【 ဆောင်းပါး 】 “ကိုယ့်နေရာကိုယ်သိ ဝင်မရှုပ်နဲ့”

【 ဆောင်းပါး 】 “ကိုယ့်နေရာကိုယ်သိ ဝင်မရှုပ်နဲ့”

နိုင်ငံသားတိုင်း ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်နိုင်ပါစေဟု အစဉ်အမြဲဆုတောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။ဒီဇင်ဘာ ၂၃ ရက်နေ့၊ ရန်ကုန်တိုင်း၊ သုံးခွမြို့တွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့စဉ်က ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ဦးလွင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည် က ‘တာဝန်ကျေဖို့လို့ ပြောတဲ့အခါမှာ ကိုယ့်တာဝန် ဘာလဲဆိုတာကို သိဖို့လိုပါတယ်။တချို့က ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေ ဝင်ပြီးရှုပ်ချင်တယ်။ဒါက တာဝန်ကျေတာမဟုတ်ဘူး။ရှုပ်တာက ရှုပ်တာသက်သက်။အဲဒါကြောင့်မို့လို့ ဒါကိုခွဲခြားသိဖို့လိုပါတယ်။’ ဟု ဆက်လက်ပြောသည်။

ကိုယ်မရှိလျှင်မဖြစ်၊ ကိုယ်မပါလျှင်မပြီး၊ အရာအားလုံးသည် ကိုယ်နဲ့ဆိုင်နေသလို၊ ကိုယ်သိကိုယ်တတ်၊ နေရာတကာ ဟိုစပ်စပ်ဒီစပ်စပ်၊ ကိုယ့်နေရာကိုယ် မသိသူများ၊ စသည့် တာဝန်ကျေပွန်မှုနှင့် အရှုပ်ထုပ်ကို မှန်မှန်ကန်ကန် ခွဲခြားသိမြင်မှုမရှိသူများအား သတိပေးလိုက်ခြင်းဟု နားလည်မိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတိပေးစကားကို ကြားရတော့ ချက်ချင်းခေါင်းထဲပြေးဝင်လာသောပုဂ္ဂိုလ်မှာ ပြီးခဲ့သည့် ၁၅ နှစ်ဝန်းကျင်ကာလ၊ ကျနော်သတင်းထောက်လုပ်စဉ်အခါက အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတိုင်းနီးပါးတွင် မြင်ရလေ့ရှိသူတစ်ဦးဖြစ်သည်။ထိုအချိန်က သူ့အသက်မှာ ၇၀ ပတ်ဝန်းကျင်။သူက အင်ဂျင်နီယာဘာသာရပ်ကို အမှန်တကယ်စိတ်ဝင်စားသူဖြစ်ပြီး ဟိုစပ်စပ်ဒီစပ်စပ်လည်း သိသူဖြစ်သည်။ပြီးတော့ လူရှေ့သူရှေ့ အားမနာတမ်း၊ မလျှော့တမ်း ငြင်းရခုန်ရမှာလည်း သိပ်ဝါသနာပါသူဟု ထင်မိသည်။သူက အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတိုင်းသို့ တက်ရောက်နားထောင်၊ မေးခွန်းများမေးရန် အချိန်ကျပြီဆိုလျှင် သူသည်ထိပ်ဆုံးက။သူ၏မေးခွန်းများမှာလည်း ကန့်လန့်တိုက်သည့် မေးခွန်းမျိုး။ပြီးတော့ သူ၏မေးခွန်းတွင် သူ့အဖြေက တွဲပါပြီးသား။ဖြေကြားပေးသူ၏ အဖြေမှာ သူ့အဖြေနှင့် လွဲချော်နေလျှင် အခမ်းအနားတာဝန်ရှိသူက မပြောမချင်း အငြင်းအခုံမရပ်သူ။သူက အင်ဂျင်နီယာနှင့်ပတ်သက်ပြီး မည်သည့်ဘာသာရပ်ကိုမဆို ကျွမ်းကျင်နှံ့စပ်သူပမာ။ပွဲပြီးသည့်တိုင် သူကမပြီးသေး။သူ့အနားဝန်းကျင်မှ ပွဲတက်ရောက်သူများကို သူ့အဖြေမှန်ကန်ကြောင်း လက်ချာရိုက်နေမြဲ။စင်မြင့်ထက်တွင် ပြောနေဟောနေသော အင်ဂျင်နီယာကြီးများမှာ သီအိုရီပိုင်းကျွမ်းကျင်သော်လည်း လက်တွေ့နယ်ပယ်တွင်မူ သူ့လောက်မကျွမ်းကျင်ဟု ပြောလေ့ရှိသည်။

မကြာခဏတွေ့ဖန်များလာ၊ သူဘာ့ကြောင့် ပွဲတကာတက် ငြင်းနေရသလဲဆိုသည်ကို မသိမသာတီးခေါက်ကြည့်ခဲ့ရာ သူ့အဓိကပြဿနာမှာ အများတကာရှေ့တွင် လူတွင်ကျယ်လုပ်လိုခြင်းဖြစ်ကြောင်း သိရသည်။သူက စားနိုင်သောက်နိုင်အဆင့်ရှိသဖြင့် လူတွင်ကျယ်လုပ်ခြင်းနည်းဖြင့် ဘဝ၏အရသာကို ခံစားနေသူဟု ထင်မိသည်။မပြီးနိုင်မစီးနိုင်သော သူ့အငြင်းအခုံကြောင့် ဆွေးနွေးပွဲတက်ရောက်လာသူများ စိတ်အနှောက်အယှက်ဖြစ်ရသည်ကို သူမသိ။သူ လူတတ်ကြီးလုပ်ရလျှင်ပြီးရော ကျန်တာဘာဖြစ်ဖြစ် သူမသိ။သူ့ကိုမလိုလားကြဟု သိသော်လည်း သူဂရုမစိုက်။ဘယ်သူဘာပြောပြော ကိုယ်ပြောချင်ရာပြောရဖို့သာ အဓိကပုံစံမျိုး။

ထိုပုဂ္ဂိုလ်ကြီးပြီးတော့ နောက်ထပ်ခေါင်းထဲဝင်လာသည့်ပုဂ္ဂိုလ်မှာ ကျနော့်ဘကြီးဖြစ်သည်။ကျနော့်ဘကြီးမှာ အထက်ပါပုဂ္ဂိုလ်နှင့် ဆန့်ကျင်ဘက်။ဘကြီးသည် ကျနော်တို့ ငယ်စဉ်ကတည်းက သူ့တူသားများကို အလိုလိုက်သော်လည်း ဟိုစပ်စပ်ဒီစပ်စပ် နေရာတကာဝင်ပါခြင်းမျိုးကို နည်းနည်းလေးမှမကြိုက်။ထို့ကြောင့် သူမကြိုက်သော အပြုအမူမျိုးမလုပ်ရန် အလျဉ်းသင့်သလို ဆုံးမလေ့ရှိသည်။ဘကြီး မကြာခဏဆုံးမသဖြင့် ယနေ့တိုင် ကျနော်အလွတ်ရနေသောစကားမှာ ‘ဟိုစပ်စပ်ဒီစပ်စပ်သမားတွေက ဟိုဒါတတ်သလို ဒါတတ်သလိုနဲ့ ဘယ်ဟာမှသေချာမတတ်ဘူး။လူရယ်ခံရတာချည်းပဲ။’

အထက်ပါစကားကို ဘကြီးပြောပြီးတိုင်း နောက်ဆက်တွဲ ထပ်ပါလာသည့်ဇာတ်ကောင်မှာ သူတို့ရပ်ရွာမှ ဦးသာဗျော ဆိုသူ အကြောင်းဖြစ်သည်။ဦးသာဗျောမှာ ကျနော့်ဘကြီးနှင့် တစ်တန်းတည်း။သူက ဘယ်အတန်းရောက်ရောက် မော်နီတာ။မော်နီတာပီသစွာ အတန်းတွင်းကိစ္စများနှင့်ပတ်သက်၍ သောက်ရေဖြည့်တာကအစ၊ သန့်ရှင်းရေးအဆုံး တာဝန်ကျေသူ။

‘သူက လူရည်လည်းလည်တော့ ပွဲစားတွေဘာတွေလုပ်ရင် အောင်မြင်နိုင်တယ်။ဒါပေမဲ့ သူက တစ်ခုတည်းမလုပ်ဘူး။ဟိုစပ်စပ်ဒီစပ်စပ် အကုန်လျှောက်လုပ်တာ။’ ဟု ဘကြီးကပြောသည်။

ပြည်သူ့စစ်ဆိုလည်း သူကပါသည်။လမ်းစဉ်လူငယ်တို့ဘာတို့ ခေတ်ထလာတော့ သူသည်လည်း လမ်းစဉ်လူငယ်။သာရေးနာရေးဆိုလည်းတလွှားလွှား၊ပြီးတော့ ပါတီကောင်စီ၊ ထိုမှတစ်ဆင့် သမဝါယမလူကြီး။အသက်ကြီးလာတော့ ညစဉ် ဘုရားစာအကျယ်ကြီးအော်ရွတ်၊ ဘုရားလူကြီးလည်းလုပ်ပြီး ဘုရားစကားတရားစကားပြောပြီဆို ကျယ်ကျယ်လောင်လောင်။

‘သူက လူတွေကို တစ်ခုခုလုပ်ပေးချင်တဲ့ စိတ်ကောင်းရှိတယ်။ကောက်ကျစ်တဲ့စိတ်မျိုး၊ ယုတ်မာတဲ့စိတ်မျိုး မရှိဘူး။သူက နေရာတကာ ဆရာကြီးလုပ်ချင်တာရယ်။သူဝင်ပါလိုက်မှ အကုန်ရှုပ်ကုန်တာလည်းရှိတယ်။သူရိုးသားမှန်းသိလို့ သိပ်မပြောကြပေမဲ့ ဟိုစပ်စပ်ဒီစပ်စပ်ကလေးတွေကိုမြင်ရင် သာဗျော ဝင်စားတာလားလို့ အပြောခံရရော။’ ဟု ဘကြီးက ဆက်ပြောသည်။

ဒါက ဟိုစပ်စပ်ဒီစပ်စပ်လုပ်လျှင် မအောင်မြင်ရုံတင်မက နာမည်ပါတွင်တတ်ကြောင်း ဘကြီးပေးသည့် ဥပမာ။ဦးသာဗျော၏ ဆရာကြီးလုပ်ချင်စိတ်မှာ ဆရာကြီးလုပ်ချင်ရုံသက်သက်ဖြစ်ပြီး မည်သူ့ကိုမျှ ဒုက္ခပေးရန်ရည်ရွယ်ချက် မရှိသော်လည်း ကိုယ့်နေရာကိုယ်မသိသဖြင့် ဒုက္ခပေးသလိုဖြစ်ရကြောင်း ဘကြီးက ပြောပြကာဆုံးမလေ့ရှိသည်။

ထိုမျှနှင့်မပြီးသေး။ဘကြီးတို့က တောသားမို့ စာဖတ်အားမကြွယ်သော်လည်း လက်တွေ့မှရလာသော အဖြစ်အပျက်များကို သူ့အကြောင်းအရာအလိုက် သူ့အကန့်နှင့်သူ မှတ်သားထားတာကမနည်း။ပါလေရာ လူတတ်ကြီးများနှင့်ပတ်သက်ပြီး ယခင်က ဘကြီးညွှန်းလေ့ရှိသော နောက်တစ်ဦးရှိသေးသဖြင့် အမှားအယွင်း ကင်းစင်ရလေအောင် ဘကြီးထံ ဖုန်းဆက်မေးကြည့်လိုက်သည်။

‘သူ့နာမည်ကတော့ ထားလိုက်တော့ပေါ့။သူကဘကြီးထက် ၁၀ နှစ်ကျော်ကြီးတယ်။သူက ပါလေရာပဲ။သူ့ပါလေရာက သာဗျောလို ဆရာကြီးလုပ်ရပြီးရော မဟုတ်ဘူး။ဆရာကြီးလည်းလုပ်ချင်တယ်။ယုတ်မာတယ်။ကောက်ကျစ်တယ်။လူတွေကိုဒုက္ခပေးတယ်။နေရာတကာဝင်ပါပြီး အကျိုးစီးပွားရှာတယ်။’ ဟု ဘကြီးကဆိုသဖြင့် ပြုံးမိသည်။

အဆိုပါပုဂ္ဂိုလ်မှာ ဘကြီးတို့ရပ်ရွာတွင် ပြည်သူ့စစ်။ဘကြီးတို့ခေတ် ကျေးလက်တွင် ပြည်သူ့စစ်ဆိုသည်မှာ သေနတ်လည်းလက်ထဲရှိသမို့ သူကြီးထက်ပင် အာဏာပိုရှိသူ။သူက ပေါင်းတတ်သင်းတတ်၊ ဖားတတ်ယားတတ်သဖြင့် ပြည်သူ့စစ်များထဲတွင် ခေါင်းတစ်လုံးပိုမြင့်ပြီး အာဏာပိုင်အသိုင်းအဝိုင်းကြား ပိုပေါက်ရောက်သူ။

‘သူက သူကြီးမဟုတ်ပေမဲ့ သူကြီးနေရာဝင်ယူပြီး သူကြီးလုပ်ရမယ့် အလုပ်တွေ လျှောက်လုပ်တယ်။ဘုရားပွဲ ဇာတ်ပွဲသွင်းရင် သူကြီးက လောင်းကစားဝိုင်းမထည့်ချင်ဘူး။သူက သူတာဝန်ယူတယ်ဆိုပြီး ထည့်တယ်။အကောက်ကောက်တယ်။တခြားရွာဘုရားပွဲတွေဆိုလည်း ဘုရားပွဲတွေမှာ လောင်းကစားကန်ထရိုက်ပုံစံမျိုး လျှောက်လုပ်တယ်။
အမှုအခင်းတစ်ခုခုဖြစ်ပြီဆို ရဲနဲ့ပေါင်းပြီး ငွေညှစ်တယ်။သူမကြည်တဲ့လူတွေကို ရန်ရှာတယ်။သောက်စားတယ်။မိန်းမလိုက်တယ်။သူ့မိသားစုကိုလည်းရန်ရှာတယ်။’ ဟု ဘကြီးက နောက်ကြောင်းပြန်ပြသည်။

သူ့လက်ထဲတွင် သေနတ်ရှိသဖြင့် မည်သူကမျှမပြောသာ။ရွံသော်လည်းကြောက်ရသဖြင့် လူငယ်များကိုခေါ် လက်ချာရိုက်လျှင်လည်းခံရ။ရပ်ရေးရွာရေးများတွင် သူ၏ငါတကောကို လက်ခံလိုက်ရ။ရပ်တွင်းရွာတွင်း အလှူအတန်းများ၌ အိမ်ဦးခန်းထက် စကားပြောသူမဲ့ မိန့်မိန့်ကြီးထိုင်လို့။

‘ဘာမဆို သူသိသူတတ်ကြီးပဲ။ဘုရားဂေါပကတွေကိုတောင် အသက်ကြီးတာကလွဲ ဘာသာရေးတွေဘာတွေ သေချာမသိဘူးဆိုပြီး သေနတ်ဘေးချပြီး ငေါက်လိုက်ငမ်းလိုက် လက်ချာပေးလိုက်နဲ့။နောက်ဆုံးတော့လည်း ကာလသားရောဂါဖြစ်ပြီး သေတာမှ နံဟောင်နေရော။’ ဟု ဘကြီးကပြောသည်။

သူ့ဇာတ်လမ်းအဆုံး ဘကြီး၏ ကောက်ချက်မှာ ကိုယ့်နာမည် လူတကာတံတွေးခွက်ထဲ မရောက်ဖို့ လိုသည်တဲ့။မိမိ၏အပြုအမူသည် သူများဟားစရာမဖြစ်ဖို့လိုသည်တဲ့။ထိုနှစ်ချက်စလုံး ကင်းစင်ခဲ့သဖြင့် ကိုယ့်ဘဝကိုယ် ကျေနပ်မိသည်တဲ့။ဟန်းဆက်ဖန်သားပြင်ထဲမှ ထွက်ပေါ်နေသော ဘကြီး၏လေသံသည် ဂုဏ်ယူစွာ။

ဘကြီး၏ အသွန်အသင်ကောင်းခြင်းကြောင့်လားမသိ။ကျနော် မော်နီတာမဖြစ်ခဲ့၊ ကျောင်းကောင်စီထဲမပါခဲ့၊ ကြက်ခြေနီ၊ လမ်းစဉ်လူငယ်၊ စသည့် အာဏာရှင်တို့ ထည့်သမျှဂျင်းထဲ ဂျင်းမှန်းမသိသေးသည့် ငယ်စဉ်ကတည်းက ကိုယ်နှင့်မဆိုင်ဟုထင်ကာ မပါခဲ့။အသိရှိရှိဖြတ်သန်းသော လူငယ်ဘဝရောက်တော့ ကိုယ့်နေရာကိုယ်မသိသော အာဏာရူးများကို တော်လှန်ခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ်ကျေနပ်မိသည်။

ကိုယ့်နေရာကိုယ်မသိသော အာဏာရှင်များကြောင့် တိုင်းပြည်ပျက်ခဲ့ကြောင်း ကျနော်သေချာသည်။ကျနော်သည် စာသာရေးတတ်ပြီး သေနတ်မပစ်တတ်ကြောင်းလည်း ကိုယ့်ကိုယ်ကိုယ် သေချာသိပါသည်။ယင်းသို့သော အသိရှိခြင်းကို  ဂုဏ်ယူစရာဟု မှတ်ယူပါသည်။

လင်းဆက်ငြိမ်းချမ်း
ဇန်န၀ါရီ - ၁၁

( Zawgyi )

ႏိုင္ငံသားတိုင္း ကိုယ့္တာဝန္ကိုယ္ ေက်ပြန္ေအာင္ ထမ္းေဆာင္ႏိုင္ပါေစဟု အစဥ္အၿမဲဆုေတာင္းေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားခဲ့သည္။ဒီဇင္ဘာ ၂၃ ရက္ေန႔၊ ရန္ကုန္တိုင္း၊ သုံးခြၿမိဳ႕တြင္ က်င္းပေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တည္ေထာင္ခဲ့စဥ္က ပါဝင္ခဲ့သူတစ္ဦးျဖစ္သူ ဗိုလ္မႉးႀကီးေဟာင္း ဦးလြင္ ကြယ္လြန္ျခင္း ၈ ႏွစ္ျပည့္ ေအာက္ေမ့ဖြယ္အခမ္းအနား၌ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ ေဒၚေအာင္ဆန္းစုၾကည္ က ‘တာဝန္ေက်ဖို႔လို႔ ေျပာတဲ့အခါမွာ ကိုယ့္တာဝန္ ဘာလဲဆိုတာကို သိဖို႔လိုပါတယ္။တခ်ိဳ႕က ကိုယ္နဲ႔မဆိုင္တဲ့ကိစၥေတြ ဝင္ၿပီးရႈပ္ခ်င္တယ္။ဒါက တာဝန္ေက်တာမဟုတ္ဘူး။ရႈပ္တာက ရႈပ္တာသက္သက္။အဲဒါေၾကာင့္မို႔လို႔ ဒါကိုခြဲျခားသိဖို႔လိုပါတယ္။’ ဟု ဆက္လက္ေျပာသည္။

ကိုယ္မရွိလွ်င္မျဖစ္၊ ကိုယ္မပါလွ်င္မၿပီး၊ အရာအားလုံးသည္ ကိုယ္နဲ႔ဆိုင္ေနသလို၊ ကိုယ္သိကိုယ္တတ္၊ ေနရာတကာ ဟိုစပ္စပ္ဒီစပ္စပ္၊ ကိုယ့္ေနရာကိုယ္ မသိသူမ်ား၊ စသည့္ တာဝန္ေက်ပြန္မႈႏွင့္ အရႈပ္ထုပ္ကို မွန္မွန္ကန္ကန္ ခြဲျခားသိျမင္မႈမရွိသူမ်ားအား သတိေပးလိုက္ျခင္းဟု နားလည္မိသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ သတိေပးစကားကို ၾကားရေတာ့ ခ်က္ခ်င္းေခါင္းထဲေျပးဝင္လာေသာပုဂၢိဳလ္မွာ ၿပီးခဲ့သည့္ ၁၅ ႏွစ္ဝန္းက်င္ကာလ၊ က်ေနာ္သတင္းေထာက္လုပ္စဥ္အခါက အင္ဂ်င္နီယာဘာသာရပ္ဆိုင္ရာ ေဆြးေႏြးပြဲတိုင္းနီးပါးတြင္ ျမင္ရေလ့ရွိသူတစ္ဦးျဖစ္သည္။ထိုအခ်ိန္က သူ႔အသက္မွာ ၇၀ ပတ္ဝန္းက်င္။သူက အင္ဂ်င္နီယာဘာသာရပ္ကို အမွန္တကယ္စိတ္ဝင္စားသူျဖစ္ၿပီး ဟိုစပ္စပ္ဒီစပ္စပ္လည္း သိသူျဖစ္သည္။ၿပီးေတာ့ လူေရွ႕သူေရွ႕ အားမနာတမ္း၊ မေလွ်ာ့တမ္း ျငင္းရခုန္ရမွာလည္း သိပ္ဝါသနာပါသူဟု ထင္မိသည္။သူက အင္ဂ်င္နီယာဘာသာရပ္ဆိုင္ရာ ေဆြးေႏြးပြဲတိုင္းသို႔ တက္ေရာက္နားေထာင္၊ ေမးခြန္းမ်ားေမးရန္ အခ်ိန္က်ၿပီဆိုလွ်င္ သူသည္ထိပ္ဆုံးက။သူ၏ေမးခြန္းမ်ားမွာလည္း ကန႔္လန႔္တိုက္သည့္ ေမးခြန္းမ်ိဳး။ၿပီးေတာ့ သူ၏ေမးခြန္းတြင္ သူ႔အေျဖက တြဲပါၿပီးသား။ေျဖၾကားေပးသူ၏ အေျဖမွာ သူ႔အေျဖႏွင့္ လြဲေခ်ာ္ေနလွ်င္ အခမ္းအနားတာဝန္ရွိသူက မေျပာမခ်င္း အျငင္းအခုံမရပ္သူ။သူက အင္ဂ်င္နီယာႏွင့္ပတ္သက္ၿပီး မည္သည့္ဘာသာရပ္ကိုမဆို ကြၽမ္းက်င္ႏွံ႔စပ္သူပမာ။ပြဲၿပီးသည့္တိုင္ သူကမၿပီးေသး။သူ႔အနားဝန္းက်င္မွ ပြဲတက္ေရာက္သူမ်ားကို သူ႔အေျဖမွန္ကန္ေၾကာင္း လက္ခ်ာ႐ိုက္ေနၿမဲ။စင္ျမင့္ထက္တြင္ ေျပာေနေဟာေနေသာ အင္ဂ်င္နီယာႀကီးမ်ားမွာ သီအိုရီပိုင္းကြၽမ္းက်င္ေသာ္လည္း လက္ေတြ႕နယ္ပယ္တြင္မူ သူ႔ေလာက္မကြၽမ္းက်င္ဟု ေျပာေလ့ရွိသည္။

မၾကာခဏေတြ႕ဖန္မ်ားလာ၊ သူဘာ့ေၾကာင့္ ပြဲတကာတက္ ျငင္းေနရသလဲဆိုသည္ကို မသိမသာတီးေခါက္ၾကည့္ခဲ့ရာ သူ႔အဓိကျပႆနာမွာ အမ်ားတကာေရွ႕တြင္ လူတြင္က်ယ္လုပ္လိုျခင္းျဖစ္ေၾကာင္း သိရသည္။သူက စားႏိုင္ေသာက္ႏိုင္အဆင့္ရွိသျဖင့္ လူတြင္က်ယ္လုပ္ျခင္းနည္းျဖင့္ ဘဝ၏အရသာကို ခံစားေနသူဟု ထင္မိသည္။မၿပီးႏိုင္မစီးႏိုင္ေသာ သူ႔အျငင္းအခုံေၾကာင့္ ေဆြးေႏြးပြဲတက္ေရာက္လာသူမ်ား စိတ္အေႏွာက္အယွက္ျဖစ္ရသည္ကို သူမသိ။သူ လူတတ္ႀကီးလုပ္ရလွ်င္ၿပီးေရာ က်န္တာဘာျဖစ္ျဖစ္ သူမသိ။သူ႔ကိုမလိုလားၾကဟု သိေသာ္လည္း သူဂ႐ုမစိုက္။ဘယ္သူဘာေျပာေျပာ ကိုယ္ေျပာခ်င္ရာေျပာရဖို႔သာ အဓိကပုံစံမ်ိဳး။

ထိုပုဂၢိဳလ္ႀကီးၿပီးေတာ့ ေနာက္ထပ္ေခါင္းထဲဝင္လာသည့္ပုဂၢိဳလ္မွာ က်ေနာ့္ဘႀကီးျဖစ္သည္။က်ေနာ့္ဘႀကီးမွာ အထက္ပါပုဂၢိဳလ္ႏွင့္ ဆန႔္က်င္ဘက္။ဘႀကီးသည္ က်ေနာ္တို႔ ငယ္စဥ္ကတည္းက သူ႔တူသားမ်ားကို အလိုလိုက္ေသာ္လည္း ဟိုစပ္စပ္ဒီစပ္စပ္ ေနရာတကာဝင္ပါျခင္းမ်ိဳးကို နည္းနည္းေလးမွမႀကိဳက္။ထို႔ေၾကာင့္ သူမႀကိဳက္ေသာ အျပဳအမူမ်ိဳးမလုပ္ရန္ အလ်ဥ္းသင့္သလို ဆုံးမေလ့ရွိသည္။ဘႀကီး မၾကာခဏဆုံးမသျဖင့္ ယေန႔တိုင္ က်ေနာ္အလြတ္ရေနေသာစကားမွာ ‘ဟိုစပ္စပ္ဒီစပ္စပ္သမားေတြက ဟိုဒါတတ္သလို ဒါတတ္သလိုနဲ႔ ဘယ္ဟာမွေသခ်ာမတတ္ဘူး။လူရယ္ခံရတာခ်ည္းပဲ။’

အထက္ပါစကားကို ဘႀကီးေျပာၿပီးတိုင္း ေနာက္ဆက္တြဲ ထပ္ပါလာသည့္ဇာတ္ေကာင္မွာ သူတို႔ရပ္႐ြာမွ ဦးသာေဗ်ာ ဆိုသူ အေၾကာင္းျဖစ္သည္။ဦးသာေဗ်ာမွာ က်ေနာ့္ဘႀကီးႏွင့္ တစ္တန္းတည္း။သူက ဘယ္အတန္းေရာက္ေရာက္ ေမာ္နီတာ။ေမာ္နီတာပီသစြာ အတန္းတြင္းကိစၥမ်ားႏွင့္ပတ္သက္၍ ေသာက္ေရျဖည့္တာကအစ၊ သန႔္ရွင္းေရးအဆုံး တာဝန္ေက်သူ။

‘သူက လူရည္လည္းလည္ေတာ့ ပြဲစားေတြဘာေတြလုပ္ရင္ ေအာင္ျမင္ႏိုင္တယ္။ဒါေပမဲ့ သူက တစ္ခုတည္းမလုပ္ဘူး။ဟိုစပ္စပ္ဒီစပ္စပ္ အကုန္ေလွ်ာက္လုပ္တာ။’ ဟု ဘႀကီးကေျပာသည္။

ျပည္သူ႔စစ္ဆိုလည္း သူကပါသည္။လမ္းစဥ္လူငယ္တို႔ဘာတို႔ ေခတ္ထလာေတာ့ သူသည္လည္း လမ္းစဥ္လူငယ္။သာေရးနာေရးဆိုလည္းတလႊားလႊား၊ၿပီးေတာ့ ပါတီေကာင္စီ၊ ထိုမွတစ္ဆင့္ သမဝါယမလူႀကီး။အသက္ႀကီးလာေတာ့ ညစဥ္ ဘုရားစာအက်ယ္ႀကီးေအာ္႐ြတ္၊ ဘုရားလူႀကီးလည္းလုပ္ၿပီး ဘုရားစကားတရားစကားေျပာၿပီဆို က်ယ္က်ယ္ေလာင္ေလာင္။

‘သူက လူေတြကို တစ္ခုခုလုပ္ေပးခ်င္တဲ့ စိတ္ေကာင္းရွိတယ္။ေကာက္က်စ္တဲ့စိတ္မ်ိဳး၊ ယုတ္မာတဲ့စိတ္မ်ိဳး မရွိဘူး။သူက ေနရာတကာ ဆရာႀကီးလုပ္ခ်င္တာရယ္။သူဝင္ပါလိုက္မွ အကုန္ရႈပ္ကုန္တာလည္းရွိတယ္။သူ႐ိုးသားမွန္းသိလို႔ သိပ္မေျပာၾကေပမဲ့ ဟိုစပ္စပ္ဒီစပ္စပ္ကေလးေတြကိုျမင္ရင္ သာေဗ်ာ ဝင္စားတာလားလို႔ အေျပာခံရေရာ။’ ဟု ဘႀကီးက ဆက္ေျပာသည္။

ဒါက ဟိုစပ္စပ္ဒီစပ္စပ္လုပ္လွ်င္ မေအာင္ျမင္႐ုံတင္မက နာမည္ပါတြင္တတ္ေၾကာင္း ဘႀကီးေပးသည့္ ဥပမာ။ဦးသာေဗ်ာ၏ ဆရာႀကီးလုပ္ခ်င္စိတ္မွာ ဆရာႀကီးလုပ္ခ်င္႐ုံသက္သက္ျဖစ္ၿပီး မည္သူ႔ကိုမွ် ဒုကၡေပးရန္ရည္႐ြယ္ခ်က္ မရွိေသာ္လည္း ကိုယ့္ေနရာကိုယ္မသိသျဖင့္ ဒုကၡေပးသလိုျဖစ္ရေၾကာင္း ဘႀကီးက ေျပာျပကာဆုံးမေလ့ရွိသည္။

ထိုမွ်ႏွင့္မၿပီးေသး။ဘႀကီးတို႔က ေတာသားမို႔ စာဖတ္အားမႂကြယ္ေသာ္လည္း လက္ေတြ႕မွရလာေသာ အျဖစ္အပ်က္မ်ားကို သူ႔အေၾကာင္းအရာအလိုက္ သူ႔အကန႔္ႏွင့္သူ မွတ္သားထားတာကမနည္း။ပါေလရာ လူတတ္ႀကီးမ်ားႏွင့္ပတ္သက္ၿပီး ယခင္က ဘႀကီးၫႊန္းေလ့ရွိေသာ ေနာက္တစ္ဦးရွိေသးသျဖင့္ အမွားအယြင္း ကင္းစင္ရေလေအာင္ ဘႀကီးထံ ဖုန္းဆက္ေမးၾကည့္လိုက္သည္။

‘သူ႔နာမည္ကေတာ့ ထားလိုက္ေတာ့ေပါ့။သူကဘႀကီးထက္ ၁၀ ႏွစ္ေက်ာ္ႀကီးတယ္။သူက ပါေလရာပဲ။သူ႔ပါေလရာက သာေဗ်ာလို ဆရာႀကီးလုပ္ရၿပီးေရာ မဟုတ္ဘူး။ဆရာႀကီးလည္းလုပ္ခ်င္တယ္။ယုတ္မာတယ္။ေကာက္က်စ္တယ္။လူေတြကိုဒုကၡေပးတယ္။ေနရာတကာဝင္ပါၿပီး အက်ိဳးစီးပြားရွာတယ္။’ ဟု ဘႀကီးကဆိုသျဖင့္ ၿပဳံးမိသည္။

အဆိုပါပုဂၢိဳလ္မွာ ဘႀကီးတို႔ရပ္႐ြာတြင္ ျပည္သူ႔စစ္။ဘႀကီးတို႔ေခတ္ ေက်းလက္တြင္ ျပည္သူ႔စစ္ဆိုသည္မွာ ေသနတ္လည္းလက္ထဲရွိသမို႔ သူႀကီးထက္ပင္ အာဏာပိုရွိသူ။သူက ေပါင္းတတ္သင္းတတ္၊ ဖားတတ္ယားတတ္သျဖင့္ ျပည္သူ႔စစ္မ်ားထဲတြင္ ေခါင္းတစ္လုံးပိုျမင့္ၿပီး အာဏာပိုင္အသိုင္းအဝိုင္းၾကား ပိုေပါက္ေရာက္သူ။

‘သူက သူႀကီးမဟုတ္ေပမဲ့ သူႀကီးေနရာဝင္ယူၿပီး သူႀကီးလုပ္ရမယ့္ အလုပ္ေတြ ေလွ်ာက္လုပ္တယ္။ဘုရားပြဲ ဇာတ္ပြဲသြင္းရင္ သူႀကီးက ေလာင္းကစားဝိုင္းမထည့္ခ်င္ဘူး။သူက သူတာဝန္ယူတယ္ဆိုၿပီး ထည့္တယ္။အေကာက္ေကာက္တယ္။တျခား႐ြာဘုရားပြဲေတြဆိုလည္း ဘုရားပြဲေတြမွာ ေလာင္းကစားကန္ထ႐ိုက္ပုံစံမ်ိဳး ေလွ်ာက္လုပ္တယ္။
အမႈအခင္းတစ္ခုခုျဖစ္ၿပီဆို ရဲနဲ႔ေပါင္းၿပီး ေငြညႇစ္တယ္။သူမၾကည္တဲ့လူေတြကို ရန္ရွာတယ္။ေသာက္စားတယ္။မိန္းမလိုက္တယ္။သူ႔မိသားစုကိုလည္းရန္ရွာတယ္။’ ဟု ဘႀကီးက ေနာက္ေၾကာင္းျပန္ျပသည္။

သူ႔လက္ထဲတြင္ ေသနတ္ရွိသျဖင့္ မည္သူကမွ်မေျပာသာ။႐ြံေသာ္လည္းေၾကာက္ရသျဖင့္ လူငယ္မ်ားကိုေခၚ လက္ခ်ာ႐ိုက္လွ်င္လည္းခံရ။ရပ္ေရး႐ြာေရးမ်ားတြင္ သူ၏ငါတေကာကို လက္ခံလိုက္ရ။ရပ္တြင္း႐ြာတြင္း အလႉအတန္းမ်ား၌ အိမ္ဦးခန္းထက္ စကားေျပာသူမဲ့ မိန႔္မိန႔္ႀကီးထိုင္လို႔။

‘ဘာမဆို သူသိသူတတ္ႀကီးပဲ။ဘုရားေဂါပကေတြကိုေတာင္ အသက္ႀကီးတာကလြဲ ဘာသာေရးေတြဘာေတြ ေသခ်ာမသိဘူးဆိုၿပီး ေသနတ္ေဘးခ်ၿပီး ေငါက္လိုက္ငမ္းလိုက္ လက္ခ်ာေပးလိုက္နဲ႔။ေနာက္ဆုံးေတာ့လည္း ကာလသားေရာဂါျဖစ္ၿပီး ေသတာမွ နံေဟာင္ေနေရာ။’ ဟု ဘႀကီးကေျပာသည္။

သူ႔ဇာတ္လမ္းအဆုံး ဘႀကီး၏ ေကာက္ခ်က္မွာ ကိုယ့္နာမည္ လူတကာတံေတြးခြက္ထဲ မေရာက္ဖို႔ လိုသည္တဲ့။မိမိ၏အျပဳအမူသည္ သူမ်ားဟားစရာမျဖစ္ဖို႔လိုသည္တဲ့။ထိုႏွစ္ခ်က္စလုံး ကင္းစင္ခဲ့သျဖင့္ ကိုယ့္ဘဝကိုယ္ ေက်နပ္မိသည္တဲ့။ဟန္းဆက္ဖန္သားျပင္ထဲမွ ထြက္ေပၚေနေသာ ဘႀကီး၏ေလသံသည္ ဂုဏ္ယူစြာ။

ဘႀကီး၏ အသြန္အသင္ေကာင္းျခင္းေၾကာင့္လားမသိ။က်ေနာ္ ေမာ္နီတာမျဖစ္ခဲ့၊ ေက်ာင္းေကာင္စီထဲမပါခဲ့၊ ၾကက္ေျခနီ၊ လမ္းစဥ္လူငယ္၊ စသည့္ အာဏာရွင္တို႔ ထည့္သမွ်ဂ်င္းထဲ ဂ်င္းမွန္းမသိေသးသည့္ ငယ္စဥ္ကတည္းက ကိုယ္ႏွင့္မဆိုင္ဟုထင္ကာ မပါခဲ့။အသိရွိရွိျဖတ္သန္းေသာ လူငယ္ဘဝေရာက္ေတာ့ ကိုယ့္ေနရာကိုယ္မသိေသာ အာဏာ႐ူးမ်ားကို ေတာ္လွန္ခဲ့သျဖင့္ ကိုယ့္ကိုယ္ကိုယ္ေက်နပ္မိသည္။

ကိုယ့္ေနရာကိုယ္မသိေသာ အာဏာရွင္မ်ားေၾကာင့္ တိုင္းျပည္ပ်က္ခဲ့ေၾကာင္း က်ေနာ္ေသခ်ာသည္။က်ေနာ္သည္ စာသာေရးတတ္ၿပီး ေသနတ္မပစ္တတ္ေၾကာင္းလည္း ကိုယ့္ကိုယ္ကိုယ္ ေသခ်ာသိပါသည္။ယင္းသို႔ေသာ အသိရွိျခင္းကို  ဂုဏ္ယူစရာဟု မွတ္ယူပါသည္။

လင္းဆက္ၿငိမ္းခ်မ္း
ဇန္န၀ါရီ - ၁၁