【 ဆောင်းပါး 】 မိမိရည်မှန်းချက်ကို စနစ်တကျဖော်ထုတ်ဆောင်ရွက်‌ခြင်း (Developing Personal Mission Statement)

                       မိမိရည်မှန်းချက်ကို စနစ်တကျဖော်ထုတ်ဆောင်ရွက်‌ခြင်း

                            (Developing Personal Mission Statement)

ရည်မှန်းချက်သည် အနာဂတ်အမြင် (Vision) ကို အထောက်အကူဖြစ်စေသည်။

၎င်းအမြင်ရည်မှန်းချက်တစ်ရပ် စနစ်တကျသတ်မှတ်ဖော်ထုတ်ဆောင်ရွက်ခြင်းသည် မိမိကိုယ်ကို စီမံခန့်ခွဲရန်နှင့် မိမိအဖွဲ့ဝင်များကို သတ်မှတ်ထားသော ကိုယ်ပိုင်စံတန်ဖိုးများနှင့်အညီ ဆောင်ရွက်နိုင်ရန်ဖြစ်ပြီး ရည်မှန်းချက်ထားရှိခြင်းသည် စိတ်တက်ကြွမှုကို အကူအညီဖြစ်စေသည်။၎င်းသည် မန်နေဂျာတစ်ဦးကို ရည်ရွယ်ချက်နှင့် ပန်းတိုင်သတ်မှတ်ရန် အစပြုစေသကဲ့သို့ မိမိကိုယ်ကိုချင့်တွက်နိုင်ဖို့ တန်ဖိုးဖြတ်နိုင်ဖို့ "စံနှုန်း" သတ်မှတ်ခြင်းဖြစ်ပါသည်။

ရည်မှန်းချက်တစ်ရပ် သတ်မှတ်ဖော်ဆောင်ခြင်းသည် မန်နေဂျာတစ်ဦး၏ စီမံမှုဒဿနကို လှစ်ပြခြင်းဖြစ်ပါသည်။၎င်းသည် ---

     (၁) "ဖြစ်လိုသောပုံစံ (မိမိ၏ စရိုက်လက္ခဏာ)"
     (၂) "ဖြစ်မြောက်လိုသောအရာ (မိမိ၏ပံ့ပိုးမှု၊ ဖြည့်ဆည်းမှုများ)"
     (၃) "စည်းမျဉ်းသတ်မှတ်ချက်များ (မိမိ၏တန်ဖိုးစံနှုန်းများ)" ကို သတ်မှတ်ဖော်ပြခြင်းဖြစ်ပါသည်။

မန်နေဂျာတစ်ဦး၏ ပုဂ္ဂလရည်မှန်းချက်သည် မိမိ၏တန်ဖိုးစံ၊ ရည်မှန်းချက်ပန်းတိုင်၊ အောင်မြင်မှုအတွက် ပြင်းပြသောစိတ်ဆန္ဒ စသည်တို့ကို တိကျစွာထင်ဟပ်စေနိုင်ရမည်ဖြစ်သည်။ပုဂ္ဂလရည်မှန်းချက် နမူနာအချို့ကို ဖော်ပြရသော် ---

"ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်သည် ကျွန်ုပ်၏အသင်းအဖွဲ့ကို"
     (၁) လေးစားမှုနှင့် သုတပညာကို တည်ဆောက်ရယူရန်
     (၂) အဖွဲ့ဝင်များကို ကူညီရန်နှင့်
     (၃) အဖွဲ့အစည်းတွင် သွက်လက်တက်ကြွစွာ ပါဝင်ထမ်းဆောင်ရန်အတွက် ထိရောက်စွာစီမံခန့်ခွဲနိုင်ရန်ဖြစ်သည်။

အခြားမန်နေဂျာတစ်ဦး၏ ရည်မှန်းချက်သည် ဤသို့ဖြစ်နိုင်သည် "တီထွင်ဆန်းသစ်တဲ့ စီးပွားရေးလုပ်ငန်းမှာ မန်နေဂျာတစ်ယောက်အနေနဲ့ ကျွန်ုပ်ဟာ အမှားအယွင်းမရှိတဲ့ မရပ်မနားသင်ယူလေ့လာတဲ့ ကိုယ်ပိုင်လေ့လာမှုအားကောင်းတဲ့ လုပ်ငန်းခွင်အစဉ်အလာကောင်းကို ပျိုးထောင်မှာဖြစ်ပါတယ်။"

မန်နေဂျာတစ်ဦးသည် အနာဂတ်ခြုံငုံသုံးသပ်မှုကို ထင်ဟပ်နိုင်စေရန်၊ မိမိ၏ရည်မှန်းချက်ကို ဆန်းစစ်သုံးသပ်ရန် လိုအပ်ပါသည်။အနိမ့်ဆုံးအားဖြင့် (၁) နှစ်လျှင် တစ်ကြိမ် ပြန်လည်ဆန်းစစ်သင့်ပေသည်။မန်နေဂျာသည် အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်းရှိပြီး ရည်မှန်းချက်သတ်မှတ်ကာ၊ လုပ်ငန်းတိုးတက်မှုကို အစဉ်ဆန်းစစ် အကဲဖြတ်နေရမည်ဖြစ်ပါသည်။အရာရာသည် ရည်မှန်းထားသကဲ့သို့  လွယ်ကူစွာ၊ အဆင်ပြေစွာ ဖြစ်ပေါ်လာတတ်သည်မဟုတ်ပေ။စီမံထားသကဲ့သို့ အမြဲဖြစ်ချင်မှဖြစ်လာမည်။မမျှော်လင့်ထားတာတွေလည်း ဖြစ်လာတတ်သည်။မျှော်လင့်မထားသောအခြေအနေများ ရလဒ်ဆိုးများကြုံလာလျှင် မိမိကိုယ်ကို ရိုးသားစွာဆန်းစစ်ဖို့လိုသည်။ "ဘာကြောင့်ဒီလိုဖြစ်သွားတာလဲ" ၊ "ဘယ်နေရာမှာ မှားသွားတာလဲ" ၊ "ဘာတွေလိုအပ်သွားသလဲ" စသည်ဖြင့် သေချာစွာ၊ သတိပြု၍ စဉ်းစားတွေးတော၍ ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။

     အနာဂတ်ကိုမြင် (See the Future)
     မျှော်မှန်းချက် (Vision) ကို သတ်မှတ်။
     အားကောင်းတဲ့ တက်ကြွတဲ့ အစုအဖွဲ့ဖြစ်စေ။
     တိုးတက်မှုကို သုံးသပ် (Evaluate Progress)
     စဉ်ဆက်မပြတ်သုံးသပ်။
     အလုပ်မဖြစ်ရင် ရိုးရိုးသားသားအဖြေရှာ။

     (၁) ပုဂ္ဂလိက စီမံခန့်ခွဲမှု ရည်မှန်းချက်ကို ဖော်ထုတ်ဆောင်ရွက်။ Setting Personal Managerial Goal စံတန်ဖိုးသတ်မှတ်
     (၂) စမတ်ကျပါစေ။ Be Smart တိကျပါစေ၊ တိုင်းတာနိုင်ပါစေ၊ ရနိုင်စွမ်းရှိပါစေ။လက်တွေ့ဆန်ပါစေ။အချိန်သတ်မှတ်ချက်ရှိပါစေ။
     (၃) ကိုယ့်ကိုကိုယ် ဂုဏ်ပြု (Reward yoursely) အသေးစားအောင်မြင်မှုများကို ဂုဏ်ယူ၊ ဂုဏ်ပြု၊ အောင်ပွဲခံ။တိုးတက်မှုတိုင်းကို ဂုဏ်ပြု၊ အပန်းဖြေ။
     (၄) အထောက်အကူရရှိအောင်ဆောင်ရွက် (Get Support) မိမိကို အကူအညီပေးနိုင်မည့် အထောက်အကူအဖွဲ့ထားရှိ။အောင်မြင်ဖို့အတွက် လိုအပ်တဲ့ ရင်းမြစ်အားလုံးပါပါစေ။
     (၅) ပန်းတိုင်ထားရှိ၊ ရောက်အောင်သွား၊ ရအောင်လုပ် (Set your Goals) ပုဂ္ဂလိကရည်မှန်းချက်ထား၊ ကိုယ်တိုင်သတ်မှတ်။ကိုယ့်ကိုယ်ကိုယုံကြည်၊ တာဝန်ခံ၊ အလုပ်မှာနှစ်မြှုပ်။

ထူးချွန်ထက်မြက်သော မန်နေဂျာတစ်ဦးသည် အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်းရှိသည်။ထူးချွန်ထက်မြက်သော မန်နေဂျာကောင်းဖြစ်လိုသူသည် ရည်မှန်းချက်များချမှတ်ထားသည့်အတိုင်း အောင်မြင်ခဲ့ပါက အနာဂတ်တွင် မည်သို့မည်ပုံဖြစ်လာရမည်ဟူသော အနာဂတ်အမြင် (Vision) ကို တည်ဆောက်ထားရမည်ဖြစ်ပါသည်။ထိုအနာဂတ်အမြင်သည် စိတ်ဓာတ်ခွန်အား (Motivation) ကို ဖြစ်စေပါသည်။

ထူးချွန်ထက်မြက်လိုသော မန်နေဂျာသည် မိမိ၏စွမ်းဆောင်ရည်ရလဒ်ကို အစဉ်သုံးသပ်နေရမည်ဖြစ်ပါသည်။အကယ်၍ မျှော်မှန်းထားသည့်အတိုင်းဖြစ်မလာပါက မန်နေဂျာသည် ရိုးသားစွာ မိမိကိုယ်ကိုသုံးသပ်ဖို့လိုပါသည်။ပြုပြင်ဖို့လည်းလိုပါသည်။

မန်နေဂျာတစ်ဦးသည် ပုဂ္ဂလိကစီမံမှုပန်းတိုင်ကို ကိုယ်တိုင်သတ်မှတ်၍ ပန်းတိုင်ရောက်ရှိအောင် စီမံကွပ်ကဲဆောင်ရွက်ရမည်ဖြစ်သည်။ရည်မှန်းချက် (Measurable)၊ တကယ်ရရှိနိုင်သော ရည်မှန်းချက် (Attainable)၊  လက်တွေ့ဆန်သောရည်မှန်းချက် (Realistic)၊ အချိန်သတ်မှတ်ချက်ပါသောရည်မှန်းချက် (Time-bound) တို့ ဖြစ်ဖို့လိုပါသည်။

ရည်မှန်းချက်ကိုဦးတည်သော အောင်မြင်မှုများရလာသည့်အခါ သေးငယ်သည်ပင်ဖြစ်ပါစေ မိမိကိုယ်ကိုဂုဏ်ယူပါ။မိမိကိုယ်ကိုချီးမြှင့်ပါ။အသင်းအဖွဲ့ကို ဂုဏ်ပြုပါ။ချီးကျူးပါ၊ စာရေးသူတို့တတွေဟာ ကိုယ့်ကိုယ်ကိုဂုဏ်ယူဖို့၊ ဂုဏ်ပြုဖို့ မေ့နေလေ့ရှိပါတယ်။ဝန်လေးနေလေ့ရှိတတ်ကြပါတယ်။

အောင်မြင်မှုရဖို့ အထောက်အပံ့ကောင်းတွေလိုပါတယ်။အထောက်အပံ့ရမယ့် ရင်းမြစ်တွေအားလုံးပါတဲ့ အထောက်အကူအဖွဲ့ရှိရပါမယ်။

ထားရှိရမည့် ပန်းတိုင်သည် အခြားသူသတ်မှတ်ပေးတာထက် ကိုယ်တိုင်လက်ခံယုံကြည်တဲ့ ကတိကဝတ်ပြုနိုင်တဲ့ ကိုယ်ပိုင်သတ်မှတ်တဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်ရပါမည်။

မှူးခန့်စံ
ဖေဖော်ဝါရီ - ၁၆