【 ဆောင်းပါး 】 ''နုနုငယ်ငယ် ခြယ်မယ့်အရောင်''

【 ဆောင်းပါး 】 ''နုနုငယ်ငယ် ခြယ်မယ့်အရောင်''

စိတ်ဒဏ်ရာဆိုတာ လူတိုင်းမှာ ရှိနိုင်ပါတယ်။စိတ်ဒဏ်ရာ လုံးဝမရှိတဲ့ လူဆိုတာ မရှိဘူးရယ်လို့လည်း မဆိုလိုပါဘူး။ရှိကောင်းရှိပါလိမ့်မယ်။

ပြောလိုတာက ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ကြုံကြိုက်ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေက ဖြတ်သန်းခဲ့သူရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဒဏ်ရာအတိမ်အနက်အပေါ် မူတည်ပြီး ဘဝရပ်တည်ချက်မှာ သက်ရောက်ထိရှမှူက တူနိုင်မှာမဟုတ်ပါဘူး။

တချို့က လောကဓံရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါလိမ့်မယ်။ဒါပေမယ့် အဲဒီအရာတွေကို ဝေဒနာလို့ သဘောမထားဘဲ စိတ်ခွန်အားအဖြစ် ပြောင်းလဲနိုင်သူတွေလည်း အများကြီးပါ။အဲဒီလို အခက်အခဲတွေကြားထဲ နေသားတကျ ဖြတ်လျှောက်နိုင်တဲ့သူတွေ အတွက်ကတော့ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းရဲ့ ခြေဖဝါးတိုင်းမှာ သွေးခြေဥနေမှာ မဟုတ်ပါဘူး။အသားမာတွေပဲ အထပ်ထပ်တက်နေမှာမို့ ဖိနပ်မပါလည်းပဲ အပြုံးမပျက် ခရီးဆက်နိုင်ကြမှာပါ။

အဲဒါဆိုရင် လူတစ်ယောက်ဟာ စိတ်ဒဏ်ရာ ရှိ၊ မရှိ ဆိုတာ သူ့ခြေဖဝါးတွေမှာ သွေးခြေဥနေလား အသားမာတက်နေလား ဆိုတဲ့အပေါ် မူတည်နေမှာ ဖြစ်ပါတယ်။ဒါက တင်စားပြောဆိုလိုတဲ့ သဘောဖြစ်ပါတယ်။ဆိုလိုတာက စိတ်ဒဏ်ရာ ရှိခဲ့ခြင်း မရှိခဲ့ခြင်းဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့လည်း ဆိုင်မယ်လို့ထင်ပါတယ်။
ဖတ်ဖူးမှတ်ဖူးသလောက်တော့ အရွယ်ရောက်သူတစ်ယောက် ရတဲ့ စိတ်ဒဏ်ရာနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တစ်ယောက် ရခဲ့တဲ့ စိတ်ဒဏ်ရာကတော့ မတူညီနိုင်ဘူးလို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

ပညာရှင်တွေကတော့ အဲဒီလိုမတူညီနိုင်တဲ့ အကြောင်းအချက်တွေကို ပညာရှင်ရှုထောင့်ကနေ ချက်ကျကျနဲ့ ပိုပြီးရှင်းပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ကိုယ့်လို သာမန်လူတွေအဖို့ အလွယ်မှတ်သားမိတာကတော့ ကလေးတွေ စိတ်ဒဏ်ရာရရင် လူကြီးတွေရတဲ့ စိတ်ဒဏ်ရာထက် ပိုဆိုးနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

စာရေးသူ ကလေးဘဝကဆိုရင် လူကြီးမိဘတွေအပေါ်မှာ မေးခွန်းတွေအများကြီး ထုတ်ချင်ခဲ့ပါတယ်။လူကြီးတွေကို ဝေဖန်ရတာ ကြိုက်ပါတယ်။ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ လူကြီးတွေက အများသားဆိုတော့ အဲဒီလိုလူကြီးအချို့နဲ့တွေ့ရင် ဦးဦးတို့ ဒေါ်ဒေါ်တို့ကတော့ အဲဒီလိုလုပ်တယ်။သားတို့ကိုကျ ဘာလို့မလုပ်နဲ့လို့ ပြောရတာလဲဆိုပြီး မေးခဲ့ဖူးပါတယ်။မေးတိုင်းလည်း အဖြေမရဘဲ အမြဲငေါက်ငမ်းခံရပါတယ်။

မိဘတွေကို ပြောချင်တိုင်း မေးချင်တိုင်း ပြောခွင့်မေးခွင့်က ငါးခါမှာ သုံးခါလောက်ပဲ အရေးတယူ အလုပ်ခံရပါတယ်။တစ်ခါတလေ ကိုယ့်အပြောတွေက မရိုင်းပြပေမယ့် လူကြီးတွေအတွက် အနာပေါ်တုတ်ကျသလိုများဖြစ်ရင် စိတ်အခန့်မသင့်တော့ အရိုက်ပါခံရတတ်ပါတယ်။မှန်တာပြောရင် ရွာပြင်အထုတ်ခံရမယ်ဆိုတဲ့ စကားလိုပေါ့။တစ်ခါတလေ အကြောင်းပြချက် မယ်မယ်ရရမရှိ အတင်းလိုက်နာ၊ အတင်းယုံကြည်ခိုင်းတာတွေအပေါ် မေးခွန်းတွေထုတ်မိလို့ ရွာပြင်အထုတ်မခံရပေမယ့် အိမ်အပြင်အထုတ်ခံရတဲ့ ကလေးဘဝနေ့ရက်တွေလည်း ဖြတ်သန်းခဲ့ဖူးပါတယ်။ကြာလာတော့ လူကြီးမိဘတွေအပေါ် သိပ်ပြီးပြောရဲဆိုရဲ မပွင့်လင်းရဲတော့ဘူးပေါ့။

အရွယ်ရောက်လာလို့ စာတွေသင် စာတွေဖတ်တာရယ်။စိတ်ပိုင်းဆိုင်ရာ နားလည်တဲ့ စာသင်ကျောင်းက ဆရာအချို့နဲ့ တွေ့တာတွေရယ်ကြောင့်သာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ၊ ပြောရဲဆိုရဲတာတွေ၊ အကြောင်းအရာတစ်ခုကို ခရေစေ့တွင်းကျ စူးစမ်းလေ့လာပြီးမှ ယုံကြည်လာတာတွေ၊ ကိုယ်မှန်နေရင် နောက်မဆုတ်ဘဲ ခံယူချက်ကို ယဉ်ယဉ်ကျေးကျေး ကျားကန်တုန့်ပြန်တတ်တာတွေ၊ အဲဒီလို ''တွေ'' ပေါင်းများစွာနဲ့ ဘဝကပြန်ပြီး ကျင့်သားရလာပါတယ်။

အခုတော့ ကိုယ်ကိုယ်တိုင်က ဖခင်တစ်ယောက်ဖြစ်နေပြီမို့ ပိုပြီးသတိထား ဆင်ခြင်ဖြစ်ပါတယ်။ကိုယ်ကလေးဘဝတုန်းက လူကြီးမိဘတွေ ကိုယ့်အပေါ် ဆက်ဆံသလို ကိုယ့်သားကို ကိုယ်ကမဆက်ဆံဖြစ်အောင် သတိထားဆင်ခြင်တဲ့ သဘောပါ။

ယဉ်ယဉ်ကျေးကျေးနဲ့ မေးရဲပြောရဲအောင် သားဖြစ်သူကို လေ့ကျင့်ပေးပါတယ်။မရိုင်းမပြ ချိုချိုသာသာနဲ့ မိဘကို ပြန်ပြောရဲအောင်လည်း သွန်သင်ဆုံးမဖြစ်ပါတယ်။အဓိက ကတော့ ကိုယ်ပြောတဲ့၊ ဆိုတဲ့၊ လုပ်ဆောင်တဲ့ ကိစ္စရပ်တိုင်းမှာ တာဝန်ယူမှု တာဝန်ခံမှု အလေ့အကျင့်လေးရှိအောင် သားဖြစ်သူကို ဆုံးမဖြစ်ပါတယ်။ကျွန်တော်တို့ မြန်မာတွေ ဆုံးမနေကျ ခေါက်ရိုးကျိုးနေတဲ့ ဆုံးမစကားတစ်ခု ရှိပါတယ်။လူကြီးမိဘတွေကို ဘယ်တော့မှ ပြန်မပြောနဲ့ဆိုတဲ့ စကားပါ။တကယ်တော့ လူကြီးမိဘတွေကို ပြန်မပြောနဲ့လို့ ရတိပြတ်ဆုံးမတာထက် ဘယ်လိုဘယ်ပုံ ယဉ်ယဉ်ကျေးကျေးနဲ့ လူကြီးတွေနားဝင်အောင် ရှင်းပြရမယ်ဆိုတာမျိုးနဲ့ လမ်းညွှန်ရမှာပါ။ပြန်ပြောတဲ့အခါ မှန်ကန်တဲ့အရာအပေါ်မှာသာ ချက်ကျလက်ကျ သဘာဝကျကျ ထောက်ပြသင့်တယ်ဆိုတာမျိုး ရှင်းပြပေးရမှာပါ။  

လူကြီးတွေ ဆိုတာကလည်း ပညာဘယ်လောက်တတ်တတ် ပုထုဇဉ်ပဲမို့ အမှားနဲ့မကင်းနိုင်ပါဘူး။အမြဲတမ်း မှန်မနေနိုင်တဲ့ လူကြီးတွေက တစ်ခါတစ်ရံ မှားနိုင်တာပါပဲ။မှားနေတာကို သိတဲ့ထောက်ပြရဲတဲ့ လူငယ်မျိုးဆက်သစ်တွေက တိုင်းပြည်မှာ အများကြီးလိုလာဦးမှာပါ။ဒါကြောင့်မို့ မတရားတာ၊ မဟုတ်တာ မလုပ်ဘဲ မှန်တာကို ရဲရဲဝံ့ဝံ့ပြောတတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ကလေးဘဝတည်းက ပျိုးထောင်ပေးထားဖို့ လိုပါတယ်။

ကလေးကဖြစ်ဖြစ်၊ လူငယ်ကဖြစ်ဖြစ် တစ်ယောက်ယောက်က လူကြီးတွေ မှားနေတာကို ထောက်ပြရင် လူကြီးတွေက မရှက်မကြောက် ရဲရဲဝံ့ဝံ့ ဝန်ခံရဲဖို့လည်း လိုပါတယ်။ကလေးတွေက လူကြီးတွေအမှားကို ထောက်ပြနိုင်လောက်အောင် မရင့်ကျက်လောက်သေးပါဘူးလို့လည်း တရားသေ မတွက်လိုက်ပါနဲ့။ကိုယ်တွေ့ကြုံတာလေး ပြောပါမယ်။

တစ်ခါက ကျွန်တော့်သားကို ကျွန်တော်က ဆုံးမဖူးတယ်။စကားပြောရင် စောက်ဆိုပြီး မသုံးနှုန်းနဲ့ ရိုင်းတယ်လို့ ။တစ်နေ့ ကျွန်တော်တို့မိသားစု ကားနဲ့မြို့ထဲကိုအသွား မီးပွိုင့်တစ်ခုအရောက်မှာ အရောင်က စိမ်းမှန်းမသိ ဝါမှန်းမသိ။အရောင်က မသဲကွဲအောင် ချို့ယွင်းနေတော့ ကားကို ဖြတ်ရမှာလား၊ ရပ်ရမှာလား စဉ်းစားနေတုန်း ရပ်တဲ့ကားကရပ်၊ သွားတဲ့ကားကသွား ဆိုတော့ ဟွန်းတစ်ပွမ်ပွမ်နဲ့ ဖြစ်ပါလေရော။ဒါနဲ့ ကိုယ်လည်း စိတ်တိုပြီး စောက်ဆိုတဲ့ စကားတစ်ခွန်းကလေး ရှေ့မှာထွက်သွားတယ်။

သားက ချက်ချင်းပြောတယ်။အဖေကလည်း သားကိုကျရိုင်းတယ် အဲဒီလိုမသုံးနဲ့ဆိုပြီး အဖေကျ ဘာလို့ပြောလဲဆိုပြီး ပြောပါလေရော။အဲဒါနဲ့ ကျွန်တော်သတိပြန်ဝင်ပြီး အေးဟုတ်တယ် သားပြောတာမှန်တယ်။အဖေ ရုတ်တရက် ဒေါသထွက်သွားလို့ မပြောသင့်တာ ပြောလိုက်မိတယ်။နောက်ဆို အဖေဆင်ခြင်ပါ့မယ်လို့ ပြောလိုက်တယ်။သားဖြစ်သူက ကျေနပ်သွားတယ်။အဖေ့အမှားကိုတောင် သူကထောက်ပြနိုင်ပြီကွဆိုတဲ့ အောင်နိုင်သူ အပြုံးလေးနဲ့ပေါ့လေ။ဒါနဲ့ ကျွန်တော်က ဆက်ပြီးချီးကျူးလိုက်တယ်။နောက်လည်း အဖေမှားတာ အပြောနဲ့အလုပ် မညီတာတွေ့ရင် အဖေ့ကို သတိပေးဦး။အဖေမှားတာကို ညွှန်ပြနိုင်လောက်အောင် သားကလိမ္မာရင် အဖေထက်တော်တဲ့ သားပေါ့ကွာလို့ ပြောလိုက်ရတယ်။ဒါက ကိုယ်တွေ့ကြုံတာလေးကို ပြန်ပြောပြတာပါ။ကလေးတွေကို ဘယ်တော့မှ လျှော့မတွက်နဲ့ဆိုတာ သိစေချင်လို့ပါ။

နောက်တစ်ခုက ကလေးတွေကို သူတို့အယူအဆကို ရဲရဲတင်းတင်း တင်ပြခွင့်ပြုလိုက်ပါ။အဲဒီအယူအဆက မှားသွားရင်လည်း ဝန်ခံဖို့၊ တာဝန်ခံဖို့၊ မှန်သွားရင်လည်း သင်ခန်းစာယူဖို့၊ မိမိကိုယ်ကိုယ် ယုံကြည်မှုကို အဲဒီအတွေ့အကြုံနဲ့ ထပ်ပေါင်းတည်ဆောက်ဖို့၊ ဘဝင်မမြင့်မိစေဖို့ စသဖြင့် ဆိုဆုံးမရမှာ ဖြစ်ပါတယ်။ဒါမှသာ ကလေးဘဝကနေ လူငယ်ဘဝ။လူငယ်ဘဝကနေ လူကြီးဘဝအထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လူငယ်မျိုးဆက်သစ်တွေ အများကြီးပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

ကလေးတွေရဲ့စိတ်၊ ကလေးတွေရဲ့ အတွေးအခေါ်တွေနဲ့ ပတ်သက်လို့ ပြောရင်းကနေ တစ်ခုသွားသတိရတယ်။သူတို့ရဲ့ မသိစိတ်မှာ စိတ်ဒဏ်ရာတွေ ဘယ်လောက်ခိုအောင်းနိုင်လဲဆိုတာ သွားပြီးစဉ်းစားမိလို့ပါ။တစ်နေ့ သားဖြစ်သူက အဆက်အစပ်မရှိဘဲ လာမေးပါတယ်။အဖေနဲ့ အမေ ရန်တွေဘာတွေ ဖြစ်မယ်ဆိုရင် တစ်ယောက်ယောက်က အိမ်ပေါ်ကဆင်းမှာလားတဲ့။

ကိုယ်တောင် သူ့မေးခွန်းကို အံ့သြသွားတယ်။သူ့ရဲ့ ခံစားချက် ထင်မြင်ချက်ကို ရဲရဲတင်းတင်း ထုတ်ပြောရဲအောင် အလေ့အကျင့် လုပ်ပေးထားတော့ သူပြောချင်တာဆို သားက စိတ်ထဲသိပ်မထားတတ်ဘူး။အဲဒီလိုပဲ တည့်တိုးမေးတတ်တယ်။အဲဒါ ခုနစ်နှစ်သားက မေးတဲ့မေးခွန်း။ဖြေနိုင်ဖို့သာ ပြင်ထားပေတော့။ဘာဖြစ်လို့ အဲဒီလိုမေးတာလဲ သားလို့ ကျွန်တော်က ပြန်မေးလိုက်တယ်။

သားကပြန်ပြောတယ်။ကျောင်းက သားသူငယ်ချင်းက သားကိုပြောတယ်တဲ့။သူ့အဖေနဲ့ အမေက ရန်ဖြစ်ပြီးတဲ့နောက် သူ့အမေက အိမ်ပေါ်က ဆင်းတော့မယ်လို့ သူ့သူငယ်ချင်းကို ပြောလို့တဲ့။အဲဒါကြောင့် သားသူငယ်ချင်း အဖေနဲ့ အမေလို သားအဖေနဲ့ အမေလည်း လုပ်မှာလား သိချင်လို့ မေးတာတဲ့။

ကျွန်တော်လည်း ပြန်ပြောလိုက်တယ်။အဖေနဲ့ အမေက ဘယ်တော့မှ အဲဒီလိုမလုပ်ပါဘူးလို့။သားပြောတာကို နားထောင်ပြီး အတော့်ကို စိတ်မကောင်းဖြစ်သွားတယ်။သားသူငယ်ချင်း ကလေးလေးကိုပါ။ကျွန်တော်နားလည်လိုက်တယ်။အဲဒီ သားသူငယ်ချင်း ကလေးလေးက သားကို အဲဒီလိုတွေ မကြာမကြာ ရင်ဖွင့်တတ်တယ်တဲ့။ဒီနေရာမှာ မိဘတွေကို အပြစ်တင်ရမှာ။သူတို့ အပြောအဆို အနေအထိုင် မဆင်ခြင်တာကြောင့် ကလေးငယ်လေးရဲ့ စိတ်မှာ ဘယ်လောက် ထိခိုက်နိုင်မလဲ မတွေးတတ်တာလား။မတွေးပေးတာလား။စဉ်းစားလို့ကို မရပါဘူး။

မိဘတွေ အုပ်ထိန်းသူတွေ ကလေးတွေနဲ့ ပတ်သက်လို့ မဆင်ခြင်တာလေးတွေက ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို တွေ့နေမြင်နေရပါတယ်။

မကြာသေးခင်ကပဲ ရပ်ကွက်ထဲမှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ လုပ်ပါတယ်။

ဘုရားပွဲနဲ့ လားလားမှမဆိုင် သောက်ကြစားကြတာပေါ့။အဲဒါကိုမြင်တော့ သားဖြစ်သူက အဖေ အရက်က ဘုရားပွဲမှာ သောက်ရင်တော့ အပြစ်မဖြစ်ဘူးပေါ့နော်တဲ့။ဟာ… ဒုက္ခပါပဲ။ဘယ်လိုရှင်းပြရမလဲ ခေါင်းခဲသွားတယ်။

အရက်ဆိုတာ မကောင်းဘူး။ဘုရားက ငါးပါးသီလထဲမှာကို တားမြစ်ထားတယ်။သောက်လိုက်ရင် သာမန်လူထက် စိတ်ရိုင်းဝင်ဖို့ ပိုလွယ်လို့ ဖြစ်နိုင်ရင် အသက်ကြီးလာလည်း မသောက်ဖြစ်အောင် ရှောင်နိုင်ရင်တော့ ပိုကောင်းတယ်။စသဖြင့် ကိုယ်က ဆုံးမထားတာကိုး။ကြီးလာလို့ သူ့ဘာသာ သောက်တာ မသောက်တာ တစ်ပိုင်း မကောင်းတာကို မကောင်းကြောင်း ဆုံးမရမှာက တစ်ပိုင်းဆိုတော့ မိဘတို့ ဝတ္တရားအတိုင်း ဆုံးမထားတဲ့ သဘောပါ။သားဖြစ်သူကို ဆုံးမရင် ကိုယ့်စကားကို လေးစားအောင် ကိုယ်လည်း ဘယ်တော့မှ မသောက်ခဲ့ပါဘူး။ပနာယူချင်လို့ အရက်မသောက်ဖြစ်တာလားဆိုတော့ မဟုတ်ပါဘူး။ကိုယ်ကိုယ်တိုင်က မကောင်းဘူးဆိုပြီး ဆုံးမထားတဲ့ အရာတစ်ခုကို ကိုယ်ကမလုပ်မှ သူက ကိုယ့်စကားကို ယုံကြည်မှာမို့ပါ။

ဒါနဲ့ သူမေးတာဖြေလိုက်တယ်။ဘုရားပွဲမှာသောက်တော့ အကုသိုလ်ပိုဖြစ်တာပေါ့ သားရယ်လို့ပဲ ပြောလိုက်ပါတယ်။နောက်တစ်ခါ လမ်းထဲမှာ နှစ်သစ်ကူးည သောက်ကြစားကြတော့ ကလေးတွေလည်းပါတယ်။၁၆ နှစ်တောင် မပြည့်သေးတဲ့ ကလေးတွေလည်း သောက်ကြတယ်။တိုက်ကြတယ်။

ကလေးသူငယ်အရွယ်ဆိုတာ စိတ်လေးတွေက နုနုငယ်ငယ်။ဖြူစင်နေတဲ့ သူတို့စိတ်လေးတွေက ဘာအရောင်ခြယ်ခြယ် စွန်းထင်းလွယ်မှာ အမှန်ပါပဲ။သူတို့ အတုယူစံထားတဲ့ အုပ်ထိန်းသူ လူကြီးမိဘတွေကိုယ်တိုင် သူတို့ရှေ့မှာ အရက်ကို မြိန်ရေရှက်ရေ ဝမ်းပန်းတသာ ပျော်ပျော်ကြီး သောက်ပြနေကြတာ ကလေးတွေက မကြာခဏမြင်နေရတော့ သူတို့လည်း လုပ်ချင်လာပါလိမ့်မယ်။
ဒါအမှန်တရားတစ်ခုလို့ ထင်လာပါလိမ့်မယ်။အရွယ်မတိုင်ခင်ကတည်းက မြည်းစမ်းချင်လာကြပါလိမ့်မယ်။အရွယ်ရောက်လို့ ရင့်ကျက်တဲ့အချိန်မှာ သောက်သောက် မသောက်သောက် အကြောင်းမဟုတ်ပေမယ့် ငယ်ရွယ်တဲ့အချိန်မှာကို ဒါကိုလုပ်ချင်လာအောင် မြှောက်ထိုးပင့်ကော် လုပ်သလိုဖြစ်လာတဲ့ လူကြီးမိဘ အုပ်ထိန်းသူတွေ များလာတာမို့ ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေကို သွားပြီးသတိရပါတယ်။

ကလေးတွေကို အရက်ဝယ်ခိုင်းတာ၊ အရက်ဆိုင်ခေါ်သွားတာ၊ အရက်သောက်ခွင့် ပြုတာတွေ မလုပ်ဖို့ ကလေးသူငယ် ဥပဒေပုဒ်မ ၆၅ မှာ တားမြစ်ထားပါတယ်။အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ရင် ထောင်ဒဏ် ၆ လအထိ ချမှတ်လို့ရပါတယ်။အလျဉ်းသင့်လို့ ပြောလိုတာက ကလေးသူငယ် ဥပဒေအရ အသက် ၁၆ နှစ် မပြည့်သေးသူကို ကလေးသူငယ်လို့ သတ်မှတ်ပါတယ်။
အသက် ၁၆ နှစ်အောက် ကလေးကို ပုဒ်မ ၆၅ ပါ တားမြစ်ချက်တွေထဲက တစ်ခုခုလုပ်ခိုင်းရင် ပြစ်မှုမြောက်မှာ ဖြစ်ပါတယ်။

ဒီတော့ အရက်နဲ့ ကလေးငယ်တွေအကြား ကွဲပြားပိုင်းခြားလိုတယ်ဆိုရင် ကိုယ်မရှောင်နိုင်တဲ့ အရာမို့ မကောင်းကြောင်းကို မပြောလိုဘူးဆိုရင်တောင် ကောင်းကြောင်းသဏ္ဍာန် သက်သေဟန်ပြမယ့် အမူအရာမျိုးတွေကို ရှောင်ကြဉ်ကြဖို့ ဒီနေရာကနေ မေတ္တာရပ်ခံလိုက်ပါရစေ။

ဒါဆိုရင် ဖြူစင်နေတဲ့ နုနုငယ်ငယ် စိတ်လေးတွေပေါ်မှာ ခြယ်မယ့်အရောင်တွေက ညစ်ထေးမှာလား သစ်လွင်တောက်ပမှာလား ဆိုတာကတော့ဖြင့်။

သာဓက
ဇန်နဝါရီ - ၃၁

( Zawgyi )

စိတ္ဒဏ္ရာဆိုတာ လူတိုင္းမွာ ရွိႏိုင္ပါတယ္။စိတ္ဒဏ္ရာ လုံးဝမရွိတဲ့ လူဆိုတာ မရွိဘူးရယ္လို႔လည္း မဆိုလိုပါဘူး။ရွိေကာင္းရွိပါလိမ့္မယ္။

ေျပာလိုတာက ျဖတ္သန္းခဲ့တဲ့ ဘဝတစ္ေလွ်ာက္ ႀကဳံႀကိဳက္ခဲ့ရတဲ့ စိတ္ဒဏ္ရာေတြက ျဖတ္သန္းခဲ့သူရဲ႕ စိတ္ဓာတ္ႀကံ့ခိုင္မႈနဲ႔ ဒဏ္ရာအတိမ္အနက္အေပၚ မူတည္ၿပီး ဘဝရပ္တည္ခ်က္မွာ သက္ေရာက္ထိရွမႉက တူႏိုင္မွာမဟုတ္ပါဘူး။

တခ်ိဳ႕က ေလာကဓံရဲ႕ ခါးသီးတဲ့ အေတြ႕အႀကဳံေတြ ရွိခဲ့ပါလိမ့္မယ္။ဒါေပမယ့္ အဲဒီအရာေတြကို ေဝဒနာလို႔ သေဘာမထားဘဲ စိတ္ခြန္အားအျဖစ္ ေျပာင္းလဲႏိုင္သူေတြလည္း အမ်ားႀကီးပါ။အဲဒီလို အခက္အခဲေတြၾကားထဲ ေနသားတက် ျဖတ္ေလွ်ာက္ႏိုင္တဲ့သူေတြ အတြက္ကေတာ့ ေလွ်ာက္လွမ္းခဲ့တဲ့ ေျခလွမ္းတိုင္းရဲ႕ ေျခဖဝါးတိုင္းမွာ ေသြးေျခဥေနမွာ မဟုတ္ပါဘူး။အသားမာေတြပဲ အထပ္ထပ္တက္ေနမွာမို႔ ဖိနပ္မပါလည္းပဲ အၿပဳံးမပ်က္ ခရီးဆက္ႏိုင္ၾကမွာပါ။

အဲဒါဆိုရင္ လူတစ္ေယာက္ဟာ စိတ္ဒဏ္ရာ ရွိ၊ မရွိ ဆိုတာ သူ႔ေျခဖဝါးေတြမွာ ေသြးေျခဥေနလား အသားမာတက္ေနလား ဆိုတဲ့အေပၚ မူတည္ေနမွာ ျဖစ္ပါတယ္။ဒါက တင္စားေျပာဆိုလိုတဲ့ သေဘာျဖစ္ပါတယ္။ဆိုလိုတာက စိတ္ဒဏ္ရာ ရွိခဲ့ျခင္း မရွိခဲ့ျခင္းဆိုတာ တစ္ဦးတစ္ေယာက္ရဲ႕ ပင္ကိုယ္စိတ္ဓာတ္ ႀကံ့ခိုင္မႈနဲ႔လည္း ဆိုင္မယ္လို႔ထင္ပါတယ္။
ဖတ္ဖူးမွတ္ဖူးသေလာက္ေတာ့ အ႐ြယ္ေရာက္သူတစ္ေယာက္ ရတဲ့ စိတ္ဒဏ္ရာနဲ႔ အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္တစ္ေယာက္ ရခဲ့တဲ့ စိတ္ဒဏ္ရာကေတာ့ မတူညီႏိုင္ဘူးလို႔ စိတ္ပညာရွင္ေတြက ဆိုပါတယ္။

ပညာရွင္ေတြကေတာ့ အဲဒီလိုမတူညီႏိုင္တဲ့ အေၾကာင္းအခ်က္ေတြကို ပညာရွင္ရႈေထာင့္ကေန ခ်က္က်က်နဲ႔ ပိုၿပီးရွင္းျပႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ကိုယ့္လို သာမန္လူေတြအဖို႔ အလြယ္မွတ္သားမိတာကေတာ့ ကေလးေတြ စိတ္ဒဏ္ရာရရင္ လူႀကီးေတြရတဲ့ စိတ္ဒဏ္ရာထက္ ပိုဆိုးႏိုင္တယ္ဆိုတဲ့ အခ်က္ပါပဲ။

စာေရးသူ ကေလးဘဝကဆိုရင္ လူႀကီးမိဘေတြအေပၚမွာ ေမးခြန္းေတြအမ်ားႀကီး ထုတ္ခ်င္ခဲ့ပါတယ္။လူႀကီးေတြကို ေဝဖန္ရတာ ႀကိဳက္ပါတယ္။ငါေျပာသလိုလုပ္ ငါလုပ္သလို မလုပ္နဲ႔ဆိုတဲ့ လူႀကီးေတြက အမ်ားသားဆိုေတာ့ အဲဒီလိုလူႀကီးအခ်ိဳ႕နဲ႔ေတြ႕ရင္ ဦးဦးတို႔ ေဒၚေဒၚတို႔ကေတာ့ အဲဒီလိုလုပ္တယ္။သားတို႔ကိုက် ဘာလို႔မလုပ္နဲ႔လို႔ ေျပာရတာလဲဆိုၿပီး ေမးခဲ့ဖူးပါတယ္။ေမးတိုင္းလည္း အေျဖမရဘဲ အၿမဲေငါက္ငမ္းခံရပါတယ္။

မိဘေတြကို ေျပာခ်င္တိုင္း ေမးခ်င္တိုင္း ေျပာခြင့္ေမးခြင့္က ငါးခါမွာ သုံးခါေလာက္ပဲ အေရးတယူ အလုပ္ခံရပါတယ္။တစ္ခါတေလ ကိုယ့္အေျပာေတြက မ႐ိုင္းျပေပမယ့္ လူႀကီးေတြအတြက္ အနာေပၚတုတ္က်သလိုမ်ားျဖစ္ရင္ စိတ္အခန႔္မသင့္ေတာ့ အ႐ိုက္ပါခံရတတ္ပါတယ္။မွန္တာေျပာရင္ ႐ြာျပင္အထုတ္ခံရမယ္ဆိုတဲ့ စကားလိုေပါ့။တစ္ခါတေလ အေၾကာင္းျပခ်က္ မယ္မယ္ရရမရွိ အတင္းလိုက္နာ၊ အတင္းယုံၾကည္ခိုင္းတာေတြအေပၚ ေမးခြန္းေတြထုတ္မိလို႔ ႐ြာျပင္အထုတ္မခံရေပမယ့္ အိမ္အျပင္အထုတ္ခံရတဲ့ ကေလးဘဝေန႔ရက္ေတြလည္း ျဖတ္သန္းခဲ့ဖူးပါတယ္။ၾကာလာေတာ့ လူႀကီးမိဘေတြအေပၚ သိပ္ၿပီးေျပာရဲဆိုရဲ မပြင့္လင္းရဲေတာ့ဘူးေပါ့။

အ႐ြယ္ေရာက္လာလို႔ စာေတြသင္ စာေတြဖတ္တာရယ္။စိတ္ပိုင္းဆိုင္ရာ နားလည္တဲ့ စာသင္ေက်ာင္းက ဆရာအခ်ိဳ႕နဲ႔ ေတြ႕တာေတြရယ္ေၾကာင့္သာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြ၊ ေျပာရဲဆိုရဲတာေတြ၊ အေၾကာင္းအရာတစ္ခုကို ခေရေစ့တြင္းက် စူးစမ္းေလ့လာၿပီးမွ ယုံၾကည္လာတာေတြ၊ ကိုယ္မွန္ေနရင္ ေနာက္မဆုတ္ဘဲ ခံယူခ်က္ကို ယဥ္ယဥ္ေက်းေက်း က်ားကန္တုန႔္ျပန္တတ္တာေတြ၊ အဲဒီလို ''ေတြ'' ေပါင္းမ်ားစြာနဲ႔ ဘဝကျပန္ၿပီး က်င့္သားရလာပါတယ္။

အခုေတာ့ ကိုယ္ကိုယ္တိုင္က ဖခင္တစ္ေယာက္ျဖစ္ေနၿပီမို႔ ပိုၿပီးသတိထား ဆင္ျခင္ျဖစ္ပါတယ္။ကိုယ္ကေလးဘဝတုန္းက လူႀကီးမိဘေတြ ကိုယ့္အေပၚ ဆက္ဆံသလို ကိုယ့္သားကို ကိုယ္ကမဆက္ဆံျဖစ္ေအာင္ သတိထားဆင္ျခင္တဲ့ သေဘာပါ။

ယဥ္ယဥ္ေက်းေက်းနဲ႔ ေမးရဲေျပာရဲေအာင္ သားျဖစ္သူကို ေလ့က်င့္ေပးပါတယ္။မ႐ိုင္းမျပ ခ်ိဳခ်ိဳသာသာနဲ႔ မိဘကို ျပန္ေျပာရဲေအာင္လည္း သြန္သင္ဆုံးမျဖစ္ပါတယ္။အဓိက ကေတာ့ ကိုယ္ေျပာတဲ့၊ ဆိုတဲ့၊ လုပ္ေဆာင္တဲ့ ကိစၥရပ္တိုင္းမွာ တာဝန္ယူမႈ တာဝန္ခံမႈ အေလ့အက်င့္ေလးရွိေအာင္ သားျဖစ္သူကို ဆုံးမျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ ျမန္မာေတြ ဆုံးမေနက် ေခါက္႐ိုးက်ိဳးေနတဲ့ ဆုံးမစကားတစ္ခု ရွိပါတယ္။လူႀကီးမိဘေတြကို ဘယ္ေတာ့မွ ျပန္မေျပာနဲ႔ဆိုတဲ့ စကားပါ။တကယ္ေတာ့ လူႀကီးမိဘေတြကို ျပန္မေျပာနဲ႔လို႔ ရတိျပတ္ဆုံးမတာထက္ ဘယ္လိုဘယ္ပုံ ယဥ္ယဥ္ေက်းေက်းနဲ႔ လူႀကီးေတြနားဝင္ေအာင္ ရွင္းျပရမယ္ဆိုတာမ်ိဳးနဲ႔ လမ္းၫႊန္ရမွာပါ။ျပန္ေျပာတဲ့အခါ မွန္ကန္တဲ့အရာအေပၚမွာသာ ခ်က္က်လက္က် သဘာဝက်က် ေထာက္ျပသင့္တယ္ဆိုတာမ်ိဳး ရွင္းျပေပးရမွာပါ။  

လူႀကီးေတြ ဆိုတာကလည္း ပညာဘယ္ေလာက္တတ္တတ္ ပုထုဇဥ္ပဲမို႔ အမွားနဲ႔မကင္းႏိုင္ပါဘူး။အၿမဲတမ္း မွန္မေနႏိုင္တဲ့ လူႀကီးေတြက တစ္ခါတစ္ရံ မွားႏိုင္တာပါပဲ။မွားေနတာကို သိတဲ့ေထာက္ျပရဲတဲ့ လူငယ္မ်ိဳးဆက္သစ္ေတြက တိုင္းျပည္မွာ အမ်ားႀကီးလိုလာဦးမွာပါ။ဒါေၾကာင့္မို႔ မတရားတာ၊ မဟုတ္တာ မလုပ္ဘဲ မွန္တာကို ရဲရဲဝံ့ဝံ့ေျပာတတ္တဲ့ အေလ့အက်င့္ေကာင္းေတြကို ကေလးဘဝတည္းက ပ်ိဳးေထာင္ေပးထားဖို႔ လိုပါတယ္။

ကေလးကျဖစ္ျဖစ္၊ လူငယ္ကျဖစ္ျဖစ္ တစ္ေယာက္ေယာက္က လူႀကီးေတြ မွားေနတာကို ေထာက္ျပရင္ လူႀကီးေတြက မရွက္မေၾကာက္ ရဲရဲဝံ့ဝံ့ ဝန္ခံရဲဖို႔လည္း လိုပါတယ္။ကေလးေတြက လူႀကီးေတြအမွားကို ေထာက္ျပႏိုင္ေလာက္ေအာင္ မရင့္က်က္ေလာက္ေသးပါဘူးလို႔လည္း တရားေသ မတြက္လိုက္ပါနဲ႔။ကိုယ္ေတြ႕ႀကဳံတာေလး ေျပာပါမယ္။

တစ္ခါက ကြၽန္ေတာ့္သားကို ကြၽန္ေတာ္က ဆုံးမဖူးတယ္။စကားေျပာရင္ ေစာက္ဆိုၿပီး မသုံးႏႈန္းနဲ႔ ႐ိုင္းတယ္လို႔ ။တစ္ေန႔ ကြၽန္ေတာ္တို႔မိသားစု ကားနဲ႔ၿမိဳ႕ထဲကိုအသြား မီးပြိဳင့္တစ္ခုအေရာက္မွာ အေရာင္က စိမ္းမွန္းမသိ ဝါမွန္းမသိ။အေရာင္က မသဲကြဲေအာင္ ခ်ိဳ႕ယြင္းေနေတာ့ ကားကို ျဖတ္ရမွာလား၊ ရပ္ရမွာလား စဥ္းစားေနတုန္း ရပ္တဲ့ကားကရပ္၊ သြားတဲ့ကားကသြား ဆိုေတာ့ ဟြန္းတစ္ပြမ္ပြမ္နဲ႔ ျဖစ္ပါေလေရာ။ဒါနဲ႔ ကိုယ္လည္း စိတ္တိုၿပီး ေစာက္ဆိုတဲ့ စကားတစ္ခြန္းကေလး ေရွ႕မွာထြက္သြားတယ္။

သားက ခ်က္ခ်င္းေျပာတယ္။အေဖကလည္း သားကိုက်႐ိုင္းတယ္ အဲဒီလိုမသုံးနဲ႔ဆိုၿပီး အေဖက် ဘာလို႔ေျပာလဲဆိုၿပီး ေျပာပါေလေရာ။အဲဒါနဲ႔ ကြၽန္ေတာ္သတိျပန္ဝင္ၿပီး ေအးဟုတ္တယ္ သားေျပာတာမွန္တယ္။အေဖ ႐ုတ္တရက္ ေဒါသထြက္သြားလို႔ မေျပာသင့္တာ ေျပာလိုက္မိတယ္။ေနာက္ဆို အေဖဆင္ျခင္ပါ့မယ္လို႔ ေျပာလိုက္တယ္။သားျဖစ္သူက ေက်နပ္သြားတယ္။အေဖ့အမွားကိုေတာင္ သူကေထာက္ျပႏိုင္ၿပီကြဆိုတဲ့ ေအာင္ႏိုင္သူ အၿပဳံးေလးနဲ႔ေပါ့ေလ။ဒါနဲ႔ ကြၽန္ေတာ္က ဆက္ၿပီးခ်ီးက်ဴးလိုက္တယ္။ေနာက္လည္း အေဖမွားတာ အေျပာနဲ႔အလုပ္ မညီတာေတြ႕ရင္ အေဖ့ကို သတိေပးဦး။အေဖမွားတာကို ၫႊန္ျပႏိုင္ေလာက္ေအာင္ သားကလိမၼာရင္ အေဖထက္ေတာ္တဲ့ သားေပါ့ကြာလို႔ ေျပာလိုက္ရတယ္။ဒါက ကိုယ္ေတြ႕ႀကဳံတာေလးကို ျပန္ေျပာျပတာပါ။ကေလးေတြကို ဘယ္ေတာ့မွ ေလွ်ာ့မတြက္နဲ႔ဆိုတာ သိေစခ်င္လို႔ပါ။

ေနာက္တစ္ခုက ကေလးေတြကို သူတို႔အယူအဆကို ရဲရဲတင္းတင္း တင္ျပခြင့္ျပဳလိုက္ပါ။အဲဒီအယူအဆက မွားသြားရင္လည္း ဝန္ခံဖို႔၊ တာဝန္ခံဖို႔၊ မွန္သြားရင္လည္း သင္ခန္းစာယူဖို႔၊ မိမိကိုယ္ကိုယ္ ယုံၾကည္မႈကို အဲဒီအေတြ႕အႀကဳံနဲ႔ ထပ္ေပါင္းတည္ေဆာက္ဖို႔၊ ဘဝင္မျမင့္မိေစဖို႔ စသျဖင့္ ဆိုဆုံးမရမွာ ျဖစ္ပါတယ္။ဒါမွသာ ကေလးဘဝကေန လူငယ္ဘဝ။လူငယ္ဘဝကေန လူႀကီးဘဝအထိ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္နဲ႔ တာဝန္ယူမႈ တာဝန္ခံမႈရွိတဲ့ လူငယ္မ်ိဳးဆက္သစ္ေတြ အမ်ားႀကီးေပၚေပါက္လာမွာ ျဖစ္ပါတယ္။

ကေလးေတြရဲ႕စိတ္၊ ကေလးေတြရဲ႕ အေတြးအေခၚေတြနဲ႔ ပတ္သက္လို႔ ေျပာရင္းကေန တစ္ခုသြားသတိရတယ္။သူတို႔ရဲ႕ မသိစိတ္မွာ စိတ္ဒဏ္ရာေတြ ဘယ္ေလာက္ခိုေအာင္းႏိုင္လဲဆိုတာ သြားၿပီးစဥ္းစားမိလို႔ပါ။တစ္ေန႔ သားျဖစ္သူက အဆက္အစပ္မရွိဘဲ လာေမးပါတယ္။အေဖနဲ႔ အေမ ရန္ေတြဘာေတြ ျဖစ္မယ္ဆိုရင္ တစ္ေယာက္ေယာက္က အိမ္ေပၚကဆင္းမွာလားတဲ့။

ကိုယ္ေတာင္ သူ႔ေမးခြန္းကို အံ့ၾသသြားတယ္။သူ႔ရဲ႕ ခံစားခ်က္ ထင္ျမင္ခ်က္ကို ရဲရဲတင္းတင္း ထုတ္ေျပာရဲေအာင္ အေလ့အက်င့္ လုပ္ေပးထားေတာ့ သူေျပာခ်င္တာဆို သားက စိတ္ထဲသိပ္မထားတတ္ဘူး။အဲဒီလိုပဲ တည့္တိုးေမးတတ္တယ္။အဲဒါ ခုနစ္ႏွစ္သားက ေမးတဲ့ေမးခြန္း။ေျဖႏိုင္ဖို႔သာ ျပင္ထားေပေတာ့။ဘာျဖစ္လို႔ အဲဒီလိုေမးတာလဲ သားလို႔ ကြၽန္ေတာ္က ျပန္ေမးလိုက္တယ္။

သားကျပန္ေျပာတယ္။ေက်ာင္းက သားသူငယ္ခ်င္းက သားကိုေျပာတယ္တဲ့။သူ႔အေဖနဲ႔ အေမက ရန္ျဖစ္ၿပီးတဲ့ေနာက္ သူ႔အေမက အိမ္ေပၚက ဆင္းေတာ့မယ္လို႔ သူ႔သူငယ္ခ်င္းကို ေျပာလို႔တဲ့။အဲဒါေၾကာင့္ သားသူငယ္ခ်င္း အေဖနဲ႔ အေမလို သားအေဖနဲ႔ အေမလည္း လုပ္မွာလား သိခ်င္လို႔ ေမးတာတဲ့။

ကြၽန္ေတာ္လည္း ျပန္ေျပာလိုက္တယ္။အေဖနဲ႔ အေမက ဘယ္ေတာ့မွ အဲဒီလိုမလုပ္ပါဘူးလို႔။သားေျပာတာကို နားေထာင္ၿပီး အေတာ့္ကို စိတ္မေကာင္းျဖစ္သြားတယ္။သားသူငယ္ခ်င္း ကေလးေလးကိုပါ။ကြၽန္ေတာ္နားလည္လိုက္တယ္။အဲဒီ သားသူငယ္ခ်င္း ကေလးေလးက သားကို အဲဒီလိုေတြ မၾကာမၾကာ ရင္ဖြင့္တတ္တယ္တဲ့။ဒီေနရာမွာ မိဘေတြကို အျပစ္တင္ရမွာ။သူတို႔ အေျပာအဆို အေနအထိုင္ မဆင္ျခင္တာေၾကာင့္ ကေလးငယ္ေလးရဲ႕ စိတ္မွာ ဘယ္ေလာက္ ထိခိုက္ႏိုင္မလဲ မေတြးတတ္တာလား။မေတြးေပးတာလား။စဥ္းစားလို႔ကို မရပါဘူး။

မိဘေတြ အုပ္ထိန္းသူေတြ ကေလးေတြနဲ႔ ပတ္သက္လို႔ မဆင္ျခင္တာေလးေတြက ပတ္ဝန္းက်င္မွာ မၾကာခဏဆိုသလို ေတြ႕ေနျမင္ေနရပါတယ္။

မၾကာေသးခင္ကပဲ ရပ္ကြက္ထဲမွာ ႏွစ္က်ိပ္ရွစ္ဆူဘုရားပြဲ လုပ္ပါတယ္။

ဘုရားပြဲနဲ႔ လားလားမွမဆိုင္ ေသာက္ၾကစားၾကတာေပါ့။အဲဒါကိုျမင္ေတာ့ သားျဖစ္သူက အေဖ အရက္က ဘုရားပြဲမွာ ေသာက္ရင္ေတာ့ အျပစ္မျဖစ္ဘူးေပါ့ေနာ္တဲ့။ဟာ… ဒုကၡပါပဲ။ဘယ္လိုရွင္းျပရမလဲ ေခါင္းခဲသြားတယ္။

အရက္ဆိုတာ မေကာင္းဘူး။ဘုရားက ငါးပါးသီလထဲမွာကို တားျမစ္ထားတယ္။ေသာက္လိုက္ရင္ သာမန္လူထက္ စိတ္႐ိုင္းဝင္ဖို႔ ပိုလြယ္လို႔ ျဖစ္ႏိုင္ရင္ အသက္ႀကီးလာလည္း မေသာက္ျဖစ္ေအာင္ ေရွာင္ႏိုင္ရင္ေတာ့ ပိုေကာင္းတယ္။စသျဖင့္ ကိုယ္က ဆုံးမထားတာကိုး။ႀကီးလာလို႔ သူ႔ဘာသာ ေသာက္တာ မေသာက္တာ တစ္ပိုင္း မေကာင္းတာကို မေကာင္းေၾကာင္း ဆုံးမရမွာက တစ္ပိုင္းဆိုေတာ့ မိဘတို႔ ဝတၱရားအတိုင္း ဆုံးမထားတဲ့ သေဘာပါ။သားျဖစ္သူကို ဆုံးမရင္ ကိုယ့္စကားကို ေလးစားေအာင္ ကိုယ္လည္း ဘယ္ေတာ့မွ မေသာက္ခဲ့ပါဘူး။ပနာယူခ်င္လို႔ အရက္မေသာက္ျဖစ္တာလားဆိုေတာ့ မဟုတ္ပါဘူး။ကိုယ္ကိုယ္တိုင္က မေကာင္းဘူးဆိုၿပီး ဆုံးမထားတဲ့ အရာတစ္ခုကို ကိုယ္ကမလုပ္မွ သူက ကိုယ့္စကားကို ယုံၾကည္မွာမို႔ပါ။

ဒါနဲ႔ သူေမးတာေျဖလိုက္တယ္။ဘုရားပြဲမွာေသာက္ေတာ့ အကုသိုလ္ပိုျဖစ္တာေပါ့ သားရယ္လို႔ပဲ ေျပာလိုက္ပါတယ္။ေနာက္တစ္ခါ လမ္းထဲမွာ ႏွစ္သစ္ကူးည ေသာက္ၾကစားၾကေတာ့ ကေလးေတြလည္းပါတယ္။၁၆ ႏွစ္ေတာင္ မျပည့္ေသးတဲ့ ကေလးေတြလည္း ေသာက္ၾကတယ္။တိုက္ၾကတယ္။

ကေလးသူငယ္အ႐ြယ္ဆိုတာ စိတ္ေလးေတြက ႏုႏုငယ္ငယ္။ျဖဴစင္ေနတဲ့ သူတို႔စိတ္ေလးေတြက ဘာအေရာင္ျခယ္ျခယ္ စြန္းထင္းလြယ္မွာ အမွန္ပါပဲ။သူတို႔ အတုယူစံထားတဲ့ အုပ္ထိန္းသူ လူႀကီးမိဘေတြကိုယ္တိုင္ သူတို႔ေရွ႕မွာ အရက္ကို ၿမိန္ေရရွက္ေရ ဝမ္းပန္းတသာ ေပ်ာ္ေပ်ာ္ႀကီး ေသာက္ျပေနၾကတာ ကေလးေတြက မၾကာခဏျမင္ေနရေတာ့ သူတို႔လည္း လုပ္ခ်င္လာပါလိမ့္မယ္။
ဒါအမွန္တရားတစ္ခုလို႔ ထင္လာပါလိမ့္မယ္။အ႐ြယ္မတိုင္ခင္ကတည္းက ျမည္းစမ္းခ်င္လာၾကပါလိမ့္မယ္။အ႐ြယ္ေရာက္လို႔ ရင့္က်က္တဲ့အခ်ိန္မွာ ေသာက္ေသာက္ မေသာက္ေသာက္ အေၾကာင္းမဟုတ္ေပမယ့္ ငယ္႐ြယ္တဲ့အခ်ိန္မွာကို ဒါကိုလုပ္ခ်င္လာေအာင္ ေျမႇာက္ထိုးပင့္ေကာ္ လုပ္သလိုျဖစ္လာတဲ့ လူႀကီးမိဘ အုပ္ထိန္းသူေတြ မ်ားလာတာမို႔ ၁၉၉၃ ခုႏွစ္ ကေလးသူငယ္ ဥပေဒကို သြားၿပီးသတိရပါတယ္။

ကေလးေတြကို အရက္ဝယ္ခိုင္းတာ၊ အရက္ဆိုင္ေခၚသြားတာ၊ အရက္ေသာက္ခြင့္ ျပဳတာေတြ မလုပ္ဖို႔ ကေလးသူငယ္ ဥပေဒပုဒ္မ ၆၅ မွာ တားျမစ္ထားပါတယ္။အဲဒီတားျမစ္ခ်က္ေတြကို ေဖာက္ဖ်က္ရင္ ေထာင္ဒဏ္ ၆ လအထိ ခ်မွတ္လို႔ရပါတယ္။အလ်ဥ္းသင့္လို႔ ေျပာလိုတာက ကေလးသူငယ္ ဥပေဒအရ အသက္ ၁၆ ႏွစ္ မျပည့္ေသးသူကို ကေလးသူငယ္လို႔ သတ္မွတ္ပါတယ္။
အသက္ ၁၆ ႏွစ္ေအာက္ ကေလးကို ပုဒ္မ ၆၅ ပါ တားျမစ္ခ်က္ေတြထဲက တစ္ခုခုလုပ္ခိုင္းရင္ ျပစ္မႈေျမာက္မွာ ျဖစ္ပါတယ္။

ဒီေတာ့ အရက္နဲ႔ ကေလးငယ္ေတြအၾကား ကြဲျပားပိုင္းျခားလိုတယ္ဆိုရင္ ကိုယ္မေရွာင္ႏိုင္တဲ့ အရာမို႔ မေကာင္းေၾကာင္းကို မေျပာလိုဘူးဆိုရင္ေတာင္ ေကာင္းေၾကာင္းသ႑ာန္ သက္ေသဟန္ျပမယ့္ အမူအရာမ်ိဳးေတြကို ေရွာင္ၾကဥ္ၾကဖို႔ ဒီေနရာကေန ေမတၱာရပ္ခံလိုက္ပါရေစ။

ဒါဆိုရင္ ျဖဴစင္ေနတဲ့ ႏုႏုငယ္ငယ္ စိတ္ေလးေတြေပၚမွာ ျခယ္မယ့္အေရာင္ေတြက ညစ္ေထးမွာလား သစ္လြင္ေတာက္ပမွာလား ဆိုတာကေတာ့ျဖင့္။

သာဓက
ဇန္နဝါရီ - ၃၁