【 ဆောင်းပါး 】 ဘာသာရေးနှင့် လူသားတာဝန်

【 ဆောင်းပါး 】 ဘာသာရေးနှင့် လူသားတာဝန်

ကမ္ဘာပေါ်တွင် ကိုးကွယ်ယုံကြည်မှု အမျိုးမျိုးရှိသည့်အနက် ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာ ၄ ခုကို ကိုးကွယ်မှုများပြားရုံသာမက လူသိအများဆုံး ဘာသာကြီး ၄ ခုလည်း ဖြစ်ကြပါသည်။သည်ဘာသာလေးခုအပြင် တခြားယုံကြည်ကိုးကွယ်များလည်း ကမ္ဘာပေါ်တွင် ရှိနေဆဲဖြစ်ပါသည်။ထို့အတူ မည်သည့်ဘာသာကိုမှ မကိုးကွယ်ဘဲ ဘာသာမဲ့အဖြစ် နေထိုင်သူများလည်း ကမ္ဘာပေါ်တွင် များပြားလာပါသည်။

ကိုးကွယ်ယုံကြည်မှုကို အရင်းစစ်လျှင် လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ အားကိုးရှာခြင်းဖြစ်ကြောင်း တွေ့ရှိရပါမည်။ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုသည် အလွန်ဆန်းကြယ်ပေရာ ဘာသာတစ်ခုကို ယုံကြည်နေသူက တခြားဘာသာကို အကောင်းမမြင်ခြင်း၊ မယုံကြည်စေကာမူ မျှတစွာ ရှုမြင်တွေးတော လက်ခံနိုင်ခြင်း စသည့်ဖြစ်ရပ်များလည်း ရှိလာပါသည်။

ကျောက်ခေတ်လူသား ဘဝမှာပင် မီးကို ကိုးကွယ်ခြင်း၊ သစ်ပင်ကြီးများကို ကိုးကွယ်ခြင်း၊ မြေ၊ လေ၊ ရေ စသည့် သဘာဝတရားကို ကိုးကွယ်ခြင်းများအပြင် မြွေနဂါးကို ကိုးကွယ်ခြင်း စသည့် တိရစ္ဆာန်များကိုလည်း ကိုးကွယ်ခဲ့ကြကြောင်း တွေ့ရှိနိုင်ပါသည်။အိန္ဒိယသည် ထူးခြားသော ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အမျိုးမျိုးရှိသည့် နိုင်ငံနှင့် လူမျိုးအဖြစ် ကမ္ဘာတွင် ကျော်ကြားပါသည်။ယခုထိတိုင် အိန္ဒိယတွင် ကြွက်ကို ကိုးကွယ်သူများ ရှိနေဆဲဖြစ်ပါသည်။

ကျောက်ခေတ်လူသားများ တစတစတိုးတက်ယဉ်ကျေးလာပြီး ဘာသာအသီးသီးလည်း ပေါ်ပေါက်လာပါသည်။ဘာသာကြီး ၄ ခုတွင် အထူးခြားဆုံးဘာသာကား ဗုဒ္ဓဘာသာ ဖြစ်ပါသည်။တခြားဘာသာသုံးရပ်တွင် ဘာသာရေးခေါင်းဆောင်အားလုံး (တနည်းအားဖြင့်) ဘုရားအားလုံး တန်ခိုးရှင် ဖန်ဆင်းရှင်များ ဖြစ်ကြပါသည်။ဗုဒ္ဓသည်သာ လူသားဘဝမှ အားထုတ်ခြင်းဖြင့် ဉာဏ်အလင်းရလျက် ဘုရားဖြစ်လာခြင်း ဖြစ်ပါသည်။ကမ္ဘာပေါ်ရှိ ဘာသာရေးခေါင်းဆောင်များက လက်ရှိဘာသာရေးများအနက် ဗုဒ္ဓဘာသာသည် အကောင်းဆုံးဘာသာဖြစ်ကြောင်း လက်ခံထားကြပါသည်။ဘာသာကြီးများကို လေ့လာကြည့်ပါက လောကီလူသားအဖြစ် လိုက်နာရမည့် ကျင့်ဝတ်များကို ပြဌာန်းထားကြပါသည်။ဘာသာ ၄ ခုစလုံး လောကီတွင် ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန် ညွှန်ကြားထားကြောင်း တွေ့ရှိရပါမည်။

လောကုတ္တရာဆိုင်ရာတွင်သာ သိသာစွာကွဲပြားသွားကြပါသည်။ဟိန္ဒူက လိပ်ပြာကောင်၊ အသက်ဝိဉာဏ်ကောင် ရှိသည်ဟု ယုံကြည်သည်။တစ်နည်းအားဖြင့် အတ္တ (တည်မြဲသည်) ဝါဒကို လက်ခံပါသည်။ခရစ်ယာန်များလည်း တဖန်ပြန်နိုးထရှင်သန်မည်ဟု ယုံကြည်ကြပါသည်။အစ္စလာမ်တို့သည် အလ္လာရှင်၏ အမိန့်တော်မြတ်အတိုင်းဟု ယုံကြည်ကြပါသည်။
ဗုဒ္ဓဘာသာသည်သာ လောကသုံးပါးစလုံး(သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက) ရှိ သက်ရှိသက်မဲ့ အရာအားလုံး မတည်မြဲ။အတ္တမဟုတ်  အနတ္တ (မမြဲခြင်း) ဟု ဗုဒ္ဓက ဟောကြားခဲ့ပါသည်။ထို့ပြင် ဗုဒ္ဓဘာသာဝင်များအား ဘုရားက အပြစ်မှ ခွင့်လွှတ်ဟူ၍ မရှိပါ။မိမိလုပ်သမျှ ကောင်းမှု မကောင်းမှု ကံတို့သည် နွားဆွဲရာသို့ ပါလာသည့် လှည်းဘီးရာကဲ့သို့ ထပ်ချပ်မကွာ မိမိနှင့်လိုက်ပါလျက် မိမိကို အကျိုးပြန်ပေးမည်ဟု ဟောကြားဆုံးမထားပါသည်။

သို့ဖြင့် ဘာသာကြီးများအနက် မိမိကိုယ်မိမိ အားကိုးရမည့် ဘာသာနှင့် တန်ခိုးရှင် ဖန်ဆင်းရှင်ကို အားကိုးရသည့် ဘာသာများတွင် သက်သာသည့် ဘာသာကို ကိုးကွယ်သူများပြားခြင်းသည် သဘာဝကျလှပါသည်။ထို့ပြင် ဗုဒ္ဓဘာသာတွင် ကာလာမသုတ်သည် အရေးပါလှပါသည်။ဗုဒ္ဓက ကာလာမသုတ်တွင် လူသားတို့အနေဖြင့် မည်သည့်အရာကိုဖြစ်စေ ကိုယ်ပိုင်ဉာဏ်ဖြင့် စူးစမ်းဆင်ခြင် လေ့လာယုံကြည်ရန် ဟောပြောခဲ့ပါသည်။ငါဘုရားဟောသည်ဟု မယုံကြည်နှင့်။ငါ့မိဘပြောသည်ဟု မယုံကြည်နှင့်။ဆရာသမားပြောသည်ဟု မယုံကြည်နှင့်။အစဉ်အဆက် လက်ခံလာကြသည်ဟု မယုံကြည်နှင့် စသဖြင့် မြတ်စွာဘုရားက ကာလာမသုတ်တွင် ဟောပြောခဲ့ပါသည်။သို့ဖြင့် ဗုဒ္ဓဘာသာသည် သည်ဘာသာကို ယုံကြည်ပါဟု မဲဆွယ်သည့်ဘာသာ မဟုတ်ခဲ့ပေ။

မဲမဆွယ်သည့်ဘာသာ၊ ကိုယ်ဖြစ်ကိုယ်ခံဘာသာ၊ မိမိ၏ ကုသိုလ် အကုသိုလ်တို့ မိမိနောက်မှ အရိပ်သဖွယ် လိုက်ပါလာနေမည်ဟု ဟောပြောထားသော ဘာသာကို အပြစ်ကျူးလွန်ခဲ့ပါက အဖဘုရားသခင်ထံ ခွင့်လွှတ်ပေးရန် တောင်းဆို၍ရသည့်ဘာသာ၊ နေထိုင်မကောင်းလျှင် ဆေးကုပေးသည့်ဘာသာ၊ မရှိဆင်းရဲသားများကို ဝင်ငွေကောင်းသူများက လစဉ်ငွေလှူကာ ထောက်ပံ့သည်ကို ခံစားရသော ဘာသာများလောက် ကိုးကွယ်သူ မများသည်ကလည်း သဘာဝကျပါသည်။

ထို့ပြင် တခြားဘာသာများသည် လောကီအာရုံ ကာမဂုဏ်များကို သတိနှင့်လက်ခံရမည်။သတိနှင့်ပယ်ဖျက်ရမည်ဟု မဟောပြော။ဗုဒ္ဓဘာသာကား တံခါးခြောက်ပေါက် (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) တို့ကို သတိဖြင့်ထိန်းသိမ်းရန် ညွှန်ကြားပေသည်။လောကီသားတို့ကား ကာမဂုဏ် အာရုံ ၆ ပါးကို လွတ်လွတ်လပ်လပ် ခံစားလိုကြသူက အများစုဖြစ်ပါသည်။
စောင့်ထိန်းရမှု လေးနက်သောဘာသာနှင့် စောင့်ထိန်းရမှု ပေါ့ပါးသောဘာသာများတွင် ပေါ့ပါးသောဘာသာ၊ လွတ်လပ်စွာ လောကီစည်းစိမ် ခံစားခွင့်ပြုထားသော ဘာသာကို နှစ်သက်သူပိုများသည်ကလည်း သဘာဝကျပါသည်။

ဗုဒ္ဓဘာသာ ရဟန်းတချို့သည် ၂၀၁၂ တွင် ဖြစ်ပွားခဲ့သည့် တောင်ကုတ်မှ မသီတာထွေး ကိစ္စကို အရင်းခံ၍ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အားနည်းပျောက်ကွယ်မည်ကို စိုးရိမ်လာကြပါသည်။သို့ဖြင့် တခြားဘာသာတစ်ခုအပေါ် တချို့ဆရာတော်များသည် သွယ်ဝိုက်၍၊ တချို့ဆရာတော်များသည် တိုက်ရိုက်ဆန့်ကျင် ဟောပြောမှုများ ရှိလာပါသည်။
ကမ္ဘာ့နေရာဒေသတချို့တွင် တချိန်က ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော်လည်း ယခုအခါ ပျောက်ကွယ်နေသည်ကို ထောက်ပြသူသော ရဟန်းသံဃာတချို့လည်း ပေါ်ထွက်လာပါသည်။ကမ္ဘာတဝန်း မတူကွဲပြားမှုများကို လက်ခံညှိနှိုင်းနေထိုင်ကြရသည့် ၂၁ ရာစုတွင် ရဟန်းသံဃာ တစ်ပါး၊ နှစ်ပါးမျှက ဟောပြောသည့် တခြားဘာသာ ဆန့်ကျင်ရေးများက ကမ္ဘာသို့ ပြန့်နှံ့ခဲ့ပါသည်။

ယနေ့လူသားတို့၏ အတွေးအမြင်များ များစွာပြောင်းလဲတိုးတက်လာပြီ ဖြစ်ပါသည်။မြန်မာတို့လည်း ကမ္ဘာနှင့် ရင်ဘောင်တန်းလျက် ဘာသာရေးအသိ၊ နိုင်ငံရေးအသိများ မြင့်မားလာကြောင်း ၂၀၁၅ ရွေးကောက်ပွဲက သက်သေပြခဲ့ပါသည်။၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ရဟန်းသံဃာတချို့က ပါတီတခုကို မဲမထည့်သင့်ကြောင်း လှည့်လည်ဟောပြောခဲ့ကြပါသည်။အကယ်၍ အဆိုပါ ပါတီကို မဲထည့်လိုက်မည်ဆိုပါက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားမည်ဖြစ်ကြောင်း ဘာသာရေးနှင့် ကိုင်ပေါက်ကြပါသည်။သို့သော် လူထုက ၂၀၁၅ ရွေးကောက်ပွဲတွင် မဲမထည့်ပါနှင့်ဟု သံဃာတချို့ တားမြစ်သည့် ပါတီကို မဲပုံပေးခဲ့ပါသည်။

ယခုအုပ်ချုပ်နေသည့် အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ၂၀၁၅ ရွေးကောက်ပွဲဖြင့် လူထုက တင်မြှောက်ထားသည့် အစိုးရဖြစ်ပါသည်။ထို့ပြင် မဘသအဖွဲ့သည် ၁၉၉၀ ပြည့်နှစ် ဘာသာရေးဆိုင်ရာ ဥပဒေပြဌာန်းချက်အရ မြန်မာနိုင်ငံတွင် သံဃာ့မဟာနာယကအဖွဲ့မှလွဲ၍ တခြားသံဃာအဖွဲ့အစည်းရှိခွင့် မရှိပါ။မဘသအဖွဲ့ဝင် ဆရာတော်ကြီးများသည် ငယ်ဖြူများဖြစ်၍ ဥပဒေကြောင်းကို မသိခြင်းလည်း ဖြစ်နိုင်ပါသည်။ဆရာတော်ကြီးများသည် ဗုဒ္ဓသာသနာ ကွယ်ချည်ဟူသော သွေးထိုးပြောဆိုသူတသိုက်သည် ဂျပိုးကို လိပ်ဖြစ်သည်ထိ ပြောနိုင်သူများ မီးသွေးသည် နွားနို့ထက်ဖြူသည်ဟု ရိုးသားသူများ ယုံကြည်စေသည်ထိ ပြောနိုင်စွမ်းရှိသူများဖြစ်ကြောင်း လုံးဝသိကြမည်မဟုတ်ပါ။

သို့ဖြင့် ဘာသာရေးကို အသုံးချ၍ နိုင်ငံရေးအာဏာပြန်ရရန် ကြိုးပမ်းသူတစ်စု အလိုကျ ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်း နှစ်ပတ်လည် ညီလာခံကို ကျင်းပဟန်တူပါသည်။ထိုညီလာခံက လက်ရှိအစိုးရကို ပြုတ်ကျသည်ထိ ဆောင်ရွက်ရမည်ဟု ကြေညာချက်ထုတ်ခြင်းသည် လက်ရှိ တည်ဆဲဥပဒေများအရ လည်းကောင်း ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေအရ လည်းကောင်း ပြစ်မှုမြောက်နေပြီ ဖြစ်ပါသည်။

ရဟန်းသံဃာတော်များသည် ဘုရားသားတော်များ ဖြစ်ကြပါသည်။ဘုရား၏ သာသနာကို ဘုရားချမှတ်ခဲ့သည့် ဝါဒများနှင့်အညီ ဆက်လက်ရှင်သန်စေရန် ဆောင်ရွက်ရမည့် တာဝန်ရှိသူများ ဖြစ်ပါသည်။သာသနာသည် လွယ်လွယ်နှင့် မကွယ်ပျောက်နိုင်ပါ။ထို့ပြင် ဗုဒ္ဓသာသနာကွယ်ရန်ရန် နှစ်မျိုးရှိပါသည်။အတွင်းရန်နှင့် အပြင်ရန် ဖြစ်ပါသည်။
တခြားဘာသာများထံမှလာမည့် အပြင်ရန်သည် မြင်လွယ်သိလွယ်၍ ကာကွယ်ရန်မခက်ပါ။အတွင်းရန်သည်သာ ကာကွယ်ရန် အလွန်ခက်သည့်အရာ ဖြစ်ပါသည်။သာသနာတော် တည်တံ့စေခြင်းငှာ ပူပန်ကြသည့် ရိုးသားဖြူစင်သော လောကီအမှုများမသိ နားမလည်သော ရဟန်းသံဃာများအား တည်ဆဲဥပဒေကို ချိုးဖေါက်သူများဖြစ်စေပြီး အင်အယ်လ်ဒီအစိုးရက အဆိုပါ ရဟန်းသံဃာများအား တည်ဆဲဥပဒေအရ အရေးယူပါက တစ်ပြည်လုံး ပွဲဆူစေရန် အသင့်စောင့်ဆိုင်းနေသူများ ရန်ကိုသာ ဆရာတော် သံဃာတော်များ သတိဖြင့်ရှောင်ရှားလျက် ဗုဒ္ဓသာသနာကို စောင့်ရှောက်ကြပါရန် လျှောက်ထားအပ်ပါသည်။

ခင်နှင်းဦး
ဇွန် - ၂၂

( Zawgyi )

ကမာၻေပၚတြင္ ကိုးကြယ္ယုံၾကည္မႈ အမ်ိဳးမ်ိဳးရွိသည့္အနက္ ဟိႏၵဴ၊ ဗုဒၶဘာသာ၊ ခရစ္ယာန္ႏွင့္ အစၥလာမ္ဘာသာ ၄ ခုကို ကိုးကြယ္မႈမ်ားျပား႐ုံသာမက လူသိအမ်ားဆုံး ဘာသာႀကီး ၄ ခုလည္း ျဖစ္ၾကပါသည္။သည္ဘာသာေလးခုအျပင္ တျခားယုံၾကည္ကိုးကြယ္မ်ားလည္း ကမာၻေပၚတြင္ ရွိေနဆဲျဖစ္ပါသည္။ထို႔အတူ မည္သည့္ဘာသာကိုမွ မကိုးကြယ္ဘဲ ဘာသာမဲ့အျဖစ္ ေနထိုင္သူမ်ားလည္း ကမာၻေပၚတြင္ မ်ားျပားလာပါသည္။

ကိုးကြယ္ယုံၾကည္မႈကို အရင္းစစ္လွ်င္ လူသားတို႔၏ စိတ္ပိုင္းဆိုင္ရာ အားကိုးရွာျခင္းျဖစ္ေၾကာင္း ေတြ႕ရွိရပါမည္။ထို႔ျပင္ စိတ္ပိုင္းဆိုင္ရာ ယုံၾကည္မႈသည္ အလြန္ဆန္းၾကယ္ေပရာ ဘာသာတစ္ခုကို ယုံၾကည္ေနသူက တျခားဘာသာကို အေကာင္းမျမင္ျခင္း၊ မယုံၾကည္ေစကာမူ မွ်တစြာ ရႈျမင္ေတြးေတာ လက္ခံႏိုင္ျခင္း စသည့္ျဖစ္ရပ္မ်ားလည္း ရွိလာပါသည္။

ေက်ာက္ေခတ္လူသား ဘဝမွာပင္ မီးကို ကိုးကြယ္ျခင္း၊ သစ္ပင္ႀကီးမ်ားကို ကိုးကြယ္ျခင္း၊ ေျမ၊ ေလ၊ ေရ စသည့္ သဘာဝတရားကို ကိုးကြယ္ျခင္းမ်ားအျပင္ ေႁမြနဂါးကို ကိုးကြယ္ျခင္း စသည့္ တိရစာၦန္မ်ားကိုလည္း ကိုးကြယ္ခဲ့ၾကေၾကာင္း ေတြ႕ရွိႏိုင္ပါသည္။အိႏၵိယသည္ ထူးျခားေသာ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္း အမ်ိဳးမ်ိဳးရွိသည့္ ႏိုင္ငံႏွင့္ လူမ်ိဳးအျဖစ္ ကမာၻတြင္ ေက်ာ္ၾကားပါသည္။ယခုထိတိုင္ အိႏၵိယတြင္ ႂကြက္ကို ကိုးကြယ္သူမ်ား ရွိေနဆဲျဖစ္ပါသည္။

ေက်ာက္ေခတ္လူသားမ်ား တစတစတိုးတက္ယဥ္ေက်းလာၿပီး ဘာသာအသီးသီးလည္း ေပၚေပါက္လာပါသည္။ဘာသာႀကီး ၄ ခုတြင္ အထူးျခားဆုံးဘာသာကား ဗုဒၶဘာသာ ျဖစ္ပါသည္။တျခားဘာသာသုံးရပ္တြင္ ဘာသာေရးေခါင္းေဆာင္အားလုံး (တနည္းအားျဖင့္) ဘုရားအားလုံး တန္ခိုးရွင္ ဖန္ဆင္းရွင္မ်ား ျဖစ္ၾကပါသည္။ဗုဒၶသည္သာ လူသားဘဝမွ အားထုတ္ျခင္းျဖင့္ ဉာဏ္အလင္းရလ်က္ ဘုရားျဖစ္လာျခင္း ျဖစ္ပါသည္။ကမာၻေပၚရွိ ဘာသာေရးေခါင္းေဆာင္မ်ားက လက္ရွိဘာသာေရးမ်ားအနက္ ဗုဒၶဘာသာသည္ အေကာင္းဆုံးဘာသာျဖစ္ေၾကာင္း လက္ခံထားၾကပါသည္။ဘာသာႀကီးမ်ားကို ေလ့လာၾကည့္ပါက ေလာကီလူသားအျဖစ္ လိုက္နာရမည့္ က်င့္ဝတ္မ်ားကို ျပဌာန္းထားၾကပါသည္။ဘာသာ ၄ ခုစလုံး ေလာကီတြင္ ေကာင္းမြန္စြာ က်င့္ႀကံေနထိုင္ရန္ ၫႊန္ၾကားထားေၾကာင္း ေတြ႕ရွိရပါမည္။

ေလာကုတၱရာဆိုင္ရာတြင္သာ သိသာစြာကြဲျပားသြားၾကပါသည္။ဟိႏၵဴက လိပ္ျပာေကာင္၊ အသက္ဝိဉာဏ္ေကာင္ ရွိသည္ဟု ယုံၾကည္သည္။တစ္နည္းအားျဖင့္ အတၱ (တည္ၿမဲသည္) ဝါဒကို လက္ခံပါသည္။ခရစ္ယာန္မ်ားလည္း တဖန္ျပန္ႏိုးထရွင္သန္မည္ဟု ယုံၾကည္ၾကပါသည္။အစၥလာမ္တို႔သည္ အလႅာရွင္၏ အမိန႔္ေတာ္ျမတ္အတိုင္းဟု ယုံၾကည္ၾကပါသည္။
ဗုဒၶဘာသာသည္သာ ေလာကသုံးပါးစလုံး(သတၱေလာက၊ ၾသကာသေလာက၊ သခၤါရေလာက) ရွိ သက္ရွိသက္မဲ့ အရာအားလုံး မတည္ၿမဲ။အတၱမဟုတ္  အနတၱ (မၿမဲျခင္း) ဟု ဗုဒၶက ေဟာၾကားခဲ့ပါသည္။ထို႔ျပင္ ဗုဒၶဘာသာဝင္မ်ားအား ဘုရားက အျပစ္မွ ခြင့္လႊတ္ဟူ၍ မရွိပါ။မိမိလုပ္သမွ် ေကာင္းမႈ မေကာင္းမႈ ကံတို႔သည္ ႏြားဆြဲရာသို႔ ပါလာသည့္ လွည္းဘီးရာကဲ့သို႔ ထပ္ခ်ပ္မကြာ မိမိႏွင့္လိုက္ပါလ်က္ မိမိကို အက်ိဳးျပန္ေပးမည္ဟု ေဟာၾကားဆုံးမထားပါသည္။

သို႔ျဖင့္ ဘာသာႀကီးမ်ားအနက္ မိမိကိုယ္မိမိ အားကိုးရမည့္ ဘာသာႏွင့္ တန္ခိုးရွင္ ဖန္ဆင္းရွင္ကို အားကိုးရသည့္ ဘာသာမ်ားတြင္ သက္သာသည့္ ဘာသာကို ကိုးကြယ္သူမ်ားျပားျခင္းသည္ သဘာဝက်လွပါသည္။ထို႔ျပင္ ဗုဒၶဘာသာတြင္ ကာလာမသုတ္သည္ အေရးပါလွပါသည္။ဗုဒၶက ကာလာမသုတ္တြင္ လူသားတို႔အေနျဖင့္ မည္သည့္အရာကိုျဖစ္ေစ ကိုယ္ပိုင္ဉာဏ္ျဖင့္ စူးစမ္းဆင္ျခင္ ေလ့လာယုံၾကည္ရန္ ေဟာေျပာခဲ့ပါသည္။ငါဘုရားေဟာသည္ဟု မယုံၾကည္ႏွင့္။ငါ့မိဘေျပာသည္ဟု မယုံၾကည္ႏွင့္။ဆရာသမားေျပာသည္ဟု မယုံၾကည္ႏွင့္။အစဥ္အဆက္ လက္ခံလာၾကသည္ဟု မယုံၾကည္ႏွင့္ စသျဖင့္ ျမတ္စြာဘုရားက ကာလာမသုတ္တြင္ ေဟာေျပာခဲ့ပါသည္။သို႔ျဖင့္ ဗုဒၶဘာသာသည္ သည္ဘာသာကို ယုံၾကည္ပါဟု မဲဆြယ္သည့္ဘာသာ မဟုတ္ခဲ့ေပ။

မဲမဆြယ္သည့္ဘာသာ၊ ကိုယ္ျဖစ္ကိုယ္ခံဘာသာ၊ မိမိ၏ ကုသိုလ္ အကုသိုလ္တို႔ မိမိေနာက္မွ အရိပ္သဖြယ္ လိုက္ပါလာေနမည္ဟု ေဟာေျပာထားေသာ ဘာသာကို အျပစ္က်ဴးလြန္ခဲ့ပါက အဖဘုရားသခင္ထံ ခြင့္လႊတ္ေပးရန္ ေတာင္းဆို၍ရသည့္ဘာသာ၊ ေနထိုင္မေကာင္းလွ်င္ ေဆးကုေပးသည့္ဘာသာ၊ မရွိဆင္းရဲသားမ်ားကို ဝင္ေငြေကာင္းသူမ်ားက လစဥ္ေငြလႉကာ ေထာက္ပံ့သည္ကို ခံစားရေသာ ဘာသာမ်ားေလာက္ ကိုးကြယ္သူ မမ်ားသည္ကလည္း သဘာဝက်ပါသည္။

ထို႔ျပင္ တျခားဘာသာမ်ားသည္ ေလာကီအာ႐ုံ ကာမဂုဏ္မ်ားကို သတိႏွင့္လက္ခံရမည္။သတိႏွင့္ပယ္ဖ်က္ရမည္ဟု မေဟာေျပာ။ဗုဒၶဘာသာကား တံခါးေျခာက္ေပါက္ (မ်က္စိ၊ နား၊ ႏွာ၊ လွ်ာ၊ ကိုယ္၊ စိတ္) တို႔ကို သတိျဖင့္ထိန္းသိမ္းရန္ ၫႊန္ၾကားေပသည္။ေလာကီသားတို႔ကား ကာမဂုဏ္ အာ႐ုံ ၆ ပါးကို လြတ္လြတ္လပ္လပ္ ခံစားလိုၾကသူက အမ်ားစုျဖစ္ပါသည္။
ေစာင့္ထိန္းရမႈ ေလးနက္ေသာဘာသာႏွင့္ ေစာင့္ထိန္းရမႈ ေပါ့ပါးေသာဘာသာမ်ားတြင္ ေပါ့ပါးေသာဘာသာ၊ လြတ္လပ္စြာ ေလာကီစည္းစိမ္ ခံစားခြင့္ျပဳထားေသာ ဘာသာကို ႏွစ္သက္သူပိုမ်ားသည္ကလည္း သဘာဝက်ပါသည္။

ဗုဒၶဘာသာ ရဟန္းတခ်ိဳ႕သည္ ၂၀၁၂ တြင္ ျဖစ္ပြားခဲ့သည့္ ေတာင္ကုတ္မွ မသီတာေထြး ကိစၥကို အရင္းခံ၍ ျမန္မာႏိုင္ငံတြင္ ဗုဒၶဘာသာ အားနည္းေပ်ာက္ကြယ္မည္ကို စိုးရိမ္လာၾကပါသည္။သို႔ျဖင့္ တျခားဘာသာတစ္ခုအေပၚ တခ်ိဳ႕ဆရာေတာ္မ်ားသည္ သြယ္ဝိုက္၍၊ တခ်ိဳ႕ဆရာေတာ္မ်ားသည္ တိုက္႐ိုက္ဆန႔္က်င္ ေဟာေျပာမႈမ်ား ရွိလာပါသည္။
ကမာၻ႔ေနရာေဒသတခ်ိဳ႕တြင္ တခ်ိန္က ဗုဒၶဘာသာ ထြန္းကားခဲ့ေသာ္လည္း ယခုအခါ ေပ်ာက္ကြယ္ေနသည္ကို ေထာက္ျပသူေသာ ရဟန္းသံဃာတခ်ိဳ႕လည္း ေပၚထြက္လာပါသည္။ကမာၻတဝန္း မတူကြဲျပားမႈမ်ားကို လက္ခံညႇိႏႈိင္းေနထိုင္ၾကရသည့္ ၂၁ ရာစုတြင္ ရဟန္းသံဃာ တစ္ပါး၊ ႏွစ္ပါးမွ်က ေဟာေျပာသည့္ တျခားဘာသာ ဆန႔္က်င္ေရးမ်ားက ကမာၻသို႔ ျပန႔္ႏွံ႔ခဲ့ပါသည္။

ယေန႔လူသားတို႔၏ အေတြးအျမင္မ်ား မ်ားစြာေျပာင္းလဲတိုးတက္လာၿပီ ျဖစ္ပါသည္။ျမန္မာတို႔လည္း ကမာၻႏွင့္ ရင္ေဘာင္တန္းလ်က္ ဘာသာေရးအသိ၊ ႏိုင္ငံေရးအသိမ်ား ျမင့္မားလာေၾကာင္း ၂၀၁၅ ေ႐ြးေကာက္ပြဲက သက္ေသျပခဲ့ပါသည္။၂၀၁၅ ေ႐ြးေကာက္ပြဲ နီးကပ္လာခ်ိန္တြင္ ရဟန္းသံဃာတခ်ိဳ႕က ပါတီတခုကို မဲမထည့္သင့္ေၾကာင္း လွည့္လည္ေဟာေျပာခဲ့ၾကပါသည္။အကယ္၍ အဆိုပါ ပါတီကို မဲထည့္လိုက္မည္ဆိုပါက ျမန္မာႏိုင္ငံတြင္ ဗုဒၶဘာသာ ကြယ္ေပ်ာက္သြားမည္ျဖစ္ေၾကာင္း ဘာသာေရးႏွင့္ ကိုင္ေပါက္ၾကပါသည္။သို႔ေသာ္ လူထုက ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ မဲမထည့္ပါႏွင့္ဟု သံဃာတခ်ိဳ႕ တားျမစ္သည့္ ပါတီကို မဲပုံေပးခဲ့ပါသည္။

ယခုအုပ္ခ်ဳပ္ေနသည့္ အစိုးရသည္ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ၊ ၂၀၁၅ ေ႐ြးေကာက္ပြဲျဖင့္ လူထုက တင္ေျမႇာက္ထားသည့္ အစိုးရျဖစ္ပါသည္။ထို႔ျပင္ မဘသအဖြဲ႕သည္ ၁၉၉၀ ျပည့္ႏွစ္ ဘာသာေရးဆိုင္ရာ ဥပေဒျပဌာန္းခ်က္အရ ျမန္မာႏိုင္ငံတြင္ သံဃာ့မဟာနာယကအဖြဲ႕မွလြဲ၍ တျခားသံဃာအဖြဲ႕အစည္းရွိခြင့္ မရွိပါ။မဘသအဖြဲ႕ဝင္ ဆရာေတာ္ႀကီးမ်ားသည္ ငယ္ျဖဴမ်ားျဖစ္၍ ဥပေဒေၾကာင္းကို မသိျခင္းလည္း ျဖစ္ႏိုင္ပါသည္။ဆရာေတာ္ႀကီးမ်ားသည္ ဗုဒၶသာသနာ ကြယ္ခ်ည္ဟူေသာ ေသြးထိုးေျပာဆိုသူတသိုက္သည္ ဂ်ပိုးကို လိပ္ျဖစ္သည္ထိ ေျပာႏိုင္သူမ်ား မီးေသြးသည္ ႏြားႏို႔ထက္ျဖဴသည္ဟု ႐ိုးသားသူမ်ား ယုံၾကည္ေစသည္ထိ ေျပာႏိုင္စြမ္းရွိသူမ်ားျဖစ္ေၾကာင္း လုံးဝသိၾကမည္မဟုတ္ပါ။

သို႔ျဖင့္ ဘာသာေရးကို အသုံးခ်၍ ႏိုင္ငံေရးအာဏာျပန္ရရန္ ႀကိဳးပမ္းသူတစ္စု အလိုက် ဗုဒၶ ဓမၼ ပရဟိတေဖာင္ေဒးရွင္း ႏွစ္ပတ္လည္ ညီလာခံကို က်င္းပဟန္တူပါသည္။ထိုညီလာခံက လက္ရွိအစိုးရကို ျပဳတ္က်သည္ထိ ေဆာင္႐ြက္ရမည္ဟု ေၾကညာခ်က္ထုတ္ျခင္းသည္ လက္ရွိ တည္ဆဲဥပေဒမ်ားအရ လည္းေကာင္း ၂၀၀၈ ဖြဲ႕စည္း ပုံအေျခခံဥပေဒအရ လည္းေကာင္း ျပစ္မႈေျမာက္ေနၿပီ ျဖစ္ပါသည္။

ရဟန္းသံဃာေတာ္မ်ားသည္ ဘုရားသားေတာ္မ်ား ျဖစ္ၾကပါသည္။ဘုရား၏ သာသနာကို ဘုရားခ်မွတ္ခဲ့သည့္ ဝါဒမ်ားႏွင့္အညီ ဆက္လက္ရွင္သန္ေစရန္ ေဆာင္႐ြက္ရမည့္ တာဝန္ရွိသူမ်ား ျဖစ္ပါသည္။သာသနာသည္ လြယ္လြယ္ႏွင့္ မကြယ္ေပ်ာက္ႏိုင္ပါ။ထို႔ျပင္ ဗုဒၶသာသနာကြယ္ရန္ရန္ ႏွစ္မ်ိဳးရွိပါသည္။အတြင္းရန္ႏွင့္ အျပင္ရန္ ျဖစ္ပါသည္။
တျခားဘာသာမ်ားထံမွလာမည့္ အျပင္ရန္သည္ ျမင္လြယ္သိလြယ္၍ ကာကြယ္ရန္မခက္ပါ။အတြင္းရန္သည္သာ ကာကြယ္ရန္ အလြန္ခက္သည့္အရာ ျဖစ္ပါသည္။သာသနာေတာ္ တည္တံ့ေစျခင္းငွာ ပူပန္ၾကသည့္ ႐ိုးသားျဖဴစင္ေသာ ေလာကီအမႈမ်ားမသိ နားမလည္ေသာ ရဟန္းသံဃာမ်ားအား တည္ဆဲဥပေဒကို ခ်ိဳးေဖါက္သူမ်ားျဖစ္ေစၿပီး အင္အယ္လ္ဒီအစိုးရက အဆိုပါ ရဟန္းသံဃာမ်ားအား တည္ဆဲဥပေဒအရ အေရးယူပါက တစ္ျပည္လုံး ပြဲဆူေစရန္ အသင့္ေစာင့္ဆိုင္းေနသူမ်ား ရန္ကိုသာ ဆရာေတာ္ သံဃာေတာ္မ်ား သတိျဖင့္ေရွာင္ရွားလ်က္ ဗုဒၶသာသနာကို ေစာင့္ေရွာက္ၾကပါရန္ ေလွ်ာက္ထားအပ္ပါသည္။

ခင္ႏွင္းဦး
ဇြန္ - ၂၂