【 ဆောင်းပါး 】 ဟန်ဆောင်သူများ

【 ဆောင်းပါး 】 ဟန်ဆောင်သူများ

"မမ ရှေ့ကိုကျော်ရစ်လိုက်ပါဗျာ"

"ဘာလို့ရစ်ရမှာလဲ၊ ဇာတ်လမ်းက အဆက်ပြတ်သွားမှာပေါ့"

"အဲဒီလူကြီးကို မကြည့်ချင်ဘူးဗျာ မင်းသားကို ဒီလောက်နှိပ်စက်နေတာ မတွေ့ဘူးလား"

"ဒီဇာတ်လမ်းထဲမှာ သူကလူကြမ်းပဲဟာ၊ နှိပ်စက်မှာပေါ့"

"ဒီလူကြီးက ဇာတ်လမ်းတိုင်း မင်းသားကို နှိပ်စက်လိုက်၊ မင်းသမီးကို အနိုင်ကျင့်လိုက်နဲ့။သူ့မျက်လုံးတွေ သူ့အမူအရာတွေက အရမ်းရွံဖို့ကောင်းတာပဲ"

"အဲဒါ သူသရုပ်ဆောင်တာ ကောင်းလို့ပေါ့ မောင်လေးရဲ့"

"မဟုတ်ဘူး မမ။သူက အရမ်းမိုက်ရိုင်းတယ်။ဟိုနေ့ကကြည့်တဲ့ ကားထဲမှာဆို သူ့သမီးကို အရမ်းနှိပ်စက်တာပဲ။ဆူလိုက် ဆဲလိုက်နဲ့။အမေကိုလည်း ပြဿနာရှာတယ်။ဓါးနဲ့တောင် လိုက်ခုတ်တယ်။အရက်ကလည်း သောက်ထားသေးတယ်။ဒီလူကြီး အကျင့်ကိုမကောင်းဘူး။သူ့ပုံစံကိုကြည့်ပါလား၊ သူများကို ဒုက္ခပေးဖို့ပဲ ကြံစည်နေတဲ့ရုပ်ကြီး။အပြင်မှာဆို ဒီထက်တောင်ဆိုးဦးမယ်။
တော်ပြီဗျာ မကြည့်တော့ဘူး"

ကျွန်တော့ သမီးနှင့်သား video ခွေ ကြည့်နေရင်း ပြောနေကြတာပါ။သားဖြစ်သူက သရုပ်ဆောင်လူကြမ်းကို ကြည့်မရဖြစ်ပြီး မကျေမနပ်နှင့် ထွက်သွားပါတော့သည်။

အနုပညာရှင်တို့၏ သရုပ်ဆောင်မှု အတတ်ပညာက တကယ့်ကိုအံ့မခန်းပါပဲ။သူတို့သရုပ်ဆောင်ပီပြင်မှုကြောင့် ပရိသတ်၏ အမုန်းခံကြရသည်။အချစ်ခံကြရသည်။အပြင်မှာ အရက်မသောက်တတ်သူက ဇာတ်လမ်းထဲမှာ အရက်ချိုးကပ်နေသူလို သရုပ်ဆောင်ကြသည်။အရက်ကို မပြတ်သောက်တတ်သူကလည်း၊ ဘုရားတကာလို သရုပ်ဆောင်သည်။အပြင်မှာ အကျင့်စာရိတ္တကောင်းမွန်ပြီး၊ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်သူကလည်း ဇာတ်လမ်းအရ အကျင့်စရိုက်ဆိုးသူ၊ မိန်းကလေးတွေကို ဘဝပျက်အောင် ဖျက်ဆီးသူအဖြစ် သရုပ်ဆောင်ရသည်။အပြင်မှာ မာနကြီးသူသည်လည်း၊ ဇာတ်လမ်းထဲမှာ မာနကင်းပြီး နှိမ့်ချရိုကျိုးသူအဖြစ် သရုပ်ဆောင်နိုင်ကြပါသည်။

တကယ်တော့၊ သရုပ်ဆောင် အနုပညာရှင်များသည် ဟန်ဆောင်သူများ ဖြစ်ပါသည်။အရက်သမားဟန်ဆောင်သည်၊ ဘုရားတကာဟန်ဆောင်သည်။မိန်းကလေးတစ်ယောက်ကို စေ့စေ့မှမကြည့်ရဲသော ရိုးသားသူအဖြစ် ဟန်ဆောင်သည်။မိန်းကလေးတစ်ယောက်ကို အရုပ်ကလေးတစ်ရုပ်လို ကစားချင်တိုင်းကစား၊ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးသူအဖြစ် ဟန်ဆောင်သည်။
သားသမီးကောင်း၊ မိဘကောင်းအဖြစ် ဟန်ဆောင်သည်။သားသမီးဆိုး၊ မိဘဆိုးအဖြစ်လည်း ဟန်ဆောင်ကြသည်။သို့သော်လည်း၊ သူတို့ ဟန်ဆောင်ခြင်းက အပြစ်ကင်းပါသည်။ပရိသတ်ကို ပျော်စေချင်သော၊ သင်ခန်းစာကောင်း ရစေချင်သော စေတနာနှင့် ဟန်ဆောင်ကြခြင်းသာ ဖြစ်ပါသည်။ပရိသတ် အထင်ကြီးအောင်၊ အထင်သေးအောင် ဟန်ဆောင်ခြင်းမဟုတ်ပါ။
ဇာတ်လမ်းအရ၊ ဇာတ်ကောင်စရိုက်ပေါ်အောင် ဟန်ဆောင်နေကြခြင်းသာ ဖြစ်ပါသည်။

တကယ့်လက်တွေ့လောကမှာတော့၊ လူတို့သည် သူများအထင်ကြီးအောင် ဟန်ဆောင်ကြလေ၏။သူများယုံကြည်လာအောင် ဟန်ဆောင်ကြ၏။

ကိုယ်ချစ်သော မိန်းကလေးက၊ ပန်းအလွန်ကြိုက်သဖြင့် ယောကျ်ားတန်မဲ့ ပန်းချစ်သူအဖြစ် ဟန်ဆောင်ကြသည်။တချို့ဆိုလျှင် ချစ်သူမိန်းကလေး အထင်ကြီးအောင်၊ အိမ်မှာ ပန်းပင်စိုက်သည်။သို့မဟုတ် ပန်းပွင့်နေသော ပန်းအိုးကို ဝယ်ယူ၍ အိမ်မှာထားသည်။ကိုယ့်ချစ်သူ မိန်းကလေးက၊ ကိုယ့်ကိုပြန်ချစ်လာအောင် ဟန်ဆောင်ခြင်းဖြစ်၏။
ထိုဟန်ဆောင်သူများသည်လည်း အပြစ်ကင်းသည်ဟု ဆိုနိုင်ပါသည်။ထိုချစ်သူ မိန်းကလေးကို တကယ်တန်ဖိုးထား၍၊ မြတ်နိုးကြပါသည်။တကယ်လက်ထပ်ယူ၍ သားသမီးများနှင့် တကယ့်မိသားစုဘဝကို ဖန်တီးတည်ဆောက်ကြပါသည်။

အပြစ်မကင်းသော ဟန်ဆောင်သူများလည်း ရှိပါသည်။မိန်းကလေးအကြိုက် လိုက်၍ ဟန်ဆောင်နေပြီး၊ ထိုမိန်းကလေးနှင့် အဆင်ပြေပြီးသောအခါ နောက်တစ်ယောက်၊ နောက်တစ်ယောက်နှင့် ရည်းစားတွေ မှိုလိုပေါက်အောင် ထားကြသည်။ထိုမိန်းကလေးတွေကိုလည်း နှမချင်းမစာနာဘဲ ဖျက်ဆီးလိုက်သေး၏။

တကယ် စာကိုစိတ်မဝင်စားဘဲ မိဘဆရာသမားများ အထင်ကြီးအောင် စာအုပ်နှင့် မျက်နှာမခွာဘဲ စာကြိုးစားသူအဖြစ် ဟန်ဆောင်ကြ၏။မိတ်ဆွေသူငယ်ချင်းများကိုလည်း သစ္စာရှိသလို ဟန်ဆောင်ပေါင်း၍ ကွယ်ရာတွင် မကောင်းပြောသောသူမျိုးလည်းရှိ၏။တချို့ဆိုလျှင် ခြေမသန်၊ လက်မသန်၊ အင်္ဂါချို့ယွင်းသူအဖြစ် ဟန်ဆောင်ကာ တောင်းရမ်းစားသောက်တတ်၏။

တချို့လူများ၏ ဟန်ဆောင်ခြင်းများသည် တစ်ဖက်လူအတွက် အန္တရာယ်ကြီးလှ၏။လမ်းပေါ်၊ ကားပေါ်၊ ရထားပေါ်မှာအဝတ်ကောင်းကောင်းဝတ်၊ အမွှေးရနံ့ ဆွတ်ဖျန်းပြီး လူကောင်းသူကောင်း ဟန်ဆောင်၍ ခါးပိုက်နှိုက်ကြသည်။ကိုယ့်မှာ သားကြီးမယားကြီး ရှိပါလျက်နှင့် လူပျိုလူလွတ် ဟန်ဆောင်ကာ အခြားမိန်းမပျိုလေးများကို ခိုးယူပေါင်းသင်းကြ၏။
အခြားလူတစ်ယောက်ကို မိတ်ဆွေဖွဲ့၍ဖြစ်စေ၊ ကိုယ့်ရှိရင်းစွဲ မိတ်ဆွေအပေါ်မှာဖြစ်စေ အတွင်းလူအဖြစ် အချက်အလက်စုဆောင်းပြီး၊ ထိုမိတ်ဆွေအိမ်မှ ငွေကြေးဥစ္စာခိုးယူခြင်း၊ အနုကြမ်းစီး ဓါးပြတိုက်ခြင်းတို့ ပြုလုပ်တတ်ကြသည်။

အလျဉ်းသင့်၍၊ ၅၅၀ ဇာတ်တော်မှ ဟန်ဆောင်ကျွမ်းကျင်သော ရသေ့တစ်ပါးအကြောင်း ပြောပြချင်ပါသည်။

တစ်ခါက ရွာတစ်ရွာမှာ သူကြွယ်တစ်ယောက်ရှိ၏။ထိုသူကြွယ်သည် ရသေ့တစ်ပါးကို တောကျောင်းတစ်ကျောင်းဆောက်လုပ်လှူဒါန်းပြီး ဆွမ်းကွမ်းကိစ္စများလည်း လိုလေသေးမရှိအောင် ပြုစုထောက်ပံ့ထားသည်။သူကြွယ်က ထိုရသေ့၏ အပြောအဆို အနေအထိုင် အပြုအမူများအပေါ် အလွန်ကြည်ညို လေးစားလေသည်။ကြည်ညိုစရာကောင်းသော ထိုရသေ့၏ ဒါယိကာရင်းတစ်ယောက် အဖြစ်လည်း သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေ၏။တစ်နေ့တွင် သူပိုင်သော ရွှေစင် ပိဿာတစ်ရာကို ခိုးသူလုယက်သူများလက်မှ ကြိုတင်ကာကွယ်သည့်အနေနှင့် လျှို့ဝှက်သိမ်းဆည်းထားရန် စဉ်းစားမိသည်။ဘယ်နေရာမှာ သိမ်းဆည်းလျှင် ကောင်းမလဲဟု တွေးတောရင်း သူတော်စင်ရသေ့ကို မြင်ယောင်ပြီး အကြံရသွားသည်။သို့နှင့် ရသေ့ရှိရာ ကျောင်းသင်္ခမ်းသို့သွားသည်။ကျောင်းသင်္ခမ်းအတွင်းရှိ မြေတစ်နေရာတွင် သူ၏ ရွှေစင် ပိဿာတစ်ရာကိုမြှုပ်ပြီး ရသေ့အား ကြည့်ရှုစောင့်ရှောက်ပေးပါရန် လျှောက်ထားသည်။ထိုအခါ ရသေ့က ခါးခါးသီးသီးငြင်းသည်။သူတော်ကောင်းနှင့် ရွှေငွေရတနာ လုံးဝမအပ်စပ်ကြောင်း၊ ဝတ္ထုပစ္စည်း ကာမဂုဏ်တို့ကို မုန်းတီး၍ လူဝတ်ကြောင်ကိုစွန့်ကာ ရသေ့ဝတ်ခဲ့ကြောင်း၊ ထိုပစ္စည်းတို့သည် သူ့လို ရသေ့ရဟန်းအတွက် ရွံစရာ။မသဒီစရာ အညစ်အကြေးဖြစ်ကြောင်း ရှင်းပြသည်။ဒါယိကာ သူကြွယ်သည် ရသေ့ကို တောင်းပန်စကားပြောရသည်။သို့သော်လည်း သူ၏ ရွှေစင်များကိုမူ ပို၍စိတ်ချလက်ချ ထားခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ ရသေ့က သူကြွယ်ကို လာနှုတ်ဆက်သည်။လူများနှင့် ရောယှက်နေထိုင်ခြင်းဖြင့် ကိလေသာ အညစ်အကြေးကြားမှာ နေရသလိုဖြစ်နေသောကြောင့် ထိုအညစ်အကြေးကြားမှ ရုန်းထွက်၍ တစ်ဆင့်တက်ကာ တရားကျင့်ကြံတော့မည်ဖြစ်ကြောင်းပြောပြီး ထွက်သွားတော့သည်။ရသေ့ထွက်သွားပြီးနောက် မကြာမီ ဘုရားလောင်း ကုန်သည်သည် ခရီးသွားရင်း သူကြွယ်၏ နေအိမ်၌ ခဏတာ တည်းခိုခွင့်ပြုပါရန် ခွင့်တောင်းသည်။သူကြွယ်ကလည်း တည်းခိုခွင့်ပြုလိုက်သည်။ထိုအချိန်မှာပင် ရသေ့ပြန်လာသည်ကို တွေ့သဖြင့် သူကြွယ်က အကျိုးအကြောင်း မေးလျှောက်သည်။ရသေ့က သူ၏ ဆံထုံးကြားမှ မြက်ပင်လေးတစ်ပင်ကိုယူ၍ သူကြွယ်ကိုပေးသည်။သူကြွယ်၏ အိမ်အမိုးမှ မြက်ပင်တစ်ပင်သည် သူ၏ ဆံထုံးနှင့်ငြိ၍ ကပ်ပါသွားခဲ့ကြောင်း၊ အဒိန္နာဒါန်မြောက်မည်စိုး၍ ထိုမြက်ပင်ကို ပိုင်ရှင် သူကြွယ်ထံ ပြန်လာအပ်ရခြင်းဖြစ်ကြောင်းပြောပြီး ပြန်ထွက်သွားသည်။

သူကြွယ်က သူကိုးကွယ်သော ရသေ့သည် ထိုမျှစင်ကြယ်သူဖြစ်ကြောင်း ဂုဏ်ယူစွာပြောသည်။အတွေ့အကြုံများ၍ ပညာဗဟုသုတနှင့် ပြည့်စုံသော ဘုရားလောင်းက ထိုရသေ့ကို သင်္ကာမကင်း ဖြစ်မိသည်။ထို့ကြောင့် သူကြွယ်ကို ထိုရသေ့နှင့် ပစ္စည်းဥစ္စာ အဆက်အဆံ ရှိ၊ မရှိ မေးသည်။ဘာအဆက်အဆံမှ မရှိကြောင်းနှင့် သူ၏ ရွှေစင် ပိဿာတစ်ရာ ကျောင်းသင်္ခမ်းထဲမှာ မြှုပ်ထား၍ ထိုပစ္စည်းများကို ကြည့်ရှုထားပါရန် ပြောတာကိုပင် လက်မခံကြောင်း ရှင်းပြသည်။

သူကြွယ်စကား ကြားသည်နှင့် ဘုရားလောင်းက ချက်ချင်းပင် ထိုရွှေစင်တစ်ရာ မြှုပ်နှံထားသော နေရာသို့ လိုက်ပြခိုင်းသည်။ထိုနေရာသို့ရောက်၍ တူးဖေါ်ကြည့်သောအခါ ရွှေစင်တစ်စပင် မကျန်တော့သည်ကို တွေ့ရသည်။နှစ်ယောက်သား ရသေ့သွားရာ လမ်းအတိုင်း လိုက်ခဲ့ရာ လမ်းတွင် ထိုရသေ့ကို တွေ့လေသည်။သူကြွယ်က သူ၏ ရွှေစင်တစ်ရာကို ယူသွားသလားဟု မေးသောအခါ ရသေ့က သူ့လို သူတော်စင်ကို စွပ်စွဲရပါမည်လားဟု စိတ်ဆိုးမာန်ဆိုး ပြောလေသည်။ဘုရားလောင်းနှင့် သူကြွယ်တို့နှစ်ယောက် ရသေ့ကို ချုပ်နှောင်၍ ဇွတ်အတင်းရှာဖွေတော့မှ သူကြွယ်၏ ရွှေစင်တစ်ရာကို ပြန်လည်ရရှိလေတော့သည်။

ဘုရားလောင်း ကုန်သည်က "တချို့လူများသည် အံ့ဩစရာကောင်းလောက်အောင် ဟန်ဆောင်ကောင်းကြတယ် သူကြွယ်ကြီး" ဟု မှတ်ချက်ချသည်။

ဟန်ဆောင်သူတစ်ယောက်မှာ ရည်ရွယ်ချက်ရှိပါသည်။ဆိုးသည်ကောင်းသည်မှာ ထိုရည်ရွယ်ချက်ပေါ်တွ င်မူတည်ပါသည်။ဆရာဝန်တစ်ယောက်အဖြစ် ဟန်ဆောင်သူသည် ဆရာဝန်အဝတ်အစား၊ ဆရာဝန်တစ်ယောက်အတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်း၊ ဆရာဝန်တစ်ယောက်၏ လူနာအပေါ် ထားရှိရမည့် စိတ်နေစိတ်ထားများကို သိရှိပြီး ထိုအတိုင်း
ပြင်ဆင်လုပ်ဆောင်ကြရသည်။အမှန်တကယ် ဆေးကုသမှု မပေးနိုင်သည်ကလွဲလျှင် ဆရာဝန်တစ်ယောက်ပုံစံ တကယ့်ကို ပေါက်ပါသည်။အပြင်ပန်းသက်သက်သာ ကြည့်မည်ဆိုလျှင် သာမန် ဆရာဝန်အစစ်တစ်ယောက်ထက်ပင် ပို၍ပီပြင်ပြီး လူနာတစ်ယောက်အတွက် ပို၍အားကိုးချင်စရာ ကောင်းနေလေသည်။သို့သော် သူ့စေတနာ သူ့ရည်ရွယ်ချက်က တခြားလူတွေ အထင်ကြီးအောင်လုပ်ပြီး မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်ချင်၍လား၊ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နှင့် ရင်းနှီးချင်၍လား၊ သူရန်ငြိုးထားသော လူနာတစ်ယောက်ကို အနီးကပ်ဒုက္ခပေးချင်၍လား စသည့် အကြောင်းတစ်ခုခုကြောင့်သာ ဟန်ဆောင်ထားခြင်း ဖြစ်သည်။

ကလေးမွေးစားသူ အများစုကိုကြည့်လျှင် ရည်ရွယ်ချက်ကောင်းများ တွေ့နိုင်သည်။တစ်သက်လုံး မိဘအရင်းလို ဟန်ဆောင်သွားကြသည်။တချို့ဆိုလျှင် မူလပတ်ဝန်းကျင်ကိုစွန့်၍ နေရာဒေသအသစ်၊ ပတ်ဝန်းကျင်အသစ်မှာ နေထိုင်ပြီး မိသားစုကမ္ဘာလေး တည်ဆောက်သွားကြသည်။သူတို့ရည်ရွယ်ချက်မှာ မိဘနှင့်သားသမီး ရင်းရင်းနှီးနှီး၊ နွေးနွေးထွးထွေး မေတ္တာထားနိုင်ရန်၊ သားသမီးဘ၀ တိုးတက်ကောင်းမွန်ရေးအတွက် ပြုစုပျိုးထောင်ရာ၌ အနှောင့်အယှက် အဟန့်အတား အထစ်အငေါ့မရှိဘဲ၊ စိတ်ဝမ်းမကွဲဘဲေ စောင့်ရှောက်သွားရန် ဖြစ်သည်။ကောင်းသော၊ အပြစ်ကင်းသော၊ အကျိုးရှိသော၊ မွန်မြတ်သော ဟန်ဆောင်မှုဖြစ်သည်။

အချို့သူများကျတော့ ဟန်ဆောင်ပန်ဆောင် မွေးစားပြီး နောက်ပိုင်းမှာ ထိုကလေးကို ခိုင်းစား၊ ရောင်းစားခြင်းများပြု၍ ကိုယ်ကျိုးရှာကြလေသည်။ထိုသူမျိုးသည် ဒုက္ခရောက်နေသူများကို တကယ်မကယ်တင်ဘဲ ကယ်တင်ချင်ဟန်ဆောင်၍ ဒုက္ခထပ်ပေးကြသည်။အိမ်ထောင်ဦးစီး မရှိတော့၍ မုဆိုးမဘဝနှင့် သားသမီးများအား ထိန်းသိမ်းစောင့်ရှောက်နေသူကို ချဉ်းကပ်သည်။တကယ့်ယောင်္ကျားကောင်း၊ ခင်ပွန်းကောင်း ဟန်ဆောင်သည်။သားသမီးများအပေါ် ဖခင်ကောင်း ဟန်ဆောင်သည်။မကြာမီ မင်းသားခေါင်းကျွတ်၍ ဘီလူးခေါင်းပေါ်လာသည်။မိန်းမလုပ်စာကို အခန့်သားထိုင်စားရုံမကဘဲ ဖဲရိုက် အရက်သောက် သုံးဖြုန်းပစ်သည်။အဖေအရင်းလို အားကိုးနေရှာသော မိန်းကလေးကို သားမယားပြု၍ ဘဝကိုဖျက်ဆီးသည်။သူဟန်ဆောင်သည့် ရည်ရွယ်ချက်ကိုက သူ့လောဘ။သူ့ရာဂအတွက် ဖြစ်သည်။

သူခိုးတစ်ယောက် ဝင်ခိုးလျှင် ငွေကြေးအချို့ ပစ္စည်းအချို့သာ ဆုံးရှုံးသည်။ဓါးပြတိုက်ခံရလျှင် ငွေကြေးအတော်များများ ပါသွားသော်လည်း လျှို့ဝှက်သိမ်းထားသော ပစ္စည်းများ၊ အိမ်တွင်းပစ္စည်းများ ကျန်သေးသည်။တစ်အိမ်လုံး မီးလောင်လျှင်တောင် အတွင်းပစ္စည်းများ၊ ငွေကြေးများ ကျန်သေးသည်။အိမ်ထောင်ဦးစီးတစ်ယောက် ဖေါက်ပြန်လျှင်တော့ မြေမှာမြှုပ်ထားသော အထုပ်အထည်ရော။ဘဏ်မှာအပ်ထားသော ငွေကြေးရော ဘာတစ်ခုမှ မကျန်နိုင်တော့ပေ။

ထိုသို့ အများနှင့်ဆိုင်သော၊ အများကိုအုပ်ချုပ်ခွင့်ရနေသော၊ အများကခေါင်းဆောင်ကောင်းဟု ယုံကြည်ထားသော၊ ထိုသို့ယုံကြည်လောက်အောင် ဟန်ဆောင်ထားသူများကတော့ အပြစ်ကြီးသမားများဟု ဆိုရမည်ထင်ပါသည်။

အိမ်ထောင်ဦးစီးတိုင်း လူဆိုးမဟုတ်သလို၊ အိမ်ထောင်ဦးစီးတိုင်း လူကောင်းမဟုတ်ပါ။အဖွဲ့အစည်းခေါင်းဆောင်တိုင်း လူဆိုးမဖြစ်နိုင်သလို၊ အဖွဲ့အစည်းခေါင်းဆောင်တိုင်း လူကောင်းမဖြစ်နိုင်ပါ။

ဥပဒေအပြင်ဘက်၊ တောတွင်းနေရာများမှာ လူဆိုးလူဆိုးချင်းမို့" ငါခေါင်းဆောင်ကောင်း" ဟု ပြောချင်မှပြောပါမည်။"ငါ ခေါင်းဆောင်ဆိုးကွ" ဟုပင် challenge လုပ်၍ ပြောချင်ပြောပါလိမ့်မည်။

မိသားစု၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စသည့် အဖွဲ့အစည်းများသည် လူဆိုးလူမိုက်များ ဖွဲ့စည်းထားခြင်းမဟုတ်ပါ။ယေဘုယျအားဖြင့် ရိုးသားသူများ၊ လူကောင်းများ ဖွဲ့စည်းထားသည်ဟုပင် ဆိုနိုင်ပါသည်။ထိုအဖွဲ့အစည်းမျိုးတွင် "ငါ ခေါင်းဆောင်ဆိုးကွ" ဟု မည်သူမှမပြောပါ။တကယ်ခေါင်းဆောင်ကောင်းအစစ် ဖြစ်လျှင်ဖြစ်၊ သို့မဟုတ်လျှင် ခေါင်းဆောင်ကောင်းအဖြစ် ဟန်ဆောင်ကြရပါမည်။

"ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု" ၍ အများအတွက် အသက်ပေးရန် ဝန်မလေးဘဲ၊ ကိုယ်ကျိုးစွန့်သော၊ မျက်နှာဖုံးစွပ်စရာမလိုသော ခေါင်းဆောင်များဖြစ်လျှင်တော့ ထိုအဖွဲ့အစည်း၊ ထိုမြေထိုဒေသ၊ ထိုနိုင်ငံမှာရှိသူ အားလုံးအတွက် အလွန်ကံကောင်းသော လက်ဆောင် very lucky present ဆိုတာ အသေအချာပါ။

သို့သော်လည်း "ငါပြီးတော့ ငါ့မယား၊ ငါ့သမီးနဲ့ ငါ့သား၊ ငါ့မြေးနဲ့ တပည့်များ၊ ငါ့ကိုဖါးသူများ၊ ငွေလိုလား ရွှေလိုလား၊ လာထား။ငါ့ကိုမကျေနပ်ဘူးလား၊ ငါ့ကိုဆန့်ကျင်တာလား၊ ငါ့ကိုဝေဖန်သူများ၊ ငါ့မျက်နှာဖုံးဆွဲချွတ်မှာလား၊ မြို့ထဲကထွက်သွား၊ နိုင်ငံထဲကထွက်သွား၊ သွားချင်သလိုသွား၊ မသွားချင်ထောင်ထဲသွား၊ တောထဲသွား၊ မသွားချင်ဘူးလား၊ ဒါဆိုရင်တော့သေထား" ဆိုသည့် ခေါင်းဆောင်မျိုးနှင့် ဆုံလျှင်တော့ အားလုံးအတွက် အလွန်ကံမကောင်းသော လက်ဆောင် very unlucky present ပဲ ဖြစ်ရမှာပါ။သူက ခေါင်းဆောင်ကောင်းအဖြစ် ဟန်ဆောင်တော့မှာလေ။

အများအတွက်၊ အဖွဲ့အစည်းအတွက် ကူညီပေးသူအဖြစ်၊ ကယ်တင်ရှင်အဖြစ် ဟန်ဆောင်ပန်ဆောင် နေရာယူပြီး ငွေကြေးပစ္စည်းဥစ္စာတွေ ယူချင်သလိုယူ၊ သုံးချင်သလိုသုံး၊ ဖြုန်းချင်သလိုဖြုန်း၊ အိုးအိမ်ခြံမြေ လယ်မြေတွေ သိမ်းချင်သလိုသိမ်း၊ သူတို့ဆန္ဒရှိသူများ လက်သို့ ပေးချင်သလိုပေး၊ တကယ့်ပိုင်ရှင်အစစ်တွေကိုတော့ ကရုဏာမသက်၊ ရက်ရက်စက်စက်နှင့် ဖမ်းချင်သလိုဖမ်း၊ သတ်ချင်သလို သတ်လုပ်ပေတော့မည်။

အချို့အသည်းမာသော မျက်နှာဖုံးရှင်များဆိုလျှင် သူတို့၏ မျက်နှာဖုံးကျွတ်ကျသွားသည်ကို အများက ကွင်းကွင်းကွက်ကွက် မြင်သွားပြီး သူတို့၏ ဟန်ဆောင်ထားသော မင်းသားမျက်နှာဖုံးကျွတ်၍ ဘီလူးရုပ်ပေါ်လာသည်ကိုပင် ကပျာကယာနှင့် အရှက်ပြေ မင်းသားမျက်နှာဖုံးကိုလည်း ကောက်မစွပ်၊ အရှက်မပြေနိုင်အောင် ဖြစ်ပြီးတော့လည်း ထွက်မပြေးဘဲ အစွယ်ပြူးပြူး သွေးသံရဲရဲ ပါးစပ်ကြီးဖြဲလျက် "ငါက မင်းသားကွ၊ ငါက မင်းတို့ရဲ့ကယ်တင်ရှင်ကွ၊ ငါက အမျိုးချစ်သူကွ၊ ငါက နိုင်ငံချစ်သူကွ၊ ငါ့ကို မင်းတို့အားလုံးက သမိုင်းဝင် ကယ်တင်ရှင် ခေါင်းဆောင်ကောင်းကြီးအဖြစ် အမြဲဦးညွတ်နေကြရမယ်ကွ" ဟု အော်ဟစ်နေတတ်ကြပြန်သေး၏။

တကယ်ကို တချို့လူများသည် အံ့ဩစရာကောင်းလောက်အောင် ဟန်ဆောင်ကောင်းကြပါသည်။

ပြင်ပက နိုင်ငံခြားသား ဘီလူးတွေကလည်း ကူညီသူလိုလို ကယ်တင်ရှင်လိုလိုနှင့် ဒီမြေဒီလူတွေကို မင်းသားခေါင်း မျက်နှာဖုံးစွပ်၍ ဒုက္ခပေးခဲ့ပါသည်။

အတွင်းက အမျိုးသား ဘီလူးအချို့ကလည်း ကူညီသူလိုလို၊ ကယ်တင်ရှင်လိုလိုနှင့် ဒီမြေဒီလူတွေကို မင်းသားခေါင်း မျက်နှာဖုံးစွပ်၍ ဒုက္ခတွေပေးခဲ့ပါပြီ။

လက်ရှိခေါင်းဆောင်များ အလှည့်ရောက်ပါပြီ။ကိုယ်တိုင် မစွမ်းဆောင်နိုင်သော အများစုက ကိုယ်စားလှယ်အဖြစ် တင်မြှောက်ထားသော ခေါင်းဆောင်များ၊ မိမိဆန္ဒအရ အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ တရားမျှတလို စိတ်များနှင့် လှုပ်ရှားဆောင်ရွက်နေသော ခေါင်းဆောင်များ၊ မျိုးဆက်ညံ့သော်လည်း အမှန်အမှားခွဲခြားနိုင်သည့် ထူးကဲသော အသိ၊ သတိ၊ သတ္တိတို့နှင့် သမိုင်းအသစ်ကို ရေးလိုသော ခေါင်းဆောင်များပါ။

ပြည်သူအများက ဆုတောင်းနေကြပါလိမ့်မည်။နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ပြည်သူအားလုံးအတွက် အားရှိစရာ၊ အားကိုးစရာ ဖြစ်ပါစေဟု။

ရိုက်မောင်း
ဇူလိုင် - ၃

( Zawgyi )

"မမ ေရွ႕ကိုေက်ာ္ရစ္လိုက္ပါဗ်ာ"

"ဘာလို႔ရစ္ရမွာလဲ၊ ဇာတ္လမ္းက အဆက္ျပတ္သြားမွာေပါ့"

"အဲဒီလူႀကီးကို မၾကည့္ခ်င္ဘူးဗ်ာ မင္းသားကို ဒီေလာက္ႏွိပ္စက္ေနတာ မေတြ႕ဘူးလား"

"ဒီဇာတ္လမ္းထဲမွာ သူကလူၾကမ္းပဲဟာ၊ ႏွိပ္စက္မွာေပါ့"

"ဒီလူႀကီးက ဇာတ္လမ္းတိုင္း မင္းသားကို ႏွိပ္စက္လိုက္၊ မင္းသမီးကို အႏိုင္က်င့္လိုက္နဲ႔။သူ႔မ်က္လုံးေတြ သူ႔အမူအရာေတြက အရမ္း႐ြံဖို႔ေကာင္းတာပဲ"

"အဲဒါ သူသ႐ုပ္ေဆာင္တာ ေကာင္းလို႔ေပါ့ ေမာင္ေလးရဲ႕"

"မဟုတ္ဘူး မမ။သူက အရမ္းမိုက္႐ိုင္းတယ္။ဟိုေန႔ကၾကည့္တဲ့ ကားထဲမွာဆို သူ႔သမီးကို အရမ္းႏွိပ္စက္တာပဲ။ဆူလိုက္ ဆဲလိုက္နဲ႔။အေမကိုလည္း ျပႆနာရွာတယ္။ဓါးနဲ႔ေတာင္ လိုက္ခုတ္တယ္။အရက္ကလည္း ေသာက္ထားေသးတယ္။ဒီလူႀကီး အက်င့္ကိုမေကာင္းဘူး။သူ႔ပုံစံကိုၾကည့္ပါလား၊ သူမ်ားကို ဒုကၡေပးဖို႔ပဲ ႀကံစည္ေနတဲ့႐ုပ္ႀကီး။အျပင္မွာဆို ဒီထက္ေတာင္ဆိုးဦးမယ္။
ေတာ္ၿပီဗ်ာ မၾကည့္ေတာ့ဘူး"

ကြၽန္ေတာ့ သမီးႏွင့္သား video ေခြ ၾကည့္ေနရင္း ေျပာေနၾကတာပါ။သားျဖစ္သူက သ႐ုပ္ေဆာင္လူၾကမ္းကို ၾကည့္မရျဖစ္ၿပီး မေက်မနပ္ႏွင့္ ထြက္သြားပါေတာ့သည္။

အႏုပညာရွင္တို႔၏ သ႐ုပ္ေဆာင္မႈ အတတ္ပညာက တကယ့္ကိုအံ့မခန္းပါပဲ။သူတို႔သ႐ုပ္ေဆာင္ပီျပင္မႈေၾကာင့္ ပရိသတ္၏ အမုန္းခံၾကရသည္။အခ်စ္ခံၾကရသည္။အျပင္မွာ အရက္မေသာက္တတ္သူက ဇာတ္လမ္းထဲမွာ အရက္ခ်ိဳးကပ္ေနသူလို သ႐ုပ္ေဆာင္ၾကသည္။အရက္ကို မျပတ္ေသာက္တတ္သူကလည္း၊ ဘုရားတကာလို သ႐ုပ္ေဆာင္သည္။အျပင္မွာ အက်င့္စာရိတၱေကာင္းမြန္ၿပီး၊ ခင္ပြန္းေကာင္းတစ္ေယာက္ ျဖစ္သူကလည္း ဇာတ္လမ္းအရ အက်င့္စ႐ိုက္ဆိုးသူ၊ မိန္းကေလးေတြကို ဘဝပ်က္ေအာင္ ဖ်က္ဆီးသူအျဖစ္ သ႐ုပ္ေဆာင္ရသည္။အျပင္မွာ မာနႀကီးသူသည္လည္း၊ ဇာတ္လမ္းထဲမွာ မာနကင္းၿပီး ႏွိမ့္ခ်႐ိုက်ိဳးသူအျဖစ္ သ႐ုပ္ေဆာင္ႏိုင္ၾကပါသည္။

တကယ္ေတာ့၊ သ႐ုပ္ေဆာင္ အႏုပညာရွင္မ်ားသည္ ဟန္ေဆာင္သူမ်ား ျဖစ္ပါသည္။အရက္သမားဟန္ေဆာင္သည္၊ ဘုရားတကာဟန္ေဆာင္သည္။မိန္းကေလးတစ္ေယာက္ကို ေစ့ေစ့မွမၾကည့္ရဲေသာ ႐ိုးသားသူအျဖစ္ ဟန္ေဆာင္သည္။မိန္းကေလးတစ္ေယာက္ကို အ႐ုပ္ကေလးတစ္႐ုပ္လို ကစားခ်င္တိုင္းကစား၊ ဖ်က္ဆီးခ်င္တိုင္း ဖ်က္ဆီးသူအျဖစ္ ဟန္ေဆာင္သည္။
သားသမီးေကာင္း၊ မိဘေကာင္းအျဖစ္ ဟန္ေဆာင္သည္။သားသမီးဆိုး၊ မိဘဆိုးအျဖစ္လည္း ဟန္ေဆာင္ၾကသည္။သို႔ေသာ္လည္း၊ သူတို႔ ဟန္ေဆာင္ျခင္းက အျပစ္ကင္းပါသည္။ပရိသတ္ကို ေပ်ာ္ေစခ်င္ေသာ၊ သင္ခန္းစာေကာင္း ရေစခ်င္ေသာ ေစတနာႏွင့္ ဟန္ေဆာင္ၾကျခင္းသာ ျဖစ္ပါသည္။ပရိသတ္ အထင္ႀကီးေအာင္၊ အထင္ေသးေအာင္ ဟန္ေဆာင္ျခင္းမဟုတ္ပါ။
ဇာတ္လမ္းအရ၊ ဇာတ္ေကာင္စ႐ိုက္ေပၚေအာင္ ဟန္ေဆာင္ေနၾကျခင္းသာ ျဖစ္ပါသည္။

တကယ့္လက္ေတြ႕ေလာကမွာေတာ့၊ လူတို႔သည္ သူမ်ားအထင္ႀကီးေအာင္ ဟန္ေဆာင္ၾကေလ၏။သူမ်ားယုံၾကည္လာေအာင္ ဟန္ေဆာင္ၾက၏။

ကိုယ္ခ်စ္ေသာ မိန္းကေလးက၊ ပန္းအလြန္ႀကိဳက္သျဖင့္ ေယာက်္ားတန္မဲ့ ပန္းခ်စ္သူအျဖစ္ ဟန္ေဆာင္ၾကသည္။တခ်ိဳ႕ဆိုလွ်င္ ခ်စ္သူမိန္းကေလး အထင္ႀကီးေအာင္၊ အိမ္မွာ ပန္းပင္စိုက္သည္။သို႔မဟုတ္ ပန္းပြင့္ေနေသာ ပန္းအိုးကို ဝယ္ယူ၍ အိမ္မွာထားသည္။ကိုယ့္ခ်စ္သူ မိန္းကေလးက၊ ကိုယ့္ကိုျပန္ခ်စ္လာေအာင္ ဟန္ေဆာင္ျခင္းျဖစ္၏။
ထိုဟန္ေဆာင္သူမ်ားသည္လည္း အျပစ္ကင္းသည္ဟု ဆိုႏိုင္ပါသည္။ထိုခ်စ္သူ မိန္းကေလးကို တကယ္တန္ဖိုးထား၍၊ ျမတ္ႏိုးၾကပါသည္။တကယ္လက္ထပ္ယူ၍ သားသမီးမ်ားႏွင့္ တကယ့္မိသားစုဘဝကို ဖန္တီးတည္ေဆာက္ၾကပါသည္။

အျပစ္မကင္းေသာ ဟန္ေဆာင္သူမ်ားလည္း ရွိပါသည္။မိန္းကေလးအႀကိဳက္ လိုက္၍ ဟန္ေဆာင္ေနၿပီး၊ ထိုမိန္းကေလးႏွင့္ အဆင္ေျပၿပီးေသာအခါ ေနာက္တစ္ေယာက္၊ ေနာက္တစ္ေယာက္ႏွင့္ ရည္းစားေတြ မႈိလိုေပါက္ေအာင္ ထားၾကသည္။ထိုမိန္းကေလးေတြကိုလည္း ႏွမခ်င္းမစာနာဘဲ ဖ်က္ဆီးလိုက္ေသး၏။

တကယ္ စာကိုစိတ္မဝင္စားဘဲ မိဘဆရာသမားမ်ား အထင္ႀကီးေအာင္ စာအုပ္ႏွင့္ မ်က္ႏွာမခြာဘဲ စာႀကိဳးစားသူအျဖစ္ ဟန္ေဆာင္ၾက၏။မိတ္ေဆြသူငယ္ခ်င္းမ်ားကိုလည္း သစၥာရွိသလို ဟန္ေဆာင္ေပါင္း၍ ကြယ္ရာတြင္ မေကာင္းေျပာေသာသူမ်ိဳးလည္းရွိ၏။တခ်ိဳ႕ဆိုလွ်င္ ေျခမသန္၊ လက္မသန္၊ အဂၤါခ်ိဳ႕ယြင္းသူအျဖစ္ ဟန္ေဆာင္ကာ ေတာင္းရမ္းစားေသာက္တတ္၏။

တခ်ိဳ႕လူမ်ား၏ ဟန္ေဆာင္ျခင္းမ်ားသည္ တစ္ဖက္လူအတြက္ အႏၲရာယ္ႀကီးလွ၏။လမ္းေပၚ၊ ကားေပၚ၊ ရထားေပၚမွာအဝတ္ေကာင္းေကာင္းဝတ္၊ အေမႊးရနံ႔ ဆြတ္ဖ်န္းၿပီး လူေကာင္းသူေကာင္း ဟန္ေဆာင္၍ ခါးပိုက္ႏႈိက္ၾကသည္။ကိုယ့္မွာ သားႀကီးမယားႀကီး ရွိပါလ်က္ႏွင့္ လူပ်ိဳလူလြတ္ ဟန္ေဆာင္ကာ အျခားမိန္းမပ်ိဳေလးမ်ားကို ခိုးယူေပါင္းသင္းၾက၏။
အျခားလူတစ္ေယာက္ကို မိတ္ေဆြဖြဲ႕၍ျဖစ္ေစ၊ ကိုယ့္ရွိရင္းစြဲ မိတ္ေဆြအေပၚမွာျဖစ္ေစ အတြင္းလူအျဖစ္ အခ်က္အလက္စုေဆာင္းၿပီး၊ ထိုမိတ္ေဆြအိမ္မွ ေငြေၾကးဥစၥာခိုးယူျခင္း၊ အႏုၾကမ္းစီး ဓါးျပတိုက္ျခင္းတို႔ ျပဳလုပ္တတ္ၾကသည္။

အလ်ဥ္းသင့္၍၊ ၅၅၀ ဇာတ္ေတာ္မွ ဟန္ေဆာင္ကြၽမ္းက်င္ေသာ ရေသ့တစ္ပါးအေၾကာင္း ေျပာျပခ်င္ပါသည္။

တစ္ခါက ႐ြာတစ္႐ြာမွာ သူႂကြယ္တစ္ေယာက္ရွိ၏။ထိုသူႂကြယ္သည္ ရေသ့တစ္ပါးကို ေတာေက်ာင္းတစ္ေက်ာင္းေဆာက္လုပ္လႉဒါန္းၿပီး ဆြမ္းကြမ္းကိစၥမ်ားလည္း လိုေလေသးမရွိေအာင္ ျပဳစုေထာက္ပံ့ထားသည္။သူႂကြယ္က ထိုရေသ့၏ အေျပာအဆို အေနအထိုင္ အျပဳအမူမ်ားအေပၚ အလြန္ၾကည္ညိဳ ေလးစားေလသည္။ၾကည္ညိဳစရာေကာင္းေသာ ထိုရေသ့၏ ဒါယိကာရင္းတစ္ေယာက္ အျဖစ္လည္း သူ႔ကိုယ္သူ ဂုဏ္ယူမဆုံးျဖစ္ေန၏။တစ္ေန႔တြင္ သူပိုင္ေသာ ေ႐ႊစင္ ပိႆာတစ္ရာကို ခိုးသူလုယက္သူမ်ားလက္မွ ႀကိဳတင္ကာကြယ္သည့္အေနႏွင့္ လွ်ိဳ႕ဝွက္သိမ္းဆည္းထားရန္ စဥ္းစားမိသည္။ဘယ္ေနရာမွာ သိမ္းဆည္းလွ်င္ ေကာင္းမလဲဟု ေတြးေတာရင္း သူေတာ္စင္ရေသ့ကို ျမင္ေယာင္ၿပီး အႀကံရသြားသည္။သို႔ႏွင့္ ရေသ့ရွိရာ ေက်ာင္းသခၤမ္းသို႔သြားသည္။ေက်ာင္းသခၤမ္းအတြင္းရွိ ေျမတစ္ေနရာတြင္ သူ၏ ေ႐ႊစင္ ပိႆာတစ္ရာကိုျမႇဳပ္ၿပီး ရေသ့အား ၾကည့္ရႈေစာင့္ေရွာက္ေပးပါရန္ ေလွ်ာက္ထားသည္။ထိုအခါ ရေသ့က ခါးခါးသီးသီးျငင္းသည္။သူေတာ္ေကာင္းႏွင့္ ေ႐ႊေငြရတနာ လုံးဝမအပ္စပ္ေၾကာင္း၊ ဝတၳဳပစၥည္း ကာမဂုဏ္တို႔ကို မုန္းတီး၍ လူဝတ္ေၾကာင္ကိုစြန႔္ကာ ရေသ့ဝတ္ခဲ့ေၾကာင္း၊ ထိုပစၥည္းတို႔သည္ သူ႔လို ရေသ့ရဟန္းအတြက္ ႐ြံစရာ။မသဒီစရာ အညစ္အေၾကးျဖစ္ေၾကာင္း ရွင္းျပသည္။ဒါယိကာ သူႂကြယ္သည္ ရေသ့ကို ေတာင္းပန္စကားေျပာရသည္။သို႔ေသာ္လည္း သူ၏ ေ႐ႊစင္မ်ားကိုမူ ပို၍စိတ္ခ်လက္ခ် ထားခဲ့သည္။

ရက္အနည္းငယ္ၾကာၿပီးေနာက္၊ ရေသ့က သူႂကြယ္ကို လာႏႈတ္ဆက္သည္။လူမ်ားႏွင့္ ေရာယွက္ေနထိုင္ျခင္းျဖင့္ ကိေလသာ အညစ္အေၾကးၾကားမွာ ေနရသလိုျဖစ္ေနေသာေၾကာင့္ ထိုအညစ္အေၾကးၾကားမွ ႐ုန္းထြက္၍ တစ္ဆင့္တက္ကာ တရားက်င့္ႀကံေတာ့မည္ျဖစ္ေၾကာင္းေျပာၿပီး ထြက္သြားေတာ့သည္။ရေသ့ထြက္သြားၿပီးေနာက္ မၾကာမီ ဘုရားေလာင္း ကုန္သည္သည္ ခရီးသြားရင္း သူႂကြယ္၏ ေနအိမ္၌ ခဏတာ တည္းခိုခြင့္ျပဳပါရန္ ခြင့္ေတာင္းသည္။သူႂကြယ္ကလည္း တည္းခိုခြင့္ျပဳလိုက္သည္။ထိုအခ်ိန္မွာပင္ ရေသ့ျပန္လာသည္ကို ေတြ႕သျဖင့္ သူႂကြယ္က အက်ိဳးအေၾကာင္း ေမးေလွ်ာက္သည္။ရေသ့က သူ၏ ဆံထုံးၾကားမွ ျမက္ပင္ေလးတစ္ပင္ကိုယူ၍ သူႂကြယ္ကိုေပးသည္။သူႂကြယ္၏ အိမ္အမိုးမွ ျမက္ပင္တစ္ပင္သည္ သူ၏ ဆံထုံးႏွင့္ၿငိ၍ ကပ္ပါသြားခဲ့ေၾကာင္း၊ အဒိႏၷာဒါန္ေျမာက္မည္စိုး၍ ထိုျမက္ပင္ကို ပိုင္ရွင္ သူႂကြယ္ထံ ျပန္လာအပ္ရျခင္းျဖစ္ေၾကာင္းေျပာၿပီး ျပန္ထြက္သြားသည္။

သူႂကြယ္က သူကိုးကြယ္ေသာ ရေသ့သည္ ထိုမွ်စင္ၾကယ္သူျဖစ္ေၾကာင္း ဂုဏ္ယူစြာေျပာသည္။အေတြ႕အႀကဳံမ်ား၍ ပညာဗဟုသုတႏွင့္ ျပည့္စုံေသာ ဘုရားေလာင္းက ထိုရေသ့ကို သကၤာမကင္း ျဖစ္မိသည္။ထို႔ေၾကာင့္ သူႂကြယ္ကို ထိုရေသ့ႏွင့္ ပစၥည္းဥစၥာ အဆက္အဆံ ရွိ၊ မရွိ ေမးသည္။ဘာအဆက္အဆံမွ မရွိေၾကာင္းႏွင့္ သူ၏ ေ႐ႊစင္ ပိႆာတစ္ရာ ေက်ာင္းသခၤမ္းထဲမွာ ျမႇဳပ္ထား၍ ထိုပစၥည္းမ်ားကို ၾကည့္ရႈထားပါရန္ ေျပာတာကိုပင္ လက္မခံေၾကာင္း ရွင္းျပသည္။

သူႂကြယ္စကား ၾကားသည္ႏွင့္ ဘုရားေလာင္းက ခ်က္ခ်င္းပင္ ထိုေ႐ႊစင္တစ္ရာ ျမႇဳပ္ႏွံထားေသာ ေနရာသို႔ လိုက္ျပခိုင္းသည္။ထိုေနရာသို႔ေရာက္၍ တူးေဖၚၾကည့္ေသာအခါ ေ႐ႊစင္တစ္စပင္ မက်န္ေတာ့သည္ကို ေတြ႕ရသည္။ႏွစ္ေယာက္သား ရေသ့သြားရာ လမ္းအတိုင္း လိုက္ခဲ့ရာ လမ္းတြင္ ထိုရေသ့ကို ေတြ႕ေလသည္။သူႂကြယ္က သူ၏ ေ႐ႊစင္တစ္ရာကို ယူသြားသလားဟု ေမးေသာအခါ ရေသ့က သူ႔လို သူေတာ္စင္ကို စြပ္စြဲရပါမည္လားဟု စိတ္ဆိုးမာန္ဆိုး ေျပာေလသည္။ဘုရားေလာင္းႏွင့္ သူႂကြယ္တို႔ႏွစ္ေယာက္ ရေသ့ကို ခ်ဳပ္ေႏွာင္၍ ဇြတ္အတင္းရွာေဖြေတာ့မွ သူႂကြယ္၏ ေ႐ႊစင္တစ္ရာကို ျပန္လည္ရရွိေလေတာ့သည္။

ဘုရားေလာင္း ကုန္သည္က "တခ်ိဳ႕လူမ်ားသည္ အံ့ဩစရာေကာင္းေလာက္ေအာင္ ဟန္ေဆာင္ေကာင္းၾကတယ္ သူႂကြယ္ႀကီး" ဟု မွတ္ခ်က္ခ်သည္။

ဟန္ေဆာင္သူတစ္ေယာက္မွာ ရည္႐ြယ္ခ်က္ရွိပါသည္။ဆိုးသည္ေကာင္းသည္မွာ ထိုရည္႐ြယ္ခ်က္ေပၚတြ င္မူတည္ပါသည္။ဆရာဝန္တစ္ေယာက္အျဖစ္ ဟန္ေဆာင္သူသည္ ဆရာဝန္အဝတ္အစား၊ ဆရာဝန္တစ္ေယာက္အတြက္ လိုအပ္ေသာ အသုံးအေဆာင္ပစၥည္း၊ ဆရာဝန္တစ္ေယာက္၏ လူနာအေပၚ ထားရွိရမည့္ စိတ္ေနစိတ္ထားမ်ားကို သိရွိၿပီး ထိုအတိုင္း
ျပင္ဆင္လုပ္ေဆာင္ၾကရသည္။အမွန္တကယ္ ေဆးကုသမႈ မေပးႏိုင္သည္ကလြဲလွ်င္ ဆရာဝန္တစ္ေယာက္ပုံစံ တကယ့္ကို ေပါက္ပါသည္။အျပင္ပန္းသက္သက္သာ ၾကည့္မည္ဆိုလွ်င္ သာမန္ ဆရာဝန္အစစ္တစ္ေယာက္ထက္ပင္ ပို၍ပီျပင္ၿပီး လူနာတစ္ေယာက္အတြက္ ပို၍အားကိုးခ်င္စရာ ေကာင္းေနေလသည္။သို႔ေသာ္ သူ႔ေစတနာ သူ႔ရည္႐ြယ္ခ်က္က တျခားလူေတြ အထင္ႀကီးေအာင္လုပ္ၿပီး မိန္းကေလးတစ္ေယာက္ကို ဆြဲေဆာင္ခ်င္၍လား၊ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ႏွင့္ ရင္းႏွီးခ်င္၍လား၊ သူရန္ၿငိဳးထားေသာ လူနာတစ္ေယာက္ကို အနီးကပ္ဒုကၡေပးခ်င္၍လား စသည့္ အေၾကာင္းတစ္ခုခုေၾကာင့္သာ ဟန္ေဆာင္ထားျခင္း ျဖစ္သည္။

ကေလးေမြးစားသူ အမ်ားစုကိုၾကည့္လွ်င္ ရည္႐ြယ္ခ်က္ေကာင္းမ်ား ေတြ႕ႏိုင္သည္။တစ္သက္လုံး မိဘအရင္းလို ဟန္ေဆာင္သြားၾကသည္။တခ်ိဳ႕ဆိုလွ်င္ မူလပတ္ဝန္းက်င္ကိုစြန႔္၍ ေနရာေဒသအသစ္၊ ပတ္ဝန္းက်င္အသစ္မွာ ေနထိုင္ၿပီး မိသားစုကမာၻေလး တည္ေဆာက္သြားၾကသည္။သူတို႔ရည္႐ြယ္ခ်က္မွာ မိဘႏွင့္သားသမီး ရင္းရင္းႏွီးႏွီး၊ ေႏြးေႏြးထြးေထြး ေမတၱာထားႏိုင္ရန္၊ သားသမီးဘ၀ တိုးတက္ေကာင္းမြန္ေရးအတြက္ ျပဳစုပ်ိဳးေထာင္ရာ၌ အေႏွာင့္အယွက္ အဟန႔္အတား အထစ္အေငါ့မရွိဘဲ၊ စိတ္ဝမ္းမကြဲဘဲေ ေစာင့္ေရွာက္သြားရန္ ျဖစ္သည္။ေကာင္းေသာ၊ အျပစ္ကင္းေသာ၊ အက်ိဳးရွိေသာ၊ မြန္ျမတ္ေသာ ဟန္ေဆာင္မႈျဖစ္သည္။

အခ်ိဳ႕သူမ်ားက်ေတာ့ ဟန္ေဆာင္ပန္ေဆာင္ ေမြးစားၿပီး ေနာက္ပိုင္းမွာ ထိုကေလးကို ခိုင္းစား၊ ေရာင္းစားျခင္းမ်ားျပဳ၍ ကိုယ္က်ိဳးရွာၾကေလသည္။ထိုသူမ်ိဳးသည္ ဒုကၡေရာက္ေနသူမ်ားကို တကယ္မကယ္တင္ဘဲ ကယ္တင္ခ်င္ဟန္ေဆာင္၍ ဒုကၡထပ္ေပးၾကသည္။အိမ္ေထာင္ဦးစီး မရွိေတာ့၍ မုဆိုးမဘဝႏွင့္ သားသမီးမ်ားအား ထိန္းသိမ္းေစာင့္ေရွာက္ေနသူကို ခ်ဥ္းကပ္သည္။တကယ့္ေယာက်ၤားေကာင္း၊ ခင္ပြန္းေကာင္း ဟန္ေဆာင္သည္။သားသမီးမ်ားအေပၚ ဖခင္ေကာင္း ဟန္ေဆာင္သည္။မၾကာမီ မင္းသားေခါင္းကြၽတ္၍ ဘီလူးေခါင္းေပၚလာသည္။မိန္းမလုပ္စာကို အခန႔္သားထိုင္စား႐ုံမကဘဲ ဖဲ႐ိုက္ အရက္ေသာက္ သုံးျဖဳန္းပစ္သည္။အေဖအရင္းလို အားကိုးေနရွာေသာ မိန္းကေလးကို သားမယားျပဳ၍ ဘဝကိုဖ်က္ဆီးသည္။သူဟန္ေဆာင္သည့္ ရည္႐ြယ္ခ်က္ကိုက သူ႔ေလာဘ။သူ႔ရာဂအတြက္ ျဖစ္သည္။

သူခိုးတစ္ေယာက္ ဝင္ခိုးလွ်င္ ေငြေၾကးအခ်ိဳ႕ ပစၥည္းအခ်ိဳ႕သာ ဆုံးရႈံးသည္။ဓါးျပတိုက္ခံရလွ်င္ ေငြေၾကးအေတာ္မ်ားမ်ား ပါသြားေသာ္လည္း လွ်ိဳ႕ဝွက္သိမ္းထားေသာ ပစၥည္းမ်ား၊ အိမ္တြင္းပစၥည္းမ်ား က်န္ေသးသည္။တစ္အိမ္လုံး မီးေလာင္လွ်င္ေတာင္ အတြင္းပစၥည္းမ်ား၊ ေငြေၾကးမ်ား က်န္ေသးသည္။အိမ္ေထာင္ဦးစီးတစ္ေယာက္ ေဖါက္ျပန္လွ်င္ေတာ့ ေျမမွာျမႇဳပ္ထားေသာ အထုပ္အထည္ေရာ။ဘဏ္မွာအပ္ထားေသာ ေငြေၾကးေရာ ဘာတစ္ခုမွ မက်န္ႏိုင္ေတာ့ေပ။

ထိုသို႔ အမ်ားႏွင့္ဆိုင္ေသာ၊ အမ်ားကိုအုပ္ခ်ဳပ္ခြင့္ရေနေသာ၊ အမ်ားကေခါင္းေဆာင္ေကာင္းဟု ယုံၾကည္ထားေသာ၊ ထိုသို႔ယုံၾကည္ေလာက္ေအာင္ ဟန္ေဆာင္ထားသူမ်ားကေတာ့ အျပစ္ႀကီးသမားမ်ားဟု ဆိုရမည္ထင္ပါသည္။

အိမ္ေထာင္ဦးစီးတိုင္း လူဆိုးမဟုတ္သလို၊ အိမ္ေထာင္ဦးစီးတိုင္း လူေကာင္းမဟုတ္ပါ။အဖြဲ႕အစည္းေခါင္းေဆာင္တိုင္း လူဆိုးမျဖစ္ႏိုင္သလို၊ အဖြဲ႕အစည္းေခါင္းေဆာင္တိုင္း လူေကာင္းမျဖစ္ႏိုင္ပါ။

ဥပေဒအျပင္ဘက္၊ ေတာတြင္းေနရာမ်ားမွာ လူဆိုးလူဆိုးခ်င္းမို႔" ငါေခါင္းေဆာင္ေကာင္း" ဟု ေျပာခ်င္မွေျပာပါမည္။"ငါ ေခါင္းေဆာင္ဆိုးကြ" ဟုပင္ challenge လုပ္၍ ေျပာခ်င္ေျပာပါလိမ့္မည္။

မိသားစု၊ ဘာသာေရး၊ လူမႈေရး၊ စီးပြားေရး၊ ပညာေရး၊ စသည့္ အဖြဲ႕အစည္းမ်ားသည္ လူဆိုးလူမိုက္မ်ား ဖြဲ႕စည္းထားျခင္းမဟုတ္ပါ။ေယဘုယ်အားျဖင့္ ႐ိုးသားသူမ်ား၊ လူေကာင္းမ်ား ဖြဲ႕စည္းထားသည္ဟုပင္ ဆိုႏိုင္ပါသည္။ထိုအဖြဲ႕အစည္းမ်ိဳးတြင္ "ငါ ေခါင္းေဆာင္ဆိုးကြ" ဟု မည္သူမွမေျပာပါ။တကယ္ေခါင္းေဆာင္ေကာင္းအစစ္ ျဖစ္လွ်င္ျဖစ္၊ သို႔မဟုတ္လွ်င္ ေခါင္းေဆာင္ေကာင္းအျဖစ္ ဟန္ေဆာင္ၾကရပါမည္။

"ထႂကြႏိုးၾကား၊ သနားသည္းခံ၊ ေဝဖန္ေထာက္ရႈ" ၍ အမ်ားအတြက္ အသက္ေပးရန္ ဝန္မေလးဘဲ၊ ကိုယ္က်ိဳးစြန႔္ေသာ၊ မ်က္ႏွာဖုံးစြပ္စရာမလိုေသာ ေခါင္းေဆာင္မ်ားျဖစ္လွ်င္ေတာ့ ထိုအဖြဲ႕အစည္း၊ ထိုေျမထိုေဒသ၊ ထိုႏိုင္ငံမွာရွိသူ အားလုံးအတြက္ အလြန္ကံေကာင္းေသာ လက္ေဆာင္ very lucky present ဆိုတာ အေသအခ်ာပါ။

သို႔ေသာ္လည္း "ငါၿပီးေတာ့ ငါ့မယား၊ ငါ့သမီးနဲ႔ ငါ့သား၊ ငါ့ေျမးနဲ႔ တပည့္မ်ား၊ ငါ့ကိုဖါးသူမ်ား၊ ေငြလိုလား ေ႐ႊလိုလား၊ လာထား။ငါ့ကိုမေက်နပ္ဘူးလား၊ ငါ့ကိုဆန႔္က်င္တာလား၊ ငါ့ကိုေဝဖန္သူမ်ား၊ ငါ့မ်က္ႏွာဖုံးဆြဲခြၽတ္မွာလား၊ ၿမိဳ႕ထဲကထြက္သြား၊ ႏိုင္ငံထဲကထြက္သြား၊ သြားခ်င္သလိုသြား၊ မသြားခ်င္ေထာင္ထဲသြား၊ ေတာထဲသြား၊ မသြားခ်င္ဘူးလား၊ ဒါဆိုရင္ေတာ့ေသထား" ဆိုသည့္ ေခါင္းေဆာင္မ်ိဳးႏွင့္ ဆုံလွ်င္ေတာ့ အားလုံးအတြက္ အလြန္ကံမေကာင္းေသာ လက္ေဆာင္ very unlucky present ပဲ ျဖစ္ရမွာပါ။သူက ေခါင္းေဆာင္ေကာင္းအျဖစ္ ဟန္ေဆာင္ေတာ့မွာေလ။

အမ်ားအတြက္၊ အဖြဲ႕အစည္းအတြက္ ကူညီေပးသူအျဖစ္၊ ကယ္တင္ရွင္အျဖစ္ ဟန္ေဆာင္ပန္ေဆာင္ ေနရာယူၿပီး ေငြေၾကးပစၥည္းဥစၥာေတြ ယူခ်င္သလိုယူ၊ သုံးခ်င္သလိုသုံး၊ ျဖဳန္းခ်င္သလိုျဖဳန္း၊ အိုးအိမ္ၿခံေျမ လယ္ေျမေတြ သိမ္းခ်င္သလိုသိမ္း၊ သူတို႔ဆႏၵရွိသူမ်ား လက္သို႔ ေပးခ်င္သလိုေပး၊ တကယ့္ပိုင္ရွင္အစစ္ေတြကိုေတာ့ က႐ုဏာမသက္၊ ရက္ရက္စက္စက္ႏွင့္ ဖမ္းခ်င္သလိုဖမ္း၊ သတ္ခ်င္သလို သတ္လုပ္ေပေတာ့မည္။

အခ်ိဳ႕အသည္းမာေသာ မ်က္ႏွာဖုံးရွင္မ်ားဆိုလွ်င္ သူတို႔၏ မ်က္ႏွာဖုံးကြၽတ္က်သြားသည္ကို အမ်ားက ကြင္းကြင္းကြက္ကြက္ ျမင္သြားၿပီး သူတို႔၏ ဟန္ေဆာင္ထားေသာ မင္းသားမ်က္ႏွာဖုံးကြၽတ္၍ ဘီလူး႐ုပ္ေပၚလာသည္ကိုပင္ ကပ်ာကယာႏွင့္ အရွက္ေျပ မင္းသားမ်က္ႏွာဖုံးကိုလည္း ေကာက္မစြပ္၊ အရွက္မေျပႏိုင္ေအာင္ ျဖစ္ၿပီးေတာ့လည္း ထြက္မေျပးဘဲ အစြယ္ျပဴးျပဴး ေသြးသံရဲရဲ ပါးစပ္ႀကီးၿဖဲလ်က္ "ငါက မင္းသားကြ၊ ငါက မင္းတို႔ရဲ႕ကယ္တင္ရွင္ကြ၊ ငါက အမ်ိဳးခ်စ္သူကြ၊ ငါက ႏိုင္ငံခ်စ္သူကြ၊ ငါ့ကို မင္းတို႔အားလုံးက သမိုင္းဝင္ ကယ္တင္ရွင္ ေခါင္းေဆာင္ေကာင္းႀကီးအျဖစ္ အၿမဲဦးၫြတ္ေနၾကရမယ္ကြ" ဟု ေအာ္ဟစ္ေနတတ္ၾကျပန္ေသး၏။

တကယ္ကို တခ်ိဳ႕လူမ်ားသည္ အံ့ဩစရာေကာင္းေလာက္ေအာင္ ဟန္ေဆာင္ေကာင္းၾကပါသည္။

ျပင္ပက ႏိုင္ငံျခားသား ဘီလူးေတြကလည္း ကူညီသူလိုလို ကယ္တင္ရွင္လိုလိုႏွင့္ ဒီေျမဒီလူေတြကို မင္းသားေခါင္း မ်က္ႏွာဖုံးစြပ္၍ ဒုကၡေပးခဲ့ပါသည္။

အတြင္းက အမ်ိဳးသား ဘီလူးအခ်ိဳ႕ကလည္း ကူညီသူလိုလို၊ ကယ္တင္ရွင္လိုလိုႏွင့္ ဒီေျမဒီလူေတြကို မင္းသားေခါင္း မ်က္ႏွာဖုံးစြပ္၍ ဒုကၡေတြေပးခဲ့ပါၿပီ။

လက္ရွိေခါင္းေဆာင္မ်ား အလွည့္ေရာက္ပါၿပီ။ကိုယ္တိုင္ မစြမ္းေဆာင္ႏိုင္ေသာ အမ်ားစုက ကိုယ္စားလွယ္အျဖစ္ တင္ေျမႇာက္ထားေသာ ေခါင္းေဆာင္မ်ား၊ မိမိဆႏၵအရ အမ်ိဳးခ်စ္စိတ္၊ ႏိုင္ငံခ်စ္စိတ္၊ တရားမွ်တလို စိတ္မ်ားႏွင့္ လႈပ္ရွားေဆာင္႐ြက္ေနေသာ ေခါင္းေဆာင္မ်ား၊ မ်ိဳးဆက္ညံ့ေသာ္လည္း အမွန္အမွားခြဲျခားႏိုင္သည့္ ထူးကဲေသာ အသိ၊ သတိ၊ သတၱိတို႔ႏွင့္ သမိုင္းအသစ္ကို ေရးလိုေသာ ေခါင္းေဆာင္မ်ားပါ။

ျပည္သူအမ်ားက ဆုေတာင္းေနၾကပါလိမ့္မည္။ႏိုင္ငံအတြက္၊ လူမ်ိဳးအတြက္၊ ျပည္သူအားလုံးအတြက္ အားရွိစရာ၊ အားကိုးစရာ ျဖစ္ပါေစဟု။

႐ိုက္ေမာင္း
ဇူလိုင္ - ၃