【 ဆောင်းပါး 】 အဆိပ်သင့် အတွေးများ

【 ဆောင်းပါး 】 အဆိပ်သင့် အတွေးများ

“မန်စီးတီးအသင်း ရှုံးမှာပါကွာ”

“ဟုတ်တယ်။လီဗာပူးပဲ နိုင်မှာ”

“မင်းတို့နှစ်ယောက် ရူးနေလား။ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ် သေချာပေါက်ပြောလို့မရပေမယ့် အစဉ်အလာအရရော လက်ရှိ အမှတ်ပေးဇယား အနေအထားအရရော မန်စီးတီးက နိုင်ခြေပိုရှိတာ အားလုံးသိတယ်”

“သွားစမ်းပါ။မင်းက မန်စီးတီးကို စွတ်အထင်ကြီးနေတယ်။အဂူရို ကလည်း ဂိုးမသွင်းနိုင်တော့ဘူး။နည်းပြ ကတုံးကလည်း ကြောင်တောင်တောင်နဲ့။ကြည့်နေ၊ ဒီနှစ် မန်စီးတီး လုံးဝဖလားမရဘူး။စိန်လိုက်”

“ဟုတ်တယ်ကွ၊ မန်စီးတီးက ကံကောင်းနေတာ။လီဗာပူးက အခု ခြေပြန်မှန်နေပြီ။ဆာလက်ချ် ကလည်း ဂိုးတွေသွင်းနေပြီ။မာနေး ကလည်း ပြန်ကစားနေပြီ။လီဗာပူးကို မန်စီးတီးမပြောနဲ့၊ စပိန်လာလီဂါက ရီးရဲမက်ဒရစ်တို့ ဘာစီလိုနာတို့လို အသင်းတွေတောင် ယှဉ်လို့မရဘူး”

“မင်းတို့နှစ်ယောက်ကလည်း အသားလွတ်ကြီးကွာ။မင်းတို့မကြိုက်တာနဲ့ မကောင်းဘူးလို့ ပြောလို့ရမလား။မင်းတို့ကြိုက်တဲ့ အသင်းတိုင်းရော ကောင်းတယ်ပြောလို့ရမလား။ယုတ္တိရှိရှိပြောမှပေါ့”

“မသိဘူးကွာ။ငါကတော့ မန်စီးတီးနဲ့ ဘယ်အသင်းနဲ့ ကစား၊ ကစား ပြိုင်ဘက်အသင်းဘက်ကနေမယ်။မန်စီးတီးက လွဲရင် အကုန်ကြိုက်တယ်”

“ငါကတော့ မန်စီးတီးတွေ ဘာတွေ စိတ်မဝင်စားဘူး။အထင်လည်းမကြီးဘူး။လီဗာပူးမှ လီဗာပူးပဲ။နောက်ပိုင်း ပွဲစဉ်တွေ ဆက်ကြည့်လိုက်ဦး။မန်စီးတီးရော၊ အာဆင်နယ်ရော ချယ်ဆီးရော ဆက်တိုက်ရှုံးမှာ သေချာတယ်။လီဗာပူးပဲ နိုင်ပွဲဆက်မှာ။ဘာပဲပြောပြော ဒီနှစ် လီဗာပူးဖလားပဲ ဖြစ်ရမယ်”

“အေးလေ၊ မင်းတို့နှစ်ယောက်က ဣဿာမစ္ဆရိယစိတ်တွေ များနေတော့ အမှန်ကို ဘယ်မြင်ပါ့မလဲ”

ညဘက် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း ဘောလုံးပွဲကြည့်ဖို့ စောင့်နေစဉ် တစ်ဖက်ဝိုင်းမှ လူငယ်သုံးယောက်၏ အငြင်းအခုံစကားများကို ကြားနေရခြင်း ဖြစ်သည်။

သူတို့သုံးယောက် ပြောနေတာကို ကြားသူများက ပြုံးစိစိလုပ်နေကြသည်။ထိုလက်ဖက်ရည်ဆိုင်မှာ ထိုင်နေကျ မဟုတ်သည့် လူစိမ်း နှစ်ယောက်၊ သုံးယောက်ကတော့ ထိုလူငယ်နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။

တကယ်တော့ ထိုနှစ်ယောက်က သူတို့သူငယ်ချင်း မန်စီးတီးပရိသတ် လူငယ်ကို တမင်စကားနိုင်လုကာ ပြောသွားခြင်း ဖြစ်မှာပါ။

ကျွန်တော့ အတွေးထဲမှာ ကျန်နေခဲ့တာက မန်စီတီးပရိသတ် လူငယ်၏ စကားတစ်ခွန်းပါ။

“ဣဿာမစ္ဆရိယစိတ်တွေ များနေတော့ ဘယ်အမှန်မြင်ပါ့မလဲ” တဲ့။

‘ဣဿာ မစ္ဆရိယစိတ်’ ကို ယခုနောက်ပိုင်းမှ ပိုပြီးသတိထားမိလာတာပါ။တကယ်နူးညံ့ပြီး တကယ်ကြောက်စရာ ကောင်းတာပါ။

ဣဿာနှင့် မစ္ဆရိယက အဓိပ္ပါယ်ဖွင့်ဆိုချက်အရတော့ သီးခြားစီပါ။အများအားဖြင့်တော့ အဓိပ္ပယ်နှစ်ခုလုံးကိုတွဲပြီး ‘ဣဿာမစ္ဆရိယ’ လို့ ပြောဆိုသုံးနှုန်းနေကြပါသည်။‘မစ္ဆရိယစိတ်’ လို့ ပြောတာကတော့ အများဆုံးပါ။အင်္ဂလိပ်စာနှင့် မစိမ်းသူများကတော့ Jealous ဖြစ်တယ်လို့ ပြောကြပါသည်။ဆိုလိုချင်တာက မနာလိုတာနှင့် ဝန်တိုတာပါ။

တစ်ခုချင်းပြောရမည်ဆိုလျှင် ဣဿာ (Envy) ဆိုတာက အခြားသူတစ်ယောက် ကြီးပွားချမ်းသာနေတာ၊ ပျော်ရွှင်ကြည်နူးနေတာ၊ တိုးတက်အောင်မြင်နေတာ၊ အဆင်ပြေကောင်းစားနေတာတွေကို မကြားချင်၊ မကြည့်ချင်၊ မသိချင်တဲ့ စိတ်သဘော၊ မနာလိုမရှုစိမ့်တဲ့ သဘောပါ။

ကိုယ့်အိတ်ထဲက စိုက်ထုတ်မပေးရဘဲ၊ ကိုယ်ပိုင်ပစ္စည်း တစ်စုံတစ်ခုမျှ မဆုံးရံှုးရပါဘဲ၊ ကိုယ်နှင့်ဘာမှမဆိုင်ပါဘဲ သူများစားတာ၊ အိပ်တာ၊ ဝတ်တာ၊ နေတာ၊ ထိုင်တာ၊ ပျော်နေတာ၊ အောင်မြင်နေတာ၊ အဆင်ပြေနေတာတွေကို မကျေမနပ်ဖြစ်နေတာ၊ မရှုစိမ့်တာ၊ ဒေါသတွေဖြစ်နေတာ၊ မနာလိုဖြစ်နေတာ။ကြည့်စမ်းပါဦး။ဘယ်လောက်ဆိုးဝါးတဲ့စိတ်လဲ။အဲဒီ တစ်ယောက်ကောင်းစားနေတာကိုကြည့်ပြီး အလိုလိုနေရင်း မအိပ်နိုင်မစားနိုင်နှင့် အဖန်တလဲလဲ စိုးရိမ်ပူပန်နေတတ်ကြပါသည်။

အချို့သူများမှာ စိတ်ထဲက မနာလိုဖြစ်နေရတာကို အားမရဘဲ ပါးစပ်ကဖွင့်ပြီး သူများအကြောင်း မကောင်းပြောကာ အပုပ်ချနေတတ်ကြသေးသည်။

“ဒီလူ အရင်က ဘာအဆင့်မှရှိတာမဟုတ်ဘူး။ဟိုလူပေးနိုး၊ ဒီလူပေးနိုးနဲ့ မျက်နှာအောက်ချပြီး သူတောင်းစားသာသာရှိတဲ့လူ။ထမင်းတောင် နပ်မှန်အောင်မစားရ၊ အငတ်ငတ်အပြတ်ပြတ်နဲ့။အဝတ်အစားကလည်း တစ်ထည်တည်းနဲ့ စုတ်ပြတ်နေတာပဲ။ဦးပုည ရေးတဲ့ ရေသည်ပြဇာတ်ထဲက ရေသည်ယောင်္ကျားကမှ သူ့ထက်သာဦးမယ်။အခုမှ ဘယ်က ဘယ်လို ပိုက်ဆံတွေရလာတာလဲမသိဘူး။ဧကန္တ မှောင်ခိုတွေ ဘာတွေလုပ်တာလား၊ တစ်နေရာရာက အချီကြီးခိုးလာတာလား တစ်ခုခုပဲ။သူ့ကိုကြည့်ပါလား။မစားဖူး၊ မသောက်ဖူး၊ မဝတ်ဖူးတော့ မျက်နှာကိုမော့နေတာပဲ။ခွေးရူးကောင်းစား တစ်မွန်းတည့်ပါ။မကြာခင် ဒုက္ခပြန်ရောက်မှာ။စောင့်သာကြည့်နေ”

အဲဒါက တော်သေးသည်။တစ်ယောက်တည်း မနာလိုဖြစ်နေတာ။

မနာလို (၁) နှင့် မနာလို (၂)၊ တစ်ခါတလေ မနာလို (၃)၊ (၄)၊ (၅)၊ (၆) တို့ ဆုံမိရင် ပို၍တောင်ဆိုးပါသေးသည်။တစ်ဖက်လူကို တစ်ယောက်တစ်လဲ အပုပ်ချနေကြသည်။သူတို့လို မနာလိုအုပ်စုတွေကသာ သူတို့ပစ္စည်းလည်း မထိခိုက်ဘဲ၊ သူတို့လည်း ဘာမှမနစ်နာဘဲ ကိုယ့်ထမင်းကိုယ်စားပြီး သူများသတင်းကို အတင်းအဖျင်းလုပ်၊ နိုင်ငံခြားက ပါပါရာဇီ သတင်းထောက်တွေလို မဟုတ်မမှန် အကြံအဖန်ဇာတ်လမ်းတွေနှင့် မတရားသတင်းတွေ ဖွနေတာပါ။ကာယကံရှင်က သူတို့ကို သတိတောင်မထားမိပါ။

ဘာအဓိပ္ပါယ်ရှိပါသလဲ။ဘယ်သူအကျိုးရှိပါသလဲ။အရေမရ၊ အဖတ်မရနှင့်။

သူတို့ မသိလိုက်ဘဲ ရလိုက်တာ တစ်ခုတော့ရှိပါသည်။‘အကုသိုလ်’ ပါ။တစ်သံသရာလုံး နောက်ကကပ်ပြီးပါလာမယ့် ‘အကုသိုလ်ကံ’ ပါ။

အဆိုးဆုံးကတော့ ထိုမနာလိုစိတ်ကြောင့် တစ်ဖက်သားအပေါ် ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်တတ်ပါသေးသည်။တစ်ဖက်သားကို အခက်တွေ့အောင်၊ ကောင်းတာတွေနှင့် လွဲချော်အောင်၊ မကောင်းတာတွေနှင့် တွေ့ကြုံ အောင်၊ ဒုက္ခမရောက်အောင် ပြောတတ်၊ လုပ်တတ်ကြပါသည်။

ကဿပဘုရားရှင် ပွင့်စဉ်ကဖြစ်ပါသည်။ရွာတစ်ရွာတွင် သူဌေးတစ်ယောက်ရှိသည်။သူသည် ရဟန်းတစ်ပါးကို သီတင်းသုံး တရားအားထုတ်ရန် ကျောင်းဆောက်လုပ် လှူဒါန်းသည့်အပြင် ပစ္စည်း (၄) ပါးလည်း ထောက်ပံ့လှူဒါန်းသည်။သူ၏အိမ်၌ အမြဲမပြတ် ဆွမ်းဘုန်းပေးရန်လည်း နေ့စဉ်ပင့်ဖိတ်ထားသည်။

တစ်နေ့တွင် အခြားတစ်နေရာမှလာသော အာဂန္တုရဟန်းတစ်ပါးကို တွေ့ရှိရာမှ ကြည်ညိုလွန်းသဖြင့် အိမ်သို့ပင့်ကာ ဆွမ်းကပ်လှူသည်။သင်္ကန်းလှူသည်။ရဟန်းတော်ကျိန်းစက်ရန် သလွန်ညောင်စောင်းလှူသည်။ရဟန်းတော်၏ ဆံပင်သည် အတန်ငယ်ရှည်ထွက်နေသောကြောင့် ဆတ္တာသည်ကိုခေါ်၍ ခေါင်းရိတ်စေသည်။ထို့နောက် ပထမရဟန်းနှင့်အတူ ကျောင်းတွင် သီတင်းသုံးရန်နှင့် ရဟန်းနှစ်ပါးလုံးကို နောက်တစ်နေ့ သူ့အိမ်တွင် ဆွမ်းဘုန်းပေးရန်ပါ လျှောက်ထားသည်။

ယခုမှတွေ့ရသော အာဂန္တုရဟန်းအပေါ် သူဌေးကြီး၏ အလေးပေး ဂရုစိုက်နေခြင်းကို ပထမ ကျောင်းနေရဟန်းက မကျေနပ်ပေ။ထို့ကြောင့်လည်း အာဂန္တုရဟန်းအပေါ် မနာလို မရှုစိမ့်နိုင်အောင် ဖြစ်မိသည်။

ကျောင်းသို့ရောက်သောအခါ အာဂန္တုရဟန်းသည် ဒါယကာသူဌေးလှူဒါန်းသည့် သင်္ကန်းကိုဝတ်ရုံ၍ သူဌေးလှူဒါန်းသည့် သလွန်ညောင်စောင်းထက်၌ တင့်တင့်တယ်တယ်နေလေသည်။ဤသည်ကိုကြည့်ကာ ကျောင်းနေရဟန်း၏ ရင်မှာ တနုံ့နုံ့နှင့် စိတ်ဆင်းရဲနေရသည်။သူဌေး၏ အရေးပေးခံနေရသော အာဂန္တုရဟန်းကို မကျေမနပ်နှင့် ဘယ်လိုမှကြည့်မရအောင် ဖြစ်လာသည်။မခံစားနိုင်တော့သည့် အဆုံး၌ ဒေါသကိုရင်မှာပိုက်ကာ အာဂန္တုရဟန်းရှေ့သို့ ရောက်သွားသည်။အာဂန္တုရဟန်းကို ရက်ရက်စက်စက် ပြောမိလေသည်။

“သင်ရဟန်းသည် ဒါယကာသူဌေး ကျွေးမွေးသော ဆွမ်းနှင့်မတန် မစင်နှင့်သာတန်သည်။သူဌေးလှူသော သင်္ကန်းဝတ်မည့်အစား မဝတ်ဘဲ သည်အတိုင်းနေတာ ပိုကောင်းမည်။သလွန်ညောင်စောင်းပေါ်မှာ အိပ်သည်ထက် မြေကြီးပေါ်မှာ သည်အတိုင်း အိပ်သင့်သည်။သူဌေးခေါ်ပေးသည့် ဆတ္တာသည်နှင့် ဆံပင်ရိတ်ခြင်းမျိုး မပြုလုပ်ဘဲ ထန်းစေ့မှုတ်ဖြင့်သာ ဆံပင်ကိုနှုတ်မှ သင့်အတွက်အကောင်းဆုံးဖြစ်မည်။သင်နှင့်တန်သမျှဟာ အဲဒါတွေပဲ” ဟု ြပောလိုက်သည်။

တကယ်တော့ အာဂန္တုရဟန်းသည် အာသဝေါကုန်ခန်းနေသည့် ရဟန္တာတစ်ပါးဖြစ်သည်။မိမိအပေါ် မနာလိုမရှုစိမ့်နိုင်ဘဲ အကုသိုလ်စိတ်ပွားနေသော ကျောင်းနေရဟန်း၏ အဖြစ်ကို သိရသဖြင့် မိမိနှင့်ပတ်သက်၍ အကုသိုလ်ထပ်မပွားစေရန် နောက်တစ်နေ့ အရုဏ်မတက်မီပင် အရပ်တစ်ပါးသို့ တိတ်တဆိတ်ကြွသွားတော့သည်။

မနက် အရုဏ်တက်ချိန်တွင် ကျောင်းနေရဟန်း နိုးလာသည်။ကျောင်းဝင်းအတွင်း တံမြက်စည်းလှည်း၊ သောက်ရေဖြည့် စသည်တို့လုပ်ပြီး ဒါယကာ သူဌေးအိမ်သို့ ဆွမ်းစားကြွရန် ပြင်ဆင်သည်။အာဂန္တုရဟန်း ကျောင်းမှထွက်သွားကြောင်း မသိသေးဘဲ အိပ်နေသေးသည်ထင်၍ မနှိုးဘဲ တစ်ပါးတည်းသွားရန် ကြံစည်သည်။ခေါင်းလောင်းထိုးသံ၊ ကြေးစည်သံကို ကြားလျှင် အာဂန္တုရဟန်းနိုးပြီး သူနှင့်အတူ လိုက်လာမည်စိုးသဖြင့် ခေါင်းလောင်း၊ ကြေးစည်တို့ကို အသံမထွက်အောင် လက်သည်းဖြင့် တို့ရုံသာတို့၍ တစ်ပါးတည်းထွက်လာခဲ့သည်။

ဒါယကာသူဌေးက ‘အာဂန္တုရဟန်း မပါဘူးလား’ ဟု မေးတော့ အိပ်ရာမှ မနိုးသေးကြောင်း၊ ခေါင်းလောင်းသံ ကြေးစည်သံပင် မကြားနိုင်အောင် အအိပ်ကြီးသူဖြစ်ကြောင်း ရှင်းပြသည်။အပြန်တွင် သူဌေးက အာဂန္တုအတွက် အရသာရှိသော ဆွမ်းများကို သပိတ်အပြည့် ထည့်ပေးလိုက်သည်။ကျောင်းနေရဟန်းက အာဂန္တုရဟန်း စားမှာစိုး၍ သပိတ်ထဲမှ ဆွမ်းများကို လမ်းဘေးမှာပင် သွန်ပစ်ခဲ့ပြီး ကျောင်းသို့ပြန်ခဲ့သည်။ကျောင်းသို့ရောက်သောအခါ အာဂန္တုရဟန်းကို မတွေ့ရတော့ပေ။သည်တော့မှ အာဂန္တုရဟန်းသည် ရဟန္တာဖြစ်နိုင်ကြောင်း စဉ်းစားမိပြီး တုန်လှုပ်သွားသည်။

ကျောင်းနေရဟန်းသည် ထိုဘဝမှာပင် အနှစ် နှစ်သောင်းလုံးလုံး တရားကို အထူးကျင့်ကြံအားထုတ်ခဲ့သည်။ထိုသို့ အားထုတ်မှုကြောင့် တရားအနှစ်ကို သိနိုင်သည့် ဉာဏ်စဉ်ပင် အတော်အတန်ရရှိလာသည်။သို့သော် ထိုဘဝမှ ကွယ်လွန်ပြီးနောက် အဝီစိငရဲတွင် ကာလကြာရှည်စွာ ခံစားရလေသည်။အာဂန္တုရဟန်းအပေါ် မိမိထက်သာ၍ မနာလိုဖြစ်ခဲ့သော ‘ဣဿာ’ စိတ်စေတနာသည် ကံတရားဖြစ်ကာ မိမိနောက်တွင် ထက်ကြပ်မကွာ လိုက်ပါလာခဲ့လေပြီ။

အဝီစိငရဲမှလွတ်ပြီးနောက် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူချိန်တွင် ချမ်းသာသော မိဘနှစ်ပါးထံ၌ လူ့ဘဝပြန်ရရှိသည်။မိဘများက သားလေးကို ‘ဇမ္ဗုက’ ဟု အမည်ပေးသည်။မိဘနှစ်ပါးက သားဖြစ်သူ ဇမ္ဗုကကို ချမ်းချမ်းသာသာ ကျွေးမွေးစောင့်ရှောက်နိုင်သော်လည်း ဇမ္ဗုက၏ အကုသိုလ်ကံက အားလုံးကို ပယ်ချခဲ့သည်။အဝတ်အစား ဝတ်၍မရ၊ အစားအသောက် စား၍မရ၊ အိပ်ရာနှင့် တူတူတန်တန် အိပ်၍မရပေ။မြေကြီးပေါ်မှာအိပ်သည်။ကိုယ်ခန္ဓာမှဖြစ်သော အညစ်အကြေးကိုသာ စားသည်။ကြာလာတော့ မိဘများက ရှက်လွန်း၍ အာဇီဝက (မိစ္ဆာဒိဋ္ဌိရဟန်း) များထံ အပ်နှံလိုက်သည်။

ကျောင်းသို့ရောက်ရောက်ချင်း အာဇီဝကတို့က ဇမ္ဗုကကို တွင်းထဲမှာ ခေါင်းပေါ်ရုံမြှုပ်၊ ရုန်းကန်၍မရအောင် လည်ပင်းပတ်လည်မှာ ပျဉ်ပြားတို့ဖြင့် ပိတ်ကာပြီး ခေါင်းမှဆံပင်များကို ဓားဖြင့်မရိတ်ဘဲ ထန်းစေ့မှုတ်ဖြင့်ညှပ်၍ ဆွဲနုတ်သည်။အာဇီဝကတို့၏ တပည့်ဖြစ်လာပြီးနောက် ဆွမ်းစားသွားရန် ခေါ်လျှင်လည်း သူမလိုက်ဘဲ ချန်နေခဲ့သည်။အားလုံး အပြင်ထွက်သွားတော့မှ သူက မစင်တွေစားသည်။အဝတ်အစားလည်းမဝတ်၊ အိပ်ရာခုတင်နှင့်လည်း မအိပ်ဘဲ မြေကြီးပေါ်မှာသာ အိပ်သည်။

အချိန်ကြာလာတော့ အာဇီဝကတို့က သင်္ကာမကင်းဖြစ်လာပြီး သူမသိအောင် တိတ်တဆိတ် ချောင်းမြောင်းကြည့်သောအခါ သူ၏ မစင်စားသောအဖြစ်ကို တွေ့ရှိသွားကြသည်။ထို့ကြောင့် သူ့ကို ကျောင်း၌လက်မခံတော့ဘဲ နှင်လွှတ်လိုက်သည်။ သူကလည်း ဝမ်းမနည်းပါ။တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေချင်ခဲ့သည်မို့ အတော်ပဲဖြစ်သွားသည်။လူအများ မစင်စွန့်သည့် နေရာအနီးရှိ ကိုယ်လက်သုတ်သင်သော ကျောက်ဖျာမှာနေသည်။ဘာမှမဝတ်၊ ဘာမှမစားဘဲ ကျောက်ဖျာကို လက်တစ်ဖက်ကိုင်၍ ခြေတစ်ချောင်းထောက်ကာ ခေါင်းကိုမော့၍ ရပ်နေသည်။ထူးဆန်းလွန်းသော ဇမ္ဗုကကို လူအများက သာမန်လူမစုတ်စု ယူဆကာ ကိုးကွယ်ကြသည်။ဘာကြောင့် သူတို့လှူသော အစာများကို မစားလဲ ဟု မေးသောအခါ သာမန်လူတွေစားသော အစာကို သူမစား၊ လေကိုသာစားကြောင်း ဖြေသည်။ခြေထောက်တစ်ဖက်တည်း ရပ်ခြင်းနှင့် ပတ်သက်၍လည်း သူ့ခြေထောက်နှစ်ဖက်လုံး မြေကြီးပေါ်စိုချမိလျှင် သူ့စွမ်းအားကြောင့် ကမ္ဘာမြေကြီး တုန်လှုပ်သွားမည်ဖြစ်၍ လူအများအပေါ် မေတ္တာထားပြီး ခြေတစ်ဖက်တည်းထောက်ပြီး ရပ်နေကြောင်း ရှင်းပြသည်။ညဘက် လူခြေတိတ်လျှင်တော့ မစင်များကို အားပါးတရ စားလေတော့သည်။

ငါးဆယ့်ငါးနှစ် ကာလပတ်လုံး ထိုအတိုင်းရှင်သန်နေခဲ့ရပြီး နောက်ဆုံး ဂေါတမမြတ်စွာဘုရားနှင့်တွေ့၍ တရားနာပြီးမှ ရဟန္တာဖြစ်ခဲ့ရလေသည်။

တကယ်တော့ ‘ဣဿာ’ ဆိုသည့် ‘မနာလိုစိတ်’ သည် တစ်ဖက်လူက ကိုယ့်ကို ဘာမှမလုပ်ပါဘဲ အသားလွတ် တုံ့ပြန်နေသည့် အမိုက်စိတ်၊ အရှုံးစိတ်၊ သေးသိမ်စိတ်၊ အောက်တန်းကျစိတ်သာ ဖြစ်ပါသည်။

မစ္ဆရိယ (Stinginess) ကတော့ မိမိကြီးပွားချမ်းသာမှု၊ ပျော်ရွှင်ကြည်နူးမှု၊ တိုးတက်အောင်မြင်မှု၊ အဆင်ပြေ ကောင်းမွန်နေမှုတို့ကို အခြားသူတစ်ယောက်ယောက်က လာရောက်ခံစားမှာ၊ လာရောက်ပတ်သက်မှာ၊ လာရောက်ယူဆောင်သွားမှာ နှမြောတွန့်တိုသည့်သဘော၊ သဝန်တို ငြိုငြင်သည့်သဘောပါ။

‘မစ္ဆရိယ’ ဆိုသည့် ‘ဝန်တိုစိတ်’ သည်လည်း သူတစ်ပါးက ကိုယ့်ကို ဘာမှမလုပ်ဘဲ ကိုယ့်ဘာသာစိတ်မလုံဘဲ ယခုခေတ်၏ အသုံးစကားအရ ‘ဥစ္စာခြောက်’ နေသည့် အမိုက်စိတ်၊ အရှုံးစိတ်၊ သေးသိမ်စိတ်၊ အောက်တန်းကျစိတ် တစ်မျိုးဖြစ်ပါသည်။

ကိုယ်ပိုင်သည့် ပစ္စည်းတစ်ခု၊ နေရာတစ်နေရာကို ဟိုလူယူနိုး၊ သည်လူယူနိုး၊ ဟိုလူ့မသင်္ကာ၊ သည်လူ့မသင်္ကာ နှင့် နေစရာမရှိ အချိန်နှင့်အမျှ ခြောက်လှန့်ခံနေရသလိုပူပန်နေရသည့် သောကစိတ်ပါ။ တစ်ဆင့်တက်၍တွေးကာ ကိုယ့် ပစ္စည်းက ဘာမှအရာမယွင်းပါဘဲ သူတို့ယူတော့မှာပဲ၊ ယူသာယူလို့ကတော့အသေပဲ၊ တစ်ယောက်မှ ရမယ်မထင်နဲ့။ စမ်း လိုက်စမ်း၊ ကြိုက်ရာလမ်းက တက်ခဲ့ စသဖြင့် အချိန်နှင့်အမျှ စိုးရိမ်စိတ်အပြည့်နှင့် ပေါက်ကွဲနေရသည့်ဒေါသစိတ်ပါ။

ထို မစ္ဆရိယစိတ်ကို မထိန်းထားနိုင်လျှင် တစ်ဖက်လူကို အရှက်ရအောင်၊ အခက်ကြုံအောင်၊ ဘဝပျက်အောင်၊ အသက်သေအောင်၊ လှုပ်ရှားခွင့်ပင်မရအောင်ပြုလုပ်သည်အထိ ပေါက်ကွဲမှုတွေ ပြင်းထန်တတ်ပါသည်။ လူတစ်ယောက်၏ မစ္ဆရိယစိတ်သည် သူ၏အင်အားကြီးလျှင်ကြီးသလောက် တစ်ဖက်သားကို ဒုက္ခပေးနိုင်ပါသည်။ ပတ်ဝန်းကျင်တစ်ခုလုံးပင် ဒုက္ခရောက်သွားနိုင်ပါသည်။ မစ္ဆရိယစိတ်ကြီးမားသော တကောင်းဘုရင်အကြောင်းပြောချင်ပါသည်။

တကောင်းပြည်၌ ပန်းပဲဆရာကြီး ဦးတင့်တော်၏သားဖြစ်သူ မောင်တင့်တယ်သည် အားခွန်ဗလကြီးမားသည်။ ဆင်ပြောင်ကြီးကို လက်နက်မပါ ရင်ဆိုင်နိုင်၍ အစွယ်ကိုပင် ချိုးပစ်နိုင်သည်အထိ စွမ်းအားရှိသည်။ တစ်ယောက်စကား တစ်ယောက်နားဆိုတာလို ပန်းပဲမောင်တင့်တယ်၏ သတင်းက တကောင်းဘုရင် နားသို့ရောက်လာသည်။ ထိုသတင်း သည် တကောင်းဘုရင်အတွက် အအိပ် အစားမမှန်တော့အောင် ပူပန်သောကဖြစ်စေလေသည်။ မောင်တင့်တယ်သည် သူ၏ထီးနန်းကို လုယူသိမ်းပိုက်နိုင်သည်ဟု တွေးမိသည်။ ထို့ကြောင့် မောင်တင့်တယ်ကို ချက်ချင်းဖမ်းဆီးပြီး သတ်ဖြတ် ပစ်ရန် မှူးမတ်များကို အမိန့်ချမှတ်သည်။ဘုရင့်အမိန့်အရ မှူးမတ်များက မောင်တင့်တယ်ကို သွားဖမ်းသော်လည်း မောင်တင့်တယ်က အဖမ်းမခံခဲ့။ တော ထဲသို့ ထွက်ပြေး ပုန်းရှောင်နေသဖြင့် အလွယ်တကူ ဖမ်း၍မရနိုင်ခဲ့ပေ။ မစ္ဆရိယစိတ်ကြီးမားသောဘုရင်က သူ့ထီးနန်းကို လုယူနိုင်သော မောင်တင့်တယ်ကို ဖမ်းမိစေရန် ရေရှည်စီမံကိန်း ပြုလုပ်လေတော့သည်။မကြာခင်မှာပင် ဘုရင်ကြီးက မောင်တင့်တယ်၏နှမ မမြတ်လှကို မိဖုရားမြှောက်သည်။ မိဖုရားမြှောက်ပြီး အချိန် အတော်ကြာလာသောအခါ မူလအကွက်ချထားသည့်အတိုင်း စီစဉ်လေတော့သည်။ သူ့အပေါ်အစစ ယုံကြည်လာပြီသော မိဖုရားကို တစ်ဖက်လှည့်နှင့် မောင်တင့်တယ်ကို ခေါ်ခိုင်းသည်။ မောင်တင့်တယ်ကို အစွမ်းအစရှိသူလည်းဖြစ်၊ ယောက်ဖ တော်စပ်နေသူလည်းဖြစ်၍ မြို့စားခန့်အပ်လိုကြောင်းပြောသည်။ ဒါမှသာ မိဖုရားကိုလည်း မြတ်နိုးရာရောက်မည်။ မောင်တင့်တယ်ကိုလည်း နှစ်သိမ့်ရာရောက်မည်။ သူနှင့်နိုင်ငံအတွက်လည်း အားကိုးစရာဖြစ်မည်ဟု အယုံသွင်းသည်။ မမြတ်လှကလည်း အားရဝမ်းသာနှင့် အစ်ကိုဖြစ်သူကို လိုက်ခေါ်သည်။

မောင်တင့်တယ်ကလည်း နှမဖြစ်သူကိုယ်တိုင်ခေါ်သည်တစ်ကြောင်း သူ့ကိုလိုက်ဖမ်းခဲ့သည့် အချိန်ကာလက လည်း ကြာခဲ့ပြီတစ်ကြောင်း ဖြစ်၍ ရိုးသားသောအတွေးနှင့် အေးအေးဆေးဆေးလိုက်လာခဲ့သည်။ သို့သော်လည်း ဘုရင့် ရှေ့တော်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် အဖမ်းခံရလေတော့သည်။ မောင်တင့်တယ်ကို စကားပင်၌ ကြိုးတန်းလန်းဆွဲ ကာ အောက်မှမီးဖို၍ အရှင်လတ်လတ် မီးရှို့သတ်စေသည်။ သူကိုယ်တိုင် မိဖုရားနှင့်အတူ ရှုှစားသည်။ နှမဖြစ်သူ မမြတ်လှ ခမျာလည်း သူမကြောင့် အစ်ကိုဖြစ်သူ သေရတယ်ဆိုပြီး သူမကိုယ်တိုင် မီးဖိုထဲခုန်ဆင်း၍ အသေခံလိုက်တော့ သည်။

တကောင်းဘုရင်၏ ပြင်းထန်သော မစ္ဆရိယစိတ်အတွက် အပြစ်ကင်းပြည်သူများဖြစ်သော မောင်တင့်တယ်တို့ မောင်နှမနှစ်ယောက်၏ အသက်နှင့်ဘ၀ စတေးခဲ့ရသည်။ သူ့ထီးနန်းလုယူမည့်သူအဖြစ် မောင်တင့်တယ်တစ်ယောက်ကို သာ မသင်္ကာစိတ်ဖြစ်၍ တော်သေးသည်ဆိုရမည်။ တစ်တိုင်းပြည်လုံးကိုများ သင်္ကာမကင်းဖြစ်ခဲ့လျှင် ပြည်သူပြည်သား အားလုံး၏ အသက်များပင် စတေးရနိူင်ပါသည်။

ဣဿာမစ္ဆရိယ ဆိုသည့် မနာလို ဝန်တိုစိတ်ဆိုတာ ကိုယ့်အတွက်ကော၊သူတစ်ပါးအတွက်ရော ဘယ်သူ့အတွက် မှ အကျိုးမရှိသော မကောင်းမြင်စိတ် (Pessimistic spirit) သက်သက်ပါ။

တစ်ကယ်တော့ လူ့ဘဝဟာ တစ်ခဏတာ လေးပါ။ထိုတစ်ခဏဆိုတာကလည်း အကန့်အသတ်ရှိသောအချိန် ( Limited time) မဟုတ်ပါ။ အကန့်အသတ်မရှိသော အချိန် (Unlimited time) သာဖြစ်ပါသည်။

ထိုမျှ အကန့်အသတ်မရှိ တိုတောင်းလွန်းသော အချိန်တစ်ခဏလေးမှာ ‘ ဣဿာ မစ္ဆရိယ’ ဆိုသည့် သေးသိမ် အောက်တန်းကျသော၊ အန္တရာယ်ပေးနိုင်သည့်အဆိပ်များ ပြည့်နေသော အတွေးစိတ်များနှင့်သာ ဖြတ်သန်းနေမည်ဆိုလျှင် ရရှိပိုင်ဆိုင်ထားသည့် တစ်ခဏ၊ တစ်ဘဝလေး နှမြောစရာဖြစ်သွားမှာပါ။

စကားလုံးတွေများ၍ သတိမေ့တတ်ကြမည်စိုး၍ စကးလုံးနည်းနည်းနှင့် ထိမိသော အင်္ဂလိပ်အဆိုအမိန့်ကလေး တစ်ခု လက်ဆောင်ပေးချင်ပါသည်။

Life is too short to be little. ဘဝဆိုတာ(အချိန်) တိုတောင်းလွန်းလို့ (စိတ်ဓာတ်) သေးသိမ်နေဖို့ (အချိန်) မရှိပါဟု။

ရိုက်မောင်း
ဧပြီ - ၂၀

( Zawgyi )

“မန္စီးတီးအသင္း ရႈံးမွာပါကြာ”

“ဟုတ္တယ္။လီဗာပူးပဲ ႏိုင္မွာ”

“မင္းတို႔ႏွစ္ေယာက္ ႐ူးေနလား။ဘယ္သူႏိုင္မယ္၊ ဘယ္သူရႈံးမယ္ ေသခ်ာေပါက္ေျပာလို႔မရေပမယ့္ အစဥ္အလာအရေရာ လက္ရွိ အမွတ္ေပးဇယား အေနအထားအရေရာ မန္စီးတီးက ႏိုင္ေျခပိုရွိတာ အားလုံးသိတယ္”

“သြားစမ္းပါ။မင္းက မန္စီးတီးကို စြတ္အထင္ႀကီးေနတယ္။အဂူ႐ို ကလည္း ဂိုးမသြင္းႏိုင္ေတာ့ဘူး။နည္းျပ ကတုံးကလည္း ေၾကာင္ေတာင္ေတာင္နဲ႔။ၾကည့္ေန၊ ဒီႏွစ္ မန္စီးတီး လုံးဝဖလားမရဘူး။စိန္လိုက္”

“ဟုတ္တယ္ကြ၊ မန္စီးတီးက ကံေကာင္းေနတာ။လီဗာပူးက အခု ေျချပန္မွန္ေနၿပီ။ဆာလက္ခ်္ ကလည္း ဂိုးေတြသြင္းေနၿပီ။မာေနး ကလည္း ျပန္ကစားေနၿပီ။လီဗာပူးကို မန္စီးတီးမေျပာနဲ႔၊ စပိန္လာလီဂါက ရီးရဲမက္ဒရစ္တို႔ ဘာစီလိုနာတို႔လို အသင္းေတြေတာင္ ယွဥ္လို႔မရဘူး”

“မင္းတို႔ႏွစ္ေယာက္ကလည္း အသားလြတ္ႀကီးကြာ။မင္းတို႔မႀကိဳက္တာနဲ႔ မေကာင္းဘူးလို႔ ေျပာလို႔ရမလား။မင္းတို႔ႀကိဳက္တဲ့ အသင္းတိုင္းေရာ ေကာင္းတယ္ေျပာလို႔ရမလား။ယုတၱိရွိရွိေျပာမွေပါ့”

“မသိဘူးကြာ။ငါကေတာ့ မန္စီးတီးနဲ႔ ဘယ္အသင္းနဲ႔ ကစား၊ ကစား ၿပိဳင္ဘက္အသင္းဘက္ကေနမယ္။မန္စီးတီးက လြဲရင္ အကုန္ႀကိဳက္တယ္”

“ငါကေတာ့ မန္စီးတီးေတြ ဘာေတြ စိတ္မဝင္စားဘူး။အထင္လည္းမႀကီးဘူး။လီဗာပူးမွ လီဗာပူးပဲ။ေနာက္ပိုင္း ပြဲစဥ္ေတြ ဆက္ၾကည့္လိုက္ဦး။မန္စီးတီးေရာ၊ အာဆင္နယ္ေရာ ခ်ယ္ဆီးေရာ ဆက္တိုက္ရႈံးမွာ ေသခ်ာတယ္။လီဗာပူးပဲ ႏိုင္ပြဲဆက္မွာ။ဘာပဲေျပာေျပာ ဒီႏွစ္ လီဗာပူးဖလားပဲ ျဖစ္ရမယ္”

“ေအးေလ၊ မင္းတို႔ႏွစ္ေယာက္က ဣႆာမစၦရိယစိတ္ေတြ မ်ားေနေတာ့ အမွန္ကို ဘယ္ျမင္ပါ့မလဲ”

ညဘက္ လက္ဖက္ရည္ဆိုင္မွာ လက္ဖက္ရည္ေသာက္ရင္း ေဘာလုံးပြဲၾကည့္ဖို႔ ေစာင့္ေနစဥ္ တစ္ဖက္ဝိုင္းမွ လူငယ္သုံးေယာက္၏ အျငင္းအခုံစကားမ်ားကို ၾကားေနရျခင္း ျဖစ္သည္။

သူတို႔သုံးေယာက္ ေျပာေနတာကို ၾကားသူမ်ားက ၿပဳံးစိစိလုပ္ေနၾကသည္။ထိုလက္ဖက္ရည္ဆိုင္မွာ ထိုင္ေနက် မဟုတ္သည့္ လူစိမ္း ႏွစ္ေယာက္၊ သုံးေယာက္ကေတာ့ ထိုလူငယ္ႏွစ္ေယာက္ကို ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနသည္။

တကယ္ေတာ့ ထိုႏွစ္ေယာက္က သူတို႔သူငယ္ခ်င္း မန္စီးတီးပရိသတ္ လူငယ္ကို တမင္စကားႏိုင္လုကာ ေျပာသြားျခင္း ျဖစ္မွာပါ။

ကြၽန္ေတာ့ အေတြးထဲမွာ က်န္ေနခဲ့တာက မန္စီတီးပရိသတ္ လူငယ္၏ စကားတစ္ခြန္းပါ။

“ဣႆာမစၦရိယစိတ္ေတြ မ်ားေနေတာ့ ဘယ္အမွန္ျမင္ပါ့မလဲ” တဲ့။

‘ဣႆာ မစၦရိယစိတ္’ ကို ယခုေနာက္ပိုင္းမွ ပိုၿပီးသတိထားမိလာတာပါ။တကယ္ႏူးညံ့ၿပီး တကယ္ေၾကာက္စရာ ေကာင္းတာပါ။

ဣႆာႏွင့္ မစၦရိယက အဓိပၸါယ္ဖြင့္ဆိုခ်က္အရေတာ့ သီးျခားစီပါ။အမ်ားအားျဖင့္ေတာ့ အဓိပၸယ္ႏွစ္ခုလုံးကိုတြဲၿပီး ‘ဣႆာမစၦရိယ’ လို႔ ေျပာဆိုသုံးႏႈန္းေနၾကပါသည္။‘မစၦရိယစိတ္’ လို႔ ေျပာတာကေတာ့ အမ်ားဆုံးပါ။အဂၤလိပ္စာႏွင့္ မစိမ္းသူမ်ားကေတာ့ Jealous ျဖစ္တယ္လို႔ ေျပာၾကပါသည္။ဆိုလိုခ်င္တာက မနာလိုတာႏွင့္ ဝန္တိုတာပါ။

တစ္ခုခ်င္းေျပာရမည္ဆိုလွ်င္ ဣႆာ (Envy) ဆိုတာက အျခားသူတစ္ေယာက္ ႀကီးပြားခ်မ္းသာေနတာ၊ ေပ်ာ္႐ႊင္ၾကည္ႏူးေနတာ၊ တိုးတက္ေအာင္ျမင္ေနတာ၊ အဆင္ေျပေကာင္းစားေနတာေတြကို မၾကားခ်င္၊ မၾကည့္ခ်င္၊ မသိခ်င္တဲ့ စိတ္သေဘာ၊ မနာလိုမရႈစိမ့္တဲ့ သေဘာပါ။

ကိုယ့္အိတ္ထဲက စိုက္ထုတ္မေပးရဘဲ၊ ကိုယ္ပိုင္ပစၥည္း တစ္စုံတစ္ခုမွ် မဆုံးရံႈးရပါဘဲ၊ ကိုယ္ႏွင့္ဘာမွမဆိုင္ပါဘဲ သူမ်ားစားတာ၊ အိပ္တာ၊ ဝတ္တာ၊ ေနတာ၊ ထိုင္တာ၊ ေပ်ာ္ေနတာ၊ ေအာင္ျမင္ေနတာ၊ အဆင္ေျပေနတာေတြကို မေက်မနပ္ျဖစ္ေနတာ၊ မရႈစိမ့္တာ၊ ေဒါသေတြျဖစ္ေနတာ၊ မနာလိုျဖစ္ေနတာ။ၾကည့္စမ္းပါဦး။ဘယ္ေလာက္ဆိုးဝါးတဲ့စိတ္လဲ။အဲဒီ တစ္ေယာက္ေကာင္းစားေနတာကိုၾကည့္ၿပီး အလိုလိုေနရင္း မအိပ္ႏိုင္မစားႏိုင္ႏွင့္ အဖန္တလဲလဲ စိုးရိမ္ပူပန္ေနတတ္ၾကပါသည္။

အခ်ိဳ႕သူမ်ားမွာ စိတ္ထဲက မနာလိုျဖစ္ေနရတာကို အားမရဘဲ ပါးစပ္ကဖြင့္ၿပီး သူမ်ားအေၾကာင္း မေကာင္းေျပာကာ အပုပ္ခ်ေနတတ္ၾကေသးသည္။

“ဒီလူ အရင္က ဘာအဆင့္မွရွိတာမဟုတ္ဘူး။ဟိုလူေပးႏိုး၊ ဒီလူေပးႏိုးနဲ႔ မ်က္ႏွာေအာက္ခ်ၿပီး သူေတာင္းစားသာသာရွိတဲ့လူ။ထမင္းေတာင္ နပ္မွန္ေအာင္မစားရ၊ အငတ္ငတ္အျပတ္ျပတ္နဲ႔။အဝတ္အစားကလည္း တစ္ထည္တည္းနဲ႔ စုတ္ျပတ္ေနတာပဲ။ဦးပုည ေရးတဲ့ ေရသည္ျပဇာတ္ထဲက ေရသည္ေယာက်ၤားကမွ သူ႔ထက္သာဦးမယ္။အခုမွ ဘယ္က ဘယ္လို ပိုက္ဆံေတြရလာတာလဲမသိဘူး။ဧကႏၲ ေမွာင္ခိုေတြ ဘာေတြလုပ္တာလား၊ တစ္ေနရာရာက အခ်ီႀကီးခိုးလာတာလား တစ္ခုခုပဲ။သူ႔ကိုၾကည့္ပါလား။မစားဖူး၊ မေသာက္ဖူး၊ မဝတ္ဖူးေတာ့ မ်က္ႏွာကိုေမာ့ေနတာပဲ။ေခြး႐ူးေကာင္းစား တစ္မြန္းတည့္ပါ။မၾကာခင္ ဒုကၡျပန္ေရာက္မွာ။ေစာင့္သာၾကည့္ေန”

အဲဒါက ေတာ္ေသးသည္။တစ္ေယာက္တည္း မနာလိုျဖစ္ေနတာ။

မနာလို (၁) ႏွင့္ မနာလို (၂)၊ တစ္ခါတေလ မနာလို (၃)၊ (၄)၊ (၅)၊ (၆) တို႔ ဆုံမိရင္ ပို၍ေတာင္ဆိုးပါေသးသည္။တစ္ဖက္လူကို တစ္ေယာက္တစ္လဲ အပုပ္ခ်ေနၾကသည္။သူတို႔လို မနာလိုအုပ္စုေတြကသာ သူတို႔ပစၥည္းလည္း မထိခိုက္ဘဲ၊ သူတို႔လည္း ဘာမွမနစ္နာဘဲ ကိုယ့္ထမင္းကိုယ္စားၿပီး သူမ်ားသတင္းကို အတင္းအဖ်င္းလုပ္၊ ႏိုင္ငံျခားက ပါပါရာဇီ သတင္းေထာက္ေတြလို မဟုတ္မမွန္ အႀကံအဖန္ဇာတ္လမ္းေတြႏွင့္ မတရားသတင္းေတြ ဖြေနတာပါ။ကာယကံရွင္က သူတို႔ကို သတိေတာင္မထားမိပါ။

ဘာအဓိပၸါယ္ရွိပါသလဲ။ဘယ္သူအက်ိဳးရွိပါသလဲ။အေရမရ၊ အဖတ္မရႏွင့္။

သူတို႔ မသိလိုက္ဘဲ ရလိုက္တာ တစ္ခုေတာ့ရွိပါသည္။‘အကုသိုလ္’ ပါ။တစ္သံသရာလုံး ေနာက္ကကပ္ၿပီးပါလာမယ့္ ‘အကုသိုလ္ကံ’ ပါ။

အဆိုးဆုံးကေတာ့ ထိုမနာလိုစိတ္ေၾကာင့္ တစ္ဖက္သားအေပၚ ကာယကံေျမာက္၊ ဝစီကံေျမာက္ က်ဴးလြန္တတ္ပါေသးသည္။တစ္ဖက္သားကို အခက္ေတြ႕ေအာင္၊ ေကာင္းတာေတြႏွင့္ လြဲေခ်ာ္ေအာင္၊ မေကာင္းတာေတြႏွင့္ ေတြ႕ႀကဳံ ေအာင္၊ ဒုကၡမေရာက္ေအာင္ ေျပာတတ္၊ လုပ္တတ္ၾကပါသည္။

ကႆပဘုရားရွင္ ပြင့္စဥ္ကျဖစ္ပါသည္။႐ြာတစ္႐ြာတြင္ သူေဌးတစ္ေယာက္ရွိသည္။သူသည္ ရဟန္းတစ္ပါးကို သီတင္းသုံး တရားအားထုတ္ရန္ ေက်ာင္းေဆာက္လုပ္ လႉဒါန္းသည့္အျပင္ ပစၥည္း (၄) ပါးလည္း ေထာက္ပံ့လႉဒါန္းသည္။သူ၏အိမ္၌ အၿမဲမျပတ္ ဆြမ္းဘုန္းေပးရန္လည္း ေန႔စဥ္ပင့္ဖိတ္ထားသည္။

တစ္ေန႔တြင္ အျခားတစ္ေနရာမွလာေသာ အာဂႏၲဳရဟန္းတစ္ပါးကို ေတြ႕ရွိရာမွ ၾကည္ညိဳလြန္းသျဖင့္ အိမ္သို႔ပင့္ကာ ဆြမ္းကပ္လႉသည္။သကၤန္းလႉသည္။ရဟန္းေတာ္က်ိန္းစက္ရန္ သလြန္ေညာင္ေစာင္းလႉသည္။ရဟန္းေတာ္၏ ဆံပင္သည္ အတန္ငယ္ရွည္ထြက္ေနေသာေၾကာင့္ ဆတၱာသည္ကိုေခၚ၍ ေခါင္းရိတ္ေစသည္။ထို႔ေနာက္ ပထမရဟန္းႏွင့္အတူ ေက်ာင္းတြင္ သီတင္းသုံးရန္ႏွင့္ ရဟန္းႏွစ္ပါးလုံးကို ေနာက္တစ္ေန႔ သူ႔အိမ္တြင္ ဆြမ္းဘုန္းေပးရန္ပါ ေလွ်ာက္ထားသည္။

ယခုမွေတြ႕ရေသာ အာဂႏၲဳရဟန္းအေပၚ သူေဌးႀကီး၏ အေလးေပး ဂ႐ုစိုက္ေနျခင္းကို ပထမ ေက်ာင္းေနရဟန္းက မေက်နပ္ေပ။ထို႔ေၾကာင့္လည္း အာဂႏၲဳရဟန္းအေပၚ မနာလို မရႈစိမ့္ႏိုင္ေအာင္ ျဖစ္မိသည္။

ေက်ာင္းသို႔ေရာက္ေသာအခါ အာဂႏၲဳရဟန္းသည္ ဒါယကာသူေဌးလႉဒါန္းသည့္ သကၤန္းကိုဝတ္႐ုံ၍ သူေဌးလႉဒါန္းသည့္ သလြန္ေညာင္ေစာင္းထက္၌ တင့္တင့္တယ္တယ္ေနေလသည္။ဤသည္ကိုၾကည့္ကာ ေက်ာင္းေနရဟန္း၏ ရင္မွာ တႏုံ႔ႏုံ႔ႏွင့္ စိတ္ဆင္းရဲေနရသည္။သူေဌး၏ အေရးေပးခံေနရေသာ အာဂႏၲဳရဟန္းကို မေက်မနပ္ႏွင့္ ဘယ္လိုမွၾကည့္မရေအာင္ ျဖစ္လာသည္။မခံစားႏိုင္ေတာ့သည့္ အဆုံး၌ ေဒါသကိုရင္မွာပိုက္ကာ အာဂႏၲဳရဟန္းေရွ႕သို႔ ေရာက္သြားသည္။အာဂႏၲဳရဟန္းကို ရက္ရက္စက္စက္ ေျပာမိေလသည္။

“သင္ရဟန္းသည္ ဒါယကာသူေဌး ေကြၽးေမြးေသာ ဆြမ္းႏွင့္မတန္ မစင္ႏွင့္သာတန္သည္။သူေဌးလႉေသာ သကၤန္းဝတ္မည့္အစား မဝတ္ဘဲ သည္အတိုင္းေနတာ ပိုေကာင္းမည္။သလြန္ေညာင္ေစာင္းေပၚမွာ အိပ္သည္ထက္ ေျမႀကီးေပၚမွာ သည္အတိုင္း အိပ္သင့္သည္။သူေဌးေခၚေပးသည့္ ဆတၱာသည္ႏွင့္ ဆံပင္ရိတ္ျခင္းမ်ိဳး မျပဳလုပ္ဘဲ ထန္းေစ့မႈတ္ျဖင့္သာ ဆံပင္ကိုႏႈတ္မွ သင့္အတြက္အေကာင္းဆုံးျဖစ္မည္။သင္ႏွင့္တန္သမွ်ဟာ အဲဒါေတြပဲ” ဟု ျေပာလိုက္သည္။

တကယ္ေတာ့ အာဂႏၲဳရဟန္းသည္ အာသေဝါကုန္ခန္းေနသည့္ ရဟႏၲာတစ္ပါးျဖစ္သည္။မိမိအေပၚ မနာလိုမရႈစိမ့္ႏိုင္ဘဲ အကုသိုလ္စိတ္ပြားေနေသာ ေက်ာင္းေနရဟန္း၏ အျဖစ္ကို သိရသျဖင့္ မိမိႏွင့္ပတ္သက္၍ အကုသိုလ္ထပ္မပြားေစရန္ ေနာက္တစ္ေန႔ အ႐ုဏ္မတက္မီပင္ အရပ္တစ္ပါးသို႔ တိတ္တဆိတ္ႂကြသြားေတာ့သည္။

မနက္ အ႐ုဏ္တက္ခ်ိန္တြင္ ေက်ာင္းေနရဟန္း ႏိုးလာသည္။ေက်ာင္းဝင္းအတြင္း တံျမက္စည္းလွည္း၊ ေသာက္ေရျဖည့္ စသည္တို႔လုပ္ၿပီး ဒါယကာ သူေဌးအိမ္သို႔ ဆြမ္းစားႂကြရန္ ျပင္ဆင္သည္။အာဂႏၲဳရဟန္း ေက်ာင္းမွထြက္သြားေၾကာင္း မသိေသးဘဲ အိပ္ေနေသးသည္ထင္၍ မႏႈိးဘဲ တစ္ပါးတည္းသြားရန္ ႀကံစည္သည္။ေခါင္းေလာင္းထိုးသံ၊ ေၾကးစည္သံကို ၾကားလွ်င္ အာဂႏၲဳရဟန္းႏိုးၿပီး သူႏွင့္အတူ လိုက္လာမည္စိုးသျဖင့္ ေခါင္းေလာင္း၊ ေၾကးစည္တို႔ကို အသံမထြက္ေအာင္ လက္သည္းျဖင့္ တို႔႐ုံသာတို႔၍ တစ္ပါးတည္းထြက္လာခဲ့သည္။

ဒါယကာသူေဌးက ‘အာဂႏၲဳရဟန္း မပါဘူးလား’ ဟု ေမးေတာ့ အိပ္ရာမွ မႏိုးေသးေၾကာင္း၊ ေခါင္းေလာင္းသံ ေၾကးစည္သံပင္ မၾကားႏိုင္ေအာင္ အအိပ္ႀကီးသူျဖစ္ေၾကာင္း ရွင္းျပသည္။အျပန္တြင္ သူေဌးက အာဂႏၲဳအတြက္ အရသာရွိေသာ ဆြမ္းမ်ားကို သပိတ္အျပည့္ ထည့္ေပးလိုက္သည္။ေက်ာင္းေနရဟန္းက အာဂႏၲဳရဟန္း စားမွာစိုး၍ သပိတ္ထဲမွ ဆြမ္းမ်ားကို လမ္းေဘးမွာပင္ သြန္ပစ္ခဲ့ၿပီး ေက်ာင္းသို႔ျပန္ခဲ့သည္။ေက်ာင္းသို႔ေရာက္ေသာအခါ အာဂႏၲဳရဟန္းကို မေတြ႕ရေတာ့ေပ။သည္ေတာ့မွ အာဂႏၲဳရဟန္းသည္ ရဟႏၲာျဖစ္ႏိုင္ေၾကာင္း စဥ္းစားမိၿပီး တုန္လႈပ္သြားသည္။

ေက်ာင္းေနရဟန္းသည္ ထိုဘဝမွာပင္ အႏွစ္ ႏွစ္ေသာင္းလုံးလုံး တရားကို အထူးက်င့္ႀကံအားထုတ္ခဲ့သည္။ထိုသို႔ အားထုတ္မႈေၾကာင့္ တရားအႏွစ္ကို သိႏိုင္သည့္ ဉာဏ္စဥ္ပင္ အေတာ္အတန္ရရွိလာသည္။သို႔ေသာ္ ထိုဘဝမွ ကြယ္လြန္ၿပီးေနာက္ အဝီစိငရဲတြင္ ကာလၾကာရွည္စြာ ခံစားရေလသည္။အာဂႏၲဳရဟန္းအေပၚ မိမိထက္သာ၍ မနာလိုျဖစ္ခဲ့ေသာ ‘ဣႆာ’ စိတ္ေစတနာသည္ ကံတရားျဖစ္ကာ မိမိေနာက္တြင္ ထက္ၾကပ္မကြာ လိုက္ပါလာခဲ့ေလၿပီ။

အဝီစိငရဲမွလြတ္ၿပီးေနာက္ ေဂါတမျမတ္စြာဘုရား ပြင့္ေတာ္မူခ်ိန္တြင္ ခ်မ္းသာေသာ မိဘႏွစ္ပါးထံ၌ လူ႔ဘဝျပန္ရရွိသည္။မိဘမ်ားက သားေလးကို ‘ဇမၺဳက’ ဟု အမည္ေပးသည္။မိဘႏွစ္ပါးက သားျဖစ္သူ ဇမၺဳကကို ခ်မ္းခ်မ္းသာသာ ေကြၽးေမြးေစာင့္ေရွာက္ႏိုင္ေသာ္လည္း ဇမၺဳက၏ အကုသိုလ္ကံက အားလုံးကို ပယ္ခ်ခဲ့သည္။အဝတ္အစား ဝတ္၍မရ၊ အစားအေသာက္ စား၍မရ၊ အိပ္ရာႏွင့္ တူတူတန္တန္ အိပ္၍မရေပ။ေျမႀကီးေပၚမွာအိပ္သည္။ကိုယ္ခႏၶာမွျဖစ္ေသာ အညစ္အေၾကးကိုသာ စားသည္။ၾကာလာေတာ့ မိဘမ်ားက ရွက္လြန္း၍ အာဇီဝက (မိစာၦဒိ႒ိရဟန္း) မ်ားထံ အပ္ႏွံလိုက္သည္။

ေက်ာင္းသို႔ေရာက္ေရာက္ခ်င္း အာဇီဝကတို႔က ဇမၺဳကကို တြင္းထဲမွာ ေခါင္းေပၚ႐ုံျမႇဳပ္၊ ႐ုန္းကန္၍မရေအာင္ လည္ပင္းပတ္လည္မွာ ပ်ဥ္ျပားတို႔ျဖင့္ ပိတ္ကာၿပီး ေခါင္းမွဆံပင္မ်ားကို ဓားျဖင့္မရိတ္ဘဲ ထန္းေစ့မႈတ္ျဖင့္ညႇပ္၍ ဆြဲႏုတ္သည္။အာဇီဝကတို႔၏ တပည့္ျဖစ္လာၿပီးေနာက္ ဆြမ္းစားသြားရန္ ေခၚလွ်င္လည္း သူမလိုက္ဘဲ ခ်န္ေနခဲ့သည္။အားလုံး အျပင္ထြက္သြားေတာ့မွ သူက မစင္ေတြစားသည္။အဝတ္အစားလည္းမဝတ္၊ အိပ္ရာခုတင္ႏွင့္လည္း မအိပ္ဘဲ ေျမႀကီးေပၚမွာသာ အိပ္သည္။

အခ်ိန္ၾကာလာေတာ့ အာဇီဝကတို႔က သကၤာမကင္းျဖစ္လာၿပီး သူမသိေအာင္ တိတ္တဆိတ္ ေခ်ာင္းေျမာင္းၾကည့္ေသာအခါ သူ၏ မစင္စားေသာအျဖစ္ကို ေတြ႕ရွိသြားၾကသည္။ထို႔ေၾကာင့္ သူ႔ကို ေက်ာင္း၌လက္မခံေတာ့ဘဲ ႏွင္လႊတ္လိုက္သည္။ သူကလည္း ဝမ္းမနည္းပါ။တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ ေနခ်င္ခဲ့သည္မို႔ အေတာ္ပဲျဖစ္သြားသည္။လူအမ်ား မစင္စြန႔္သည့္ ေနရာအနီးရွိ ကိုယ္လက္သုတ္သင္ေသာ ေက်ာက္ဖ်ာမွာေနသည္။ဘာမွမဝတ္၊ ဘာမွမစားဘဲ ေက်ာက္ဖ်ာကို လက္တစ္ဖက္ကိုင္၍ ေျခတစ္ေခ်ာင္းေထာက္ကာ ေခါင္းကိုေမာ့၍ ရပ္ေနသည္။ထူးဆန္းလြန္းေသာ ဇမၺဳကကို လူအမ်ားက သာမန္လူမစုတ္စု ယူဆကာ ကိုးကြယ္ၾကသည္။ဘာေၾကာင့္ သူတို႔လႉေသာ အစာမ်ားကို မစားလဲ ဟု ေမးေသာအခါ သာမန္လူေတြစားေသာ အစာကို သူမစား၊ ေလကိုသာစားေၾကာင္း ေျဖသည္။ေျခေထာက္တစ္ဖက္တည္း ရပ္ျခင္းႏွင့္ ပတ္သက္၍လည္း သူ႔ေျခေထာက္ႏွစ္ဖက္လုံး ေျမႀကီးေပၚစိုခ်မိလွ်င္ သူ႔စြမ္းအားေၾကာင့္ ကမာၻေျမႀကီး တုန္လႈပ္သြားမည္ျဖစ္၍ လူအမ်ားအေပၚ ေမတၱာထားၿပီး ေျခတစ္ဖက္တည္းေထာက္ၿပီး ရပ္ေနေၾကာင္း ရွင္းျပသည္။ညဘက္ လူေျခတိတ္လွ်င္ေတာ့ မစင္မ်ားကို အားပါးတရ စားေလေတာ့သည္။

ငါးဆယ့္ငါးႏွစ္ ကာလပတ္လုံး ထိုအတိုင္းရွင္သန္ေနခဲ့ရၿပီး ေနာက္ဆုံး ေဂါတမျမတ္စြာဘုရားႏွင့္ေတြ႕၍ တရားနာၿပီးမွ ရဟႏၲာျဖစ္ခဲ့ရေလသည္။

တကယ္ေတာ့ ‘ဣႆာ’ ဆိုသည့္ ‘မနာလိုစိတ္’ သည္ တစ္ဖက္လူက ကိုယ့္ကို ဘာမွမလုပ္ပါဘဲ အသားလြတ္ တုံ႔ျပန္ေနသည့္ အမိုက္စိတ္၊ အရႈံးစိတ္၊ ေသးသိမ္စိတ္၊ ေအာက္တန္းက်စိတ္သာ ျဖစ္ပါသည္။

မစၦရိယ (Stinginess) ကေတာ့ မိမိႀကီးပြားခ်မ္းသာမႈ၊ ေပ်ာ္႐ႊင္ၾကည္ႏူးမႈ၊ တိုးတက္ေအာင္ျမင္မႈ၊ အဆင္ေျပ ေကာင္းမြန္ေနမႈတို႔ကို အျခားသူတစ္ေယာက္ေယာက္က လာေရာက္ခံစားမွာ၊ လာေရာက္ပတ္သက္မွာ၊ လာေရာက္ယူေဆာင္သြားမွာ ႏွေျမာတြန႔္တိုသည့္သေဘာ၊ သဝန္တို ၿငိဳျငင္သည့္သေဘာပါ။

‘မစၦရိယ’ ဆိုသည့္ ‘ဝန္တိုစိတ္’ သည္လည္း သူတစ္ပါးက ကိုယ့္ကို ဘာမွမလုပ္ဘဲ ကိုယ့္ဘာသာစိတ္မလုံဘဲ ယခုေခတ္၏ အသုံးစကားအရ ‘ဥစၥာေျခာက္’ ေနသည့္ အမိုက္စိတ္၊ အရႈံးစိတ္၊ ေသးသိမ္စိတ္၊ ေအာက္တန္းက်စိတ္ တစ္မ်ိဳးျဖစ္ပါသည္။

ကိုယ္ပိုင္သည့္ ပစၥည္းတစ္ခု၊ ေနရာတစ္ေနရာကို ဟိုလူယူႏိုး၊ သည္လူယူႏိုး၊ ဟိုလူ႔မသကၤာ၊ သည္လူ႔မသကၤာ ႏွင့္ ေနစရာမရွိ အခ်ိန္ႏွင့္အမွ် ေျခာက္လွန႔္ခံေနရသလိုပူပန္ေနရသည့္ ေသာကစိတ္ပါ။ တစ္ဆင့္တက္၍ေတြးကာ ကိုယ့္ ပစၥည္းက ဘာမွအရာမယြင္းပါဘဲ သူတို႔ယူေတာ့မွာပဲ၊ ယူသာယူလို႔ကေတာ့အေသပဲ၊ တစ္ေယာက္မွ ရမယ္မထင္နဲ႔။ စမ္း လိုက္စမ္း၊ ႀကိဳက္ရာလမ္းက တက္ခဲ့ စသျဖင့္ အခ်ိန္ႏွင့္အမွ် စိုးရိမ္စိတ္အျပည့္ႏွင့္ ေပါက္ကြဲေနရသည့္ေဒါသစိတ္ပါ။

ထို မစၦရိယစိတ္ကို မထိန္းထားႏိုင္လွ်င္ တစ္ဖက္လူကို အရွက္ရေအာင္၊ အခက္ႀကဳံေအာင္၊ ဘဝပ်က္ေအာင္၊ အသက္ေသေအာင္၊ လႈပ္ရွားခြင့္ပင္မရေအာင္ျပဳလုပ္သည္အထိ ေပါက္ကြဲမႈေတြ ျပင္းထန္တတ္ပါသည္။ လူတစ္ေယာက္၏ မစၦရိယစိတ္သည္ သူ၏အင္အားႀကီးလွ်င္ႀကီးသေလာက္ တစ္ဖက္သားကို ဒုကၡေပးႏိုင္ပါသည္။ ပတ္ဝန္းက်င္တစ္ခုလုံးပင္ ဒုကၡေရာက္သြားႏိုင္ပါသည္။ မစၦရိယစိတ္ႀကီးမားေသာ တေကာင္းဘုရင္အေၾကာင္းေျပာခ်င္ပါသည္။

တေကာင္းျပည္၌ ပန္းပဲဆရာႀကီး ဦးတင့္ေတာ္၏သားျဖစ္သူ ေမာင္တင့္တယ္သည္ အားခြန္ဗလႀကီးမားသည္။ ဆင္ေျပာင္ႀကီးကို လက္နက္မပါ ရင္ဆိုင္ႏိုင္၍ အစြယ္ကိုပင္ ခ်ိဳးပစ္ႏိုင္သည္အထိ စြမ္းအားရွိသည္။ တစ္ေယာက္စကား တစ္ေယာက္နားဆိုတာလို ပန္းပဲေမာင္တင့္တယ္၏ သတင္းက တေကာင္းဘုရင္ နားသို႔ေရာက္လာသည္။ ထိုသတင္း သည္ တေကာင္းဘုရင္အတြက္ အအိပ္ အစားမမွန္ေတာ့ေအာင္ ပူပန္ေသာကျဖစ္ေစေလသည္။ ေမာင္တင့္တယ္သည္ သူ၏ထီးနန္းကို လုယူသိမ္းပိုက္ႏိုင္သည္ဟု ေတြးမိသည္။ ထို႔ေၾကာင့္ ေမာင္တင့္တယ္ကို ခ်က္ခ်င္းဖမ္းဆီးၿပီး သတ္ျဖတ္ ပစ္ရန္ မႉးမတ္မ်ားကို အမိန႔္ခ်မွတ္သည္။ဘုရင့္အမိန႔္အရ မႉးမတ္မ်ားက ေမာင္တင့္တယ္ကို သြားဖမ္းေသာ္လည္း ေမာင္တင့္တယ္က အဖမ္းမခံခဲ့။ ေတာ ထဲသို႔ ထြက္ေျပး ပုန္းေရွာင္ေနသျဖင့္ အလြယ္တကူ ဖမ္း၍မရႏိုင္ခဲ့ေပ။ မစၦရိယစိတ္ႀကီးမားေသာဘုရင္က သူ႔ထီးနန္းကို လုယူႏိုင္ေသာ ေမာင္တင့္တယ္ကို ဖမ္းမိေစရန္ ေရရွည္စီမံကိန္း ျပဳလုပ္ေလေတာ့သည္။မၾကာခင္မွာပင္ ဘုရင္ႀကီးက ေမာင္တင့္တယ္၏ႏွမ မျမတ္လွကို မိဖုရားေျမႇာက္သည္။ မိဖုရားေျမႇာက္ၿပီး အခ်ိန္ အေတာ္ၾကာလာေသာအခါ မူလအကြက္ခ်ထားသည့္အတိုင္း စီစဥ္ေလေတာ့သည္။ သူ႔အေပၚအစစ ယုံၾကည္လာၿပီေသာ မိဖုရားကို တစ္ဖက္လွည့္ႏွင့္ ေမာင္တင့္တယ္ကို ေခၚခိုင္းသည္။ ေမာင္တင့္တယ္ကို အစြမ္းအစရွိသူလည္းျဖစ္၊ ေယာက္ဖ ေတာ္စပ္ေနသူလည္းျဖစ္၍ ၿမိဳ႕စားခန႔္အပ္လိုေၾကာင္းေျပာသည္။ ဒါမွသာ မိဖုရားကိုလည္း ျမတ္ႏိုးရာေရာက္မည္။ ေမာင္တင့္တယ္ကိုလည္း ႏွစ္သိမ့္ရာေရာက္မည္။ သူႏွင့္ႏိုင္ငံအတြက္လည္း အားကိုးစရာျဖစ္မည္ဟု အယုံသြင္းသည္။ မျမတ္လွကလည္း အားရဝမ္းသာႏွင့္ အစ္ကိုျဖစ္သူကို လိုက္ေခၚသည္။

ေမာင္တင့္တယ္ကလည္း ႏွမျဖစ္သူကိုယ္တိုင္ေခၚသည္တစ္ေၾကာင္း သူ႔ကိုလိုက္ဖမ္းခဲ့သည့္ အခ်ိန္ကာလက လည္း ၾကာခဲ့ၿပီတစ္ေၾကာင္း ျဖစ္၍ ႐ိုးသားေသာအေတြးႏွင့္ ေအးေအးေဆးေဆးလိုက္လာခဲ့သည္။ သို႔ေသာ္လည္း ဘုရင့္ ေရွ႕ေတာ္သို႔ ေရာက္သည္ႏွင့္တစ္ၿပိဳင္နက္ အဖမ္းခံရေလေတာ့သည္။ ေမာင္တင့္တယ္ကို စကားပင္၌ ႀကိဳးတန္းလန္းဆြဲ ကာ ေအာက္မွမီးဖို၍ အရွင္လတ္လတ္ မီးရႈိ႕သတ္ေစသည္။ သူကိုယ္တိုင္ မိဖုရားႏွင့္အတူ ရႈွစားသည္။ ႏွမျဖစ္သူ မျမတ္လွ ခမ်ာလည္း သူမေၾကာင့္ အစ္ကိုျဖစ္သူ ေသရတယ္ဆိုၿပီး သူမကိုယ္တိုင္ မီးဖိုထဲခုန္ဆင္း၍ အေသခံလိုက္ေတာ့ သည္။

တေကာင္းဘုရင္၏ ျပင္းထန္ေသာ မစၦရိယစိတ္အတြက္ အျပစ္ကင္းျပည္သူမ်ားျဖစ္ေသာ ေမာင္တင့္တယ္တို႔ ေမာင္ႏွမႏွစ္ေယာက္၏ အသက္ႏွင့္ဘ၀ စေတးခဲ့ရသည္။ သူ႔ထီးနန္းလုယူမည့္သူအျဖစ္ ေမာင္တင့္တယ္တစ္ေယာက္ကို သာ မသကၤာစိတ္ျဖစ္၍ ေတာ္ေသးသည္ဆိုရမည္။ တစ္တိုင္းျပည္လုံးကိုမ်ား သကၤာမကင္းျဖစ္ခဲ့လွ်င္ ျပည္သူျပည္သား အားလုံး၏ အသက္မ်ားပင္ စေတးရႏိူင္ပါသည္။

ဣႆာမစၦရိယ ဆိုသည့္ မနာလို ဝန္တိုစိတ္ဆိုတာ ကိုယ့္အတြက္ေကာ၊သူတစ္ပါးအတြက္ေရာ ဘယ္သူ႔အတြက္ မွ အက်ိဳးမရွိေသာ မေကာင္းျမင္စိတ္ (Pessimistic spirit) သက္သက္ပါ။

တစ္ကယ္ေတာ့ လူ႔ဘဝဟာ တစ္ခဏတာ ေလးပါ။ထိုတစ္ခဏဆိုတာကလည္း အကန႔္အသတ္ရွိေသာအခ်ိန္ ( Limited time) မဟုတ္ပါ။ အကန႔္အသတ္မရွိေသာ အခ်ိန္ (Unlimited time) သာျဖစ္ပါသည္။

ထိုမွ် အကန႔္အသတ္မရွိ တိုေတာင္းလြန္းေသာ အခ်ိန္တစ္ခဏေလးမွာ ‘ ဣႆာ မစၦရိယ’ ဆိုသည့္ ေသးသိမ္ ေအာက္တန္းက်ေသာ၊ အႏၲရာယ္ေပးႏိုင္သည့္အဆိပ္မ်ား ျပည့္ေနေသာ အေတြးစိတ္မ်ားႏွင့္သာ ျဖတ္သန္းေနမည္ဆိုလွ်င္ ရရွိပိုင္ဆိုင္ထားသည့္ တစ္ခဏ၊ တစ္ဘဝေလး ႏွေျမာစရာျဖစ္သြားမွာပါ။

စကားလုံးေတြမ်ား၍ သတိေမ့တတ္ၾကမည္စိုး၍ စကးလုံးနည္းနည္းႏွင့္ ထိမိေသာ အဂၤလိပ္အဆိုအမိန႔္ကေလး တစ္ခု လက္ေဆာင္ေပးခ်င္ပါသည္။

Life is too short to be little. ဘဝဆိုတာ(အခ်ိန္) တိုေတာင္းလြန္းလို႔ (စိတ္ဓာတ္) ေသးသိမ္ေနဖို႔ (အခ်ိန္) မရွိပါဟု။

႐ိုက္ေမာင္း
ဧၿပီ - ၂၀