【 ဆောင်းပါး 】 ပြင်ရခက်တဲ့အကျင့်

【 ဆောင်းပါး 】 ပြင်ရခက်တဲ့အကျင့်

တစ်နေ့။

တစ်ယောက်တည်း လက်ဖက်ရည်ဆိုင်ထိုင်နေစဉ်၊ တစ်ဘက်ဝိုင်းမှ လူငယ်ငါးယောက်၏ ရင်းရင်းနှီးနှီးနှင့် ရယ်မောပြောဆိုနေတာကိုကြည့်ရင်း ကြည်နူးနေမိသည်။လူငယ်ဘဝ၏ လွတ်လပ်ပုံ၊ ချစ်စရာကောင်းပုံကိုလည်း ကိုယ်တွေ့နှင့်ယှဉ်ကာ ဆွတ်ပျံ့စွာ ခံစားမိသည်။

ခဏအကြာမှာ သူတို့ဝိုင်းသို့ အသက်သုံးဆယ်ကျော် လူရွယ်တစ်ယောက် ထပ်ရောက်လာသည်။အစောပိုင်းက ဆူညံနေသော စကားဝိုင်းလေး တိတ်ဆိတ်သွားကာ အာပေါင်အာရင်းသန်သန်နှင့် ပြောနေသော နောက်မှရောက်လာသော လူရွယ်၏ အသံတစ်သံတည်းကသာ လွှမ်းမိုးနေတော့သည်။ကြွားကြွားဝါဝါနှင့် ကိုယ်ရည်သွေးပြောဆိုသော သူ့စကားများအရ၊ မလေးရှားမှာ အလုပ်သွားလုပ်ဖူးကြောင်း သိလိုက်ရသည်။တစ်နာရီခန့်အကြာမှာ ထိုလူရွယ် ထပြန်သွားသည်။သည်တော့မှ လူငယ်လေးများထံမှ အသံပြန်ထွက်လာသည်။

“တကယ်စိတ်လေတယ်ကွာ။စောစောက တက်ကြွနေတဲ့စိတ်တွေတောင် ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။ သူကြွားချင်ရာကြွားပြီး သူ့လက်ဖက်ရည်ဖိုးတောင် သူရှင်းမသွားဘူး”

တစ်ယောက်က ထိုသို့ပြောလိုက်တော့ အခြားတစ်ယောက်က “အဲဒါပေါ့ကွ၊ အစ်မပေးရတာမတန်တဲ့ ယောက်ဖမျိုးဆိုတာ။မင်းမျက်နှာနဲ့မို့ တော်တော်သည်းခံလိုက်ရတယ်။ အတော်အလိုက်ကမ်းဆိုး မသိတဲ့လူ”

နောက်တစ်ယောက်က “တော်ကြပါတော့ကွာ။သူ့အကျင့်လည်း မင်းတို့သိရက်သားနဲ့”

လက်ဖက်ရည်ဆိုင်မှ ပြန်ခဲ့သော်လည်း တွေးစရာကပါလာသည်။လူသားတို့၏ ကိုယ်စီအကျင့်များအကြောင်း။သူများအတွက် မစဉ်းစားပေးဘဲ ကိုယ်ပြောချင်ရာ စွတ်ပြောတတ်သည့်အကျင့်။ဘယ်လိုမှ မကြည်ဖြူ၊ လက်မခံ၊ မဆက်ဆံချင်သော်လည်း သူငယ်ချင်းမျက်နှာ ထောက်ထားပြီး သည်းခံနိုင်သည့် အကျင့်။တချို့ကတော့ ထင်တာလေးတွေ၊ မြင်တာလေးတွေ၊ သိတာလေးတွေ၊ ငြိတာလေးတွေ၊ ရှိစေချင်တာတွေ၊ ဖြစ်စေချင်တာတွေကို စာရေးပြီးပြောချင်သည့်အကျင့်။အဲဒါကတော့ စာရေးသူတို့ အကျင့်ပေါ့။

အကျင့်ဆိုတာ ကြာရှည်စွဲမြဲနေတဲ့ အလေ့အထပါ။တစ်ခုခုကို စွဲစွဲမြဲမြဲလုပ်လာပြီဆိုရင် အကျင့်ပါလာပြီလို့ ပြောကြပါသည်။လုပ်တဲ့အကြိမ်အရေအတွက် များလာလေလေ အကျင့်ကမြဲလာလေလေ၊ လုပ်တဲ့အချိန်ကြာလေလေ အကျင့်ကစွဲလာလေလေပါ။

အကြိမ်များစွာ အချိန်များစွာ စွဲစွဲမြဲမြဲလုပ်လာပြီဆိုမှတော့ ထိုအကျင့်ကို လက်ခံထားလို့ပေါ့။ဘာကြောင့်လက်ခံထားသလဲ။နှစ်သက်လို့ပဲ ဖြစ်ပါသည်။ဒါလောက် နှစ်နှစ်သက်သက်နှင့် အချိန်ကြာကြာ လုပ်ခဲ့တဲ့အကျင့်တစ်ခုကို ဘယ်သူကမှ စွန့်ပစ်ချင်မည် မဟုတ်ပါ။သို့သော်လည်း ထိုအကျင့်က မိမိအတွက်၊ သူတစ်ပါးအတွက် မကောင်းကျိုးပေးနေတာကို ကိုယ်တိုင်သိလာပြီဆိုရင်တော့ စွန့်ပစ်ချင်လာမှာပါ။

လွယ်သလားဆိုတော့ မလွယ်လှပါဘူး။အကျင့်ဆိုးမှန်းသိပါရက်၊ စွန့်ပစ်သင့်မှန်းသိပါရက်၊ ကြိုးစားပြီးတော့လည်း စွန့်ပစ်နေပါရက်နဲ့တောင် တွယ်ကပ်နေတတ်တာ အကျင့်ပါ။မစွန့်ပစ်ဘဲ၊ စွန့်ပစ်သင့်မှန်းမသိဘဲ၊ မကောင်းမှန်းတောင် မသိဘဲနေရင် ‘အကျင့်’ ဆိုတာကြီးက အနားက တစ်ဖဝါးမှမခွာဘဲ တစ်စက္ကန့်မှ မလစ်လပ်ဘဲ ပူးကပ်နေသွားတော့မှာပါ။ဘဝတစ်သက်တာမက တစ်သံသရာလုံးတောင် တွယ်ကပ်လိုက်နေပါလိမ့်မည်။

ယေဘုယျအားဖြင့် လူများစုက အကျင့်ဆိုးကို နှစ်သက်စရာအဖြစ် အလွယ်တကူ လက်ခံတတ်ပြီး အကျင့်ကောင်းကို ငြီးငွေ့စရာအဖြစ် အလွယ်တကူ ငြင်းပယ်တတ်ပါသည်။

ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးမှာ အကျင့်ဖြစ်တတ်ပါသည်။တွေးနေကျလူဟာ တွေးနေမှာပါ။တွေးရင်း တွေးရင်း ဒီအတွေးအပေါ် သာယာလာမည်။အမြဲတွေးတတ်လာမည်။တွေးတဲ့အကျင့် ရလာပြီပေါ့။အချို့က ပေါ့ပေါ့ပါးပါး တွေးတတ်သည်။အချို့က လေးလေးနက်နက် တွေးတတ်သည်။အချို့က ဘယ်လောက်ပြဿနာကြီးကြီး အလေးအနက်ထားပြီး မတွေးတတ်။အချို့ကျပြန်တော့ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့၍ တွေးတတ်၏။

ဖတ်ဖူးသည့် ဟာသလေးတစ်ခုကို ပြောပြချင်သည်။တစ်နေ့ ရထားတစ်စီးပေါ်မှာ ခရီးသွားရင်း အဖိုးကြီးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက် ဆုံမိသည်။အမှတ်တမဲ့ ခရီးသွားဖေါ်အဖြစ်ပေါ့။လူငယ်လေးက အဖိုးကြီးကို ဘယ်နှနာရီထိုးပြီလဲ မေးမိသည်။အဖိုးကြီးက အဖက်မတန်သလိုနေသည်။လူငယ်လေးခမျာ နားမလည်နိုင်သလို ဖြစ်မိသည်။ဘာကြောင့် သူ့အမေးကို မဖြေတာ သူသိချင်သည်။သူဘာအပြစ်လုပ်မိလဲပေါ့။သူခံစားမိတာ သဘာဝကျပါသည်။နာရီလေးကြည့်ပြီး အလွယ်တကူဖြေလို့ ရနိုင်တာပဲ။တောင်းတောင်းပန်ပန်နှင့် မေးလွန်းမက မေးတော့မှ အဖိုးကြီးက ပညာရှိလေသံနှင့် ပိုင်ပိုင်နိုင်နိုင် ပြန်ဖြေသည်။လူငယ်လေး၏ အကြံအစည် ရည်ရွယ်ချက်ကို ကြိုသိနေသည့်ပုံစံနှင့်။လူငယ်လေးက အချိန်မေးပြီး သူ့အပေါ်ရင်းနှီးမှုယူမည်။စာစောင်၊ မဂ္ဂဇင်း ငှားမည်။လဲဖတ်မည်။လက်ဖက်ရည်သောက်ဖို့ခေါ်မည်။နောက်ဆုံး လိပ်စာမေးမည်။ကိုယ့်အိမ်ကိုယ်ရောက်ပြီးကြရင် လိပ်စာအတိုင်း အိမ်အလည်လာမည်။သူ့သမီးကိုတွေ့မည်။သမီးနှင့်ပါ ရင်းနှီးလာမည်။သမီးကို ရည်းစားစကားပြောမည်။ သမီးနှင့်ချစ်ကြိုက်မည်။သူ့ဆီမှာ သမီးနှင့် လက်ထပ်ခွင့်တောင်းမည်။ဒီလိုအကြံအစည်ကို ကြိုတင်သိနေရက်နှင့် အချိန်မေးတာကို ဘာလို့ပြောရမှာလဲဟု ပိုင်ပိုင်နိုင်နိုင်ရှင်းပြသည်။

လူငယ်လေး ငုတ်တုတ်မေ့သွားသည်။ဘာဆက်ပြောရမှန်းမသိတော့။သူပြောတာရိုးရိုးလေးပါ။အချိန်သိချင်လို့ မေးမိတာပါ။ဒါကို တစ်မျှော်တစ်ခေါ် ထောင့်စေ့စေ့နှင့် စဉ်းစားတတ်သည့် အဖိုးကြီး၏ အတွေးကို လက်ဖျားခါသွားသည်။

အတွေးတစ်ခုဟာ အလွန်အရေးကြီးပါသည်။အတွေးတစ်ခုကြောင့် ကိုယ့်လက်ထဲမှာရှိတဲ့ ပစ္စည်းတစ်ခုကို အခြားတစ်ယောက်အတွက် ပေးဆပ်ကူညီတတ်သည်။အခြားသူကိုမပေးဘဲ ကိုယ့်ဘာသာ တန်ဖိုးထား ထိန်းသိမ်းပြီးလည်း နေတတ်သည်။လက်ထဲက ကိုယ့်ပစ္စည်းတစ်ခုတည်းနှင့် မရောင့်ရဲနိုင်ဘဲ အခြားသူဆီက ပစ္စည်းတစ်ခု (ပို၍လောဘ တက်လာလျှင်) နှစ်ခု၊ သုံးခု၊ များစွာ မတရားယူတတ်ကြသည်။

တကယ်တော့ အတွေးတစ်ချက်ကြောင့် အမျိုးမျိုးဖြစ်သွားတတ်ကြတာပါ။ကောင်းသည့်အတွေးကို တစ်ခါနှစ်ခါမက မြတ်မြတ်နိုးနိုးတွေးလာလျှင် အကျင့်ဖြစ်ပြီး ‘အကောင်းမြင်’ လာသည်။မကောင်းသည့်အတွေးကို ထပ်ကာထပ်ကာတွေးပြီး အကျင့်ဖြစ်ကာ ‘မကောင်းမြင်’ လာသည်။

တွေ့သမျှ၊ ရှိသမျှ လူတွေအားလုံး ကျန်းမာချမ်းသာစေချင်သည့် မေတ္တာအတွေး။တစ်နေ့နေ့၊ တစ်ချိန်ချိန် အိုရမှာပဲ၊ နာရမှာပဲ၊ သေရမှာပဲဆိုသည့် အနိစ္စအတွေး။သင်္ခါရအတွေး။ဘယ်သူ့ကိုမှလည်း မထိခိုက်ဘဲ ကိုယ့်အတွက်အကျိုးရှိသည့် အကျင့်ကောင်းကို တွေ့ရသည်။

အချို့ကျတော့ ကိုယ့်ထက်သာသူ မရှိစေချင်။ကိုယ့်ပစ္စည်းကို ဘယ်သူမှ မထိစေချင်။မကြည့်စေချင်။သူများပစ္စည်းကို ပိုင်ဆိုင်ချင်။ကိုယ်နှင့် မပြေလည်သူကို လောကကြီးမှာ မရှိစေချင်။ထိုသို့ မကောင်းအမြင်နှင့် တွေးတတ်သည့် အကျင့်ဆိုးလည်း ရှိပြန်သည်။

စကားပြောသည့်အခါလည်း တစ်ယောက်နှင့် တစ်ယောက် အကျင့်ချင်းမတူကြပေ။အချို့က စကားနည်းသည်။အချို့က စကားများသည်။အချို့က ခပ်လေးလေးပြောတတ်ပြီး၊ အချို့က စကားပြောမြန်သည်။အချို့က လိုရင်းတိုရှင်းပြော၍၊ အချို့က သိုင်းဝိုင်းချဲ့ကား ပြောတတ်သည်။အချို့ကျတော့ သူများမကောင်းကြောင်း မပါလျှင် စကားမပြောတတ်ကြ။တရားစကားပြောနေရင်းတောင် ဘယ်ဆရာတော်က ဘယ်တရားက ဘယ်လိုမကောင်းတာ စသည်ဖြင့် ရှက်ရမှန်း၊ ကြောက်ရမှန်းမသိ ‘တရားဝိုင်း’ မှာ ‘မတရားစကား’ တွေ ပြောကြသည်။

အမူအရာအားဖြင့်လည်း အကျင့်အမျိုးမျိုးရှိသည်။အချို့က ကျီးကန်းတောင်းမှောက် ဣန္ဒြေမရ ကြည့်တတ်၏။အချို့က ရှေ့တည့်တည့်သာ အာရုံထား၍ ဣန္ဒြေရရ ကြည့်၏။သိမ်သိမ်မွေ့မွေ့ လမ်းလျှောက်သူရှိသလို မြန်မြန်လျှောက်သူလည်းရှိသည်။အချို့က အသားပါမှ ထမင်းစားသည်။အချို့က အသီးအရွက်ပဲစားသည်။အချို့က စိတ်ရှည်၍ အချို့က ဒေါသကြီးသည်။အချို့က သတ္တဝါအသက်သတ်ရမှာ ကြောက်သည်။အချို့ကတော့ သူများအသက်သတ်ချင်စိတ် ပြင်းပြတတ်သည်။

ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးရှိသော အကျင့်ကောင်းရှိသကဲ့သို့ ကိုယ့်အတွက်လည်း အကျိုးမရှိ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း အကျိုးကျေးဇူးယုတ်စေသည့် အကျင့်ဆိုးများလည်း ရှိလေသည်။

တကယ်တော့ အကျင့်ဆိုးသည် မည်သူ့ထံတွင်မှ ရှိနေတာ မကောင်းပါ။အထူးသဖြင့် ကိုယ့်ဦးဆောင်မှုနောက်မှာ ပရိသတ်ရှိနေတတ်သော အိမ်ထောင်ဦးစီးယောင်္ကျား၊ တပည့်များကို ပညာသင်ပေးရသောဆရာ၊ လမ်းတစ်လမ်း၊ ရွာတစ်ရွာ၊ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်၊ သာသနာကို စောင့်ရှောက်ဖြန့်ဝေနေရသော လူ၊ ရဟန်းတို့သည် ပို၍ ဂရုတစိုက် ဆန်းစစ်သင့်သည်ဟု ထင်ပါသည်။

အကျင့်ကောင်းရနေလျှင် ကောင်းသည်ထက်ကောင်းအောင် ထိန်းသိမ်းသွားရန် လိုအပ်သကဲ့သို့ အကျင့်ဆိုးရနေလျှင်လည်း ထိုအကျင့်ဆိုးကို ပျောက်ပျက်သွားအောင် ပြုပြင်သင့်လေသည်။

“One bad habit can spoil a dozen of good ones.” ဆိုသလို အကျင့်ဆိုးတစ်ခုသည် အကျင့်ကောင်း တစ်ဒါဇင်ကို ဖျက်ဆီးပစ်နိုင်၏။

အကျင့်တစ်ခုကို ပြုပြင်ရန် ခက်ခဲလှသည်ဆိုသော်လည်း မပြင်ဘဲထားလျှင် တစ်နေ့တခြား ပို၍ဆိုးလာမည်ဖြစ်၍ ကြိုးစားပြုပြင်ကြရပါမည်။

အကျင့်ဆိုတာ ကိုယ်လုပ်ခဲ့တာဖြစ်၍ ကိုယ်ပြန်ပြင်လျှင် ရရပေမည်။အကျင့်တစ်ခုကို ပြင်ချင်စိတ်မရှိပါဘဲ အခြေအနေနှင့် အချိန်အခါအရ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိအောင်မသိစိတ်မှ မကြာခဏ ပြုပြင်နေတတ်ကြပါသည်။

လူတစ်ယောက်သည် သူ့မိသားစု၊ သူ့မိတ်ဆွေ သူငယ်ချင်းတွေကြားမှာ ဆဲဆိုပြောဆိုနေတတ်သော်လည်း တစိမ်းတွေကြားထဲ ရောက်သောအခါ သို့မဟုတ် လုပ်ငန်းခွင်ဝင်၍ အကြီးအကဲများနှင့် ဆက်ဆံရသောအခါ ထိုဆဲဆိုမှုများ လျော့သွားတတ်၏။ဆဲဆိုကျင့်က ပျောက်ကွယ်သွားသည်မဟုတ်ဘဲ အခြေအနေအရ မသင့်တော်မှန်းသိ၍ ယာယီပြုပြင်ခဲ့ခြင်းသာ ဖြစ်၏။

အအိပ်ကြမ်းသူတစ်ယောက်သည် သူ့အိမ်မှာ ဖြစ်သလို အိပ်တတ်သော်လည်း အများနှင့်ခရီးသွား၍ လူအများ စုပေါင်းအိပ်ကြသည့်အခါမျိုးတွင် ပြုပြုပြင်ပြင်နှင့် သတိထားအိပ်လေ့ရှိ၏။သတိထား၍ မပြုပြင်မိသောအခါ လူကြားထဲ အရှက်ကွဲတတ်ပါသည်။

ကိုယ့်အိမ်မှာ အစားကြီး၍ ထမင်းကို နှစ်ပန်းကန်၊ သုံးပန်းကန် စားလေ့ရှိသောသူသည် သူများအိမ်မှာ ဧည့်သည်သွားလုပ်သည့်အခါ ကိုယ့်အိမ်မှာစားသည့်အတိုင်း စားမိ၍ အဝေဖန်ခံရတတ်ပါသည်။လူများစုကတော့ မူလအကျင့်ကို ပြုပြင်၍ ထမင်းလျော့စားတတ်ကြပါသည်။

ထူးထူးခြားခြား လူမှုရေးကြည့်လွန်းသူတစ်ယောက် တွေ့ဖူးပါသည်။ သူငယ်ချင်းအရာရှိတစ်ယောက်ဖြစ်သည်။သူ့အကျင့်က ခက်ရင်းနှင့် ဇွန်းနှင့် သေသေသပ်သပ်စားသည်။တစ်ပန်းကန်ခန့်သာ စားသည်။အချဉ်အစပ်ကို သိပ်မကြိုက်။အလုပ်အားရက် တစ်နေ့တွင် လမ်းကြုံသဖြင့် သူ့တပည့်တစ်ယောက်အိမ် ဝင်ဖြစ်သည်။သာမန်ရပ်ကွက်တစ်ခုမှာ ငှားနေရသော အိမ်ဖြစ်သည်။
အိမ်ထောင်ကျခါစဖြစ်ပြီး လင်မယားနှစ်ယောက်တည်းနေသည်။သူရောက်ချိန်က ထမင်းစားချိန်ဖြစ်နေ၍ လင်မယားနှစ်ယောက် ထမင်းဝိုင်းပြင်နေပြီ။ဟင်းမကောင်း၍ သူ့ကို ထမင်းစားခေါ်ရန်ပင် အားနာကြောင်း လင်မယား နှစ်ယောက်လုံးက ပြောလာသည်။သူ့စိတ်ထဲမှာ တပည့်လင်မယားကို အားမငယ်စေချင်သဖြင့် အတူဝင်စားကာ အားပေးချင်သည်။ထမင်းဝိုင်းကိုကြည့်လိုက်တော့ ဆန်ကြမ်းကိုချက်ထားသောထမင်း။ငရုတ်သီးမှုန့် ရဲနေသော ငပိရည်ခွက်၊ သခွားသီးစိတ်နှင့် ကြက်သွန်နီဥကို စိတ်ထားသော တို့စရာ၊ ကန်စွန်းရွက်ကြော် တစ်ပန်းကန်။တပည့်လင်မယား၏ စိတ်ထဲမှာ သူ့ကိုစားစေချင်သော်လည်း လက်တွေ့မှာမူ အားနာပြီး မစားစေချင်ကြ။သူကတော့ ပြောင်းပြန်။စိတ်ထဲမှာ မစားချင်သော်လည်း လက်တွေ့မှာတော့ အားပေးချင်စိတ်နှင့် ‘ဗိုက်ဆာနေတာနဲ့ အတော်ပဲ’ ဟု ဆိုကာ ထမင်းဝိုင်းမှာ ဝင်ထိုင်သည်။ငပိရည်ဆမ်း နယ်ဖတ်ကာ နှစ်ပန်းကန်ကုန်အောင် စားခဲ့သည်။တပည့်လင်မယားက ဝမ်းသာမျက်ရည်များနှင့် ကျန်ခဲ့သည်။သူကတော့ မအီမလည်ဖြစ်နေ၍ ဘယ်မှမသွားနိုင်ဘဲ အိမ်တန်းပြန်ခဲ့ရသည်။တစ်နေ့လုံး တစ်ညလုံး ဗိုက်တွေရစ်နာပြီး ရေအိမ်ထဲက မထွက်ရလောက်အောင် ဖြစ်ခဲ့သည်။စာရေးသူတို့ သူငယ်ချင်းတစ်စုဆုံကြ၍ သူ့အကြောင်းသိရတော့ ရယ်မဆုံးကြ။

အစ်ကိုဝမ်းကွဲတစ်ယောက်ဆိုလျှင် လူပျိုကတည်းက အရက်ကို စွဲစွဲမြဲမြဲသောက်သည်။အိမ်ထောင်ကျ၍ သားသမီးငါးယောက်သာရသည်။အရက်ကမပြတ်။ညနေတိုင်းသောက်သည်။ထူးခြားတာက လွန်ခဲ့သည့် လေး၊ ငါးနှစ်ခန့်က စပြီး ဝါတွင်းသုံးလရောက်တိုင်း အရက်မသောက်ဘဲနေသည်။ဝါကျွတ်တော့ ပြန်သောက်သည်။ဆိုလိုချင်သည်မှာ ကြာရှည်စွဲမြဲနေသည့် အလေ့အကျင့်ကို ယတိပြတ် မပြုပြင်ဖြစ်သည့်တိုင် အားနာ၍ဖြစ်စေ၊ ရှက်ကြောက်၍ဖြစ်စေ၊ အပြတ်မဖြတ်နိုင်သေး၍ဖြစ်စေ၊ လူမှုရေးလိုအပ်ချက်အရဖြစ်စေ၊ တာဝန်ဝတ္တရားအရ မလုပ်မဖြစ်၍ဖြစ်စေ ပြုပြင်နေတတ်ကြပါသည်။

လူကြီးဘဝရောက်၍ တာဝန်ဝတ္တရားအရ ငယ်ကျင့်များပျောက်သွားရသည့် မောင်လူအေး အကြောင်းကို ဆရာ သိပ္ပံမောင်၀ ၏ ‘နိဗ္ဗာန်ဆော်’ စာစုလေးထဲမှ တင်ပြချင်ပါသည်။

မောင်လူအေး ၄၊ ၅၊ ၆ တန်းမှာတုန်းက ဘွားဒွေးကြီး သုံးကြိမ်တိုင်တိုင်နှိုးမှ အိပ်ရာမှထ၍ ကျောင်းသို့သွားလေ့ရှိသည်။ပထမအကြိမ် နှိုးလျှင် မထသေး။ကိစ္စမရှိ။ဒုတိယအကြိမ် နှိုးလျှင် မထသေး။ဘွားဒွေးကြီး ဆူလေသည်။တတိယအကြိမ် နှိုးလျှင် မထဘဲ မနေဝံ့တော့ပြီ။တတိယအကြိမ် နှိုး၍မှ မထဘဲနေ ဘွားဒွေးကြီး စိတ်ဆိုးသဖြင့် ဝါးခြမ်းဖြင့် ဆော်လေတော့မည်။
ဤကား မောင်လူအေး အအိပ်ကြီးသော ဂုဏ်ထူးဝိသေသပင်တည်း။မောင်လူအေး ကျောင်းမှထွက်၍ အလုပ်အကိုင်နှင့် ဖြစ်လာသောအခါ ထိုဂုဏ်ထူးကြီးမှာ အနည်းငယ်လျော့၍သွားလေသည်။ကျောင်းသားဘဝတုန်းက တာဝန်တွေ မများသေးပေ။ယခုကား တာဝန်တွေများလာလေပြီ။ငယ်ငယ်တုန်းက ဘွားဒွေးကြီး ဝါးခြမ်းကို ကြောက်သောကြောင့် အိပ်ရာမှ စောစောထခဲ့ရ၏။
ယခုမူကား တာဝန်ဝါးခြမ်းကို ကြောက်သောကြောင့် စောစော အိပ်ရာမှထလေ့ရှိပေသည်။တာဝန်ဝါးခြမ်းက ဘွားဒွေးကြီး၏ ဝါးခြမ်းထက် အဆတစ်ရာမက တန်ခိုးကြီးမားပေသေး၏။အိပ်မောကျနေရင်း ဆတ်ခနဲလန့်၍နိုးအောင်ပင် တတ်နိုင်သော တာဝန်ဝါးခြမ်းပေတည်။

ဆိုလိုသည်မှာ မောင်လူအေး၏ အကျင့်က အအိပ်ကြီးတာ။ ဘွားဒွေးကြောင့် မကြာခဏ အကျင့်ကို ပြင်ပြင်နေရသည်။တာဝန်ထမ်းဆောင်လာသောအခါ အကျင့်ကို ပြင်ပြီးသလောက် ဖြစ်နေပေပြီ။

တကယ်တော့ ‘အကျင့်’ ဆိုတာ ပြင်ဖို့မလွယ်ခြင်းသာ ဖြစ်ပါသည်။ ပြင်၍မရခြင်းတော့မဟုတ်ပါ။ပြင်ခြင်း၊ မပြင်ခြင်းကတော့ ထိုလူသည် လူကောင်း ဟုတ်၊ မဟုတ် ဦးစီးဦးဆောင်ကောင်း ဟုတ်၊ မဟုတ်ကို တိုင်းတာသော ပေတံတစ်ချောင်း ဖြစ်ပေလိမ့်မည်။

ရိုက်မောင်း
မတ် - ၂၁

( Zawgyi )

တစ္ေန႔။

တစ္ေယာက္တည္း လက္ဖက္ရည္ဆိုင္ထိုင္ေနစဥ္၊ တစ္ဘက္ဝိုင္းမွ လူငယ္ငါးေယာက္၏ ရင္းရင္းႏွီးႏွီးႏွင့္ ရယ္ေမာေျပာဆိုေနတာကိုၾကည့္ရင္း ၾကည္ႏူးေနမိသည္။လူငယ္ဘဝ၏ လြတ္လပ္ပုံ၊ ခ်စ္စရာေကာင္းပုံကိုလည္း ကိုယ္ေတြ႕ႏွင့္ယွဥ္ကာ ဆြတ္ပ်ံ႕စြာ ခံစားမိသည္။

ခဏအၾကာမွာ သူတို႔ဝိုင္းသို႔ အသက္သုံးဆယ္ေက်ာ္ လူ႐ြယ္တစ္ေယာက္ ထပ္ေရာက္လာသည္။အေစာပိုင္းက ဆူညံေနေသာ စကားဝိုင္းေလး တိတ္ဆိတ္သြားကာ အာေပါင္အာရင္းသန္သန္ႏွင့္ ေျပာေနေသာ ေနာက္မွေရာက္လာေသာ လူ႐ြယ္၏ အသံတစ္သံတည္းကသာ လႊမ္းမိုးေနေတာ့သည္။ႂကြားႂကြားဝါဝါႏွင့္ ကိုယ္ရည္ေသြးေျပာဆိုေသာ သူ႔စကားမ်ားအရ၊ မေလးရွားမွာ အလုပ္သြားလုပ္ဖူးေၾကာင္း သိလိုက္ရသည္။တစ္နာရီခန႔္အၾကာမွာ ထိုလူ႐ြယ္ ထျပန္သြားသည္။သည္ေတာ့မွ လူငယ္ေလးမ်ားထံမွ အသံျပန္ထြက္လာသည္။

“တကယ္စိတ္ေလတယ္ကြာ။ေစာေစာက တက္ႂကြေနတဲ့စိတ္ေတြေတာင္ ဘယ္ေရာက္ကုန္လဲ မသိေတာ့ဘူး။ သူႂကြားခ်င္ရာႂကြားၿပီး သူ႔လက္ဖက္ရည္ဖိုးေတာင္ သူရွင္းမသြားဘူး”

တစ္ေယာက္က ထိုသို႔ေျပာလိုက္ေတာ့ အျခားတစ္ေယာက္က “အဲဒါေပါ့ကြ၊ အစ္မေပးရတာမတန္တဲ့ ေယာက္ဖမ်ိဳးဆိုတာ။မင္းမ်က္ႏွာနဲ႔မို႔ ေတာ္ေတာ္သည္းခံလိုက္ရတယ္။ အေတာ္အလိုက္ကမ္းဆိုး မသိတဲ့လူ”

ေနာက္တစ္ေယာက္က “ေတာ္ၾကပါေတာ့ကြာ။သူ႔အက်င့္လည္း မင္းတို႔သိရက္သားနဲ႔”

လက္ဖက္ရည္ဆိုင္မွ ျပန္ခဲ့ေသာ္လည္း ေတြးစရာကပါလာသည္။လူသားတို႔၏ ကိုယ္စီအက်င့္မ်ားအေၾကာင္း။သူမ်ားအတြက္ မစဥ္းစားေပးဘဲ ကိုယ္ေျပာခ်င္ရာ စြတ္ေျပာတတ္သည့္အက်င့္။ဘယ္လိုမွ မၾကည္ျဖဴ၊ လက္မခံ၊ မဆက္ဆံခ်င္ေသာ္လည္း သူငယ္ခ်င္းမ်က္ႏွာ ေထာက္ထားၿပီး သည္းခံႏိုင္သည့္ အက်င့္။တခ်ိဳ႕ကေတာ့ ထင္တာေလးေတြ၊ ျမင္တာေလးေတြ၊ သိတာေလးေတြ၊ ၿငိတာေလးေတြ၊ ရွိေစခ်င္တာေတြ၊ ျဖစ္ေစခ်င္တာေတြကို စာေရးၿပီးေျပာခ်င္သည့္အက်င့္။အဲဒါကေတာ့ စာေရးသူတို႔ အက်င့္ေပါ့။

အက်င့္ဆိုတာ ၾကာရွည္စြဲၿမဲေနတဲ့ အေလ့အထပါ။တစ္ခုခုကို စြဲစြဲၿမဲၿမဲလုပ္လာၿပီဆိုရင္ အက်င့္ပါလာၿပီလို႔ ေျပာၾကပါသည္။လုပ္တဲ့အႀကိမ္အေရအတြက္ မ်ားလာေလေလ အက်င့္ကၿမဲလာေလေလ၊ လုပ္တဲ့အခ်ိန္ၾကာေလေလ အက်င့္ကစြဲလာေလေလပါ။

အႀကိမ္မ်ားစြာ အခ်ိန္မ်ားစြာ စြဲစြဲၿမဲၿမဲလုပ္လာၿပီဆိုမွေတာ့ ထိုအက်င့္ကို လက္ခံထားလို႔ေပါ့။ဘာေၾကာင့္လက္ခံထားသလဲ။ႏွစ္သက္လို႔ပဲ ျဖစ္ပါသည္။ဒါေလာက္ ႏွစ္ႏွစ္သက္သက္ႏွင့္ အခ်ိန္ၾကာၾကာ လုပ္ခဲ့တဲ့အက်င့္တစ္ခုကို ဘယ္သူကမွ စြန႔္ပစ္ခ်င္မည္ မဟုတ္ပါ။သို႔ေသာ္လည္း ထိုအက်င့္က မိမိအတြက္၊ သူတစ္ပါးအတြက္ မေကာင္းက်ိဳးေပးေနတာကို ကိုယ္တိုင္သိလာၿပီဆိုရင္ေတာ့ စြန႔္ပစ္ခ်င္လာမွာပါ။

လြယ္သလားဆိုေတာ့ မလြယ္လွပါဘူး။အက်င့္ဆိုးမွန္းသိပါရက္၊ စြန႔္ပစ္သင့္မွန္းသိပါရက္၊ ႀကိဳးစားၿပီးေတာ့လည္း စြန႔္ပစ္ေနပါရက္နဲ႔ေတာင္ တြယ္ကပ္ေနတတ္တာ အက်င့္ပါ။မစြန႔္ပစ္ဘဲ၊ စြန႔္ပစ္သင့္မွန္းမသိဘဲ၊ မေကာင္းမွန္းေတာင္ မသိဘဲေနရင္ ‘အက်င့္’ ဆိုတာႀကီးက အနားက တစ္ဖဝါးမွမခြာဘဲ တစ္စကၠန႔္မွ မလစ္လပ္ဘဲ ပူးကပ္ေနသြားေတာ့မွာပါ။ဘဝတစ္သက္တာမက တစ္သံသရာလုံးေတာင္ တြယ္ကပ္လိုက္ေနပါလိမ့္မည္။

ေယဘုယ်အားျဖင့္ လူမ်ားစုက အက်င့္ဆိုးကို ႏွစ္သက္စရာအျဖစ္ အလြယ္တကူ လက္ခံတတ္ၿပီး အက်င့္ေကာင္းကို ၿငီးေငြ႕စရာအျဖစ္ အလြယ္တကူ ျငင္းပယ္တတ္ပါသည္။

ကိုယ္၊ ႏႈတ္၊ ႏွလုံး သုံးပါးလုံးမွာ အက်င့္ျဖစ္တတ္ပါသည္။ေတြးေနက်လူဟာ ေတြးေနမွာပါ။ေတြးရင္း ေတြးရင္း ဒီအေတြးအေပၚ သာယာလာမည္။အၿမဲေတြးတတ္လာမည္။ေတြးတဲ့အက်င့္ ရလာၿပီေပါ့။အခ်ိဳ႕က ေပါ့ေပါ့ပါးပါး ေတြးတတ္သည္။အခ်ိဳ႕က ေလးေလးနက္နက္ ေတြးတတ္သည္။အခ်ိဳ႕က ဘယ္ေလာက္ျပႆနာႀကီးႀကီး အေလးအနက္ထားၿပီး မေတြးတတ္။အခ်ိဳ႕က်ျပန္ေတာ့ ဘာမဟုတ္တာေလးကို ပုံႀကီးခ်ဲ႕၍ ေတြးတတ္၏။

ဖတ္ဖူးသည့္ ဟာသေလးတစ္ခုကို ေျပာျပခ်င္သည္။တစ္ေန႔ ရထားတစ္စီးေပၚမွာ ခရီးသြားရင္း အဖိုးႀကီးတစ္ေယာက္ႏွင့္ လူငယ္ေလးတစ္ေယာက္ ဆုံမိသည္။အမွတ္တမဲ့ ခရီးသြားေဖၚအျဖစ္ေပါ့။လူငယ္ေလးက အဖိုးႀကီးကို ဘယ္ႏွနာရီထိုးၿပီလဲ ေမးမိသည္။အဖိုးႀကီးက အဖက္မတန္သလိုေနသည္။လူငယ္ေလးခမ်ာ နားမလည္ႏိုင္သလို ျဖစ္မိသည္။ဘာေၾကာင့္ သူ႔အေမးကို မေျဖတာ သူသိခ်င္သည္။သူဘာအျပစ္လုပ္မိလဲေပါ့။သူခံစားမိတာ သဘာဝက်ပါသည္။နာရီေလးၾကည့္ၿပီး အလြယ္တကူေျဖလို႔ ရႏိုင္တာပဲ။ေတာင္းေတာင္းပန္ပန္ႏွင့္ ေမးလြန္းမက ေမးေတာ့မွ အဖိုးႀကီးက ပညာရွိေလသံႏွင့္ ပိုင္ပိုင္ႏိုင္ႏိုင္ ျပန္ေျဖသည္။လူငယ္ေလး၏ အႀကံအစည္ ရည္႐ြယ္ခ်က္ကို ႀကိဳသိေနသည့္ပုံစံႏွင့္။လူငယ္ေလးက အခ်ိန္ေမးၿပီး သူ႔အေပၚရင္းႏွီးမႈယူမည္။စာေစာင္၊ မဂၢဇင္း ငွားမည္။လဲဖတ္မည္။လက္ဖက္ရည္ေသာက္ဖို႔ေခၚမည္။ေနာက္ဆုံး လိပ္စာေမးမည္။ကိုယ့္အိမ္ကိုယ္ေရာက္ၿပီးၾကရင္ လိပ္စာအတိုင္း အိမ္အလည္လာမည္။သူ႔သမီးကိုေတြ႕မည္။သမီးႏွင့္ပါ ရင္းႏွီးလာမည္။သမီးကို ရည္းစားစကားေျပာမည္။ သမီးႏွင့္ခ်စ္ႀကိဳက္မည္။သူ႔ဆီမွာ သမီးႏွင့္ လက္ထပ္ခြင့္ေတာင္းမည္။ဒီလိုအႀကံအစည္ကို ႀကိဳတင္သိေနရက္ႏွင့္ အခ်ိန္ေမးတာကို ဘာလို႔ေျပာရမွာလဲဟု ပိုင္ပိုင္ႏိုင္ႏိုင္ရွင္းျပသည္။

လူငယ္ေလး ငုတ္တုတ္ေမ့သြားသည္။ဘာဆက္ေျပာရမွန္းမသိေတာ့။သူေျပာတာ႐ိုး႐ိုးေလးပါ။အခ်ိန္သိခ်င္လို႔ ေမးမိတာပါ။ဒါကို တစ္ေမွ်ာ္တစ္ေခၚ ေထာင့္ေစ့ေစ့ႏွင့္ စဥ္းစားတတ္သည့္ အဖိုးႀကီး၏ အေတြးကို လက္ဖ်ားခါသြားသည္။

အေတြးတစ္ခုဟာ အလြန္အေရးႀကီးပါသည္။အေတြးတစ္ခုေၾကာင့္ ကိုယ့္လက္ထဲမွာရွိတဲ့ ပစၥည္းတစ္ခုကို အျခားတစ္ေယာက္အတြက္ ေပးဆပ္ကူညီတတ္သည္။အျခားသူကိုမေပးဘဲ ကိုယ့္ဘာသာ တန္ဖိုးထား ထိန္းသိမ္းၿပီးလည္း ေနတတ္သည္။လက္ထဲက ကိုယ့္ပစၥည္းတစ္ခုတည္းႏွင့္ မေရာင့္ရဲႏိုင္ဘဲ အျခားသူဆီက ပစၥည္းတစ္ခု (ပို၍ေလာဘ တက္လာလွ်င္) ႏွစ္ခု၊ သုံးခု၊ မ်ားစြာ မတရားယူတတ္ၾကသည္။

တကယ္ေတာ့ အေတြးတစ္ခ်က္ေၾကာင့္ အမ်ိဳးမ်ိဳးျဖစ္သြားတတ္ၾကတာပါ။ေကာင္းသည့္အေတြးကို တစ္ခါႏွစ္ခါမက ျမတ္ျမတ္ႏိုးႏိုးေတြးလာလွ်င္ အက်င့္ျဖစ္ၿပီး ‘အေကာင္းျမင္’ လာသည္။မေကာင္းသည့္အေတြးကို ထပ္ကာထပ္ကာေတြးၿပီး အက်င့္ျဖစ္ကာ ‘မေကာင္းျမင္’ လာသည္။

ေတြ႕သမွ်၊ ရွိသမွ် လူေတြအားလုံး က်န္းမာခ်မ္းသာေစခ်င္သည့္ ေမတၱာအေတြး။တစ္ေန႔ေန႔၊ တစ္ခ်ိန္ခ်ိန္ အိုရမွာပဲ၊ နာရမွာပဲ၊ ေသရမွာပဲဆိုသည့္ အနိစၥအေတြး။သခၤါရအေတြး။ဘယ္သူ႔ကိုမွလည္း မထိခိုက္ဘဲ ကိုယ့္အတြက္အက်ိဳးရွိသည့္ အက်င့္ေကာင္းကို ေတြ႕ရသည္။

အခ်ိဳ႕က်ေတာ့ ကိုယ့္ထက္သာသူ မရွိေစခ်င္။ကိုယ့္ပစၥည္းကို ဘယ္သူမွ မထိေစခ်င္။မၾကည့္ေစခ်င္။သူမ်ားပစၥည္းကို ပိုင္ဆိုင္ခ်င္။ကိုယ္ႏွင့္ မေျပလည္သူကို ေလာကႀကီးမွာ မရွိေစခ်င္။ထိုသို႔ မေကာင္းအျမင္ႏွင့္ ေတြးတတ္သည့္ အက်င့္ဆိုးလည္း ရွိျပန္သည္။

စကားေျပာသည့္အခါလည္း တစ္ေယာက္ႏွင့္ တစ္ေယာက္ အက်င့္ခ်င္းမတူၾကေပ။အခ်ိဳ႕က စကားနည္းသည္။အခ်ိဳ႕က စကားမ်ားသည္။အခ်ိဳ႕က ခပ္ေလးေလးေျပာတတ္ၿပီး၊ အခ်ိဳ႕က စကားေျပာျမန္သည္။အခ်ိဳ႕က လိုရင္းတိုရွင္းေျပာ၍၊ အခ်ိဳ႕က သိုင္းဝိုင္းခ်ဲ႕ကား ေျပာတတ္သည္။အခ်ိဳ႕က်ေတာ့ သူမ်ားမေကာင္းေၾကာင္း မပါလွ်င္ စကားမေျပာတတ္ၾက။တရားစကားေျပာေနရင္းေတာင္ ဘယ္ဆရာေတာ္က ဘယ္တရားက ဘယ္လိုမေကာင္းတာ စသည္ျဖင့္ ရွက္ရမွန္း၊ ေၾကာက္ရမွန္းမသိ ‘တရားဝိုင္း’ မွာ ‘မတရားစကား’ ေတြ ေျပာၾကသည္။

အမူအရာအားျဖင့္လည္း အက်င့္အမ်ိဳးမ်ိဳးရွိသည္။အခ်ိဳ႕က က်ီးကန္းေတာင္းေမွာက္ ဣေျႏၵမရ ၾကည့္တတ္၏။အခ်ိဳ႕က ေရွ႕တည့္တည့္သာ အာ႐ုံထား၍ ဣေျႏၵရရ ၾကည့္၏။သိမ္သိမ္ေမြ႕ေမြ႕ လမ္းေလွ်ာက္သူရွိသလို ျမန္ျမန္ေလွ်ာက္သူလည္းရွိသည္။အခ်ိဳ႕က အသားပါမွ ထမင္းစားသည္။အခ်ိဳ႕က အသီးအ႐ြက္ပဲစားသည္။အခ်ိဳ႕က စိတ္ရွည္၍ အခ်ိဳ႕က ေဒါသႀကီးသည္။အခ်ိဳ႕က သတၱဝါအသက္သတ္ရမွာ ေၾကာက္သည္။အခ်ိဳ႕ကေတာ့ သူမ်ားအသက္သတ္ခ်င္စိတ္ ျပင္းျပတတ္သည္။

ကိုယ့္အတြက္ေရာ အမ်ားအတြက္ပါ အက်ိဳးရွိေသာ အက်င့္ေကာင္းရွိသကဲ့သို႔ ကိုယ့္အတြက္လည္း အက်ိဳးမရွိ ကိုယ့္ပတ္ဝန္းက်င္အတြက္လည္း အက်ိဳးေက်းဇူးယုတ္ေစသည့္ အက်င့္ဆိုးမ်ားလည္း ရွိေလသည္။

တကယ္ေတာ့ အက်င့္ဆိုးသည္ မည္သူ႔ထံတြင္မွ ရွိေနတာ မေကာင္းပါ။အထူးသျဖင့္ ကိုယ့္ဦးေဆာင္မႈေနာက္မွာ ပရိသတ္ရွိေနတတ္ေသာ အိမ္ေထာင္ဦးစီးေယာက်ၤား၊ တပည့္မ်ားကို ပညာသင္ေပးရေသာဆရာ၊ လမ္းတစ္လမ္း၊ ႐ြာတစ္႐ြာ၊ ၿမိဳ႕တစ္ၿမိဳ႕၊ ႏိုင္ငံတစ္ႏိုင္ငံ၏ ေခါင္းေဆာင္၊ သာသနာကို ေစာင့္ေရွာက္ျဖန႔္ေဝေနရေသာ လူ၊ ရဟန္းတို႔သည္ ပို၍ ဂ႐ုတစိုက္ ဆန္းစစ္သင့္သည္ဟု ထင္ပါသည္။

အက်င့္ေကာင္းရေနလွ်င္ ေကာင္းသည္ထက္ေကာင္းေအာင္ ထိန္းသိမ္းသြားရန္ လိုအပ္သကဲ့သို႔ အက်င့္ဆိုးရေနလွ်င္လည္း ထိုအက်င့္ဆိုးကို ေပ်ာက္ပ်က္သြားေအာင္ ျပဳျပင္သင့္ေလသည္။

“One bad habit can spoil a dozen of good ones.” ဆိုသလို အက်င့္ဆိုးတစ္ခုသည္ အက်င့္ေကာင္း တစ္ဒါဇင္ကို ဖ်က္ဆီးပစ္ႏိုင္၏။

အက်င့္တစ္ခုကို ျပဳျပင္ရန္ ခက္ခဲလွသည္ဆိုေသာ္လည္း မျပင္ဘဲထားလွ်င္ တစ္ေန႔တျခား ပို၍ဆိုးလာမည္ျဖစ္၍ ႀကိဳးစားျပဳျပင္ၾကရပါမည္။

အက်င့္ဆိုတာ ကိုယ္လုပ္ခဲ့တာျဖစ္၍ ကိုယ္ျပန္ျပင္လွ်င္ ရရေပမည္။အက်င့္တစ္ခုကို ျပင္ခ်င္စိတ္မရွိပါဘဲ အေျခအေနႏွင့္ အခ်ိန္အခါအရ ပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြရွိေအာင္မသိစိတ္မွ မၾကာခဏ ျပဳျပင္ေနတတ္ၾကပါသည္။

လူတစ္ေယာက္သည္ သူ႔မိသားစု၊ သူ႔မိတ္ေဆြ သူငယ္ခ်င္းေတြၾကားမွာ ဆဲဆိုေျပာဆိုေနတတ္ေသာ္လည္း တစိမ္းေတြၾကားထဲ ေရာက္ေသာအခါ သို႔မဟုတ္ လုပ္ငန္းခြင္ဝင္၍ အႀကီးအကဲမ်ားႏွင့္ ဆက္ဆံရေသာအခါ ထိုဆဲဆိုမႈမ်ား ေလ်ာ့သြားတတ္၏။ဆဲဆိုက်င့္က ေပ်ာက္ကြယ္သြားသည္မဟုတ္ဘဲ အေျခအေနအရ မသင့္ေတာ္မွန္းသိ၍ ယာယီျပဳျပင္ခဲ့ျခင္းသာ ျဖစ္၏။

အအိပ္ၾကမ္းသူတစ္ေယာက္သည္ သူ႔အိမ္မွာ ျဖစ္သလို အိပ္တတ္ေသာ္လည္း အမ်ားႏွင့္ခရီးသြား၍ လူအမ်ား စုေပါင္းအိပ္ၾကသည့္အခါမ်ိဳးတြင္ ျပဳျပဳျပင္ျပင္ႏွင့္ သတိထားအိပ္ေလ့ရွိ၏။သတိထား၍ မျပဳျပင္မိေသာအခါ လူၾကားထဲ အရွက္ကြဲတတ္ပါသည္။

ကိုယ့္အိမ္မွာ အစားႀကီး၍ ထမင္းကို ႏွစ္ပန္းကန္၊ သုံးပန္းကန္ စားေလ့ရွိေသာသူသည္ သူမ်ားအိမ္မွာ ဧည့္သည္သြားလုပ္သည့္အခါ ကိုယ့္အိမ္မွာစားသည့္အတိုင္း စားမိ၍ အေဝဖန္ခံရတတ္ပါသည္။လူမ်ားစုကေတာ့ မူလအက်င့္ကို ျပဳျပင္၍ ထမင္းေလ်ာ့စားတတ္ၾကပါသည္။

ထူးထူးျခားျခား လူမႈေရးၾကည့္လြန္းသူတစ္ေယာက္ ေတြ႕ဖူးပါသည္။ သူငယ္ခ်င္းအရာရွိတစ္ေယာက္ျဖစ္သည္။သူ႔အက်င့္က ခက္ရင္းႏွင့္ ဇြန္းႏွင့္ ေသေသသပ္သပ္စားသည္။တစ္ပန္းကန္ခန႔္သာ စားသည္။အခ်ဥ္အစပ္ကို သိပ္မႀကိဳက္။အလုပ္အားရက္ တစ္ေန႔တြင္ လမ္းႀကဳံသျဖင့္ သူ႔တပည့္တစ္ေယာက္အိမ္ ဝင္ျဖစ္သည္။သာမန္ရပ္ကြက္တစ္ခုမွာ ငွားေနရေသာ အိမ္ျဖစ္သည္။
အိမ္ေထာင္က်ခါစျဖစ္ၿပီး လင္မယားႏွစ္ေယာက္တည္းေနသည္။သူေရာက္ခ်ိန္က ထမင္းစားခ်ိန္ျဖစ္ေန၍ လင္မယားႏွစ္ေယာက္ ထမင္းဝိုင္းျပင္ေနၿပီ။ဟင္းမေကာင္း၍ သူ႔ကို ထမင္းစားေခၚရန္ပင္ အားနာေၾကာင္း လင္မယား ႏွစ္ေယာက္လုံးက ေျပာလာသည္။သူ႔စိတ္ထဲမွာ တပည့္လင္မယားကို အားမငယ္ေစခ်င္သျဖင့္ အတူဝင္စားကာ အားေပးခ်င္သည္။ထမင္းဝိုင္းကိုၾကည့္လိုက္ေတာ့ ဆန္ၾကမ္းကိုခ်က္ထားေသာထမင္း။င႐ုတ္သီးမႈန႔္ ရဲေနေသာ ငပိရည္ခြက္၊ သခြားသီးစိတ္ႏွင့္ ၾကက္သြန္နီဥကို စိတ္ထားေသာ တို႔စရာ၊ ကန္စြန္း႐ြက္ေၾကာ္ တစ္ပန္းကန္။တပည့္လင္မယား၏ စိတ္ထဲမွာ သူ႔ကိုစားေစခ်င္ေသာ္လည္း လက္ေတြ႕မွာမူ အားနာၿပီး မစားေစခ်င္ၾက။သူကေတာ့ ေျပာင္းျပန္။စိတ္ထဲမွာ မစားခ်င္ေသာ္လည္း လက္ေတြ႕မွာေတာ့ အားေပးခ်င္စိတ္ႏွင့္ ‘ဗိုက္ဆာေနတာနဲ႔ အေတာ္ပဲ’ ဟု ဆိုကာ ထမင္းဝိုင္းမွာ ဝင္ထိုင္သည္။ငပိရည္ဆမ္း နယ္ဖတ္ကာ ႏွစ္ပန္းကန္ကုန္ေအာင္ စားခဲ့သည္။တပည့္လင္မယားက ဝမ္းသာမ်က္ရည္မ်ားႏွင့္ က်န္ခဲ့သည္။သူကေတာ့ မအီမလည္ျဖစ္ေန၍ ဘယ္မွမသြားႏိုင္ဘဲ အိမ္တန္းျပန္ခဲ့ရသည္။တစ္ေန႔လုံး တစ္ညလုံး ဗိုက္ေတြရစ္နာၿပီး ေရအိမ္ထဲက မထြက္ရေလာက္ေအာင္ ျဖစ္ခဲ့သည္။စာေရးသူတို႔ သူငယ္ခ်င္းတစ္စုဆုံၾက၍ သူ႔အေၾကာင္းသိရေတာ့ ရယ္မဆုံးၾက။

အစ္ကိုဝမ္းကြဲတစ္ေယာက္ဆိုလွ်င္ လူပ်ိဳကတည္းက အရက္ကို စြဲစြဲၿမဲၿမဲေသာက္သည္။အိမ္ေထာင္က်၍ သားသမီးငါးေယာက္သာရသည္။အရက္ကမျပတ္။ညေနတိုင္းေသာက္သည္။ထူးျခားတာက လြန္ခဲ့သည့္ ေလး၊ ငါးႏွစ္ခန႔္က စၿပီး ဝါတြင္းသုံးလေရာက္တိုင္း အရက္မေသာက္ဘဲေနသည္။ဝါကြၽတ္ေတာ့ ျပန္ေသာက္သည္။ဆိုလိုခ်င္သည္မွာ ၾကာရွည္စြဲၿမဲေနသည့္ အေလ့အက်င့္ကို ယတိျပတ္ မျပဳျပင္ျဖစ္သည့္တိုင္ အားနာ၍ျဖစ္ေစ၊ ရွက္ေၾကာက္၍ျဖစ္ေစ၊ အျပတ္မျဖတ္ႏိုင္ေသး၍ျဖစ္ေစ၊ လူမႈေရးလိုအပ္ခ်က္အရျဖစ္ေစ၊ တာဝန္ဝတၱရားအရ မလုပ္မျဖစ္၍ျဖစ္ေစ ျပဳျပင္ေနတတ္ၾကပါသည္။

လူႀကီးဘဝေရာက္၍ တာဝန္ဝတၱရားအရ ငယ္က်င့္မ်ားေပ်ာက္သြားရသည့္ ေမာင္လူေအး အေၾကာင္းကို ဆရာ သိပၸံေမာင္၀ ၏ ‘နိဗၺာန္ေဆာ္’ စာစုေလးထဲမွ တင္ျပခ်င္ပါသည္။

ေမာင္လူေအး ၄၊ ၅၊ ၆ တန္းမွာတုန္းက ဘြားေဒြးႀကီး သုံးႀကိမ္တိုင္တိုင္ႏႈိးမွ အိပ္ရာမွထ၍ ေက်ာင္းသို႔သြားေလ့ရွိသည္။ပထမအႀကိမ္ ႏႈိးလွ်င္ မထေသး။ကိစၥမရွိ။ဒုတိယအႀကိမ္ ႏႈိးလွ်င္ မထေသး။ဘြားေဒြးႀကီး ဆူေလသည္။တတိယအႀကိမ္ ႏႈိးလွ်င္ မထဘဲ မေနဝံ့ေတာ့ၿပီ။တတိယအႀကိမ္ ႏႈိး၍မွ မထဘဲေန ဘြားေဒြးႀကီး စိတ္ဆိုးသျဖင့္ ဝါးျခမ္းျဖင့္ ေဆာ္ေလေတာ့မည္။
ဤကား ေမာင္လူေအး အအိပ္ႀကီးေသာ ဂုဏ္ထူးဝိေသသပင္တည္း။ေမာင္လူေအး ေက်ာင္းမွထြက္၍ အလုပ္အကိုင္ႏွင့္ ျဖစ္လာေသာအခါ ထိုဂုဏ္ထူးႀကီးမွာ အနည္းငယ္ေလ်ာ့၍သြားေလသည္။ေက်ာင္းသားဘဝတုန္းက တာဝန္ေတြ မမ်ားေသးေပ။ယခုကား တာဝန္ေတြမ်ားလာေလၿပီ။ငယ္ငယ္တုန္းက ဘြားေဒြးႀကီး ဝါးျခမ္းကို ေၾကာက္ေသာေၾကာင့္ အိပ္ရာမွ ေစာေစာထခဲ့ရ၏။
ယခုမူကား တာဝန္ဝါးျခမ္းကို ေၾကာက္ေသာေၾကာင့္ ေစာေစာ အိပ္ရာမွထေလ့ရွိေပသည္။တာဝန္ဝါးျခမ္းက ဘြားေဒြးႀကီး၏ ဝါးျခမ္းထက္ အဆတစ္ရာမက တန္ခိုးႀကီးမားေပေသး၏။အိပ္ေမာက်ေနရင္း ဆတ္ခနဲလန႔္၍ႏိုးေအာင္ပင္ တတ္ႏိုင္ေသာ တာဝန္ဝါးျခမ္းေပတည္။

ဆိုလိုသည္မွာ ေမာင္လူေအး၏ အက်င့္က အအိပ္ႀကီးတာ။ ဘြားေဒြးေၾကာင့္ မၾကာခဏ အက်င့္ကို ျပင္ျပင္ေနရသည္။တာဝန္ထမ္းေဆာင္လာေသာအခါ အက်င့္ကို ျပင္ၿပီးသေလာက္ ျဖစ္ေနေပၿပီ။

တကယ္ေတာ့ ‘အက်င့္’ ဆိုတာ ျပင္ဖို႔မလြယ္ျခင္းသာ ျဖစ္ပါသည္။ ျပင္၍မရျခင္းေတာ့မဟုတ္ပါ။ျပင္ျခင္း၊ မျပင္ျခင္းကေတာ့ ထိုလူသည္ လူေကာင္း ဟုတ္၊ မဟုတ္ ဦးစီးဦးေဆာင္ေကာင္း ဟုတ္၊ မဟုတ္ကို တိုင္းတာေသာ ေပတံတစ္ေခ်ာင္း ျဖစ္ေပလိမ့္မည္။

႐ိုက္ေမာင္း
မတ္ - ၂၁