【 ဆောင်းပါး 】 ရေတိမ်နစ်နေတဲ့ မြန်မာမှု မြန်မာစာ

【 ဆောင်းပါး 】 ရေတိမ်နစ်နေတဲ့ မြန်မာမှု မြန်မာစာ

ကျွန်မသည် မြန်မာစာ အဓိကဖြင့် ဘွဲ့ရခဲ့သူ မဟုတ်ပါ။ဓါတုဗေဒ အဓိကဖြင့် ဘွဲ့ရခဲ့သူဖြစ်ပါသည်။သို့သော် ကျွန်မတို့ငယ်စဉ်က သင်ကြားပေးခဲ့သော မြန်မာစာ ဆရာ၊ ဆရာမများသည် မြန်မာစာကို ကျောင်းသားများ စိတ်ဝင်စားလာစေရန် သင်ပြနိုင်စွမ်းရှိသူများ ဖြစ်ကြပါသည်။တက္ကသိုလ်ရောက်တော့လည်း ပထမနှစ် မေဂျာအားလုံး မြန်မာစာ မသင်မနေရ သင်ယူကြရပါသည်။ကံကောင်းစွာပင် မြန်မာစာ သင်ပြမှု အလွန်တော်သည့် ဆရာဦးအောင်သိန်း၏ အတန်းတွင် တက်ရောက်ခဲ့ရပါသည်။အကြောင်းကိစ္စရှိ၍ အတန်းဖျက်ရန် ကြုံလာလျှင် တတ်နိုင်သမျှ မြန်မာစာ အချိန်ကို မဖျက်ဘဲ တခြားဘသာရပ် အချိန်ကို ဖျက်ပါသည်။မြန်မာစာအချိန် ဖျက်ရမည်ကို ရှောင်ရှားခဲ့ပါသည်။
ကျွန်မတစ်ဦးတည်း ဤသို့ မြန်မာစာအချိန်ကို အလေးထားသည် မဟုတ်ပါ။ မေဂျာသုံးခု ပေါင်းတက်ရသော မြန်မာစာအချိန်သည် ဟောခန်းထဲတွင် သင်ယူရသည်ဖြစ်ရာ အတန်းအလွယ်တကူလစ်၍ ရစေကာမူ မပျက်မကွက် တက်ရောက်သူများပြားသည်ထိ ဆရာ၏ အသင်အပြကောင်းမှုက ကျွန်မတို့အပေါ် လွှမ်းမိုးခဲ့ပါသည်။

ကျွန်မတို့ ငယ်စဉ်က ရုပ်မြင်သံကြား မပေါ်သေးပါ။ရေဒီယိုသာ နားထောင်ကြရပါသည်။မြန်မာ့အသံမှ သတင်းနှင့် အစီအစဉ် ကြေညာသူများကို အားလုံးနီးပါး မှတ်မိနေပါသည်။မေလှမြိုင်၊ မာမာအေး၊ တင်တင်မြ၊ ချစ်စပယ် စသော အစ်မကြီးများသည် အမည်ရှေ့တွင် ဒေါ်မတတ်ဘဲ အသံလွှင့်ခဲ့သည်များကို မှတ်မိနေပါသည်။သည်အချိန်များကို ပြန်တွေးလျှင် မြန်မာစာ၊ မြန်မာမှုနှင့် ပတ်သက်ပါက ယခုခေတ်သည် ငရဲနှင့်တူနေပြီး အတိတ်ကာလ ထိုအချိန်များကား နတ်ဘုံနတ်နန်းဟုပင် တင်စားရမည် ထင်ပါသည်။သည်တုန်းက ရေဒီယိုအဆိုတော်များလည်းဖြစ် အစီအစဉ်ကြေညာသူများလည်း ဖြစ်ကြသည့် အစ်မကြီး မာမာအေး၊ တင်တင်မြ၊ ချစ်စပယ် တို့သည် သတင်းများကို မြန်မာသံအမှားများဖြင့် ဖတ်ကြားနေကြသည်။ရေးတော့အမှန် ဖတ်တော့အသံကို နားမလည်ကြ လွဲနေကြသည်ဟု မည်သူကမျှ ထောက်ပြဝေဖန်ပြခြင်း အလျဉ်းမရှိခဲ့ပါ။

ထိုစဉ်က မနက်လင်းလျှင် ရောက်လာသည့် သတင်းစာများကား ကြေးမုံ၊ ဘိုတထောင်နှင့် လုပ်သားပြည်သူ့နေ့စဉ်။မည်သည့်သတင်းစာကိုပဲ ဖတ်ဖတ် တစ်ကြိမ်ဖတ်ရုံဖြင့် သတင်းစာကပေးသည့် သတင်းကို ချောမောစွာနားလည်ပါသည်။ဘာဆိုလိုပါလိမ့်ဟု နှစ်ခါပြန်ဖတ်ခဲ့ရသည့် သတင်းစာဟူ၍ မရှိခဲ့ပေ။၁၉၆၂ နောက်ပိုင်း ၁၉၆၄ ခန့်ဟု ထင်ပါသည်။ထိုအချိန်မှစ၍ သတင်းစာ ရေဒီယိုအစီအစဉ် ကြေညာသူများ၊ သတင်းဖတ်ကြားသူများက မြန်မာဘာသာစကား က နှင့် မှ အမှားသုံးလာကြပါသည်။ဤသို့ က နှင့် မှ မှားသုံးသည်ကို အမေ လူထုဒေါ်အမာ က ဆောင်းပါးရေးသား ထောက်ပြခဲ့ပါသည်။ထို့နောက် အား နှင့် ကို နေရာမှားသုံးနေပုံများကို ထောက်ပြခဲ့ပါသည်။သို့သော် သတင်းစာ ရေဒီယိုများသည် ဥက္ကဌကြီးမှ မိန့်ခွန်းပြောကြားပါတော့မည်ဆိုသော မြန်မာသဒ္ဒါအမှားကို ဦးနေဝင်း အလွန် နဝတ နအဖ ခေတ်ထိ ဆက်လက်ပြောဆို သုံးစွဲခဲ့ကြပါသည်။နောင်သော် ဆရာမောင်ခင်မင် (ဓနုဖြူ) အပါအဝင် မြန်မာစာဆရာ အတော်များများနှင့် စာရေးဆရာတချို့က မှ နှင့် က အမှား၊ အား နှင့် ကို အမှားကို ထပ်ခါတလဲလဲ ထောက်ပြလာကြပါသည်။သို့ဖြင့် မှ နှင့် က ကို နေရာအတော်များများတွင် မှန်ကန်စွာ သုံးလာကြပြီဖြစ်သော်လည်း လုံးဝအမှားကင်းစင်သည့် အနေအထားသို့ မရောက်သေးပါ။ရံဖန်ရံခါ တက္ကသိုလ်များတွင် ကျင်းပသည့် ပွဲတချို့၌ ပါမောက္ခချုပ်မှ အဖွင့်အမှာစကား ပြောကြားပါတော့မည်ဆိုသော မြန်မာသဒ္ဒါအမှားကို ကြားနေရဆဲ ဖြစ်ပါသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အစီအစဉ်ကြေညာသူများ မြန်မာသဒ္ဒါအမှားများပြော၊ အသံထွက်များလွဲချော်၊ ဌာန်ကရိုဏ်းမကျပုံများကို ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာမောင်သာနိုး တို့က ရေးသားထောက်ပြကြပါသည်။သို့သော် ယနေ့ထိမပြင်ကြပါ။မကြာခဏ ကြားရသည့် ကဏ္ဍဆိုလျှင် အသံထွက်ကို ဂန်တဟု ထွက်ရမည့်အစား သတင်းကြေညာသူများခမျာ ကန်တဟု ကြိုးစားထွက်ဆိုကြပါသည်။ထို့ပြင် သတင်းကိုစကားပြောနှင့် စာပြောရောပြီး ကြေညာကြပါသည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားပြီးကလေးငယ်များနဲ့ စကားစမြီပြောဆိုပါသည် ပြောရမည့်အစား ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကားပြောကာ ထို့နောက် ကလေးငယ်များနှင့် စကားစမြီ ပြောပါတယ် ပြီး သုံးရမည့် နေရာတွင် ကာ ကို အစီအစဉ်ကြေညာသူ အားလုံးနီးပါး မှားယွင်းပြောဆိုနေကြသည်ကို နေ့စဉ်ကြားနေရပါသည်။

မှ နှင့် က ကို ရံဖန်ရံခါ အသုံးမှန်သော်လည်း မှားသည့်အခါများ မနည်းပါ။၁၉၆၄ ဝန်းကျင်မှ ယနေ့ ၂၀၁၉ ထိ တွက်ကြည့်ပါက နှစ်ပေါင်း ၅၅ နှစ်တိုင်တိုင် မြန်မာစာ အပြောမှား အရေးမှားများကို ပညာရှင်များနှင့် စာရေးဆရာများက မည်သို့ထောက်ပြစေကာမူ၊ မည်သည့်အစီအစဉ်ကြေညာသူ သတင်းကြေညာသူကမျှ မပြင်ကြခြင်းသည် သူတို့ ဘာစာမှမဖတ်၍လား။အပေါ်ကရေးပေးသည့် စာရွက်တွင်ပါသည့်အတိုင်း ဖတ်ရသဖြင့် အမှားတူနေကြခြင်းလားဟု မကြာခဏတွေးမိပါသည်။

ထို့ပြင် ၁၉၈၈ နောက်ပိုင်းမှစ၍ မြန်မာစာနှင့် အင်္ဂလိပ်စာများ ရောထွေးရေးသားမှု များပြားလာပါသည်။အသံဖလှယ်ပဲ မြန်မာစာကြားတွင် အင်္ဂလိပ်စာများကို ရောရေးကြပါသည်။အခမ်းအနား နဖူးစည်းများကိုလည်း ဘိုလိုရေးသားမှု များပြားလာပါသည်။အခြေခံဥပဒေအရ တရားဝင် ရုံးသုံးစာသည် မြန်ာမာစာဟု ဆိုသော်လည်း တဖြေးဖြေး မြန်မာစာ လူရာမဝင် ဖြစ်လာပါသည်။ဟိုစကားဝိုင်း ဒီစကားဝိုင်းများ ပေါများလာပေရာ ပါဝင်ပြောဆိုသူများသည် မြို့နေပညာတတ် လူတန်းစားတစ်ခုသာ သူတို့စကားဝိုင်းကို စောင့်ကြည့်နားထောင်သည်ဟု ယူဆလေသလားမသိ။အင်စတီကျူးရှင်း၊ အဝဲလ်နက်စ်၊ အောအင်ကလုစစ် စသော စကားများကို လှိုင်လှိုင်သုံးကြပါသည်။
အာဏာရှင်အစိုးရ ခေတ်အဆက်ဆက်ကို ဖယ်ထားပြီး ပြည်သူ့အစိုးရဆိုသော လက်ရှိအစိုးရခေတ်မှာပင် နိုင်ငံတကာ အခမ်းအနားများတွင် နဖူးစည်းများကို များသောအားဖြင့် ဘိုလိုရေးကြသည်။၂ ဘာသာ တွဲရေးပါကလည်း မိခင်ဘာသာစကားက အောက်က၊ ဘိုစာက အပေါ်မှ နေရာယူထားသည်။

၇.၅.၂၀၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသွားသည့် ဘာသာရေးပွဲ၌ “မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး( ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ အကြံပြုဆွေးနွေးပွဲ” ဆိုသော မြန်မာဘာသာက အောက်က အင်္ဂလိပ်ဘာသာက အပေါ်က။မကြာမီက ကျင်းပပြီးစီးသွားသည့် တရုတ်ပိုးလမ်းမ အစည်းအဝေးတွင် တရုတ်စာပြူးပြူးကြီးတွေက အပေါ်မှ နေရာယူထားပြီး အောက်တွင် အင်္ဂလိပ်စာလုံး ခပ်ငယ်ငယ်ဖြင့် နဖူးစည်းကို ရေးသားသည်။တရုတ်ပိုးလမ်းမပွဲသို့ ကမ္ဘာ့နိုင်ငံ အများအပြား တက်ရောက်စေကာမူ တရုတ်စာသည် အမြဲအပေါ်မှ နေရာယူထားမြဲသာ မြင်တွေ့ရပါသည်။

ထို့အတူ ၂ ရက်တာ ကျင်းပသွားသည့် ရခိုင်အရေး ဆွေးနွေးပွဲတွင်မူ ခေါင်းစည်းကို ဘိုလိုသက်သက် ရေးသားထားသည်။နေရာစွန့်ခွာပြေးနေရသည့် ဒေသခံ ရခိုင်အများစုက အေဆိုလျှင် လှည်းထောက်သည့် ဒေါက်လားဟု မေးမည့်သူချည်းသာ။သူတို့ခမျာ သူတို့ပြည်နယ်အရေး ဆွေးနွေးနေသည့် ခေါင်းစဉ်ကိုမျှ ဖတ်မရကြသည့်အဖြစ်။
ပြည်သူအများနှင့် ဆိုင်သောပွဲများ အခမ်းအနားများကို ဘာကြောင့် မိခင်ဘာသာစကားဖြင့် မရေးသားနိုင်ကြပါသလဲ ပညာရှင်ကြီးများဟု မေးမြန်းရမည့် အခြေပါပေ။

အင်အယ်လ်ဒီအစိုးရ တက်လာကတည်းက သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံက အစ၊ ဝန်ကြီးဝန်လေးများ၊ ညွှန်ချုပ်များ တရွှတ်ရွှတ် တရုတ်ပြည်သို့ သွားကြသည်။တရုတ်တွင် မည်သည့်အခမ်းအနားဖြစ်စေ နဖူးစည်းစာတန်းကို အပေါ်က တရုတ်စာဖြင့် ခပ်ကြီးကြီးရေးပြီး အောက်တွင် ဘိုလိုရေးသော်လည်း ဘိုစာလုံးကို သေးထားသည်။ရွယ်တူပင်မရေး။ မြန်မာခေါင်းဆောင်များထဲက ဘယ်သူကများ တရုတ်တို့၏ သူတို့ဘာသာစကား ရှေ့တန်းတင်ပုံကို အတုခိုးကာ မြန်မာတွင် ကျင်းပသည့် အခမ်းအနားများ၏ နဖူးစည်းစာများ၊ ရုပ်သံလိုင်းများမှ ဘိုနာမည် အစီအစဉ်များကို ပြုပြင်ပေးလေမည်နည်း မျှော်ကိုးခဲ့ဖူးပါသည်။ယခု လက်ကျန်သက်တမ်း တစ်နှစ်ခွဲကျော်သာ ကျန်ပါတော့သည်။ပြည်သူတင်သည်ဆိုသော အစိုးရသည်လည်း မြန်မာဘာသာစကားအပေါ် အလေးမထားပုံမှာ ရှေ့အဆက်ဆက် အာဏာရှင်အစိုးရများနည်းတူ ထိုနည်းလည်းကောင်းသာ ဖြစ်ပါကြောင်း သိရှိလာပါသည်။

အစိုးရထုတ် သတင်းစာများ၊ ပုဂ္ဂလိက သတင်းစာများသည် ဝါကျမှားများ၊ ဖတ်၍နားမလည်သော ဝါကျများ မကြာခဏဖော်ပြကြသည်။အယ်ဒီတာများ သတင်းစာသုံး မြန်မာစာမတတ်ကြကြောင်း ထင်ရှားနေသည်။သည်တော့ အဓိပ္ပာယ်ဖော်ယူရသည့် ဝါကျများ၊ ဘာမှန်းမသိသည့် သတင်းခေါင်းစဉ်များ၊ သတင်းဖော်ပြချက်များကို စာဖတ်ပရိသတ်က ဖေ့စ်ဘုတ်ပေါ်တွင် မကြာခဏထောက်ပြကြပါသည်။အဆိုပါ သတင်းစာဂျာနယ်များမှ တာဝန်ရှိသူ အကြီးဆုံးကစ၍ အောက်ဆုံးတိုင် တုတ်တုတ်မလှုပ်ကြပါ။မပြုပြင်ကြပါ။မကြာမီရက်ပိုင်းက မြန်မာ့အသံမှ ပြောဆိုကြေညာသူတစ်ဦးက သခင်ဘသောင်း ရေးသည့် ပန်းသာမစာဥကို ပန်းသည်မစာဥလို့ ပြောသွားကြောင်း တစ်ယောက်က ဖေ့စ်ဘုတ်ပေါ် တင်ပါသည်။ဤကား ရုပ်သံဝန်ထမ်း၏ မြန်မာစာပေ ဝမ်းစာဟောင်းလောင်း ဖြစ်နေပုံကို ပြသလိုက်သည့် ပြကွက်ဖြစ်ပါသည်။မြန်မာ့အသံ ဝန်ထမ်းရွေးလျှင် မည်သည့်မေးခွန်းများမေး၍ မည်သို့ရွေးချယ်ကြသည် မသိပေ။

ပညာရေးဝန်ကြီးဌာနသည်လည်း မြန်မာဘာသာစကားနှင့် ပတ်သက်ပါက အံ့ဖွယ်သုတထဲ၌ ပါဝင်နေပါသည်။တက္ကသိုလ်အတွက် ထုတ်သည့်စာအုပ်တွင် မျက်နှာဖုံးပေါ်၌ပင် ပါဠိကိုပါဌိဟု ရေးသားထားသည်များ၊ အခြေခံပညာသင်ရိုး ဖတ်စာအုပ်များတွင် ပါနေသည့် မြန်မာစာအမှားများ စသည်တို့ကို ဝက်ဝက်ကွဲထောက်ပြလာသည်မှာ နှစ်ချီနေပြီဟုပင် ထင်ရပါသည်။အခြေခံပညာဦးစီးဌာနက ထုတ်သည့် ရုံးစာအမှား၊ အဆင့်မြင့်ပညာဦးစီးက ထုတ်သည့် ရုံးစာအမှားများလည်း ဖေ့စ်ဘုတ်ပေါ် မကြာခဏတင်ပေးပြီး ထောက်ပြကြပါသည်။လူထုက မိခင်ဘာသာစကားနှင့် ပတ်သက်သည့် အမှားများကို မည်သို့ပင် ထောက်ပြစေကာမူ၊ တာဝန်ရှိသည့် ဝန်ကြီးဌာနများမှ တာဝန်အရှိဆုံးများရော အဆင့်ဆင့်တာဝန်ရှိသူများပါ နားမပါ မျက်စိမပါသကဲ့သို့ တုန့်ပြန်မှု အလျဉ်းမရှိပါပေ။

ဆရာမောင်ခင်မင်( ဓနုဖြူ) သည် အပြောအဆို စာအရေးအသား အလွန်ညင်သာသိမ်မွေ့သူ ဖြစ်ပါသည်။သည်လို ဆရာကြီးမျိုးပင် ဒေါသသံပါသည့် “ဦးဖေမောင်တင် ကျေးဇူးနှင့် မြန်မာစာကျေးဇူးကန်းအတွေး” (စောင့်ကြည့်ဂျာနယ် - ၄.၅.၂၀၁၉) ဆိုသော ဆောင်းပါးမျိုးကို ရေးလာပါပြီ။မြန်မာမှု မြန်မာစာကို အလွန်ချစ်မြတ်နိုး တန်ဖိုးထားသည့် အညာသား စာရေးဆရာကြီး အံ့မောင် ကလည်း စံတော်ချိန်သတင်းစာ (၇.၅.၂၀၁၉) နေ့ထုတ်တွင် “ရှေးစာတွေထဲမှာလည်း ပညာတွေပါတယ်ဗျ” ဆိုသော ဆောင်းပါးကို ရေးသားရှာပါသည်။နိုင်ငံခြားစာများမှ ဘာသာပြန်ထားသည်သာ ပညာမဟုတ်ကြောင်း ဆရာကြီးက မြန်မာမှု မြန်မာ့ပညာများကို ထောက်ပြရှာပါသည်။

ဆရာမောင်ခင်မင် နှင့် ဆရာကြီးအံ့မောင် တို့ကဲ့သို့ သက်ကြီးရွယ်ကြီး ပညာရှင်ကြီးများ မြန်မာစာ မြန်မာမှုအတွက် သည်မျှ သောကရောက်ရသည်မှာ မြန်မာအများစုတွင် အမျိုးသားရေးစိတ်ဓာတ်များ ခေါင်းပါးလာ၍ ဖြစ်ပါသည်။၁၉၆၄ မှ ၂၀၁၉ ထိတိုင် တဖြည်းဖြည်း လူရာမဝင်ဖြစ်လာသော မိခင်ဘာသာစကားကို ပြန်ငဲ့ကြည့်ကြပါဦး ရင်ကွဲမတတ် ပြောနေရေးနေသည့် သက်ကြီးရွယ်အို ပညာရှင်များကို အလေးမထား။မိခင်ဘာသာစကား၏ တန်ဖိုးကို မြှင့်တင်ရမှန်းကောင်းလည်း နားမလည်။ကြိုတင်စီစဉ်ပွဲတွေ မကျင်းပဘဲ သတ္တိရှိသူ မည်သူမဆို တက္ကသိုလ်ပရဝဏ် တစ်ခုခုထဲ ဝင်လာပြီး ယနေ့ခေတ် အစိုးရကျောင်းမှ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်နေသူ ကျောင်းသား၊ ကျောင်းသူများနှင့် စကားစမြီပြောကြည့်ပါ။မြန်မာစာလည်းမတတ်။အင်္ဂလိပ်စာလည်းညံ့ ဆိုသော အဖြေမှန်ကို မယုံနိုင်စဖွယ် တွေ့ရပါလိမ့်မည်။

အင်္ဂလိပ်လက်အောက် ကျရောက်နေစဉ် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဌာနမပါဘဲ၊ ပါဠိဌာနသာ ရှိခဲ့သည့် အခြေအနေမှ မြန်မာစာဌာန ဖွင့်နိုင်ရေး ကြိုးပမ်းခဲ့သည့် ဆရာကြီး ဦးဖေမောင်တင် လို ပုဂ္ဂိုလ်ကြီးမျိုးကိုပင် ကြေးတိုက်သူ မြန်မာစာ ဆရာ၊ ဆရာမများ ရှိသည်ဟု ဆရာမောင်ခင်မင် ရေးသားပြသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှပါသည်။

နိုင်ငံတကာသို့ မျက်စိဖွင့်ကြည့်ပါက တရုတ်၊ ထိုင်း၊ ဂျပန်၊ မလေး၊ အင်ဒို စသော နိုင်ငံများ မိခင်ဘာသာစကားနှင့် ယဉ်ကျေးမှုများကို တစ်ဘက်တွင် ထိန်းသိမ်းထားပြီး တစ်ဘက်တွင် ခေတ်ပညာများကို အဆင့်မြင့်မြင့် သင်ယူသင်ပေးနေကြပါသည်။နိုင်ငံခြားသား ဧည့်ပါမောက္ခများ ခြေချင်းလိမ်နေသည့် ဇင်းမယ်တက္ကသိုလ်တွင် ထုတ်ပြန်သမျှ စာအားလုံး ထိုင်းဘာသာဖြင့်သာ ရေးသားသည်ကို ၁၉၉၃ တွင် မြင်တွေ့ခဲ့ရပါသည်။ရန်ကုန်တက္ကသိုလ်ထက် သက်တမ်းရင့်သော ယူနန်တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာမှလွဲ၍ ကျန်ဘာသာရပ်အားလုံး တရုတ်ဘာသာဖြင့် သင်ပေးပါသည်။၂၀၁၇ တရုတ်သို့ သွားရောက်ခဲ့စဉ်က တရုတ်စာကို ဦးစွာသင်ယူနေရသည့် မြန်မာကျောင်းသားများကို ယူနန်တက္ကသိုလ်တွင် တွေ့ခဲ့ရပါသည်။သက်တမ်းကြာမြင့်လှပြီဖြစ်သည့် ထိုင်းနိုင်ငံမှ မဟီဒိုဆေးတက္ကသိုလ် အမည်ကို ထိုင်းဘာသာ တစ်မျိုးတည်းဖြင့်သာ အဝင်အဝတွင် ရေးသားထားပါသည်။

တစ်လ သိန်းပေါင်းများစွာပေး၍ နိုင်ငံခြားမှ လာဖွင့်ထားသော ကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် အင်္ဂလိပ်စာတော်ကြပါသည်။သို့သော် မြန်မာစာ မတတ် တတတ် အနေအထားဖြစ်နေကြပါသည်။အစိုးရကျောင်းထွက် ကျောင်းသားအများစုကား အင်္ဂလိပ်လိုလည်းမတော် မြန်မာလိုလည်း ညံ့ကြပါသည်။အမျိုးသားပညာရေး ကော်မတီသည် မြန်မာကျောင်းသားအများစု အခြေအနေမှန်နှင့် တက္ကသိုလ်တွင် အင်္ဂလိပ်လိုသင်ရ၍ နားမလည်သောကြောင့် အလွတ်ကျက်ဖြေနေကြသည်ဆိုသော အဖြစ်မှန်များကို သိကြပါရဲ့လား။ပညာရှင်တွေ ဘာပြောပြော နားမပါ မျက်စိမပါသကဲ့သို့ တုတ်တုတ်မလှုပ်ကြခြင်းကလည်း အံ့တစ်ပါးပါပေ။သို့သော် မြန်မာစာ မြန်မာမှုကား ရေတိမ်နစ်နေလေပြီ။

ခင်နှင်းဦး
မေ - ၉

( Zawgyi )

ကြၽန္မသည္ ျမန္မာစာ အဓိကျဖင့္ ဘြဲ႕ရခဲ့သူ မဟုတ္ပါ။ဓါတုေဗဒ အဓိကျဖင့္ ဘြဲ႕ရခဲ့သူျဖစ္ပါသည္။သို႔ေသာ္ ကြၽန္မတို႔ငယ္စဥ္က သင္ၾကားေပးခဲ့ေသာ ျမန္မာစာ ဆရာ၊ ဆရာမမ်ားသည္ ျမန္မာစာကို ေက်ာင္းသားမ်ား စိတ္ဝင္စားလာေစရန္ သင္ျပႏိုင္စြမ္းရွိသူမ်ား ျဖစ္ၾကပါသည္။တကၠသိုလ္ေရာက္ေတာ့လည္း ပထမႏွစ္ ေမဂ်ာအားလုံး ျမန္မာစာ မသင္မေနရ သင္ယူၾကရပါသည္။ကံေကာင္းစြာပင္ ျမန္မာစာ သင္ျပမႈ အလြန္ေတာ္သည့္ ဆရာဦးေအာင္သိန္း၏ အတန္းတြင္ တက္ေရာက္ခဲ့ရပါသည္။အေၾကာင္းကိစၥရွိ၍ အတန္းဖ်က္ရန္ ႀကဳံလာလွ်င္ တတ္ႏိုင္သမွ် ျမန္မာစာ အခ်ိန္ကို မဖ်က္ဘဲ တျခားဘသာရပ္ အခ်ိန္ကို ဖ်က္ပါသည္။ျမန္မာစာအခ်ိန္ ဖ်က္ရမည္ကို ေရွာင္ရွားခဲ့ပါသည္။
ကြၽန္မတစ္ဦးတည္း ဤသို႔ ျမန္မာစာအခ်ိန္ကို အေလးထားသည္ မဟုတ္ပါ။ ေမဂ်ာသုံးခု ေပါင္းတက္ရေသာ ျမန္မာစာအခ်ိန္သည္ ေဟာခန္းထဲတြင္ သင္ယူရသည္ျဖစ္ရာ အတန္းအလြယ္တကူလစ္၍ ရေစကာမူ မပ်က္မကြက္ တက္ေရာက္သူမ်ားျပားသည္ထိ ဆရာ၏ အသင္အျပေကာင္းမႈက ကြၽန္မတို႔အေပၚ လႊမ္းမိုးခဲ့ပါသည္။

ကြၽန္မတို႔ ငယ္စဥ္က ႐ုပ္ျမင္သံၾကား မေပၚေသးပါ။ေရဒီယိုသာ နားေထာင္ၾကရပါသည္။ျမန္မာ့အသံမွ သတင္းႏွင့္ အစီအစဥ္ ေၾကညာသူမ်ားကို အားလုံးနီးပါး မွတ္မိေနပါသည္။ေမလွၿမိဳင္၊ မာမာေအး၊ တင္တင္ျမ၊ ခ်စ္စပယ္ စေသာ အစ္မႀကီးမ်ားသည္ အမည္ေရွ႕တြင္ ေဒၚမတတ္ဘဲ အသံလႊင့္ခဲ့သည္မ်ားကို မွတ္မိေနပါသည္။သည္အခ်ိန္မ်ားကို ျပန္ေတြးလွ်င္ ျမန္မာစာ၊ ျမန္မာမႈႏွင့္ ပတ္သက္ပါက ယခုေခတ္သည္ ငရဲႏွင့္တူေနၿပီး အတိတ္ကာလ ထိုအခ်ိန္မ်ားကား နတ္ဘုံနတ္နန္းဟုပင္ တင္စားရမည္ ထင္ပါသည္။သည္တုန္းက ေရဒီယိုအဆိုေတာ္မ်ားလည္းျဖစ္ အစီအစဥ္ေၾကညာသူမ်ားလည္း ျဖစ္ၾကသည့္ အစ္မႀကီး မာမာေအး၊ တင္တင္ျမ၊ ခ်စ္စပယ္ တို႔သည္ သတင္းမ်ားကို ျမန္မာသံအမွားမ်ားျဖင့္ ဖတ္ၾကားေနၾကသည္။ေရးေတာ့အမွန္ ဖတ္ေတာ့အသံကို နားမလည္ၾက လြဲေနၾကသည္ဟု မည္သူကမွ် ေထာက္ျပေဝဖန္ျပျခင္း အလ်ဥ္းမရွိခဲ့ပါ။

ထိုစဥ္က မနက္လင္းလွ်င္ ေရာက္လာသည့္ သတင္းစာမ်ားကား ေၾကးမုံ၊ ဘိုတေထာင္ႏွင့္ လုပ္သားျပည္သူ႔ေန႔စဥ္။မည္သည့္သတင္းစာကိုပဲ ဖတ္ဖတ္ တစ္ႀကိမ္ဖတ္႐ုံျဖင့္ သတင္းစာကေပးသည့္ သတင္းကို ေခ်ာေမာစြာနားလည္ပါသည္။ဘာဆိုလိုပါလိမ့္ဟု ႏွစ္ခါျပန္ဖတ္ခဲ့ရသည့္ သတင္းစာဟူ၍ မရွိခဲ့ေပ။၁၉၆၂ ေနာက္ပိုင္း ၁၉၆၄ ခန႔္ဟု ထင္ပါသည္။ထိုအခ်ိန္မွစ၍ သတင္းစာ ေရဒီယိုအစီအစဥ္ ေၾကညာသူမ်ား၊ သတင္းဖတ္ၾကားသူမ်ားက ျမန္မာဘာသာစကား က ႏွင့္ မွ အမွားသုံးလာၾကပါသည္။ဤသို႔ က ႏွင့္ မွ မွားသုံးသည္ကို အေမ လူထုေဒၚအမာ က ေဆာင္းပါးေရးသား ေထာက္ျပခဲ့ပါသည္။ထို႔ေနာက္ အား ႏွင့္ ကို ေနရာမွားသုံးေနပုံမ်ားကို ေထာက္ျပခဲ့ပါသည္။သို႔ေသာ္ သတင္းစာ ေရဒီယိုမ်ားသည္ ဥကၠဌႀကီးမွ မိန႔္ခြန္းေျပာၾကားပါေတာ့မည္ဆိုေသာ ျမန္မာသဒၵါအမွားကို ဦးေနဝင္း အလြန္ နဝတ နအဖ ေခတ္ထိ ဆက္လက္ေျပာဆို သုံးစြဲခဲ့ၾကပါသည္။ေနာင္ေသာ္ ဆရာေမာင္ခင္မင္ (ဓႏုျဖဴ) အပါအဝင္ ျမန္မာစာဆရာ အေတာ္မ်ားမ်ားႏွင့္ စာေရးဆရာတခ်ိဳ႕က မွ ႏွင့္ က အမွား၊ အား ႏွင့္ ကို အမွားကို ထပ္ခါတလဲလဲ ေထာက္ျပလာၾကပါသည္။သို႔ျဖင့္ မွ ႏွင့္ က ကို ေနရာအေတာ္မ်ားမ်ားတြင္ မွန္ကန္စြာ သုံးလာၾကၿပီျဖစ္ေသာ္လည္း လုံးဝအမွားကင္းစင္သည့္ အေနအထားသို႔ မေရာက္ေသးပါ။ရံဖန္ရံခါ တကၠသိုလ္မ်ားတြင္ က်င္းပသည့္ ပြဲတခ်ိဳ႕၌ ပါေမာကၡခ်ဳပ္မွ အဖြင့္အမွာစကား ေျပာၾကားပါေတာ့မည္ဆိုေသာ ျမန္မာသဒၵါအမွားကို ၾကားေနရဆဲ ျဖစ္ပါသည္။

ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားမွ အစီအစဥ္ေၾကညာသူမ်ား ျမန္မာသဒၵါအမွားမ်ားေျပာ၊ အသံထြက္မ်ားလြဲေခ်ာ္၊ ဌာန္က႐ိုဏ္းမက်ပုံမ်ားကို ဆရာေမာင္ခင္မင္ (ဓႏုျဖဴ)၊ ဆရာေမာင္သာႏိုး တို႔က ေရးသားေထာက္ျပၾကပါသည္။သို႔ေသာ္ ယေန႔ထိမျပင္ၾကပါ။မၾကာခဏ ၾကားရသည့္ က႑ဆိုလွ်င္ အသံထြက္ကို ဂန္တဟု ထြက္ရမည့္အစား သတင္းေၾကညာသူမ်ားခမ်ာ ကန္တဟု ႀကိဳးစားထြက္ဆိုၾကပါသည္။ထို႔ျပင္ သတင္းကိုစကားေျပာႏွင့္ စာေျပာေရာၿပီး ေၾကညာၾကပါသည္။ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ မိန႔္ခြန္းေျပာၾကားၿပီးကေလးငယ္မ်ားနဲ႔ စကားစၿမီေျပာဆိုပါသည္ ေျပာရမည့္အစား ေဒၚေအာင္ဆန္းစုၾကည္ အဖြင့္အမွာစကားေျပာကာ ထို႔ေနာက္ ကေလးငယ္မ်ားႏွင့္ စကားစၿမီ ေျပာပါတယ္ ၿပီး သုံးရမည့္ ေနရာတြင္ ကာ ကို အစီအစဥ္ေၾကညာသူ အားလုံးနီးပါး မွားယြင္းေျပာဆိုေနၾကသည္ကို ေန႔စဥ္ၾကားေနရပါသည္။

မွ ႏွင့္ က ကို ရံဖန္ရံခါ အသုံးမွန္ေသာ္လည္း မွားသည့္အခါမ်ား မနည္းပါ။၁၉၆၄ ဝန္းက်င္မွ ယေန႔ ၂၀၁၉ ထိ တြက္ၾကည့္ပါက ႏွစ္ေပါင္း ၅၅ ႏွစ္တိုင္တိုင္ ျမန္မာစာ အေျပာမွား အေရးမွားမ်ားကို ပညာရွင္မ်ားႏွင့္ စာေရးဆရာမ်ားက မည္သို႔ေထာက္ျပေစကာမူ၊ မည္သည့္အစီအစဥ္ေၾကညာသူ သတင္းေၾကညာသူကမွ် မျပင္ၾကျခင္းသည္ သူတို႔ ဘာစာမွမဖတ္၍လား။အေပၚကေရးေပးသည့္ စာ႐ြက္တြင္ပါသည့္အတိုင္း ဖတ္ရသျဖင့္ အမွားတူေနၾကျခင္းလားဟု မၾကာခဏေတြးမိပါသည္။

ထို႔ျပင္ ၁၉၈၈ ေနာက္ပိုင္းမွစ၍ ျမန္မာစာႏွင့္ အဂၤလိပ္စာမ်ား ေရာေထြးေရးသားမႈ မ်ားျပားလာပါသည္။အသံဖလွယ္ပဲ ျမန္မာစာၾကားတြင္ အဂၤလိပ္စာမ်ားကို ေရာေရးၾကပါသည္။အခမ္းအနား နဖူးစည္းမ်ားကိုလည္း ဘိုလိုေရးသားမႈ မ်ားျပားလာပါသည္။အေျခခံဥပေဒအရ တရားဝင္ ႐ုံးသုံးစာသည္ ျမန္ာမာစာဟု ဆိုေသာ္လည္း တေျဖးေျဖး ျမန္မာစာ လူရာမဝင္ ျဖစ္လာပါသည္။ဟိုစကားဝိုင္း ဒီစကားဝိုင္းမ်ား ေပါမ်ားလာေပရာ ပါဝင္ေျပာဆိုသူမ်ားသည္ ၿမိဳ႕ေနပညာတတ္ လူတန္းစားတစ္ခုသာ သူတို႔စကားဝိုင္းကို ေစာင့္ၾကည့္နားေထာင္သည္ဟု ယူဆေလသလားမသိ။အင္စတီက်ဴးရွင္း၊ အဝဲလ္နက္စ္၊ ေအာအင္ကလုစစ္ စေသာ စကားမ်ားကို လႈိင္လႈိင္သုံးၾကပါသည္။
အာဏာရွင္အစိုးရ ေခတ္အဆက္ဆက္ကို ဖယ္ထားၿပီး ျပည္သူ႔အစိုးရဆိုေသာ လက္ရွိအစိုးရေခတ္မွာပင္ ႏိုင္ငံတကာ အခမ္းအနားမ်ားတြင္ နဖူးစည္းမ်ားကို မ်ားေသာအားျဖင့္ ဘိုလိုေရးၾကသည္။၂ ဘာသာ တြဲေရးပါကလည္း မိခင္ဘာသာစကားက ေအာက္က၊ ဘိုစာက အေပၚမွ ေနရာယူထားသည္။

၇.၅.၂၀၁၉ ရက္ေန႔က ေနျပည္ေတာ္တြင္ က်င္းပသြားသည့္ ဘာသာေရးပြဲ၌ “ျမန္မာႏိုင္ငံတြင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ဘာသာေပါင္းစုံၿငိမ္းခ်မ္းေရး( ၿငိမ္းခ်မ္းေမတၱာ) အဖြဲ႕၏ အႀကံျပဳေဆြးေႏြးပြဲ” ဆိုေသာ ျမန္မာဘာသာက ေအာက္က အဂၤလိပ္ဘာသာက အေပၚက။မၾကာမီက က်င္းပၿပီးစီးသြားသည့္ တ႐ုတ္ပိုးလမ္းမ အစည္းအေဝးတြင္ တ႐ုတ္စာျပဴးျပဴးႀကီးေတြက အေပၚမွ ေနရာယူထားၿပီး ေအာက္တြင္ အဂၤလိပ္စာလုံး ခပ္ငယ္ငယ္ျဖင့္ နဖူးစည္းကို ေရးသားသည္။တ႐ုတ္ပိုးလမ္းမပြဲသို႔ ကမာၻ႔ႏိုင္ငံ အမ်ားအျပား တက္ေရာက္ေစကာမူ တ႐ုတ္စာသည္ အၿမဲအေပၚမွ ေနရာယူထားၿမဲသာ ျမင္ေတြ႕ရပါသည္။

ထို႔အတူ ၂ ရက္တာ က်င္းပသြားသည့္ ရခိုင္အေရး ေဆြးေႏြးပြဲတြင္မူ ေခါင္းစည္းကို ဘိုလိုသက္သက္ ေရးသားထားသည္။ေနရာစြန႔္ခြာေျပးေနရသည့္ ေဒသခံ ရခိုင္အမ်ားစုက ေအဆိုလွ်င္ လွည္းေထာက္သည့္ ေဒါက္လားဟု ေမးမည့္သူခ်ည္းသာ။သူတို႔ခမ်ာ သူတို႔ျပည္နယ္အေရး ေဆြးေႏြးေနသည့္ ေခါင္းစဥ္ကိုမွ် ဖတ္မရၾကသည့္အျဖစ္။
ျပည္သူအမ်ားႏွင့္ ဆိုင္ေသာပြဲမ်ား အခမ္းအနားမ်ားကို ဘာေၾကာင့္ မိခင္ဘာသာစကားျဖင့္ မေရးသားႏိုင္ၾကပါသလဲ ပညာရွင္ႀကီးမ်ားဟု ေမးျမန္းရမည့္ အေျခပါေပ။

အင္အယ္လ္ဒီအစိုးရ တက္လာကတည္းက သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံက အစ၊ ဝန္ႀကီးဝန္ေလးမ်ား၊ ၫႊန္ခ်ဳပ္မ်ား တ႐ႊတ္႐ႊတ္ တ႐ုတ္ျပည္သို႔ သြားၾကသည္။တ႐ုတ္တြင္ မည္သည့္အခမ္းအနားျဖစ္ေစ နဖူးစည္းစာတန္းကို အေပၚက တ႐ုတ္စာျဖင့္ ခပ္ႀကီးႀကီးေရးၿပီး ေအာက္တြင္ ဘိုလိုေရးေသာ္လည္း ဘိုစာလုံးကို ေသးထားသည္။႐ြယ္တူပင္မေရး။ ျမန္မာေခါင္းေဆာင္မ်ားထဲက ဘယ္သူကမ်ား တ႐ုတ္တို႔၏ သူတို႔ဘာသာစကား ေရွ႕တန္းတင္ပုံကို အတုခိုးကာ ျမန္မာတြင္ က်င္းပသည့္ အခမ္းအနားမ်ား၏ နဖူးစည္းစာမ်ား၊ ႐ုပ္သံလိုင္းမ်ားမွ ဘိုနာမည္ အစီအစဥ္မ်ားကို ျပဳျပင္ေပးေလမည္နည္း ေမွ်ာ္ကိုးခဲ့ဖူးပါသည္။ယခု လက္က်န္သက္တမ္း တစ္ႏွစ္ခြဲေက်ာ္သာ က်န္ပါေတာ့သည္။ျပည္သူတင္သည္ဆိုေသာ အစိုးရသည္လည္း ျမန္မာဘာသာစကားအေပၚ အေလးမထားပုံမွာ ေရွ႕အဆက္ဆက္ အာဏာရွင္အစိုးရမ်ားနည္းတူ ထိုနည္းလည္းေကာင္းသာ ျဖစ္ပါေၾကာင္း သိရွိလာပါသည္။

အစိုးရထုတ္ သတင္းစာမ်ား၊ ပုဂၢလိက သတင္းစာမ်ားသည္ ဝါက်မွားမ်ား၊ ဖတ္၍နားမလည္ေသာ ဝါက်မ်ား မၾကာခဏေဖာ္ျပၾကသည္။အယ္ဒီတာမ်ား သတင္းစာသုံး ျမန္မာစာမတတ္ၾကေၾကာင္း ထင္ရွားေနသည္။သည္ေတာ့ အဓိပၸာယ္ေဖာ္ယူရသည့္ ဝါက်မ်ား၊ ဘာမွန္းမသိသည့္ သတင္းေခါင္းစဥ္မ်ား၊ သတင္းေဖာ္ျပခ်က္မ်ားကို စာဖတ္ပရိသတ္က ေဖ့စ္ဘုတ္ေပၚတြင္ မၾကာခဏေထာက္ျပၾကပါသည္။အဆိုပါ သတင္းစာဂ်ာနယ္မ်ားမွ တာဝန္ရွိသူ အႀကီးဆုံးကစ၍ ေအာက္ဆုံးတိုင္ တုတ္တုတ္မလႈပ္ၾကပါ။မျပဳျပင္ၾကပါ။မၾကာမီရက္ပိုင္းက ျမန္မာ့အသံမွ ေျပာဆိုေၾကညာသူတစ္ဦးက သခင္ဘေသာင္း ေရးသည့္ ပန္းသာမစာဥကို ပန္းသည္မစာဥလို႔ ေျပာသြားေၾကာင္း တစ္ေယာက္က ေဖ့စ္ဘုတ္ေပၚ တင္ပါသည္။ဤကား ႐ုပ္သံဝန္ထမ္း၏ ျမန္မာစာေပ ဝမ္းစာေဟာင္းေလာင္း ျဖစ္ေနပုံကို ျပသလိုက္သည့္ ျပကြက္ျဖစ္ပါသည္။ျမန္မာ့အသံ ဝန္ထမ္းေ႐ြးလွ်င္ မည္သည့္ေမးခြန္းမ်ားေမး၍ မည္သို႔ေ႐ြးခ်ယ္ၾကသည္ မသိေပ။

ပညာေရးဝန္ႀကီးဌာနသည္လည္း ျမန္မာဘာသာစကားႏွင့္ ပတ္သက္ပါက အံ့ဖြယ္သုတထဲ၌ ပါဝင္ေနပါသည္။တကၠသိုလ္အတြက္ ထုတ္သည့္စာအုပ္တြင္ မ်က္ႏွာဖုံးေပၚ၌ပင္ ပါဠိကိုပါဌိဟု ေရးသားထားသည္မ်ား၊ အေျခခံပညာသင္႐ိုး ဖတ္စာအုပ္မ်ားတြင္ ပါေနသည့္ ျမန္မာစာအမွားမ်ား စသည္တို႔ကို ဝက္ဝက္ကြဲေထာက္ျပလာသည္မွာ ႏွစ္ခ်ီေနၿပီဟုပင္ ထင္ရပါသည္။အေျခခံပညာဦးစီးဌာနက ထုတ္သည့္ ႐ုံးစာအမွား၊ အဆင့္ျမင့္ပညာဦးစီးက ထုတ္သည့္ ႐ုံးစာအမွားမ်ားလည္း ေဖ့စ္ဘုတ္ေပၚ မၾကာခဏတင္ေပးၿပီး ေထာက္ျပၾကပါသည္။လူထုက မိခင္ဘာသာစကားႏွင့္ ပတ္သက္သည့္ အမွားမ်ားကို မည္သို႔ပင္ ေထာက္ျပေစကာမူ၊ တာဝန္ရွိသည့္ ဝန္ႀကီးဌာနမ်ားမွ တာဝန္အရွိဆုံးမ်ားေရာ အဆင့္ဆင့္တာဝန္ရွိသူမ်ားပါ နားမပါ မ်က္စိမပါသကဲ့သို႔ တုန႔္ျပန္မႈ အလ်ဥ္းမရွိပါေပ။

ဆရာေမာင္ခင္မင္( ဓႏုျဖဴ) သည္ အေျပာအဆို စာအေရးအသား အလြန္ညင္သာသိမ္ေမြ႕သူ ျဖစ္ပါသည္။သည္လို ဆရာႀကီးမ်ိဳးပင္ ေဒါသသံပါသည့္ “ဦးေဖေမာင္တင္ ေက်းဇူးႏွင့္ ျမန္မာစာေက်းဇူးကန္းအေတြး” (ေစာင့္ၾကည့္ဂ်ာနယ္ - ၄.၅.၂၀၁၉) ဆိုေသာ ေဆာင္းပါးမ်ိဳးကို ေရးလာပါၿပီ။ျမန္မာမႈ ျမန္မာစာကို အလြန္ခ်စ္ျမတ္ႏိုး တန္ဖိုးထားသည့္ အညာသား စာေရးဆရာႀကီး အံ့ေမာင္ ကလည္း စံေတာ္ခ်ိန္သတင္းစာ (၇.၅.၂၀၁၉) ေန႔ထုတ္တြင္ “ေရွးစာေတြထဲမွာလည္း ပညာေတြပါတယ္ဗ်” ဆိုေသာ ေဆာင္းပါးကို ေရးသားရွာပါသည္။ႏိုင္ငံျခားစာမ်ားမွ ဘာသာျပန္ထားသည္သာ ပညာမဟုတ္ေၾကာင္း ဆရာႀကီးက ျမန္မာမႈ ျမန္မာ့ပညာမ်ားကို ေထာက္ျပရွာပါသည္။

ဆရာေမာင္ခင္မင္ ႏွင့္ ဆရာႀကီးအံ့ေမာင္ တို႔ကဲ့သို႔ သက္ႀကီး႐ြယ္ႀကီး ပညာရွင္ႀကီးမ်ား ျမန္မာစာ ျမန္မာမႈအတြက္ သည္မွ် ေသာကေရာက္ရသည္မွာ ျမန္မာအမ်ားစုတြင္ အမ်ိဳးသားေရးစိတ္ဓာတ္မ်ား ေခါင္းပါးလာ၍ ျဖစ္ပါသည္။၁၉၆၄ မွ ၂၀၁၉ ထိတိုင္ တျဖည္းျဖည္း လူရာမဝင္ျဖစ္လာေသာ မိခင္ဘာသာစကားကို ျပန္ငဲ့ၾကည့္ၾကပါဦး ရင္ကြဲမတတ္ ေျပာေနေရးေနသည့္ သက္ႀကီး႐ြယ္အို ပညာရွင္မ်ားကို အေလးမထား။မိခင္ဘာသာစကား၏ တန္ဖိုးကို ျမႇင့္တင္ရမွန္းေကာင္းလည္း နားမလည္။ႀကိဳတင္စီစဥ္ပြဲေတြ မက်င္းပဘဲ သတၱိရွိသူ မည္သူမဆို တကၠသိုလ္ပရဝဏ္ တစ္ခုခုထဲ ဝင္လာၿပီး ယေန႔ေခတ္ အစိုးရေက်ာင္းမွ ဆယ္တန္းေအာင္ၿပီး တကၠသိုလ္တက္ေနသူ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ စကားစၿမီေျပာၾကည့္ပါ။ျမန္မာစာလည္းမတတ္။အဂၤလိပ္စာလည္းညံ့ ဆိုေသာ အေျဖမွန္ကို မယုံႏိုင္စဖြယ္ ေတြ႕ရပါလိမ့္မည္။

အဂၤလိပ္လက္ေအာက္ က်ေရာက္ေနစဥ္ ရန္ကုန္တကၠသိုလ္တြင္ ျမန္မာစာဌာနမပါဘဲ၊ ပါဠိဌာနသာ ရွိခဲ့သည့္ အေျခအေနမွ ျမန္မာစာဌာန ဖြင့္ႏိုင္ေရး ႀကိဳးပမ္းခဲ့သည့္ ဆရာႀကီး ဦးေဖေမာင္တင္ လို ပုဂၢိဳလ္ႀကီးမ်ိဳးကိုပင္ ေၾကးတိုက္သူ ျမန္မာစာ ဆရာ၊ ဆရာမမ်ား ရွိသည္ဟု ဆရာေမာင္ခင္မင္ ေရးသားျပသည္မွာ အလြန္ဝမ္းနည္းဖြယ္ေကာင္းလွပါသည္။

ႏိုင္ငံတကာသို႔ မ်က္စိဖြင့္ၾကည့္ပါက တ႐ုတ္၊ ထိုင္း၊ ဂ်ပန္၊ မေလး၊ အင္ဒို စေသာ ႏိုင္ငံမ်ား မိခင္ဘာသာစကားႏွင့္ ယဥ္ေက်းမႈမ်ားကို တစ္ဘက္တြင္ ထိန္းသိမ္းထားၿပီး တစ္ဘက္တြင္ ေခတ္ပညာမ်ားကို အဆင့္ျမင့္ျမင့္ သင္ယူသင္ေပးေနၾကပါသည္။ႏိုင္ငံျခားသား ဧည့္ပါေမာကၡမ်ား ေျခခ်င္းလိမ္ေနသည့္ ဇင္းမယ္တကၠသိုလ္တြင္ ထုတ္ျပန္သမွ် စာအားလုံး ထိုင္းဘာသာျဖင့္သာ ေရးသားသည္ကို ၁၉၉၃ တြင္ ျမင္ေတြ႕ခဲ့ရပါသည္။ရန္ကုန္တကၠသိုလ္ထက္ သက္တမ္းရင့္ေသာ ယူနန္တကၠသိုလ္တြင္ အဂၤလိပ္ဘာသာမွလြဲ၍ က်န္ဘာသာရပ္အားလုံး တ႐ုတ္ဘာသာျဖင့္ သင္ေပးပါသည္။၂၀၁၇ တ႐ုတ္သို႔ သြားေရာက္ခဲ့စဥ္က တ႐ုတ္စာကို ဦးစြာသင္ယူေနရသည့္ ျမန္မာေက်ာင္းသားမ်ားကို ယူနန္တကၠသိုလ္တြင္ ေတြ႕ခဲ့ရပါသည္။သက္တမ္းၾကာျမင့္လွၿပီျဖစ္သည့္ ထိုင္းႏိုင္ငံမွ မဟီဒိုေဆးတကၠသိုလ္ အမည္ကို ထိုင္းဘာသာ တစ္မ်ိဳးတည္းျဖင့္သာ အဝင္အဝတြင္ ေရးသားထားပါသည္။

တစ္လ သိန္းေပါင္းမ်ားစြာေပး၍ ႏိုင္ငံျခားမွ လာဖြင့္ထားေသာ ေက်ာင္းမ်ားတြင္ တက္ေရာက္ေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ အဂၤလိပ္စာေတာ္ၾကပါသည္။သို႔ေသာ္ ျမန္မာစာ မတတ္ တတတ္ အေနအထားျဖစ္ေနၾကပါသည္။အစိုးရေက်ာင္းထြက္ ေက်ာင္းသားအမ်ားစုကား အဂၤလိပ္လိုလည္းမေတာ္ ျမန္မာလိုလည္း ညံ့ၾကပါသည္။အမ်ိဳးသားပညာေရး ေကာ္မတီသည္ ျမန္မာေက်ာင္းသားအမ်ားစု အေျခအေနမွန္ႏွင့္ တကၠသိုလ္တြင္ အဂၤလိပ္လိုသင္ရ၍ နားမလည္ေသာေၾကာင့္ အလြတ္က်က္ေျဖေနၾကသည္ဆိုေသာ အျဖစ္မွန္မ်ားကို သိၾကပါရဲ႕လား။ပညာရွင္ေတြ ဘာေျပာေျပာ နားမပါ မ်က္စိမပါသကဲ့သို႔ တုတ္တုတ္မလႈပ္ၾကျခင္းကလည္း အံ့တစ္ပါးပါေပ။သို႔ေသာ္ ျမန္မာစာ ျမန္မာမႈကား ေရတိမ္နစ္ေနေလၿပီ။

ခင္ႏွင္းဦး
ေမ - ၉