【 ဆောင်းပါး 】 “ကပ်ရောဂါအရေးနှင့် လူမှုစီးပွားရေးအတွေး”

【 ဆောင်းပါး 】 “ကပ်ရောဂါအရေးနှင့် လူမှုစီးပွားရေးအတွေး”

နံနက်စောစော လမ်းလျှောက်သည့်အလေ့ကလည်း စွဲနေပြီ။လမ်းလျှောက်အပြန် ဈေးထဲဝင် ဟင်းချက်စရာ တိုတိုထွာထွာလေးဝယ်ဆိုတဲ့ အိမ်ရှင်မအတွက် ကူဖော်လောင်ဖက်အကျင့်ကလည်း မြဲနေပြီ။ဒီနေ့ဈေးရောက်တော့ ကိုဗစ်ဒုတိယလှိုင်းမို့ ခါတိုင်းထက်စာလျှင် တစ်ဈေးလုံးနီးပါး ရှင်းလင်းနေသလိုဖြစ်နေသည်။သို့တစေ တားမြစ်ကန့်သတ်ထားသည့် လမ်းဘေးခင်းရောင်းသည့် ဈေးသည်လေးတွေတော့ တလှုပ်လှုပ်တရွရွ။ဖမ်းမှာဆီးမှာ ‌ကြောက်ရသည့်ကြားထဲမှ လက်လှုပ်မှ ပါးစပ်လှုပ်ရသည့်သူများမို့ စိုးတရွံ့ရွံ့ကြားမှ ဈေးဗန်းခင်းရသည်မဟုတ်ပါလား။

ကိုဗစ်ဒုတိယလှိုင်းက ကိုဗစ်ပထမလှိုင်းထက် မိမိတို့နိုင်ငံကို ပိုမိုလှုပ်ကိုင်သလိုရှိသည်။ရောဂါပိုးတွေ့သူအရေအတွက် ပိုများပြားလာသလို သေဆုံးသူအရေအတွက်လည်း တိုးလာသည်။မိသားစုအတွင်း ရောဂါပိုးတွေ့ရှိသူတို့က ကျန်းမာရေးစင်တာတွင် သွားရောက်ကုသမှုခံယူနေကြရသလို အိမ်တွင်ကျန်ရှိနေသူတို့ကလည်း စားရေးသောက်ရေးကအစ အခက်အခဲများနှင့် ရင်ဆိုင်လာကြရသည်။

အလားတူပင် လတ်တလော ရောဂါပိုးမရှိသေးသူများဆိုလျှင်လည်း အခက်အခဲများစွာနှင့်ပင်ဖြစ်သည်။အထူးသဖြင့် ဝင်ငွေနည်းပါးသောမိသားစုများ၊ လုပ်ငန်းများရပ်နားထားရသော‌ကြောင့် ဝင်ငွေကင်းမဲ့သော နေ့စားလုပ်သားများမှအစ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များအထိ နိစ္စဓူဝ ဝမ်းရေးအတွက် တားမြစ်ကန့်သတ်မှုများကြားထဲမှ မဖြစ်မနေဆိုသလို အပြင်ထွက်ကာလုပ်ကြကိုင်ကြရမှ တစ်နေ့တာအူစိုကြရမည့် ဘဝများဖြစ်သည်။

ကိုဗစ်၏ ရိုက်ခတ်မှုများထဲတွင် အပြင်းထန်ဆုံးမှာ စီးပွားရေးလုပ်ငန်းများအပေါ် ရိုက်ခတ်မှုများပင်ဖြစ်သည်။ကမ္ဘာ့စီးပွားရေးရိုက်ခတ်မှု အရှိန်အဟုန်က နိုင်ငံတိုင်းနီးပါးလောက် အကျပ်အတည်းနှင့် ရင်ဆိုင်လာရသည်။မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ကတော့ အထိအနာဆုံးပင်ဖြစ်သည်။ကပ်ရောဂါကြောင့် ကုန်ထုတ်လုပ်ငန်းတွေပိတ်ထားကြရသည်။စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ရုပ်ရှင်ရုံ စသည်တို့ကဲ့သို့သော လူစည်ကားနိုင်သော လုပ်ငန်းနေရာမှန်သမျှ ပိတ်ထားကြရသည်။လုပ်ငန်းများ ပိတ်ထားရသည့်အတွက်ကြောင့်  လုပ်ငန်းရှင်များအထိနာကြရသလို ထိုလုပ်ငန်းများနှင့်ဆက်စပ်နေသော လုပ်သားဝန်ထမ်းတို့၏ စားဝတ်နေရေးတို့ပါ ထိခိုက်လာခဲ့ကြရသည်။

မကြာသေးမီက ကမ္ဘာ့ဘဏ်က ထုတ်ဝေသော အစီရင်ခံစာတွင် ကပ်ရောဂါကြောင့် ကမ္ဘာပေါ်တွင် ဆင်းရဲသားအရေအတွက် ပိုမိုတိုးပွားလာခဲ့ကြောင်း တွေ့ရှိရသည်။ယခင်က ကမ္ဘာ့ဆင်းရဲသားအရေအတွက် သန်း ၇၀ ရှိနေရာမှ သန်း ၁၀၀ ကျော် တိုးပွားလာခဲ့သည်ဟု ဆိုသည်။ယင်းသည် လတ်တလောကြိုတင်ခန့်မှန်းတွက်ချက်မှုသာဖြစ်ပြီး ကပ်ရောဂါအလွန်ကာလတွင် ယခုထက်ပိုမိုများလာမည်ဟုဆိုသည်။လက်ရှိကပ်ရောဂါကြောင့် ကမ္ဘာ့ဆင်းရဲသားဦးရေသည်  ၉.၂ ရာခိုင်နှုန်းအထိရှိလာမည်ဟုဆိုလေရာ ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာမည့် လူမှုဘဝနောက်ဆက်တွဲအကျိုးဆက်များမှာ ရင်လေးစရာပင်ဖြစ်သည်။

စင်စစ် လက်ရှိကမ္ဘာကြီးကို အကြီးအကျယ်ရိုက်ခတ်ထိုးနှက်နေသည့် ကပ်ရောဂါက လူသားတို့အပေါ် ကြီးစွာသက်ရောက်မှုပြုနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ကိုဗစ်ကပ်ရောဂါကြောင့် လူသားတို့ရရှိလာသည့် သင်ခန်းစာများကလည်း ထွေပြားစုံလင်လှသည်။ကပ်ရောဂါကပေးသည့် သင်ခန်းစာများကြောင့် လူသားတို့အနေဖြင့် အနာဂတ်တွင် ကြိုတင်ပြင်ဆင်လုပ်ဆောင်ထားရမည့် အခန်းကဏ္ဍများရှိနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ဆိုရလျှင် အများပြည်သူကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံကြရန် ကိုဗစ်က အစိုးရများကို သတိပေးနှိုးဆော်လျက်ရှိသည်။

ထိုမျှနှင့်မပြီးသေး ကမ္ဘာ့လူသားတို့အတွက် မိမိတို့၏ သဘာဝပတ်ဝန်းကျင်ကို ပိုမိုကာကွယ်ထိန်းသိမ်းရန် ကိုဗစ်က သတိပေးညွှန်ပြနေသကဲ့သို့ အကျပ်အတည်းဆိုက်ရောက်လာချိန်တွင် ဆင်းရဲသားတို့အတွက် လူမှုဘဝဘေးကင်းလုံခြုံရေးအတွက် ကွန်ယက်အခိုင်အမာရရှိရေးနှင့် တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲအကျပ်အတည်းများကို ကျော်လွှားဖြတ်သန်းရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန် လိုအပ်လျက်ရှိကြောင်း ကိုဗစ်က ကမ္ဘာ့လူသားတို့ကို သတိပေးနှိုးဆော်နေလျက်ရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။

တစ်ခါတုန်းက ဆင်းရဲသောနိုင်ငံများနှင့်ပတ်သက်၍ နိုင်ငံရေးသိပ္ပံပညာရှင် အရေးအရာ ပေါလ်ကော်လီယာ က ဤသို့ရေးဖူးသည်။ကမ္ဘာပေါ်တွင် ဆင်းရဲသောနိုင်ငံများဖြစ်လာရသော အကြောင်းအရင်းများတွင်..

(၁) ပြည်တွင်းစစ်ကဲ့သို့သော ပဋိပက္ခထောင်ချောက်

(၂) သဘာဝသယံဇာတ အရင်းအမြစ်ထောင်ချောက်

(၃) ကုန်းတွင်းပိတ်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ ဆက်စပ်ပတ်သက်မှု ထောင်ချောက်နှင့်

(၄) အစိုးရတို့၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှုထောင်ချောက်များအတွင်း ပိတ်မိနေသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

ယခုဆိုလျှင် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအကျပ်အတည်းက ဆင်းရဲသောနိုင်ငံများအတွက် နောက်ထပ်ထောင်ချောက်တစ်ခု ဖြစ်နေပြီလားဟုပင်‌ တွေးတောစရာဖြစ်ရသည်။ထိုသို့ဆိုရသည့် အကြောင်းကလည်းရှိသည်။မိမိတို့နိုင်ငံတွင် ရှည်ကြာနေသော ပြည်တွင်းစစ်မီးအရှိန်အဟုန် လက်ရှိအချိန်အထိ မီးသတ်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။နိုင်ငံရေးမတည်ငြိမ်မှု အငွေ့အသက်များ၊ စီးပွားရေးဆုတ်ယုတ်မှု အရိပ်အငွေ့များ ထုံလွှမ်းနေသော မိမိတို့လိုနိုင်ငံမျိုးတွင်ပင် ကပ်ရောဂါကဲ့သို့ ကူးစက်ရောဂါရိုက်ခတ်မှု အကျပ်အတည်းက နိုင်ငံကို အကျပ်အတည်းထောင်ချောက်တွင်း ပိုမိုသက်ဆင်းစေသလို ဖြစ်စေခဲ့သည်ဟု ဆိုရခြိမ့်မည်။

လက်ရှိ ရိုက်ခတ်နေသော ကပ်ရောဂါအကျပ်အတည်းက အတိုင်းအတာတစ်ခုအနေနှင့် ကာလတိုအတွင်းမှာပင် ရှိနေပါသေးသည်။ထိုထက်ပို၍ ကပ်ရောဂါရိုက်ခတ်မှု အကျပ်အတည်းက ကာလရှည်ကြာနေမည်ဆိုလျှင် နိုင်ငံ၏စီးပွားရေးအကျပ်အတည်းက လူတိုင်းအပေါ် သက်ရောက်မှုကြီးမားကျယ်ပြန့်လာနိုင်ဖွယ်ရာရှိသည်။
လုပ်ငန်းအများအပြား ရပ်ဆိုင်းထားရမှုအနေအထားက အလုပ်လက်မဲ့ ပိုပိုတိုးများလာမည့် အရိပ်အယောင်ကို တွေ့မြင်နေရသကဲ့သို့ နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်နေရာမှ ဇာတိမြေပြန်လာရသော လုပ်သားများ လုပ်ငန်းခွင်ပြန်ဝင်နိုင်မည့်ရက် ရှည်ကြာနေဦးမည်ဆိုပါက အစိုးရအတွက် နောက်ထပ်ဝန်ထုပ်ဝန်ပိုးတစ်ခု ထပ်တိုးလာရမည့် အနေအထားလည်းဖြစ်သည်။

မိမိတို့နိုင်ငံသည် ချမ်းသာကြွယ်ဝသော နိုင်ငံမဟုတ်သည့်အတွက် ချမ်းသာသောနိုင်ငံများကဲ့သို့ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ဘဏ္ဍာငွေကြေးအလုံးအရင်းနှင့် သုံးစွဲနိုင်သော အခြေအနေမရှိသည့်ကြားမှ တတ်အားသမျှသုံးကာ ဖြေရှင်းပေးနေခြင်းဖြစ်သည်။ပြည်သူလူထုအနေနှင့်လည်း အစိုးရ၏ အခက်အခဲများကို သိမြင်နားလည်ပေးနိုင်သည့်တိုင်အောင် လက်ရှိရင်ဆိုင်နေရသော စီးပွားရေးအကျပ်အတည်း ရိုက်ခတ်မှုကို ချမ်းသာသောနိုင်ငံများမှ ပြည်သူများကဲ့သို့ ကြံ့ကြံ့ခံတုံ့ပြန်ဖြေရှင်းနိုင်စွမ်း မရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။

ကပ်ရောဂါထိန်းချုပ်တိုက်ဖျက်ရေးတွင် တတ်နိုင်သမျှ လမ်းပေါ်ထွက်ခြင်းမှရှောင်ကြဉ်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ရန် မကြာခဏလက်ဆေးရန်၊ လူစုလူဝေးပြုလုပ်ခြင်းမှရှောင်ရှားရန် တစ်ဦးနှင့် တစ်ဦး ထိတွေ့မှုနည်းနိုင်သမျှနည်းအောင် နေထိုင်ခြင်းက ကပ်ရောဂါအောင်မြင်စွာထိန်းချုပ်နိုင်ရေးကို အထောက်အကူပြုစေချင်နိုင်မည်ဖြစ်ပါသည်။ကပ်ရောဂါထိန်းချုပ်ရေးကို အထောက်အကူပြုစေမည့် စည်းမျဉ်းစည်းကမ်းများကို အများစုကလိုက်နာကြသော်လည်း အချို့သူတို့အတွက် အပြည့်အဝလိုက်နာရန်မှာမူ များစွာခက်ခဲသည့် အနေအထားလည်းဖြစ်သည်။လုပ်ငန်းကုမ္ပဏီအများစုအနေနှင့် ကပ်ရောဂါကာလအတွင်း work from home ဆိုသည့်တိုင် ဝန်ထမ်းအချို့ကတော့ မဖြစ်မနေဆိုသလို အပြင်ထွက်သွားလာလှုပ်ရှားမှသာ လုပ်ငန်းပြီးမြောက်နိုင်မည့် အနေအထားဖြစ်သည်။

လက်ရှိ စီးပွားရေးအကျပ်အတည်းများ ဖြေလျှော့လာစေရန် အဆင့် (A) ရရှိအောင် ပြင်ဆင်စီမံထားသည့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ပြန်ခွင့်ပြုရေးကို အစိုးရက စီမံဆောင်ရွက်လျက်ရှိပါသည်။မည်သို့ဆိုစေ ကပ်ရောဂါထိန်းချုပ်ရေးလည်းအောင်မြင်၍ စီးပွားရေးအကျပ်အတည်းများမှ လွတ်မြောက်ရေးဆိုသည်မှာ များစွာအချိန်ယူရဦးမည့် အနေအထားတွင်ရှိနေပါသေးကြောင်း တစ်နေ့တာစားစရာဝယ်ရင်း ဈေးမှအပြန် အတွေးသွားမိသမျှ ရေးသားလိုက်ရပါသည်။

မြင့်နောင်မိုး
အောက်တိုဘာ - ၂၁

( Zawgyi )

နံနက္ေစာေစာ လမ္းေလွ်ာက္သည့္အေလ့ကလည္း စြဲေနၿပီ။လမ္းေလွ်ာက္အျပန္ ေဈးထဲဝင္ ဟင္းခ်က္စရာ တိုတိုထြာထြာေလးဝယ္ဆိုတဲ့ အိမ္ရွင္မအတြက္ ကူေဖာ္ေလာင္ဖက္အက်င့္ကလည္း ၿမဲေနၿပီ။ဒီေန႔ေဈးေရာက္ေတာ့ ကိုဗစ္ဒုတိယလႈိင္းမို႔ ခါတိုင္းထက္စာလွ်င္ တစ္ေဈးလုံးနီးပါး ရွင္းလင္းေနသလိုျဖစ္ေနသည္။သို႔တေစ တားျမစ္ကန႔္သတ္ထားသည့္ လမ္းေဘးခင္းေရာင္းသည့္ ေဈးသည္ေလးေတြေတာ့ တလႈပ္လႈပ္တ႐ြ႐ြ။ဖမ္းမွာဆီးမွာ ‌ေၾကာက္ရသည့္ၾကားထဲမွ လက္လႈပ္မွ ပါးစပ္လႈပ္ရသည့္သူမ်ားမို႔ စိုးတ႐ြံ႕႐ြံ႕ၾကားမွ ေဈးဗန္းခင္းရသည္မဟုတ္ပါလား။

ကိုဗစ္ဒုတိယလႈိင္းက ကိုဗစ္ပထမလႈိင္းထက္ မိမိတို႔ႏိုင္ငံကို ပိုမိုလႈပ္ကိုင္သလိုရွိသည္။ေရာဂါပိုးေတြ႕သူအေရအတြက္ ပိုမ်ားျပားလာသလို ေသဆုံးသူအေရအတြက္လည္း တိုးလာသည္။မိသားစုအတြင္း ေရာဂါပိုးေတြ႕ရွိသူတို႔က က်န္းမာေရးစင္တာတြင္ သြားေရာက္ကုသမႈခံယူေနၾကရသလို အိမ္တြင္က်န္ရွိေနသူတို႔ကလည္း စားေရးေသာက္ေရးကအစ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္လာၾကရသည္။

အလားတူပင္ လတ္တေလာ ေရာဂါပိုးမရွိေသးသူမ်ားဆိုလွ်င္လည္း အခက္အခဲမ်ားစြာႏွင့္ပင္ျဖစ္သည္။အထူးသျဖင့္ ဝင္ေငြနည္းပါးေသာမိသားစုမ်ား၊ လုပ္ငန္းမ်ားရပ္နားထားရေသာ‌ေၾကာင့္ ဝင္ေငြကင္းမဲ့ေသာ ေန႔စားလုပ္သားမ်ားမွအစ ေခါင္း႐ြက္ဗ်ပ္ထိုးေဈးသည္မ်ားအထိ နိစၥဓူဝ ဝမ္းေရးအတြက္ တားျမစ္ကန႔္သတ္မႈမ်ားၾကားထဲမွ မျဖစ္မေနဆိုသလို အျပင္ထြက္ကာလုပ္ၾကကိုင္ၾကရမွ တစ္ေန႔တာအူစိုၾကရမည့္ ဘဝမ်ားျဖစ္သည္။

ကိုဗစ္၏ ႐ိုက္ခတ္မႈမ်ားထဲတြင္ အျပင္းထန္ဆုံးမွာ စီးပြားေရးလုပ္ငန္းမ်ားအေပၚ ႐ိုက္ခတ္မႈမ်ားပင္ျဖစ္သည္။ကမာၻ႔စီးပြားေရး႐ိုက္ခတ္မႈ အရွိန္အဟုန္က ႏိုင္ငံတိုင္းနီးပါးေလာက္ အက်ပ္အတည္းႏွင့္ ရင္ဆိုင္လာရသည္။မိမိတို႔လို ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားအတြက္ကေတာ့ အထိအနာဆုံးပင္ျဖစ္သည္။ကပ္ေရာဂါေၾကာင့္ ကုန္ထုတ္လုပ္ငန္းေတြပိတ္ထားၾကရသည္။စားေသာက္ဆိုင္၊ လက္ဖက္ရည္ဆိုင္၊ ႐ုပ္ရွင္႐ုံ စသည္တို႔ကဲ့သို႔ေသာ လူစည္ကားႏိုင္ေသာ လုပ္ငန္းေနရာမွန္သမွ် ပိတ္ထားၾကရသည္။လုပ္ငန္းမ်ား ပိတ္ထားရသည့္အတြက္ေၾကာင့္  လုပ္ငန္းရွင္မ်ားအထိနာၾကရသလို ထိုလုပ္ငန္းမ်ားႏွင့္ဆက္စပ္ေနေသာ လုပ္သားဝန္ထမ္းတို႔၏ စားဝတ္ေနေရးတို႔ပါ ထိခိုက္လာခဲ့ၾကရသည္။

မၾကာေသးမီက ကမာၻ႔ဘဏ္က ထုတ္ေဝေသာ အစီရင္ခံစာတြင္ ကပ္ေရာဂါေၾကာင့္ ကမာၻေပၚတြင္ ဆင္းရဲသားအေရအတြက္ ပိုမိုတိုးပြားလာခဲ့ေၾကာင္း ေတြ႕ရွိရသည္။ယခင္က ကမာၻ႔ဆင္းရဲသားအေရအတြက္ သန္း ၇၀ ရွိေနရာမွ သန္း ၁၀၀ ေက်ာ္ တိုးပြားလာခဲ့သည္ဟု ဆိုသည္။ယင္းသည္ လတ္တေလာႀကိဳတင္ခန႔္မွန္းတြက္ခ်က္မႈသာျဖစ္ၿပီး ကပ္ေရာဂါအလြန္ကာလတြင္ ယခုထက္ပိုမိုမ်ားလာမည္ဟုဆိုသည္။လက္ရွိကပ္ေရာဂါေၾကာင့္ ကမာၻ႔ဆင္းရဲသားဦးေရသည္  ၉.၂ ရာခိုင္ႏႈန္းအထိရွိလာမည္ဟုဆိုေလရာ ကပ္ေရာဂါေၾကာင့္ျဖစ္ေပၚလာမည့္ လူမႈဘဝေနာက္ဆက္တြဲအက်ိဳးဆက္မ်ားမွာ ရင္ေလးစရာပင္ျဖစ္သည္။

စင္စစ္ လက္ရွိကမာၻႀကီးကို အႀကီးအက်ယ္႐ိုက္ခတ္ထိုးႏွက္ေနသည့္ ကပ္ေရာဂါက လူသားတို႔အေပၚ ႀကီးစြာသက္ေရာက္မႈျပဳေနသည္မွာလည္း အမွန္ပင္ျဖစ္သည္။ကိုဗစ္ကပ္ေရာဂါေၾကာင့္ လူသားတို႔ရရွိလာသည့္ သင္ခန္းစာမ်ားကလည္း ေထြျပားစုံလင္လွသည္။ကပ္ေရာဂါကေပးသည့္ သင္ခန္းစာမ်ားေၾကာင့္ လူသားတို႔အေနျဖင့္ အနာဂတ္တြင္ ႀကိဳတင္ျပင္ဆင္လုပ္ေဆာင္ထားရမည့္ အခန္းက႑မ်ားရွိေနသည္မွာလည္း အမွန္ပင္ျဖစ္သည္။ဆိုရလွ်င္ အမ်ားျပည္သူက်န္းမာေရးေစာင့္ေရွာက္မႈက႑တြင္ ပိုမိုရင္းႏွီးျမႇဳပ္ႏွံၾကရန္ ကိုဗစ္က အစိုးရမ်ားကို သတိေပးႏႈိးေဆာ္လ်က္ရွိသည္။

ထိုမွ်ႏွင့္မၿပီးေသး ကမာၻ႔လူသားတို႔အတြက္ မိမိတို႔၏ သဘာဝပတ္ဝန္းက်င္ကို ပိုမိုကာကြယ္ထိန္းသိမ္းရန္ ကိုဗစ္က သတိေပးၫႊန္ျပေနသကဲ့သို႔ အက်ပ္အတည္းဆိုက္ေရာက္လာခ်ိန္တြင္ ဆင္းရဲသားတို႔အတြက္ လူမႈဘဝေဘးကင္းလုံၿခဳံေရးအတြက္ ကြန္ယက္အခိုင္အမာရရွိေရးႏွင့္ ေတြ႕ႀကဳံရင္ဆိုင္ေနရေသာ အခက္အခဲအက်ပ္အတည္းမ်ားကို ေက်ာ္လႊားျဖတ္သန္းရန္အတြက္ ကမာၻလုံးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ေပးရန္ လိုအပ္လ်က္ရွိေၾကာင္း ကိုဗစ္က ကမာၻ႔လူသားတို႔ကို သတိေပးႏႈိးေဆာ္ေနလ်က္ရွိသည္မွာလည္း အမွန္ပင္ျဖစ္သည္။

တစ္ခါတုန္းက ဆင္းရဲေသာႏိုင္ငံမ်ားႏွင့္ပတ္သက္၍ ႏိုင္ငံေရးသိပၸံပညာရွင္ အေရးအရာ ေပါလ္ေကာ္လီယာ က ဤသို႔ေရးဖူးသည္။ကမာၻေပၚတြင္ ဆင္းရဲေသာႏိုင္ငံမ်ားျဖစ္လာရေသာ အေၾကာင္းအရင္းမ်ားတြင္..

(၁) ျပည္တြင္းစစ္ကဲ့သို႔ေသာ ပဋိပကၡေထာင္ေခ်ာက္

(၂) သဘာဝသယံဇာတ အရင္းအျမစ္ေထာင္ေခ်ာက္

(၃) ကုန္းတြင္းပိတ္ႏိုင္ငံမ်ားႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား ဆက္စပ္ပတ္သက္မႈ ေထာင္ေခ်ာက္ႏွင့္

(၄) အစိုးရတို႔၏ ညံ့ဖ်င္းေသာ စီမံခန႔္ခြဲမႈေထာင္ေခ်ာက္မ်ားအတြင္း ပိတ္မိေနေသာေၾကာင့္ျဖစ္သည္ဟု ဆိုသည္။

ယခုဆိုလွ်င္ ကပ္ေရာဂါေၾကာင့္ ျဖစ္ေပၚလာေသာ စီးပြားေရးအက်ပ္အတည္းက ဆင္းရဲေသာႏိုင္ငံမ်ားအတြက္ ေနာက္ထပ္ေထာင္ေခ်ာက္တစ္ခု ျဖစ္ေနၿပီလားဟုပင္‌ ေတြးေတာစရာျဖစ္ရသည္။ထိုသို႔ဆိုရသည့္ အေၾကာင္းကလည္းရွိသည္။မိမိတို႔ႏိုင္ငံတြင္ ရွည္ၾကာေနေသာ ျပည္တြင္းစစ္မီးအရွိန္အဟုန္ လက္ရွိအခ်ိန္အထိ မီးသတ္ႏိုင္ရန္ ခက္ခဲေနဆဲျဖစ္သည္။ႏိုင္ငံေရးမတည္ၿငိမ္မႈ အေငြ႕အသက္မ်ား၊ စီးပြားေရးဆုတ္ယုတ္မႈ အရိပ္အေငြ႕မ်ား ထုံလႊမ္းေနေသာ မိမိတို႔လိုႏိုင္ငံမ်ိဳးတြင္ပင္ ကပ္ေရာဂါကဲ့သို႔ ကူးစက္ေရာဂါ႐ိုက္ခတ္မႈ အက်ပ္အတည္းက ႏိုင္ငံကို အက်ပ္အတည္းေထာင္ေခ်ာက္တြင္း ပိုမိုသက္ဆင္းေစသလို ျဖစ္ေစခဲ့သည္ဟု ဆိုရၿခိမ့္မည္။

လက္ရွိ ႐ိုက္ခတ္ေနေသာ ကပ္ေရာဂါအက်ပ္အတည္းက အတိုင္းအတာတစ္ခုအေနႏွင့္ ကာလတိုအတြင္းမွာပင္ ရွိေနပါေသးသည္။ထိုထက္ပို၍ ကပ္ေရာဂါ႐ိုက္ခတ္မႈ အက်ပ္အတည္းက ကာလရွည္ၾကာေနမည္ဆိုလွ်င္ ႏိုင္ငံ၏စီးပြားေရးအက်ပ္အတည္းက လူတိုင္းအေပၚ သက္ေရာက္မႈႀကီးမားက်ယ္ျပန႔္လာႏိုင္ဖြယ္ရာရွိသည္။
လုပ္ငန္းအမ်ားအျပား ရပ္ဆိုင္းထားရမႈအေနအထားက အလုပ္လက္မဲ့ ပိုပိုတိုးမ်ားလာမည့္ အရိပ္အေယာင္ကို ေတြ႕ျမင္ေနရသကဲ့သို႔ ႏိုင္ငံရပ္ျခားတြင္ သြားေရာက္လုပ္ကိုင္ေနရာမွ ဇာတိေျမျပန္လာရေသာ လုပ္သားမ်ား လုပ္ငန္းခြင္ျပန္ဝင္ႏိုင္မည့္ရက္ ရွည္ၾကာေနဦးမည္ဆိုပါက အစိုးရအတြက္ ေနာက္ထပ္ဝန္ထုပ္ဝန္ပိုးတစ္ခု ထပ္တိုးလာရမည့္ အေနအထားလည္းျဖစ္သည္။

မိမိတို႔ႏိုင္ငံသည္ ခ်မ္းသာႂကြယ္ဝေသာ ႏိုင္ငံမဟုတ္သည့္အတြက္ ခ်မ္းသာေသာႏိုင္ငံမ်ားကဲ့သို႔ ကပ္ေရာဂါတိုက္ဖ်က္ေရးတြင္ ဘ႑ာေငြေၾကးအလုံးအရင္းႏွင့္ သုံးစြဲႏိုင္ေသာ အေျခအေနမရွိသည့္ၾကားမွ တတ္အားသမွ်သုံးကာ ေျဖရွင္းေပးေနျခင္းျဖစ္သည္။ျပည္သူလူထုအေနႏွင့္လည္း အစိုးရ၏ အခက္အခဲမ်ားကို သိျမင္နားလည္ေပးႏိုင္သည့္တိုင္ေအာင္ လက္ရွိရင္ဆိုင္ေနရေသာ စီးပြားေရးအက်ပ္အတည္း ႐ိုက္ခတ္မႈကို ခ်မ္းသာေသာႏိုင္ငံမ်ားမွ ျပည္သူမ်ားကဲ့သို႔ ႀကံ့ႀကံ့ခံတုံ႔ျပန္ေျဖရွင္းႏိုင္စြမ္း မရွိသည္မွာလည္း အမွန္ပင္ျဖစ္သည္။

ကပ္ေရာဂါထိန္းခ်ဳပ္တိုက္ဖ်က္ေရးတြင္ တတ္ႏိုင္သမွ် လမ္းေပၚထြက္ျခင္းမွေရွာင္ၾကဥ္ရန္၊ အျပင္ထြက္တိုင္း ႏွာေခါင္းစည္းတပ္ရန္ မၾကာခဏလက္ေဆးရန္၊ လူစုလူေဝးျပဳလုပ္ျခင္းမွေရွာင္ရွားရန္ တစ္ဦးႏွင့္ တစ္ဦး ထိေတြ႕မႈနည္းႏိုင္သမွ်နည္းေအာင္ ေနထိုင္ျခင္းက ကပ္ေရာဂါေအာင္ျမင္စြာထိန္းခ်ဳပ္ႏိုင္ေရးကို အေထာက္အကူျပဳေစခ်င္ႏိုင္မည္ျဖစ္ပါသည္။ကပ္ေရာဂါထိန္းခ်ဳပ္ေရးကို အေထာက္အကူျပဳေစမည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို အမ်ားစုကလိုက္နာၾကေသာ္လည္း အခ်ိဳ႕သူတို႔အတြက္ အျပည့္အဝလိုက္နာရန္မွာမူ မ်ားစြာခက္ခဲသည့္ အေနအထားလည္းျဖစ္သည္။လုပ္ငန္းကုမၸဏီအမ်ားစုအေနႏွင့္ ကပ္ေရာဂါကာလအတြင္း work from home ဆိုသည့္တိုင္ ဝန္ထမ္းအခ်ိဳ႕ကေတာ့ မျဖစ္မေနဆိုသလို အျပင္ထြက္သြားလာလႈပ္ရွားမွသာ လုပ္ငန္းၿပီးေျမာက္ႏိုင္မည့္ အေနအထားျဖစ္သည္။

လက္ရွိ စီးပြားေရးအက်ပ္အတည္းမ်ား ေျဖေလွ်ာ့လာေစရန္ အဆင့္ (A) ရရွိေအာင္ ျပင္ဆင္စီမံထားသည့္ စက္႐ုံ၊ အလုပ္႐ုံလုပ္ငန္းမ်ား ျပန္ခြင့္ျပဳေရးကို အစိုးရက စီမံေဆာင္႐ြက္လ်က္ရွိပါသည္။မည္သို႔ဆိုေစ ကပ္ေရာဂါထိန္းခ်ဳပ္ေရးလည္းေအာင္ျမင္၍ စီးပြားေရးအက်ပ္အတည္းမ်ားမွ လြတ္ေျမာက္ေရးဆိုသည္မွာ မ်ားစြာအခ်ိန္ယူရဦးမည့္ အေနအထားတြင္ရွိေနပါေသးေၾကာင္း တစ္ေန႔တာစားစရာဝယ္ရင္း ေဈးမွအျပန္ အေတြးသြားမိသမွ် ေရးသားလိုက္ရပါသည္။

ျမင့္ေနာင္မိုး
ေအာက္တိုဘာ - ၂၁