【 ဆောင်းပါး 】 မပြီးဆုံးသေးသော အလိမ်အညာဇာတ်လမ်း

【 ဆောင်းပါး 】 မပြီးဆုံးသေးသော အလိမ်အညာဇာတ်လမ်း

လူကြီးလာမည်ဆိုသည့် အသံကို ဟိုး…ငယ်ငယ်တုန်းက တော်တော့်ကိုမုန်းတီးခဲ့ဖူးသည်။ဟိုး..ငယ်ငယ်ဆိုတာက ပထမအာဏာရှင်တစ်ခေတ် နေဝင်ရီတရာအချိန်က ဖြစ်သည်။လူကြီးလာမည်ဆိုလျှင် ကိုယ်တွေလို ကျောင်းသားလေးများတင်မက ဆရာ/ဆရာမများကလည်း ပိုမုန်းကြမည်ဟုထင်၏။

လူကြီးက တစ်ခုခုကို ဘဝင်မကျသွားလျှင် ကိုယ်တွေက ကျောင်းသားမို့ အနေသာကြီးဖြစ်သော်လည်း ဆရာ/ဆရာမများမှာမူ အာဏာရှင်ခေတ် နိုင်ငံ့ဝန်ထမ်းမို့ ပြစ်ဒဏ်တစ်ခုခုသင့်မှာ ကြောက်ရသည်။

လူကြီး၏ ဘဝင်မကျမှုသည် ပြစ်ဒဏ်တစ်ခု ဖြစ်စရာလားဟု ယနေ့ခေတ် အခြေအနေကိုကြည့်ကာ မေးခွန်းမထုတ်မိရန်တော့ လိုသည်။အာဏာရှင်ခေတ်။အာဏာရှင်ခေတ်ဆိုသည်မှာ ကိုယ့်ဘာသာ ဝစီပိတ် အိမ်တွင်းပုန်းနေလည်း အခန့်မသင့်လျှင် လက်ထိပ်က အလိုလိုရောက်လာတတ်သည့်ခေတ်။ဥပမာ - ဗိုလ်နေဝင်း လက်ထက်၊ အလကားနေရင်းထောင် ကျသွားရှာသော ဂျုံစက်ပိုင်ရှင် ဦးကြင် ၏ ဖြစ်စဉ်ကိုကြည့်။

အာဏာရှင် ဗိုလ်နေဝင်း က သူနေ့စဉ်ဖြတ်သန်းရာ ပြည်လမ်းမပေါ်တွင် အိမ်ကြီးအိမ်ကောင်းဖြင့် နေထိုင်သော ဂျုံစက်ပိုင်ရှင် ဦးကြင် ကို မကျေနပ်။နေ့စဉ် ထိုအိမ်ကြီးကိုမြင်တိုင်း မနာလိုစိတ်ကြီးစွာဖြင့် ဆဲရေးတိုင်းထွာသည်တဲ့။နောက်ဆုံးတွင် အာဏာရှင်ကြီး၏ အလိုကျ တပည့်တပန်းများက ဦးကြင် ကို အကြောင်းရှာ၍ဖမ်းကာ ထောင် ၈ နှစ်ချလိုက်မှသာ အဆဲတော် ရပ်တော့သည်တဲ့။ဦးကြင် ၏ အမှန်တကယ်ပြစ်မှုမှာ အာဏာရှင်ကြီး မျက်စေ့ကို နောက်စေသော အိမ်ကြီးအိမ်ကောင်း ပိုင်ဆိုင်မှုဖြစ်သည်။ထား။

ထိုသို့သော အကြောင်းများအ ရအာဏာရှင်ခေတ်တွင် လူကြီးဆိုလျှင် ဘယ်လူကြီးမဆို သူ့အထွာနဲ့သူ အာဏာပါဝါကရှိတာမို့  လူကြီးလာမည်ဆိုသည့် မက်ဆေ့ဝင်လာလျှင် ဆရာ/ဆရာမများ  ပြာယာခတ်ကြသည်မှာ သဘာဝကျပါသည်။ဆရာ/ဆရာမများ၏ ပြာယာခတ်မှုက တပည့်များဆီ သက်ရောက်လာတော့ ကျနော်တို့သည်လည်း ယောက်ယက်ခတ်ရသည်။
လူကြီးလာမည်ဆိုတိုင်း ကျနော်တို့ ယောက်ယက်ခတ်ရသည်မှာ သန့်ရှင်းရေးလုပ်ရခြင်း ဖြစ်သည်။ကျောင်းသူများက တံမြက်စည်းလှည်း၊ ကျောင်းသားများက ရေစိုအဝတ်ဖြင့် ထိုင်ခုံ၊ စားပွဲ၊ ကျောက်သင်ပုန်း အကုန်ပြောင်အောင်တိုက်။ပြီးလျှင် မိမိအခန်းပြင်ပဝန်းကျင် အမှိုက်တစ်စ မရှိစေရ။

ကျနော့်ကျောင်းသားတစ်သက် လူကြီးဆိုသူများက တစ်ခါမျှ ကျောင်းသားများရှိရာသို့ တစ်ခန်းဝင် တစ်ခန်းထွက် ရောက်လာခြင်းမရှိ။ဘယ်လူကြီးကမှ ကျနော်တို့ ကလေးများကို လာအဖက်မလုပ်။လာသည့် လူကြီးက ဘယ်လိုလူကြီးလဲ ဆိုသည်ကိုလည်း ကျနော်တို့ ရေရေရာရာမသိ။လူကြီးကို လူကြီးဟုသာ မှတ်ယူရသည်။

ကြာလာတော့ လူကြီးလာမည်ဟေ့ဆိုပြီး သန့်ရှင်းရေးလုပ်ခိုင်းလျှင် ကိုယ့်အခန်းနား လာမှာလည်းမဟုတ်ဆိုသည့် အသိဖြင့် ကျနော်တို့ မကြည်မဖြူ ဖြစ်လာရသည်။ဆရာမကို ကြောက်သဖြင့် မပြောရဲသော်လည်း လူကြီးဆိုသူများကိုတော့ ကျိန်ဆဲတတ်လာသည်။ကျနော်တို့၏ မကြည်ဖြူမှုကိုသိသော ဆရာမအချို့က လူကြီးရောက်မလာလည်း သန့်ရှင်းသွားတာပေါ့ဟု ဖျောင်းဖျလေ့ရှိသည်။(ပုံမှန်အချိန်တွင် တော်ရိလျော်ရိ သန့်ရှင်းရေးလုပ်သည့် အဆင့်သာ လုပ်ရသည်။)  

တစ်ခါတစ်ရံ မည်မျှဆိုးသလဲဆို လူကြီးက ကိုယ့်ကျောင်းဘေးက ဖြတ်သွားမှာကို ကျောင်းထဲ လူကြီးဝင်စစ်မည်ဟုဆိုကာ ကျောင်းသားများအား သန့်ရှင်းရေးလုပ်ခိုင်းခြင်း ဖြစ်သည်။ကျောင်းအုပ်ကြီးက လူကြီးကျောင်းဘေးက ဖြတ်သွားမည်ကိုသိလျက် အကယ်၍ ကျောင်းထဲဝင်လာခဲ့သည်ရှိသော် ဆိုသည့် ပူပန်မှုဖြင့် လုပ်ခိုင်းတာလား၊ ကျောင်းအုပ်ကြီးကိုယ်တိုင်ကပဲ ဂျင်းထည့်ခံရတာလားတော့မသိ။ထိုသို့သော လူကြီးလာခြင်းကလည်း ကျနော်တို့ကို ဒုက္ခပေးခဲ့သည်။

ဒါ့ထက်ပိုဆိုးတာက လူကြီးလာ၍ ကားလမ်းမဘေးမှ စောင့်ကြိုရခြင်းဖြစ်သည်။ကျနော့၏ ငယ်ဘဝဖြတ်သန်းရာမှာ ရေပတ်လည်ဝိုင်းလျက်ရှိသော တောမြို့လေးသာမို့ ထိုသို့စောင့်ကြိုရခြင်းမျိုး သိပ်မရှိ။မှတ်မှတ်ရရ ၇ တန်းအထိ နေခဲ့သော တောကျောင်းတွင် အလယ်တန်းကျောင်းသား ဘဝ၌ တစ်ကြိမ်သာ ရှိခဲ့ဖူးသည်။ထိုလူကြီးက ပုံမှန်လူကြီးများထက် ပိုကြီးသောလူကြီးမို့ မကြိုမနေရစနစ်ဟုလည်း ဆိုသည်။

ဘယ်လောက်ထိကြီးသည့် လူကြီးလဲတော့မသိ။ထုံးစံအတိုင်း လူကြီးဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ ပြည်သူများမှာ တစ်ပတ်ခန့်ကြို၍ သန့်သန့်ရှင်းရှင်း ပြင်ပြင်ဆင်ဆင်ကို နှလုံးသွင်းကာ လူကြီးမျက်စိထဲ အမှားတစ်ခုခုမမြင်အောင် အားထုတ်ရသည်။

မနက်ခပ်စောစော ၆ နာရီလောက်တွင် ကောက်ညှင်းပေါင်း တစ်ယောက်တစ်ဆုပ်ကျွေးပြီး ကျနော်တို့ ကျောင်းသူ/သားလေးများကို စောင့်ခိုင်းသည်။လူကြီးမလာသေးသဖြင့် ဖြစ်သလို ထိုင်နေကြချိန်တွင် လူကြီးလာပြီဆိုသည့် ကောလာဟလက ၃ ကြိမ် ၃ ခါ၊ ရုတ်ရုတ်သဲသဲဖြင့် ထတန်းစီရ၊ မဟုတ်သဖြင့် တန်းပြန်ဖြုတ်ရ။

မနက် ၆ နာရီခန့်ကတည်းက စောင့်နေရသော လူကြီးမှာ ၁၀ နာရီခန့်ကျမှ ရောက်လာသည်။ရောက်လာသည် ဆိုသော်လည်း သူ့ဘာသာ ကားနဲ့ဖြတ်သွားခြင်းသာ ဖြစ်သည်။ကားကိုလည်း အရှိန်မလျှော့၊ လက်တွေ ဘာတွေလည်း မပြသဖြင့် လူကြီးက ဘယ်ကားတွင် ဘယ်လိုပါသွားမှန်းပင် မသိလိုက်။လမ်းဘေးဝဲယာ သန့်ရှင်းသပ်ရပ်နေမှုတို့ကိုလည်း မြင်မည့်ဟန်မတူ။ကျနော်တို့ ကျောင်းသားများက အမှာတော်အတိုင်း လက်ပြဟု အချက်ပြချိန်တွင် နေပူထဲရပ်လို့ လက်ပြရသည်။

ယင်းသို့သော လူကြီးလာမည်ဆို ပြာယာခတ်ရသော ယဉ်ကျေးမှုကို ဒုတိယအာဏာရှင်ခေတ်က တန်ဖိုးမြှင့်၍ပင် ဆက်ခံသည်။ဟိုး…ငယ်ငယ်မှ ဟိုး…ကြီးကြီးအထိ အဆိပ်ပြင်းပြီး လူမဆန်သော လူကြီးများလည်း များလာသည်။အထက်အောက် အပြန်အလှန်လိမ်နေကြပြီး ထိုသို့လိမ်ခြင်းသည်ပင် ခံတွင်းမြိန်စေသော ဟင်းကောင်းတစ်ခွက်အသွင် ဖြစ်လာသည်။
လူကြီးလာတော့မည်ဆိုလျှင် မြောင်းတွေဖော်၊ ထုံးတွေသုတ်လို့ ရှုပ်ရှက်ခတ်နေရုံတင်မက လက်အုပ်ချီ ကြိုခိုင်းသည်အထိပင် အတင့်ရဲခဲ့သည်။အဖြူအစိမ်းဝတ် ကလေးငယ်များ နေပူထဲ လက်အုပ်လေးချီလျက် မြင်ကွင်းကို ဒုတိယအာဏာရှင် လက်ထက်တွင် မကြာခဏမြင်ရလေ့ရှိတာမို့ သူ့ထက်ကဲသည့် အခြေအနေဟု ဆိုလျှင်မမှား။

ထိုသို့သောကာလကြီးကို တမေ့တမော ဖြတ်သန်းလာကြပြီးနောက် ယခုမှာမူ ပြည်သူရွေးကောက်ခံ ဒီချုပ်အစိုးရလက်ထက်။လူကြီးဆိုသူများက ယခင်လူကြီးများနှင့်မတူ အလိမ်အညာတွေမကြိုက်၊ အရှိကိုအရှိအတိုင်း အာရုံပြုချင်သော လူကြီးများဟု ယေဘုယျကောက်ချက်ချနိုင်သည်။

သို့သော်၊ ဇန်နဝါရီ ၂၂ ရက်၊ ဒေါ်အောင်ဆန်းစုကြည် ၏ ချင်းပြည်နယ် ခရီးစဉ်အတွင်း တွန်းဇံမြို့နယ်၊ ဟားခါးလေး (မြောက်) ရွာ၌ ဒေသခံများနှင့် တွေ့ဆုံစဉ် လူကြီးလာခါနီးမှ ပြာယာခတ်ပြသော ဖြစ်စဉ်တစ်ခုက ပေါ်လာသည်။

ယင်းရွာမှ အမျိုးသမီးတစ်ဦးက “အမေစု လာရင် လမ်းတွေလည်းကောင်းတယ်။အရမ်းပျော်ဖို့လည်း ကောင်းတဲ့အတွက်ကြောင့် အမေစု လည်း ကျန်းမာပါစေ။လမ်းတွေလည်းကောင်းပါစေ…….။” ဟု ဆုတောင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် က နားရှင်းပုံမရသဖြင့် ကျမလာခါနီးမှ လမ်းတွေကောင်းတာလားဟု မေးမြန်းခဲ့ရာ ရွာသားများက ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဟားခါးလေး ရွာသူတို့က ဘာ့ကြောင့် ထိုသို့တင်ပြရသနည်း။ပထမအချက်မှာ ကြောက်စရာမလိုသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ထိုသို့လိမ်လည်ခြင်းကို မကြိုက်ဟု ယုံကြည်ကြခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ကို အမှန်အတိုင်း သိစေလိုခြင်းကြောင့်ဟု ထင်၏။ထပ်ပြောရလျှင် အောက်ခြေအဆင့်တို့၏ ဒေါ်အောင်ဆန်းစုကြည် အပေါ်လိမ်လည်မှုကို ပြည်သူက မကြိုက်သဖြင့် ဖွင့်ချကြခြင်း ဖြစ်သည်။

တစ်ခုတော့ရှိသည်။လမ်းအပေါက်အပြဲများမြင်လျှင် ဒေါ်အောင်ဆန်းစုကြည် စိတ်ညစ်မည်စိုးသဖြင့် တစ်ခါတလေလာသော ခေါင်းဆောင်ကို စိတ်မညစ်စေချင်သော ဆန္ဒဖြင့် လမ်းပြင်ထားခြင်း ဖြစ်နိုင်သော်လည်း ယင်းသည်လည်း လူကြီးကို လိမ်ခြင်းတစ်မျိုးပင်ဖြစ်သည်။

နောက်ထပ် ပူပူနွေးနွေး လိမ်လည်မှုကလည်း ရှိသေးသည်။ဇန်နဝါရီ ၂၅ ရက်၊ ဒေါ်အောင်ဆန်းစုကြည် လှိုင်သာယာလာမည်ဖြစ်၍ လှိုင်သာယာကို ခြယ်သထားမှု ဖြစ်သည်။

ပုံမှန်ကားပိတ်လေ့ရှိသော လှိုင်သာယာဘက်ခြမ်း အောင်ဇေယျတံတားအဆင်းမှာ ဇန်နဝါရီ ၂၅ ရက်တွင် ကားများရှင်းနေသည်။တွေ့သမျှ ဆိုင်ကယ် ဖမ်းနေသော ယာဉ်ထိန်းရဲများကြောင့် ဗြောင်းဆန်အောင်ပေါသော ဆိုင်ကယ်ကယ်ရီတို့သည်လည်း ထိုနေ့တွင် တစ်စီးမျှမရှိ။လှိုင်သာယာ တစ်ထိပ်မှ အထက (၁) သို့ သွားသည့် တပင်ရွှေထီးလမ်းသည်လည်း အပါက်အပြဲမရှိတော့။အထက (၁) ကျောင်းသည်လည်း ထင်ရက်စရာမရှိ၊ လှပ။စသည်ဖြင့် ၂၅ ရက်နေ့ တစ်ရက်တာ ဒေါ်အောင်ဆန်းစုကြည် လာရာ လမ်းတစ်လျှောက်ရှိ တင့်တယ်နေသော လှိုင်သာယာကို လှိုင်သာယာသားတစ်ဦးက လူမှုကွန်ရက်ပေါ် ဖွဲ့နွဲ့ပြသလို သူ၏ဖွဲ့နွဲ့မှုအပေါ် မှန်ကန်ကြောင်း ထောက်ခံထားသည့် လှိုင်သာယာသားတို့သည်လည်း မနည်းလှ။
ယခု ဖေဖေါ်ဝါရီလဆန်းပိုင်း ဒေါ်အောင်ဆန်းစုကြည် ၏ ရှမ်းပြည်နယ်ခရီးစဉ်ကရော မည်သို့နည်းဟု ထပ်တွေးကြည့်မိသည်။

ဆိုတော့ မေးစရာရှိလာတာက ဘယ်လူကြီးလာလာ ဘာမှမပြင်ဆင်ဘဲ ဒီအတိုင်းကြိုဆိုရမလားဟူသည့် မေးခွန်းဖြစ်သည်။ထိုသို့မဆိုလို။ထိုက်သင့်သည့် ပြင်ဆင်မှုမျိုး ရှိရပါမည်။သို့သော်၊ အခြားအချိန်များတွင် ဘာဆိုဘာမှ ပြင်ဆင်ခြင်းမရှိဘဲ လူကြီးလာခါနီးမှ အသည်းအသန် မိတ်ကပ်လိမ်းခြင်းကို ဆိုလိုခြင်းဖြစ်သည်။ထို့ပြင် အရှိတရားနှင့် လုံးဝပြောင်းပြန်ဖြစ်နေအောင် ကားများပြောင်ရှင်းနေခြင်း၊ ဆိုင်ကယ်ကယ်ရီများ ရှိမနေအောင် ဖမ်းခြင်း၊ စသည့် လူကြီးလာခြင်းကြောင့် ပြည်သူပါ ဒုက္ခရောက်သည့် ပုံစံမျိုးမှာ ရေရှည်တွင် လူကြီးဆိုသူများကို ပြည်သူက ငြိုငြင်လာနိုင်သဖြင့် အထူးရှောင်ကြဉ်ရန် လိုပေသည်။

မည်သို့သော အကြောင်းကြောင့်ဖြစ်စေ လူကြီးလာမှ မိတ်ကပ်လိမ်းခြင်းသည် လိမ်လည်ခြင်းပင်ဖြစ်သည်။လိမ်တာမကြိုက်သော ဒေါ်အောင်ဆန်းစုကြည် ကို မည်သူတွေက လိမ်လည်ကြသနည်း။အရိုးစွဲနေသော ဌာနဆိုင်ရာတို့က ပြာယာခတ်ပြခြင်းဆိုလျှင် "အော်…သူတို့ ချက်ချင်းလက်ငင်း မပြောင်းနိုင်ကြသေးလို့ပါ" ဟူ၍ ဖြေတွေးတွေးပေးနိုင်ပါသည်။
ဌာနဆိုင်ရာ၏ ဦးစီးဦးဆောင်မှုမဟုတ်ဘဲ ရှေးသရောအခါက ထိုသို့လိမ်လည်ခြင်းကို အပြင်းအထန် ကန့်ကွက်ခဲ့ကြသော တိုင်း/ပြည်နယ် အစိုးရအဖွဲ့ဝင်များ၏ အိုင်ဒီယာဆိုပါက မည်သို့မျှ နားလည်ပေးနိုင်စရာ အကြောင်းမရှိပေ။

နောက်ထပ်စိတ်ဝင်စားမိတာက လူကြီးလာမည်ဖြစ်၍ ကျောင်းသူ/သားလေးများကရော ကျနော် ငယ်ငယ်ကလို သန့်ရှင်းရေးလုပ်နေရသလားဖြစ်သည်။၆ တန်းတက်နေသော ကျနော့သားကို မေးကြည့်ရာမှာတော့ သူတို့ကျောင်းသို့ ဧည့်သည်လာမည်ဆိုလျှင် သန့်ရှင်းရေးလုပ်ရကြောင်း ဘဝင်မကျသော လေသံဖြင့် ပြန်ပြောသဖြင့် ၁၉၈၅ ခုနှစ်ကျော်ကာလ ကျနော်တို့ မလုပ်ချင်ခဲ့သော သန့်ရှင်းရေးသည် ယနေ့တိုင် ရှင်သန်နေဆဲဟုတွေးကာ သက်ပြင်းချမိသည်။

မျိုးညွန့် (Popular News)
ကိုးကား - ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ (ကြေးမုံဦးသောင်း)
ဖေဖော်ဝါရီ - ၉

( Zawgyi )

လူႀကီးလာမည္ဆိုသည့္ အသံကို ဟိုး…ငယ္ငယ္တုန္းက ေတာ္ေတာ့္ကိုမုန္းတီးခဲ့ဖူးသည္။ဟိုး..ငယ္ငယ္ဆိုတာက ပထမအာဏာရွင္တစ္ေခတ္ ေနဝင္ရီတရာအခ်ိန္က ျဖစ္သည္။လူႀကီးလာမည္ဆိုလွ်င္ ကိုယ္ေတြလို ေက်ာင္းသားေလးမ်ားတင္မက ဆရာ/ဆရာမမ်ားကလည္း ပိုမုန္းၾကမည္ဟုထင္၏။

လူႀကီးက တစ္ခုခုကို ဘဝင္မက်သြားလွ်င္ ကိုယ္ေတြက ေက်ာင္းသားမို႔ အေနသာႀကီးျဖစ္ေသာ္လည္း ဆရာ/ဆရာမမ်ားမွာမူ အာဏာရွင္ေခတ္ ႏိုင္ငံ့ဝန္ထမ္းမို႔ ျပစ္ဒဏ္တစ္ခုခုသင့္မွာ ေၾကာက္ရသည္။

လူႀကီး၏ ဘဝင္မက်မႈသည္ ျပစ္ဒဏ္တစ္ခု ျဖစ္စရာလားဟု ယေန႔ေခတ္ အေျခအေနကိုၾကည့္ကာ ေမးခြန္းမထုတ္မိရန္ေတာ့ လိုသည္။အာဏာရွင္ေခတ္။အာဏာရွင္ေခတ္ဆိုသည္မွာ ကိုယ့္ဘာသာ ဝစီပိတ္ အိမ္တြင္းပုန္းေနလည္း အခန႔္မသင့္လွ်င္ လက္ထိပ္က အလိုလိုေရာက္လာတတ္သည့္ေခတ္။ဥပမာ - ဗိုလ္ေနဝင္း လက္ထက္၊ အလကားေနရင္းေထာင္ က်သြားရွာေသာ ဂ်ဳံစက္ပိုင္ရွင္ ဦးၾကင္ ၏ ျဖစ္စဥ္ကိုၾကည့္။

အာဏာရွင္ ဗိုလ္ေနဝင္း က သူေန႔စဥ္ျဖတ္သန္းရာ ျပည္လမ္းမေပၚတြင္ အိမ္ႀကီးအိမ္ေကာင္းျဖင့္ ေနထိုင္ေသာ ဂ်ဳံစက္ပိုင္ရွင္ ဦးၾကင္ ကို မေက်နပ္။ေန႔စဥ္ ထိုအိမ္ႀကီးကိုျမင္တိုင္း မနာလိုစိတ္ႀကီးစြာျဖင့္ ဆဲေရးတိုင္းထြာသည္တဲ့။ေနာက္ဆုံးတြင္ အာဏာရွင္ႀကီး၏ အလိုက် တပည့္တပန္းမ်ားက ဦးၾကင္ ကို အေၾကာင္းရွာ၍ဖမ္းကာ ေထာင္ ၈ ႏွစ္ခ်လိုက္မွသာ အဆဲေတာ္ ရပ္ေတာ့သည္တဲ့။ဦးၾကင္ ၏ အမွန္တကယ္ျပစ္မႈမွာ အာဏာရွင္ႀကီး မ်က္ေစ့ကို ေနာက္ေစေသာ အိမ္ႀကီးအိမ္ေကာင္း ပိုင္ဆိုင္မႈျဖစ္သည္။ထား။

ထိုသို႔ေသာ အေၾကာင္းမ်ားအ ရအာဏာရွင္ေခတ္တြင္ လူႀကီးဆိုလွ်င္ ဘယ္လူႀကီးမဆို သူ႔အထြာနဲ႔သူ အာဏာပါဝါကရွိတာမို႔  လူႀကီးလာမည္ဆိုသည့္ မက္ေဆ့ဝင္လာလွ်င္ ဆရာ/ဆရာမမ်ား  ျပာယာခတ္ၾကသည္မွာ သဘာဝက်ပါသည္။ဆရာ/ဆရာမမ်ား၏ ျပာယာခတ္မႈက တပည့္မ်ားဆီ သက္ေရာက္လာေတာ့ က်ေနာ္တို႔သည္လည္း ေယာက္ယက္ခတ္ရသည္။
လူႀကီးလာမည္ဆိုတိုင္း က်ေနာ္တို႔ ေယာက္ယက္ခတ္ရသည္မွာ သန႔္ရွင္းေရးလုပ္ရျခင္း ျဖစ္သည္။ေက်ာင္းသူမ်ားက တံျမက္စည္းလွည္း၊ ေက်ာင္းသားမ်ားက ေရစိုအဝတ္ျဖင့္ ထိုင္ခုံ၊ စားပြဲ၊ ေက်ာက္သင္ပုန္း အကုန္ေျပာင္ေအာင္တိုက္။ၿပီးလွ်င္ မိမိအခန္းျပင္ပဝန္းက်င္ အမႈိက္တစ္စ မရွိေစရ။

က်ေနာ့္ေက်ာင္းသားတစ္သက္ လူႀကီးဆိုသူမ်ားက တစ္ခါမွ် ေက်ာင္းသားမ်ားရွိရာသို႔ တစ္ခန္းဝင္ တစ္ခန္းထြက္ ေရာက္လာျခင္းမရွိ။ဘယ္လူႀကီးကမွ က်ေနာ္တို႔ ကေလးမ်ားကို လာအဖက္မလုပ္။လာသည့္ လူႀကီးက ဘယ္လိုလူႀကီးလဲ ဆိုသည္ကိုလည္း က်ေနာ္တို႔ ေရေရရာရာမသိ။လူႀကီးကို လူႀကီးဟုသာ မွတ္ယူရသည္။

ၾကာလာေတာ့ လူႀကီးလာမည္ေဟ့ဆိုၿပီး သန႔္ရွင္းေရးလုပ္ခိုင္းလွ်င္ ကိုယ့္အခန္းနား လာမွာလည္းမဟုတ္ဆိုသည့္ အသိျဖင့္ က်ေနာ္တို႔ မၾကည္မျဖဴ ျဖစ္လာရသည္။ဆရာမကို ေၾကာက္သျဖင့္ မေျပာရဲေသာ္လည္း လူႀကီးဆိုသူမ်ားကိုေတာ့ က်ိန္ဆဲတတ္လာသည္။က်ေနာ္တို႔၏ မၾကည္ျဖဴမႈကိုသိေသာ ဆရာမအခ်ိဳ႕က လူႀကီးေရာက္မလာလည္း သန႔္ရွင္းသြားတာေပါ့ဟု ေဖ်ာင္းဖ်ေလ့ရွိသည္။(ပုံမွန္အခ်ိန္တြင္ ေတာ္ရိေလ်ာ္ရိ သန႔္ရွင္းေရးလုပ္သည့္ အဆင့္သာ လုပ္ရသည္။)  

တစ္ခါတစ္ရံ မည္မွ်ဆိုးသလဲဆို လူႀကီးက ကိုယ့္ေက်ာင္းေဘးက ျဖတ္သြားမွာကို ေက်ာင္းထဲ လူႀကီးဝင္စစ္မည္ဟုဆိုကာ ေက်ာင္းသားမ်ားအား သန႔္ရွင္းေရးလုပ္ခိုင္းျခင္း ျဖစ္သည္။ေက်ာင္းအုပ္ႀကီးက လူႀကီးေက်ာင္းေဘးက ျဖတ္သြားမည္ကိုသိလ်က္ အကယ္၍ ေက်ာင္းထဲဝင္လာခဲ့သည္ရွိေသာ္ ဆိုသည့္ ပူပန္မႈျဖင့္ လုပ္ခိုင္းတာလား၊ ေက်ာင္းအုပ္ႀကီးကိုယ္တိုင္ကပဲ ဂ်င္းထည့္ခံရတာလားေတာ့မသိ။ထိုသို႔ေသာ လူႀကီးလာျခင္းကလည္း က်ေနာ္တို႔ကို ဒုကၡေပးခဲ့သည္။

ဒါ့ထက္ပိုဆိုးတာက လူႀကီးလာ၍ ကားလမ္းမေဘးမွ ေစာင့္ႀကိဳရျခင္းျဖစ္သည္။က်ေနာ့၏ ငယ္ဘဝျဖတ္သန္းရာမွာ ေရပတ္လည္ဝိုင္းလ်က္ရွိေသာ ေတာၿမိဳ႕ေလးသာမို႔ ထိုသို႔ေစာင့္ႀကိဳရျခင္းမ်ိဳး သိပ္မရွိ။မွတ္မွတ္ရရ ၇ တန္းအထိ ေနခဲ့ေသာ ေတာေက်ာင္းတြင္ အလယ္တန္းေက်ာင္းသား ဘဝ၌ တစ္ႀကိမ္သာ ရွိခဲ့ဖူးသည္။ထိုလူႀကီးက ပုံမွန္လူႀကီးမ်ားထက္ ပိုႀကီးေသာလူႀကီးမို႔ မႀကိဳမေနရစနစ္ဟုလည္း ဆိုသည္။

ဘယ္ေလာက္ထိႀကီးသည့္ လူႀကီးလဲေတာ့မသိ။ထုံးစံအတိုင္း လူႀကီးျဖတ္သန္းရာ လမ္းတစ္ေလွ်ာက္ရွိ ျပည္သူမ်ားမွာ တစ္ပတ္ခန႔္ႀကိဳ၍ သန႔္သန႔္ရွင္းရွင္း ျပင္ျပင္ဆင္ဆင္ကို ႏွလုံးသြင္းကာ လူႀကီးမ်က္စိထဲ အမွားတစ္ခုခုမျမင္ေအာင္ အားထုတ္ရသည္။

မနက္ခပ္ေစာေစာ ၆ နာရီေလာက္တြင္ ေကာက္ညႇင္းေပါင္း တစ္ေယာက္တစ္ဆုပ္ေကြၽးၿပီး က်ေနာ္တို႔ ေက်ာင္းသူ/သားေလးမ်ားကို ေစာင့္ခိုင္းသည္။လူႀကီးမလာေသးသျဖင့္ ျဖစ္သလို ထိုင္ေနၾကခ်ိန္တြင္ လူႀကီးလာၿပီဆိုသည့္ ေကာလာဟလက ၃ ႀကိမ္ ၃ ခါ၊ ႐ုတ္႐ုတ္သဲသဲျဖင့္ ထတန္းစီရ၊ မဟုတ္သျဖင့္ တန္းျပန္ျဖဳတ္ရ။

မနက္ ၆ နာရီခန႔္ကတည္းက ေစာင့္ေနရေသာ လူႀကီးမွာ ၁၀ နာရီခန႔္က်မွ ေရာက္လာသည္။ေရာက္လာသည္ ဆိုေသာ္လည္း သူ႔ဘာသာ ကားနဲ႔ျဖတ္သြားျခင္းသာ ျဖစ္သည္။ကားကိုလည္း အရွိန္မေလွ်ာ့၊ လက္ေတြ ဘာေတြလည္း မျပသျဖင့္ လူႀကီးက ဘယ္ကားတြင္ ဘယ္လိုပါသြားမွန္းပင္ မသိလိုက္။လမ္းေဘးဝဲယာ သန႔္ရွင္းသပ္ရပ္ေနမႈတို႔ကိုလည္း ျမင္မည့္ဟန္မတူ။က်ေနာ္တို႔ ေက်ာင္းသားမ်ားက အမွာေတာ္အတိုင္း လက္ျပဟု အခ်က္ျပခ်ိန္တြင္ ေနပူထဲရပ္လို႔ လက္ျပရသည္။

ယင္းသို႔ေသာ လူႀကီးလာမည္ဆို ျပာယာခတ္ရေသာ ယဥ္ေက်းမႈကို ဒုတိယအာဏာရွင္ေခတ္က တန္ဖိုးျမႇင့္၍ပင္ ဆက္ခံသည္။ဟိုး…ငယ္ငယ္မွ ဟိုး…ႀကီးႀကီးအထိ အဆိပ္ျပင္းၿပီး လူမဆန္ေသာ လူႀကီးမ်ားလည္း မ်ားလာသည္။အထက္ေအာက္ အျပန္အလွန္လိမ္ေနၾကၿပီး ထိုသို႔လိမ္ျခင္းသည္ပင္ ခံတြင္းၿမိန္ေစေသာ ဟင္းေကာင္းတစ္ခြက္အသြင္ ျဖစ္လာသည္။
လူႀကီးလာေတာ့မည္ဆိုလွ်င္ ေျမာင္းေတြေဖာ္၊ ထုံးေတြသုတ္လို႔ ရႈပ္ရွက္ခတ္ေန႐ုံတင္မက လက္အုပ္ခ်ီ ႀကိဳခိုင္းသည္အထိပင္ အတင့္ရဲခဲ့သည္။အျဖဴအစိမ္းဝတ္ ကေလးငယ္မ်ား ေနပူထဲ လက္အုပ္ေလးခ်ီလ်က္ ျမင္ကြင္းကို ဒုတိယအာဏာရွင္ လက္ထက္တြင္ မၾကာခဏျမင္ရေလ့ရွိတာမို႔ သူ႔ထက္ကဲသည့္ အေျခအေနဟု ဆိုလွ်င္မမွား။

ထိုသို႔ေသာကာလႀကီးကို တေမ့တေမာ ျဖတ္သန္းလာၾကၿပီးေနာက္ ယခုမွာမူ ျပည္သူေ႐ြးေကာက္ခံ ဒီခ်ဳပ္အစိုးရလက္ထက္။လူႀကီးဆိုသူမ်ားက ယခင္လူႀကီးမ်ားႏွင့္မတူ အလိမ္အညာေတြမႀကိဳက္၊ အရွိကိုအရွိအတိုင္း အာ႐ုံျပဳခ်င္ေသာ လူႀကီးမ်ားဟု ေယဘုယ်ေကာက္ခ်က္ခ်ႏိုင္သည္။

သို႔ေသာ္၊ ဇန္နဝါရီ ၂၂ ရက္၊ ေဒၚေအာင္ဆန္းစုၾကည္ ၏ ခ်င္းျပည္နယ္ ခရီးစဥ္အတြင္း တြန္းဇံၿမိဳ႕နယ္၊ ဟားခါးေလး (ေျမာက္) ႐ြာ၌ ေဒသခံမ်ားႏွင့္ ေတြ႕ဆုံစဥ္ လူႀကီးလာခါနီးမွ ျပာယာခတ္ျပေသာ ျဖစ္စဥ္တစ္ခုက ေပၚလာသည္။

ယင္း႐ြာမွ အမ်ိဳးသမီးတစ္ဦးက “အေမစု လာရင္ လမ္းေတြလည္းေကာင္းတယ္။အရမ္းေပ်ာ္ဖို႔လည္း ေကာင္းတဲ့အတြက္ေၾကာင့္ အေမစု လည္း က်န္းမာပါေစ။လမ္းေတြလည္းေကာင္းပါေစ…….။” ဟု ဆုေတာင္းခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္ က နားရွင္းပုံမရသျဖင့္ က်မလာခါနီးမွ လမ္းေတြေကာင္းတာလားဟု ေမးျမန္းခဲ့ရာ ႐ြာသားမ်ားက ဟုတ္မွန္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

ဟားခါးေလး ႐ြာသူတို႔က ဘာ့ေၾကာင့္ ထိုသို႔တင္ျပရသနည္း။ပထမအခ်က္မွာ ေၾကာက္စရာမလိုေသာေၾကာင့္ျဖစ္ၿပီး ဒုတိယအခ်က္မွာ ေဒၚေအာင္ဆန္းစုၾကည္ အေနႏွင့္ ထိုသို႔လိမ္လည္ျခင္းကို မႀကိဳက္ဟု ယုံၾကည္ၾကျခင္းႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ ကို အမွန္အတိုင္း သိေစလိုျခင္းေၾကာင့္ဟု ထင္၏။ထပ္ေျပာရလွ်င္ ေအာက္ေျခအဆင့္တို႔၏ ေဒၚေအာင္ဆန္းစုၾကည္ အေပၚလိမ္လည္မႈကို ျပည္သူက မႀကိဳက္သျဖင့္ ဖြင့္ခ်ၾကျခင္း ျဖစ္သည္။

တစ္ခုေတာ့ရွိသည္။လမ္းအေပါက္အၿပဲမ်ားျမင္လွ်င္ ေဒၚေအာင္ဆန္းစုၾကည္ စိတ္ညစ္မည္စိုးသျဖင့္ တစ္ခါတေလလာေသာ ေခါင္းေဆာင္ကို စိတ္မညစ္ေစခ်င္ေသာ ဆႏၵျဖင့္ လမ္းျပင္ထားျခင္း ျဖစ္ႏိုင္ေသာ္လည္း ယင္းသည္လည္း လူႀကီးကို လိမ္ျခင္းတစ္မ်ိဳးပင္ျဖစ္သည္။

ေနာက္ထပ္ ပူပူေႏြးေႏြး လိမ္လည္မႈကလည္း ရွိေသးသည္။ဇန္နဝါရီ ၂၅ ရက္၊ ေဒၚေအာင္ဆန္းစုၾကည္ လႈိင္သာယာလာမည္ျဖစ္၍ လႈိင္သာယာကို ျခယ္သထားမႈ ျဖစ္သည္။

ပုံမွန္ကားပိတ္ေလ့ရွိေသာ လႈိင္သာယာဘက္ျခမ္း ေအာင္ေဇယ်တံတားအဆင္းမွာ ဇန္နဝါရီ ၂၅ ရက္တြင္ ကားမ်ားရွင္းေနသည္။ေတြ႕သမွ် ဆိုင္ကယ္ ဖမ္းေနေသာ ယာဥ္ထိန္းရဲမ်ားေၾကာင့္ ေျဗာင္းဆန္ေအာင္ေပါေသာ ဆိုင္ကယ္ကယ္ရီတို႔သည္လည္း ထိုေန႔တြင္ တစ္စီးမွ်မရွိ။လႈိင္သာယာ တစ္ထိပ္မွ အထက (၁) သို႔ သြားသည့္ တပင္ေ႐ႊထီးလမ္းသည္လည္း အပါက္အၿပဲမရွိေတာ့။အထက (၁) ေက်ာင္းသည္လည္း ထင္ရက္စရာမရွိ၊ လွပ။စသည္ျဖင့္ ၂၅ ရက္ေန႔ တစ္ရက္တာ ေဒၚေအာင္ဆန္းစုၾကည္ လာရာ လမ္းတစ္ေလွ်ာက္ရွိ တင့္တယ္ေနေသာ လႈိင္သာယာကို လႈိင္သာယာသားတစ္ဦးက လူမႈကြန္ရက္ေပၚ ဖြဲ႕ႏြဲ႕ျပသလို သူ၏ဖြဲ႕ႏြဲ႕မႈအေပၚ မွန္ကန္ေၾကာင္း ေထာက္ခံထားသည့္ လႈိင္သာယာသားတို႔သည္လည္း မနည္းလွ။
ယခု ေဖေဖၚဝါရီလဆန္းပိုင္း ေဒၚေအာင္ဆန္းစုၾကည္ ၏ ရွမ္းျပည္နယ္ခရီးစဥ္ကေရာ မည္သို႔နည္းဟု ထပ္ေတြးၾကည့္မိသည္။

ဆိုေတာ့ ေမးစရာရွိလာတာက ဘယ္လူႀကီးလာလာ ဘာမွမျပင္ဆင္ဘဲ ဒီအတိုင္းႀကိဳဆိုရမလားဟူသည့္ ေမးခြန္းျဖစ္သည္။ထိုသို႔မဆိုလို။ထိုက္သင့္သည့္ ျပင္ဆင္မႈမ်ိဳး ရွိရပါမည္။သို႔ေသာ္၊ အျခားအခ်ိန္မ်ားတြင္ ဘာဆိုဘာမွ ျပင္ဆင္ျခင္းမရွိဘဲ လူႀကီးလာခါနီးမွ အသည္းအသန္ မိတ္ကပ္လိမ္းျခင္းကို ဆိုလိုျခင္းျဖစ္သည္။ထို႔ျပင္ အရွိတရားႏွင့္ လုံးဝေျပာင္းျပန္ျဖစ္ေနေအာင္ ကားမ်ားေျပာင္ရွင္းေနျခင္း၊ ဆိုင္ကယ္ကယ္ရီမ်ား ရွိမေနေအာင္ ဖမ္းျခင္း၊ စသည့္ လူႀကီးလာျခင္းေၾကာင့္ ျပည္သူပါ ဒုကၡေရာက္သည့္ ပုံစံမ်ိဳးမွာ ေရရွည္တြင္ လူႀကီးဆိုသူမ်ားကို ျပည္သူက ၿငိဳျငင္လာႏိုင္သျဖင့္ အထူးေရွာင္ၾကဥ္ရန္ လိုေပသည္။

မည္သို႔ေသာ အေၾကာင္းေၾကာင့္ျဖစ္ေစ လူႀကီးလာမွ မိတ္ကပ္လိမ္းျခင္းသည္ လိမ္လည္ျခင္းပင္ျဖစ္သည္။လိမ္တာမႀကိဳက္ေသာ ေဒၚေအာင္ဆန္းစုၾကည္ ကို မည္သူေတြက လိမ္လည္ၾကသနည္း။အ႐ိုးစြဲေနေသာ ဌာနဆိုင္ရာတို႔က ျပာယာခတ္ျပျခင္းဆိုလွ်င္ "ေအာ္…သူတို႔ ခ်က္ခ်င္းလက္ငင္း မေျပာင္းႏိုင္ၾကေသးလို႔ပါ" ဟူ၍ ေျဖေတြးေတြးေပးႏိုင္ပါသည္။
ဌာနဆိုင္ရာ၏ ဦးစီးဦးေဆာင္မႈမဟုတ္ဘဲ ေရွးသေရာအခါက ထိုသို႔လိမ္လည္ျခင္းကို အျပင္းအထန္ ကန႔္ကြက္ခဲ့ၾကေသာ တိုင္း/ျပည္နယ္ အစိုးရအဖြဲ႕ဝင္မ်ား၏ အိုင္ဒီယာဆိုပါက မည္သို႔မွ် နားလည္ေပးႏိုင္စရာ အေၾကာင္းမရွိေပ။

ေနာက္ထပ္စိတ္ဝင္စားမိတာက လူႀကီးလာမည္ျဖစ္၍ ေက်ာင္းသူ/သားေလးမ်ားကေရာ က်ေနာ္ ငယ္ငယ္ကလို သန႔္ရွင္းေရးလုပ္ေနရသလားျဖစ္သည္။၆ တန္းတက္ေနေသာ က်ေနာ့သားကို ေမးၾကည့္ရာမွာေတာ့ သူတို႔ေက်ာင္းသို႔ ဧည့္သည္လာမည္ဆိုလွ်င္ သန႔္ရွင္းေရးလုပ္ရေၾကာင္း ဘဝင္မက်ေသာ ေလသံျဖင့္ ျပန္ေျပာသျဖင့္ ၁၉၈၅ ခုႏွစ္ေက်ာ္ကာလ က်ေနာ္တို႔ မလုပ္ခ်င္ခဲ့ေသာ သန႔္ရွင္းေရးသည္ ယေန႔တိုင္ ရွင္သန္ေနဆဲဟုေတြးကာ သက္ျပင္းခ်မိသည္။

မ်ိဳးၫြန႔္ (Popular News)
ကိုးကား - ဗိုလ္ေနဝင္း ဇာတ္လမ္းရႈပ္သမွ် (ေၾကးမုံဦးေသာင္း)
ေဖေဖာ္ဝါရီ - ၉