【 ဆောင်းပါး 】 အေးလိုက်ပူလိုက် ပွက်လိုက်ငြိမ်လိုက်

【 ဆောင်းပါး 】 အေးလိုက်ပူလိုက် ပွက်လိုက်ငြိမ်လိုက်

မဖြစ်မနေလိုအပ်နေသော ဆီးချိုဆေးတစ်မျိုး ပြင်ပဆေးဆိုင်များ၌ ပစ္စည်းပြတ်နေသဖြင့် ဆေးဒိုင်များရှိရာ မင်္ဂလာဈေးအနီးရှိ ဈေးများသို့ ဆေးရှာပုံတော်ဖွင့်ခဲ့သည်။သြဂုတ် ၃၁ ရက်နေ့ကဖြစ်သည်။

သြဂုတ် ၃၁ ဆိုတာက ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် ကိုဗစ်ဝုန်းဒိုင်းကြဲနေသည့်ကာလ။သြဂုတ် ၃၁ ရက်နေ့တွင် နံနက်နှင့် ည စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၁၀၇ ဦးအထိ တွေ့ရှိထားသည့်နေ့။ထိုအချိန်တုန်းက တစ်ရက်တည်းနှင့် အတည်ပြုလူနာ ၁၀၇ ဦးတွေ့ရှိခြင်းမှာ စံချိန်တင်တွေ့ရှိခြင်းဖြစ်သည်။ရန်ကုန်၌ သြဂုတ် ၂၄ ရက်တွင် တစ်ကျော့ပြန်ကိုဗစ်ပိုး တွေ့ရှိခဲ့သလို သြဂုတ် ၃၁ ရက် ပိုးတွေ့ရှိမှုတွင် ရန်ကုန်သည် မနည်းလှ။

ထိုသို့သော လှုပ်လှုပ်ရွရွ သြဂုတ် ၃၁ တွင် ဈေးပရဝဏ်ထဲကိုရောက်တော့ ကိုဗစ်သည် သူတို့နှင့်ဘာမှမဆိုင်သည့်နှယ် အေးဆေးနေသောလူများကို တွေ့ရသည်။ကုန်တင်ကုန်ချအလုပ်သမားများကလည်း ထမ်းသူထမ်း၊ ထိုင်သူထိုင်။သူတို့အားလုံး၏မေးစေ့တွင် နှာခေါင်းစည်းချိတ်ထားသလို များစွာသော ဈေးသည်ဈေးဝယ်တို့သည်လည်း နှာခေါင်းစည်းမေးစေ့ချိတ်လျက်ပင် တွေ့ရသည်။

ဆိုတော့ ကိုယ့်ဘာသာနားလည်လိုက်တာက ဈေးသို့လာလျှင် နှာခေါင်းစည်းပါရန်သာလိုပြီး နှာခေါင်းစည်းတပ်ခြင်း၏ အဓိပ္ပါယ်ဖြစ်သော နှာခေါင်းနှင့် ပါးစပ်ထဲ ဗိုင်းရပ်စ်မဝင်အောင် ကာထားခြင်း၊ မကာထားခြင်းသည် တစ်ဦးချင်းစီ၏ သဘောဖြစ်ပုံရသည်။

ဈေးအတွင်းထဲကိုရောက်တော့ လူပိုကျပ်လာသည်။စက်လှေကားဖြင့်တက်၊ ဒုတိယထပ် ဆေးဆိုင်တန်းသို့ရောက်တော့ ယခင်အတိုင်း ဘာမှမပြောင်းလဲ။ဆိုင်ခန်းကျဉ်းကျဉ်း၊ လူသွားလမ်းကျဉ်းကျဉ်းတွင် ကုန်ပစ္စည်းများများ၊ လူများများတိုးဝှေ့စွာဖြင့်။တချို့သောဆိုင်များတွင် စာရင်းမှတ်သူ၊ ပစ္စည်းရောင်းသူနှင့် ငွေပေးငွေယူလုပ်သူဖြင့် သုံး၊ လေးယောက်မက ရှိနေလေတော့ မန္တလေးစည်ပင်ဈေးများ၌ ဆိုင်ရှင်နှင့် ဝန်ထမ်းတစ်ဦးသာ ဈေးရောင်းချခွင့်ပြုသည့် စည်းကမ်းမျိုးမရှိသည့်သဘော တွေ့ရသည်။ပြီးတော့၊ လူကျပ်ကျပ်ထဲ နှာခေါင်းစည်းမေးစေ့သိုင်းထားသူက တစ်ဝက်မကရှိနေလေတော့ ကိုဗစ်ပိုး စိတ်ကြိုက်မွှေနှောက်နိုင်သည့် နေရာတစ်ခုပင်ဖြစ်သည်။

လိုချင်သောဆေးကို အမြန်ရှာ၊ အမြန်ဝယ်၊ အမြန်ပြန်ထွက်လာပြီး နောက်တွင် ဈေးထိပ်၌ ဈေးဝန်ထမ်းအမျိုးသမီးတစ်ဦး ထိုင်ခုံဖြင့်ထိုင်နေသည်ကို သတိထားမိသည်။သူဘာလုပ်နေသလဲသိရအောင် ခဏရပ်ကြည့်တော့ နှာခေါင်းစည်းမတပ်ထားသူများကို တပ်ရန်ဆော်သြနေသံကြားရသည်။သူက ဆော်သြရုံသာ ဆော်သြသည်။နှာခေါင်းစည်းမတပ်ထား၍ ဈေးထဲအဝင်မခံတာမျိုးမရှိ။ပြီးတော့ နှာခေါင်းစည်းမေးသိုင်းထားပါက ဘာမှမပြောသဖြင့် နှာခေါင်းစည်းကို မျက်နှာတစ်နေရာရာတွင် ချိတ်ထားလျှင် အိုကေသည့်သဘော။သူကိုယ်တိုင်သည်လည်း နှာခေါင်းစည်းမေးသိုင်းလျက်။ဘယ်လိုပြောရမလဲဆိုတော့ ကားတစ်စီးကိုတွန်းနေဖို့သာလိုပြီး မရွေ့လည်းပြဿနာမရှိသည့်သဘော။ထိုဈေးတစ်ဈေးကိုကြည့်လိုက်ရုံဖြင့် ရန်ကုန်မြို့ရှိ စည်ပင်အုပ်ချုပ်မှုအောက်ဈေးများမှာ သိပ်ကွာခြားမည်မဟုတ်ဟု ထင်လိုက်မိသည်။

ရန်ကုန်တွင် တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှုက မြန်ဆန်လွန်းသဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်ကာ ပိုးတွေ့လူနာများသည့် ရန်ကုန် ၇ မြို့နယ်ကို Semi-Lockdown သတ်မှတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့သည်။ထို့နောက် ရန်ကုန် ၂၁ မြို့နယ်ကို Semi-Lockdown ထပ်မံသတ်မှတ် ကြောင်း စက်တင်ဘာ ၉ ရက်တွင် ထပ်မံကြေညာခဲ့သည်။

Semi-Lockdown ဆိုသည်မှာ ကိုဗစ်ရောဂါပိုးကူးစက်မှု ထပ်မတိုးလာစေရေး၊ လျော့ကျရေးနှင့် ရပ်တန့်သွားစေရေးအတွက် လူစုလူဝေးမဖြစ်အောင် ကန့်သတ်ခြင်းဖြစ်သည်။ထို့ကြောင့် မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန်၊ လိုအပ်၍အိမ်ပြင်ထွက်ပါကလည်း လိုအပ်သလောက်သောလူများသာ ထွက်ရန်နှင့် အိမ်ပြင်ထွက်လာသူများသည် ဗိုင်းရပ်စ်အကာအကွယ် နှာခေါင်းစည်းဝတ်ဆင်ရန် စည်းကမ်းသတ်မှတ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ကျန်းမာရေးဆိုင်ရာ လိုအပ်သောအမိန့်များ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သော်လည်း ယင်းအမိန့်များကို လိုက်နာခြင်း ရှိ၊ မရှိနှင့် မလိုက်နာပါက ထိရောက်စွာအရေးယူခြင်းတာဝန်ကို ထမ်းဆောင်ရသူမှာ သက်ဆိုင်ရာ တိုင်း၊ မြို့နယ်၊ ရပ်/ကျေး အာဏာပိုင်များဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတ်မှတ်ထားသော ရန်ကုန် Semi-Lockdown ၂၈ မြို့နယ်တွင် သတ်မှတ်စည်းကမ်းများကို မည်မျှလိုက်နာကြသနည်း။သတ်မှတ်စည်းကမ်းများလိုက်နာအောင် သက်ဆိုင်ရာအာဏပိုင်များက မည်သို့ကွပ်ကဲနေသနည်း။

စာရေးသူနေထိုင်ရာ လှိုင်မြို့နယ်ဆိုလျှင် စက်တင်ဘာ ၂ ရက်ကတည်းက Semi-Lockdown သတ်မှတ်ထားသာ မြို့နယ်ဖြစ်သည်။လှိုင်မြို့နယ်အတွင်း ထင်သာမြင်သာပြုလုပ်ခဲ့တာဆိုလို့ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အရက်ဆိုင်တို့ကို ပါဆယ်စနစ်သာရောင်းချခွင့်ပြုခြင်း တစ်ခုသာရှိသည်။

ယနေ့ထိတိုင် အလုပ်သွားသူများအပြင် မလိုအပ်ဘဲ အပြင်ထွက်ချင်သလိုထွက်နေသူများမှာ၊ နှာခေါင်းစည်းမပါဘဲ တိုက်ဝန်းကျင်သွားလာနေသူများနှင့် နှာခေါင်းစည်းမေးသိုင်းကာ သွားလာနေသူများကို တွေ့ရမြဲ။ပို၍ဆိုးတာက စက်တင်ဘာ ၁၃ ရက် နံနက် ရပ်ကွက်ဈေးသို့ သွားတော့ နှာခေါင်းစည်းလုံခြုံစွာတပ်ဆင်လျက် ဈေးဝယ်သူများစွာကိုတွေ့ရသော်လည်း ဈေးရောင်းသူအများစုမှာမူ နှာခေါင်းစည်းမေးသိုင်းလျက် ရောင်းချနေသည်ကို တွေ့ရခြင်းဖြစ်သည်။

ပြောရလျှင် ယခုဆောင်းပါးရေးနေသည့် စက်တင်ဘာ ၁၃ ရက်နေ့တိုင် Semi-Lockdown သည် လှိုင်မြို့နယ်အတွက် (ဆိုင်များပိတ်ရသည်မှအပ) သူ့ဘာသာ စာရွက်ပေါ်  Semi-Lockdown နေပြီး စည်းကမ်းသတ်မှတ်ချက်များကို ကွပ်ကဲသူမရှိ၊ အရေးယူမှုမရှိဘဲ သဲထဲရေသွန်သလိုဖြစ်နေပေသည်။

စက်တင်ဘာ ၁၀ ရက်နေ့တွင် ကိုဗစ်ရောဂါ ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသောစည်းကမ်းချက်များကိုလိုက်နာရန်  ရည်ရွယ်ကာ ပြည်သူများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် က စည်းကမ်းများ ဘာ့ကြောင့်ထုတ်ရသည့်အကြောင်း စည်းကမ်းများကိုလိုက်နာအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း မလိုက်နာလျှင် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီး နောက်တစ်ရက် စက်တင်ဘာ ၁၁ ရက်နေ့ကျမှ ရန်ကုန်မြို့၊ စည်ပင်အုပ်ချုပ်မှုအောက်ရှိ ဈေးကြီးအချို့ကို ယာယီပိတ်လိုက်ကြောင်း သိရသည်။ Semi-Lockdown မြို့နယ်များရှိ လမ်းသွယ်အချို့ကို အပြင်လူမဝင်ရ ဆိုင်းဘုတ်ထောင်ကာ အခိုင်အခံ့ပိတ်ပစ်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကလည်း အားကျမခံ နှာခေါင်းစည်းမတပ်ပါက YBS စီးနင်းခွင့်မပြုရန် ယာဉ်လိုင်းအားလုံးသို့ ညွှန်ကြားလိုက်ကြောင်း ဆိုသည်။

ပြောရလျှင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များမှာ မန္တလေးတိုင်းအစိုးရကဲ့သို့ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်အစီအစဉ် မရှိဟုဆိုလျှင် မှားမည်မထင်ပေ။အကယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်ဘောင်ထဲကနေ၍ ကိုယ့်အစီအစဉ်ဖြင့် ကိုယ့်ဘာသာ ထွင်းထွင်းဖောက်ဖောက် လုပ်ကိုင်မည်ဆိုပါက သြဂုတ် ၃၁ ရက်ကဲ့သို့ တစ်ကျော့ပြန် ကိုဗစ်သည်းထန်နေပြီဖြစ်သောအချိန်တွင် ဖြစ်ချင်သလိုဖြစ်နေသောဈေးကို မြင်တွေ့စရာအကြောင်းမရှိပေ။ထို့ပြင် နှာခေါင်းစည်းမတပ်လျှင် YBS ပေါ် တက်ခွင့်မပြုရုံတင်မက YBS ပေါ် နှာခေါင်းစည်းမေးသိုင်းထားခြင်းမျိုး လက်မခံရန်မှာ သြဂုတ်လကုန်လောက်ကတည်းက ပြီးပြတ်ရမည့်ကိစ္စဖြစ်သည်။

ယခုတော့ ဒေါ်အောင်ဆန်းစုကြည် က စည်းကမ်းတင်းကျပ်မည်ဆိုသည့် မိန့်ခွန်းပြောပြီးမှ ဝရုန်းသုန်းကားဆောင်ရွက်ခြင်းမျိုးသည် လမ်းများအခိုင်အခံ့ပိတ်ပစ်သည်အထိ တလွဲတချော်ဖြစ်ရသလို ဒေါ်အောင်ဆန်းစုကြည် မပြောလျှင် ဘာမှမလုပ်ဘဲ နေသာသလိုနေခြင်းလား၊ ကိုယ့်ဘာသာ ထိုးထွင်းမလုပ်တတ်ခြင်းလားဟူ၍ မေးခွန်းထုတ်ရပေတော့မည်။(မန္တလေးတိုင်းအစိုးရအနေနှင့် ၎င်းတို့ဘာသာ ထိုးထွင်းလုပ်ဆောင်နေသဖြင့် ပြည်ထောင်စုအဆင့်အမိန့်မရဘဲ ဘာမှမလုပ်ရဟု အမိန့်ပေးထားခြင်းမျိုးမရှိဟု ယူဆသည်။)

ထို့ပြင် အထက်လူကြီးက ပြောလာပြီဖြစ်၍ ပြာယာခတ်ပြပြီး သိပ်မကြာခင် ပြန်လည်အေးဆေးသွားမလားဆိုတာကိုလည်း စောင့်ကြည့်ရပေဦးတော့မည်။

လင်းဆက်ငြိမ်းချမ်း
စက်တင်ဘာ - ၁၇

( Zawgyi )

မျဖစ္မေနလိုအပ္ေနေသာ ဆီးခ်ိဳေဆးတစ္မ်ိဳး ျပင္ပေဆးဆိုင္မ်ား၌ ပစၥည္းျပတ္ေနသျဖင့္ ေဆးဒိုင္မ်ားရွိရာ မဂၤလာေဈးအနီးရွိ ေဈးမ်ားသို႔ ေဆးရွာပုံေတာ္ဖြင့္ခဲ့သည္။ၾသဂုတ္ ၃၁ ရက္ေန႔ကျဖစ္သည္။

ၾသဂုတ္ ၃၁ ဆိုတာက ရခိုင္ျပည္နယ္တြင္ တစ္ေက်ာ့ျပန္ ကိုဗစ္ဝုန္းဒိုင္းႀကဲေနသည့္ကာလ။ၾသဂုတ္ ၃၁ ရက္ေန႔တြင္ နံနက္ႏွင့္ ည စုစုေပါင္း ကိုဗစ္အတည္ျပဳလူနာ ၁၀၇ ဦးအထိ ေတြ႕ရွိထားသည့္ေန႔။ထိုအခ်ိန္တုန္းက တစ္ရက္တည္းႏွင့္ အတည္ျပဳလူနာ ၁၀၇ ဦးေတြ႕ရွိျခင္းမွာ စံခ်ိန္တင္ေတြ႕ရွိျခင္းျဖစ္သည္။ရန္ကုန္၌ ၾသဂုတ္ ၂၄ ရက္တြင္ တစ္ေက်ာ့ျပန္ကိုဗစ္ပိုး ေတြ႕ရွိခဲ့သလို ၾသဂုတ္ ၃၁ ရက္ ပိုးေတြ႕ရွိမႈတြင္ ရန္ကုန္သည္ မနည္းလွ။

ထိုသို႔ေသာ လႈပ္လႈပ္႐ြ႐ြ ၾသဂုတ္ ၃၁ တြင္ ေဈးပရဝဏ္ထဲကိုေရာက္ေတာ့ ကိုဗစ္သည္ သူတို႔ႏွင့္ဘာမွမဆိုင္သည့္ႏွယ္ ေအးေဆးေနေသာလူမ်ားကို ေတြ႕ရသည္။ကုန္တင္ကုန္ခ်အလုပ္သမားမ်ားကလည္း ထမ္းသူထမ္း၊ ထိုင္သူထိုင္။သူတို႔အားလုံး၏ေမးေစ့တြင္ ႏွာေခါင္းစည္းခ်ိတ္ထားသလို မ်ားစြာေသာ ေဈးသည္ေဈးဝယ္တို႔သည္လည္း ႏွာေခါင္းစည္းေမးေစ့ခ်ိတ္လ်က္ပင္ ေတြ႕ရသည္။

ဆိုေတာ့ ကိုယ့္ဘာသာနားလည္လိုက္တာက ေဈးသို႔လာလွ်င္ ႏွာေခါင္းစည္းပါရန္သာလိုၿပီး ႏွာေခါင္းစည္းတပ္ျခင္း၏ အဓိပၸါယ္ျဖစ္ေသာ ႏွာေခါင္းႏွင့္ ပါးစပ္ထဲ ဗိုင္းရပ္စ္မဝင္ေအာင္ ကာထားျခင္း၊ မကာထားျခင္းသည္ တစ္ဦးခ်င္းစီ၏ သေဘာျဖစ္ပုံရသည္။

ေဈးအတြင္းထဲကိုေရာက္ေတာ့ လူပိုက်ပ္လာသည္။စက္ေလွကားျဖင့္တက္၊ ဒုတိယထပ္ ေဆးဆိုင္တန္းသို႔ေရာက္ေတာ့ ယခင္အတိုင္း ဘာမွမေျပာင္းလဲ။ဆိုင္ခန္းက်ဥ္းက်ဥ္း၊ လူသြားလမ္းက်ဥ္းက်ဥ္းတြင္ ကုန္ပစၥည္းမ်ားမ်ား၊ လူမ်ားမ်ားတိုးေဝွ႔စြာျဖင့္။တခ်ိဳ႕ေသာဆိုင္မ်ားတြင္ စာရင္းမွတ္သူ၊ ပစၥည္းေရာင္းသူႏွင့္ ေငြေပးေငြယူလုပ္သူျဖင့္ သုံး၊ ေလးေယာက္မက ရွိေနေလေတာ့ မႏၲေလးစည္ပင္ေဈးမ်ား၌ ဆိုင္ရွင္ႏွင့္ ဝန္ထမ္းတစ္ဦးသာ ေဈးေရာင္းခ်ခြင့္ျပဳသည့္ စည္းကမ္းမ်ိဳးမရွိသည့္သေဘာ ေတြ႕ရသည္။ၿပီးေတာ့၊ လူက်ပ္က်ပ္ထဲ ႏွာေခါင္းစည္းေမးေစ့သိုင္းထားသူက တစ္ဝက္မကရွိေနေလေတာ့ ကိုဗစ္ပိုး စိတ္ႀကိဳက္ေမႊေႏွာက္ႏိုင္သည့္ ေနရာတစ္ခုပင္ျဖစ္သည္။

လိုခ်င္ေသာေဆးကို အျမန္ရွာ၊ အျမန္ဝယ္၊ အျမန္ျပန္ထြက္လာၿပီး ေနာက္တြင္ ေဈးထိပ္၌ ေဈးဝန္ထမ္းအမ်ိဳးသမီးတစ္ဦး ထိုင္ခုံျဖင့္ထိုင္ေနသည္ကို သတိထားမိသည္။သူဘာလုပ္ေနသလဲသိရေအာင္ ခဏရပ္ၾကည့္ေတာ့ ႏွာေခါင္းစည္းမတပ္ထားသူမ်ားကို တပ္ရန္ေဆာ္ၾသေနသံၾကားရသည္။သူက ေဆာ္ၾသ႐ုံသာ ေဆာ္ၾသသည္။ႏွာေခါင္းစည္းမတပ္ထား၍ ေဈးထဲအဝင္မခံတာမ်ိဳးမရွိ။ၿပီးေတာ့ ႏွာေခါင္းစည္းေမးသိုင္းထားပါက ဘာမွမေျပာသျဖင့္ ႏွာေခါင္းစည္းကို မ်က္ႏွာတစ္ေနရာရာတြင္ ခ်ိတ္ထားလွ်င္ အိုေကသည့္သေဘာ။သူကိုယ္တိုင္သည္လည္း ႏွာေခါင္းစည္းေမးသိုင္းလ်က္။ဘယ္လိုေျပာရမလဲဆိုေတာ့ ကားတစ္စီးကိုတြန္းေနဖို႔သာလိုၿပီး မေ႐ြ႕လည္းျပႆနာမရွိသည့္သေဘာ။ထိုေဈးတစ္ေဈးကိုၾကည့္လိုက္႐ုံျဖင့္ ရန္ကုန္ၿမိဳ႕ရွိ စည္ပင္အုပ္ခ်ဳပ္မႈေအာက္ေဈးမ်ားမွာ သိပ္ကြာျခားမည္မဟုတ္ဟု ထင္လိုက္မိသည္။

ရန္ကုန္တြင္ တစ္ေက်ာ့ျပန္ ကိုဗစ္ကူးစက္မႈက ျမန္ဆန္လြန္းသျဖင့္ စက္တင္ဘာ ၂ ရက္မွ စတင္ကာ ပိုးေတြ႕လူနာမ်ားသည့္ ရန္ကုန္ ၇ ၿမိဳ႕နယ္ကို Semi-Lockdown သတ္မွတ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ေၾကညာခဲ့သည္။ထို႔ေနာက္ ရန္ကုန္ ၂၁ ၿမိဳ႕နယ္ကို Semi-Lockdown ထပ္မံသတ္မွတ္ ေၾကာင္း စက္တင္ဘာ ၉ ရက္တြင္ ထပ္မံေၾကညာခဲ့သည္။

Semi-Lockdown ဆိုသည္မွာ ကိုဗစ္ေရာဂါပိုးကူးစက္မႈ ထပ္မတိုးလာေစေရး၊ ေလ်ာ့က်ေရးႏွင့္ ရပ္တန႔္သြားေစေရးအတြက္ လူစုလူေဝးမျဖစ္ေအာင္ ကန႔္သတ္ျခင္းျဖစ္သည္။ထို႔ေၾကာင့္ မလိုအပ္ဘဲ အိမ္ျပင္မထြက္ရန္၊ လိုအပ္၍အိမ္ျပင္ထြက္ပါကလည္း လိုအပ္သေလာက္ေသာလူမ်ားသာ ထြက္ရန္ႏွင့္ အိမ္ျပင္ထြက္လာသူမ်ားသည္ ဗိုင္းရပ္စ္အကာအကြယ္ ႏွာေခါင္းစည္းဝတ္ဆင္ရန္ စည္းကမ္းသတ္မွတ္သည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွာ က်န္းမာေရးဆိုင္ရာ လိုအပ္ေသာအမိန႔္မ်ား ၫႊန္ၾကားခ်က္မ်ားကို ထုတ္ျပန္ႏိုင္ေသာ္လည္း ယင္းအမိန႔္မ်ားကို လိုက္နာျခင္း ရွိ၊ မရွိႏွင့္ မလိုက္နာပါက ထိေရာက္စြာအေရးယူျခင္းတာဝန္ကို ထမ္းေဆာင္ရသူမွာ သက္ဆိုင္ရာ တိုင္း၊ ၿမိဳ႕နယ္၊ ရပ္/ေက်း အာဏာပိုင္မ်ားျဖစ္သည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန သတ္မွတ္ထားေသာ ရန္ကုန္ Semi-Lockdown ၂၈ ၿမိဳ႕နယ္တြင္ သတ္မွတ္စည္းကမ္းမ်ားကို မည္မွ်လိုက္နာၾကသနည္း။သတ္မွတ္စည္းကမ္းမ်ားလိုက္နာေအာင္ သက္ဆိုင္ရာအာဏပိုင္မ်ားက မည္သို႔ကြပ္ကဲေနသနည္း။

စာေရးသူေနထိုင္ရာ လႈိင္ၿမိဳ႕နယ္ဆိုလွ်င္ စက္တင္ဘာ ၂ ရက္ကတည္းက Semi-Lockdown သတ္မွတ္ထားသာ ၿမိဳ႕နယ္ျဖစ္သည္။လႈိင္ၿမိဳ႕နယ္အတြင္း ထင္သာျမင္သာျပဳလုပ္ခဲ့တာဆိုလို႔ ထမင္းဆိုင္၊ လက္ဖက္ရည္ဆိုင္ႏွင့္ အရက္ဆိုင္တို႔ကို ပါဆယ္စနစ္သာေရာင္းခ်ခြင့္ျပဳျခင္း တစ္ခုသာရွိသည္။

ယေန႔ထိတိုင္ အလုပ္သြားသူမ်ားအျပင္ မလိုအပ္ဘဲ အျပင္ထြက္ခ်င္သလိုထြက္ေနသူမ်ားမွာ၊ ႏွာေခါင္းစည္းမပါဘဲ တိုက္ဝန္းက်င္သြားလာေနသူမ်ားႏွင့္ ႏွာေခါင္းစည္းေမးသိုင္းကာ သြားလာေနသူမ်ားကို ေတြ႕ရၿမဲ။ပို၍ဆိုးတာက စက္တင္ဘာ ၁၃ ရက္ နံနက္ ရပ္ကြက္ေဈးသို႔ သြားေတာ့ ႏွာေခါင္းစည္းလုံၿခဳံစြာတပ္ဆင္လ်က္ ေဈးဝယ္သူမ်ားစြာကိုေတြ႕ရေသာ္လည္း ေဈးေရာင္းသူအမ်ားစုမွာမူ ႏွာေခါင္းစည္းေမးသိုင္းလ်က္ ေရာင္းခ်ေနသည္ကို ေတြ႕ရျခင္းျဖစ္သည္။

ေျပာရလွ်င္ ယခုေဆာင္းပါးေရးေနသည့္ စက္တင္ဘာ ၁၃ ရက္ေန႔တိုင္ Semi-Lockdown သည္ လႈိင္ၿမိဳ႕နယ္အတြက္ (ဆိုင္မ်ားပိတ္ရသည္မွအပ) သူ႔ဘာသာ စာ႐ြက္ေပၚ  Semi-Lockdown ေနၿပီး စည္းကမ္းသတ္မွတ္ခ်က္မ်ားကို ကြပ္ကဲသူမရွိ၊ အေရးယူမႈမရွိဘဲ သဲထဲေရသြန္သလိုျဖစ္ေနေပသည္။

စက္တင္ဘာ ၁၀ ရက္ေန႔တြင္ ကိုဗစ္ေရာဂါ ထိေရာက္စြာကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ထုတ္ျပန္ထားေသာစည္းကမ္းခ်က္မ်ားကိုလိုက္နာရန္  ရည္႐ြယ္ကာ ျပည္သူမ်ားသို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန႔္ခြန္းေျပာခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္ က စည္းကမ္းမ်ား ဘာ့ေၾကာင့္ထုတ္ရသည့္အေၾကာင္း စည္းကမ္းမ်ားကိုလိုက္နာေအာင္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း မလိုက္နာလွ်င္ ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့သည္။

ထိုသို႔ ေဒၚေအာင္ဆန္းစုၾကည္ မိန႔္ခြန္းေျပာၿပီး ေနာက္တစ္ရက္ စက္တင္ဘာ ၁၁ ရက္ေန႔က်မွ ရန္ကုန္ၿမိဳ႕၊ စည္ပင္အုပ္ခ်ဳပ္မႈေအာက္ရွိ ေဈးႀကီးအခ်ိဳ႕ကို ယာယီပိတ္လိုက္ေၾကာင္း သိရသည္။ Semi-Lockdown ၿမိဳ႕နယ္မ်ားရွိ လမ္းသြယ္အခ်ိဳ႕ကို အျပင္လူမဝင္ရ ဆိုင္းဘုတ္ေထာင္ကာ အခိုင္အခံ့ပိတ္ပစ္လိုက္သည္။
ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) ကလည္း အားက်မခံ ႏွာေခါင္းစည္းမတပ္ပါက YBS စီးနင္းခြင့္မျပဳရန္ ယာဥ္လိုင္းအားလုံးသို႔ ၫႊန္ၾကားလိုက္ေၾကာင္း ဆိုသည္။

ေျပာရလွ်င္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕၏ ေဆာင္႐ြက္ခ်က္မ်ားမွာ မႏၲေလးတိုင္းအစိုးရကဲ့သို႔ ကိုယ္ပိုင္မူ၊ ကိုယ္ပိုင္အစီအစဥ္ မရွိဟုဆိုလွ်င္ မွားမည္မထင္ေပ။အကယ္၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ေဘာင္ထဲကေန၍ ကိုယ့္အစီအစဥ္ျဖင့္ ကိုယ့္ဘာသာ ထြင္းထြင္းေဖာက္ေဖာက္ လုပ္ကိုင္မည္ဆိုပါက ၾသဂုတ္ ၃၁ ရက္ကဲ့သို႔ တစ္ေက်ာ့ျပန္ ကိုဗစ္သည္းထန္ေနၿပီျဖစ္ေသာအခ်ိန္တြင္ ျဖစ္ခ်င္သလိုျဖစ္ေနေသာေဈးကို ျမင္ေတြ႕စရာအေၾကာင္းမရွိေပ။ထို႔ျပင္ ႏွာေခါင္းစည္းမတပ္လွ်င္ YBS ေပၚ တက္ခြင့္မျပဳ႐ုံတင္မက YBS ေပၚ ႏွာေခါင္းစည္းေမးသိုင္းထားျခင္းမ်ိဳး လက္မခံရန္မွာ ၾသဂုတ္လကုန္ေလာက္ကတည္းက ၿပီးျပတ္ရမည့္ကိစၥျဖစ္သည္။

ယခုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ က စည္းကမ္းတင္းက်ပ္မည္ဆိုသည့္ မိန႔္ခြန္းေျပာၿပီးမွ ဝ႐ုန္းသုန္းကားေဆာင္႐ြက္ျခင္းမ်ိဳးသည္ လမ္းမ်ားအခိုင္အခံ့ပိတ္ပစ္သည္အထိ တလြဲတေခ်ာ္ျဖစ္ရသလို ေဒၚေအာင္ဆန္းစုၾကည္ မေျပာလွ်င္ ဘာမွမလုပ္ဘဲ ေနသာသလိုေနျခင္းလား၊ ကိုယ့္ဘာသာ ထိုးထြင္းမလုပ္တတ္ျခင္းလားဟူ၍ ေမးခြန္းထုတ္ရေပေတာ့မည္။(မႏၲေလးတိုင္းအစိုးရအေနႏွင့္ ၎တို႔ဘာသာ ထိုးထြင္းလုပ္ေဆာင္ေနသျဖင့္ ျပည္ေထာင္စုအဆင့္အမိန႔္မရဘဲ ဘာမွမလုပ္ရဟု အမိန႔္ေပးထားျခင္းမ်ိဳးမရွိဟု ယူဆသည္။)

ထို႔ျပင္ အထက္လူႀကီးက ေျပာလာၿပီျဖစ္၍ ျပာယာခတ္ျပၿပီး သိပ္မၾကာခင္ ျပန္လည္ေအးေဆးသြားမလားဆိုတာကိုလည္း ေစာင့္ၾကည့္ရေပဦးေတာ့မည္။

လင္းဆက္ၿငိမ္းခ်မ္း
စက္တင္ဘာ - ၁၇