【 ဆောင်းပါး 】 မနက်စာစားချိန်မှစ၍ ကမ္ဘာကြီးကိုကယ်တင်ပါ

【 ဆောင်းပါး 】 မနက်စာစားချိန်မှစ၍ ကမ္ဘာကြီးကိုကယ်တင်ပါ

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုက တစ်နေ့တခြား ပိုမိုဆိုးရွားလာလျက်ရှိသည်။သိပ္ပံပညာရှင်များ ကြိုတင်မှန်းဆထားသည်ထက်ပင် ပို၍ဆိုးရွားသော အခြေအနေမျိုးဖြစ်သည်။မကြာသေးမီက ဝီဖာမုန်တိုင်းဒဏ်ကို အာရှနိုင်ငံများ အလူးအလိမ့်ခံစားခဲ့ကြရသည်။ထိုသို့ သဘာဝဘေးဒဏ်ကို တွေ့ကြုံခံစားခဲ့ရသော နိုင်ငံများထဲတွင် မိမိတို့နိုင်ငံလည်း ပါဝင်ခဲ့သည်။မိုးသည်းထန်စွာ ရွာသွန်းသည်။တောင်ပြိုမြေပြိုသည်။ရေလွှမ်းမိုးသည်။သိန်းနှင့်ချီသော ရေဘေးဒုက္ခသည်များ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ဘေးအန္တရာယ်များနှင့်  ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။လူသားတို့ တွေ့ကြုံခံစားနေရသော ရာသီဥတုဖောက်ပြန်မှုသည် လူသားတို့ကြောင့်ဖြစ်သည်ကို လူသားတို့ နားလည်သဘောပေါက်ထားကြသည်။ကျောက်မီးသွေးကဲ့သို့သော ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ မီးရှို့လောင်ကျွမ်းမှုကြောင့် သစ်ပင်များ မတန်တဆခုတ်လှဲရာမှ သစ်တောများပြုန်းတီးမှုကြောင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုအတွင်း ပမာဏကြီးမားစွာ စုပုံလာရာမှ ကမ္ဘာကြီးပူနွေးမှုကို အရှိန်မြင့်တက်လာစေခဲ့သည်။ကမ္ဘာကြီးပူနွေးမှုက ရာသီဥတုပြောင်းလဲမှုနှင့်အတူ အပူလွန်၊ အအေးလွန်၊ မုန်တိုင်းထန် မြေငလျင်ဒဏ်နှင့် မိုးသည်ထန်ကာမြေပြိုမှု ရေကြီးရေလျှံမှု တည်းဟူသော သဘာဝဘေးဒဏ်များကို လူသားတို့ အဆက်မပြတ် ခံစားနေကြရသည်။

ကမ္ဘာကြီးပူနွေးမှုကို ပိုမိုအရှိန်မြင့်တက်လာစေခဲ့သည့် အကြောင်းအရင်းများတွင် ကမ္ဘာ့လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များ စုပုံလာမှုက အဓိကဖြစ်သည်။ကမ္ဘာ့လေထုအတွင်း သဘာဝအလျောက် ဓာတ်ငွေ့များရှိနေသည်မှာ မှန်သော်လည်း လူသားတို့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များကို ပိုမိုထုထည်ကြီးမားလာစေခဲ့ခြင်း ဖြစ်သည်။ကမ္ဘာ့လေထုအတွင်း ရှိနေသည့် CO2 ၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုက် တည်းဟူသော ဖန်လုံအိမ်ဓာတ်ငွေ့များအနက် CO2 သည် လူသားတို့ကြောင့် အများဆုံးဖြစ်ပေါ်လာသော ဓာတ်ငွေ့ဖြစ်ပြီး လေထုအတွင်း ၆၄ ရာခိုင်နှုန်းအထိ ရှိနေသော ဓာတ်ငွေ့လည်းဖြစ်သည်။

ကမ္ဘာပေါ်တွင် စက်မှုကုန်ထုတ်လုပ်ငန်း စတင်ပေါ်ပေါက်လာချိန်ကတည်းက CO2 ဓာတ်ငွေ့များ လေထုအတွင်း စုပုံလာခဲ့ရာ မျက်မှောက်ခေတ်ကာလတွင် လေထုအတွင်း CO2 ပမာဏမှာ ယခင်ကထက် ၄၄ ရာခိုင်နှုန်း ပိုမိုတိုးပွားလာခဲ့သည်ဟု ဆိုသည်။ကျောက်မီးသွေး၊ ရေနံနှင့် ဓာတ်ငွေ့လောင်စာတို့ လောင်ကျွမ်းမှုကြောင့် CO2 နှင့် နိုက်ထရပ်အောက်ဆိုက် ဓာတ်ငွေ့များ ထွက်ပေါ်လာစေသည့်နည်းတူ သစ်ပင်များကို အဆမတန်ခုတ်လှဲရာမှ သစ်တောပြုန်းတီးမှု ကြီးထွားလာမှုကလည်း CO2 ကို လေထုအတွင်း ပိုမိုတိုးပွားစေခဲ့ခြင်းဖြစ်သည်။ယခင်က သစ်ပင်များက CO2 ဓာတ်ငွေ့ကို စုပ်ယူပေးသည့် တာဝန်ကိုယူကာ လေထုအတွင်း ရောက်ရှိမှုကို ထိန်းထားခဲ့ကြသော်လည်း သစ်တောများပြုန်းတီးလာခြင်းက CO2 ဓာတ်ငွေ့များ လေထုအတွင်း ရောက်ရှိခြင်းကို ဟန့်တားနိုင်ခဲ့ခြင်း မရှိတော့ပါချေ။

နောက်တစ်ခုက ကမ္ဘာ့လူသားတို့၏ နေ့စဉ်နှင့်အမျှ အသားစားသုံးမှု တိုးပွားလာခြင်းက မွေးမြူရေးလုပ်ငန်းများကို ပိုမိုကြီးထွားလာစေခဲ့သည်။ကျွဲ၊ နွား၊ သိုးကဲ့သို့သော တိရစ္ဆာန်တို့၏ မစင်များတွင် မီသိန်းဓာတ်ငွေ့များ ပါဝင်နေပြီး ထိုသို့သော တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများမှ ထွက်ပေါ်လာသော မီသိန်းဓာတ်ငွေ့သည် လေထုအတွင်း ၁၇ ရာခိုင်နှုန်းခန့် ရှိနေပါသည်။အလားတူပင် ဓာတ်မြေသြဇာတွင် ပါဝင်သော နိုက်ထရိုဂျင်သည် လေထုအတွင်းသို့ နိုက်ထရပ်အောက်ဆိုက် ၆ ရာခိုင်နှုန်းကို စုပုံစေလျက်ရှိသည်ဟု ဆိုသည်။လေထုအတွင်း နောက်ထပ်ရှိနေသည့် ဖန်လုံအိမ်ဓာတ်ငွေ့တစ်မျိုးမှာ ဖလူအိုရိုက် အဆိပ်ဓာတ်ငွေ့ဖြစ်သည်။ဖလူအိုရိုက် ဓာတ်ငွေ့သည် ကမ္ဘာကြီးပူနွေးမှုကို အကြီးမားဆုံး သက်ရောက်စေသည့် ဓာတ်ငွေ့ဖြစ်ပြီး CO2 ထက် အဆပေါင်း ၂၃၀၀၀ ခန့် ပိုမိုပူနွေးစေသည်ဟုဆိုသည်။ကံကောင်းသည်မှာ ဖလူအိုရိုက်ဓာတ်ငွေ့ ထွက်ပေါ်မှုကို ထိန်းချုပ်ထားနိုင်ခြင်းကမူ ဖလူအိုရိုက်ဓာတ်ငွေ့များ လေထုအတွင်းရောက်ရှိမှုကို နည်းပါးစေသောကြောင့်ဖြစ်သည်။

ရာသီဥတုဖောက်ပြန်မှုသည် လူသားတို့ကြောင့်ဟု သိပ္ပံပညာရှင်တို့က မည်သို့ပင် သတိပေးနှိုးဆော်နေလင့်ကစား လူသားတို့ကမူ ရာသီဥတုဖောက်ပြန်မှုကို ကိုယ်ကျိုးစီးပွားလောက် အရေးထားခြင်း မရှိခဲ့ကြပါ။လွန်ခဲ့သည့် ၁၀ စုနှစ်များစွာကတည်းက အကျိုးအမြတ်ကိုသာ ကြည့်တတ်သည့် အတ္တပဓာနဝါဒီ လူသားတို့၏ လောဘဇောတိုက်မှုနှင့်အတူ စက်မှုကုန်ထုတ်လုပ်ငန်းကို အပြိုင်အဆိုင် ထုတ်လုပ်မှုပြုလာခြင်း၊ သစ်ပင်များကို မဆင်မခြင်ဖြင့် အဆမတန်ခုတ်လှဲကာ သစ်တောအမြောက်အများ ပြုန်းတီးစေခြင်း၊ သတ္တုတွင်းများကို နေရာမချန် တူးဖော်မှုပြုခြင်း၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်လာခဲ့ခြင်းတို့က ကမ္ဘာကြီး၏ မြေမျက်နှာသွင်ပြင်ကို အကျဉ်းတန်စေခဲ့သလို ရာသီဥတုပြောင်းလဲမှု အကျိုးဆက်ဒဏ်ကို လူသားတို့ တွေ့ကြုံရင်ဆိုင်လာခဲ့ရသည်။

မကြာသေးမီက အာရှဒေသနိုင်ငံများ တွေ့ကြုံခံစားခဲ့ရသည့် ရာသီဥတုဖောက်ပြန်မှုဒဏ်မှာ ပြင်းထန်ဆိုးရွားခဲ့သည်။ပြင်းထန်သောမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့က တောင်ပြိုမြေပြိုမှုနှင့် ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေကာ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသကဲ့သို့ သဘာဝဘေးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ကြရသည်။အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုတွင် မြေပြိုမှု အကြိမ်ပေါင်း ၈၀ ဖြစ်ပွားပြီး လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ရသည်။ရေဘေးဒုက္ခသည်ပေါင်း သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

တရုတ်နိုင်ငံတွင် တစ်နာရီလျှင် ၈၇ ကီလိုမီတာ အရှိန်ပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်ကာ လေပြင်းတိုက်ခတ်မှုကြောင့် လူပေါင်းတစ်သန်းကျော် ရေဘေးလွတ်ရာ ပြေးခဲ့ကြရသည်။မြန်မာနိုင်ငံတွင်မူ သိထားကြသည့်အတိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာ သဘာဝဘေးဒဏ်ကို အကြီးအကျယ်ခံစားခဲ့ကြရသည်။မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တောင်ပြိုမှုက လူပေါင်း ၆၀ ကျော် အသက်ပေးဆပ်ခဲ့ရသည်အထိ ဖြစ်သည်။

သဘာဝဘေးဒုက္ခဟူသည်မှာ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်သည်ကို သိထားကြပြီး ဖြစ်သည်။ရာသီဥတုပြောင်းလဲမှုကို လျော့ပါးအောင် လုပ်ကြရမည်ကိုလည်း နားလည်သဘောပေါက်ထားကြပြီး ဖြစ်သည်။အမှန်စင်စစ် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ဖြစ်လာကာမှ ပြူးပြူးပြာပြာနှင့် ဝိုင်းကြဝန်းကြကယ်ကြ ကူညီဆောင်မကြရသည်မှာ မှန်ကန်မွန်မြတ်သော စိတ်ထားများဖြစ်သည်ဟု ဆိုသော်လည်း လူသားတို့အနေနဲ့ ရာသီဥတုပြောင်းလဲခြင်း လျော့ပါးအောင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်၍ ကြိုတင်ကာကွယ်မှုပြုခြင်းက ပိုမိုအရေးပါစေသည့် အချိန်အခါဖြစ်သည်ကို နားလည်သဘောပေါက်ဖို့ လိုပါသည်။

ဆိုရလျှင် လူသားတို့အနေနှင့် CO2 ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့နည်းအောင်၊ သစ်တောပြုန်းတီးမှုကို လျော့ပါးအောင် နိုက်ထရပ်အောက်ဆိုက်၊ မီးသိန်းနှင့် ဖလူအိုရိုက် ဓာတ်ငွေ့များ လေထုအတွင်းရောက်ရှိမှု နည်းပါးအောင် မည်သို့ကာကွယ် တားဆီးကြရမည်ဆိုသည်ကို ကြိုးပမ်းအားထုတ်ကြရမည့် အချိန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန်အတွက် အကျိုးအမြတ်ရှာလိုသော လူသားတို့၏ အလိုလောဘကို လျှော့ချရမည်။ဘယ်သူသေသေ ငတေမာရင်ပြီးရောဟူသော တစ်ကိုယ်ကောင်းဆန်မှုကို ပယ်သတ်ရမည်။ထိုမျှမက ကမ္ဘာကြီးကို ဘေးသင့်စေမည့် အနေအထိုင် အပြုအမူ အလေ့အထများကို ပြောင်းလဲကြရမည့်အချိန်လည်း ဖြစ်သည်။

အမေရိကန် စာရေးဆရာ ဂျိုနသန်ဆက်ဖရန်မိုရာ က ကမ္ဘာကြီးကို ဘေးသင့်စေနိုင်သည့် လူသားတို့၏ အလေ့အထ အပြုအမူများကို ပြောင်းလဲရန် နှိုးဆော်သော စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။ဆက်ဖရန်မိုရာ၏ အဆိုထဲမှ ကောက်နုတ်ဖော်ပြရလျှင် လူသားတို့သည် အသားကို နှစ်သက်ခုံမင်စွာ စားသုံးသူများဖြစ်သည်။လူသားတို့၏ အသားစားသုံးမှုက မွေးမြူရေးလုပ်ငန်းကို ကြီးထွားစေခဲ့သည်။တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းသည် ကမ္ဘာကြီးဘေးသင့်စေမှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်လျက်ရှိသည်။လူသားတို့အနေနှင့် အသားထက် အသီးအရွက်ကို ပိုမိုစားသုံးခြင်းဖြင့် ကမ္ဘာကြီးဘေးသင့်မှုကို တစ်ဖက်တစ်လမ်းမှ ကယ်တင်ရာရောက်သည်ဟု ဆိုသည်။

ဆက်ဖရန်မိုရာ၏ စာအုပ်အမည်က “မနက်စာစားချိန်မှစ၍ ကမ္ဘာကြီးကို ကယ်တင်ပါ” ဟူ၍ ဖြစ်သည်။

ကျွန်တော်တို့အားလုံး တွေးဆဆင်ခြင်သင့်လှပါသည်။

မြင့်နောင်မိုး
သြဂုတ် - ၃၁

( Zawgyi )

ကမာၻ႔ရာသီဥတု ေဖာက္ျပန္မႈက တစ္ေန႔တျခား ပိုမိုဆိုး႐ြားလာလ်က္ရွိသည္။သိပၸံပညာရွင္မ်ား ႀကိဳတင္မွန္းဆထားသည္ထက္ပင္ ပို၍ဆိုး႐ြားေသာ အေျခအေနမ်ိဳးျဖစ္သည္။မၾကာေသးမီက ဝီဖာမုန္တိုင္းဒဏ္ကို အာရွႏိုင္ငံမ်ား အလူးအလိမ့္ခံစားခဲ့ၾကရသည္။ထိုသို႔ သဘာဝေဘးဒဏ္ကို ေတြ႕ႀကဳံခံစားခဲ့ရေသာ ႏိုင္ငံမ်ားထဲတြင္ မိမိတို႔ႏိုင္ငံလည္း ပါဝင္ခဲ့သည္။မိုးသည္းထန္စြာ ႐ြာသြန္းသည္။ေတာင္ၿပိဳေျမၿပိဳသည္။ေရလႊမ္းမိုးသည္။သိန္းႏွင့္ခ်ီေသာ ေရေဘးဒုကၡသည္မ်ား အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ၾကရသည္။

ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ေဘးအႏၲရာယ္မ်ားႏွင့္  ႀကဳံေတြ႕ရင္ဆိုင္ခဲ့ရသည္။လူသားတို႔ ေတြ႕ႀကဳံခံစားေနရေသာ ရာသီဥတုေဖာက္ျပန္မႈသည္ လူသားတို႔ေၾကာင့္ျဖစ္သည္ကို လူသားတို႔ နားလည္သေဘာေပါက္ထားၾကသည္။ေက်ာက္မီးေသြးကဲ့သို႔ေသာ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ေလာင္စာမ်ား၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕မ်ား မီးရႈိ႕ေလာင္ကြၽမ္းမႈေၾကာင့္ သစ္ပင္မ်ား မတန္တဆခုတ္လွဲရာမွ သစ္ေတာမ်ားျပဳန္းတီးမႈေၾကာင့္ တိရစာၦန္ေမြးျမဴေရးလုပ္ငန္းမ်ား ဖန္လုံအိမ္ဓာတ္ေငြ႕မ်ား ေလထုအတြင္း ပမာဏႀကီးမားစြာ စုပုံလာရာမွ ကမာၻႀကီးပူေႏြးမႈကို အရွိန္ျမင့္တက္လာေစခဲ့သည္။ကမာၻႀကီးပူေႏြးမႈက ရာသီဥတုေျပာင္းလဲမႈႏွင့္အတူ အပူလြန္၊ အေအးလြန္၊ မုန္တိုင္းထန္ ေျမငလ်င္ဒဏ္ႏွင့္ မိုးသည္ထန္ကာေျမၿပိဳမႈ ေရႀကီးေရလွ်ံမႈ တည္းဟူေသာ သဘာဝေဘးဒဏ္မ်ားကို လူသားတို႔ အဆက္မျပတ္ ခံစားေနၾကရသည္။

ကမာၻႀကီးပူေႏြးမႈကို ပိုမိုအရွိန္ျမင့္တက္လာေစခဲ့သည့္ အေၾကာင္းအရင္းမ်ားတြင္ ကမာၻ႔ေလထုအတြင္း ဖန္လုံအိမ္ဓာတ္ေငြ႕မ်ား စုပုံလာမႈက အဓိကျဖစ္သည္။ကမာၻ႔ေလထုအတြင္း သဘာဝအေလ်ာက္ ဓာတ္ေငြ႕မ်ားရွိေနသည္မွာ မွန္ေသာ္လည္း လူသားတို႔ေၾကာင့္ ဖန္လုံအိမ္ဓာတ္ေငြ႕မ်ားကို ပိုမိုထုထည္ႀကီးမားလာေစခဲ့ျခင္း ျဖစ္သည္။ကမာၻ႔ေလထုအတြင္း ရွိေနသည့္ CO2 ၊ မီသိန္း၊ ႏိုက္ထရပ္ေအာက္ဆိုက္ တည္းဟူေသာ ဖန္လုံအိမ္ဓာတ္ေငြ႕မ်ားအနက္ CO2 သည္ လူသားတို႔ေၾကာင့္ အမ်ားဆုံးျဖစ္ေပၚလာေသာ ဓာတ္ေငြ႕ျဖစ္ၿပီး ေလထုအတြင္း ၆၄ ရာခိုင္ႏႈန္းအထိ ရွိေနေသာ ဓာတ္ေငြ႕လည္းျဖစ္သည္။

ကမာၻေပၚတြင္ စက္မႈကုန္ထုတ္လုပ္ငန္း စတင္ေပၚေပါက္လာခ်ိန္ကတည္းက CO2 ဓာတ္ေငြ႕မ်ား ေလထုအတြင္း စုပုံလာခဲ့ရာ မ်က္ေမွာက္ေခတ္ကာလတြင္ ေလထုအတြင္း CO2 ပမာဏမွာ ယခင္ကထက္ ၄၄ ရာခိုင္ႏႈန္း ပိုမိုတိုးပြားလာခဲ့သည္ဟု ဆိုသည္။ေက်ာက္မီးေသြး၊ ေရနံႏွင့္ ဓာတ္ေငြ႕ေလာင္စာတို႔ ေလာင္ကြၽမ္းမႈေၾကာင့္ CO2 ႏွင့္ ႏိုက္ထရပ္ေအာက္ဆိုက္ ဓာတ္ေငြ႕မ်ား ထြက္ေပၚလာေစသည့္နည္းတူ သစ္ပင္မ်ားကို အဆမတန္ခုတ္လွဲရာမွ သစ္ေတာျပဳန္းတီးမႈ ႀကီးထြားလာမႈကလည္း CO2 ကို ေလထုအတြင္း ပိုမိုတိုးပြားေစခဲ့ျခင္းျဖစ္သည္။ယခင္က သစ္ပင္မ်ားက CO2 ဓာတ္ေငြ႕ကို စုပ္ယူေပးသည့္ တာဝန္ကိုယူကာ ေလထုအတြင္း ေရာက္ရွိမႈကို ထိန္းထားခဲ့ၾကေသာ္လည္း သစ္ေတာမ်ားျပဳန္းတီးလာျခင္းက CO2 ဓာတ္ေငြ႕မ်ား ေလထုအတြင္း ေရာက္ရွိျခင္းကို ဟန႔္တားႏိုင္ခဲ့ျခင္း မရွိေတာ့ပါေခ်။

ေနာက္တစ္ခုက ကမာၻ႔လူသားတို႔၏ ေန႔စဥ္ႏွင့္အမွ် အသားစားသုံးမႈ တိုးပြားလာျခင္းက ေမြးျမဴေရးလုပ္ငန္းမ်ားကို ပိုမိုႀကီးထြားလာေစခဲ့သည္။ကြၽဲ၊ ႏြား၊ သိုးကဲ့သို႔ေသာ တိရစာၦန္တို႔၏ မစင္မ်ားတြင္ မီသိန္းဓာတ္ေငြ႕မ်ား ပါဝင္ေနၿပီး ထိုသို႔ေသာ တိရစာၦန္ေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ေပၚလာေသာ မီသိန္းဓာတ္ေငြ႕သည္ ေလထုအတြင္း ၁၇ ရာခိုင္ႏႈန္းခန႔္ ရွိေနပါသည္။အလားတူပင္ ဓာတ္ေျမၾသဇာတြင္ ပါဝင္ေသာ ႏိုက္ထ႐ိုဂ်င္သည္ ေလထုအတြင္းသို႔ ႏိုက္ထရပ္ေအာက္ဆိုက္ ၆ ရာခိုင္ႏႈန္းကို စုပုံေစလ်က္ရွိသည္ဟု ဆိုသည္။ေလထုအတြင္း ေနာက္ထပ္ရွိေနသည့္ ဖန္လုံအိမ္ဓာတ္ေငြ႕တစ္မ်ိဳးမွာ ဖလူအို႐ိုက္ အဆိပ္ဓာတ္ေငြ႕ျဖစ္သည္။ဖလူအို႐ိုက္ ဓာတ္ေငြ႕သည္ ကမာၻႀကီးပူေႏြးမႈကို အႀကီးမားဆုံး သက္ေရာက္ေစသည့္ ဓာတ္ေငြ႕ျဖစ္ၿပီး CO2 ထက္ အဆေပါင္း ၂၃၀၀၀ ခန႔္ ပိုမိုပူေႏြးေစသည္ဟုဆိုသည္။ကံေကာင္းသည္မွာ ဖလူအို႐ိုက္ဓာတ္ေငြ႕ ထြက္ေပၚမႈကို ထိန္းခ်ဳပ္ထားႏိုင္ျခင္းကမူ ဖလူအို႐ိုက္ဓာတ္ေငြ႕မ်ား ေလထုအတြင္းေရာက္ရွိမႈကို နည္းပါးေစေသာေၾကာင့္ျဖစ္သည္။

ရာသီဥတုေဖာက္ျပန္မႈသည္ လူသားတို႔ေၾကာင့္ဟု သိပၸံပညာရွင္တို႔က မည္သို႔ပင္ သတိေပးႏႈိးေဆာ္ေနလင့္ကစား လူသားတို႔ကမူ ရာသီဥတုေဖာက္ျပန္မႈကို ကိုယ္က်ိဳးစီးပြားေလာက္ အေရးထားျခင္း မရွိခဲ့ၾကပါ။လြန္ခဲ့သည့္ ၁၀ စုႏွစ္မ်ားစြာကတည္းက အက်ိဳးအျမတ္ကိုသာ ၾကည့္တတ္သည့္ အတၱပဓာနဝါဒီ လူသားတို႔၏ ေလာဘေဇာတိုက္မႈႏွင့္အတူ စက္မႈကုန္ထုတ္လုပ္ငန္းကို အၿပိဳင္အဆိုင္ ထုတ္လုပ္မႈျပဳလာျခင္း၊ သစ္ပင္မ်ားကို မဆင္မျခင္ျဖင့္ အဆမတန္ခုတ္လွဲကာ သစ္ေတာအေျမာက္အမ်ား ျပဳန္းတီးေစျခင္း၊ သတၱဳတြင္းမ်ားကို ေနရာမခ်န္ တူးေဖာ္မႈျပဳျခင္း၊ တိရစာၦန္ေမြးျမဴေရးလုပ္ငန္းမ်ားကို တြင္က်ယ္စြာလုပ္ကိုင္လာခဲ့ျခင္းတို႔က ကမာၻႀကီး၏ ေျမမ်က္ႏွာသြင္ျပင္ကို အက်ဥ္းတန္ေစခဲ့သလို ရာသီဥတုေျပာင္းလဲမႈ အက်ိဳးဆက္ဒဏ္ကို လူသားတို႔ ေတြ႕ႀကဳံရင္ဆိုင္လာခဲ့ရသည္။

မၾကာေသးမီက အာရွေဒသႏိုင္ငံမ်ား ေတြ႕ႀကဳံခံစားခဲ့ရသည့္ ရာသီဥတုေဖာက္ျပန္မႈဒဏ္မွာ ျပင္းထန္ဆိုး႐ြားခဲ့သည္။ျပင္းထန္ေသာမုန္တိုင္းႏွင့္ မိုးသည္းထန္စြာ႐ြာသြန္းမႈတို႔က ေတာင္ၿပိဳေျမၿပိဳမႈႏွင့္ ေရလႊမ္းမိုးမႈမ်ားကို ျဖစ္ေပၚေစကာ လူ႔အသက္ေပါင္းမ်ားစြာ ဆုံးရႈံးခဲ့ရသကဲ့သို႔ သဘာဝေဘးဒဏ္ကို အႀကီးအက်ယ္ ခံစားခဲ့ၾကရသည္။အိႏၵိယႏိုင္ငံ ျပည္နယ္တစ္ခုတြင္ ေျမၿပိဳမႈ အႀကိမ္ေပါင္း ၈၀ ျဖစ္ပြားၿပီး လူေပါင္း ၉၀ ေက်ာ္ ေသဆုံးခဲ့ရသည္။ေရေဘးဒုကၡသည္ေပါင္း သိန္းႏွင့္ခ်ီ၍ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရသည္။

တ႐ုတ္ႏိုင္ငံတြင္ တစ္နာရီလွ်င္ ၈၇ ကီလိုမီတာ အရွိန္ျပင္းထန္သည့္ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ မိုးသည္းထန္ကာ ေလျပင္းတိုက္ခတ္မႈေၾကာင့္ လူေပါင္းတစ္သန္းေက်ာ္ ေရေဘးလြတ္ရာ ေျပးခဲ့ၾကရသည္။ျမန္မာႏိုင္ငံတြင္မူ သိထားၾကသည့္အတိုင္း မြန္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔မွာ သဘာဝေဘးဒဏ္ကို အႀကီးအက်ယ္ခံစားခဲ့ၾကရသည္။မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေသာ ေတာင္ၿပိဳမႈက လူေပါင္း ၆၀ ေက်ာ္ အသက္ေပးဆပ္ခဲ့ရသည္အထိ ျဖစ္သည္။

သဘာဝေဘးဒုကၡဟူသည္မွာ ရာသီဥတုေျပာင္းလဲမႈ၏ ဆိုးက်ိဳးသက္ေရာက္မႈေၾကာင့္ ျဖစ္သည္ကို သိထားၾကၿပီး ျဖစ္သည္။ရာသီဥတုေျပာင္းလဲမႈကို ေလ်ာ့ပါးေအာင္ လုပ္ၾကရမည္ကိုလည္း နားလည္သေဘာေပါက္ထားၾကၿပီး ျဖစ္သည္။အမွန္စင္စစ္ ရာသီဥတုေျပာင္းလဲမႈႏွင့္ ပတ္သက္၍ ျဖစ္လာကာမွ ျပဴးျပဴးျပာျပာႏွင့္ ဝိုင္းၾကဝန္းၾကကယ္ၾက ကူညီေဆာင္မၾကရသည္မွာ မွန္ကန္မြန္ျမတ္ေသာ စိတ္ထားမ်ားျဖစ္သည္ဟု ဆိုေသာ္လည္း လူသားတို႔အေနနဲ႔ ရာသီဥတုေျပာင္းလဲျခင္း ေလ်ာ့ပါးေအာင္ စိတ္အားထက္သန္စြာ ပူးေပါင္းပါဝင္၍ ႀကိဳတင္ကာကြယ္မႈျပဳျခင္းက ပိုမိုအေရးပါေစသည့္ အခ်ိန္အခါျဖစ္သည္ကို နားလည္သေဘာေပါက္ဖို႔ လိုပါသည္။

ဆိုရလွ်င္ လူသားတို႔အေနႏွင့္ CO2 ဓာတ္ေငြ႕ထုတ္လႊတ္မႈကို ေလ်ာ့နည္းေအာင္၊ သစ္ေတာျပဳန္းတီးမႈကို ေလ်ာ့ပါးေအာင္ ႏိုက္ထရပ္ေအာက္ဆိုက္၊ မီးသိန္းႏွင့္ ဖလူအို႐ိုက္ ဓာတ္ေငြ႕မ်ား ေလထုအတြင္းေရာက္ရွိမႈ နည္းပါးေအာင္ မည္သို႔ကာကြယ္ တားဆီးၾကရမည္ဆိုသည္ကို ႀကိဳးပမ္းအားထုတ္ၾကရမည့္ အခ်ိန္ျဖစ္သည္။ ထိုသို႔လုပ္ေဆာင္ရန္အတြက္ အက်ိဳးအျမတ္ရွာလိုေသာ လူသားတို႔၏ အလိုေလာဘကို ေလွ်ာ့ခ်ရမည္။ဘယ္သူေသေသ ငေတမာရင္ၿပီးေရာဟူေသာ တစ္ကိုယ္ေကာင္းဆန္မႈကို ပယ္သတ္ရမည္။ထိုမွ်မက ကမာၻႀကီးကို ေဘးသင့္ေစမည့္ အေနအထိုင္ အျပဳအမူ အေလ့အထမ်ားကို ေျပာင္းလဲၾကရမည့္အခ်ိန္လည္း ျဖစ္သည္။

အေမရိကန္ စာေရးဆရာ ဂ်ိဳနသန္ဆက္ဖရန္မိုရာ က ကမာၻႀကီးကို ေဘးသင့္ေစႏိုင္သည့္ လူသားတို႔၏ အေလ့အထ အျပဳအမူမ်ားကို ေျပာင္းလဲရန္ ႏႈိးေဆာ္ေသာ စာအုပ္တစ္အုပ္ကို ေရးသားခဲ့သည္။ဆက္ဖရန္မိုရာ၏ အဆိုထဲမွ ေကာက္ႏုတ္ေဖာ္ျပရလွ်င္ လူသားတို႔သည္ အသားကို ႏွစ္သက္ခုံမင္စြာ စားသုံးသူမ်ားျဖစ္သည္။လူသားတို႔၏ အသားစားသုံးမႈက ေမြးျမဴေရးလုပ္ငန္းကို ႀကီးထြားေစခဲ့သည္။တိရစာၦန္ေမြးျမဴေရးလုပ္ငန္းသည္ ကမာၻႀကီးေဘးသင့္ေစမႈတြင္ တစ္စိတ္တစ္ပိုင္း ပါဝင္လ်က္ရွိသည္။လူသားတို႔အေနႏွင့္ အသားထက္ အသီးအ႐ြက္ကို ပိုမိုစားသုံးျခင္းျဖင့္ ကမာၻႀကီးေဘးသင့္မႈကို တစ္ဖက္တစ္လမ္းမွ ကယ္တင္ရာေရာက္သည္ဟု ဆိုသည္။

ဆက္ဖရန္မိုရာ၏ စာအုပ္အမည္က “မနက္စာစားခ်ိန္မွစ၍ ကမာၻႀကီးကို ကယ္တင္ပါ” ဟူ၍ ျဖစ္သည္။

ကြၽန္ေတာ္တို႔အားလုံး ေတြးဆဆင္ျခင္သင့္လွပါသည္။

ျမင့္ေနာင္မိုး
ၾသဂုတ္ - ၃၁