【 ဆောင်းပါး 】 ''အကြင်နာက အကန့်အသတ်ရှိတယ်''

【 ဆောင်းပါး 】 ''အကြင်နာက အကန့်အသတ်ရှိတယ်''

ဘာပဲပြောပြော ကြင်နာတတ်လိုက်တာလို့ပြောရင် အင်မတန်နားထောင်ကောင်းပါတယ်။ဒါပေမယ့် တစ်ခါတလေကျတော့လည်း အကြင်နာဆိုတာ အကန့်အသတ်လေးတော့ ထားမှကောင်းမှာပါ။

လူအချင်းချင်း ကြင်နာတတ်တဲ့သူနဲ့ တိရစ္ဆာန်လေးတွေအပေါ် ကြင်နာတတ်တဲ့သူနဲ့ အကြင်နာအမျိုးမျိုးကြားမှာ ရိုးသားစွာ ဂရုဏာသက်ကြတဲ့သူတွေလည်း အများသားပေပဲကိုး။ကိုယ်ကြင်နာတတ်တာက ကိုယ့် right ဆိုတဲ့ ကိုယ့်အခွင့်အရေးဖြစ်သလိုပဲ၊ သူမကြင်နာတတ်တာကလည်း သူ့ right သူ့အခွင့်အရေးဖြစ်တယ်ဆိုတာကိုတော့ ဒီမိုကရေစီနည်းကျကျ နားလည်ပေးရမှာပါပဲ။

ဒီမိုကရေစီနည်းကျကျဆိုလို့ တစ်ခုသွားသတိရပါတယ်။တချို့ကပြောတယ်။ဖင်ပေါ်ခေါင်းပေါ်ဝတ်ပြီး ကြော်ငြာတယ်၊ ရုပ်ရှင်ရိုက်တယ်။ပြီးတော့ လူကြားထဲ ဟိုပွဲတက် ဒီပွဲတက်နဲ့ မောင်နဲ့နှမ၊ သားနဲ့အမိ၊ သမီးနဲ့အဖေ မြင်လို့မသင့်တော်တော့ ဝေဖန်ကြတာပေါ့။အဲဒီလိုအဝေဖန်ခံရသူတွေက ဘာပြောလည်းဆိုတော့ ဒါ ဒီမိုကရေစီပဲလေတဲ့။
ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိသလို ကိုယ်ကြိုက်တာ ကိုယ်ဝတ်ခွင့်ရှိပြီး ကိုယ်နေချင်သလို နေလို့ရတယ်တဲ့။အဲဒီလိုပြောတဲ့သူက သူ့ကိုယ်သူတော့ ဒီမိုကရေစီစံနှူန်းတွေကို အသိကြွယ်လို့ ရဲရဲဝင့်ဝင့်နဲ့ကို ပြန်ရန်တွေ့နိုင်ပြီဟဲ့ဆိုပြီး ဂုဏ်ယူတဲ့လေသံနဲ့ပေါ့။သူအဲဒီလိုပြောကတည်းက သူ့ဝမ်းစာ သူ့အတွေးအခေါ် ဘယ်လောက်ထိပဲ ရှိတယ်ဆိုတာကို ကိုယ်ညံ့တာ ကိုယ်ဖော်သလို ဖြစ်တယ်ဆိုတာလည်း သိပုံမရပါဘူး။

ဘာပြောချင်တာလဲဆိုတော့ အရာရာမှာ အကန့်အသတ်နဲ့ စည်းကမ်းဆိုတာ ရှိတယ်ဆိုတာ ခုနကလို ပြောတဲ့သူတွေ မသိတာပါ။ဒီမိုကရေစီကွဆိုပြီး ကိုယ်မကျေနပ်တိုင်း ထိုင်ပြီးအော်ဆဲနေလို့မရသလို ကိုယ်လုပ်ချင်တိုင်းလဲ လုပ်ချင်တာကို စည်းလွတ်ဝါးလွတ်နဲ့ အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာဆိုသလို လုပ်လို့တော့မရပါဘူး။

ကိုယ်နေထိုင်တဲ့ လူ့အသိုင်းအဝိုင်း လူ့ယဉ်ကျေးမှူနဲ့ ကိုးကွယ်ရာဘာသာ ရိုးရာဓလေ့တွေကြားမှာ အံဝင်ဂွင်ကျနေတတ်ဖို့လည်း လိုပါတယ်။အဲဒီလိုနေတတ်ဖို့လည်း နိုင်ငံတိုင်း လူ့အဖွဲ့အစည်းတိုင်းမှာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ထိန်းကျောင်းရစမြဲပါ။ရှေ့မှာပြောခဲ့တာကို ပြန်ဆက်ရရင် ဒီမိုကရေစီနည်းကျ ကိုယ်လုပ်ချင်တာ လုပ်ကြတဲ့နေရာမှာ ကြင်နာချင်ရင်တောင် ကြင်နာချင်တိုင်း ဇွတ်ကြင်နာ၊ သနားချင်တိုင်း ဇွတ်သနားလို့တော့ မရပါဘူး။လူလူချင်း ကြင်နာတာ သနားတာ ပြဿနာမဟုတ်ပေမယ့် လူကနေ တိရစ္ဆာန်တွေအပေါ် အခုနောက်ပိုင်း အင်မတန်ကြင်နာသနားတတ်သူတွေ ပေါလာတာမို့ အနည်းငယ်တော့ ပြဿနာရှိလာတာ တွေ့ရပါတယ်။

လူလူချင်း ကြင်နာသနားတိုင်းလည်း ပြဿနာမရှိဘူးလို့ တရားသေ မသတ်မှတ်လိုက်ပါနဲ့။သူခိုးဓားပြ မုဒိမ်းကောင်ကို ကြင်နာလို့ သနားလို့ပါဆိုပြီး အိမ်ခေါ်လက်ခံစောင့်ရှောက်ထားလို့ကတော့ ကိုယ်ပါ တရားခံနဲ့ အလိုတူအလိုပါ သူ့အမှူတွဲထဲပါပြီး တရားခံကို သိရက်နဲ့လက်သင့်ခံထားပါတယ်ဆိုပြီး အဖမ်းခံရမှာပါ။ဒါကြောင့်ပြောတာပေါ့ လူလူချင်းတောင် ကြင်နာတာ သနားတာက အကန့်အသတ်ရှိတယ်လို့။

နောက်တစ်ခုက လူကနေ တိရစ္ဆာန်တွေကို ကြင်နာတာ သနားတာတွေနဲ့ ပတ်သက်လို့ ဘာပြဿနာရှိနိုင်လဲဆိုတာကို ကိုယ်တွေ့ကြုံတာလေးတွေနဲ့ ယှဉ်တွဲပြီး ပြောပြချင်ပါတယ်။အခုခေတ်အများစုက ဝန်းနဲ့ခြံနဲ့ နေနိုင်သူတွေထက် ကန်ထရိုက်တိုက်လို အခန်းကျဉ်းတွေနဲ့နေရတဲ့ လူတန်းစားက ပိုများပါတယ်။ဒီအထဲမှာတောင် ကိုယ်ပိုင်တိုက်ခန်း မဝယ်နိုင်လို့ ငှါးနေကြရတဲ့ လူတွေလည်း အများအပြားရှိပါတယ်။ရန်ကုန်မြို့လိုနေရာမှာ ပိုဆိုးတာပေါ့။ကျောတစ်ခင်းစာ နေရာတစ်ခုရဖို့အရေး အင်မတန်မှခက်ခဲပါတယ်။

ဝန်းနဲ့ခြံနဲ့ နေနိုင်သူတွေက တိရစ္ဆာန်လေးတွေကို သနားလို့ကြင်နာလို့ဆိုပြီး အိမ်မှာမွေးကြတာ ပြဿနာမရှိသလိုဘဲ ကိုယ့်ခြံကိုယ့်ဝန်းထဲမှာပဲ အစာခေါ်ကျွေးကြတာ ပြဿနာမရှိပါဘူး။ဒါပေမယ့် တချို့ကအဲဒီလိုမဟုတ်ပါဘူး။နေတော့ ကန်ထရိုက်တိုက်ခန်းနဲ့။ခွေးတွေ၊ ကြောင်တွေ မွေးကြတယ်။ဒီလိုမွေးတဲ့အထိ ပြဿနာမဟုတ်သေးပေမယ့် စည်းနဲ့ကမ်းနဲ့မမွေးဘဲ အများပြည်သူနဲ့ဆိုင်တဲ့ အများပြည်သူတွေ သွားလာတဲ့ နေရာတွေမှာ စည်းမရှိကမ်းမရှိ ကိုယ်မွေးထားတဲ့ တိရစ္ဆာန်တွေကို လွှတ်ကျောင်းကြပါတယ်။ချီးတွေသေးတွေနဲ့ ပေပွပြီး အနံ့အသက်ကလည်း ပတ်ဝန်းကျင်မှာ အတော်ကိုဆိုးရွားပါတယ်။တချို့က ကိုယ်တိုင်ကတော့ မွေးမထားပေမယ့် လမ်းပေါ်က တွေ့သမျှ ခွေးကြောင် အကုန်လုံးကို တိုက်ခန်းလှေကားနဲ့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်တစ်ဝိုက်မှာ အစာခေါ်ကျွေးကြတာက ရှိပါသေးတယ်။ခွေးနဲ့ကြောင်တွေတင် မကပါဘူး ခို၊ ကျီးကန်းနဲ့ စာကလေးတွေ အစာကျွေးတယ်ဆိုပြီး တိုက်ခန်းတွေအပေါ်ကနေ ထမင်းလုံးတွေ၊ စပါးစေ့တွေကို နောက်ဖေးလမ်းကြားနဲ့ တိုက်ခန်းရှေ့ မျက်နှာစာတွေမှာပါ အစာကျွေးကြပါတယ်။

အဲဒီလိုကျွေးတော့ အစာကြွင်းအစာကျန်တွေကို ကြွက်တွေက လာစားပါတယ်။အဲဒီလို ကြွက်တွေလာစားတော့ တိုက်တွေရှေ့မှာ ကြွက်တွင်းတွေဖောက်၊ ဖောက်တဲ့ကြွက်တွင်းတွေထဲ ရေတွေဝင်ပြီး လမ်းတွေပျက် တိုက်တွေရှေ့ အပေါက်ဗလပွနဲ့ တိုက်ကြံ့ခိုင်ရေးကိုတောင် စိုးရိမ်စရာရှိလာပါတယ်။အဲဒီလိုပဲ နောက်ဖေးလမ်းကြားတွေထဲ တိရစ္ဆာန်တွေကို အစာကျွေးတော့ ကြွက်တွေလာ ကြွက်တွင်းတွေဖြစ်ပြီး ရေတွေဝင်လို့ အိမ်သာကြွင်းလျှံတာတွေဖြစ်တဲ့ တိုက်တွေတောင် ရှိပါတယ်။

ကိုယ်နေတဲ့ တိုက်မှာဆို လူနေတဲ့ငါးခန်းမှာ နှစ်ခန်းက ခွေးမွေးထားပါတယ်။သူတို့ဘာသာမွေးပြီး သူတို့တိုက်ခန်းထဲထားတာ ပြဿနာမရှိပါဘူး။အခုကတော့ အဲဒီလိုမဟုတ်ပါဘူး။တိုက်ခန်းလှေကားမှာ လမ်းပိတ်ပြီး တုံးတွေဖော့တွေချပြီး ခွေးကျောင်းထားပါတယ်။ လှေကားအတက်အဆင်း လုပ်ချိန်များဆို တိရစ္ဆာန်ရုံထဲ ဝင်လိုက်သလား အောက်မေ့ရတယ်။တိရစ္ဆာန်အနံ့တွေကို နံဟောင်နေတာပါပဲ။တစ်ခါတလေ ကိုယ့်ခွေးကိုယ်မွေးရတာ အားမရလို့ လမ်းကခွေးတွေပါ လှေကားမှာ အစာခေါ်ကျွေးတော့ ချီးတွေသေးတွေပါနဲ့ အမြင်မတော်သူက ခဏခဏသန့်ရှင်းရေးလုပ်ရပါတယ်။

ဒါနဲ့ဒီလို တိရစ္ဆာန်လေးတွေ ကျွေးချင်မွေးချင် ကြင်နာချင်တယ်ဆိုရင်တော့ သိထားသင့်တဲ့ ဥပဒေကန့့်သတ်ချက်လေးတွေ ရှိတယ်ဆိုတာကို ပြန်လည်မျှဝေပေးချင်ပါတယ်။ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂ဝ၁၈ ခုနှစ်) အရ တားမြစ်ထားတာ၊ အရေးယူနိုင်တာ ဖြစ်ပါတယ်။

မြို့တော်နယ်နိမိတ်အတွင်းမှာ ကော်မတီက ထုတ်ပေးတဲ့ မှတ်ပုံတင်လက်မှတ် ဒါမှမဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူတာ၊ ထုတ်လုပ်တာ၊ သိုလှောင်တာ၊ သယ်ဆောင်တာ၊ ရောင်းချတာမလုပ်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၂၁ (ခ) အရ တားမြစ်ထားပြီး ပထမအကြိမ် ဖောက်ဖျက်ကျူးလွန်ရင် ငွေဒဏ် ကျပ် (၁) သိန်းကနေ ကျပ် (၅) သိန်းအထိ ချမှတ်နိုင်ပြီး ထပ်မံကျူးလွန်ရင်တော့ ထောင်ဒဏ် (၆) လအထိ ချမှတ်ရမယ်ဆိုပြီး ပုဒ်မ ၃၂၄ မှာ ပြဌာန်းထားပါတယ်။

အလားတူပဲ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဖုန်မှုန့်၊ အညစ်အကြေး၊ စက္ကူပုံး၊ စက္ကူစ၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်ခွက်၊ ပလတ်စတစ်အိတ် စတဲ့ အမှိုက်သရိုက်တွေ၊ တိရစ္ဆာန်အသေကောင်၊ အမှိုက်ပုံး၊ အမှိုက်အိတ်၊ အမှိုက်ထုပ် စတဲ့ အနံ့ဆိုးထွက်တဲ့ ပစ္စည်းတွေ ဒါမှမဟုတ် ဘယ်အရာဝတ္ထုကိုမဆို ထားရှိတာ၊ ပစ်ချတာ၊ လွှင့်ပစ်တာ၊ တိရစ္ဆာန်တွေကို အစားအစာကျွေးမွေးတာတွေ မလုပ်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၂၂ (မ) အရ တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ရင် ငွေဒဏ် ကျပ် (၅) သောင်းကနေ ကျပ် (၁) သိန်းအထိဖြစ်ဖြစ်၊ ထောင်ဒဏ် (၃) လအထိဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်ဆိုပြီး ပုဒ်မ ၃၂၄ မှာ ဆိုပါတယ်။

ဒီဥပဒေအရ အရေးယူတဲ့ပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။နောက်ပြီး ဒီဥပဒေအရ စွဲဆိုတဲ့ ပြစ်မှုတစ်ရပ်ရပ်နဲ့ စပ်လျဉ်းပြီး စွဲဆိုတဲ့ကိစ္စမှာ ပြစ်မှုကျူးလွန်တဲ့ နေ့ရက်ကနေ သုံးနှစ်အတွင်း ဒါမှမဟုတ် ပြစ်မှုကျူးလွန်တာကို သက်ဆိုင်ရာ တာဝန်ရှိသူအရာရှိ၊ အမှုထမ်းတစ်ဦးဦးက သိရှိတဲ့နေ့ကနေ သုံးနှစ်အတွင်း တိုင်တန်းချက်အရ မဟုတ်ရင် ဘယ်တရားရုံးကမျှ အရေးမယူရဆိုပြီး ပြဌာန်းထားတာမို့ ကိုယ်ကနစ်နာပြီဆိုရင်တော့ မြန်နိုင်သမျှ မြန်မြန်သာ သက်ဆိုင်ရာကို တိုင်တန်းကြပါလို့ နှိူးဆော်လိုက်ပါရစေ။

ဒါကြောင့် တစ်ဖက်သားကို ကြင်နာတာသနားတာ ကောင်းတယ်ဆိုပေမယ့် တချို့အကြင်နာတရားတွေမှာတော့ အကန့်အသတ်လေးတွေ ရှိပါတယ်လို့ အပြုသဘောဆောင် အကြံပေးလိုက်ပါရစေ။

သာဓက
သြဂုတ် - ၇

( Zawgyi )

ဘာပဲေျပာေျပာ ၾကင္နာတတ္လိုက္တာလို႔ေျပာရင္ အင္မတန္နားေထာင္ေကာင္းပါတယ္။ဒါေပမယ့္ တစ္ခါတေလက်ေတာ့လည္း အၾကင္နာဆိုတာ အကန႔္အသတ္ေလးေတာ့ ထားမွေကာင္းမွာပါ။

လူအခ်င္းခ်င္း ၾကင္နာတတ္တဲ့သူနဲ႔ တိရစာၦန္ေလးေတြအေပၚ ၾကင္နာတတ္တဲ့သူနဲ႔ အၾကင္နာအမ်ိဳးမ်ိဳးၾကားမွာ ႐ိုးသားစြာ ဂ႐ုဏာသက္ၾကတဲ့သူေတြလည္း အမ်ားသားေပပဲကိုး။ကိုယ္ၾကင္နာတတ္တာက ကိုယ့္ right ဆိုတဲ့ ကိုယ့္အခြင့္အေရးျဖစ္သလိုပဲ၊ သူမၾကင္နာတတ္တာကလည္း သူ႔ right သူ႔အခြင့္အေရးျဖစ္တယ္ဆိုတာကိုေတာ့ ဒီမိုကေရစီနည္းက်က် နားလည္ေပးရမွာပါပဲ။

ဒီမိုကေရစီနည္းက်က်ဆိုလို႔ တစ္ခုသြားသတိရပါတယ္။တခ်ိဳ႕ကေျပာတယ္။ဖင္ေပၚေခါင္းေပၚဝတ္ၿပီး ေၾကာ္ျငာတယ္၊ ႐ုပ္ရွင္႐ိုက္တယ္။ၿပီးေတာ့ လူၾကားထဲ ဟိုပြဲတက္ ဒီပြဲတက္နဲ႔ ေမာင္နဲ႔ႏွမ၊ သားနဲ႔အမိ၊ သမီးနဲ႔အေဖ ျမင္လို႔မသင့္ေတာ္ေတာ့ ေဝဖန္ၾကတာေပါ့။အဲဒီလိုအေဝဖန္ခံရသူေတြက ဘာေျပာလည္းဆိုေတာ့ ဒါ ဒီမိုကေရစီပဲေလတဲ့။
ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ခြင့္ရွိသလို ကိုယ္ႀကိဳက္တာ ကိုယ္ဝတ္ခြင့္ရွိၿပီး ကိုယ္ေနခ်င္သလို ေနလို႔ရတယ္တဲ့။အဲဒီလိုေျပာတဲ့သူက သူ႔ကိုယ္သူေတာ့ ဒီမိုကေရစီစံႏႉန္းေတြကို အသိႂကြယ္လို႔ ရဲရဲဝင့္ဝင့္နဲ႔ကို ျပန္ရန္ေတြ႕ႏိုင္ၿပီဟဲ့ဆိုၿပီး ဂုဏ္ယူတဲ့ေလသံနဲ႔ေပါ့။သူအဲဒီလိုေျပာကတည္းက သူ႔ဝမ္းစာ သူ႔အေတြးအေခၚ ဘယ္ေလာက္ထိပဲ ရွိတယ္ဆိုတာကို ကိုယ္ညံ့တာ ကိုယ္ေဖာ္သလို ျဖစ္တယ္ဆိုတာလည္း သိပုံမရပါဘူး။

ဘာေျပာခ်င္တာလဲဆိုေတာ့ အရာရာမွာ အကန႔္အသတ္နဲ႔ စည္းကမ္းဆိုတာ ရွိတယ္ဆိုတာ ခုနကလို ေျပာတဲ့သူေတြ မသိတာပါ။ဒီမိုကေရစီကြဆိုၿပီး ကိုယ္မေက်နပ္တိုင္း ထိုင္ၿပီးေအာ္ဆဲေနလို႔မရသလို ကိုယ္လုပ္ခ်င္တိုင္းလဲ လုပ္ခ်င္တာကို စည္းလြတ္ဝါးလြတ္နဲ႔ အကြပ္မရွိတဲ့ၾကမ္း ပရမ္းပတာဆိုသလို လုပ္လို႔ေတာ့မရပါဘူး။

ကိုယ္ေနထိုင္တဲ့ လူ႔အသိုင္းအဝိုင္း လူ႔ယဥ္ေက်းမႉနဲ႔ ကိုးကြယ္ရာဘာသာ ႐ိုးရာဓေလ့ေတြၾကားမွာ အံဝင္ဂြင္က်ေနတတ္ဖို႔လည္း လိုပါတယ္။အဲဒီလိုေနတတ္ဖို႔လည္း ႏိုင္ငံတိုင္း လူ႔အဖြဲ႕အစည္းတိုင္းမွာ စည္းမ်ဥ္းစည္းကမ္း ဥပေဒေတြနဲ႔ ထိန္းေက်ာင္းရစၿမဲပါ။ေရွ႕မွာေျပာခဲ့တာကို ျပန္ဆက္ရရင္ ဒီမိုကေရစီနည္းက် ကိုယ္လုပ္ခ်င္တာ လုပ္ၾကတဲ့ေနရာမွာ ၾကင္နာခ်င္ရင္ေတာင္ ၾကင္နာခ်င္တိုင္း ဇြတ္ၾကင္နာ၊ သနားခ်င္တိုင္း ဇြတ္သနားလို႔ေတာ့ မရပါဘူး။လူလူခ်င္း ၾကင္နာတာ သနားတာ ျပႆနာမဟုတ္ေပမယ့္ လူကေန တိရစာၦန္ေတြအေပၚ အခုေနာက္ပိုင္း အင္မတန္ၾကင္နာသနားတတ္သူေတြ ေပါလာတာမို႔ အနည္းငယ္ေတာ့ ျပႆနာရွိလာတာ ေတြ႕ရပါတယ္။

လူလူခ်င္း ၾကင္နာသနားတိုင္းလည္း ျပႆနာမရွိဘူးလို႔ တရားေသ မသတ္မွတ္လိုက္ပါနဲ႔။သူခိုးဓားျပ မုဒိမ္းေကာင္ကို ၾကင္နာလို႔ သနားလို႔ပါဆိုၿပီး အိမ္ေခၚလက္ခံေစာင့္ေရွာက္ထားလို႔ကေတာ့ ကိုယ္ပါ တရားခံနဲ႔ အလိုတူအလိုပါ သူ႔အမႉတြဲထဲပါၿပီး တရားခံကို သိရက္နဲ႔လက္သင့္ခံထားပါတယ္ဆိုၿပီး အဖမ္းခံရမွာပါ။ဒါေၾကာင့္ေျပာတာေပါ့ လူလူခ်င္းေတာင္ ၾကင္နာတာ သနားတာက အကန႔္အသတ္ရွိတယ္လို႔။

ေနာက္တစ္ခုက လူကေန တိရစာၦန္ေတြကို ၾကင္နာတာ သနားတာေတြနဲ႔ ပတ္သက္လို႔ ဘာျပႆနာရွိႏိုင္လဲဆိုတာကို ကိုယ္ေတြ႕ႀကဳံတာေလးေတြနဲ႔ ယွဥ္တြဲၿပီး ေျပာျပခ်င္ပါတယ္။အခုေခတ္အမ်ားစုက ဝန္းနဲ႔ၿခံနဲ႔ ေနႏိုင္သူေတြထက္ ကန္ထ႐ိုက္တိုက္လို အခန္းက်ဥ္းေတြနဲ႔ေနရတဲ့ လူတန္းစားက ပိုမ်ားပါတယ္။ဒီအထဲမွာေတာင္ ကိုယ္ပိုင္တိုက္ခန္း မဝယ္ႏိုင္လို႔ ငွါးေနၾကရတဲ့ လူေတြလည္း အမ်ားအျပားရွိပါတယ္။ရန္ကုန္ၿမိဳ႕လိုေနရာမွာ ပိုဆိုးတာေပါ့။ေက်ာတစ္ခင္းစာ ေနရာတစ္ခုရဖို႔အေရး အင္မတန္မွခက္ခဲပါတယ္။

ဝန္းနဲ႔ၿခံနဲ႔ ေနႏိုင္သူေတြက တိရစာၦန္ေလးေတြကို သနားလို႔ၾကင္နာလို႔ဆိုၿပီး အိမ္မွာေမြးၾကတာ ျပႆနာမရွိသလိုဘဲ ကိုယ့္ၿခံကိုယ့္ဝန္းထဲမွာပဲ အစာေခၚေကြၽးၾကတာ ျပႆနာမရွိပါဘူး။ဒါေပမယ့္ တခ်ိဳ႕ကအဲဒီလိုမဟုတ္ပါဘူး။ေနေတာ့ ကန္ထ႐ိုက္တိုက္ခန္းနဲ႔။ေခြးေတြ၊ ေၾကာင္ေတြ ေမြးၾကတယ္။ဒီလိုေမြးတဲ့အထိ ျပႆနာမဟုတ္ေသးေပမယ့္ စည္းနဲ႔ကမ္းနဲ႔မေမြးဘဲ အမ်ားျပည္သူနဲ႔ဆိုင္တဲ့ အမ်ားျပည္သူေတြ သြားလာတဲ့ ေနရာေတြမွာ စည္းမရွိကမ္းမရွိ ကိုယ္ေမြးထားတဲ့ တိရစာၦန္ေတြကို လႊတ္ေက်ာင္းၾကပါတယ္။ခ်ီးေတြေသးေတြနဲ႔ ေပပြၿပီး အနံ႔အသက္ကလည္း ပတ္ဝန္းက်င္မွာ အေတာ္ကိုဆိုး႐ြားပါတယ္။တခ်ိဳ႕က ကိုယ္တိုင္ကေတာ့ ေမြးမထားေပမယ့္ လမ္းေပၚက ေတြ႕သမွ် ေခြးေၾကာင္ အကုန္လုံးကို တိုက္ခန္းေလွကားနဲ႔ ကိုယ္ေနတဲ့ ပတ္ဝန္းက်င္တစ္ဝိုက္မွာ အစာေခၚေကြၽးၾကတာက ရွိပါေသးတယ္။ေခြးနဲ႔ေၾကာင္ေတြတင္ မကပါဘူး ခို၊ က်ီးကန္းနဲ႔ စာကေလးေတြ အစာေကြၽးတယ္ဆိုၿပီး တိုက္ခန္းေတြအေပၚကေန ထမင္းလုံးေတြ၊ စပါးေစ့ေတြကို ေနာက္ေဖးလမ္းၾကားနဲ႔ တိုက္ခန္းေရွ႕ မ်က္ႏွာစာေတြမွာပါ အစာေကြၽးၾကပါတယ္။

အဲဒီလိုေကြၽးေတာ့ အစာႂကြင္းအစာက်န္ေတြကို ႂကြက္ေတြက လာစားပါတယ္။အဲဒီလို ႂကြက္ေတြလာစားေတာ့ တိုက္ေတြေရွ႕မွာ ႂကြက္တြင္းေတြေဖာက္၊ ေဖာက္တဲ့ႂကြက္တြင္းေတြထဲ ေရေတြဝင္ၿပီး လမ္းေတြပ်က္ တိုက္ေတြေရွ႕ အေပါက္ဗလပြနဲ႔ တိုက္ႀကံ့ခိုင္ေရးကိုေတာင္ စိုးရိမ္စရာရွိလာပါတယ္။အဲဒီလိုပဲ ေနာက္ေဖးလမ္းၾကားေတြထဲ တိရစာၦန္ေတြကို အစာေကြၽးေတာ့ ႂကြက္ေတြလာ ႂကြက္တြင္းေတြျဖစ္ၿပီး ေရေတြဝင္လို႔ အိမ္သာႂကြင္းလွ်ံတာေတြျဖစ္တဲ့ တိုက္ေတြေတာင္ ရွိပါတယ္။

ကိုယ္ေနတဲ့ တိုက္မွာဆို လူေနတဲ့ငါးခန္းမွာ ႏွစ္ခန္းက ေခြးေမြးထားပါတယ္။သူတို႔ဘာသာေမြးၿပီး သူတို႔တိုက္ခန္းထဲထားတာ ျပႆနာမရွိပါဘူး။အခုကေတာ့ အဲဒီလိုမဟုတ္ပါဘူး။တိုက္ခန္းေလွကားမွာ လမ္းပိတ္ၿပီး တုံးေတြေဖာ့ေတြခ်ၿပီး ေခြးေက်ာင္းထားပါတယ္။ ေလွကားအတက္အဆင္း လုပ္ခ်ိန္မ်ားဆို တိရစာၦန္႐ုံထဲ ဝင္လိုက္သလား ေအာက္ေမ့ရတယ္။တိရစာၦန္အနံ႔ေတြကို နံေဟာင္ေနတာပါပဲ။တစ္ခါတေလ ကိုယ့္ေခြးကိုယ္ေမြးရတာ အားမရလို႔ လမ္းကေခြးေတြပါ ေလွကားမွာ အစာေခၚေကြၽးေတာ့ ခ်ီးေတြေသးေတြပါနဲ႔ အျမင္မေတာ္သူက ခဏခဏသန႔္ရွင္းေရးလုပ္ရပါတယ္။

ဒါနဲ႔ဒီလို တိရစာၦန္ေလးေတြ ေကြၽးခ်င္ေမြးခ်င္ ၾကင္နာခ်င္တယ္ဆိုရင္ေတာ့ သိထားသင့္တဲ့ ဥပေဒကန႔့္သတ္ခ်က္ေလးေတြ ရွိတယ္ဆိုတာကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးဥပေဒ (၂ဝ၁၈ ခုႏွစ္) အရ တားျမစ္ထားတာ၊ အေရးယူႏိုင္တာ ျဖစ္ပါတယ္။

ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္းမွာ ေကာ္မတီက ထုတ္ေပးတဲ့ မွတ္ပုံတင္လက္မွတ္ ဒါမွမဟုတ္ လုပ္ငန္းလိုင္စင္မရွိဘဲ အိမ္ေမြးတိရစာၦန္ ေမြးျမဴတာ၊ ထုတ္လုပ္တာ၊ သိုေလွာင္တာ၊ သယ္ေဆာင္တာ၊ ေရာင္းခ်တာမလုပ္ဖို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ ၃၂၁ (ခ) အရ တားျမစ္ထားၿပီး ပထမအႀကိမ္ ေဖာက္ဖ်က္က်ဴးလြန္ရင္ ေငြဒဏ္ က်ပ္ (၁) သိန္းကေန က်ပ္ (၅) သိန္းအထိ ခ်မွတ္ႏိုင္ၿပီး ထပ္မံက်ဴးလြန္ရင္ေတာ့ ေထာင္ဒဏ္ (၆) လအထိ ခ်မွတ္ရမယ္ဆိုၿပီး ပုဒ္မ ၃၂၄ မွာ ျပဌာန္းထားပါတယ္။

အလားတူပဲ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ ေနရာေတြမွာ ဖုန္မႈန႔္၊ အညစ္အေၾကး၊ စကၠဴပုံး၊ စကၠဴစ၊ ပလတ္စတစ္ပုံး၊ ပလတ္စတစ္ခြက္၊ ပလတ္စတစ္အိတ္ စတဲ့ အမႈိက္သ႐ိုက္ေတြ၊ တိရစာၦန္အေသေကာင္၊ အမႈိက္ပုံး၊ အမႈိက္အိတ္၊ အမႈိက္ထုပ္ စတဲ့ အနံ႔ဆိုးထြက္တဲ့ ပစၥည္းေတြ ဒါမွမဟုတ္ ဘယ္အရာဝတၳဳကိုမဆို ထားရွိတာ၊ ပစ္ခ်တာ၊ လႊင့္ပစ္တာ၊ တိရစာၦန္ေတြကို အစားအစာေကြၽးေမြးတာေတြ မလုပ္ဖို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ ၃၂၂ (မ) အရ တားျမစ္ထားၿပီး ေဖာက္ဖ်က္က်ဴးလြန္ရင္ ေငြဒဏ္ က်ပ္ (၅) ေသာင္းကေန က်ပ္ (၁) သိန္းအထိျဖစ္ျဖစ္၊ ေထာင္ဒဏ္ (၃) လအထိျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္ဆိုၿပီး ပုဒ္မ ၃၂၄ မွာ ဆိုပါတယ္။

ဒီဥပေဒအရ အေရးယူတဲ့ျပစ္မႈကို ရဲအေရးယူပိုင္ခြင့္ရွိတဲ့ ျပစ္မႈအျဖစ္ သတ္မွတ္ထားပါတယ္။ေနာက္ၿပီး ဒီဥပေဒအရ စြဲဆိုတဲ့ ျပစ္မႈတစ္ရပ္ရပ္နဲ႔ စပ္လ်ဥ္းၿပီး စြဲဆိုတဲ့ကိစၥမွာ ျပစ္မႈက်ဴးလြန္တဲ့ ေန႔ရက္ကေန သုံးႏွစ္အတြင္း ဒါမွမဟုတ္ ျပစ္မႈက်ဴးလြန္တာကို သက္ဆိုင္ရာ တာဝန္ရွိသူအရာရွိ၊ အမႈထမ္းတစ္ဦးဦးက သိရွိတဲ့ေန႔ကေန သုံးႏွစ္အတြင္း တိုင္တန္းခ်က္အရ မဟုတ္ရင္ ဘယ္တရား႐ုံးကမွ် အေရးမယူရဆိုၿပီး ျပဌာန္းထားတာမို႔ ကိုယ္ကနစ္နာၿပီဆိုရင္ေတာ့ ျမန္ႏိုင္သမွ် ျမန္ျမန္သာ သက္ဆိုင္ရာကို တိုင္တန္းၾကပါလို႔ ႏွိူးေဆာ္လိုက္ပါရေစ။

ဒါေၾကာင့္ တစ္ဖက္သားကို ၾကင္နာတာသနားတာ ေကာင္းတယ္ဆိုေပမယ့္ တခ်ိဳ႕အၾကင္နာတရားေတြမွာေတာ့ အကန႔္အသတ္ေလးေတြ ရွိပါတယ္လို႔ အျပဳသေဘာေဆာင္ အႀကံေပးလိုက္ပါရေစ။

သာဓက
ၾသဂုတ္ - ၇