【 ဆောင်းပါး 】 လမ်းပေါ်ထွက် ဆေးလှန်းနေကြတုန်းပဲလား…

【 ဆောင်းပါး 】 လမ်းပေါ်ထွက် ဆေးလှန်းနေကြတုန်းပဲလား…

မီးခိုးငွေ့။ဆေးလိပ်မီးခိုးငွေ့။အဲဒီဆေးလိပ်မီးခိုးငွေ့တွေ မျက်နှာနားတစ်ဝိုက် ဖြတ်သန်းလာချိန်မှာတော့ နှာခေါင်းကိုရှုံ့ရင်း မီးခိုးလာရာဆီကို မိန်းမပျိုက ကြည့်လိုက်ပါတယ်။ဆေးလိပ်ငွေ့ပိုင်ရှင် (ဆေးလိပ်သောက်သူ) ကို တွေ့တော့ အဲဒီအမျိုးသမီးငယ်က ခပ်စိမ်းစိမ်းအကြည့်တွေနဲ့ ကြည့်လိုက်ပြီး လွတ်ကင်းရာ နေရာတစ်ခုကို ရွှေ့လိုက်ပါတယ်။ဆေးလိပ်ငွေ့ပိုင်ရှင်ကတော့ ဘေးပတ်ဝန်းကျင်ကို သတိမမူတဲ့ပုံစံနဲ့ လက်ထဲက ဆေးလိပ်ကို ဆက်ပြီးရှိုက်ဖွာနေပါတယ်။သိပ်မကြာခင်မှာပဲ ဘတ်စ်ကားတစ်စီး ထိုးစိုက်လာချိန်မှာတော့ လက်ထဲမှာကျန်နေတဲ့ ဆေးလိပ်ကို နှစ်ချက်၊ သုံးချက် ခပ်ပြင်းပြင်းဆင့်လို့ ရှိုက်ဖွာလိုက်ပါတယ်။တစ်ဝက်လောက် ကျန်နေတဲ့ အပိုင်းအစကိုတော့ လမ်းမထက်မှာ လွှင့်ပစ်ခဲ့ရင်း လူကတော့ ဘတ်စ်ကားပေါ်ကို အပြေးတစ်ပိုင်း တက်သွားခဲ့ပါတယ်။မီးမငြိမ်းသေးဘဲ လမ်းမပေါ် ကျန်နေရစ်တဲ့ ဆေးလိပ်တိုကိုတော့ အဲဒီနားမှာရှိတဲ့ အမျိုးသားတစ်ဦးက ခြေနဲ့ဖိခြေ ငြှိမ်းသတ်လိုက်ပါတယ်။

ဒါဟာ ရုပ်ရှင်ဇာတ်လမ်းထဲက ဇာတ်လမ်း ဇာတ်ကွက်တွေအကြောင်း ပြန်ပြောင်းပြောပြနေတာ မဟုတ်ပါဘူး။ ပြင်ပမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု။မြင်ကွင်းတစ်ခုပါ။အဲဒီဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေသူ ၁၀ ယောက်ထက် မနည်းလည်း ရှိနေပါတယ်။ဒါဟာ မကြာသေးခင်ကာလကမှ စည်ပင်ဥပဒေ အသက်ဝင်ထားတဲ့ ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ဒီလိုမြင်ကွင်းမျိုးတွေကို မိတ်ဆွေတို့လည်း ကြိမ်ဖန်များစွာ မြင်တွေ့ဖူးကြပါလိမ့်မယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကို ထိန်းချုပ်ဟန့်တားနိုင်တဲ့ ဥပဒေတစ်ရပ်ကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်က အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေဖြစ်ပါတယ်။အဲဒီဥပဒေ အတည်ဖြစ်ခဲ့တာ အခုဆိုရင် ၁၂ နှစ်သက်တမ်း ရှိပါပြီ။ဒီဥပဒေ အတည်ပြု ထုတ်ပြန်ပြီး တစ်နှစ်ပြည့်တဲ့နေ့ကနေ စတင်ပြီး ဥပဒေဟာ အာဏာတည်ရမယ်လို့ ပြဋ္ဌာန်းခဲ့ပေမယ့် အခု ၁၂ နှစ် သက်တမ်း ရှိခဲ့ပါပြီ။ဒီကနေ့အချိန်အထိ ဒီဥပဒေဟာ ထိရောက်တဲ့ အသက်ဝင်မှုဆီ ရောက်မလာခဲ့ပါဘူး။၁၂ နှစ်တာကာလ ဖြတ်သန်းခဲ့တဲ့ အစိုးရအဆက်ဆက် ဒီဥပဒေကို အာဏာတည်အောင် မဆောင်ရွက်နိုင်သေးပါဘူး။လက်ရှိကာလအထိ ဖြစ်ပါတယ်။ဥပဒေ အာဏာတည်ဖို့ ဆိုတာမှာလည်း ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲသူတွေဘက်က လိုက်နာမှုပျက်ကွက်တာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာဘက်ကလည်း ဥပဒေပါ ဖြည့်ဆည်းဆောင်ရွက်ပေးရမယ့် ကိစ္စရပ်တွေအပေါ် ပျက်ကွက်နေခဲ့တာကြောင့် ဖြစ်ပါတယ်။

ဥပမာအားဖြင့် အဲဒီဥပဒေထဲမှာ ဆေးလိပ်သောက်ခွင့် မရှိတဲ့ နေရာတွေ သတ်မှတ်ပြဋ္ဌာန်းပေးထားသလို ဆေးလိပ်သောက်ခွင့် ရှိတဲ့ သီးသန့်နေရာတွေကို စီမံထားရှိပေးဖို့လည်း ပြဋ္ဌာန်းပေးထားပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ဘတ်စ်ကားမှတ်တိုင်က ဖြစ်ရပ်မျိုးတွေဟာ ဥပဒေသာ အာဏာတည်ခဲ့မယ်ဆိုရင် တရားစွဲဆို အရေးယူနိုင်တဲ့ ပြုမူချက်ဖြစ်ပါတယ်။အဲဒီဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေမှာ ပြစ်မှု၊ ပြစ်ဒဏ် အသီးသီး ပြဋ္ဌာန်းထားပြီးဆိုခဲ့ပါက အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်မိမယ်ဆိုရင်တော့ ငွေဒဏ် အနည်းဆုံး ကျပ် ၁၀၀၀ ကနေ အများဆုံး ကျပ် ၅၀၀၀ အထိ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းပါတယ်။ဒီဥပဒေဟာ လွန်ခဲ့တဲ့ ၁၂ နှစ်တာ ကာလက အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပါ။ပြောရမယ်ဆိုရင် ခေတ်ကာလနဲ့ လျှော်ညီမှုမရှိတော့တာကို အခုဖော်ပြပါ ပြစ်ဒဏ်များက ထင်ထင်ရှားရှား ပြဆိုနေတာမို့ ဥပဒေကို ပြန်လည်ပြင်ဆင်သွားဖို့ လိုမှာဖြစ်သလို အသက်ဝင် ထိရောက်တဲ့ ဥပဒေတစ်ရပ် ဖြစ်လာဖို့လည်း ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ဒါက ဆေးလိပ်နဲ့ ပတ်သက်ပြီး တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်နိုင်မယ့် ဥပဒေတစ်ရပ် ဆယ်စုနှစ်တစ်ခုကျော် ကြာကတည်းက ရှိနေခဲ့ပေမယ့် အသက်မဝင်ဘဲ ရှိနေခဲ့တဲ့ ဖြစ်ရပ်အပေါ် သတိမူမိစေဖို့အတွက် ထုတ်နုတ်ပြတာ ဖြစ်ပါတယ်။ဒီဥပဒေလိုပဲ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ၊ လမ်းမတွေထက်မှာ အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်တာ၊ ကွမ်းတံတွေး ထွေးတာတွေနဲ့ ပတ်သက်ပြီး အရေးယူနိုင်မယ့် ဥပဒေတစ်ရပ်လည်း ရှိပါသေးတယ်။အဲဒါကတော့ အထက်မှာဆိုခဲ့တဲ့ စည်ပင်သာယာရေး ဥပဒေဖြစ်ပါတယ်။

ရန်ကုန်မှာ ဆိုရင်တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၈ ရက်ကမှ အတည်ပြု ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။အဲဒီဥပဒေမှာတော့ ပြစ်မှု၊ ပြစ်ဒဏ်ပိုင်းကို အသေးစိတ်ထည့်သွင်း ရေးဆွဲပြဋ္ဌာန်းထားပါတယ်။အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်ရင် ဘယ်လောက်၊ ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးရင် ဘယ်လောက်ဆိုတာမျိုးပါ။ဒီဥပဒေ အတည်ပြုခဲ့ပြီးနောက် ဒဏ်ကြေးတွေ မြင့်မားတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ပြင်းပြင်းထန်ထန် ထွက်ပေါ်ခဲ့ပါတယ်။ဒီလိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် နဲ့ ကြုံဆုံချိန်မှာ ဒဏ်ကြေးတွေ မြင့်နေတာနဲ့ ပတ်သက်ပြီး ပြည်သူရဲ့ ဝေဖန်မှုတွေ ထွက်လာတဲ့အပေါ် ဘယ်လိုတုံ့ပြန်လိုသလဲဆိုတဲ့ မေးခွန်း မေးဖြစ်ပါတယ်။
ဒဏ်ကြေးမြင့်ရတဲ့ အဓိကအချက်ကတော့ ဥပဒေကို လေးစားလိုက်နာစေဖို့၊ စည်းကမ်းတကျ နေထိုင်ပြုမူ ကျင့်ကြံစေလိုတဲ့အတွက်ဆိုတဲ့ တုံ့ပြန်မှုကို ရပါတယ်။ဒဏ်ကြေးငွေ နည်းနေမယ်ဆိုရင် မှတ်မှတ်သားသားမရှိဘဲ စည်းကမ်းကို ခပ်လွယ်လွယ်ပဲ ချိုးဖောက်နေမှာမျိုးတွေ မဖြစ်စေလိုတာကြောင့်လို့လည်း ထည့်သွင်းဖြေဆိုပါတယ်။လက်ခံရမယ့် စကားဖြစ်ပါတယ်။လူကြား၊ သူကြားမှာ ဆေးလိပ်သောက်၊ ဆေးလိပ်တိုကို လမ်းမပေါ်ပစ်ချ ကားပေါ်တက်ပြေးခဲ့တဲ့ အထက်ပါဖြစ်စဉ်က ဒီစကားအပေါ် ထိထိရောက်ရောက် သက်သေထူနေပါတယ်။

လမ်းမတွေထက်မှာ မြင်မကောင်းတဲ့ ကွမ်းတံတွေးကွက်တွေ၊ အဆောက်အအုံ နံရံတွေ၊ ထောင့်တွေမှာ မြင်မကောင်းလှတဲ့ ကွမ်းတံတွေးကွက်တွေ များစွာ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရပါတယ်။အလားတူ စည်းကမ်းမဲ့ ပြုမူကြတဲ့ ဖြစ်စဉ်မျိုး များစွာလည်း ရှိနေပါတယ်။ပြီးခဲ့တဲ့ နှစ်ကူးညက ဖြစ်စဉ်ကိုလည်း သာဓကပြုနိုင်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ညက ကမ္ဘာအနှံ့နည်းတူ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလည်း နှစ်ဟောင်းကို နှုတ်ဆက်။နှစ်သစ်ကို ကြိုဆိုကြပါတယ်။အဲဒီမှာ စည်းကမ်းမဲ့မှု တချို့ကို တွေ့ရပါတယ်။ရန်ကုန်မြို့ အင်းယားကန်ဘောင်ပေါ်က မြင်ကွင်းပါ။နှစ်သစ်ကူးညမှာ နှစ်သစ်ကူးကြရင်း စားကြ၊ သောက်ကြသူတွေ ချန်ထားရစ်တဲ့ အမှိုက်သရိုက်များဟာ မြက်ခင်းပြင်များပေါ်မှာ အမြင်မတင့်တယ်လှအောင် ဖြစ်ခဲ့ရပါတယ်။“Happy New Year” လို့ ဟစ်ကြွေးခဲ့ပြီးနောက် နှစ်သစ်ကို ဖြတ်ကူးသူတချို့ရဲ့ စိတ်ဟောင်း၊ စိတ်ညစ်တွေကို ခင်းကျင်းပြလိုက်တယ်လို့ပဲ မြင်ပါတယ်။သန့်ရှင်းရေး လုပ်ကြရတဲ့ စည်ပင်ဝန်ထမ်းတွေအပေါ် မစာနာတဲ့ စိတ်ဓာတ်၊ ကိုယ်ချင်းစာနာမှုမရှိတဲ့ စိတ်ဓာတ်တွေလို့ပဲ မှတ်ချက်ပြုရပါမယ်။ဒီလိုစည်းကမ်းမဲ့မှုတွေနဲ့ ယှဉ်လာရင် အမြဲသတိရတတ်တာကတော့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်က မြို့တော်ခန်းမမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းဖြစ်ပါတယ်။ဗိုလ်ချုပ် နောက်ဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းလည်း ဖြစ်ပါတယ်။အဲဒီမိန့်ခွန်းမှာ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး အတော်လေးကို ထဲထဲဝင်ဝင် ပြောကြားခဲ့သလို စည်းကမ်းသေဝပ်ဖို့၊ အလုပ်တွေပိုလုပ်ကြဖို့၊ သူများနိုင်ငံတွေကို အတုယူကြဖို့၊ မကောင်းတဲ့ အကျင့်ဆိုးတွေကို ဖျောက်ကြဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။အဲဒီထဲက ‘လမ်းပေါ်ထွက် ဆေးလှန်း’ တယ် ဆိုတဲ့ စကားဟာ မှတ်မှတ်သားသား အရှိဆုံး ဥပမာပေးစကား ဖြစ်ပါတယ်။

“…လွတ်လပ်ရေးရပြီကွ ဆိုပြီးတော့ လူတကာသွားတဲ့ လမ်းမပေါ်မှာထွက်ပြီး ဆေးတွေလှန်းတယ်။အဲဒီတော့ လမ်းသွားလမ်းလာ လုပ်တဲ့လူတွေ အတော်ခွကျတယ်။အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ။လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံးကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ အခြားသူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ” ဆိုပြီး ဗိုလ်ချုပ်က သူ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီမိန့်ခွန်းကို ဗိုလ်ချုပ်ပြောခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၇၁ နှစ် ကျော်လာခဲ့ပါပြီ။မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နှစ်ပေါင်း ၇၁ နှစ် ပြည့်ခဲ့ပါပြီ။မြန်မာတွေ လွတ်လပ်ရေးနဲ့အတူ စည်းကမ်းတွေ ရှိကြပြီလားလို့များ ဒီကနေ့မှာ ဗိုလ်ချုပ် မေးလာခဲ့ရင် ဖြေရခက်နေဦးမှာပဲလို့ တွေးမိပါတယ်။ဒီအတွေးနဲ့အတူ ဗိုလ်ချုပ်ထံကနေ နောက်ထပ်အမေးစကားကိုလည်း ကြားယောင်လာမိပါတယ်။အဲဒါကတော့ ‘မြန်မာတွေ လမ်းပေါ်ထွက် ဆေးလှန်းနေကြတုန်းပဲလား’ ဆိုတဲ့ အမေးစကား ဖြစ်ပါတယ်။

ဂျေငြိမ်း
ဇန်နဝါရီ - ၁၉

( Zawgyi )

မီးခိုးေငြ႕။ေဆးလိပ္မီးခိုးေငြ႕။အဲဒီေဆးလိပ္မီးခိုးေငြ႕ေတြ မ်က္ႏွာနားတစ္ဝိုက္ ျဖတ္သန္းလာခ်ိန္မွာေတာ့ ႏွာေခါင္းကိုရႈံ႕ရင္း မီးခိုးလာရာဆီကို မိန္းမပ်ိဳက ၾကည့္လိုက္ပါတယ္။ေဆးလိပ္ေငြ႕ပိုင္ရွင္ (ေဆးလိပ္ေသာက္သူ) ကို ေတြ႕ေတာ့ အဲဒီအမ်ိဳးသမီးငယ္က ခပ္စိမ္းစိမ္းအၾကည့္ေတြနဲ႔ ၾကည့္လိုက္ၿပီး လြတ္ကင္းရာ ေနရာတစ္ခုကို ေ႐ႊ႕လိုက္ပါတယ္။ေဆးလိပ္ေငြ႕ပိုင္ရွင္ကေတာ့ ေဘးပတ္ဝန္းက်င္ကို သတိမမူတဲ့ပုံစံနဲ႔ လက္ထဲက ေဆးလိပ္ကို ဆက္ၿပီးရႈိက္ဖြာေနပါတယ္။သိပ္မၾကာခင္မွာပဲ ဘတ္စ္ကားတစ္စီး ထိုးစိုက္လာခ်ိန္မွာေတာ့ လက္ထဲမွာက်န္ေနတဲ့ ေဆးလိပ္ကို ႏွစ္ခ်က္၊ သုံးခ်က္ ခပ္ျပင္းျပင္းဆင့္လို႔ ရႈိက္ဖြာလိုက္ပါတယ္။တစ္ဝက္ေလာက္ က်န္ေနတဲ့ အပိုင္းအစကိုေတာ့ လမ္းမထက္မွာ လႊင့္ပစ္ခဲ့ရင္း လူကေတာ့ ဘတ္စ္ကားေပၚကို အေျပးတစ္ပိုင္း တက္သြားခဲ့ပါတယ္။မီးမၿငိမ္းေသးဘဲ လမ္းမေပၚ က်န္ေနရစ္တဲ့ ေဆးလိပ္တိုကိုေတာ့ အဲဒီနားမွာရွိတဲ့ အမ်ိဳးသားတစ္ဦးက ေျခနဲ႔ဖိေျခ ျငႇိမ္းသတ္လိုက္ပါတယ္။

ဒါဟာ ႐ုပ္ရွင္ဇာတ္လမ္းထဲက ဇာတ္လမ္း ဇာတ္ကြက္ေတြအေၾကာင္း ျပန္ေျပာင္းေျပာျပေနတာ မဟုတ္ပါဘူး။ ျပင္ပမွာ အမွန္တကယ္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္တစ္ခု။ျမင္ကြင္းတစ္ခုပါ။အဲဒီဘတ္စ္ကားမွတ္တိုင္မွာ ကားေစာင့္ေနသူ ၁၀ ေယာက္ထက္ မနည္းလည္း ရွိေနပါတယ္။ဒါဟာ မၾကာေသးခင္ကာလကမွ စည္ပင္ဥပေဒ အသက္ဝင္ထားတဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ လူစည္ကားရာ ဘတ္စ္ကားမွတ္တိုင္တစ္ခုမွာ ျဖစ္ခဲ့တာပါ။ဒီလိုျမင္ကြင္းမ်ိဳးေတြကို မိတ္ေဆြတို႔လည္း ႀကိမ္ဖန္မ်ားစြာ ျမင္ေတြ႕ဖူးၾကပါလိမ့္မယ္။

ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီး သုံးစြဲမႈကို ထိန္းခ်ဳပ္ဟန႔္တားႏိုင္တဲ့ ဥပေဒတစ္ရပ္ကို ၂၀၀၆ ခုႏွစ္ ေမလ ၄ ရက္က အတည္ျပဳ ျပ႒ာန္းခဲ့ပါတယ္။ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈ ထိန္းခ်ဳပ္ေရး ဥပေဒျဖစ္ပါတယ္။အဲဒီဥပေဒ အတည္ျဖစ္ခဲ့တာ အခုဆိုရင္ ၁၂ ႏွစ္သက္တမ္း ရွိပါၿပီ။ဒီဥပေဒ အတည္ျပဳ ထုတ္ျပန္ၿပီး တစ္ႏွစ္ျပည့္တဲ့ေန႔ကေန စတင္ၿပီး ဥပေဒဟာ အာဏာတည္ရမယ္လို႔ ျပ႒ာန္းခဲ့ေပမယ့္ အခု ၁၂ ႏွစ္ သက္တမ္း ရွိခဲ့ပါၿပီ။ဒီကေန႔အခ်ိန္အထိ ဒီဥပေဒဟာ ထိေရာက္တဲ့ အသက္ဝင္မႈဆီ ေရာက္မလာခဲ့ပါဘူး။၁၂ ႏွစ္တာကာလ ျဖတ္သန္းခဲ့တဲ့ အစိုးရအဆက္ဆက္ ဒီဥပေဒကို အာဏာတည္ေအာင္ မေဆာင္႐ြက္ႏိုင္ေသးပါဘူး။လက္ရွိကာလအထိ ျဖစ္ပါတယ္။ဥပေဒ အာဏာတည္ဖို႔ ဆိုတာမွာလည္း ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီး သုံးစြဲသူေတြဘက္က လိုက္နာမႈပ်က္ကြက္တာ တစ္ခုတည္းေၾကာင့္ မဟုတ္ဘဲ သက္ဆိုင္ရာဘက္ကလည္း ဥပေဒပါ ျဖည့္ဆည္းေဆာင္႐ြက္ေပးရမယ့္ ကိစၥရပ္ေတြအေပၚ ပ်က္ကြက္ေနခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

ဥပမာအားျဖင့္ အဲဒီဥပေဒထဲမွာ ေဆးလိပ္ေသာက္ခြင့္ မရွိတဲ့ ေနရာေတြ သတ္မွတ္ျပ႒ာန္းေပးထားသလို ေဆးလိပ္ေသာက္ခြင့္ ရွိတဲ့ သီးသန႔္ေနရာေတြကို စီမံထားရွိေပးဖို႔လည္း ျပ႒ာန္းေပးထားပါတယ္။

အထက္မွာ ေဖာ္ျပခဲ့တဲ့ ဘတ္စ္ကားမွတ္တိုင္က ျဖစ္ရပ္မ်ိဳးေတြဟာ ဥပေဒသာ အာဏာတည္ခဲ့မယ္ဆိုရင္ တရားစြဲဆို အေရးယူႏိုင္တဲ့ ျပဳမူခ်က္ျဖစ္ပါတယ္။အဲဒီေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈ ထိန္းခ်ဳပ္ေရး ဥပေဒမွာ ျပစ္မႈ၊ ျပစ္ဒဏ္ အသီးသီး ျပ႒ာန္းထားၿပီးဆိုခဲ့ပါက အမ်ားျပည္သူနဲ႔ဆိုင္တဲ့ ေနရာေတြမွာ ေဆးလိပ္ေသာက္မိမယ္ဆိုရင္ေတာ့ ေငြဒဏ္ အနည္းဆုံး က်ပ္ ၁၀၀၀ ကေန အမ်ားဆုံး က်ပ္ ၅၀၀၀ အထိ ခ်မွတ္ရမယ္လို႔ ျပ႒ာန္းပါတယ္။ဒီဥပေဒဟာ လြန္ခဲ့တဲ့ ၁၂ ႏွစ္တာ ကာလက အတည္ျပဳ ျပ႒ာန္းခဲ့တဲ့ ဥပေဒပါ။ေျပာရမယ္ဆိုရင္ ေခတ္ကာလနဲ႔ ေလွ်ာ္ညီမႈမရွိေတာ့တာကို အခုေဖာ္ျပပါ ျပစ္ဒဏ္မ်ားက ထင္ထင္ရွားရွား ျပဆိုေနတာမို႔ ဥပေဒကို ျပန္လည္ျပင္ဆင္သြားဖို႔ လိုမွာျဖစ္သလို အသက္ဝင္ ထိေရာက္တဲ့ ဥပေဒတစ္ရပ္ ျဖစ္လာဖို႔လည္း ႀကိဳးပမ္းရမွာ ျဖစ္ပါတယ္။ဒါက ေဆးလိပ္နဲ႔ ပတ္သက္ၿပီး တိုက္႐ိုက္ကိုင္တြယ္ ေဆာင္႐ြက္ႏိုင္မယ့္ ဥပေဒတစ္ရပ္ ဆယ္စုႏွစ္တစ္ခုေက်ာ္ ၾကာကတည္းက ရွိေနခဲ့ေပမယ့္ အသက္မဝင္ဘဲ ရွိေနခဲ့တဲ့ ျဖစ္ရပ္အေပၚ သတိမူမိေစဖို႔အတြက္ ထုတ္ႏုတ္ျပတာ ျဖစ္ပါတယ္။ဒီဥပေဒလိုပဲ အမ်ားျပည္သူနဲ႔ဆိုင္တဲ့ ေနရာေတြ၊ လမ္းမေတြထက္မွာ အမႈိက္ေတြ စည္းကမ္းမဲ့ စြန႔္ပစ္တာ၊ ကြမ္းတံေတြး ေထြးတာေတြနဲ႔ ပတ္သက္ၿပီး အေရးယူႏိုင္မယ့္ ဥပေဒတစ္ရပ္လည္း ရွိပါေသးတယ္။အဲဒါကေတာ့ အထက္မွာဆိုခဲ့တဲ့ စည္ပင္သာယာေရး ဥပေဒျဖစ္ပါတယ္။

ရန္ကုန္မွာ ဆိုရင္ေတာ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒျဖစ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ ဇြန္လ ၂၈ ရက္ကမွ အတည္ျပဳ ျပ႒ာန္းခဲ့တာ ျဖစ္ပါတယ္။အဲဒီဥပေဒမွာေတာ့ ျပစ္မႈ၊ ျပစ္ဒဏ္ပိုင္းကို အေသးစိတ္ထည့္သြင္း ေရးဆြဲျပ႒ာန္းထားပါတယ္။အမႈိက္ေတြ စည္းကမ္းမဲ့ စြန႔္ပစ္ရင္ ဘယ္ေလာက္၊ ကြမ္းတံေတြး စည္းကမ္းမဲ့ေထြးရင္ ဘယ္ေလာက္ဆိုတာမ်ိဳးပါ။ဒီဥပေဒ အတည္ျပဳခဲ့ၿပီးေနာက္ ဒဏ္ေၾကးေတြ ျမင့္မားတယ္ဆိုတဲ့ ေဝဖန္မႈေတြလည္း ျပင္းျပင္းထန္ထန္ ထြက္ေပၚခဲ့ပါတယ္။ဒီလိုေဝဖန္မႈေတြနဲ႔ ပတ္သက္ၿပီး တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနဘုန္းလတ္ နဲ႔ ႀကဳံဆုံခ်ိန္မွာ ဒဏ္ေၾကးေတြ ျမင့္ေနတာနဲ႔ ပတ္သက္ၿပီး ျပည္သူရဲ႕ ေဝဖန္မႈေတြ ထြက္လာတဲ့အေပၚ ဘယ္လိုတုံ႔ျပန္လိုသလဲဆိုတဲ့ ေမးခြန္း ေမးျဖစ္ပါတယ္။
ဒဏ္ေၾကးျမင့္ရတဲ့ အဓိကအခ်က္ကေတာ့ ဥပေဒကို ေလးစားလိုက္နာေစဖို႔၊ စည္းကမ္းတက် ေနထိုင္ျပဳမူ က်င့္ႀကံေစလိုတဲ့အတြက္ဆိုတဲ့ တုံ႔ျပန္မႈကို ရပါတယ္။ဒဏ္ေၾကးေငြ နည္းေနမယ္ဆိုရင္ မွတ္မွတ္သားသားမရွိဘဲ စည္းကမ္းကို ခပ္လြယ္လြယ္ပဲ ခ်ိဳးေဖာက္ေနမွာမ်ိဳးေတြ မျဖစ္ေစလိုတာေၾကာင့္လို႔လည္း ထည့္သြင္းေျဖဆိုပါတယ္။လက္ခံရမယ့္ စကားျဖစ္ပါတယ္။လူၾကား၊ သူၾကားမွာ ေဆးလိပ္ေသာက္၊ ေဆးလိပ္တိုကို လမ္းမေပၚပစ္ခ် ကားေပၚတက္ေျပးခဲ့တဲ့ အထက္ပါျဖစ္စဥ္က ဒီစကားအေပၚ ထိထိေရာက္ေရာက္ သက္ေသထူေနပါတယ္။

လမ္းမေတြထက္မွာ ျမင္မေကာင္းတဲ့ ကြမ္းတံေတြးကြက္ေတြ၊ အေဆာက္အအုံ နံရံေတြ၊ ေထာင့္ေတြမွာ ျမင္မေကာင္းလွတဲ့ ကြမ္းတံေတြးကြက္ေတြ မ်ားစြာ ကြၽန္ေတာ္တို႔ ေန႔စဥ္နဲ႔အမွ် ေတြ႕ျမင္ေနရပါတယ္။အလားတူ စည္းကမ္းမဲ့ ျပဳမူၾကတဲ့ ျဖစ္စဥ္မ်ိဳး မ်ားစြာလည္း ရွိေနပါတယ္။ၿပီးခဲ့တဲ့ ႏွစ္ကူးညက ျဖစ္စဥ္ကိုလည္း သာဓကျပဳႏိုင္ပါတယ္။

ဒီဇင္ဘာ ၃၁ ရက္ ညက ကမာၻအႏွံ႔နည္းတူ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕မွာလည္း ႏွစ္ေဟာင္းကို ႏႈတ္ဆက္။ႏွစ္သစ္ကို ႀကိဳဆိုၾကပါတယ္။အဲဒီမွာ စည္းကမ္းမဲ့မႈ တခ်ိဳ႕ကို ေတြ႕ရပါတယ္။ရန္ကုန္ၿမိဳ႕ အင္းယားကန္ေဘာင္ေပၚက ျမင္ကြင္းပါ။ႏွစ္သစ္ကူးညမွာ ႏွစ္သစ္ကူးၾကရင္း စားၾက၊ ေသာက္ၾကသူေတြ ခ်န္ထားရစ္တဲ့ အမႈိက္သ႐ိုက္မ်ားဟာ ျမက္ခင္းျပင္မ်ားေပၚမွာ အျမင္မတင့္တယ္လွေအာင္ ျဖစ္ခဲ့ရပါတယ္။“Happy New Year” လို႔ ဟစ္ေႂကြးခဲ့ၿပီးေနာက္ ႏွစ္သစ္ကို ျဖတ္ကူးသူတခ်ိဳ႕ရဲ႕ စိတ္ေဟာင္း၊ စိတ္ညစ္ေတြကို ခင္းက်င္းျပလိုက္တယ္လို႔ပဲ ျမင္ပါတယ္။သန႔္ရွင္းေရး လုပ္ၾကရတဲ့ စည္ပင္ဝန္ထမ္းေတြအေပၚ မစာနာတဲ့ စိတ္ဓာတ္၊ ကိုယ္ခ်င္းစာနာမႈမရွိတဲ့ စိတ္ဓာတ္ေတြလို႔ပဲ မွတ္ခ်က္ျပဳရပါမယ္။ဒီလိုစည္းကမ္းမဲ့မႈေတြနဲ႔ ယွဥ္လာရင္ အၿမဲသတိရတတ္တာကေတာ့ ဗိုလ္ခ်ဳပ္ရဲ႕ မိန႔္ခြန္းျဖစ္ပါတယ္။

၁၉၄၇ ခုႏွစ္ ဇူလိုင္ ၁၃ ရက္က ၿမိဳ႕ေတာ္ခန္းမမွာ ေျပာၾကားခဲ့တဲ့ မိန႔္ခြန္းျဖစ္ပါတယ္။ဗိုလ္ခ်ဳပ္ ေနာက္ဆုံးေျပာၾကားခဲ့တဲ့ မိန႔္ခြန္းလည္း ျဖစ္ပါတယ္။အဲဒီမိန႔္ခြန္းမွာ လြတ္လပ္ေရးနဲ႔ ပတ္သက္ၿပီး အေတာ္ေလးကို ထဲထဲဝင္ဝင္ ေျပာၾကားခဲ့သလို စည္းကမ္းေသဝပ္ဖို႔၊ အလုပ္ေတြပိုလုပ္ၾကဖို႔၊ သူမ်ားႏိုင္ငံေတြကို အတုယူၾကဖို႔၊ မေကာင္းတဲ့ အက်င့္ဆိုးေတြကို ေဖ်ာက္ၾကဖို႔ ဆိုတာေတြ ပါဝင္ခဲ့ပါတယ္။အဲဒီထဲက ‘လမ္းေပၚထြက္ ေဆးလွန္း’ တယ္ ဆိုတဲ့ စကားဟာ မွတ္မွတ္သားသား အရွိဆုံး ဥပမာေပးစကား ျဖစ္ပါတယ္။

“…လြတ္လပ္ေရးရၿပီကြ ဆိုၿပီးေတာ့ လူတကာသြားတဲ့ လမ္းမေပၚမွာထြက္ၿပီး ေဆးေတြလွန္းတယ္။အဲဒီေတာ့ လမ္းသြားလမ္းလာ လုပ္တဲ့လူေတြ အေတာ္ခြက်တယ္။အဲဒါဟာ လြတ္လပ္ေရးမဟုတ္ဘူး။လြတ္လပ္ေရးဆိုတဲ့ အဓိပၸာယ္ကဘာလဲ။လြတ္လပ္ေရး ဆိုတာဟာ ကိုယ္တစ္ဦးတစ္ေယာက္ ေကာင္းစားဖို႔ ျဖစ္ေစ၊ တစ္မ်ိဳးလုံးေကာင္းစားဖို႔ ျဖစ္ေစ လုပ္တဲ့ေနရာမွာ အျခားတစ္ဦးတစ္ေယာက္ရဲ႕ အက်ိဳးကို မထိခိုက္ဘဲနဲ႔ အျခားသူေတြရဲ႕ အက်ိဳးကို မထိခိုက္ဘဲနဲ႔ လြတ္လြတ္လပ္လပ္ ကိုယ့္တိုးတက္မႈအတြက္ လုပ္ႏိုင္တာဟာ လြတ္လပ္ေရးပဲ” ဆိုၿပီး ဗိုလ္ခ်ဳပ္က သူ႔မိန႔္ခြန္းထဲမွာ ထည့္သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီမိန႔္ခြန္းကို ဗိုလ္ခ်ဳပ္ေျပာခဲ့တာ အခုဆိုရင္ ႏွစ္ေပါင္း ၇၁ ႏွစ္ ေက်ာ္လာခဲ့ပါၿပီ။ျမန္မာႏိုင္ငံ လြတ္လပ္ေရး ရခဲ့တာဟာလည္း ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ႏွစ္ေပါင္း ၇၁ ႏွစ္ ျပည့္ခဲ့ပါၿပီ။ျမန္မာေတြ လြတ္လပ္ေရးနဲ႔အတူ စည္းကမ္းေတြ ရွိၾကၿပီလားလို႔မ်ား ဒီကေန႔မွာ ဗိုလ္ခ်ဳပ္ ေမးလာခဲ့ရင္ ေျဖရခက္ေနဦးမွာပဲလို႔ ေတြးမိပါတယ္။ဒီအေတြးနဲ႔အတူ ဗိုလ္ခ်ဳပ္ထံကေန ေနာက္ထပ္အေမးစကားကိုလည္း ၾကားေယာင္လာမိပါတယ္။အဲဒါကေတာ့ ‘ျမန္မာေတြ လမ္းေပၚထြက္ ေဆးလွန္းေနၾကတုန္းပဲလား’ ဆိုတဲ့ အေမးစကား ျဖစ္ပါတယ္။

ေဂ်ၿငိမ္း
ဇန္နဝါရီ - ၁၉