【 ဆောင်းပါး 】 ရာသီတုပ်ကွေး အလေးထားပေးပါ…

【 ဆောင်းပါး 】 ရာသီတုပ်ကွေး အလေးထားပေးပါ…

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်က သတင်းတစ်ခု ထွက်လာပါတယ်။“H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သည်ဟု သံသယရှိသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ပို့ဆောင်ကူညီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဖြစ်ပါတယ်။

အဲဒီသတင်းကို ထုတ်ပြန်ခဲ့တာက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလို့တော့ မထင်လိုက်ပါနဲ့။မဟုတ်ပါဘူး။
နာရေးကူညီမှုအသင်း - ရန်ကုန်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ လွှင့်တင်ထုတ်ပြန်လာတဲ့ သတင်းဖြစ်ပါတယ်။

နာရေးကူညီမှုအသင်းက မွန်းလွဲ ၁ နာရီမှာ ဒီသတင်းကို စတင်ထုတ်ပြန်ခဲ့တာပါ။အဲဒီသတင်းကို ကြားသိရခြင်းမှာပဲ ထိတ်လန့်သွားခဲ့ပါတယ်။ဒီသတင်းဖတ်ရှုရသူ အများပြည်သူလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါလိမ့်မယ်။ဘာကြောင့်ပါလဲ။လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလ ၂၀၁၇ ခုနှစ်တုန်းကလည်း ဒီရောဂါ ဒီနိုင်ငံမှာ ဖြစ်ခဲ့ဖူးပါတယ်။အဲဒီတုန်းက အားလုံးအထိတ်တလန့်ဖြစ်ခဲ့ရပြီး ရောဂါကာကွယ်ဆေးတွေထိုးဖို့ ကြိုးစားခဲ့ကြ၊ ထိုးနှံခဲ့ကြသလို ဈေးကွက်အတွင်း အရောင်းပြတ်လပ်လောက်အောင် အထိလည်း နှာခေါင်းစည်းတွေ အဝယ်လိုက်စေခဲ့ပါတယ်။ရိုးရိုးနှာခေါင်းစည်းနဲ့ မရဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြန်တာကြောင့် ဒီရောဂါပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ဆိုတဲ့ N 95 နှာခေါင်းစည်းတွေ ဈေးကွက်ထဲ နေရာရခဲ့ပြန်ပါတယ်။

အဲဒီနှစ်တုန်းက ရောဂါကူးစက်ဖြစ်ပွားသူ ၄၀၆ ဦးရှိပြီး သေဆုံးသူ ၃၈ ဦး ရှိခဲ့ပါတယ်။

ဒီနေရာမှာ အဓိကထားပြောလိုတာက ဒီရောဂါအပေါ် အလေးဂရုထားကြဖို့ပါ။အလေးထားကြဖို့ဆိုတဲ့အထဲမှာ ပြည်သူလူထု ပါဝင်သလို ဆိုင်ရာအဖွဲ့အစည်းများဘက်ကိုလည်း ဆိုလိုရင်းဖြစ်ပါတယ်။ဒီရောဂါဖြစ်ပွားတာကို စတင်သိရှိရတဲ့ သတင်းအရင်းအမြစ်နဲ့ ပတ်သက်ပြီး အထက်မှာဆိုခဲ့ပါတယ်။နာရေးကူညီမှုအသင်းကနေ ဖြစ်ပါတယ်။အဲဒီတော့ ဒီရောဂါဖြစ်ပွားနေကြောင်း တရားဝင်အသိပေးထုတ်ပြန်ရမယ့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဘက်ကို ပြောကြည့်ချင်ပါတယ်။ရောဂါဖြစ်သေဆုံးသူနဲ့ ပတ်သက်ပြီး ဇွန် ၁၉ ရက်မှာ နာရေးကူညီမှုအသင်းက သတင်းထုတ်ပြန်လိုက်ပြီးနောက် လေးနာရီကျော်အကြာဖြစ်တဲ့ ညနေ ၅ နာရီ ၁၇ မိနစ်မှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ “ရာသီတုပ်ကွေးရောဂါ လက်ကမ်းစာစောင်နှင့် ပိုစတာများဆိုတဲ့ ဖိုတိုချပ်ကို စတင်ခဲ့ပါတယ်။အဲဒီနောက် ည ၇ နာရီ ၄၉ မိနစ်မှာတော့ “ရာသီတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ” ဆိုတဲ့အကြောင်းကို တင်လာပါတယ်။မှတ်သားဖို့က ဒီအထိ လတ်တလောမှာ ရာသီတုပ်ကွေးရောဂါ ပြည်တွင်းမှာ ဖြစ်ပွားနေပါပြီဆိုတဲ့ သတင်းအချက်အလက် မတွေ့ရသေးပါဘူး။နောက် ည ၈ နာရီမှာလည်း “ရာသီတုပ်ကွေး ကာကွယ်နိုင်ရန် အကြံပြုချက်များ” ဆိုတဲ့ ၂၀၁၈ ခုနှစ်က တင်ထားခဲ့တဲ့ လက်ကမ်းစာစောင်တွေကို အဲဒီစာမျက်နှာကနေတစ်ဆင့် ပြန်လည်မျှဝေပြန်ပါတယ်။
အဲဒီမှာ ဆက်တိုက်ဆိုသလိုပဲ “ရာသီတုပ်ကွေးရောဂါ လက်ကမ်းစာစောင်နှင့် ပိုစတာများ”၊ “ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm09 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန် (Version 1.1)” ဆိုတဲ့ အကြောင်းအရာတို့ကို မျှဝေပြန်ပါတယ်။အဲဒီနေ့ ည ၉ နာရီကျော် ၁၀ နာရီဝန်းကျင်အထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ ပြည်တွင်းမှာ ရာသီတုပ်ကွေးရောဂါ ကူးစက်ပျံ့ပွားနေတယ်ဆိုတဲ့ သတင်းစကားကို တစ်လုံးတစ်ပါဒမျှ အသိပေးထုတ်ပြန်တာကို မတွေ့ရပါဘူး။

ဆိုလိုတာက ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နာရေးကူညီမှုအသင်းက သတင်းထုတ်ပြန် အသိပေးပြီးချိန်မှာတောင် ပြည်သူလူထုအကျိုးကို ရှေးရှုဖို့ ပိုလိုအပ်တဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဘက်က ပြည်သူထံ သတင်းအချက်အလျက် ဖြန့်ဝေမှုမှာ ပျက်ကွက်ခဲ့၊ နှောင့်နှေးခဲ့တာကို တွေ့ရပါတယ်။

ည ၁၀ နာရီ ၂၂ မိနစ်ကျမှသာ “ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး (H1N1) ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြီး ရောဂါဖြစ်ပွားခဲ့သော မြို့နယ်များတွင် တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဆောင်ရွက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းထုတ်ပြန်လာတာကို တွေ့ရပါတယ်။

နာရေးကူညီမှုအသင်းက သတင်းထုတ်ပြန်ခဲ့ပြီး ၁၀ နာရီခန့်ကြာပြီးမှ ဆိုင်ရာအစိုးရအဖွဲ့အစည်းဘက်က သတင်းထုတ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။အဲဒီသတင်းထုတ်ပြန်ချက်ထဲမှာ “၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ရာသီတုပ်ကွေး သံသယလူနာ (၂၀) ဦး၊ ရာသီတုပ်ကွေးရောဂါ (H1N1pdm09) ဟု ဓါတ်ခွဲအတည်ပြုပြီးသူ (၇) ဦးရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော လူနာများအနက် (၁၇-၆-၁၉) ရက်နေ့အထိ သေဆုံးသူ (၃) ဦး ရှိခဲ့ပါသည်။အဆိုပါ (၃) ဦးတွင် နာတာရှည်ရောဂါ၊ မွေးဖွားပြီး မိခင်နှင့် သက်ကြီးရွယ်အို စသည့် ရောဂါအခံနှင့် ဆက်စပ်အကြောင်းအရာများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်” လို့ ဆိုပါတယ်။

ရာသီတုပ်ကွေးရောဂါ ဖြစ်ပေါ်နေကြောင်း အတည်ပြု သတင်းထုတ်ပြန်ချိန်မှာ သံသယလူနာ ၂၀ ဦး၊ အတည်ပြုလူနာ ခုနစ်ဦးနဲ့ သေဆုံးသူ သုံးဦးရှိခဲ့ပြီး ဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ပြည်သူလူထုရဲ့ အသက်ဘေးအန္တရာယ်နဲ့ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ သတင်းထုတ်ပြန်မှု နှောင့်နှေးရခြင်းကို ဒီကိန်းဂဏန်းများကလည်း ထပ်ဆင့်ပြဆိုနေပါတယ်။အဲဒီ ဇွန် ၁၉ ရက် နောက်ပိုင်းကစပြီးရင်တော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဘက်က ရာသီတုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သတင်းတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဆက်တိုက်ဆိုသလို ထုတ်ပြန်အသိပေးလာတာကို တွေ့ရပါတယ်။

ရောဂါစတင်ချိန်မှာ အထနှေးခဲ့ပေမယ့် နောက်ပိုင်းမှာ အသိပညာပေးမှုကို ဆက်တိုက်ပြုလုပ်လာတာ တွေ့ရပြီး ရောဂါဖြစ်ပွားမှုတွေအပေါ်လည်း နေ့စဉ်နဲ့အမျှ သတင်းအချက်အလက်တွေ ထုတ်ပြန်လာတာကို တွေ့ရပါတယ်။

ဆိုင်ရာအဖွဲ့အစည်းဘက်က အခုလိုဆောင်ရွက်လာချိန်မှာ နောက်ထပ်ပြောဖို့ရှိလာတာက ပြည်သူလူထုဘက်ပါ။ဆိုခဲ့သလိုပဲ ၂၀၁၇ ခုနှစ်က ဒီရောဂါနဲ့ ပတ်သက်ပြီး ထိတ်ထိတ်ပျာပျာတွေ ဖြစ်ခဲ့သလောက် ဒီနှစ် တစ်ကျော့ပြန်ဖြစ်လာချိန်မှာ ပြည်သူလူထုဘက်က သွေးအေးနေတာကို တွေ့ရပါတယ်။ရောဂါစတင် ဖြစ်ပွားစဉ်က ပြည်သူဘက်မှာ ထိတ်လန့်တဲ့တုံ့ပြန်မှု ရှိခဲ့ပေမယ့် ရောဂါဖြစ်ပွားကြောင်း အတည်ပြုကြေညာပြီးနောက် တစ်လတာ ကာလအတွင်း ရောက်လာချိန်မှာ ပြည်သူလူထုဘက်က ဒီရောဂါနဲ့ ပတ်သက်ပြီး တော်တော်လေး သွေးအေးသွားခဲ့ရတာဟာလည်း စိုးရိမ်စရာဖြစ်ပါတယ်။ဘာကြောင့် စိုးရိမ်စရာလို့ ဆိုရသလဲဆိုရင် ဒီရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုအပိုင်းမှာ ပြည်သူလူထုရဲ့အားက များစွာသက်ရောက်နေလို့ပါ။ကူးစက်ရောဂါ ဖြစ်တာနဲ့အညီ အများပြည်သူဘက်က ဆောင်ရန်၊ ရှောင်ရန်တွေကို အလေးထားလိုက်နာမှသာ ရောဂါကူးစက်ပြန့်ပွားမှု ဘေးကနေ ကာကွယ်နိုင်မှာမို့ပါ။

အခု (ဇူလိုင် ၁၈ ရက်) အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ရောဂါကူးစက်ဖြစ်ပွားသူဟာ ၃၁၉ ဦးရှိပြီး သေဆုံးသူက ၆၂ ဦး ဖြစ်ပါတယ်။ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရောဂါဖြစ်ပွား သေဆုံးသူဦးရေရဲ့ နှစ်ဆနီးပါး ဖြစ်ပါတယ်။၂၀၁၇ ခုနှစ်က ရောဂါကူးစက်ခံရသူ ၄၀၆ ဦးရှိပြီး သေဆုံးသူ ၃၈ ဦး ရှိခဲ့ပါတယ်။၂၀၁၇ က စံချိန်ကိုအခု ၂၀၁၉ က ချိုးလာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုကြား ရာခိုင်နှုန်းအချိုးချကြည့်မယ်ဆိုရင်လည်း ၂၀၁၇ ခုနှစ်က သေဆုံးမှုနှုန်း ၉ ရာခိုင်နှုန်းသာရှိပြီး အခု ၂၀၁၉ ခုနှစ်က သေဆုံးမှုနှုန်း ၂၀ ရာခိုင်နှုန်း ရှိနေပါတယ်။စိုးရိမ်စရာပါ။

ဒီရောဂါ ကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှုတွေဟာ ရပ်တန့်မသွားသေးဘဲ ဆက်လက်ဖြစ်ပေါ်လျက် ရှိနေပါတယ်။အဲဒီလိုအခြေအနေမှာ အထက်ကဆိုခဲ့သလိုပဲ ဆိုင်ရာအဖွဲ့အစည်းများဘက်က အလေးအနက်ထား စီမံဆောင်ရွက်ပေးဖို့လိုသလို အများပြည်သူဘက်လည်း အလေးထား ပူးပေါင်းပါဝင်ဖို့ လိုမှာဖြစ်ပါတယ်။

သတိပြုဖို့က ဒီရောဂါမျိုးဟာ ကူးစက်မြန်ရောဂါဖြစ်လို့ ကပ်ရောဂါအသွင်အထိအောင် ဖြစ်ပွားလာစေနိုင်ပါတယ်။ဒါကြောင့် လတ်တလောမှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ရာသီတုပ်ကွေးရောဂါ ပပျောက်ရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့အတူ အများပြည်သူ လူထုဘက်ကလည်း အသိ၊ သတိ ရှိစွာနဲ့ ပူးပေါင်းပါဝင် တွန်းလှန်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဂျေငြိမ်း
ဇူလိုင် - ၂၅

( Zawgyi )

ၿပီးခဲ့တဲ့ ဇြန္လ ၁၉ ရက္က သတင္းတစ္ခု ထြက္လာပါတယ္။“H1N1 ကူးစက္ေရာဂါျဖင့္ ကြယ္လြန္သည္ဟု သံသယရွိေသာ အမ်ိဳးသားတစ္ဦး၏ ႐ုပ္အေလာင္းအား ပို႔ေဆာင္ကူညီ” ဆိုတဲ့ ေခါင္းစဥ္နဲ႔ သတင္းျဖစ္ပါတယ္။

အဲဒီသတင္းကို ထုတ္ျပန္ခဲ့တာက က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနကလို႔ေတာ့ မထင္လိုက္ပါနဲ႔။မဟုတ္ပါဘူး။
နာေရးကူညီမႈအသင္း - ရန္ကုန္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကေန လႊင့္တင္ထုတ္ျပန္လာတဲ့ သတင္းျဖစ္ပါတယ္။

နာေရးကူညီမႈအသင္းက မြန္းလြဲ ၁ နာရီမွာ ဒီသတင္းကို စတင္ထုတ္ျပန္ခဲ့တာပါ။အဲဒီသတင္းကို ၾကားသိရျခင္းမွာပဲ ထိတ္လန႔္သြားခဲ့ပါတယ္။ဒီသတင္းဖတ္ရႈရသူ အမ်ားျပည္သူလည္း ထိုနည္းလည္းေကာင္းပဲ ျဖစ္ပါလိမ့္မယ္။ဘာေၾကာင့္ပါလဲ။လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ကာလ ၂၀၁၇ ခုႏွစ္တုန္းကလည္း ဒီေရာဂါ ဒီႏိုင္ငံမွာ ျဖစ္ခဲ့ဖူးပါတယ္။အဲဒီတုန္းက အားလုံးအထိတ္တလန႔္ျဖစ္ခဲ့ရၿပီး ေရာဂါကာကြယ္ေဆးေတြထိုးဖို႔ ႀကိဳးစားခဲ့ၾက၊ ထိုးႏွံခဲ့ၾကသလို ေဈးကြက္အတြင္း အေရာင္းျပတ္လပ္ေလာက္ေအာင္ အထိလည္း ႏွာေခါင္းစည္းေတြ အဝယ္လိုက္ေစခဲ့ပါတယ္။႐ိုး႐ိုးႏွာေခါင္းစည္းနဲ႔ မရဘူးဆိုတဲ့ သတင္းေတြ ထြက္ေပၚလာျပန္တာေၾကာင့္ ဒီေရာဂါပိုးကို ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္တယ္လို႔ဆိုတဲ့ N 95 ႏွာေခါင္းစည္းေတြ ေဈးကြက္ထဲ ေနရာရခဲ့ျပန္ပါတယ္။

အဲဒီႏွစ္တုန္းက ေရာဂါကူးစက္ျဖစ္ပြားသူ ၄၀၆ ဦးရွိၿပီး ေသဆုံးသူ ၃၈ ဦး ရွိခဲ့ပါတယ္။

ဒီေနရာမွာ အဓိကထားေျပာလိုတာက ဒီေရာဂါအေပၚ အေလးဂ႐ုထားၾကဖို႔ပါ။အေလးထားၾကဖို႔ဆိုတဲ့အထဲမွာ ျပည္သူလူထု ပါဝင္သလို ဆိုင္ရာအဖြဲ႕အစည္းမ်ားဘက္ကိုလည္း ဆိုလိုရင္းျဖစ္ပါတယ္။ဒီေရာဂါျဖစ္ပြားတာကို စတင္သိရွိရတဲ့ သတင္းအရင္းအျမစ္နဲ႔ ပတ္သက္ၿပီး အထက္မွာဆိုခဲ့ပါတယ္။နာေရးကူညီမႈအသင္းကေန ျဖစ္ပါတယ္။အဲဒီေတာ့ ဒီေရာဂါျဖစ္ပြားေနေၾကာင္း တရားဝင္အသိေပးထုတ္ျပန္ရမယ့္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနဘက္ကို ေျပာၾကည့္ခ်င္ပါတယ္။ေရာဂါျဖစ္ေသဆုံးသူနဲ႔ ပတ္သက္ၿပီး ဇြန္ ၁၉ ရက္မွာ နာေရးကူညီမႈအသင္းက သတင္းထုတ္ျပန္လိုက္ၿပီးေနာက္ ေလးနာရီေက်ာ္အၾကာျဖစ္တဲ့ ညေန ၅ နာရီ ၁၇ မိနစ္မွာ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ျပည္သူ႔က်န္းမာေရးဦးစီးဌာန ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကေန “ရာသီတုပ္ေကြးေရာဂါ လက္ကမ္းစာေစာင္ႏွင့္ ပိုစတာမ်ားဆိုတဲ့ ဖိုတိုခ်ပ္ကို စတင္ခဲ့ပါတယ္။အဲဒီေနာက္ ည ၇ နာရီ ၄၉ မိနစ္မွာေတာ့ “ရာသီတုပ္ေကြးေရာဂါအေၾကာင္း သိေကာင္းစရာ” ဆိုတဲ့အေၾကာင္းကို တင္လာပါတယ္။မွတ္သားဖို႔က ဒီအထိ လတ္တေလာမွာ ရာသီတုပ္ေကြးေရာဂါ ျပည္တြင္းမွာ ျဖစ္ပြားေနပါၿပီဆိုတဲ့ သတင္းအခ်က္အလက္ မေတြ႕ရေသးပါဘူး။ေနာက္ ည ၈ နာရီမွာလည္း “ရာသီတုပ္ေကြး ကာကြယ္ႏိုင္ရန္ အႀကံျပဳခ်က္မ်ား” ဆိုတဲ့ ၂၀၁၈ ခုႏွစ္က တင္ထားခဲ့တဲ့ လက္ကမ္းစာေစာင္ေတြကို အဲဒီစာမ်က္ႏွာကေနတစ္ဆင့္ ျပန္လည္မွ်ေဝျပန္ပါတယ္။
အဲဒီမွာ ဆက္တိုက္ဆိုသလိုပဲ “ရာသီတုပ္ေကြးေရာဂါ လက္ကမ္းစာေစာင္ႏွင့္ ပိုစတာမ်ား”၊ “ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza A(H1N1) pdm09 ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းလမ္းၫႊန္ (Version 1.1)” ဆိုတဲ့ အေၾကာင္းအရာတို႔ကို မွ်ေဝျပန္ပါတယ္။အဲဒီေန႔ ည ၉ နာရီေက်ာ္ ၁၀ နာရီဝန္းက်င္အထိ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ျပည္သူ႔က်န္းမာေရးဦးစီးဌာန ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္မွာ ျပည္တြင္းမွာ ရာသီတုပ္ေကြးေရာဂါ ကူးစက္ပ်ံ႕ပြားေနတယ္ဆိုတဲ့ သတင္းစကားကို တစ္လုံးတစ္ပါဒမွ် အသိေပးထုတ္ျပန္တာကို မေတြ႕ရပါဘူး။

ဆိုလိုတာက ပုဂၢလိကအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ နာေရးကူညီမႈအသင္းက သတင္းထုတ္ျပန္ အသိေပးၿပီးခ်ိန္မွာေတာင္ ျပည္သူလူထုအက်ိဳးကို ေရွးရႈဖို႔ ပိုလိုအပ္တဲ့ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနဘက္က ျပည္သူထံ သတင္းအခ်က္အလ်က္ ျဖန႔္ေဝမႈမွာ ပ်က္ကြက္ခဲ့၊ ေႏွာင့္ေႏွးခဲ့တာကို ေတြ႕ရပါတယ္။

ည ၁၀ နာရီ ၂၂ မိနစ္က်မွသာ “ရန္ကုန္တိုင္းေဒသႀကီးအတြင္း ရာသီတုပ္ေကြး (H1N1) ေရာဂါျဖစ္ပြားမႈႏွင့္ ပတ္သက္၍ ႀကိဳတင္ကာကြယ္ေရး ညႇိႏႈိင္းအစည္းအေဝး က်င္းပၿပီး ေရာဂါျဖစ္ပြားခဲ့ေသာ ၿမိဳ႕နယ္မ်ားတြင္ တုပ္ေကြးေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားေဆာင္႐ြက္” ဆိုတဲ့ ေခါင္းစဥ္နဲ႔ သတင္းထုတ္ျပန္လာတာကို ေတြ႕ရပါတယ္။

နာေရးကူညီမႈအသင္းက သတင္းထုတ္ျပန္ခဲ့ၿပီး ၁၀ နာရီခန႔္ၾကာၿပီးမွ ဆိုင္ရာအစိုးရအဖြဲ႕အစည္းဘက္က သတင္းထုတ္ျပန္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။အဲဒီသတင္းထုတ္ျပန္ခ်က္ထဲမွာ “၂၀၁၉ ခုႏွစ္၊ ဇြန္လအတြင္း ရာသီတုပ္ေကြး သံသယလူနာ (၂၀) ဦး၊ ရာသီတုပ္ေကြးေရာဂါ (H1N1pdm09) ဟု ဓါတ္ခြဲအတည္ျပဳၿပီးသူ (၇) ဦးရွိၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ တက္ေရာက္ကုသမႈ ခံယူေနေသာ လူနာမ်ားအနက္ (၁၇-၆-၁၉) ရက္ေန႔အထိ ေသဆုံးသူ (၃) ဦး ရွိခဲ့ပါသည္။အဆိုပါ (၃) ဦးတြင္ နာတာရွည္ေရာဂါ၊ ေမြးဖြားၿပီး မိခင္ႏွင့္ သက္ႀကီး႐ြယ္အို စသည့္ ေရာဂါအခံႏွင့္ ဆက္စပ္အေၾကာင္းအရာမ်ားေၾကာင့္ ေသဆုံးခဲ့ရျခင္းျဖစ္သည္ကို ေတြ႕ရွိရပါသည္” လို႔ ဆိုပါတယ္။

ရာသီတုပ္ေကြးေရာဂါ ျဖစ္ေပၚေနေၾကာင္း အတည္ျပဳ သတင္းထုတ္ျပန္ခ်ိန္မွာ သံသယလူနာ ၂၀ ဦး၊ အတည္ျပဳလူနာ ခုနစ္ဦးနဲ႔ ေသဆုံးသူ သုံးဦးရွိခဲ့ၿပီး ျဖစ္တာကို ေတြ႕ရမွာျဖစ္ပါတယ္။ျပည္သူလူထုရဲ႕ အသက္ေဘးအႏၲရာယ္နဲ႔ဆိုင္တဲ့ က်န္းမာေရးဆိုင္ရာ သတင္းထုတ္ျပန္မႈ ေႏွာင့္ေႏွးရျခင္းကို ဒီကိန္းဂဏန္းမ်ားကလည္း ထပ္ဆင့္ျပဆိုေနပါတယ္။အဲဒီ ဇြန္ ၁၉ ရက္ ေနာက္ပိုင္းကစၿပီးရင္ေတာ့ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနဘက္က ရာသီတုပ္ေကြးေရာဂါနဲ႔ ပတ္သက္ၿပီး သတင္းေတြ၊ ေဆာင္ရန္၊ ေရွာင္ရန္ေတြကို ဆက္တိုက္ဆိုသလို ထုတ္ျပန္အသိေပးလာတာကို ေတြ႕ရပါတယ္။

ေရာဂါစတင္ခ်ိန္မွာ အထေႏွးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အသိပညာေပးမႈကို ဆက္တိုက္ျပဳလုပ္လာတာ ေတြ႕ရၿပီး ေရာဂါျဖစ္ပြားမႈေတြအေပၚလည္း ေန႔စဥ္နဲ႔အမွ် သတင္းအခ်က္အလက္ေတြ ထုတ္ျပန္လာတာကို ေတြ႕ရပါတယ္။

ဆိုင္ရာအဖြဲ႕အစည္းဘက္က အခုလိုေဆာင္႐ြက္လာခ်ိန္မွာ ေနာက္ထပ္ေျပာဖို႔ရွိလာတာက ျပည္သူလူထုဘက္ပါ။ဆိုခဲ့သလိုပဲ ၂၀၁၇ ခုႏွစ္က ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ထိတ္ထိတ္ပ်ာပ်ာေတြ ျဖစ္ခဲ့သေလာက္ ဒီႏွစ္ တစ္ေက်ာ့ျပန္ျဖစ္လာခ်ိန္မွာ ျပည္သူလူထုဘက္က ေသြးေအးေနတာကို ေတြ႕ရပါတယ္။ေရာဂါစတင္ ျဖစ္ပြားစဥ္က ျပည္သူဘက္မွာ ထိတ္လန႔္တဲ့တုံ႔ျပန္မႈ ရွိခဲ့ေပမယ့္ ေရာဂါျဖစ္ပြားေၾကာင္း အတည္ျပဳေၾကညာၿပီးေနာက္ တစ္လတာ ကာလအတြင္း ေရာက္လာခ်ိန္မွာ ျပည္သူလူထုဘက္က ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္ေလး ေသြးေအးသြားခဲ့ရတာဟာလည္း စိုးရိမ္စရာျဖစ္ပါတယ္။ဘာေၾကာင့္ စိုးရိမ္စရာလို႔ ဆိုရသလဲဆိုရင္ ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ႀကိဳတင္ကာကြယ္မႈအပိုင္းမွာ ျပည္သူလူထုရဲ႕အားက မ်ားစြာသက္ေရာက္ေနလို႔ပါ။ကူးစက္ေရာဂါ ျဖစ္တာနဲ႔အညီ အမ်ားျပည္သူဘက္က ေဆာင္ရန္၊ ေရွာင္ရန္ေတြကို အေလးထားလိုက္နာမွသာ ေရာဂါကူးစက္ျပန႔္ပြားမႈ ေဘးကေန ကာကြယ္ႏိုင္မွာမို႔ပါ။

အခု (ဇူလိုင္ ၁၈ ရက္) အထိ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္သူ႔က်န္းမာေရးဦးစီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရ ေရာဂါကူးစက္ျဖစ္ပြားသူဟာ ၃၁၉ ဦးရွိၿပီး ေသဆုံးသူက ၆၂ ဦး ျဖစ္ပါတယ္။ဒီအေရအတြက္ဟာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ေရာဂါျဖစ္ပြား ေသဆုံးသူဦးေရရဲ႕ ႏွစ္ဆနီးပါး ျဖစ္ပါတယ္။၂၀၁၇ ခုႏွစ္က ေရာဂါကူးစက္ခံရသူ ၄၀၆ ဦးရွိၿပီး ေသဆုံးသူ ၃၈ ဦး ရွိခဲ့ပါတယ္။၂၀၁၇ က စံခ်ိန္ကိုအခု ၂၀၁၉ က ခ်ိဳးလာခဲ့တာကို ေတြ႕ရမွာျဖစ္ပါတယ္။ေရာဂါျဖစ္ပြားမႈနဲ႔ ေသဆုံးမႈၾကား ရာခိုင္ႏႈန္းအခ်ိဳးခ်ၾကည့္မယ္ဆိုရင္လည္း ၂၀၁၇ ခုႏွစ္က ေသဆုံးမႈႏႈန္း ၉ ရာခိုင္ႏႈန္းသာရွိၿပီး အခု ၂၀၁၉ ခုႏွစ္က ေသဆုံးမႈႏႈန္း ၂၀ ရာခိုင္ႏႈန္း ရွိေနပါတယ္။စိုးရိမ္စရာပါ။

ဒီေရာဂါ ကူးစက္ျဖစ္ပြားမႈ၊ ေသဆုံးမႈေတြဟာ ရပ္တန႔္မသြားေသးဘဲ ဆက္လက္ျဖစ္ေပၚလ်က္ ရွိေနပါတယ္။အဲဒီလိုအေျခအေနမွာ အထက္ကဆိုခဲ့သလိုပဲ ဆိုင္ရာအဖြဲ႕အစည္းမ်ားဘက္က အေလးအနက္ထား စီမံေဆာင္႐ြက္ေပးဖို႔လိုသလို အမ်ားျပည္သူဘက္လည္း အေလးထား ပူးေပါင္းပါဝင္ဖို႔ လိုမွာျဖစ္ပါတယ္။

သတိျပဳဖို႔က ဒီေရာဂါမ်ိဳးဟာ ကူးစက္ျမန္ေရာဂါျဖစ္လို႔ ကပ္ေရာဂါအသြင္အထိေအာင္ ျဖစ္ပြားလာေစႏိုင္ပါတယ္။ဒါေၾကာင့္ လတ္တေလာမွာ ျဖစ္ပြားေနဆဲျဖစ္တဲ့ ရာသီတုပ္ေကြးေရာဂါ ပေပ်ာက္ေရးဆိုင္ရာ အဖြဲ႕အစည္းမ်ားနဲ႔အတူ အမ်ားျပည္သူ လူထုဘက္ကလည္း အသိ၊ သတိ ရွိစြာနဲ႔ ပူးေပါင္းပါဝင္ တြန္းလွန္ၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။

ေဂ်ၿငိမ္း
ဇူလိုင္ - ၂၅