【 ဆောင်းပါး 】 “ငါးပေဆိုင်ခန်းအစား အမှိုက်ပုံးများထားပေးပါ”

【 ဆောင်းပါး 】 “ငါးပေဆိုင်ခန်းအစား အမှိုက်ပုံးများထားပေးပါ”

အင်အယ်လ်ဒီအစိုးရအပေါ် အမျှော်လင့်ကြီး မျှော်လင့်ခဲ့တဲ့ လူထုဟာ လက်တွေ့မှာတော့ မကျေနပ်မှုတွေနဲ့ ညည်းကြညူကြ ဖြစ်လာကြပါတယ်။ပြောင်းလဲမှုတွေ ပြည့်ပြည့်စုံစုံ မဖော်ဆောင်ပေးနိုင်တာကို နားလည်ကြပေမဲ့ သည်းခံနိုင်ကြပေမဲ့ သာမန်လူထု အမြင်မှာတောင် လုပ်သင့်တာကို မလုပ်ဘဲ မလုပ်သင့်တာကို လုပ်လာကြတဲ့အပေါ် အံ့သြကြ၊ စိတ်ပျက်ကြလာကြပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအပေါ် ရန်ကုန်လူထု စိတ်အပျက်ဆုံးက စကားနောက်ကို တရားပါမလာတဲ့ အဖြစ်ပါ။

မီတာခတွေ တက်တော့မယ်။မီတာခတက်ပြီးနောက်ပိုင်း ဘယ်နေ့ ဘယ်ရက်ကစပြီး မီးမပျက်စေရပါဘူးလို့၊ ရန်ကုန်ဝန်ချုပ်က ဆိုပါတယ်။အဲဒီ ဘယ်ရက် ဘယ်နေ့ဆိုတဲ့ နေ့မှာပဲ ရန်ကုန်မြို့ပေါ်မှာ မီးပျက်ခဲ့ပါတယ်။ခုထိ အခါအားလျော်စွာ မီးပျက်နေတုန်းပါ။ပြောတုန်းကပြောခဲ့ပြီး လက်တွေ့မှာ တလွဲဖြစ်လာတဲ့အခါ ပြည်သူကို ရှင်းပြတာ တောင်းပန်တာ ဘာတစ်ခုမှမလုပ်ဘဲ မသိကျိုးကျွန်နေတာကလဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တချို့ရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်လာပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာ ရေကြီးရေလျှံမှု မဖြစ်စေဖို့ ဆောင်ရွက်ခဲ့တယ်လို့ ရန်ကုန်ဝန်ချုပ်က ဆိုလိုက်ပြန်ပါတယ်။သိပ်မကြာမီမှာပဲ ရန်ကုန်မှာ ၃ ရက်ဆက်တိုက် မိုးအဆက်မပြတ်ရွာပါတယ်။ရန်ကုန်မြို့က  လမ်းတွေအားလုံးနီးပါး ရေတွေလျှံလို့ ကားတွေက ရေမလျှံတဲ့ လမ်းနည်းနည်းပေါ် မောင်းကြတာမို့ ကားတွေနဲ့ ပိတ်ဆို့နေတဲ့လမ်းတွေ ရေတွေပြည့်လျှံနေတဲ့လမ်းတွေကိုကြည့်ပြီး ရန်ကုန်လူထုရဲ့ မကျေနပ်မှု မြင့်တက်လာပါတယ်။လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကလဲ ပြင်သစ်က သန်းချီချေးယူထားတဲ့ ချေးငွေတွေနဲ့ ရန်ကုန်မြို့ ရေကြီးရေလျှံမှုမဖြစ်စေဖို့ လုပ်မယ်ဆိုလို့ တောင်းဆိုတဲ့ချေးငွေကို လွှတ်တော်ကသဘောတူပေးခဲ့ပါတယ်။တကယ့်လက်တွေ့မှာတော့ ရေကြီးရေလျှံတာကို မဖြေရှင်းပေးနိုင်ခဲ့ဘူးလို့ ပြောပါတယ်။တိုင်းပြည်ကတော့ သန်းချီပြီး အကြွေးထပ်တင်သွားတယ်။ရေကြီးရေလျှံတာကတော့ ဒုံရင်းပါပဲ။

ရန်ကုန်ဝန်ချုပ်နဲ့ ရန်ကုန်မြို့တော်ဝန်တို့ မကြာခဏပြောသလိုပါပဲ။ရန်ကုန်ဟာ မန္တလေးထက် အများကြီးပိုကျယ်တယ်ပဲထားပါ။ရန်ကုန်တစ်မြို့လုံးအတွက် သန့်ရှင်းသာယာလှပရေး မလုပ်ပေးနိုင်ဘူးဆိုရင်တောင် မလိုအပ်ဘဲ ငွေတွေသုံးတာ၊ မသေချာမရေရာတဲ့ နေရာတွေမှာ ဈေးတန်းတွေဖွင့်ပေးလို့ လုပ်တာတွေကိုတော့ သေသေချာချာ တွက်ချက်စဉ်းစားပြီးမှ လုပ်သင့်ပါတယ်။

ရန်ကုန်အစိုးရ တက်လာလာချင်း မြို့ထဲက လူသွားလမ်း ပလက်ဖောင်းတွေပေါ်မှာ နေရာအနှံ့ ဈေးရောင်းနေကြတဲ့ ပျံကျဈေးသည်တွေကို နေရာရွှေ့ပေးခဲ့ပါတယ်။အထင်ရှားဆုံးက မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) အလယ်နဲ့ အောက်ဆုံးပိုင်းမှာ လမ်းတစ်ခြမ်းကို ဈေးရောင်းခွင့်ပေးပြီး အဲဒီဝန်းကျင်က ရှိရှိသမျှ ပလက်ဖောင်းတွေပေါ် ဈေးရောင်းနေသူတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ကျန်တဲ့ဈေးသည်တွေကို ကမ်းနားလမ်းဘက်မှာ နေရာပေး ဈေးရောင်းစေခဲ့ပါတယ်။ကမ်းနားဘက်က ဈေးတန်းဟာ သိပ်မရောင်းရလို့ ဈေးဆိုင်တချို့သာ ဆက်ဈေးရောင်းနေတာ တွေ့ရမှာပါ။ကမ်းနားဈေးတန်း နေရာအတွက် သုံးခဲ့တဲ့ငွေတွေဟာ အတော်များတယ်လို့ သိရပါတယ်။
ရန်ကုန်အစိုးရအနေနဲ့ ဒီနေရာကို ထပ်မံမွမ်းမံပေးအုံးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။မဟာဗန္ဓုလပန်းခြံလမ်းမှာ နေရာပေးထားတဲ့ ပျံကျဈေးဆိုင်ခန်းတွေ အရောင်းအဝယ်ဖြစ်ကြပေမဲ့၊ ကမ်းနားဘက်က ဈေးတန်းတွေ ဘာကြောင့်အရောင်းပါးတာလဲ။

မဟာဗန္ဓုလပန်းခြံလမ်းက ဈေးဆိုင်တွေနဲ့ အဲဒီတဝိုက်က ရုံးဌာနတွေနီးတယ်။မြို့တော်ခန်းမရှေ့ မှတ်တိုင်ဟာ ရန်ကုန်အရှေ့ပိုင်းနဲ့ ကျောက်တန်းဘက်သွားမယ့် ခရီးသည်တွေ စုဝေးရာနေရာဖြစ်တယ်။ဒါကြောင့် ခရီးသွားပရိသတ်နဲ့ ဆိုင်ခန်းတွေ ထိတွေ့ဖို့ လက်တကမ်းနေရာ ဖြစ်နေတော့ အရောင်းအဝယ်ဖြစ်ကြပါတယ်။ကမ်းနားဘက်ကျတော့ မျက်နှာချင်းဆိုင် နေရာတွေအားလုံး အစိုးရဌာနရုံးတွေ မဟုတ်ကြပါဘူး။ဒါ့အပြင် တခုခုဝယ်ဖို့စားဖို့ ကားတွေ အဆက်မပြတ်သွားနေတဲ့လမ်းကို ဖြတ်ဖို့လိုပါတယ်။ကားလမ်းဖြတ်ကူး ဝယ်ယူစားသောက်မယ့်အစား အပေါ်ဘက်လမ်းကို တက်သွားရင် အလွယ်တကူ ဝယ်ယူစားနိုင်တဲ့ ဆိုင်မျိုးစုံရှိနေကြပါတယ်။ဒီလိုအကြောင်းတွေကြောင့် ခြောက်ကပ်နေတဲ့ ကမ်းနားလမ်း ဆိုင်တန်းကို ပြန်ပြုပြင်အုံးမယ်ဆိုရင် နောက်ထပ် ငွေဘယ်လောက် ပုံသုံးအုံးမလဲမသိဘူးလို့ ဆက်မရောင်းတော့တဲ့ ဈေးသည်တချို့က ညည်းညူကြပါတယ်။

တခြားနိုင်ငံတွေ အလုပ်လုပ်ကြပုံကို လေ့လာတဲ့အခါ မြန်မာထက် သာတဲ့အချက်က အလုပ်တွေကို ချိတ်ဆက်လုပ်တတ်တာ၊ ဌာနအချင်းချင်း ချိတ်ဆက်လုပ်တတ်တာဆိုတဲ့ အားသာချက်ကို မြင်တွေ့ရပါတယ်။အဲဒီအားသာချက်က စီမံခန့်ခွဲသူတွေရဲ့ ဉာဏ်ကြီးမားမှုနဲ့ စည်းကမ်းတကျ ကိုင်တွယ်တတ်မှုကို ဖော်ပြပါတယ်။
ရန်ကုန်လူထုအများစုဟာ ရန်ကုန်စည်ပင်ရဲ့ ဝန်ဆောင်မှုတွေအပေါ် မကျေနပ်ဆုံးဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်။

မဟာဗန္ဓုလပန်းခြံလမ်းက စားသောက်ဆိုင်တွေနဲ့ ကမ်းနားလမ်းက စားသောက်ဆိုင်တွေမှာ စာရေးသူနဲ့ သူငယ်ချင်းတစ်ယောက် မြို့ထဲရောက်ရင် စားသောက်ကြပါတယ်။စားရင်း ဈေးသည်တွေကို မေးမြန်းကြည့်ကြတော့ အများစုက အင်အယ်လ်ဒီအစိုးရကို မကြိုက်ကြတော့ပါဘူး။ဘာဖြစ်လို့လဲ ဆက်မေးတော့ အရင်လိုရောင်းချင်တဲ့နေရာမှာ ဈေးမရောင်းရတော့လို့ပါ။

“အရင်အစိုးရပဲ ကြိုက်တယ်။အဆင်ပြေတဲ့နေရာမှာ တစ်နေ့လုံးဈေးရောင်းလို့ရတယ်။စည်ပင်ဝန်ထမ်းကို နေ့တိုင်းငွေပေးလိုက်ရင် ပြီးတာပဲ။ဘယ်နေ့ ဘယ်အချိန် လာဖမ်းလိမ့်မယ် ကြိုပြောပေးတယ်။အဲဒီနေ့ ခဏရှောင်လိုက်တာပေါ့။နောက်နေ့ ပြန်ရောင်းတယ်။မိသားစုခြောက်ယောက် စားလောက်သောက်လောက် ကျောင်းစရိတ်လဲရတယ်။
ခုတော့ နေ့လယ် ၂ နာရီနောက်ပိုင်းမှ ထွက်ရတာ။ညနေ ၆ နာရီကျော်ရင် လူမရှိချင်တော့ဘူး။အရောင်းအဝယ်တွေလဲ မကောင်းဘူး၊ သွားလာရတာလဲ မလုံခြုံတော့ ညဘက်ထွက်သူ နည်းလာတယ်” လို့ ကမ်းနားလမ်း ဈေးသည်တစ်ယောက်က ညည်းပါတယ်။

သူငယ်ချင်းက မကြာခင်ကမှ လာအိုက ပြန်လာသူပါ။သူ့အပြောအရ ရန်ကုန်ဟာ လာအိုမြို့တော် ဗီယင်ကျင်းနောက်မှာ ကျန်ရစ်ပါပြီ။

“မနက်အစောကြီး လူတွေက လမ်းဘေးမှာ သေသေဝပ်ဝပ်ထိုင်ပြီး ဘုန်းကြီးတွေ ဆွမ်းခံကြွတာကို စောင့်ဆွမ်းလောင်းကြတယ်။မြန်မာတွေလို လော်စပီကာမဖွင့်ဘူး။တိတ်တိတ်ဆိတ်ဆိတ် သိပ်အိန္ဒြေရတာပဲ။ငါတည်းရတဲ့ ဟိုတယ်ရှေ့မှာ မြစ်ရှိတယ်။အဲဒီမြစ်ကမ်းလေးလမ်းတလျှောက်မှာ ဈေးတန်းလေးရှိတယ်။ဒို့ဆီမှာလိုပဲ လမ်းဘေးမှာရောင်းနေကြတာ၊ ဈေးသိမ်းချိန်ရောက်တော့ သူတို့ရောင်းတဲ့ ပစ္စည်းတွေ သိမ်းပြန်တဲ့အခါ ဘာမှအမှိုက်တစမ ကျန်ခဲ့ဘူး။သူတို့အမှိုက် သူတို့ အိတ်လေးတွေနဲ့ ထည့်သိမ်းသွားတယ်။ပြီးလွယ်စီးလွယ် သိမ်းတာမဟုတ်ဘူး။ဘာမှမကျန်ခဲ့တဲ့ထိ သေသေသပ်သပ် သိမ်းသွားတာ။အဲဒါ စီမံခန့်ခွဲမှုပဲ” လို့ စာရေးသူတို့ ဝင်စားတဲ့ ကမ်းနားဈေးတန်းက ဆိုင်တိုင်းလိုလိုမှာရှိနေတဲ့ အမှိုက်တွေကို လက်ညှိုးထိုးပြပြီး ပြောပါတယ်။

လာအိုပြန် သူငယ်ချင်းရဲ့ စကားကိုနားထောင်ရင်း စာရေးသူတို့ ရပ်ကွက်မှာ မီးကြိုးနဲ့မလွတ်တဲ့ သစ်ကိုင်းတွေ လာချိုင်တာကို ပြန်သတိရပါတယ်။လျှပ်စစ်က သစ်ကိုင်းတွေ လာချိုင်တယ်။ခုတ်ချလိုက်တဲ့ သစ်ကိုင်းတွေကို ဒီအတိုင်း လမ်းဘေးမှာထားခဲ့ပါတယ်။အတော်ကြာမှ အဲဒီအကိုင်းတွေကို စည်ပင်က လာရှင်းပါတယ်။ဒီဖြစ်စဉ်ကိုကြည့်ပြီး ကိုရီးယားက ပြန်လာတဲ့ လူငယ်လေးက “ကိုရီးယားမှာဆို အစိုးရဌာနတွေ အားလုံးချိတ်ဆက် အလုပ်လုပ်ကြတာပါ။ရာဇဝတ်မှုတစ်ခု ဖြစ်တယ်ဆိုရင် ရဲက ဒီသတင်းကို သက်ဆိုင်တဲ့ နယ်မြေအားလုံးနဲ့ ချိတ်ဆက်လိုက်တယ်။စီစီတီဗွီတွေကတဆင့် အဲဒီအဝန်းအဝိုင်းအတွင်းမှာရှိတဲ့ ရဲစခန်းအားလုံးက ဝိုင်းရှာပေးတယ်။တစ်ချိန်တည်းမှာပဲ ရုပ်သံဌာနတွေကလဲ အဆက်မပြတ် သတင်းလွှင့်ပေးတယ်။ရာဇဝတ်မှုတခုအတွက် တရားခံဖမ်းတာ အလွန်ဆုံးကြာရင် နာရီဝက်ပဲ။ဒီ့ထက်ကြာတာတွေလဲရှိမှာပါ။ကျွန်တော်တို့ လက်လှမ်းမမှီတာ ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ ရာဇဝတ်မှု မထူပြောဘူး။” လို့ သူ့စကားကို နိဂုံးချုပ်ပါတယ်။

ရန်ကုန်အစိုးရအနေနဲ့ အပြောနဲ့ လက်တွေ့ ကွာဟမှုများလာတာကို ပြန်ဆန်းစစ်သင့်ပါပြီ။၂၀၁၇ - ၁၈ လောက်တုန်းက အင်ဂျီအိုအဖွဲ့တစ်ဖွဲ့က ကောက်ခံတဲ့ စစ်တမ်းတွေအရ ရန်ကုန်လူထုအနေနဲ့ ရန်ကုန်စည်ပင်ရဲ့ ဝန်ဆောင်ပေးနေမှုအပေါ် မကျေနပ်သူ များပြားပါတယ်။မြန်မာထက် ဟိုတုန်းက အများကြီးနောက်ကျကျန်ခဲ့တဲ့ လာအိုနိုင်ငံလို နိုင်ငံတောင် လမ်းဘေးဈေးသည်တွေကို ကိုယ့်အမှိုက်ကိုယ်သိမ်း စီမံပေးတတ်ရင် ရန်ကုန်အစိုးရ ရန်ကုန်စည်ပင် ဘာကြောင့် ဒီကနေ့ထိ ပြည်သူကို အမှိုက်ပစ်ပညာပေးလဲ မအောင်မြင်၊ စည်ပင်ဘက်ကလဲ အမှိုက်တွေကိုလဲ သေသေချာချာ မသိမ်းပေးနိုင် ဖြစ်နေတာဟာ စီမံခန့်ခွဲမှု အားနည်းတာကို ပြသနေပါတယ်။

၂၀၁၈ ထဲမှာ စည်ပင်ဥပဒေ ထွက်လာပါတယ်။ရပ်ကွက်တွေထဲမှာ လူမှုရေး၊ ဘာသာရေး အကြောင်းပြချက်နဲ့ ဆူဆူညံညံ လော်စပီကာတွေ ဆောင်းဘောက်တွေ ဖွင့်နေကြတုန်းပါပဲ။ဘယ်ဆယ်အိမ်မှူးကမှ မတားမြစ်။ဘယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးကမှ မတားမြစ်။ကားလမ်းတွေပေါ်မှာ ကွမ်းတံတွေးကွက် လွတ်တဲ့နေရာ အတော်ရှားပါတယ်။ဒါတွေက ဥပဒေကို ထုတ်ရုံထုတ်ပြီး လက်တွေ့ အသက်ဝင်အောင် တာဝန်ရှိသူတွေ မလုပ်နိုင်ဘူးဆိုတာကို ပြသနေပါတယ်။

လူထုဘက်က အမှိုက်ပစ်ချင်ရင်တောင် ရှိသင့်ရှိထိုက်တဲ့ နေရာတွေမှာ အမှိုက်ပုံးမရှိတာကလဲ အဓိကပြဿနာတစ်ခုပါ။ခုံးကျော်တံတားတွေကို ဆောက်တယ်။လူထုမသုံးရင် အရေးမယူဘူး။ ဒါ့အပြင် အဲဒီခုံးကျော်တံတားတွေပေါ်မှာ ထားပေးတဲ့ စုတ်ပြတ်နေတဲ့ အဖုံးမပါတဲ့ အမှိုက်ပုံးမည် ကာမတ္တထဲက အမှိုက်တွေကို ပုံမှန်မသိမ်းပေးဘူး။
မိုးတွင်းဆို အမှိုက်ပုံးထဲ ရေတွေပေါလောနဲ့။ ဒီကြားထဲ အဖုံးဟောင်းလောင်း အမှိုက်ပုံးထဲ အေမှိုက်မပစ်ဘဲ တံတားလှေခါးထစ်တွေပေါ်မှာ ခုံးတံတားပေါ်မှာ ပစ်ထားတဲ့ အမှိုက်တွေ ထွေးတာတဲ့ ကွမ်းတွေးတွေကို ခုံးကျော်တံတားတိုင်းမှာ မြင်တွေ့နိုင်ပါတယ်။အမှိုက်နဲ့ပတ်သက်ရင် စည်ပင်ဘက်ကလဲ တာဝန်မကျေ လူထုဘက်ကလဲ စည်းမဲ့ကမ်းမဲ့ ဒီလိုမကောင်းတဲ့ဘက်မှာ ညီညွှတ်နေကြရင်းလမ်းပေါ် ပလက်ဖောင်းတွေမှာ အားလုံးမဟုတ်ပေမဲ့ နေရာတချို့မှာ ငါးပေပတ်လည် ဆိုင်ခန်းတွေကို စည်ပင်ကငှားမယ်ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။ရန်ကုန်လွှတ်တော်က ကော်မတီ ၆ ခုက ကန့်ကွက်ထားတယ်လို့ သိရပါတယ်။စည်ပင်ဆိုတာ ကိုယ်ထုတ်ထားတဲ့ စည်းကမ်းဥပဒေကို ကိုယ်ဖောက်ဖျက်ပြီး စီးပွားရှာရမယ့် အဖွဲ့အစည်းမဟုတ်ပါဘူး။မြို့ကို သန့်ရှင်းသာယာလှပစေပြီး လူထုရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုနဲ့ စည်ပင်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကြောင့် လူထုစိတ်သောကမရောက်ရဖို့ ဦးတည်တာဝန်ယူ လုပ်ဆောင်ပေးရမယ့် အဖွဲ့ပါ။    

ပလက်ဖောင်းတွေ ထားရှိရရင်း ရည်ရွယ်ချက်က ကားလမ်းပေါ် လူလမ်းမလျှောက်ဖို့ပါ။လမ်းပေါ် ပြေးမောင်းနေတဲ့ ကားတွေ အနှောင့်အယှက်မဖြစ်ဖို့ ယာဉ်အန္တရာယ် လမ်းအန္တရာယ် နည်းပါးဖို့ပါ။ပလက်ဖောင်းပေါ် ဈေးရောင်းနေကြတဲ့ ပျံကျဈေးသည်တွေကို ရှင်းထုတ်နေရာပေးခဲ့တဲ့ စည်ပင်က အခု ငါးပေဆိုင်ခန်းတွေကို ပလက်ဖောင်းပေါ်ထားပေး ဈေးရောင်းဖို့ ငှားရမ်းမယ်ဆိုတာ လုပ်သင့်တဲ့ အလုပ် ဟုတ်၊ မဟုတ် ပြောစရာတောင် မလိုဘူးလို့ ယူဆပါတယ်။

အခုကုမ္ပဏီတစ်ခုက သန်းချီအကုန်ခံ လုပ်ပေးထားတယ်ဆိုတဲ့ လိုင်းကားရပ်တဲ့ မှတ်တိုင်တွေကို သွားကြည့်ပါ။မှတ်တိုင်ဘယ်နှစ်ခုမှာ အမှိုက်ပုံးရှိနေပါသလဲ။၉၀ ရာခိုင်နှုန်း ကားမှတ်တိုင်တွေမှာ အမှိုက်ပုံးမရှိပါဘူး။ဒါပေမဲ့ ခရီးသည်နားနေစရာ ထိုင်ခုံနောက်က မှန်ထဲမှာတော့ အမှိုက်ခွဲခြားပစ်ဖို့ စာတွေ ရေးပေးထားပါတယ်။ အဲဒီစာတွေနဲ့အညီ ပြန်သုံးလို့ရတဲ့ စက္ကူ၊ ပုလင်းနဲ့ ဘူးခွံတွေထည့်ဖို့ အမှိုက်ပုံးသပ်သပ်၊ ပြန်သုံးလို့မရတဲ့ စားကြွင်းစားကျန် ဟင်းသီးဟင်းရွက် အကြွင်းအကျန် စတာတွေထည့်ဖို့ အမှိုက်ပုံးထားပေးပြီလား။

စာရေးသူ မျက်မြင်အရ၊ ရန်ကုန်မြို့လယ်ကောင်က အဓိကလမ်းတစ်ခုဖြစ်တဲ့ ပန်းဆိုးတန်းလမ်းတလျှောက်မှာတောင် ချပေးထားတဲ့ အမှိုက်ပုံးတွေက အဖုံးနဲ့ လုံလုံခြုံခြုံအမှိုက်ပုံးတွေ အမှိုက်ခွဲခြားပစ်ဖို့ အမှိုက်ပုံးတွေ မဟုတ်ပါဘူး။ယာယီ ပလတ်စတစ်အိတ် စွပ်ထားတဲ့ အမှိုက်ပုံးလေးတွေသာ ချထားပေးတာပါ။ဒါတွေကို နေ့စဉ်မသိမ်းဘူးဆိုတာလဲ အဲဒီပလတ်စတစ်အိတ်စွပ် အမှိုက်ပုံး အမိုးပွင့်တွေထဲက အမှိုက်တွေနဲ့ အနီးအနားမှာကျနေတဲ့ အမှိုက်တွေက ဖော်ပြပေးနေကြပါတယ်။

စည်ပင်က ငါးပေဆိုင်ခန်းတွေကို ပလက်ဖောင်း နေရာတချို့မှာ ရောင်းခွင့်ပြုမယ်ဆိုတာကို ဆက်ကန့်ကွက်ဖို့ ရန်ကုန်လွှတ်တော်ကို မေတ္တာရပ်ခံပါတယ်။တဆက်တည်း အမှိုက်ပုံးထားပေးသင့်တဲ့ နေရာတိုင်း အမှိုက်ပုံးအင်္ဂါနဲ့ညီတဲ့ အမှိုက်ခွဲခြားပစ်လို့ရတဲ့ အမှိုက်ပုံးတွေ ထားပေးဖို့ ပုံမှန်သိမ်းဆည်းပေးဖို့ လွှတ်တော်က တောင်းဆိုပေးပါ။
အထူးသဖြင့် ဘတ်စ်ကားမှတ်တိုင်တိုင်းမှာ အမှိုက်ပုံးအင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ အမှိုက်ခွဲခြားပစ်လို့ရတဲ့ အမှိုက်ပုံးတွေထားပေးဖို့ တောင်းဆိုပေးစေချင်ပါတယ်။

ခင်နှင်းဦး
သြဂုတ် - ၂၉

( Zawgyi )

အင္အယ္လ္ဒီအစိုးရအေပၚ အေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္ခဲ့တဲ့ လူထုဟာ လက္ေတြ႕မွာေတာ့ မေက်နပ္မႈေတြနဲ႔ ညည္းၾကညဴၾက ျဖစ္လာၾကပါတယ္။ေျပာင္းလဲမႈေတြ ျပည့္ျပည့္စုံစုံ မေဖာ္ေဆာင္ေပးႏိုင္တာကို နားလည္ၾကေပမဲ့ သည္းခံႏိုင္ၾကေပမဲ့ သာမန္လူထု အျမင္မွာေတာင္ လုပ္သင့္တာကို မလုပ္ဘဲ မလုပ္သင့္တာကို လုပ္လာၾကတဲ့အေပၚ အံ့ၾသၾက၊ စိတ္ပ်က္ၾကလာၾကပါတယ္။ရန္ကုန္တိုင္းေဒသႀကီးအစိုးရအေပၚ ရန္ကုန္လူထု စိတ္အပ်က္ဆုံးက စကားေနာက္ကို တရားပါမလာတဲ့ အျဖစ္ပါ။

မီတာခေတြ တက္ေတာ့မယ္။မီတာခတက္ၿပီးေနာက္ပိုင္း ဘယ္ေန႔ ဘယ္ရက္ကစၿပီး မီးမပ်က္ေစရပါဘူးလို႔၊ ရန္ကုန္ဝန္ခ်ဳပ္က ဆိုပါတယ္။အဲဒီ ဘယ္ရက္ ဘယ္ေန႔ဆိုတဲ့ ေန႔မွာပဲ ရန္ကုန္ၿမိဳ႕ေပၚမွာ မီးပ်က္ခဲ့ပါတယ္။ခုထိ အခါအားေလ်ာ္စြာ မီးပ်က္ေနတုန္းပါ။ေျပာတုန္းကေျပာခဲ့ၿပီး လက္ေတြ႕မွာ တလြဲျဖစ္လာတဲ့အခါ ျပည္သူကို ရွင္းျပတာ ေတာင္းပန္တာ ဘာတစ္ခုမွမလုပ္ဘဲ မသိက်ိဳးကြၽန္ေနတာကလဲ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႕ဝင္တခ်ိဳ႕ရဲ႕ လုပ္႐ိုးလုပ္စဥ္ ျဖစ္လာပါတယ္။

ဒါ့အျပင္ ရန္ကုန္ၿမိဳ႕မွာ ေရႀကီးေရလွ်ံမႈ မျဖစ္ေစဖို႔ ေဆာင္႐ြက္ခဲ့တယ္လို႔ ရန္ကုန္ဝန္ခ်ဳပ္က ဆိုလိုက္ျပန္ပါတယ္။သိပ္မၾကာမီမွာပဲ ရန္ကုန္မွာ ၃ ရက္ဆက္တိုက္ မိုးအဆက္မျပတ္႐ြာပါတယ္။ရန္ကုန္ၿမိဳ႕က  လမ္းေတြအားလုံးနီးပါး ေရေတြလွ်ံလို႔ ကားေတြက ေရမလွ်ံတဲ့ လမ္းနည္းနည္းေပၚ ေမာင္းၾကတာမို႔ ကားေတြနဲ႔ ပိတ္ဆို႔ေနတဲ့လမ္းေတြ ေရေတြျပည့္လွ်ံေနတဲ့လမ္းေတြကိုၾကည့္ၿပီး ရန္ကုန္လူထုရဲ႕ မေက်နပ္မႈ ျမင့္တက္လာပါတယ္။လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္ကလဲ ျပင္သစ္က သန္းခ်ီေခ်းယူထားတဲ့ ေခ်းေငြေတြနဲ႔ ရန္ကုန္ၿမိဳ႕ ေရႀကီးေရလွ်ံမႈမျဖစ္ေစဖို႔ လုပ္မယ္ဆိုလို႔ ေတာင္းဆိုတဲ့ေခ်းေငြကို လႊတ္ေတာ္ကသေဘာတူေပးခဲ့ပါတယ္။တကယ့္လက္ေတြ႕မွာေတာ့ ေရႀကီးေရလွ်ံတာကို မေျဖရွင္းေပးႏိုင္ခဲ့ဘူးလို႔ ေျပာပါတယ္။တိုင္းျပည္ကေတာ့ သန္းခ်ီၿပီး အေႂကြးထပ္တင္သြားတယ္။ေရႀကီးေရလွ်ံတာကေတာ့ ဒုံရင္းပါပဲ။

ရန္ကုန္ဝန္ခ်ဳပ္နဲ႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္တို႔ မၾကာခဏေျပာသလိုပါပဲ။ရန္ကုန္ဟာ မႏၲေလးထက္ အမ်ားႀကီးပိုက်ယ္တယ္ပဲထားပါ။ရန္ကုန္တစ္ၿမိဳ႕လုံးအတြက္ သန႔္ရွင္းသာယာလွပေရး မလုပ္ေပးႏိုင္ဘူးဆိုရင္ေတာင္ မလိုအပ္ဘဲ ေငြေတြသုံးတာ၊ မေသခ်ာမေရရာတဲ့ ေနရာေတြမွာ ေဈးတန္းေတြဖြင့္ေပးလို႔ လုပ္တာေတြကိုေတာ့ ေသေသခ်ာခ်ာ တြက္ခ်က္စဥ္းစားၿပီးမွ လုပ္သင့္ပါတယ္။

ရန္ကုန္အစိုးရ တက္လာလာခ်င္း ၿမိဳ႕ထဲက လူသြားလမ္း ပလက္ေဖာင္းေတြေပၚမွာ ေနရာအႏွံ႔ ေဈးေရာင္းေနၾကတဲ့ ပ်ံက်ေဈးသည္ေတြကို ေနရာေ႐ႊ႕ေပးခဲ့ပါတယ္။အထင္ရွားဆုံးက မဟာဗႏၶဳလပန္းၿခံလမ္း (ဘားလမ္း) အလယ္နဲ႔ ေအာက္ဆုံးပိုင္းမွာ လမ္းတစ္ျခမ္းကို ေဈးေရာင္းခြင့္ေပးၿပီး အဲဒီဝန္းက်င္က ရွိရွိသမွ် ပလက္ေဖာင္းေတြေပၚ ေဈးေရာင္းေနသူေတြကို ဖယ္ရွားေပးခဲ့ပါတယ္။ က်န္တဲ့ေဈးသည္ေတြကို ကမ္းနားလမ္းဘက္မွာ ေနရာေပး ေဈးေရာင္းေစခဲ့ပါတယ္။ကမ္းနားဘက္က ေဈးတန္းဟာ သိပ္မေရာင္းရလို႔ ေဈးဆိုင္တခ်ိဳ႕သာ ဆက္ေဈးေရာင္းေနတာ ေတြ႕ရမွာပါ။ကမ္းနားေဈးတန္း ေနရာအတြက္ သုံးခဲ့တဲ့ေငြေတြဟာ အေတာ္မ်ားတယ္လို႔ သိရပါတယ္။
ရန္ကုန္အစိုးရအေနနဲ႔ ဒီေနရာကို ထပ္မံမြမ္းမံေပးအုံးမယ္ဆိုတဲ့ သတင္းေတြ ထြက္ေနပါတယ္။မဟာဗႏၶဳလပန္းၿခံလမ္းမွာ ေနရာေပးထားတဲ့ ပ်ံက်ေဈးဆိုင္ခန္းေတြ အေရာင္းအဝယ္ျဖစ္ၾကေပမဲ့၊ ကမ္းနားဘက္က ေဈးတန္းေတြ ဘာေၾကာင့္အေရာင္းပါးတာလဲ။

မဟာဗႏၶဳလပန္းၿခံလမ္းက ေဈးဆိုင္ေတြနဲ႔ အဲဒီတဝိုက္က ႐ုံးဌာနေတြနီးတယ္။ၿမိဳ႕ေတာ္ခန္းမေရွ႕ မွတ္တိုင္ဟာ ရန္ကုန္အေရွ႕ပိုင္းနဲ႔ ေက်ာက္တန္းဘက္သြားမယ့္ ခရီးသည္ေတြ စုေဝးရာေနရာျဖစ္တယ္။ဒါေၾကာင့္ ခရီးသြားပရိသတ္နဲ႔ ဆိုင္ခန္းေတြ ထိေတြ႕ဖို႔ လက္တကမ္းေနရာ ျဖစ္ေနေတာ့ အေရာင္းအဝယ္ျဖစ္ၾကပါတယ္။ကမ္းနားဘက္က်ေတာ့ မ်က္ႏွာခ်င္းဆိုင္ ေနရာေတြအားလုံး အစိုးရဌာန႐ုံးေတြ မဟုတ္ၾကပါဘူး။ဒါ့အျပင္ တခုခုဝယ္ဖို႔စားဖို႔ ကားေတြ အဆက္မျပတ္သြားေနတဲ့လမ္းကို ျဖတ္ဖို႔လိုပါတယ္။ကားလမ္းျဖတ္ကူး ဝယ္ယူစားေသာက္မယ့္အစား အေပၚဘက္လမ္းကို တက္သြားရင္ အလြယ္တကူ ဝယ္ယူစားႏိုင္တဲ့ ဆိုင္မ်ိဳးစုံရွိေနၾကပါတယ္။ဒီလိုအေၾကာင္းေတြေၾကာင့္ ေျခာက္ကပ္ေနတဲ့ ကမ္းနားလမ္း ဆိုင္တန္းကို ျပန္ျပဳျပင္အုံးမယ္ဆိုရင္ ေနာက္ထပ္ ေငြဘယ္ေလာက္ ပုံသုံးအုံးမလဲမသိဘူးလို႔ ဆက္မေရာင္းေတာ့တဲ့ ေဈးသည္တခ်ိဳ႕က ညည္းညဴၾကပါတယ္။

တျခားႏိုင္ငံေတြ အလုပ္လုပ္ၾကပုံကို ေလ့လာတဲ့အခါ ျမန္မာထက္ သာတဲ့အခ်က္က အလုပ္ေတြကို ခ်ိတ္ဆက္လုပ္တတ္တာ၊ ဌာနအခ်င္းခ်င္း ခ်ိတ္ဆက္လုပ္တတ္တာဆိုတဲ့ အားသာခ်က္ကို ျမင္ေတြ႕ရပါတယ္။အဲဒီအားသာခ်က္က စီမံခန႔္ခြဲသူေတြရဲ႕ ဉာဏ္ႀကီးမားမႈနဲ႔ စည္းကမ္းတက် ကိုင္တြယ္တတ္မႈကို ေဖာ္ျပပါတယ္။
ရန္ကုန္လူထုအမ်ားစုဟာ ရန္ကုန္စည္ပင္ရဲ႕ ဝန္ေဆာင္မႈေတြအေပၚ မေက်နပ္ဆုံးဆိုတဲ့ အေျဖထြက္ခဲ့ပါတယ္။

မဟာဗႏၶဳလပန္းၿခံလမ္းက စားေသာက္ဆိုင္ေတြနဲ႔ ကမ္းနားလမ္းက စားေသာက္ဆိုင္ေတြမွာ စာေရးသူနဲ႔ သူငယ္ခ်င္းတစ္ေယာက္ ၿမိဳ႕ထဲေရာက္ရင္ စားေသာက္ၾကပါတယ္။စားရင္း ေဈးသည္ေတြကို ေမးျမန္းၾကည့္ၾကေတာ့ အမ်ားစုက အင္အယ္လ္ဒီအစိုးရကို မႀကိဳက္ၾကေတာ့ပါဘူး။ဘာျဖစ္လို႔လဲ ဆက္ေမးေတာ့ အရင္လိုေရာင္းခ်င္တဲ့ေနရာမွာ ေဈးမေရာင္းရေတာ့လို႔ပါ။

“အရင္အစိုးရပဲ ႀကိဳက္တယ္။အဆင္ေျပတဲ့ေနရာမွာ တစ္ေန႔လုံးေဈးေရာင္းလို႔ရတယ္။စည္ပင္ဝန္ထမ္းကို ေန႔တိုင္းေငြေပးလိုက္ရင္ ၿပီးတာပဲ။ဘယ္ေန႔ ဘယ္အခ်ိန္ လာဖမ္းလိမ့္မယ္ ႀကိဳေျပာေပးတယ္။အဲဒီေန႔ ခဏေရွာင္လိုက္တာေပါ့။ေနာက္ေန႔ ျပန္ေရာင္းတယ္။မိသားစုေျခာက္ေယာက္ စားေလာက္ေသာက္ေလာက္ ေက်ာင္းစရိတ္လဲရတယ္။
ခုေတာ့ ေန႔လယ္ ၂ နာရီေနာက္ပိုင္းမွ ထြက္ရတာ။ညေန ၆ နာရီေက်ာ္ရင္ လူမရွိခ်င္ေတာ့ဘူး။အေရာင္းအဝယ္ေတြလဲ မေကာင္းဘူး၊ သြားလာရတာလဲ မလုံၿခဳံေတာ့ ညဘက္ထြက္သူ နည္းလာတယ္” လို႔ ကမ္းနားလမ္း ေဈးသည္တစ္ေယာက္က ညည္းပါတယ္။

သူငယ္ခ်င္းက မၾကာခင္ကမွ လာအိုက ျပန္လာသူပါ။သူ႔အေျပာအရ ရန္ကုန္ဟာ လာအိုၿမိဳ႕ေတာ္ ဗီယင္က်င္းေနာက္မွာ က်န္ရစ္ပါၿပီ။

“မနက္အေစာႀကီး လူေတြက လမ္းေဘးမွာ ေသေသဝပ္ဝပ္ထိုင္ၿပီး ဘုန္းႀကီးေတြ ဆြမ္းခံႂကြတာကို ေစာင့္ဆြမ္းေလာင္းၾကတယ္။ျမန္မာေတြလို ေလာ္စပီကာမဖြင့္ဘူး။တိတ္တိတ္ဆိတ္ဆိတ္ သိပ္အိေျႏၵရတာပဲ။ငါတည္းရတဲ့ ဟိုတယ္ေရွ႕မွာ ျမစ္ရွိတယ္။အဲဒီျမစ္ကမ္းေလးလမ္းတေလွ်ာက္မွာ ေဈးတန္းေလးရွိတယ္။ဒို႔ဆီမွာလိုပဲ လမ္းေဘးမွာေရာင္းေနၾကတာ၊ ေဈးသိမ္းခ်ိန္ေရာက္ေတာ့ သူတို႔ေရာင္းတဲ့ ပစၥည္းေတြ သိမ္းျပန္တဲ့အခါ ဘာမွအမႈိက္တစမ က်န္ခဲ့ဘူး။သူတို႔အမႈိက္ သူတို႔ အိတ္ေလးေတြနဲ႔ ထည့္သိမ္းသြားတယ္။ၿပီးလြယ္စီးလြယ္ သိမ္းတာမဟုတ္ဘူး။ဘာမွမက်န္ခဲ့တဲ့ထိ ေသေသသပ္သပ္ သိမ္းသြားတာ။အဲဒါ စီမံခန႔္ခြဲမႈပဲ” လို႔ စာေရးသူတို႔ ဝင္စားတဲ့ ကမ္းနားေဈးတန္းက ဆိုင္တိုင္းလိုလိုမွာရွိေနတဲ့ အမႈိက္ေတြကို လက္ညႇိဳးထိုးျပၿပီး ေျပာပါတယ္။

လာအိုျပန္ သူငယ္ခ်င္းရဲ႕ စကားကိုနားေထာင္ရင္း စာေရးသူတို႔ ရပ္ကြက္မွာ မီးႀကိဳးနဲ႔မလြတ္တဲ့ သစ္ကိုင္းေတြ လာခ်ိဳင္တာကို ျပန္သတိရပါတယ္။လွ်ပ္စစ္က သစ္ကိုင္းေတြ လာခ်ိဳင္တယ္။ခုတ္ခ်လိုက္တဲ့ သစ္ကိုင္းေတြကို ဒီအတိုင္း လမ္းေဘးမွာထားခဲ့ပါတယ္။အေတာ္ၾကာမွ အဲဒီအကိုင္းေတြကို စည္ပင္က လာရွင္းပါတယ္။ဒီျဖစ္စဥ္ကိုၾကည့္ၿပီး ကိုရီးယားက ျပန္လာတဲ့ လူငယ္ေလးက “ကိုရီးယားမွာဆို အစိုးရဌာနေတြ အားလုံးခ်ိတ္ဆက္ အလုပ္လုပ္ၾကတာပါ။ရာဇဝတ္မႈတစ္ခု ျဖစ္တယ္ဆိုရင္ ရဲက ဒီသတင္းကို သက္ဆိုင္တဲ့ နယ္ေျမအားလုံးနဲ႔ ခ်ိတ္ဆက္လိုက္တယ္။စီစီတီဗြီေတြကတဆင့္ အဲဒီအဝန္းအဝိုင္းအတြင္းမွာရွိတဲ့ ရဲစခန္းအားလုံးက ဝိုင္းရွာေပးတယ္။တစ္ခ်ိန္တည္းမွာပဲ ႐ုပ္သံဌာနေတြကလဲ အဆက္မျပတ္ သတင္းလႊင့္ေပးတယ္။ရာဇဝတ္မႈတခုအတြက္ တရားခံဖမ္းတာ အလြန္ဆုံးၾကာရင္ နာရီဝက္ပဲ။ဒီ့ထက္ၾကာတာေတြလဲရွိမွာပါ။ကြၽန္ေတာ္တို႔ လက္လွမ္းမမွီတာ ျဖစ္ႏိုင္ပါတယ္။ဒါေပမဲ့ ရာဇဝတ္မႈ မထူေျပာဘူး။” လို႔ သူ႔စကားကို နိဂုံးခ်ဳပ္ပါတယ္။

ရန္ကုန္အစိုးရအေနနဲ႔ အေျပာနဲ႔ လက္ေတြ႕ ကြာဟမႈမ်ားလာတာကို ျပန္ဆန္းစစ္သင့္ပါၿပီ။၂၀၁၇ - ၁၈ ေလာက္တုန္းက အင္ဂ်ီအိုအဖြဲ႕တစ္ဖြဲ႕က ေကာက္ခံတဲ့ စစ္တမ္းေတြအရ ရန္ကုန္လူထုအေနနဲ႔ ရန္ကုန္စည္ပင္ရဲ႕ ဝန္ေဆာင္ေပးေနမႈအေပၚ မေက်နပ္သူ မ်ားျပားပါတယ္။ျမန္မာထက္ ဟိုတုန္းက အမ်ားႀကီးေနာက္က်က်န္ခဲ့တဲ့ လာအိုႏိုင္ငံလို ႏိုင္ငံေတာင္ လမ္းေဘးေဈးသည္ေတြကို ကိုယ့္အမႈိက္ကိုယ္သိမ္း စီမံေပးတတ္ရင္ ရန္ကုန္အစိုးရ ရန္ကုန္စည္ပင္ ဘာေၾကာင့္ ဒီကေန႔ထိ ျပည္သူကို အမႈိက္ပစ္ပညာေပးလဲ မေအာင္ျမင္၊ စည္ပင္ဘက္ကလဲ အမႈိက္ေတြကိုလဲ ေသေသခ်ာခ်ာ မသိမ္းေပးႏိုင္ ျဖစ္ေနတာဟာ စီမံခန႔္ခြဲမႈ အားနည္းတာကို ျပသေနပါတယ္။

၂၀၁၈ ထဲမွာ စည္ပင္ဥပေဒ ထြက္လာပါတယ္။ရပ္ကြက္ေတြထဲမွာ လူမႈေရး၊ ဘာသာေရး အေၾကာင္းျပခ်က္နဲ႔ ဆူဆူညံညံ ေလာ္စပီကာေတြ ေဆာင္းေဘာက္ေတြ ဖြင့္ေနၾကတုန္းပါပဲ။ဘယ္ဆယ္အိမ္မႉးကမွ မတားျမစ္။ဘယ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကမွ မတားျမစ္။ကားလမ္းေတြေပၚမွာ ကြမ္းတံေတြးကြက္ လြတ္တဲ့ေနရာ အေတာ္ရွားပါတယ္။ဒါေတြက ဥပေဒကို ထုတ္႐ုံထုတ္ၿပီး လက္ေတြ႕ အသက္ဝင္ေအာင္ တာဝန္ရွိသူေတြ မလုပ္ႏိုင္ဘူးဆိုတာကို ျပသေနပါတယ္။

လူထုဘက္က အမႈိက္ပစ္ခ်င္ရင္ေတာင္ ရွိသင့္ရွိထိုက္တဲ့ ေနရာေတြမွာ အမႈိက္ပုံးမရွိတာကလဲ အဓိကျပႆနာတစ္ခုပါ။ခုံးေက်ာ္တံတားေတြကို ေဆာက္တယ္။လူထုမသုံးရင္ အေရးမယူဘူး။ ဒါ့အျပင္ အဲဒီခုံးေက်ာ္တံတားေတြေပၚမွာ ထားေပးတဲ့ စုတ္ျပတ္ေနတဲ့ အဖုံးမပါတဲ့ အမႈိက္ပုံးမည္ ကာမတၱထဲက အမႈိက္ေတြကို ပုံမွန္မသိမ္းေပးဘူး။
မိုးတြင္းဆို အမႈိက္ပုံးထဲ ေရေတြေပါေလာနဲ႔။ ဒီၾကားထဲ အဖုံးေဟာင္းေလာင္း အမႈိက္ပုံးထဲ ေအမႈိက္မပစ္ဘဲ တံတားေလွခါးထစ္ေတြေပၚမွာ ခုံးတံတားေပၚမွာ ပစ္ထားတဲ့ အမႈိက္ေတြ ေထြးတာတဲ့ ကြမ္းေတြးေတြကို ခုံးေက်ာ္တံတားတိုင္းမွာ ျမင္ေတြ႕ႏိုင္ပါတယ္။အမႈိက္နဲ႔ပတ္သက္ရင္ စည္ပင္ဘက္ကလဲ တာဝန္မေက် လူထုဘက္ကလဲ စည္းမဲ့ကမ္းမဲ့ ဒီလိုမေကာင္းတဲ့ဘက္မွာ ညီၫႊတ္ေနၾကရင္းလမ္းေပၚ ပလက္ေဖာင္းေတြမွာ အားလုံးမဟုတ္ေပမဲ့ ေနရာတခ်ိဳ႕မွာ ငါးေပပတ္လည္ ဆိုင္ခန္းေတြကို စည္ပင္ကငွားမယ္ဆိုတဲ့ သတင္းေတြ တက္လာပါတယ္။ရန္ကုန္လႊတ္ေတာ္က ေကာ္မတီ ၆ ခုက ကန႔္ကြက္ထားတယ္လို႔ သိရပါတယ္။စည္ပင္ဆိုတာ ကိုယ္ထုတ္ထားတဲ့ စည္းကမ္းဥပေဒကို ကိုယ္ေဖာက္ဖ်က္ၿပီး စီးပြားရွာရမယ့္ အဖြဲ႕အစည္းမဟုတ္ပါဘူး။ၿမိဳ႕ကို သန႔္ရွင္းသာယာလွပေစၿပီး လူထုရဲ႕ ႐ုပ္ပိုင္းဆိုင္ရာက်န္းမာေရး စိတ္ပိုင္းဆိုင္ရာေပ်ာ္႐ႊင္မႈနဲ႔ စည္ပင္နဲ႔ ဆက္စပ္ေနတဲ့ လုပ္ငန္းေတြေၾကာင့္ လူထုစိတ္ေသာကမေရာက္ရဖို႔ ဦးတည္တာဝန္ယူ လုပ္ေဆာင္ေပးရမယ့္ အဖြဲ႕ပါ။    

ပလက္ေဖာင္းေတြ ထားရွိရရင္း ရည္႐ြယ္ခ်က္က ကားလမ္းေပၚ လူလမ္းမေလွ်ာက္ဖို႔ပါ။လမ္းေပၚ ေျပးေမာင္းေနတဲ့ ကားေတြ အေႏွာင့္အယွက္မျဖစ္ဖို႔ ယာဥ္အႏၲရာယ္ လမ္းအႏၲရာယ္ နည္းပါးဖို႔ပါ။ပလက္ေဖာင္းေပၚ ေဈးေရာင္းေနၾကတဲ့ ပ်ံက်ေဈးသည္ေတြကို ရွင္းထုတ္ေနရာေပးခဲ့တဲ့ စည္ပင္က အခု ငါးေပဆိုင္ခန္းေတြကို ပလက္ေဖာင္းေပၚထားေပး ေဈးေရာင္းဖို႔ ငွားရမ္းမယ္ဆိုတာ လုပ္သင့္တဲ့ အလုပ္ ဟုတ္၊ မဟုတ္ ေျပာစရာေတာင္ မလိုဘူးလို႔ ယူဆပါတယ္။

အခုကုမၸဏီတစ္ခုက သန္းခ်ီအကုန္ခံ လုပ္ေပးထားတယ္ဆိုတဲ့ လိုင္းကားရပ္တဲ့ မွတ္တိုင္ေတြကို သြားၾကည့္ပါ။မွတ္တိုင္ဘယ္ႏွစ္ခုမွာ အမႈိက္ပုံးရွိေနပါသလဲ။၉၀ ရာခိုင္ႏႈန္း ကားမွတ္တိုင္ေတြမွာ အမႈိက္ပုံးမရွိပါဘူး။ဒါေပမဲ့ ခရီးသည္နားေနစရာ ထိုင္ခုံေနာက္က မွန္ထဲမွာေတာ့ အမႈိက္ခြဲျခားပစ္ဖို႔ စာေတြ ေရးေပးထားပါတယ္။ အဲဒီစာေတြနဲ႔အညီ ျပန္သုံးလို႔ရတဲ့ စကၠဴ၊ ပုလင္းနဲ႔ ဘူးခြံေတြထည့္ဖို႔ အမႈိက္ပုံးသပ္သပ္၊ ျပန္သုံးလို႔မရတဲ့ စားႂကြင္းစားက်န္ ဟင္းသီးဟင္း႐ြက္ အႂကြင္းအက်န္ စတာေတြထည့္ဖို႔ အမႈိက္ပုံးထားေပးၿပီလား။

စာေရးသူ မ်က္ျမင္အရ၊ ရန္ကုန္ၿမိဳ႕လယ္ေကာင္က အဓိကလမ္းတစ္ခုျဖစ္တဲ့ ပန္းဆိုးတန္းလမ္းတေလွ်ာက္မွာေတာင္ ခ်ေပးထားတဲ့ အမႈိက္ပုံးေတြက အဖုံးနဲ႔ လုံလုံၿခဳံၿခဳံအမႈိက္ပုံးေတြ အမႈိက္ခြဲျခားပစ္ဖို႔ အမႈိက္ပုံးေတြ မဟုတ္ပါဘူး။ယာယီ ပလတ္စတစ္အိတ္ စြပ္ထားတဲ့ အမႈိက္ပုံးေလးေတြသာ ခ်ထားေပးတာပါ။ဒါေတြကို ေန႔စဥ္မသိမ္းဘူးဆိုတာလဲ အဲဒီပလတ္စတစ္အိတ္စြပ္ အမႈိက္ပုံး အမိုးပြင့္ေတြထဲက အမႈိက္ေတြနဲ႔ အနီးအနားမွာက်ေနတဲ့ အမႈိက္ေတြက ေဖာ္ျပေပးေနၾကပါတယ္။

စည္ပင္က ငါးေပဆိုင္ခန္းေတြကို ပလက္ေဖာင္း ေနရာတခ်ိဳ႕မွာ ေရာင္းခြင့္ျပဳမယ္ဆိုတာကို ဆက္ကန႔္ကြက္ဖို႔ ရန္ကုန္လႊတ္ေတာ္ကို ေမတၱာရပ္ခံပါတယ္။တဆက္တည္း အမႈိက္ပုံးထားေပးသင့္တဲ့ ေနရာတိုင္း အမႈိက္ပုံးအဂၤါနဲ႔ညီတဲ့ အမႈိက္ခြဲျခားပစ္လို႔ရတဲ့ အမႈိက္ပုံးေတြ ထားေပးဖို႔ ပုံမွန္သိမ္းဆည္းေပးဖို႔ လႊတ္ေတာ္က ေတာင္းဆိုေပးပါ။
အထူးသျဖင့္ ဘတ္စ္ကားမွတ္တိုင္တိုင္းမွာ အမႈိက္ပုံးအဂၤါရပ္နဲ႔ ျပည့္စုံတဲ့ အမႈိက္ခြဲျခားပစ္လို႔ရတဲ့ အမႈိက္ပုံးေတြထားေပးဖို႔ ေတာင္းဆိုေပးေစခ်င္ပါတယ္။

ခင္ႏွင္းဦး
ၾသဂုတ္ - ၂၉