိုးက်ိဳးမ်ားသာျဖစ္ဖို႔ မ်ားပါသည္။ကိုယ္လုပ္သည့္အေၾကာင္း မေကာင္းေတာ့ ကိုယ္ရမည့္အက်ိဳးကလည္း ဘယ္လိုမွမေကာင္းႏိုင္တာ သဘာဝက်ပါသည္။တစ္ေန႔ေန႔ ထိုပုဂၢိဳလ္ႀကီးမ်ိဳး၏ ေဖါက္ျပန္မႈက ဘြားခနဲေပၚလာခဲ့လွ်င္ ဘယ္လိုျဖစ္လာမလဲ။ကိုယ့္လက္ေအာက္ခံ ျဖစ္ေသာ္လည္း အမွန္အတိုင္းရပ္တည္ေနေသာ ကိုယ့္မိသားစုႏွင့္ ကိုယ့္ဝန္ထမ္းမ်ားကို အမွားလုပ္ထားမိေသာ ကိုယ္က ဘယ္လိုသတၱိမ်ိဳးႏွင့္ ရင္ဆိုင္ပါမည္နည္း။

အလ်ဥ္းသင့္၍ ဆရာေသာ္တာေဆြ ၏ ‘မွန္ကန္ျခင္းႏွင့္ ရဲရင့္ျခင္း’ ေဆာင္းပါးေလးကို တင္ျပခ်င္ပါသည္။ဆရာက ေဆာင္းပါးတြင္ “သတၱိႏွင့္သစၥာ၊ မွန္ကန္ျခင္းႏွင့္ ရဲရင့္ျခင္း” တို႔သည္ ဒြန္တြဲေန၏။သစၥာမဲ့သူသည္ သတၱိမဲ့သူျဖစ္၏။သစၥာရွိသူသည္ သတၱိရွိသူျဖစ္၏။သစၥာကို သတၱိႏွင့္ေစာင့္ထိန္းရ၏။သတၱိဆိုရာ၌ မွန္ကန္ေသာကိစၥကို ရဲဝံ့စြာျပဳလုပ္ျခင္းသာ မဟုတ္ေသး၊ မေကာင္းမႈကို ေစာင့္ထိန္းႏိုင္ျခင္း၊ မွားယြင္းေသာ ဆႏၵေလာဘကို ခ်ဳပ္တည္းႏိုင္ျခင္း၊ ေအာင့္အည္းသည္းခံႏိုင္ျခင္းတို႔သည္လည္း သတၱိမည္၏ဟူ၍ အစခ်ီရွင္းျပထားၿပီးမွ ဇာတ္လမ္းတစ္ခုအေနႏွင့္ သာဓကျပထားပါသည္။

ဆရာ့အသက္ ၈ ႏွစ္၊ ၉ ႏွစ္ခန႔္က ျဖစ္သည္။ဆရာတို႔ ႐ြာသူႀကီး၊ ဦးေအာင္ဒြန္း သည္ အလြန္ရဲရင့္သူျဖစ္သည္။႐ြာဆယ္႐ြာကို အုပ္ခ်ဳပ္ရေသာ ဆယ္ခိုင္သူႀကီး ျဖစ္သည္။ဥပဓိ႐ုပ္ေကာင္းသည္။ခႏၶာကိုယ္ ဖြံ႕ထြားသန္မာ၍ ေယာက်ၤားပီသသည္။အားခြန္ဗလေကာင္း၍ ႏြားထီးတစ္ေကာင္၏ လက္ျပင္႐ိုးကို လက္သီးႏွင့္ထိုး၍ လွဲႏိုင္သည္။ေျခဖ်ားမွ ငယ္ထိပ္အထိ မွင္နီ၊ မွင္နက္ျဖင့္ ထိုးထားသည့္ နဂါး႐ုပ္၊ ဂဠဳန္႐ုပ္ စေသာ ထိုးကြင္းမင္ေၾကာင္မ်ား ျပည့္လ်က္ရွိ၏။ႏွစ္လုံးျပဴးေသနတ္ ကိုင္ေဆာင္ခြင့္ရသည္။မဂၤလာေဆာင္၊ ရွင္ျပဳပၪၨင္းခံတို႔၌လည္း ၾသဘာစာမ်ားကို ကိုယ္တိုင္ေရး၍ ေအာင္ျမင္ေသာအသံႏွင့္ ေကာင္းစြာေဟာေျပာႏိုင္၏။နံနက္အ႐ုဏ္တက္၍ ဘုန္းႀကီးေက်ာင္းမွ အုန္းေမာင္းေခါက္ခ်ိန္တြင္ အိပ္ရာထ၍ ဘုရားရွိခိုး၊ ပရိတ္မ်ား ႐ြတ္ပါသည္။ဇနီး၊ သမီး၊ သမက္တို႔ႏွင့္အတူ ႏွစ္ေဆာင္ၿပိဳင္အိမ္ႀကီးတြင္ တင့္တင့္တယ္တယ္ သိကၡာရွိရွိေနထိုင္၍ လက္႐ုံးရည္ ႏွလုံးရည္ႏွင့္ ျပည့္စုံၿပီး ႐ြာဆယ္႐ြာအေပၚ ၾသဇာေညာင္းစြာ အုပ္ခ်ဳပ္ႏိုင္ေသာ သူႀကီး ဦးေအာင္ဒြန္း ကို ဆရာေသာ္တာေဆြ က အမ်ိဳးမေတာ္စပ္ေသာ္လည္း ‘ဘိုး’ ဟု ေခၚ၍ ၾကည္ညိဳေလးစားေနခဲ့ပါသည္။

တစ္ေန႔တြင္ ထိုပုဂၢိဳလ္ႀကီးသည္ တတိယအ႐ြယ္၏ ဒုတိယေဝဒနာ ရလာခဲ့သည္။ေဝဒနာေပးသူ ေမတၱာရွင္မေလးက မေခ်ာျဖဴ။အမည္ႏွင့္လိုက္ေအာင္ အသားျဖဴေခ်ာေမာသူ။သို႔ေသာ္ အက်င့္ကေတာ့မေကာင္း။ဘိန္းစားဖိုးဆိုင္ က ဘယ္ႏွစ္ေယာက္ေျမာက္မွန္းမ သိေသာ သူမ၏ ကာမပိုင္ေယာက်ၤား။ဘိန္းစားသည္မွလြဲ၍ မခိုးတတ္၊ မဝွက္တတ္ဘဲ ထန္းတက္ျခင္း၊ ၿမံႈးေထာင္၍ ငါးရွာျခင္းတို႔ျဖင့္ ႐ိုးသားစြာလုပ္ကိုင္စားသူ ျဖစ္သည္။မေခ်ာျဖဴ တို႔ လင္မယားသည္ မေခ်ာျဖဴ၏ မိခင္အိုႀကီးႏွင့္အတူ ေနထိုင္သည္။မေခ်ာျဖဴ ေဈးေတာင္းေခါင္း႐ြက္၍ င႐ုတ္၊ ၾကက္သြန္၊ ဆီ၊ ဆား လွည့္လည္ေရာင္းသည္။မိုးရာသီ၌ မုန႔္ဟင္းခါး လွည့္လည္ေရာင္းသည္။သူႀကီး ဦးေအာင္ဒြန္း တစ္ေယာက္ အိမ္တိုင္ရာေရာက္ ေရာင္းခ်ေသာ မေခ်ာျဖဴ ထံမွ ေဈးေခၚဝယ္ရင္း အခ်စ္ဇာတ္လမ္း စေတာ့သည္။ေလး၊ ငါးလအၾကာတြင္ မေခ်ာျဖဴ၏ ေယာက်ၤား ဖိုးဆိုင္ တစ္ေယာက္ အိတ္ထဲတြင္ ဘိန္းငါးက်ပ္သားခန႔္မိ၍ အဖမ္းခံရၿပီး ေထာင္က်သြားသည္။သူႀကီး ဦးေအာင္ဒြန္း ၏ မတရားသက္ေသမ်ားႏွင့္ တမင္အမႈဆင္မွန္း တစ္႐ြာလုံးက သိၾကသည္။ထို႔ေၾကာင့္လည္း သူ႔ဇနီးသည္ ဘယ္လိုမွ သတိေပး ေမတၱာရပ္ခံ၍ မရသည့္အဆုံး သမီးႏွင့္ သမက္ကိုေခၚကာ ဇာတိ႐ြာသို႔ ျပန္သြားသည္။ဦးေအာင္ဒြန္း က မေခ်ာျဖဴ ကို အိမ္ေပၚေခၚတင္လိုက္ေလေတာ့သည္။ထိုေန႔ကစ၍ မနက္တိုင္း မနက္တိုင္း မေခ်ာျဖဴ၏ မိခင္ အဘြားအိုက ဓါးတစ္လက္ကိုင္၍ ဦးေအာင္ဒြန္း အိမ္သို႔ ေရာက္လာကာ ေအာ္ဟစ္ဆဲဆိုသည္။ပါးစပ္က စိန္ေခၚလိုက္၊ ဓါးႏွင့္ပစ္လိုက္လုပ္သည္။ဦးေအာင္ဒြန္း ကမူ အိမ္တံခါးကို အားလုံးပိတ္ၿပီး တုတ္တုတ္မွ်မလႈပ္ေပ။တစ္႐ြာလုံးကလည္း ဘာမွဝင္မေျပာၾက။ငါးရက္ေျမာက္ေန႔ မနက္ေစာေစာတြင္ ဦးေအာင္ဒြန္း မခံႏိုင္ေတာ့ဘဲ မေခ်ာျဖဴ ကို ေခၚ၍ လွည္းတစ္စီးႏွင့္ ထြက္ေျပးေလေတာ့သည္။႐ြာတြင္ သူႀကီးအသစ္ တင္ေျမႇာက္လိုက္ၿပီး ဦးေအာင္ဒြန္း မွာလည္း ထိုစိတ္ႏွင့္ပင္ မၾကာမီေသဆုံးသြားသည္ဟု ၾကားၾကရသည္။

ကေလးအ႐ြယ္ ဆရာေသာ္တာေဆြ က သူေလးစားရေသာ သူ႔သူရဲေကာင္း ဦးေအာင္ဒြန္း သည္ အဘြားအိုက ဆဲလိုက္ဆိုလိုက္၊ ဓါးႏွင့္ေပါက္လိုက္ လုပ္ေနသည္ကို မေက်မနပ္ႏွင့္ အံ့ၾသေနသည္။ျပန္လည္မတုံ႔ျပန္ေသာေၾကာင့္ အားမလိုအားမရျဖစ္ကာ ဖခင္ကို ဖြင့္ဟေျပာျပေတာ့ ဖခင္က အဘက္ဘက္မွ အရည္အခ်င္းရွိေသာ္လည္း အမွားတစ္ခု လုပ္မိေသာေၾကာင့္ မွန္သူကို ရင္မဆိုင္ဝံ့ေတာ့ေၾကာင္းႏွင့္ သားျဖစ္သူ (ဆရာေသာ္တာေဆြ) လူႀကီးျဖစ္လာလွ်င္ သေဘာေပါက္မည္ျဖစ္ေၾကာင္း ရွင္းျပခဲ့ရသည္။

ဆရာေပးထားေသာ ကိုယ္ေတြ႕ဇာတ္လမ္းေလးသည္ ဆရာေျပာခ်င္ေသာ ရည္႐ြယ္ခ်က္ကို တကယ္ထိေရာက္ပါသည္။လူဆိုတာ ပိုက္ဆံရွိျခင္း မရွိျခင္း၊ ခြန္အားႀကီးျခင္း မႀကီးျခင္း၊ အာဏာရွိျခင္း မရွိျခင္းထက္ အက်င့္စာရိတၱေကာင္းဖို႔ သူတစ္ပါး ဒုကၡမေရာက္ေစဖို႔ အမွားမလုပ္မိဖို႔ အေရးႀကီးေၾကာင္း ေျပာျပထားပါသည္။ကိုယ္မွန္ေနလွ်င္ ရဲရင့္တတ္ၾကေသာ္လည္း အမွားလုပ္မိလွ်င္ ရဲရင့္မႈမရွိေတာ့ေၾကာင္း ထင္ရွားေစခဲ့ပါသည္။

ပိုက္ဆံမရွိတာ အာဏာမရွိတာ ဂုဏ္သိကၡာကို မထိခိုက္ပါ။မက်န္းမာတာ အင္အားမရွိတာ ဂုဏ္သိကၡာကို မထိခိုက္ပါ။“သစၥာမရွိတာ အက်င့္စာရိတၱမေကာင္းတာ” ကေတာ့ ဂုဏ္သိကၡာကို မ်ားစြာထိခိုက္ေစပါသည္။

ဆႏၵအိပ္မက္၊ ေလာဘအိမ္မက္၊ သမုဒယအိပ္မက္မွာ နစ္ေမ်ာေနသူမ်ားအေနႏွင့္ ဆုံးရႈံးသြားေသာ ကိုယ္က်င့္တရားကို ႏွေျမာသင့္ပါသည္။ထိုရမၼက္ေဇာႏွင့္ လြင့္ေျမာေနသည့္ အိပ္မက္မ်ားမွ ႏိုးထသင့္ပါသည္။

ထိုလြင့္ေျမာေနေသာ အိပ္မက္သူမ်ား (floating dreamers) ကို မွတ္သားဖူးသည့္ အဂၤလိပ္အဆိုအမိန႔္ေလး တစ္ခုႏွင့္ လႈပ္ႏႈိးပါရေစ။

When wealth is lost, nothing is lost.
When health is lost, something is lost.
When character is lost, everything is lost.

(စည္းစိမ္ခ်မ္းသာ ဆုံးရႈံးတဲ့အခါ ဘာမွမဆုံးရႈံးေသးပါ။က်န္းမာျခင္း ဆုံးရႈံးတဲ့အခါ တစ္ခုခု ဆုံးရႈံးလိုက္ပါၿပီ။အက်င့္စာရိတၱဆုံးရႈံးတဲ့ အခါမွာေတာ့ အရာအားလုံး ဆုံးရႈံးသြားေတာ့တာပါပဲ။

႐ိုက္ေမာင္း
မတ္ - ၇