【 ဆောင်းပါး 】 မိဘတွေရဲ့ မတော်လောဘနဲ့ မသိမှုဒဏ်ခံရတဲ့ ကလေးငယ်တွေ

【 ဆောင်းပါး 】 မိဘတွေရဲ့ မတော်လောဘနဲ့ မသိမှုဒဏ်ခံရတဲ့ ကလေးငယ်တွေ

ဒီကနေ့ မြန်မာမိဘတွေကို လေ့လာကြည့်ရင် သားသမီးရဲ့ အနာဂတ်ကို လွဲမှားပျိုးထောင်ပေးသူက များနေပြီး နည်းမှန်လမ်းမှန် ပျိုးထောင်ပေးတတ်တဲ့ မိဘက နည်းနေပါတယ်။သားသမီးကို နည်းမှန်လမ်းမှန် ပျိုးထောင်ပေးတတ်တဲ့ မိဘတွေဟာလဲ မြန်မာအများစုနဲ့ အသားကျနေတဲ့ မသိနားမလည်မှုနဲ့ မှားယွင်းနေတဲ့ အလေ့အထတွေကြားမှာ အခက်တွေ့ရကြရပါတယ်။

ဆေးသုတေသန တွေ့ရှိချက်တစ်ခုကို သိရှိထားကြတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ အသက် ၅ နှစ် မပြည့်သေးတဲ့ ကလေးတွေကို စာသင်ကြားပေးခြင်း မပြုလုပ်ကြပါဘူး။ကလေးငယ်တွေရဲ့ ဦးနှောက်ကို သုတေသနပြုတဲ့အခါ ကလေးအသက် ၅ နှစ်ရောက်တဲ့အထိ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ဆဲလ်တွေက အလုပ်လုပ်နေကြတာကြောင့် ၅ နှစ်မပြည့်သေးတဲ့ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ပြီးပြည့်စုံမှုမရှိသေးဘူးဆိုတဲ့ အဖြေကို ဆေးပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။ကလေးငယ်တွေကို အသက် ၃ နှစ်နဲ့ အသက် ၅ နှစ် အုပ်စု ၂ စုခွဲပြီး စာသင်ကြားပေးတဲ့အခါ ပထမစာသင်နှစ် ၃ နှစ်အတွင်းမှာ အသက် ၃ နှစ်က စ စာသင်ရတဲ့ ကလေးတွေက ရှေ့ရောက်နေပြီး အသက် ၅ နှစ်က စ စာသင်ရတဲ့ ကလေးတွေက နောက်ကျန်ခဲ့ကြပါသတဲ့။ဒါပေမဲ့ ပထမစာသင်နှစ် ၃ နှစ်တာကာလ ကျော်လွန်ချိန်ကစပြီး တစ်သက်လုံး အသက် ၅ နှစ်က စ စာသင်ရတဲ့ ကလေးတွေက ရှေ့ရောက်လာကြတယ်ဆိုတဲ့ သုတေသနအရ နိုင်ငံတကာမှာ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ကလေးတွေကို အသက် ၅ နှစ် မပြည့်မခြင်း စာသင်မပေးပါဘူး။

အသိမိတ်ဆွေ စာရေးဆရာမဆိုရင် သူကစာရေးရုံသာမက ပန်းချီပါဆွဲပါတယ်။စာဖတ်နာသူမို့ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို နားလည်သူပါ။သူ့ရဲ့ တစ်ဦးတည်းသော သားကို ၅ နှစ်ပြည့်မှ ကျောင်းအပ်ပါတယ်။ဘယ်မူကြိုမှ မအပ်သလို အိမ်မှာလဲ စာသင်မပေးပါဘူး။ပြဿနာက သူ့သားလေးဟာ မူကြိုတက်ပြီးမှ အစိုးရမူလတန်းကျောင်း ရောက်လာသူကြားမှာ ရကလယ်လိုက်ပါတော့တယ်။ဆရာမက ကလေးအားလုံး အခြေခံဗျည်းနဲ့ ဂဏန်းတွေကို သိပြီးတတ်ပြီးသားအဖြစ် သင်သွားတယ်။စာရေးဆရာမရဲ့ သားက ဝလုံးတောင် မသင်ခဲ့သူ။စာရေးဆရာမဟာ ပါးစပ်က ပွစိပွစိလုပ်ရင်း သူ့သားကို ဖုတ်ပူမီးတိုက် က၊ ခ၊ A B C နဲ့ ၁ ၂ ၃ ၄ သင်ပေးရပါတော့တယ်။

မြန်မာမိဘအများစုကတော့ သားသမီး ၂ နှစ်ကျော် ၃ နှစ်လောက်ကစပြီး မူကြိုကျောင်းတွေကို ပို့ပါတယ်။ မူကြိုမှာ ကကြီး ခခွေး၊ အေဘီစီဒီ၊ တစ် နှစ် သုံး လေး စတဲ့ မူလတန်းအဆင့် စာတွေကို မူကြိုကျောင်းက သင်ပေးပါတယ်။ဒါကြောင့် ကလေးတွေ အသက် ၅ နှစ်ရောက်လို့ အစိုးရကျောင်းကို စတက်ချိန်မှာနေတဲ့အချိန် ကလေးတွေဟာ က၊ ခ၊ ဂ . . . ၁၊ ၂၊ ၃ . . . A, B, C . . . စတာတွေကို ဆရာ၊ ဆရာမတွေက မသင်ပေးတော့ပါဘူး။ဟိုတုန်းကတော့ မူလတန်းလေး၊ မူလတန်းကြီးရယ်လို့ ၂ တန်းရှိပြီး မူလတန်းလေးမှာ ဆရာ၊ ဆရာမတွေက ကလေးတွေကို ဝလုံးက စသင်ပေးရပါတယ်။ဒီဘက်ခေတ်မှာတော့ အတန်းတစ်တန်းမှာ ကျောင်းသားက ၆၀၊ ၇၀ ရှိနေတော့ ဆရာ၊ ဆရာမတွေက ကံ့ကူလက်လှည့်လို့ခေါ်တဲ့ ကျောင်းသားငယ်လေးတွေရဲ့ လက်ကလေးတွေကို ဆရာ၊ ဆရာမ လက်က အပေါ်ကအုပ်ကိုင်ပြီး အတူတူဝလုံးရေးရင်း စာရေးစသင်ပေးတဲ့ ချစ်စရာ့မြန်မာ့ဓလေ့လဲ ပျောက်ကွယ်သွားပါတယ်။

ရပ်ကွက်မူကြိုကျောင်းတွေဟာ ကိုယ့်မူကိုယ့်ဟန်နဲ့ ဖွင့်ပြီးသင်ကြတာမို့ မြန်မာဗျည်းတွေကို စနစ်တကျ ရေးတတ်သူ သင်တတ်သူ ရှိသလို ဗျည်းအက္ခရာတွေကို ရေးချင်သလိုရေးသင်တဲ့ ဆရာမတွေလဲ ရှိပါတယ်။က ခ ကို ကျောင်းကလဲ သေသေချာချာမသင်တော့ဘူးဆိုတော့ ခုခေတ် မြန်မာလူငယ်တွေ မြန်မာဗျည်းကို စနစ်တကျမရေးတတ်သူ များလာပါတယ်။
အင်အယ်လ်ဒီအစိုးရ လက်ထက်ရောက်မှ  ပညာရေးပြုပြင်ပြောင်းလဲမှုကိုလုပ်တော့ ၂၀၁၆ ကစပြီး မူကြိုမှာ စာမသင်ရ စာမေးပွဲမစစ်ရ ဖြစ်သွားပါတယ်။ဒါတောင် မူကြိုတန်း စာမသင်ရ စာမေးပွဲမစစ်ရ စနစ် စကျင့်သုံးတဲ့ ၂၀၁၆-၁၇ ပညာသင်နှစ်မှာ စာမေးပွဲစစ်တဲ့ ကျောင်းရှိလို့ တိုင်တာတောတာတွေ ဖြစ်ခဲ့ပါတယ်။

နေပြည်တော်မှာ ဖွင့်ထားတဲ့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ အပ်နှံထားတဲ့ ၂ နှစ် ၁၁ လ အရွယ် ကလေးတယောက် အဓမ္မပြုကျင့်ခံရတယ်လို့ မိဘက အမှုဖွင့်လိုက်ပါတယ်။ကျောင်းမှာဖြစ်တာ မဟုတ်ဘူးလို့ ပုဂ္ဂလိကကျောင်းဘက်က ငြင်းဆိုပါတယ်။ကလေးမိဘဘက်ကတော့ မေ ၁၆ ရက်နေ့ ညနေကဖြစ်ခဲ့တာလို့ စွပ်စွဲထားပါတယ်။၂ နှစ် ၁၁ လ ဆိုတော့ ၃ နှစ်လို့ ပြောလို့ရပါတယ်။ဒီအရွယ် ကလေးလေးဟာ မိဘက သားသမီးကို တတ်စေချင်တယ်ဆိုတဲ့ စေတနာ (သို့မဟုတ်) လောဘကြောင့် သားကောင်ဖြစ်ခဲ့ရပါပြီ။

ဦးနှောက်နုနု အသက်ငယ်ငယ်လေးမှာ ကလေးသဘာဝ ပျော်ရွှင်မြူးတူး ကစားရင်း ကလေးဘဝကို ဖြတ်ကျော်ရမယ့် အစားစာသင်ကျောင်းကို သွားရရှာပါတယ်။မိဘဘက်ကကြည့်တော့လဲ မိမိသားသမီးတွေကို ငယ်စဉ်ကစပြီး ကျောင်းကောင်းကောင်းမှာထား စာသင်ပေးပြီး ဘဝရှေ့ရေးကို တည်ဆောက်ပေးတာပါ။ဒါပေမဲ့ ဆေးပညာ သုတေသနရှုထောင့်အရ စာမသင်သင့်တဲ့အရွယ်မှာ စာစသင်ကြရပါတော့တယ်။

မြန်မာမိဘတွေ ထည့်သွင်းမစဉ်းစားတဲ့ နောက်တစ်ချက်က သားသမီးရဲ့ ဝါသနာနဲ့ ပျော်ရွှင်မှုပါ။မိဘတွေက သားသမီးတွေကို သူတို့နောင်ရေးအတွက် ၁၀ တန်းကို အမှတ်များများ ဂုဏ်ထူးများများနဲ့အောင်ဖို့ သွန်ပြီးအားထုတ်ကြပါတယ်။ကလေးတွေဟာ ကျောင်း၊ ကျူရှင်နဲ့ ဂိုက် ဆိုတဲ့ သုံးဌာနကြားမှာ သင်ကြရဖတ်ကြရ အာဂုံဆောင်ကြရပါတယ်။ဆရာဝန်၊ အင်ဂျင်နီယာလိုင်းရမှ နောက်ပိုင်းမှာတော့ ကွန်ပျူတာတက္ကသိုလ်ဝင်ရေး ရေကြောင်းတက္ကသိုလ်ဝင်ရေးတွေက ရှေ့တန်းရောက်လာပါတယ်။ဝိဇ္ဇာပညာရပ်တွေကို တန်ဖိုးမထားကြတော့ပါဘူး။ဆယ်တန်းမှာ ဝိဇ္ဇာဘာသာရပ်ယူသူလဲ နည်းပါးလာပါတယ်။ကိုယ်ပိုင်ကျောင်းတွေမှာဆိုရင် သိပ္ပံဘာသာတွဲသာ သင်ကြားပေးပြီး ဝိဇ္ဇာဘာသာတွဲကို သင်မပေးတဲ့ထိ ဝိဇ္ဇာဘာသာရပ်ရဲ့ အခန်းကဏ္ဍ မှေးမှိန်လာပါတယ်။

ဆေးကျောင်းတက်နေရင်း စာကျက်ရမှု များပြားလွန်းတဲ့ဒဏ်ကို မခံနိုင်တော့သူတွေ၊ မိဘက ဆရာဝန်ဆိုလို့ ဆေးကျောင်းတက်ခဲ့ပေမဲ့ ဆရာဝန်ဘွဲ့ရပြီးချိန်မှာ ဆေးမကုဘဲ ကုန်သည်ပွဲစားလုပ်သူတွေ စာရေးဆရာလုပ်သူတွေ ဒီကနေ့ မြန်မာ့ဆေးလောကမှာ မြင်တွေ့ကြရပါမယ်။ဒီလိုပါပဲ။တခြားအသက်မွေးဝမ်းကျောင်း ပညာတွေကို ဝါသနာမပါဘဲ ပညာဆုံးခန်းတိုင် ဆက်မသင်ယူတော့သူတွေ ရှိကြပါတယ်။မြန်မာကျောင်းသားတွေ ဆေး စက်မှု ကွန်ပျူတာ ရေကြောင်း စတဲ့ တက္ကသိုလ်တွေကနေ ဝါသနာမပါလို့ စာမလိုက်နိုင်လို့ တပိုင်းတန်းလန်း ပညာသင်ကြားမှု ရပ်စဲသွားသူတွေ စာရင်းပြုစုထားပုံမရပါဘူး။တချို့ကျတော့လဲ တက်ရောက်ရတဲ့ တက္ကသိုလ်ပညာရေးကို ဆုံးခန်းတိုင်သင်ယူတယ်။ဒါပေမဲ့ ပျော်ရွှင်မှုမရှိကြဘူး။

၁၉၂၁ လောက်က စတင်ခဲ့ပြီး ဒီကနေ့ထိ အင်္ဂလန်မှာ ဖွင့်ထားတဲ့ နွေဦးတောင်ကုန်းကျောင်း (Summer Hill School) ဆိုရင် ကျောင်းသား ကျောင်းသူတွေကို လွတ်လပ်ပျော်ရွှင်စွာ နေစေရင်း ပညာသင်ပေးသွားတဲ့နည်းကို သုံးတဲ့ကျောင်း ဖြစ်ပါတယ်။အိန္ဒိယမှာလဲ တဂိုးဟာ ရှန်တိနိကေတန်ဆိုတဲ့ ကျောင်းကို ၁၉၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။၁၉၁၃ မှာ တက္ကသိုလ်အဆင့် မြှင့်တင်ခဲ့ပါတယ်။အခုထိ VishvaBharti University လို့ ကမ္ဘာမှာထင်ရှားတဲ့ တက္ကသိုလ်တစ်ခုအဖြစ် တည်ရှိနေပါတယ်။အိန္ဒိယဟာ ဒီကနေ့ အသိပညာရှင် (ဝိဇ္ဇာပညာရှင်) အတတ်ပညာရှင် (သိပ္ပံနဲ့နည်းပညာရှင်) ၂ မျိုးစလုံး ပေါ်ထွက်နေတဲ့ နိုင်ငံအဖြစ် ထင်ရှားလျက်ပါပဲ။

မြန်မာမှာတော့ နိုင်ငံခြားက လာဖွင့်ထားတဲ့ ဖက်စပ်ကျောင်းတွေက ထွက်လာသူတွေ အင်္ဂလိပ်စာတော်ကြပေမဲ့ အစိုးရကျောင်းထွက် ကျောင်းသား ကျောင်းသူ အများစုဟာ မြန်မာစာလဲမတော် အင်္ဂလိပ်စာလဲ ညံ့ကြပါတယ်။ဒါ့အပြင် ဝိဇ္ဇာပညာရပ်တွေကို အရေးကြီးတဲ့ မဖြစ်မနေသင်သင့်တဲ့ ပညာရပ်ရယ်လို့ သိမြင်လက်ခံသူ အလွန်နည်းလာပါတယ်။ဝိဇ္ဇာပညာရပ်တွေဟာ အလုပ်မရဘူး ဝင်ငွေမကောင်းဘူးဆိုတဲ့ အစွဲအောက်မှာ မြေမြှုပ်ခံနေရတဲ့ နိုင်ငံဖြစ်လာပါတယ်။

မြန်မာမိဘတွေ အသိအမြင်တွေ မမြင့်မားတာနဲ့ သားသမီးအပေါ် စေတနာထားတယ်ပဲဆိုဆို လောဘတကြီး ပြုစုပျိုးထောင်ကြတာကဆင့် မြေဇာပင်ဖြစ်ရတဲ့ သားငယ် သမီးငယ်လေးတွေအရေး သိနားလည်သူတွေက ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်သင့်ကြပါပြီ။

ခင်နှင်းဦး
ဇွန် - ၆

( Zawgyi )

ဒီကေန႔ ျမန္မာမိဘေတြကို ေလ့လာၾကည့္ရင္ သားသမီးရဲ႕ အနာဂတ္ကို လြဲမွားပ်ိဳးေထာင္ေပးသူက မ်ားေနၿပီး နည္းမွန္လမ္းမွန္ ပ်ိဳးေထာင္ေပးတတ္တဲ့ မိဘက နည္းေနပါတယ္။သားသမီးကို နည္းမွန္လမ္းမွန္ ပ်ိဳးေထာင္ေပးတတ္တဲ့ မိဘေတြဟာလဲ ျမန္မာအမ်ားစုနဲ႔ အသားက်ေနတဲ့ မသိနားမလည္မႈနဲ႔ မွားယြင္းေနတဲ့ အေလ့အထေတြၾကားမွာ အခက္ေတြ႕ရၾကရပါတယ္။

ေဆးသုေတသန ေတြ႕ရွိခ်က္တစ္ခုကို သိရွိထားၾကတဲ့ ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတြမွာ အသက္ ၅ ႏွစ္ မျပည့္ေသးတဲ့ ကေလးေတြကို စာသင္ၾကားေပးျခင္း မျပဳလုပ္ၾကပါဘူး။ကေလးငယ္ေတြရဲ႕ ဦးေႏွာက္ကို သုေတသနျပဳတဲ့အခါ ကေလးအသက္ ၅ ႏွစ္ေရာက္တဲ့အထိ ကေလးရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ ဆဲလ္ေတြက အလုပ္လုပ္ေနၾကတာေၾကာင့္ ၅ ႏွစ္မျပည့္ေသးတဲ့ ကေလးေတြရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈဟာ ၿပီးျပည့္စုံမႈမရွိေသးဘူးဆိုတဲ့ အေျဖကို ေဆးပညာရွင္ေတြ ေတြ႕ရွိခဲ့ၾကပါတယ္။ကေလးငယ္ေတြကို အသက္ ၃ ႏွစ္နဲ႔ အသက္ ၅ ႏွစ္ အုပ္စု ၂ စုခြဲၿပီး စာသင္ၾကားေပးတဲ့အခါ ပထမစာသင္ႏွစ္ ၃ ႏွစ္အတြင္းမွာ အသက္ ၃ ႏွစ္က စ စာသင္ရတဲ့ ကေလးေတြက ေရွ႕ေရာက္ေနၿပီး အသက္ ၅ ႏွစ္က စ စာသင္ရတဲ့ ကေလးေတြက ေနာက္က်န္ခဲ့ၾကပါသတဲ့။ဒါေပမဲ့ ပထမစာသင္ႏွစ္ ၃ ႏွစ္တာကာလ ေက်ာ္လြန္ခ်ိန္ကစၿပီး တစ္သက္လုံး အသက္ ၅ ႏွစ္က စ စာသင္ရတဲ့ ကေလးေတြက ေရွ႕ေရာက္လာၾကတယ္ဆိုတဲ့ သုေတသနအရ ႏိုင္ငံတကာမွာ အထူးသျဖင့္ ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတြမွာ ကေလးေတြကို အသက္ ၅ ႏွစ္ မျပည့္မျခင္း စာသင္မေပးပါဘူး။

အသိမိတ္ေဆြ စာေရးဆရာမဆိုရင္ သူကစာေရး႐ုံသာမက ပန္းခ်ီပါဆြဲပါတယ္။စာဖတ္နာသူမို႔ ကေလးငယ္ေတြရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို နားလည္သူပါ။သူ႔ရဲ႕ တစ္ဦးတည္းေသာ သားကို ၅ ႏွစ္ျပည့္မွ ေက်ာင္းအပ္ပါတယ္။ဘယ္မူႀကိဳမွ မအပ္သလို အိမ္မွာလဲ စာသင္မေပးပါဘူး။ျပႆနာက သူ႔သားေလးဟာ မူႀကိဳတက္ၿပီးမွ အစိုးရမူလတန္းေက်ာင္း ေရာက္လာသူၾကားမွာ ရကလယ္လိုက္ပါေတာ့တယ္။ဆရာမက ကေလးအားလုံး အေျခခံဗ်ည္းနဲ႔ ဂဏန္းေတြကို သိၿပီးတတ္ၿပီးသားအျဖစ္ သင္သြားတယ္။စာေရးဆရာမရဲ႕ သားက ဝလုံးေတာင္ မသင္ခဲ့သူ။စာေရးဆရာမဟာ ပါးစပ္က ပြစိပြစိလုပ္ရင္း သူ႔သားကို ဖုတ္ပူမီးတိုက္ က၊ ခ၊ A B C နဲ႔ ၁ ၂ ၃ ၄ သင္ေပးရပါေတာ့တယ္။

ျမန္မာမိဘအမ်ားစုကေတာ့ သားသမီး ၂ ႏွစ္ေက်ာ္ ၃ ႏွစ္ေလာက္ကစၿပီး မူႀကိဳေက်ာင္းေတြကို ပို႔ပါတယ္။ မူႀကိဳမွာ ကႀကီး ခေခြး၊ ေအဘီစီဒီ၊ တစ္ ႏွစ္ သုံး ေလး စတဲ့ မူလတန္းအဆင့္ စာေတြကို မူႀကိဳေက်ာင္းက သင္ေပးပါတယ္။ဒါေၾကာင့္ ကေလးေတြ အသက္ ၅ ႏွစ္ေရာက္လို႔ အစိုးရေက်ာင္းကို စတက္ခ်ိန္မွာေနတဲ့အခ်ိန္ ကေလးေတြဟာ က၊ ခ၊ ဂ . . . ၁၊ ၂၊ ၃ . . . A, B, C . . . စတာေတြကို ဆရာ၊ ဆရာမေတြက မသင္ေပးေတာ့ပါဘူး။ဟိုတုန္းကေတာ့ မူလတန္းေလး၊ မူလတန္းႀကီးရယ္လို႔ ၂ တန္းရွိၿပီး မူလတန္းေလးမွာ ဆရာ၊ ဆရာမေတြက ကေလးေတြကို ဝလုံးက စသင္ေပးရပါတယ္။ဒီဘက္ေခတ္မွာေတာ့ အတန္းတစ္တန္းမွာ ေက်ာင္းသားက ၆၀၊ ၇၀ ရွိေနေတာ့ ဆရာ၊ ဆရာမေတြက ကံ့ကူလက္လွည့္လို႔ေခၚတဲ့ ေက်ာင္းသားငယ္ေလးေတြရဲ႕ လက္ကေလးေတြကို ဆရာ၊ ဆရာမ လက္က အေပၚကအုပ္ကိုင္ၿပီး အတူတူဝလုံးေရးရင္း စာေရးစသင္ေပးတဲ့ ခ်စ္စရာ့ျမန္မာ့ဓေလ့လဲ ေပ်ာက္ကြယ္သြားပါတယ္။

ရပ္ကြက္မူႀကိဳေက်ာင္းေတြဟာ ကိုယ့္မူကိုယ့္ဟန္နဲ႔ ဖြင့္ၿပီးသင္ၾကတာမို႔ ျမန္မာဗ်ည္းေတြကို စနစ္တက် ေရးတတ္သူ သင္တတ္သူ ရွိသလို ဗ်ည္းအကၡရာေတြကို ေရးခ်င္သလိုေရးသင္တဲ့ ဆရာမေတြလဲ ရွိပါတယ္။က ခ ကို ေက်ာင္းကလဲ ေသေသခ်ာခ်ာမသင္ေတာ့ဘူးဆိုေတာ့ ခုေခတ္ ျမန္မာလူငယ္ေတြ ျမန္မာဗ်ည္းကို စနစ္တက်မေရးတတ္သူ မ်ားလာပါတယ္။
အင္အယ္လ္ဒီအစိုးရ လက္ထက္ေရာက္မွ  ပညာေရးျပဳျပင္ေျပာင္းလဲမႈကိုလုပ္ေတာ့ ၂၀၁၆ ကစၿပီး မူႀကိဳမွာ စာမသင္ရ စာေမးပြဲမစစ္ရ ျဖစ္သြားပါတယ္။ဒါေတာင္ မူႀကိဳတန္း စာမသင္ရ စာေမးပြဲမစစ္ရ စနစ္ စက်င့္သုံးတဲ့ ၂၀၁၆-၁၇ ပညာသင္ႏွစ္မွာ စာေမးပြဲစစ္တဲ့ ေက်ာင္းရွိလို႔ တိုင္တာေတာတာေတြ ျဖစ္ခဲ့ပါတယ္။

ေနျပည္ေတာ္မွာ ဖြင့္ထားတဲ့ ပုဂၢလိကေက်ာင္းတစ္ေက်ာင္းမွာ အပ္ႏွံထားတဲ့ ၂ ႏွစ္ ၁၁ လ အ႐ြယ္ ကေလးတေယာက္ အဓမၼျပဳက်င့္ခံရတယ္လို႔ မိဘက အမႈဖြင့္လိုက္ပါတယ္။ေက်ာင္းမွာျဖစ္တာ မဟုတ္ဘူးလို႔ ပုဂၢလိကေက်ာင္းဘက္က ျငင္းဆိုပါတယ္။ကေလးမိဘဘက္ကေတာ့ ေမ ၁၆ ရက္ေန႔ ညေနကျဖစ္ခဲ့တာလို႔ စြပ္စြဲထားပါတယ္။၂ ႏွစ္ ၁၁ လ ဆိုေတာ့ ၃ ႏွစ္လို႔ ေျပာလို႔ရပါတယ္။ဒီအ႐ြယ္ ကေလးေလးဟာ မိဘက သားသမီးကို တတ္ေစခ်င္တယ္ဆိုတဲ့ ေစတနာ (သို႔မဟုတ္) ေလာဘေၾကာင့္ သားေကာင္ျဖစ္ခဲ့ရပါၿပီ။

ဦးေႏွာက္ႏုႏု အသက္ငယ္ငယ္ေလးမွာ ကေလးသဘာဝ ေပ်ာ္႐ႊင္ျမဴးတူး ကစားရင္း ကေလးဘဝကို ျဖတ္ေက်ာ္ရမယ့္ အစားစာသင္ေက်ာင္းကို သြားရရွာပါတယ္။မိဘဘက္ကၾကည့္ေတာ့လဲ မိမိသားသမီးေတြကို ငယ္စဥ္ကစၿပီး ေက်ာင္းေကာင္းေကာင္းမွာထား စာသင္ေပးၿပီး ဘဝေရွ႕ေရးကို တည္ေဆာက္ေပးတာပါ။ဒါေပမဲ့ ေဆးပညာ သုေတသနရႈေထာင့္အရ စာမသင္သင့္တဲ့အ႐ြယ္မွာ စာစသင္ၾကရပါေတာ့တယ္။

ျမန္မာမိဘေတြ ထည့္သြင္းမစဥ္းစားတဲ့ ေနာက္တစ္ခ်က္က သားသမီးရဲ႕ ဝါသနာနဲ႔ ေပ်ာ္႐ႊင္မႈပါ။မိဘေတြက သားသမီးေတြကို သူတို႔ေနာင္ေရးအတြက္ ၁၀ တန္းကို အမွတ္မ်ားမ်ား ဂုဏ္ထူးမ်ားမ်ားနဲ႔ေအာင္ဖို႔ သြန္ၿပီးအားထုတ္ၾကပါတယ္။ကေလးေတြဟာ ေက်ာင္း၊ က်ဴရွင္နဲ႔ ဂိုက္ ဆိုတဲ့ သုံးဌာနၾကားမွာ သင္ၾကရဖတ္ၾကရ အာဂုံေဆာင္ၾကရပါတယ္။ဆရာဝန္၊ အင္ဂ်င္နီယာလိုင္းရမွ ေနာက္ပိုင္းမွာေတာ့ ကြန္ပ်ဴတာတကၠသိုလ္ဝင္ေရး ေရေၾကာင္းတကၠသိုလ္ဝင္ေရးေတြက ေရွ႕တန္းေရာက္လာပါတယ္။ဝိဇၨာပညာရပ္ေတြကို တန္ဖိုးမထားၾကေတာ့ပါဘူး။ဆယ္တန္းမွာ ဝိဇၨာဘာသာရပ္ယူသူလဲ နည္းပါးလာပါတယ္။ကိုယ္ပိုင္ေက်ာင္းေတြမွာဆိုရင္ သိပၸံဘာသာတြဲသာ သင္ၾကားေပးၿပီး ဝိဇၨာဘာသာတြဲကို သင္မေပးတဲ့ထိ ဝိဇၨာဘာသာရပ္ရဲ႕ အခန္းက႑ ေမွးမွိန္လာပါတယ္။

ေဆးေက်ာင္းတက္ေနရင္း စာက်က္ရမႈ မ်ားျပားလြန္းတဲ့ဒဏ္ကို မခံႏိုင္ေတာ့သူေတြ၊ မိဘက ဆရာဝန္ဆိုလို႔ ေဆးေက်ာင္းတက္ခဲ့ေပမဲ့ ဆရာဝန္ဘြဲ႕ရၿပီးခ်ိန္မွာ ေဆးမကုဘဲ ကုန္သည္ပြဲစားလုပ္သူေတြ စာေရးဆရာလုပ္သူေတြ ဒီကေန႔ ျမန္မာ့ေဆးေလာကမွာ ျမင္ေတြ႕ၾကရပါမယ္။ဒီလိုပါပဲ။တျခားအသက္ေမြးဝမ္းေက်ာင္း ပညာေတြကို ဝါသနာမပါဘဲ ပညာဆုံးခန္းတိုင္ ဆက္မသင္ယူေတာ့သူေတြ ရွိၾကပါတယ္။ျမန္မာေက်ာင္းသားေတြ ေဆး စက္မႈ ကြန္ပ်ဴတာ ေရေၾကာင္း စတဲ့ တကၠသိုလ္ေတြကေန ဝါသနာမပါလို႔ စာမလိုက္ႏိုင္လို႔ တပိုင္းတန္းလန္း ပညာသင္ၾကားမႈ ရပ္စဲသြားသူေတြ စာရင္းျပဳစုထားပုံမရပါဘူး။တခ်ိဳ႕က်ေတာ့လဲ တက္ေရာက္ရတဲ့ တကၠသိုလ္ပညာေရးကို ဆုံးခန္းတိုင္သင္ယူတယ္။ဒါေပမဲ့ ေပ်ာ္႐ႊင္မႈမရွိၾကဘူး။

၁၉၂၁ ေလာက္က စတင္ခဲ့ၿပီး ဒီကေန႔ထိ အဂၤလန္မွာ ဖြင့္ထားတဲ့ ေႏြဦးေတာင္ကုန္းေက်ာင္း (Summer Hill School) ဆိုရင္ ေက်ာင္းသား ေက်ာင္းသူေတြကို လြတ္လပ္ေပ်ာ္႐ႊင္စြာ ေနေစရင္း ပညာသင္ေပးသြားတဲ့နည္းကို သုံးတဲ့ေက်ာင္း ျဖစ္ပါတယ္။အိႏၵိယမွာလဲ တဂိုးဟာ ရွန္တိနိေကတန္ဆိုတဲ့ ေက်ာင္းကို ၁၉၀၁ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ပါတယ္။၁၉၁၃ မွာ တကၠသိုလ္အဆင့္ ျမႇင့္တင္ခဲ့ပါတယ္။အခုထိ VishvaBharti University လို႔ ကမာၻမွာထင္ရွားတဲ့ တကၠသိုလ္တစ္ခုအျဖစ္ တည္ရွိေနပါတယ္။အိႏၵိယဟာ ဒီကေန႔ အသိပညာရွင္ (ဝိဇၨာပညာရွင္) အတတ္ပညာရွင္ (သိပၸံနဲ႔နည္းပညာရွင္) ၂ မ်ိဳးစလုံး ေပၚထြက္ေနတဲ့ ႏိုင္ငံအျဖစ္ ထင္ရွားလ်က္ပါပဲ။

ျမန္မာမွာေတာ့ ႏိုင္ငံျခားက လာဖြင့္ထားတဲ့ ဖက္စပ္ေက်ာင္းေတြက ထြက္လာသူေတြ အဂၤလိပ္စာေတာ္ၾကေပမဲ့ အစိုးရေက်ာင္းထြက္ ေက်ာင္းသား ေက်ာင္းသူ အမ်ားစုဟာ ျမန္မာစာလဲမေတာ္ အဂၤလိပ္စာလဲ ညံ့ၾကပါတယ္။ဒါ့အျပင္ ဝိဇၨာပညာရပ္ေတြကို အေရးႀကီးတဲ့ မျဖစ္မေနသင္သင့္တဲ့ ပညာရပ္ရယ္လို႔ သိျမင္လက္ခံသူ အလြန္နည္းလာပါတယ္။ဝိဇၨာပညာရပ္ေတြဟာ အလုပ္မရဘူး ဝင္ေငြမေကာင္းဘူးဆိုတဲ့ အစြဲေအာက္မွာ ေျမျမႇဳပ္ခံေနရတဲ့ ႏိုင္ငံျဖစ္လာပါတယ္။

ျမန္မာမိဘေတြ အသိအျမင္ေတြ မျမင့္မားတာနဲ႔ သားသမီးအေပၚ ေစတနာထားတယ္ပဲဆိုဆို ေလာဘတႀကီး ျပဳစုပ်ိဳးေထာင္ၾကတာကဆင့္ ေျမဇာပင္ျဖစ္ရတဲ့ သားငယ္ သမီးငယ္ေလးေတြအေရး သိနားလည္သူေတြက ပညာေပးလုပ္ငန္းေတြ လုပ္ေဆာင္သင့္ၾကပါၿပီ။

ခင္ႏွင္းဦး
ဇြန္ - ၆