【 ဆောင်းပါး 】 “စည်ကားမြိုင်ဆိုင် လတန်ဆောင်တိုင်”

【 ဆောင်းပါး 】 “စည်ကားမြိုင်ဆိုင် လတန်ဆောင်တိုင်”

တန်ဆောင်မုန်းလသို့ရောက်လေပြီ။ဗုဒ္ဓဘာသာဝင် မြန်မာတို့က ကထိန်အလှူပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပကြပြီး ထိုရက်တွင် တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကျီးမနိုးပွဲ၊ အမျိုးသားအောင်ပွဲနေ့ စသော လောကီပျော်ပွဲရွှင်ပွဲများကို ကျင်းပကြသလို ကုသိုလ်ရစေသည့် လောကုတ္တရာ ဘာသာရေးပွဲဖြစ်သော မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ ရှင်မာလဲပွဲပွဲများကို ဤကာလတွင် ကျင်းပကြသည်။

 
သို့သော် ယခုနှစ်တွင် အစစအရာရာ ပွဲလမ်းသဘင်အားလုံး ကိုရိုနာဗိုင်းရပ်စ် ပယောဂကြောင့် မကျင်း ပခဲ့ရသလို အသွားအလာကအစ တားဆီးမှုတွေကြောင့် မည်သည့်စည်ကားမှုကိုမျှ မြင်ရခွင့်မရှိချေ။သို့သော် ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားများ စိတ်ထဲကရှိနေသည့် လေးမြတ်မှုကိုမူ ဗိုင်းရပ်စ်က တားဆီးနိုင်ခြင်းမစွမ်းသာ။တန်ဆောင်တိုင်ကာလကို မည်သည့်အခက်အခဲ တားဆီးမှုရှိသည်ဖြစ်စေ လုပ်နေကြအတိုင်း အကျဉ်းချုံးကာ လုပ် ဆောင်နေကြတာကို တွေ့နေရသည်။
 
တစ်ကယ်တော့ တန်ဆောင်မုန်းလဆိုသည်နှင့် ရာသီဥတုအရ မိုးလေကင်းလွတ်သလို ဘာသာရေး အရလည်း ဒီလတွေက ထူးခြားလေးနက်သည့် ပွဲတော်များကျင်းပကြသည့် အချိန်အခါလည်း ဖြစ်သည်။ဒီအချိန် ဆို အများစုက မီးထွန်းကြ၊ ကထိန်ခင်းကြ၊ စတုဒီသာကျွေးကြမွေးကြနှင့်။ဒါကြောင့်လည်း ဆီမီးရောင်မြိုင် လတန်ဆောင်တိုင် စာဆိုနှင့်အညီ လူရပ်လူရွာ ပျော်ပွဲရွှင်ပွဲ ခြိမ့်ခြိမ့်သဲကျင်းပသည့် အချိန်ကာလလည်းဖြစ်သည်။
 
မြန်မာလ ဆယ့်နှစ်လထဲတွင် တန်ဆောင်မုန်းလမှာ ရှစ်လမြောက်ဖြစ်သည်။တန်ဆောင်မုန်းလပြည့်မှာ ကြတ္တိကာ နက္ခတ်နှင့် ယှဉ်ပြိုင်ထွန်းပသဖြင့် လရောင်က ရွှန်းမြကြည်လင်နေသလို ကြယ်တာရာမှာ ကျီးတာရာဖြစ်ပြီး ရာသီပန်းက ခဝဲပန်း ဖြစ်သည်။ဒီလပြည့်ညတွင် ဆေးဘက်ဝင်သည့် တန်ဆောင်မုန်းလပြည့်ညကို "ဆေးပေါင်းခတဲ့ ည" ဟု ခေါ်ဆိုကြပါသည်။အကြောင်းရင်းမှာ တန်ဆောင်မုန်းလ ကောင်းကင်ယံတွင် နက္ခတ် ၂၇ လုံး စုံညီသဖြင့် ထိုအချိန်တွင် ဆေးအာနိသင်များ နိုးကြွားထက်မြက်သည်ဟု ယူဆကြပြီး ရှေးမြန်မာ ဆေးဆရာများက ဤညအခါတွင် တူးဖော်ခူးဆွတ်ရရှိသော ဆေးရွက်၊ ဆေးပင်၊ ဆေးမြစ် စသည်တို့ကို သိမ်းဆည်းကာ အလိုရှိသောအခါ၌ ပြန်လည် အသုံးပြုကြသည်။ရှေးလူကြီးများက လပြည့်နေ့ ညဉ့်သန်းခေါင် လမွန်းတည့်ချိန် ရေပြင်ပေါ် ကျရောက်သော "လမွန်းတည့်ရေ" ကိုပင် သောက်သုံးပါက ဆေးအာနိသင်များ ပြည့်ဝသည်ဟု ယူဆကြသည်။
 
ဆေးပေါင်းခသည့်ညတွင် မယ်ဇလီဖူးကို သုတ်စားကြသည့်ဓလေ့မှာ ဗုဒ္ဓဘာသာဝင်တိုင်းတွင်ရှိကြ သည်။မယ်ဇလီပန်းကို စားကြခြင်းမှာ ထိုပန်းမှာ နတ်ပြည်ရှိ နတ်များ အသက်ရှည်ရန် မှီဝဲကြသည့် မြဉ္ဇူသကနတ်ပန်းများနှင့် ဆင်တူသဖြင့် ရွေးချယ်စားသုံးခြင်းဖြစ်သည်ဟု ဆိုကြသည်။ပင်ကိုယ် ခါးသက်သော အစွမ်းရှိသည့် မယ်ဇလီဖူးတွေထဲမှာမှ ဆေးပေါင်းခတဲ့ည လရောင်ခံထားသော၊ လရောင်နှင့် ထိတွေ့မှုရှိသော မယ်ဇလီ အဖူး၊ အပွင့်တို့သည် ပို၍ဆေးဖက်ဝင်သည်ဟု မှတ်ယူကာ ယနေ့ထိတိုင် ညတွင်းချင်း ခူးယူသုပ်စားသော ဓလေ့သည် တည်မြဲနေသလို မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် အသက်ရှည် ကျန်းမာသည်ဟုလည်း ရှေးမြန်မာ ဆေးကျမ်းအဖုံဖုံက ဖွင့်ဆိုခဲ့ကြသည်။
 
တန်ဆောင်မုန်းလပြည့်နေ့ညမှာ ဗုဒ္ဓဘာသာဝင်များအဖို့ ဘာသာရေးအရ အထွဋ်အမြတ်နေ့ဖြစ်သည်။အထူးသဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလ သုတ္တန်ကို ဟောကြားတော်မူသောကြောင့် ဗုဒ္ဓဘာသာဝင်များက တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလနေ့ဟုလည်း ခေါ်ကြသည်။သာမညဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟု အဓိပ္ပာယ်ရကာ ဘုရားရှင်က ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍လည်း ဤနေ့ကို သံဃာတော်များနေ့ဟုလည်း အများစုက မှတ်သားခေါ်ဝေါ်ကြသည်။
 
တန်ဆောင်မုန်းလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်တိုင်းအလေးအမြတ်ပြုကြသည့် ကထိန်သင်္ကန်းကပ်သည့်နေ့လည်းဖြစ်သည်။အများစုက ကထိန်ခင်းကြသည်ဟု သိထားကြသည်။ယခုနှစ်တွင်မှု လူ ၃၀ ထက် ပိုမစုဝေးရသည့် ကျန်းမာရေးတားမြစ်ကန့်သတ်ချက်ကြောင့် ကထိန်ခင်းရာတွင် ဘာမှ စည်စည်ကားကား လုပ်ခွင့်မရသဖြင့် ကထိန်တိုင်း အေးကထိန်သာ ခင်းခွင့်ရကြသည်။
 
ကထိန်ပွဲတော်ကို ရှေးဘုရင်လက်ထက် အဆက်ဆက်ကပင် ရှိခဲ့သည်။ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိရသည်။ကထိန်သင်္ကန်း အလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာပြုရသော ကာလဒါနမျိုးဖြစ်သည်။မြန်မာနိုင်ငံအရပ်ရပ်ရှိ စေတီပုထိုးများတွင် တန်ဆောင်မုန်း လပြည့်နေ့ အရုဏ်တက်ချိန် မသိုးသင်္ကန်းများ ကပ် လှူရန်အတွက် ရက်လုပ်ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက်မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။
 
ကထိန်ဆိုသည်မှာ ''ကထိန'' ဟူသော ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်သည်။အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏'' ဟု ချီးကျူးသြဘာ ထောမနာပြုရသော အလုပ်ကျိုးကို ''ကထိန်'' ဟု ခေါ်သည်။ကထိန်ခင်းရာတွင် မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ၊ အကြီးဆုံးမထေရ်အားဖြစ်စေ ကပ်လှူရန် ဥတ်သင်္ကန်းအပြင် အခြံအရံလှူဖွယ်ပစ္စည်းများကို ထည့်သွင်းလှူဒါန်းလေ့ရှိသည်။
 
ကထိန်ခင်းရာ၌ သံဃိကစစ်စစ် ဖြစ်သင့်သည့်အတွက် အလှူ့ဒကာများက မည်သည့်ပစ္စည်းကား သံဃိကပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိကပစ္စည်း ဖြစ်သည်ဟု ခွဲခြားလျှောက်တင်ကြားရသည်။ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန်အာနိသင်ငါးပါး ခံစားရကြောင်းလည်း ကျမ်းဂန်များတွင် ဆိုထားသည်။
 
ကထိန်ပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ခင်း ကျင်းရသည်။တန်ဆောင်မုန်းလပြည့်နေ့မှာ ကထိန်ခင်းရန် မတတ်နိုင်သည့် ကျောင်းများကိုရှာကာ ကထိန်ခင်းကြရသည်။ဗုဒ္ဓဘာသာဝင်များအတွက် ကထိန်သင်္ကန်းကို နောက်ဆုံးရက်အဖြစ် ကပ်လှူခွင့်ရသည့်နေ့လည်းဖြစ်သည်။ထိုသို့ကပ်လှူခြင်းဖြင့် ကထိန်အာနိသင် ၅ ပါးကို ကထိန်ခင်းသော ရဟန်းနှင့် ကထိန်းခင်းရာဝယ် နှုတ် ဖြင့် ဝမ်းမြောက်နုမော်သာဓုခေါ်သော ရဟန်းအားလုံးက ကထိန်ခင်းသည့်နေ့မှစ၍ တပေါင်းလပြည့်တိုင်အောင် ခံစားခွင့်ရရှိကြသည်။
 
တန်ဆောင်မုန်းလပြည့်နေ့ကာလများတွင် ကိုယ့်ရပ်ကိုယ့်ရွာအလိုက် အလှူအတန်းများ၊ မရှိနွမ်းပါးသူ များ အထောက်အကူဖြစ်စေရန် နိဗ္ဗာန်ဈေးများ၊ မီးထွန်းပွဲတော်များ ကျင်းပကြသလို ဒေသအလိုက် တန်ခိုးကြီးဘုရားများတွင်လည်း မသိုးသင်္ကန်းကပ်လှူကြသည်။သို့သော် ယခုနှစ်တွင် ကျန်းမာရေးကပ်ဘေးကြောင့် လူတိုင်းခပ်ခွာခွာနေရသဖြင့် ယခင်အစဉ်အလာအတိုင်း စည်ကားမှုရှိမည်မဟုတ်သလို တန်ဆောင်တိုင်အစဉ်အလာ နိဗ္ဗာန်စျေးများ၊ စတုဒီသာကျွေးခြင်းများ ပြုလုပ်ခွင့်မရနိုင်သည်ဖြစ်သဖြင့် ကထိန်တွင်လည်း အေးကထိန်၊ အလှူအတန်းလည်း လူနည်းနည်းဖြင့်သာ ကျင်းပခွင့်ရသဖြင့် ယခုနှစ်တန်ဆောင်တိုင်က သမိုင်းတစ်လျှောက် ထူးခြားသည့် တန်ဆောင်တိုင် ဖြစ်လာဖွယ်ရှိနေပါသည်။
 
ဗုဒ္ဓဘာသာမှ ဆင်းသက်လာသည့် မြင့်မြတ်သည့် ကထိန်နှင့် မြတ်စွာဘုရား သာမညဖလ သုတ္တန် ဟောကြားသည့်နေ့ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ကူးစက်ကပ်ရောဂါကို အားပေးသည့် လောကီပျော်ပွဲရွှင်ပွဲထက် နောင်သံသရာအထိ အကျိုးထူးစေမည့် ကုသိုလ်ရေးကို ဦးထိပ်ထားသည့် ဒါန၊ သီလတိုးပွားစေသည့် အကျင့်စရဏကို အားပေးသည့် ဓလေ့ကောင်းများဖြင့် ကျန်းမာရေးအသိနှင့်ယှဉ်ကာ တန်ဆောင်တိုင်ကာလကို ဖြတ်သန်းသင့်ပေသည်။
 
ဖြိုးဝေလှ
နိုဝင်ဘာ - ၂၈
 
( Zawgyi )
 
တန္ေဆာင္မုန္းလသို႔ေရာက္ေလၿပီ။ဗုဒၶဘာသာဝင္ ျမန္မာတို႔က ကထိန္အလႉပြဲေတာ္ကို ၿခိမ့္ၿခိမ့္သဲ က်င္းပၾကၿပီး ထိုရက္တြင္ တန္ေဆာင္တိုင္မီးထြန္းပြဲ၊ က်ီးမႏိုးပြဲ၊ အမ်ိဳးသားေအာင္ပြဲေန႔ စေသာ ေလာကီေပ်ာ္ပြဲ႐ႊင္ပြဲမ်ားကို က်င္းပၾကသလို ကုသိုလ္ရေစသည့္ ေလာကုတၱရာ ဘာသာေရးပြဲျဖစ္ေသာ မသိုးသကၤန္းရက္ၿပိဳင္ပြဲ၊ ရွင္မာလဲပြဲပြဲမ်ားကို ဤကာလတြင္ က်င္းပၾကသည္။
 
သို႔ေသာ္ ယခုႏွစ္တြင္ အစစအရာရာ ပြဲလမ္းသဘင္အားလုံး ကို႐ိုနာဗိုင္းရပ္စ္ ပေယာဂေၾကာင့္ မက်င္း ပခဲ့ရသလို အသြားအလာကအစ တားဆီးမႈေတြေၾကာင့္ မည္သည့္စည္ကားမႈကိုမွ် ျမင္ရခြင့္မရွိေခ်။သို႔ေသာ္ ဗုဒၶဘာသာဝင္ ျမန္မာတိုင္းရင္းသားမ်ား စိတ္ထဲကရွိေနသည့္ ေလးျမတ္မႈကိုမူ ဗိုင္းရပ္စ္က တားဆီးႏိုင္ျခင္းမစြမ္းသာ။တန္ေဆာင္တိုင္ကာလကို မည္သည့္အခက္အခဲ တားဆီးမႈရွိသည္ျဖစ္ေစ လုပ္ေနၾကအတိုင္း အက်ဥ္းခ်ဳံးကာ လုပ္ ေဆာင္ေနၾကတာကို ေတြ႕ေနရသည္။
 
တစ္ကယ္ေတာ့ တန္ေဆာင္မုန္းလဆိုသည္ႏွင့္ ရာသီဥတုအရ မိုးေလကင္းလြတ္သလို ဘာသာေရး အရလည္း ဒီလေတြက ထူးျခားေလးနက္သည့္ ပြဲေတာ္မ်ားက်င္းပၾကသည့္ အခ်ိန္အခါလည္း ျဖစ္သည္။ဒီအခ်ိန္ ဆို အမ်ားစုက မီးထြန္းၾက၊ ကထိန္ခင္းၾက၊ စတုဒီသာေကြၽးၾကေမြးၾကႏွင့္။ဒါေၾကာင့္လည္း ဆီမီးေရာင္ၿမိဳင္ လတန္ေဆာင္တိုင္ စာဆိုႏွင့္အညီ လူရပ္လူ႐ြာ ေပ်ာ္ပြဲ႐ႊင္ပြဲ ၿခိမ့္ၿခိမ့္သဲက်င္းပသည့္ အခ်ိန္ကာလလည္းျဖစ္သည္။
 
ျမန္မာလ ဆယ့္ႏွစ္လထဲတြင္ တန္ေဆာင္မုန္းလမွာ ရွစ္လေျမာက္ျဖစ္သည္။တန္ေဆာင္မုန္းလျပည့္မွာ ၾကတၱိကာ နကၡတ္ႏွင့္ ယွဥ္ၿပိဳင္ထြန္းပသျဖင့္ လေရာင္က ႐ႊန္းျမၾကည္လင္ေနသလို ၾကယ္တာရာမွာ က်ီးတာရာျဖစ္ၿပီး ရာသီပန္းက ခဝဲပန္း ျဖစ္သည္။ဒီလျပည့္ညတြင္ ေဆးဘက္ဝင္သည့္ တန္ေဆာင္မုန္းလျပည့္ညကို "ေဆးေပါင္းခတဲ့ ည" ဟု ေခၚဆိုၾကပါသည္။အေၾကာင္းရင္းမွာ တန္ေဆာင္မုန္းလ ေကာင္းကင္ယံတြင္ နကၡတ္ ၂၇ လုံး စုံညီသျဖင့္ ထိုအခ်ိန္တြင္ ေဆးအာနိသင္မ်ား ႏိုးႂကြားထက္ျမက္သည္ဟု ယူဆၾကၿပီး ေရွးျမန္မာ ေဆးဆရာမ်ားက ဤညအခါတြင္ တူးေဖာ္ခူးဆြတ္ရရွိေသာ ေဆး႐ြက္၊ ေဆးပင္၊ ေဆးျမစ္ စသည္တို႔ကို သိမ္းဆည္းကာ အလိုရွိေသာအခါ၌ ျပန္လည္ အသုံးျပဳၾကသည္။ေရွးလူႀကီးမ်ားက လျပည့္ေန႔ ညဥ့္သန္းေခါင္ လမြန္းတည့္ခ်ိန္ ေရျပင္ေပၚ က်ေရာက္ေသာ "လမြန္းတည့္ေရ" ကိုပင္ ေသာက္သုံးပါက ေဆးအာနိသင္မ်ား ျပည့္ဝသည္ဟု ယူဆၾကသည္။
 
ေဆးေပါင္းခသည့္ညတြင္ မယ္ဇလီဖူးကို သုတ္စားၾကသည့္ဓေလ့မွာ ဗုဒၶဘာသာဝင္တိုင္းတြင္ရွိၾက သည္။မယ္ဇလီပန္းကို စားၾကျခင္းမွာ ထိုပန္းမွာ နတ္ျပည္ရွိ နတ္မ်ား အသက္ရွည္ရန္ မွီဝဲၾကသည့္ ျမၪၨဴသကနတ္ပန္းမ်ားႏွင့္ ဆင္တူသျဖင့္ ေ႐ြးခ်ယ္စားသုံးျခင္းျဖစ္သည္ဟု ဆိုၾကသည္။ပင္ကိုယ္ ခါးသက္ေသာ အစြမ္းရွိသည့္ မယ္ဇလီဖူးေတြထဲမွာမွ ေဆးေပါင္းခတဲ့ည လေရာင္ခံထားေသာ၊ လေရာင္ႏွင့္ ထိေတြ႕မႈရွိေသာ မယ္ဇလီ အဖူး၊ အပြင့္တို႔သည္ ပို၍ေဆးဖက္ဝင္သည္ဟု မွတ္ယူကာ ယေန႔ထိတိုင္ ညတြင္းခ်င္း ခူးယူသုပ္စားေသာ ဓေလ့သည္ တည္ၿမဲေနသလို မယ္ဇလီဖူးသုပ္ကို စားသုံးျခင္းျဖင့္ အသက္ရွည္ က်န္းမာသည္ဟုလည္း ေရွးျမန္မာ ေဆးက်မ္းအဖုံဖုံက ဖြင့္ဆိုခဲ့ၾကသည္။
 
တန္ေဆာင္မုန္းလျပည့္ေန႔ညမွာ ဗုဒၶဘာသာဝင္မ်ားအဖို႔ ဘာသာေရးအရ အထြဋ္အျမတ္ေန႔ျဖစ္သည္။အထူးသျဖင့္ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ျမတ္စြာဘုရားက အဇာတသတ္မင္းအား သာမညဖလ သုတၱန္ကို ေဟာၾကားေတာ္မူေသာေၾကာင့္ ဗုဒၶဘာသာဝင္မ်ားက တန္ေဆာင္မုန္းလျပည့္ေန႔ကို သာမညဖလေန႔ဟုလည္း ေခၚၾကသည္။သာမညဖလ ဆိုသည္မွာ ရဟန္းျပဳရျခင္း၏ အက်ိဳးဟု အဓိပၸာယ္ရကာ ဘုရားရွင္က ရဟန္းျပဳရျခင္း၏ အက်ိဳးကို ေဟာၾကားေသာေန႔ျဖစ္၍လည္း ဤေန႔ကို သံဃာေတာ္မ်ားေန႔ဟုလည္း အမ်ားစုက မွတ္သားေခၚေဝၚၾကသည္။
 
တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ဗုဒၶဘာသာဝင္တိုင္းအေလးအျမတ္ျပဳၾကသည့္ ကထိန္သကၤန္းကပ္သည့္ေန႔လည္းျဖစ္သည္။အမ်ားစုက ကထိန္ခင္းၾကသည္ဟု သိထားၾကသည္။ယခုႏွစ္တြင္မႈ လူ ၃၀ ထက္ ပိုမစုေဝးရသည့္ က်န္းမာေရးတားျမစ္ကန႔္သတ္ခ်က္ေၾကာင့္ ကထိန္ခင္းရာတြင္ ဘာမွ စည္စည္ကားကား လုပ္ခြင့္မရသျဖင့္ ကထိန္တိုင္း ေအးကထိန္သာ ခင္းခြင့္ရၾကသည္။
 
ကထိန္ပြဲေတာ္ကို ေရွးဘုရင္လက္ထက္ အဆက္ဆက္ကပင္ ရွိခဲ့သည္။ပဒုမုတၱရဘုရားရွင္တို႔၏ လက္ထက္၌ ကထိန္ခြင့္ျပဳခဲ့သည္ဟု ဗုဒၶစာေပမ်ား၌ ေတြ႕ရွိရသည္။ကထိန္သကၤန္း အလႉသည္ တစ္ႏွစ္တြင္ တစ္လ၊ တစ္လတြင္ တစ္ရက္သာျပဳရေသာ ကာလဒါနမ်ိဳးျဖစ္သည္။ျမန္မာႏိုင္ငံအရပ္ရပ္ရွိ ေစတီပုထိုးမ်ားတြင္ တန္ေဆာင္မုန္း လျပည့္ေန႔ အ႐ုဏ္တက္ခ်ိန္ မသိုးသကၤန္းမ်ား ကပ္ လႉရန္အတြက္ ရက္လုပ္ပူေဇာ္ပြဲမ်ား က်င္းပေလ့ရွိၿပီး ေန႔မကူး၊ ရက္မကူးဘဲ တစ္ရက္တည္း အၿပီးရက္လုပ္လႉဒါန္းရေသာ သကၤန္းျဖစ္သျဖင့္ မသိုးသကၤန္းဟုလည္း ေခၚေဝၚၾကသည္။
 
ကထိန္ဆိုသည္မွာ ''ကထိန'' ဟူေသာ ပါဠိေဝါဟာရကို ျပန္ဆိုထားျခင္းျဖစ္သည္။အလုပ္အက်ိဳးေပး ၿမဲၿမဲခိုင္ခံ့ေသာအလုပ္၊ ဘုရားအစရွိေသာ ပညာရွိတို႔က ''ေကာင္း၏၊ ေကာင္း၏'' ဟု ခ်ီးက်ဴးၾသဘာ ေထာမနာျပဳရေသာ အလုပ္က်ိဳးကို ''ကထိန္'' ဟု ေခၚသည္။ကထိန္ခင္းရာတြင္ မရွိႏြမ္းပါးေသာ ရဟန္းအားျဖစ္ေစ၊ အႀကီးဆုံးမေထရ္အားျဖစ္ေစ ကပ္လႉရန္ ဥတ္သကၤန္းအျပင္ အၿခံအရံလႉဖြယ္ပစၥည္းမ်ားကို ထည့္သြင္းလႉဒါန္းေလ့ရွိသည္။
 
ကထိန္ခင္းရာ၌ သံဃိကစစ္စစ္ ျဖစ္သင့္သည့္အတြက္ အလႉ႔ဒကာမ်ားက မည္သည့္ပစၥည္းကား သံဃိကပစၥည္း၊ မည္သည့္ပစၥည္းကား ပုဂၢလိကပစၥည္း ျဖစ္သည္ဟု ခြဲျခားေလွ်ာက္တင္ၾကားရသည္။ကထိန္ခင္း၍ သကၤန္းရရွိေသာ ရဟန္းတို႔မွာ ကထိန္အာနိသင္ငါးပါး ခံစားရေၾကာင္းလည္း က်မ္းဂန္မ်ားတြင္ ဆိုထားသည္။
 
ကထိန္ပြဲေတာ္ကို သီတင္းကြၽတ္လျပည့္ေက်ာ္တစ္ရက္ေန႔မွ တန္ေဆာင္မုန္းလျပည့္ေန႔အထိ ခင္း က်င္းရသည္။တန္ေဆာင္မုန္းလျပည့္ေန႔မွာ ကထိန္ခင္းရန္ မတတ္ႏိုင္သည့္ ေက်ာင္းမ်ားကိုရွာကာ ကထိန္ခင္းၾကရသည္။ဗုဒၶဘာသာဝင္မ်ားအတြက္ ကထိန္သကၤန္းကို ေနာက္ဆုံးရက္အျဖစ္ ကပ္လႉခြင့္ရသည့္ေန႔လည္းျဖစ္သည္။ထိုသို႔ကပ္လႉျခင္းျဖင့္ ကထိန္အာနိသင္ ၅ ပါးကို ကထိန္ခင္းေသာ ရဟန္းႏွင့္ ကထိန္းခင္းရာဝယ္ ႏႈတ္ ျဖင့္ ဝမ္းေျမာက္ႏုေမာ္သာဓုေခၚေသာ ရဟန္းအားလုံးက ကထိန္ခင္းသည့္ေန႔မွစ၍ တေပါင္းလျပည့္တိုင္ေအာင္ ခံစားခြင့္ရရွိၾကသည္။
 
တန္ေဆာင္မုန္းလျပည့္ေန႔ကာလမ်ားတြင္ ကိုယ့္ရပ္ကိုယ့္႐ြာအလိုက္ အလႉအတန္းမ်ား၊ မရွိႏြမ္းပါးသူ မ်ား အေထာက္အကူျဖစ္ေစရန္ နိဗၺာန္ေဈးမ်ား၊ မီးထြန္းပြဲေတာ္မ်ား က်င္းပၾကသလို ေဒသအလိုက္ တန္ခိုးႀကီးဘုရားမ်ားတြင္လည္း မသိုးသကၤန္းကပ္လႉၾကသည္။သို႔ေသာ္ ယခုႏွစ္တြင္ က်န္းမာေရးကပ္ေဘးေၾကာင့္ လူတိုင္းခပ္ခြာခြာေနရသျဖင့္ ယခင္အစဥ္အလာအတိုင္း စည္ကားမႈရွိမည္မဟုတ္သလို တန္ေဆာင္တိုင္အစဥ္အလာ နိဗၺာန္ေစ်းမ်ား၊ စတုဒီသာေကြၽးျခင္းမ်ား ျပဳလုပ္ခြင့္မရႏိုင္သည္ျဖစ္သျဖင့္ ကထိန္တြင္လည္း ေအးကထိန္၊ အလႉအတန္းလည္း လူနည္းနည္းျဖင့္သာ က်င္းပခြင့္ရသျဖင့္ ယခုႏွစ္တန္ေဆာင္တိုင္က သမိုင္းတစ္ေလွ်ာက္ ထူးျခားသည့္ တန္ေဆာင္တိုင္ ျဖစ္လာဖြယ္ရွိေနပါသည္။
 
ဗုဒၶဘာသာမွ ဆင္းသက္လာသည့္ ျမင့္ျမတ္သည့္ ကထိန္ႏွင့္ ျမတ္စြာဘုရား သာမညဖလ သုတၱန္ ေဟာၾကားသည့္ေန႔ျဖစ္သည့္ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ကူးစက္ကပ္ေရာဂါကို အားေပးသည့္ ေလာကီေပ်ာ္ပြဲ႐ႊင္ပြဲထက္ ေနာင္သံသရာအထိ အက်ိဳးထူးေစမည့္ ကုသိုလ္ေရးကို ဦးထိပ္ထားသည့္ ဒါန၊ သီလတိုးပြားေစသည့္ အက်င့္စရဏကို အားေပးသည့္ ဓေလ့ေကာင္းမ်ားျဖင့္ က်န္းမာေရးအသိႏွင့္ယွဥ္ကာ တန္ေဆာင္တိုင္ကာလကို ျဖတ္သန္းသင့္ေပသည္။
 
ၿဖိဳးေဝလွ
ႏိုဝင္ဘာ - ၂၈