【 ဆောင်းပါး 】 ဘုရားပွဲသြင်္ကန်၊ အခမဲ့သြင်္ကန်

【 ဆောင်းပါး 】 ဘုရားပွဲသြင်္ကန်၊ အခမဲ့သြင်္ကန်

အစွဲအလန်းကြီးလှသော မသိစိတ်၏ လှုံ့ဆော်မှုကြောင့်ဟုထင်၏။ နှစ်စဉ်မပျက် မတ်လလယ်လောက် ရောက်ပြီဆိုတာနဲ့ သြင်္ကန်သီချင်းသံကို စတင်ကြားရမြဲဖြစ်သည်။သြင်္ကန်သီချင်းကို ကြားပြီဆိုတာနဲ့ သြင်္ကန်ပိုးရှိသူတို့ရင်ထဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားမြဲ ဖြစ်သည်။

တခြားသူတွေ မည်သို့ဖြစ်သလဲတော့မသိ။ကျနော့်အတွက်တော့ သြင်္ကန်သီချင်းသံ စကြားသည့် မတ်လလယ်လောက်မှ စတင်ကာ စိတ်က ဇာတိမြေဆီသို့ ကဆုန်ပေါက်ပြေးနေမြဲ ဖြစ်သည်။ဒါက တစ်နှစ်တည်းမဟုတ်။နှစ်စဉ် ကဆုန်ပေါက်ပြေးနေခြင်းသည် အခါခါ။စိတ်ကို အလုပ်ထဲနှစ်ထားရင်း လွတ်လွတ်ထွက်သွားသည်မှာလည်း အခါခါဖြစ်သည်။

စိတ်ကထိုသို့ ကဆုန်ပေါက်နေပြီ ဖြစ်သော်လည်း နှစ်တိုင်းတော့ ပြန်နိုင်တာမဟုတ်။ထောင်ကျနေသဖြင့်၊ နိုင်ငံခြားရောက်နေသဖြင့် အမျိုးမျိုးသော လောကဓံက ဇာတိသို့ပြန်မည့်ခြေလှမ်းကို ဆောင့်ဆွဲထားပါသဖြင့်။၁၃ နှစ်သားအရွယ် ရန်ကုန်သို့ ရောက်သည့်အချိန်မှ ထိုသို့သော အကြောင်းကြောင်းကြောင့် မပြန်ဖြစ်သည့်နှစ်များ ရှိသော်လည်း ခပ်နည်းနည်းမျှသာ။မပြန်ဖြစ်သည့်နှစ်များတွင် စိတ်ပျက်လက်ပျက်ဖြစ်ရသည်။လူတစ်ယောက်ဖြစ်ရခြင်းတွင် အရသာတစ်ခုခု လိုနေသလို ခံစားရသည်။ခြေလှမ်းတိုင်းသည် လေးလံထိုင်းမှိုင်းနေသလိုမျိုးအထိ။တခြားအချိန် ဇာတိသို့မပြန်ရလျှင် ဘာမှမဖြစ်သော်လည်း သြင်္ကန်ဆို ပြန်ကိုပြန်ရမှ ပုံစံမျိုး။ဘာလို့ ဒီလောက်တောင် အကဲပိုနေတာလဲဟု မေးပါက ပိုသင့်လို့ပိုတာဟု ပြန်ပြောဖြစ်မည်ထင်၏။

သြင်္ကန်ဆို ပြန်မယ်ဆိုတာချည်းကြောင့် အကဲပိုသည်ဟု ထင်သူများထဲ ကျနော့် သားနှင့်မယားလည်း ပါသည်။၂၀၁၇ ခုနှစ် သြင်္ကန်တွင် သားနှင့်မယားကိုပါ ဇာတိသြင်္ကန်သို့ ခေါ်သွားခဲ့ရာ သူတို့မမြင်ဖူးသော သြင်္ကန်ကို မြင်လိုက်ရသဖြင့် ကျနော်၏ အကဲပိုမှုအပေါ် နားလည်သွားကြပုံရသည်။

၂၀၁၈ သြင်္ကန်တုန်းကတော့ သားနှင့်တူကိုခေါ်ပြီး ဇာတိပြန်ရန် လက်မှတ်ပင် ဝယ်ထားပြီးခါမှ အကြောင်းကြောင်းကြောင့် မပြန်ဖြစ်လိုက်သဖြင့် အိပ်မက်များ ပျက်သွားသည့်နှယ်။ယခု ၂၀၁၉ ခုနှစ်တွင်တော့ ပြန်ဖြစ်အောင် ပြန်မည်ဟူ၍ ပိုင်းဖြတ်ထားခဲ့သည်။

သို့သော်၊ သာမန်ပြည်သူတစ်ဦးအနေနှင့် အားထုတ်ခဲ့သမျှ ကားလက်မှတ် မည်သို့မျှမရနိုင်ကြောင်း မတ်လ ၃၁ ရက်တွင် သေချာသွားခဲ့သည်။ရထားအထူးတန်း လက်မှတ်ရရန်ရှိပြီး ရထားဖြင့်သာ ပြန်ချင်သော်လည်း ရထားစီးနေရသည့်အချိန် ကြာလွန်းပြီး မြန်မြန်ရောက်ချင်သဖြင့် သိပ်မစီးချင်ပြန်။

ကျနော့်ဇာတိမြေမှာ မွန်ပြည်နယ်၊ ဘီလူးကျွန်း (ချောင်းဆုံ)။ယခင်က မော်လမြိုင်အထိ ကား (သို့မဟုတ်) ရထားစီး။မော်လမြိုင်မှ ဇက်သင်္ဘောထပ်စီး။၂၀၁၇ ခုနှစ်အတွင်း မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ဖြတ်တံတား ဖွင့်လှစ်ခဲ့ပြီးမို့ ရန်ကုန်-ချောင်းဆုံ ခရီးသည်တင်ကား တိုက်ရိုက်ရောက်ရှိပြီဖြစ်သည်။သို့သော်၊ လက်မှတ်ကမရတာ သေချာသွားပြီမို့ မော်လမြိုင် ကားလက်မှတ်တစ်စောင်ရအောင် ချစ်မိတ်ဆွေကြီး မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦး ထံ အပူကပ်ရတော့သည်။

“ဒေါက်တာရေ၊ သာမန်ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမှ မစွမ်းဆောင်နိုင်တော့ဘူး” ဟု ဖုန်းဆက်ပြောတော့ သူကရယ်သည်။ပြီးတော့ ၁၀ မိနစ်ပင်မကြာ၊ လက်မှတ်ရရှိပါပြီတဲ့။ကဲ….။

လက်မှတ်ရပြီမို့ စိတ်အေးလက်အေး ဖြစ်သွားပြီးနောက် ကိုယ်က ဇာတိပြန်မရောက်ခင် ဒေါ်အောင်ဆန်းစုကြည် က ဘီလူးကျွန်း အရင်ရောက်နေပြန်သဖြင့် ဂုဏ်ယူရပြန်သည်။ဧပြီ ၄ ရက်နေ့၊ မော်လမြိုင်တွင် လူထုတွေ့ဆုံပွဲအပြီး ချောင်းဆုံဆေးရုံ။ထို့နောက်၊ နာမည်ကျော် ရွာလွတ်လက်မှုထည်နှင့် မုဒွန်း ကျောက်သင်ပုန်း ထုတ်လုပ်မှုသို့ ရောက်ရှိ။ရွာလွတ်တွင် ရွာသားများနှင့် တွေ့ဆုံမှုက နွေးထွေးစွာ၊ ကြင်နာစွာ၊ အပြန်အလှန်ရယ်မောခြင်းများစွာ။Myanmar State Counsellor Office လူမှုကွန်ရက်စာမျက်နှာမှ ထုတ်လွှင့်ပေးသော မူဗီဖိုင်မှာ ကြည့်လို့မဝအောင်ပင်။

ဒေါ်စုနှင့် ရွာသားတို့ တွေ့ဆုံသည့်နေရာမှာ ရွာလွတ်ရွာတွင်း လမ်းဘေးတစ်နေရာ။နိုင်ငံ့ခေါင်းဆောင် တစ်ဦးက အမိုးဖွင့်ကား နောက်ခန်းပေါ်မှနေ၍ ရွာသားများနှင့် တွေ့ဆုံခြင်းဖြစ်သည်။တိုင်းပြည်၏ အာဏာနံပါတ်တစ်က ပြည်သူနှင့် ထိတွေ့ရာတွင် ပကာသနအဆောင်အယောင် မလိုကြောင်း သက်သေပြချက် ဖြစ်သလို ရွာသားများ၏ တင်ပြမှု၊ တောင်းဆိုမှုကလည်း သိပ်အရိုးခံဆန်လှတာမို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း သိပ်သဘောကျပုံရသည်။

တွေ့ဆုံပွဲပြီးခါနီးတွင်တော့ ရွာလွတ် ရွာသူမကြီးတစ်ဦးက သူ့မွန်သံဝဲ၀ဲကြီးဖြင့် သြင်္ကန်ရောက်လျှင် ဘုရားပွဲလာခဲ့ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်သည်။သူက အကျွေးအမွေး ပြချင်လို့ပါဟု ဆိုသည်။ဘုန်းကြီးဝိုင်း ဆွမ်းကျွေးသလိုမျိုး ဧည့်သည်များကိုကျွေးတာတဲ့။ဟင်း ၅ ပွဲ ၆ ပွဲ ပြင်ထားတာတဲ့။ဘယ်ရပ်ဘယ်ရွာ ဘယ်ဇာတိ ဘယ်သူ့သားရယ်လို့ မခွဲ အိမ်ပေါ်တက်လာတာနဲ့ ကျွေးတာတဲ့။အားလုံးအခမဲ့၊ လမ်းစရိတ်ပဲ ကုန်မည်တဲ့။

ရွာလွတ် ရွာသူမကြီးမှာ နိုင်ငံ့ခေါင်းဆောင် ဘယ်လောက်တောင် အလုပ်များသလဲဆိုသည်ကို သိချင်မှသိပေလိမ့်မည်။သူက အရိုးခံအတိုင်း ဘီလူးကျွန်းဘုရားပွဲ ယဉ်ကျေးမှုကို ဒေါ်အောင်ဆန်းစုကြည်အား ပြချင်ကြွားချင် ဂုဏ်ယူချင်ပုံရသလို ဘီးလူးကျွန်းသားတို့၏ သဘာဝအတိုင်း သူတို့ချစ်ခင်သူကို ဘုရားပွဲဖိတ်ကြားခြင်းလည်း ဖြစ်သည်။

ဘုရားပွဲဆိုတာကတော့ မြန်မာနိုင်ငံတွင် သိပ်အထူးအဆန်းရယ်မဟုတ်။မြန်မာနိုင်ငံအနှံ့ ဘုရားပွဲဆို သည်မှာပေါမှပေါ။ဘုရားပွဲများတွင် စတုဒီသာကျွေးမွေးခြင်းမျိုး၊ အကျွေးအမွေးများဖြင့် ဧည့်ခံခြင်းမျိုးရှိတာကလည်း မဆန်း။သို့သော်၊ သြင်္ကန်နှင့် ဘုရားပွဲ တွဲလျက်မျိုး၊ အိမ်ပေါ်တက်လာသည့် မည်သူ့ကိုမဆို ဆွမ်းကျွေးသလို ဟင်းမျိုးစုံ ဖွယ်ဖွယ်ရာရာအပြင်  စီးပွားရေးပြေလည်လျှင် ပြေလည်သလို မုန့်နှစ်မျိုးသုံးမျိုးတင်မက အစ်ကိုကာလသားများအတွက် ယစ်ရွှေရည်များပင် ပါသေးသော ရွာလုံးကျွတ် အိမ်တိုင်းကျွေးမွေးခြင်းမျိုးကတော့ ရှားမည်ထင်၏။ထို့ပြင်သြင်္ကန်အကြိုနေ့မှ စတင်ကာ ဧပြီတစ်လလုံး ဘီလူးကျွန်းတစ်ရွာပြီးတစ်ရွာ ဘုရားပွဲများ ဆက်တိုက်ရှိခြင်းကလည်း ရှားမည်ထင်၏။

သြင်္ကန်အကြိုနေ့မှစတင်ကာ ဘယ်နေ့ဘယ်ရွာဘုရားပွဲဟု ရှေးနှစ်များစွာကတည်းက သတ်မှတ်ပြီးဖြစ်သလို အကျွေးအမွေး အစီအစဉ်မှာလည်း ရှေးယခင်ကတည်းကဖြစ်သည်။ထို့ကြောင့် သြင်္ကန်ကာလတွင် ဘုရားပွဲရှိသော ရွာများသို့သာသွားကြပြီး ယင်းရွာသို့သွားရာ လမ်းတစ်လျှောက်နှင့် ရွာအတွင်း၌သာ  အဓိကရေပက်ကြသည်။နည်းနည်းပါးပါး ရေပက်ကြတာတော့မဟုတ်။ပုံးကြီးပုံးငယ်တို့ဖြင့် အုန်းခနဲဆိုတာမျိုး။ဘုရားပွဲကျင်းပရာ ရွာသို့ရောက်ပြီဆို မိမိတို့နှင့်အခင်မင်ဆုံးသောအိမ်သို့ အရင်သွားကြသည်။ကျနော်တို့ လူပျိုအရွယ်ထိ နွားလှည်းတစ်ခေတ်တုန်းက ထိုအိမ်တွင် နွားလှည်းဖြုတ်။သောက်တတ်သော အစ်ကိုကာလသားများက အချမ်းပြေ ပူပူလေးသောက်စရာ နောက်ဖေးသို့သွား။
(ယမကာသောက်စားခြင်းကို မယဉ်ကျေးသော အပြုအမူဟု ယူဆသဖြင့် အိမ်အနောက်ဘက်ခြမ်း၌သာ ခပ်တိတ်တိတ်ဧည့်ခံခြင်းဖြစ်သည်။)

မသောက်တတ်သူ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးများမှာမူ အိမ်ဧည့်ခန်းထက်တွင် မုန့်စား၊ ထမင်းစား၊ အချိုရည်သောက်။တစ်အိမ်ပြီးလျှင် နောက်တစ်အိမ်။ဘုရားပွဲသွားသူ မည်သူမဆို အနည်းဆုံး သုံး၊ လေးအိမ်လောက်တော့ တက်ကြသည်။
မိတ်များလျှင်များသလို ဘုရားပွဲရောက်ပြီးမှ မိတ်ဆွေများအိမ်သို့ မသွားလျှင် စိတ်ဆိုးတတ်ကြတာမို့ တက်ဖြစ်အောင် တက်ကြသည်။
အုပ်စုလိုက် တက်ကြတာမို့ တက်သည့်အိမ်တိုင်း ကိုယ်နဲ့သိတာတော့မဟုတ်။ကိုယ့်အုပ်စုထဲမှ တစ်ယောက်ယောက်နှင့်သိလျှင် လုံလောက်သည့်သဘောမို့ အိုကေ။

အိမ်ပေါ်သို့ရောက်ပြီဆိုလျှင်လည်း အိမ်ပေါ်တက်လာပြီးမှ ထမင်းမစားလျှင် အိမ်ရှင်တိုင်းက စိတ်ဆိုးတတ်ကြတာမို့ စားဖြစ်အောင် စားရသေးသည်။ဗိုက်ပြည့်နေပြီပြောလည်း အိမ်ရှင်က မရမက အားနာရလောက်အောင် အတင်းခေါ်နေသဖြင့် နိုင်သလောက် စားရသည်ချည်းဖြစ်သည်။ထို့ကြောင့် အထာသိနေသော ဘီလူးကျွန်းသားများက ဘယ်အိမ်မှာမဆို ထမင်းနည်းနည်းနှင့် ဟင်းများများသာ စားလေ့ရှိသလို ကျွန်းပြင်ပမှ ဧည့်သည်များပါလာလျှင်လည်း တစ်အိမ်နည်းနည်းသာစားရန် လမ်းညွှန်လေ့ရှိသည်။

ဘုရားပွဲကျင်းပရာရွာမှ တစ်ဦးဦးမှာ ကိုယ်နှင့် သိပ်ရင်းနှီးနေလျှင်တော့ သူ့အိမ်မှာတည်းခင်းရုံသာမ က သူ့ဆွေမျိုး၊အပေါင်းအသင်းအိမ်များပါ ခေါ်သွားလေ့ရှိတာမို့ တစ်ယောက်တည်းနဲ့သိလည်း သုံးလေးအိမ် တက်စားဖို့ မပူရ။စားပြီးသောက်ပြီးပြီဆိုပါက ရွာတစ်ပတ်ပတ် ရေပက်ခံထွက်ပြီးနောက် ဘုရားပွဲကျင်းပရာ ဘုရားသို့ တက်ကြ။ဘုရားအနီးကျင်းပသော အပျော်တမ်းလက်ဝှေ့ပွဲကြည့်ကြ။

ဘုရားပွဲရွာတစ်ရွာလုံးနှင့်လည်းမသိ။ဘုရားပွဲလာသူဒေသခံ တစ်ဦးနှင့်မျှလည်းမသိသူ များအဖို့ မည်သည့်အိမ်ပေါ်သို့မဆို အကျိုးအကြောင်းပြောပြ၍ တက်စားနိုင်သော်လည်း ရှက်သဖြင့်တ က်မစားသူများ အဖို့ ဘုရားပေါ်တွင်ကျွေးသောစတုဒီသာကို တဝကြီးစားနိုင်သည်။

စားပြီးသောက်ပြီးနောက် တည်းစရာအိမ်လည်းရှိပြီး မပြန်ချင်ထပ်ကဲချင်သူများအတွက်မူ ညဘက် တွင်ကျင်းပသောဗလာဇာတ်ပွဲကအဆင်သင့်။ဘုရားပွဲကျင်းပသည့်ရွာတိုင်းတွင် ဗလာဇာတ်ပွဲကအနည်းဆုံး ၂ညပွဲသွင်းလေ့ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အားဘုရားပွဲဖိတ်ကြားသည့်ရွာလွတ်ရွာသူမကြီးပြောသကဲ့သို့ပင် အားလုံးသည် အခမဲ့သော အခမဲ့သြင်္ကန်။
လမ်းစရိတ်သာကုန်မည်ဆိုသော ဘုရားပွဲယဉ်ကျေးမှု။

တံတားမထိုးမီအထိ နှစ်ပေါင်းများစွာသောကာလများတွင် ဘီလူးကျွန်းမှာ တည်းခိုခန်း၊ဟိုတယ်မရှိ။ ကိစ္စတစ်ခုခုကြောင့်လာသောဧည့်လည်းအင်မတန်နည်းပြီးသံလွင်မြစ်ဖြတ်သင်္ဘောကြီးစီးကာ တကူးတကန့် လာလည်သူမရှိသောဒေသဖြစ်သည်။ထို့ကြောင့်ပင် ဘီလူးကျွန်းဘုရားပွဲယဉ်ကျေးမှုဆိုသည် မှာ ဘီလူး ကျွန်းသားများနှင့်အတူ လိုက်ပါလာသော ဧည့်အချို့သာ ထိတွေ့ခွင့်ရခဲ့သည်။

ပြီးခဲ့သည့်နှစ်သြင်္ကန် သံလွင်မြစ်ကူးတံတားဖွင့်လှစ်ပြီးပြီမို့ မော်လမြိုင်ဘက်မှ ဘုရားပွဲသြင်္ကန်လာ ရောက်ဆင်နွှဲသူများဖြင့် ပိုစည်ကားခဲ့ကြောင်းသိရသည်။ယခုနှစ်တွင်လည်းထို့အတူ ဧည့်များစွာဖြင့် သိပ်ကို စည်နေသည့်ဘုရားပွဲသြင်္ကန်မှာ သံစုံတီးဝိုင်းပမာ အသံမျိုးစုံဖြင့် မြိုင်ဆိုင်လို့။

၂နှစ်တာဘီလူးကျွန်းသို့မရောက်ခဲ့သော ကျွန်းသားကြီးကျနော်ကိုယ်တိုင်ပင် ကောင်းရုံတင်မက ကျယ် ပါကျယ်လာသောလမ်းမထက်ပေါ် ရောင်စုံကား၊ရောင်စုံဆိုင်ကယ်များဖြင့် ရောင်စုံလူသားတို့၏ အရောင်စုံ ပျော်ရွှင်မှုများအပေါ် သိပ်နားမလည်။အရောင်အသွေးစုံလှသောမြို့ကြီးပြကြီးသည် ဘီလူးကျွန်း ဆီသို့ ဘယ့် နှယ့်ဘယ်လိုရောက်ရှိလာသလဲဟု တွေးရတော့မှာလိုလို။

ကျနော်တို့အဘိုးအဘွားနှင့်အဖေအမေများခေတ်တွင် ဘုရားပွဲများဆီသို့ နွားလှည်းဖြင့် သွားခဲ့ကြ ရာမှကျနော်တို့ခေတ်တွင် နွားလှည်းနှင့်ထော်လာဂျီ ခပ်များများ။ ယခုကျနော်တို့သားများလက်ထက်ကျ တော့ ဆိုင်ကယ်နှင့်ကားများသာ ဝီလို့။ထိုသို့ အသွားအလာတွင် ပြောင်းလဲမှုများရှိခဲ့သော်လည်း ဘုရားပွဲ ယဉ်ကျေးမှု၏အတွင်းသားအလှမှာမူ မပြောင်းလဲရုံတင်မက ပိုမိုဝင်းပလို့။ထိုင်းသို့ သွားကာကိုယ့်လက် ကိုယ့်ခြေဖြင့် ရှာခဲ့သမျှ အပြိုင်အဆိုင် ကျွေးလိုက်မယ်ဆိုတာချည်း။

ဘီလူးကျွန်းဘုရားပွဲယဉ်ကျေးမှုမှာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီ။ဘုရားပွဲယဉ်ကျေးမှုမှာသည် တစ်ရွာ နှင့်တစ်ရွာကြား ကူးလူးဆက်ဆံမှုချောမွေ့စေခဲ့သည်။ဘုရားပွဲယဉ်ကျေးမှုမှသည် ချစ်ခြင်းမေတ္တာတို့ စီးဆင်း ကြကုန်သည်။ဘုရားပွဲယဉ်ကျေးမှုမှသည် ခင်ခင်မင်မင် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်။ဘုရားပွဲယဉ်ကျေးမှု သည်ငြိမ်းချမ်းရေး။ဘုရားပွဲယဉ်ကျေးမှုသည် မည်သို့သောသြင်္ကန်နှင့်မှမတူ  မွှေးမြလို့။

ထို့ကြောင့် ဘီလူးကျွန်းသြင်္ကန်၊ဘုရားပွဲသြင်္ကန်ကို ကျနော်အကဲပိုမိသည်မှာ ဘယ်တော့မှလွန်မည် မဟုတ်ပေ။

မျိုးညွန့်(Popular News)
ဧပြီ - ၁၇

( Zawgyi )

အစြဲအလန္းႀကီးလွေသာ မသိစိတ္၏ လႈံ႕ေဆာ္မႈေၾကာင့္ဟုထင္၏။ ႏွစ္စဥ္မပ်က္ မတ္လလယ္ေလာက္ ေရာက္ၿပီဆိုတာနဲ႔ ၾသကၤန္သီခ်င္းသံကို စတင္ၾကားရၿမဲျဖစ္သည္။ၾသကၤန္သီခ်င္းကို ၾကားၿပီဆိုတာနဲ႔ ၾသကၤန္ပိုးရွိသူတို႔ရင္ထဲ လႈပ္လႈပ္ခတ္ခတ္ျဖစ္သြားၿမဲ ျဖစ္သည္။

တျခားသူေတြ မည္သို႔ျဖစ္သလဲေတာ့မသိ။က်ေနာ့္အတြက္ေတာ့ ၾသကၤန္သီခ်င္းသံ စၾကားသည့္ မတ္လလယ္ေလာက္မွ စတင္ကာ စိတ္က ဇာတိေျမဆီသို႔ ကဆုန္ေပါက္ေျပးေနၿမဲ ျဖစ္သည္။ဒါက တစ္ႏွစ္တည္းမဟုတ္။ႏွစ္စဥ္ ကဆုန္ေပါက္ေျပးေနျခင္းသည္ အခါခါ။စိတ္ကို အလုပ္ထဲႏွစ္ထားရင္း လြတ္လြတ္ထြက္သြားသည္မွာလည္း အခါခါျဖစ္သည္။

စိတ္ကထိုသို႔ ကဆုန္ေပါက္ေနၿပီ ျဖစ္ေသာ္လည္း ႏွစ္တိုင္းေတာ့ ျပန္ႏိုင္တာမဟုတ္။ေထာင္က်ေနသျဖင့္၊ ႏိုင္ငံျခားေရာက္ေနသျဖင့္ အမ်ိဳးမ်ိဳးေသာ ေလာကဓံက ဇာတိသို႔ျပန္မည့္ေျခလွမ္းကို ေဆာင့္ဆြဲထားပါသျဖင့္။၁၃ ႏွစ္သားအ႐ြယ္ ရန္ကုန္သို႔ ေရာက္သည့္အခ်ိန္မွ ထိုသို႔ေသာ အေၾကာင္းေၾကာင္းေၾကာင့္ မျပန္ျဖစ္သည့္ႏွစ္မ်ား ရွိေသာ္လည္း ခပ္နည္းနည္းမွ်သာ။မျပန္ျဖစ္သည့္ႏွစ္မ်ားတြင္ စိတ္ပ်က္လက္ပ်က္ျဖစ္ရသည္။လူတစ္ေယာက္ျဖစ္ရျခင္းတြင္ အရသာတစ္ခုခု လိုေနသလို ခံစားရသည္။ေျခလွမ္းတိုင္းသည္ ေလးလံထိုင္းမႈိင္းေနသလိုမ်ိဳးအထိ။တျခားအခ်ိန္ ဇာတိသို႔မျပန္ရလွ်င္ ဘာမွမျဖစ္ေသာ္လည္း ၾသကၤန္ဆို ျပန္ကိုျပန္ရမွ ပုံစံမ်ိဳး။ဘာလို႔ ဒီေလာက္ေတာင္ အကဲပိုေနတာလဲဟု ေမးပါက ပိုသင့္လို႔ပိုတာဟု ျပန္ေျပာျဖစ္မည္ထင္၏။

ၾသကၤန္ဆို ျပန္မယ္ဆိုတာခ်ည္းေၾကာင့္ အကဲပိုသည္ဟု ထင္သူမ်ားထဲ က်ေနာ့္ သားႏွင့္မယားလည္း ပါသည္။၂၀၁၇ ခုႏွစ္ ၾသကၤန္တြင္ သားႏွင့္မယားကိုပါ ဇာတိၾသကၤန္သို႔ ေခၚသြားခဲ့ရာ သူတို႔မျမင္ဖူးေသာ ၾသကၤန္ကို ျမင္လိုက္ရသျဖင့္ က်ေနာ္၏ အကဲပိုမႈအေပၚ နားလည္သြားၾကပုံရသည္။

၂၀၁၈ ၾသကၤန္တုန္းကေတာ့ သားႏွင့္တူကိုေခၚၿပီး ဇာတိျပန္ရန္ လက္မွတ္ပင္ ဝယ္ထားၿပီးခါမွ အေၾကာင္းေၾကာင္းေၾကာင့္ မျပန္ျဖစ္လိုက္သျဖင့္ အိပ္မက္မ်ား ပ်က္သြားသည့္ႏွယ္။ယခု ၂၀၁၉ ခုႏွစ္တြင္ေတာ့ ျပန္ျဖစ္ေအာင္ ျပန္မည္ဟူ၍ ပိုင္းျဖတ္ထားခဲ့သည္။

သို႔ေသာ္၊ သာမန္ျပည္သူတစ္ဦးအေနႏွင့္ အားထုတ္ခဲ့သမွ် ကားလက္မွတ္ မည္သို႔မွ်မရႏိုင္ေၾကာင္း မတ္လ ၃၁ ရက္တြင္ ေသခ်ာသြားခဲ့သည္။ရထားအထူးတန္း လက္မွတ္ရရန္ရွိၿပီး ရထားျဖင့္သာ ျပန္ခ်င္ေသာ္လည္း ရထားစီးေနရသည့္အခ်ိန္ ၾကာလြန္းၿပီး ျမန္ျမန္ေရာက္ခ်င္သျဖင့္ သိပ္မစီးခ်င္ျပန္။

က်ေနာ့္ဇာတိေျမမွာ မြန္ျပည္နယ္၊ ဘီလူးကြၽန္း (ေခ်ာင္းဆုံ)။ယခင္က ေမာ္လၿမိဳင္အထိ ကား (သို႔မဟုတ္) ရထားစီး။ေမာ္လၿမိဳင္မွ ဇက္သေဘၤာထပ္စီး။၂၀၁၇ ခုႏွစ္အတြင္း ေမာ္လၿမိဳင္-ေခ်ာင္းဆုံ သံလြင္ျမစ္ျဖတ္တံတား ဖြင့္လွစ္ခဲ့ၿပီးမို႔ ရန္ကုန္-ေခ်ာင္းဆုံ ခရီးသည္တင္ကား တိုက္႐ိုက္ေရာက္ရွိၿပီျဖစ္သည္။သို႔ေသာ္၊ လက္မွတ္ကမရတာ ေသခ်ာသြားၿပီမို႔ ေမာ္လၿမိဳင္ ကားလက္မွတ္တစ္ေစာင္ရေအာင္ ခ်စ္မိတ္ေဆြႀကီး မြန္ျပည္နယ္လႊတ္ေတာ္ ဒုဥကၠဌ ေဒါက္တာေအာင္ႏိုင္ဦး ထံ အပူကပ္ရေတာ့သည္။

“ေဒါက္တာေရ၊ သာမန္ျပည္သူတစ္ေယာက္အေနနဲ႔ ဘယ္လိုမွ မစြမ္းေဆာင္ႏိုင္ေတာ့ဘူး” ဟု ဖုန္းဆက္ေျပာေတာ့ သူကရယ္သည္။ၿပီးေတာ့ ၁၀ မိနစ္ပင္မၾကာ၊ လက္မွတ္ရရွိပါၿပီတဲ့။ကဲ….။

လက္မွတ္ရၿပီမို႔ စိတ္ေအးလက္ေအး ျဖစ္သြားၿပီးေနာက္ ကိုယ္က ဇာတိျပန္မေရာက္ခင္ ေဒၚေအာင္ဆန္းစုၾကည္ က ဘီလူးကြၽန္း အရင္ေရာက္ေနျပန္သျဖင့္ ဂုဏ္ယူရျပန္သည္။ဧၿပီ ၄ ရက္ေန႔၊ ေမာ္လၿမိဳင္တြင္ လူထုေတြ႕ဆုံပြဲအၿပီး ေခ်ာင္းဆုံေဆး႐ုံ။ထို႔ေနာက္၊ နာမည္ေက်ာ္ ႐ြာလြတ္လက္မႈထည္ႏွင့္ မုဒြန္း ေက်ာက္သင္ပုန္း ထုတ္လုပ္မႈသို႔ ေရာက္ရွိ။႐ြာလြတ္တြင္ ႐ြာသားမ်ားႏွင့္ ေတြ႕ဆုံမႈက ေႏြးေထြးစြာ၊ ၾကင္နာစြာ၊ အျပန္အလွန္ရယ္ေမာျခင္းမ်ားစြာ။Myanmar State Counsellor Office လူမႈကြန္ရက္စာမ်က္ႏွာမွ ထုတ္လႊင့္ေပးေသာ မူဗီဖိုင္မွာ ၾကည့္လို႔မဝေအာင္ပင္။

ေဒၚစုႏွင့္ ႐ြာသားတို႔ ေတြ႕ဆုံသည့္ေနရာမွာ ႐ြာလြတ္႐ြာတြင္း လမ္းေဘးတစ္ေနရာ။ႏိုင္ငံ့ေခါင္းေဆာင္ တစ္ဦးက အမိုးဖြင့္ကား ေနာက္ခန္းေပၚမွေန၍ ႐ြာသားမ်ားႏွင့္ ေတြ႕ဆုံျခင္းျဖစ္သည္။တိုင္းျပည္၏ အာဏာနံပါတ္တစ္က ျပည္သူႏွင့္ ထိေတြ႕ရာတြင္ ပကာသနအေဆာင္အေယာင္ မလိုေၾကာင္း သက္ေသျပခ်က္ ျဖစ္သလို ႐ြာသားမ်ား၏ တင္ျပမႈ၊ ေတာင္းဆိုမႈကလည္း သိပ္အ႐ိုးခံဆန္လွတာမို႔ ေဒၚေအာင္ဆန္းစုၾကည္ ကလည္း သိပ္သေဘာက်ပုံရသည္။

ေတြ႕ဆုံပြဲၿပီးခါနီးတြင္ေတာ့ ႐ြာလြတ္ ႐ြာသူမႀကီးတစ္ဦးက သူ႔မြန္သံဝဲ၀ဲႀကီးျဖင့္ ၾသကၤန္ေရာက္လွ်င္ ဘုရားပြဲလာခဲ့ရန္ ေဒၚေအာင္ဆန္းစုၾကည္အား ဖိတ္သည္။သူက အေကြၽးအေမြး ျပခ်င္လို႔ပါဟု ဆိုသည္။ဘုန္းႀကီးဝိုင္း ဆြမ္းေကြၽးသလိုမ်ိဳး ဧည့္သည္မ်ားကိုေကြၽးတာတဲ့။ဟင္း ၅ ပြဲ ၆ ပြဲ ျပင္ထားတာတဲ့။ဘယ္ရပ္ဘယ္႐ြာ ဘယ္ဇာတိ ဘယ္သူ႔သားရယ္လို႔ မခြဲ အိမ္ေပၚတက္လာတာနဲ႔ ေကြၽးတာတဲ့။အားလုံးအခမဲ့၊ လမ္းစရိတ္ပဲ ကုန္မည္တဲ့။

႐ြာလြတ္ ႐ြာသူမႀကီးမွာ ႏိုင္ငံ့ေခါင္းေဆာင္ ဘယ္ေလာက္ေတာင္ အလုပ္မ်ားသလဲဆိုသည္ကို သိခ်င္မွသိေပလိမ့္မည္။သူက အ႐ိုးခံအတိုင္း ဘီလူးကြၽန္းဘုရားပြဲ ယဥ္ေက်းမႈကို ေဒၚေအာင္ဆန္းစုၾကည္အား ျပခ်င္ႂကြားခ်င္ ဂုဏ္ယူခ်င္ပုံရသလို ဘီးလူးကြၽန္းသားတို႔၏ သဘာဝအတိုင္း သူတို႔ခ်စ္ခင္သူကို ဘုရားပြဲဖိတ္ၾကားျခင္းလည္း ျဖစ္သည္။

ဘုရားပြဲဆိုတာကေတာ့ ျမန္မာႏိုင္ငံတြင္ သိပ္အထူးအဆန္းရယ္မဟုတ္။ျမန္မာႏိုင္ငံအႏွံ႔ ဘုရားပြဲဆို သည္မွာေပါမွေပါ။ဘုရားပြဲမ်ားတြင္ စတုဒီသာေကြၽးေမြးျခင္းမ်ိဳး၊ အေကြၽးအေမြးမ်ားျဖင့္ ဧည့္ခံျခင္းမ်ိဳးရွိတာကလည္း မဆန္း။သို႔ေသာ္၊ ၾသကၤန္ႏွင့္ ဘုရားပြဲ တြဲလ်က္မ်ိဳး၊ အိမ္ေပၚတက္လာသည့္ မည္သူ႔ကိုမဆို ဆြမ္းေကြၽးသလို ဟင္းမ်ိဳးစုံ ဖြယ္ဖြယ္ရာရာအျပင္  စီးပြားေရးေျပလည္လွ်င္ ေျပလည္သလို မုန႔္ႏွစ္မ်ိဳးသုံးမ်ိဳးတင္မက အစ္ကိုကာလသားမ်ားအတြက္ ယစ္ေ႐ႊရည္မ်ားပင္ ပါေသးေသာ ႐ြာလုံးကြၽတ္ အိမ္တိုင္းေကြၽးေမြးျခင္းမ်ိဳးကေတာ့ ရွားမည္ထင္၏။ထို႔ျပင္ၾသကၤန္အႀကိဳေန႔မွ စတင္ကာ ဧၿပီတစ္လလုံး ဘီလူးကြၽန္းတစ္႐ြာၿပီးတစ္႐ြာ ဘုရားပြဲမ်ား ဆက္တိုက္ရွိျခင္းကလည္း ရွားမည္ထင္၏။

ၾသကၤန္အႀကိဳေန႔မွစတင္ကာ ဘယ္ေန႔ဘယ္႐ြာဘုရားပြဲဟု ေရွးႏွစ္မ်ားစြာကတည္းက သတ္မွတ္ၿပီးျဖစ္သလို အေကြၽးအေမြး အစီအစဥ္မွာလည္း ေရွးယခင္ကတည္းကျဖစ္သည္။ထို႔ေၾကာင့္ ၾသကၤန္ကာလတြင္ ဘုရားပြဲရွိေသာ ႐ြာမ်ားသို႔သာသြားၾကၿပီး ယင္း႐ြာသို႔သြားရာ လမ္းတစ္ေလွ်ာက္ႏွင့္ ႐ြာအတြင္း၌သာ  အဓိကေရပက္ၾကသည္။နည္းနည္းပါးပါး ေရပက္ၾကတာေတာ့မဟုတ္။ပုံးႀကီးပုံးငယ္တို႔ျဖင့္ အုန္းခနဲဆိုတာမ်ိဳး။ဘုရားပြဲက်င္းပရာ ႐ြာသို႔ေရာက္ၿပီဆို မိမိတို႔ႏွင့္အခင္မင္ဆုံးေသာအိမ္သို႔ အရင္သြားၾကသည္။က်ေနာ္တို႔ လူပ်ိဳအ႐ြယ္ထိ ႏြားလွည္းတစ္ေခတ္တုန္းက ထိုအိမ္တြင္ ႏြားလွည္းျဖဳတ္။ေသာက္တတ္ေသာ အစ္ကိုကာလသားမ်ားက အခ်မ္းေျပ ပူပူေလးေသာက္စရာ ေနာက္ေဖးသို႔သြား။
(ယမကာေသာက္စားျခင္းကို မယဥ္ေက်းေသာ အျပဳအမူဟု ယူဆသျဖင့္ အိမ္အေနာက္ဘက္ျခမ္း၌သာ ခပ္တိတ္တိတ္ဧည့္ခံျခင္းျဖစ္သည္။)

မေသာက္တတ္သူ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားႏွင့္ ကေလးမ်ားမွာမူ အိမ္ဧည့္ခန္းထက္တြင္ မုန႔္စား၊ ထမင္းစား၊ အခ်ိဳရည္ေသာက္။တစ္အိမ္ၿပီးလွ်င္ ေနာက္တစ္အိမ္။ဘုရားပြဲသြားသူ မည္သူမဆို အနည္းဆုံး သုံး၊ ေလးအိမ္ေလာက္ေတာ့ တက္ၾကသည္။
မိတ္မ်ားလွ်င္မ်ားသလို ဘုရားပြဲေရာက္ၿပီးမွ မိတ္ေဆြမ်ားအိမ္သို႔ မသြားလွ်င္ စိတ္ဆိုးတတ္ၾကတာမို႔ တက္ျဖစ္ေအာင္ တက္ၾကသည္။
အုပ္စုလိုက္ တက္ၾကတာမို႔ တက္သည့္အိမ္တိုင္း ကိုယ္နဲ႔သိတာေတာ့မဟုတ္။ကိုယ့္အုပ္စုထဲမွ တစ္ေယာက္ေယာက္ႏွင့္သိလွ်င္ လုံေလာက္သည့္သေဘာမို႔ အိုေက။

အိမ္ေပၚသို႔ေရာက္ၿပီဆိုလွ်င္လည္း အိမ္ေပၚတက္လာၿပီးမွ ထမင္းမစားလွ်င္ အိမ္ရွင္တိုင္းက စိတ္ဆိုးတတ္ၾကတာမို႔ စားျဖစ္ေအာင္ စားရေသးသည္။ဗိုက္ျပည့္ေနၿပီေျပာလည္း အိမ္ရွင္က မရမက အားနာရေလာက္ေအာင္ အတင္းေခၚေနသျဖင့္ ႏိုင္သေလာက္ စားရသည္ခ်ည္းျဖစ္သည္။ထို႔ေၾကာင့္ အထာသိေနေသာ ဘီလူးကြၽန္းသားမ်ားက ဘယ္အိမ္မွာမဆို ထမင္းနည္းနည္းႏွင့္ ဟင္းမ်ားမ်ားသာ စားေလ့ရွိသလို ကြၽန္းျပင္ပမွ ဧည့္သည္မ်ားပါလာလွ်င္လည္း တစ္အိမ္နည္းနည္းသာစားရန္ လမ္းၫႊန္ေလ့ရွိသည္။

ဘုရားပြဲက်င္းပရာ႐ြာမွ တစ္ဦးဦးမွာ ကိုယ္ႏွင့္ သိပ္ရင္းႏွီးေနလွ်င္ေတာ့ သူ႔အိမ္မွာတည္းခင္း႐ုံသာမ က သူ႔ေဆြမ်ိဳး၊အေပါင္းအသင္းအိမ္မ်ားပါ ေခၚသြားေလ့ရွိတာမို႔ တစ္ေယာက္တည္းနဲ႔သိလည္း သုံးေလးအိမ္ တက္စားဖို႔ မပူရ။စားၿပီးေသာက္ၿပီးၿပီဆိုပါက ႐ြာတစ္ပတ္ပတ္ ေရပက္ခံထြက္ၿပီးေနာက္ ဘုရားပြဲက်င္းပရာ ဘုရားသို႔ တက္ၾက။ဘုရားအနီးက်င္းပေသာ အေပ်ာ္တမ္းလက္ေဝွ႔ပြဲၾကည့္ၾက။

ဘုရားပြဲ႐ြာတစ္႐ြာလုံးႏွင့္လည္းမသိ။ဘုရားပြဲလာသူေဒသခံ တစ္ဦးႏွင့္မွ်လည္းမသိသူ မ်ားအဖို႔ မည္သည့္အိမ္ေပၚသို႔မဆို အက်ိဳးအေၾကာင္းေျပာျပ၍ တက္စားႏိုင္ေသာ္လည္း ရွက္သျဖင့္တ က္မစားသူမ်ား အဖို႔ ဘုရားေပၚတြင္ေကြၽးေသာစတုဒီသာကို တဝႀကီးစားႏိုင္သည္။

စားၿပီးေသာက္ၿပီးေနာက္ တည္းစရာအိမ္လည္းရွိၿပီး မျပန္ခ်င္ထပ္ကဲခ်င္သူမ်ားအတြက္မူ ညဘက္ တြင္က်င္းပေသာဗလာဇာတ္ပြဲကအဆင္သင့္။ဘုရားပြဲက်င္းပသည့္႐ြာတိုင္းတြင္ ဗလာဇာတ္ပြဲကအနည္းဆုံး ၂ညပြဲသြင္းေလ့ရွိသည္။

ေဒၚေအာင္ဆန္းစုၾကည္အားဘုရားပြဲဖိတ္ၾကားသည့္႐ြာလြတ္႐ြာသူမႀကီးေျပာသကဲ့သို႔ပင္ အားလုံးသည္ အခမဲ့ေသာ အခမဲ့ၾသကၤန္။
လမ္းစရိတ္သာကုန္မည္ဆိုေသာ ဘုရားပြဲယဥ္ေက်းမႈ။

တံတားမထိုးမီအထိ ႏွစ္ေပါင္းမ်ားစြာေသာကာလမ်ားတြင္ ဘီလူးကြၽန္းမွာ တည္းခိုခန္း၊ဟိုတယ္မရွိ။ ကိစၥတစ္ခုခုေၾကာင့္လာေသာဧည့္လည္းအင္မတန္နည္းၿပီးသံလြင္ျမစ္ျဖတ္သေဘၤာႀကီးစီးကာ တကူးတကန႔္ လာလည္သူမရွိေသာေဒသျဖစ္သည္။ထို႔ေၾကာင့္ပင္ ဘီလူးကြၽန္းဘုရားပြဲယဥ္ေက်းမႈဆိုသည္ မွာ ဘီလူး ကြၽန္းသားမ်ားႏွင့္အတူ လိုက္ပါလာေသာ ဧည့္အခ်ိဳ႕သာ ထိေတြ႕ခြင့္ရခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ၾသကၤန္ သံလြင္ျမစ္ကူးတံတားဖြင့္လွစ္ၿပီးၿပီမို႔ ေမာ္လၿမိဳင္ဘက္မွ ဘုရားပြဲၾသကၤန္လာ ေရာက္ဆင္ႏႊဲသူမ်ားျဖင့္ ပိုစည္ကားခဲ့ေၾကာင္းသိရသည္။ယခုႏွစ္တြင္လည္းထို႔အတူ ဧည့္မ်ားစြာျဖင့္ သိပ္ကို စည္ေနသည့္ဘုရားပြဲၾသကၤန္မွာ သံစုံတီးဝိုင္းပမာ အသံမ်ိဳးစုံျဖင့္ ၿမိဳင္ဆိုင္လို႔။

၂ႏွစ္တာဘီလူးကြၽန္းသို႔မေရာက္ခဲ့ေသာ ကြၽန္းသားႀကီးက်ေနာ္ကိုယ္တိုင္ပင္ ေကာင္း႐ုံတင္မက က်ယ္ ပါက်ယ္လာေသာလမ္းမထက္ေပၚ ေရာင္စုံကား၊ေရာင္စုံဆိုင္ကယ္မ်ားျဖင့္ ေရာင္စုံလူသားတို႔၏ အေရာင္စုံ ေပ်ာ္႐ႊင္မႈမ်ားအေပၚ သိပ္နားမလည္။အေရာင္အေသြးစုံလွေသာၿမိဳ႕ႀကီးျပႀကီးသည္ ဘီလူးကြၽန္း ဆီသို႔ ဘယ့္ ႏွယ့္ဘယ္လိုေရာက္ရွိလာသလဲဟု ေတြးရေတာ့မွာလိုလို။

က်ေနာ္တို႔အဘိုးအဘြားႏွင့္အေဖအေမမ်ားေခတ္တြင္ ဘုရားပြဲမ်ားဆီသို႔ ႏြားလွည္းျဖင့္ သြားခဲ့ၾက ရာမွက်ေနာ္တို႔ေခတ္တြင္ ႏြားလွည္းႏွင့္ေထာ္လာဂ်ီ ခပ္မ်ားမ်ား။ ယခုက်ေနာ္တို႔သားမ်ားလက္ထက္က် ေတာ့ ဆိုင္ကယ္ႏွင့္ကားမ်ားသာ ဝီလို႔။ထိုသို႔ အသြားအလာတြင္ ေျပာင္းလဲမႈမ်ားရွိခဲ့ေသာ္လည္း ဘုရားပြဲ ယဥ္ေက်းမႈ၏အတြင္းသားအလွမွာမူ မေျပာင္းလဲ႐ုံတင္မက ပိုမိုဝင္းပလို႔။ထိုင္းသို႔ သြားကာကိုယ့္လက္ ကိုယ့္ေျချဖင့္ ရွာခဲ့သမွ် အၿပိဳင္အဆိုင္ ေကြၽးလိုက္မယ္ဆိုတာခ်ည္း။

ဘီလူးကြၽန္းဘုရားပြဲယဥ္ေက်းမႈမွာ ႏွစ္ေပါင္းတစ္ရာေက်ာ္ခဲ့ၿပီ။ဘုရားပြဲယဥ္ေက်းမႈမွာသည္ တစ္႐ြာ ႏွင့္တစ္႐ြာၾကား ကူးလူးဆက္ဆံမႈေခ်ာေမြ႕ေစခဲ့သည္။ဘုရားပြဲယဥ္ေက်းမႈမွသည္ ခ်စ္ျခင္းေမတၱာတို႔ စီးဆင္း ၾကကုန္သည္။ဘုရားပြဲယဥ္ေက်းမႈမွသည္ ခင္ခင္မင္မင္ ခ်စ္ခ်စ္ခင္ခင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္။ဘုရားပြဲယဥ္ေက်းမႈ သည္ၿငိမ္းခ်မ္းေရး။ဘုရားပြဲယဥ္ေက်းမႈသည္ မည္သို႔ေသာၾသကၤန္ႏွင့္မွမတူ  ေမႊးျမလို႔။

ထို႔ေၾကာင့္ ဘီလူးကြၽန္းၾသကၤန္၊ဘုရားပြဲၾသကၤန္ကို က်ေနာ္အကဲပိုမိသည္မွာ ဘယ္ေတာ့မွလြန္မည္ မဟုတ္ေပ။

မ်ိဳးၫြန႔္(Popular News)
ဧၿပီ - ၁၇