【 ဆောင်းပါး 】 “တရားဦးနဲ့ ဝါဆိုပန်း”

【  ဆောင်းပါး  】 “တရားဦးနဲ့ ဝါဆိုပန်း”

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအဖို့ နေ့ထူးနေ့မြတ်ရက် တစ်ရက်ဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့တွင်
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
ထို့ကြောင့် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဟူသော စာဖြင့် ဖွဲ့ဆိုကာ ဝါဆိုလပြည့်နေ့ ကို ဘုရားအလောင်း တော် သိဒ္ဓိတ္ထမင်းသားမယ်တော်၏ ဝမ်းကြာတိုက်၌ သန္ဓေယူသောနေ့၊ သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ် ကြီးလေးပါးမြင်ကာ တောထွက်တော်မှုသော နေ့၊ ဘုရားဖြစ်တော်မှုပြီးနောက် ဓမ္မစကြာ တရားဦးဟော တော်မှုသောနေ့၊ တိတ္ထိတို့အား တန်ခိုးပြဋိဟာ ပြတော်မှုသောနေ့ အဖြစ်အတိုကောက်အမှတ်အသားပြုကြသည်။

ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရလည်း ဝါဆိုလပြည့်နေ့တွင် သံဃာတော်များကို ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ မြတ်စွာ ဘုရား ကိုရည်စူးပြီး ဝါဆိုပန်း များကပ်လှူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း စသည့် အလှူဒါန ကုသိုလ်အလုပ်များကို ပြုလုပ်ကြ သလို ထူးခြား လှသော နေ့ကောင်းနေ့မြတ်၌ ဗုဒ္ဓဘာသာဝင်တို့သည် ကောင်းမြတ်သော စိတ်ထားကာ ဥပုသ် ဆောက်တည်ခြင်းဖြင့်ကောင်းမှု ကုသိုလ် ယူလေ့ရှိကြသည်။

မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံ သောအားဖြင့် ဓမ္မစကြာ တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋက သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်မှာ ဗုဒ္ဓ၏ လမ်းစဉ် ့ဖြစ်သည့် (အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာ လေးပါး တရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်သည်။

မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အလယ်အလတ် လမ်းစဉ်ဆိုသည်မှာ တစ်ခြား မဟုတ်ဘဲ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ပင်ဖြစ်သည်။
ဘာပဲလုပ်လုပ် အစွန်းမရောက် စေရန်အတွက်
မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ
မှန်ကန်တဲ့အတွေး သမ္မာသင်္ကပ္ပ
မှန်ကန်တဲ့စကား သမ္မာဝါစာ
မှန်ကန်တဲ့အလုပ် သမ္မာကမ္မန္တ
မှန်ကန်တဲ့အသက်မွေးမှု သမ္မာအာဇီဝ
မှန်ကန်တဲ့ကြိုးစားအားထုတ်မှု သမ္မာဝါယမ
မှန်ကန်တဲ့သတိရှိမှု သမ္မာသတိ
မှန်ကန်တဲ့သမာဓိရှိမှု သမ္မာသမာဓိ ဆိုတဲ့ လမ်းစဉ်ရှစ်ချက်ကို လက်ကိုင်ထားပြီး ကြိုးစားအား ထုတ်ဖို့ ဟောတော်မူခဲ့သည်။

ထို့ကြောင့်လည်း ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဘာသာနိုင်ငံ များတွင် ကျင်းပ လေ့ရှိကြသည်။ ထိုနေ့တွင် ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရား က ဟောကြားတော်မူသည်ကို အကြောင်း ပြု၍ ဓမ္မစကြာ အခါတော်နေ့ အဖြစ် ဗုဒ္ဓဘာသာဝင်များက အစဉ်အဆက် ကျင်းပခဲ့ကြခြင်းဖြစ်သည်။ဝါဆိုလပြည့်နေ့သည် မိုးကာလ သုံးလတာပတ်လုံးဝါဆိုဝါကပ်ကြမည့် ရဟန်းသံဃာများကို ဝါဆိုသင်္ကန်းကပ်လှူကြလေ့ရှိသည့်အခါလည်းဖြစ်သည်။

ဝါဆို ဝါကပ်တွင် ရဟန်းအား ပေးလှူအပ်သော သင်္ကန်းကို ဝဿာဝါသိက စီဝရ ဝါဆိုသင်္ကန်းဟု ခေါ်ပါသည်။ ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုရက်တွင် ဝါဆိုပြီး ဝါကျွတ် သည့် တိုင်အောင် ဝါမကျိုး မပေါက် သီတင်းသုံးနေထိုင်သော ရဟန်းအား လှူဒါန်းရသော သင်္ကန်းဖြစ်ပေသည်။

ဝါဆိုသင်္ကန်းဟူသည် သံဃိကကျောင်းကို မိုးအခါ၌ ကျောင်းအလှူခံစေခြင်း /ကျောင်းစောင့်အပ် ခြင်းဖြင့် ကျောင်းအလှူခံ၍/ ကျောင်းလက်ခံ၍ သီတင်းသုံးနေသော ရဟန်းတို့အား ကျောင်းဒါယကာတို့က မိမိတို့ကျောင်း၌ မိုးလ (ဝါတွင်း ၃ လ) ပတ်လုံးနေ၍ ကျောင်းကိုသုတ်သင် ပြင်ဆင်ဖော်ရ စောင့်ရှောက် ဖော်ရသည့်အတွက် ကျေးဇူးဆပ်သည့် အနေဖြင့်၎င်း၊ ကျောင်းဒါယကာ မဟုတ်သူ တို့ကလည်း မိုးလ ပတ်လုံးနေ၍ ရဟန်း ကျင့်ဝတ်ကို ဖြည့်ကျင့်ဖော် ရသည့်အတွက် ကြည်ညို သဖြင့်၎င်း ဝါကျွတ်သောအခါ၌ လှူဒါန်းသော ဝါကျွတ်သင်္ကန်းဟုလည်း ဆိုကြသေးသည်။

ဝါဆိုသင်္ကန်းတွင်လည်း သဒ္ဓါဒေယျသင်္ကန်းနှင့် တတြုပ္ပါဒသင်္ကန်း ဟူ၍ ၂ မျိုးရှိသည်။ သဒ္ဓါဒေယျ သင်္ကန်းမှာ ယုံကြည်သဖြင့် ကြည်ညိုသဖြင့် လှူဒါန်းအပ်သော ဝါဆိုသင်္ကန်းဖြစ်ပြီး တတြုပ္ပါဒ သင်္ကန်းမှာ ကျောင်းဒါယကာ စသည်တို့က ကပ္ပိယကာရကတို့၏ လက်၌ အပ်စပ်သော ဝတ္ထုကို သုံးဆောင်ခြင်း အကျိုးငှာ လှူထားအပ်သော လယ်ယာ ဥယျာဉ် ခြံမြေ တိုက်တာ အိုးအိမ် စသော ဝတ္ထုတို့မှ ဖြစ်ပွားပေါ်ပေါက်လာသော လှူသည့် သင်္ကန်းကိုခေါ်သည်။

ထိုသဒ္ဓါဒေယျသင်္ကန်းတွင်လည်း ကျောင်းဒါယကာတို့က လှူဒါန်းအပ်သော သဝိဟာရ သင်္ကန်းနှင့် ကျောင်းဒါယကာ မဟုတ်သူတို့က လှူဒါန်းအပ်သော အဝိဟာရ သင်္ကန်း ဆိုသည် လည်း ရှိသည်။ဝါဆို ဝါကပ်သော ရဟန်းတွင်လည်း အာဂန္တုကရဟန်း (ဝါကျွတ် ဝါထွက်လျှင် အခြားနေရာသို့ ပြောင်း ရွှေ့နေ မည့် ရဟန်း) ၊ အာဝါသိကရဟန်း (မိမိလက်ရှိ သီတင်း သုံးရာနေရာ၌ပင် ဆက်၍ သီတင်း သုံးမည့် ရဟန်း) ဟူ၍ ၂-မျိုးရှိ၏။ ထိုတွင် အာဂန္တုကရဟန်းသည် မိမိဝါဆိုမည့်ကျောင်းသို့ တစ်လခန့် ကြိုတင်၍ သွားရောက်ရမည်။ ဝါဆိုခါနီးမှ ကပ်၍ မသွားရ။

အာဝါသိက အမြဲနေ ရဟန်းသည်လည်း စောစောကပင်လျှင် ကျောင်း၌ ကျိုးပြတ်သောအရာ ကွဲ အက်သောအရာတို့ကို ပြုပြင်မွမ်းမံလျက် ဝါဆိုလဆန်း ၅-ရက်နေ့မှစ၍ ဝါဆိုသင်္ကန်း လှူနေကျ ဒါယကာတို့ကို “ဝါဆိုသင်္ကန်း ကပ်လှူရန် အချိန် နီးကပ်ပြီ” ဟု ပြောဆို၍ ဝါဆို သင်္ကန်း လှူနိုင်သည် မလှူနိုင်သည်ကို မေးမြန်းရမည်။ ရှေးက အရင်က မလှူဖူးသော ဒါယကာတို့ကို မမေးမြန်းအပ်။ ဒါယကာတို့၏ စီးပွားရေး အလုပ် အကိုင် ငွေရေးကြေးရေး အခြေနေအရ ဖြေကြား လျှောက်ကြားချက် အားလျော်စွာ ဝါဆိုသင်္ကန်း ကပ်လှူဖို့ စီစဉ်ရ မည်ဖြစ်သည်။

ဝါဆိုသင်္ကန်းလှူရခြင်းကြောင့် ရအပ်သောအကျိုးမှာ မနိူင်းယှဉ်အပ်အောင် များပြားပေ သည်။ မိုးရေခံ သင်္ကန်း မည်သည့်သင်္ကန်းကို မဆို လှူဒါန်းရခြင်းကြောင့် ရဟန်းတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ် စသည့် ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်နိုင်ခြင်း၊ အရှက်ကို ကာကွယ်ခြင်း၊ အချမ်း အပူ လေ နေစတဲ့ ရာသီဥတုဒဏ်မှ ကာကွယ်ခြင်း၊ မှက်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်တို့မှ ကာကွယ် နိုင်ခြင်း စသည့် အကျိုးတရားများ ရရှိပါသည်။သင်္ကန်းသည် အဝတ်အားလုံးတို့တွင် အမြတ်ဆုံးဖြစ်၍ လူ့ဘဝဖြစ် ရဟန္တာဖြစ်သူသည် ယုတ်ညံ့သော လူ့အသွင်ဖြင့် မြင့်မြတ်သော အရဟတ္တဖိုလ်ကို မဆောင်နိုင်ရကား အရဟတ္တဖိုလ်ရသည့်နေ့တွင် သင်္ကန်း ဝတ်ခွင့် ရဟန်းဝတ်ခွင့် မရလျှင် ပရိနိဗ္ဗာန်စံရပေသည်။

သင်္ကန်းလှူသူ အလှူရှင်တွေအတွက် ရရှိမည့် သင်္ကန်းလှူရကျိုး ၈ မျိုးမှာ အသားရေ သည် ရွှေအဆင်းကဲ့သို့ ဝါဝင်း လှပခြင်း၊ အညစ်အကြေး ကင်းစင်ခြင်း၊ ပြိုးပြိုးပြက်ပြက် အရောင်ထွက်ခြင်း၊ အသားရေ နူးညံ့လှပခြင်း၊ အနီရောင် အဝတ်အထည်တွေ၊ အညိုရောင် အဝတ်အထည်တွေ၊ အဖြူရောင် အဝတ်အထည်တွေ၊ ဝါဝါ၀င်းဝင်း တောက်ပတဲ့ အဆင်းရှိတဲ့ အဝတ်အထည်တွေရရှိခြင်း အစရှိသည့် အကျိုးများကို ရရှိသည်ဟု ဆိုသည်။

ထို့ပြင် ဗုဒ္ဓဘာသာဝင် တစ်ဦးအဖို့ ပရိက္ခရာရှစ်ပါးတွင် တစ်မျိုးမျိုးကို မလှူဖူးခဲ့လျှင် တန်ခိုး ကြောင့်ဖြစ် သော သပိတ် သင်္ကန်းကို မရနိုင်၊ ဧဟိဘိက္ခု မဖြစ်နိုင်ပါ။ တစ်မျိုးမျိုးကို လှူခဲ့ဖူးလျှင် တန်ခိုးကြောင့်.ုဖြစ်သော သပိတ် သင်္ကန်းရနိုင်ပြီး ဧဟိဘိက္ခု ရဟန်း ဖြစ်နိုင်သည်။

ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဒဘာသာဝင်တို့ ဝါဆိုပန်းကပ်လှူကြသည့်ဓလေ့ထုံးတမ်းစဉ်လာမှာ အထင် အရှားရှိသည်။ရှေ့ယခင်က တောလက်ကျေးရွာများတွင် ဝါဆိုလပြည့်နေ့မတိုင်ခင် ဝါဆိုပန်းကပ် လှူရန်အတွက် ဝါဆိုပန်းခူးကြသည့်ဓလေ့ထုံးတမ်းစဉ်လာရှိသည်။ တစ်နွေလုံး ခြောက်သွေ့ခဲ့သည့် သစ်ပင်ပန်းမန်များ မိုးတဖြိုင်ဖြိုင်ရွာသည့် ဒီကာလတွင် သစ်ပင်များစိမ်းစိုလန်းဆန်းကာ ပန်းမန် များပွင့်လန်းကြသည့် အချိန်အခါလည်း ဖြစ်သည်။

ဝါဆိုကာလ ဝါတွင်းကာလတွင် ဗုဒ္ဓဘာသာဝင်တို့ ဥပုသ်သီလဆောက်တည်ကြပြီး အကျင့် သီလ များကို မကျိုးမပေါက်အောင် ထိမ်းသိမ်းခြင်းဖြစ်သည်။ ဥပုသ်သီလဆောက်တည်ခြင်းမှာ ဤနေ့ ဤရက်၍ ကျင့်အပ်သော အင်္ဂါရှစ်ပါး စည်းကမ်းချက် များကို လိုက်နာပါမည်ဟု ကိုယ်နှုတ်နှလုံး သုံးပါး တို့ ဖြင့်စောင့်စည်းကာ နှလုံးသွင်း ဆင်ခြင်ခြင်းဖြစ်ပါသည်။

မှန်မှန်ကန်ကန် ဥပုသ်ဆောက်တည်စောင့်ထိမ်းပါက လောကီလော ကုတ် နှစ်ဖြာသော အကျိုးကျေးဇူးရရှိနိုင်သည်။ ပစ္စုပ္ပန် အကျိုးအားဖြင့် ဥပုသ်ဆောက်တည် နေစဉ် တစ်ချိန်တည်း မှာပင် ကိုယ်နှုတ်နှလုံးသုံးပါးကို သတိဖြင့် ဆင်ခြင်ထိန်းသိမ်းထားသဖြင့် စိတ်တည်ငြိမ်အေးချမ်း ခြင်း၊ မကောင်းမှုမပြုသဖြင့် အကုသိုလ် ကင်းခြင်း၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနကင်းနေသဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းခြင်းတို့ကို ခံစားရနိုင်သကဲ့သို့ လောကုတ္တရာ အကျိုးအနေဖြင့် ဗုဒ္ဓဘာသာဝင်တို့ အလိုအရ လူဖြစ်လျင် လူတကာတို့ထက်မြတ်သော လူ့စည်းစိမ်၊ နတ်ဖြစ်လျင် နတ်တကာတို့ထက် မြတ်သော နတ်စည်းစိမ်တို့ကို ခံစားရရှိပြီး ဥပုသ်ဆောက်တည်သည့် အခါမှစ၍ ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက်ချေ။

ထိုသို့ အကျိုးကျေးဇူးကုသိုလ်များရနိုင်သဖြင့် ဝါဆိုသင်္ကန်းလှူဒါန်းသူများအတွက်နှင့် သီတင်း သီလဆောက် တည် လိုသူတွေအတွက်သာမက ဗုဒ္ဓဘာသာဝင် များအတွက် အကျိုးများသည့် ဤကာလကို ကုသိုလ်ဒါနပြုရန် အချိန်ကောင်းကာလပင်ဖြစ်သည်။

                                                                                      ဖြိုးဝေလှ

(  Zawgyi  )

 ဝါဆိုလျပည့္ေန႔သည္ ဗုဒၶဘာသာဝင္မ်ားအဖို႔ ေန႔ထူးေန႔ျမတ္ရက္ တစ္ရက္ျဖစ္ပါသည္။
ဝါဆိုလျပည့္ေန႔တြင္
၁။ ေဂါတမဘုရားေလာင္း ပဋိသေႏၶေနေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၂။ ေဂါတမဘုရားေလာင္း ေတာထြက္ေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၃။ ေဂါတမျမတ္စြာဘုရား ဓမၼစၾကာတရား စတင္ေဟာေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၄။ ေရမီးအစုံစုံတို႔ျဖင့္ တန္ခိုးျပာဋိဟာကို ျပေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၅။ ဘုရားအျဖစ္ကို ဝန္ခံေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၆။ တရားရတနာ စတင္ေပၚေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၇။ သံဃာရတနာ စတင္ေပၚေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၈။ ပုထုဇဥ္ခရီးမွ အရိယာခရီးသို႔ စတင္ ကူးေျပာင္းခြင့္ႀကဳံေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၉။ ဧဟိ ဘိကၡဳ-ဟူေသာစကားကို စတင္ၾကားရေသာေန႔ျဖစ္၍ ထူးျခားျခင္း။
ထို႔ေၾကာင့္ “သေႏၶ၊ ေတာထြက္၊ ဓမၼစက္၊ တစ္ခ်က္ျပာဋိဟာ” ဟူေသာ စာျဖင့္ ဖြဲ႕ဆိုကာ ဝါဆိုလျပည့္ေန႔ ကို ဘုရားအေလာင္း ေတာ္ သိဒၶိတၳမင္းသားမယ္ေတာ္၏ ဝမ္းၾကာတိုက္၌ သေႏၶယူေသာေန႔၊ သူအို၊ သူနာ၊ သူေသ၊ ရဟန္း နိမိတ္ ႀကီးေလးပါးျမင္ကာ ေတာထြက္ေတာ္မႈေသာ ေန႔၊ ဘုရားျဖစ္ေတာ္မႈၿပီးေနာက္ ဓမၼစၾကာ တရားဦးေဟာ ေတာ္မႈေသာေန႔၊ တိတၳိတို႔အား တန္ခိုးျပဋိဟာ ျပေတာ္မႈေသာေန႔ အျဖစ္အတိုေကာက္အမွတ္အသားျပဳၾကသည္။

ဗုဒၶဘာသာထုံးတမ္းစဥ္လာအရလည္း ဝါဆိုလျပည့္ေန႔တြင္ သံဃာေတာ္မ်ားကို ဝါဆိုသကၤန္း ကပ္လႉျခင္း၊ ျမတ္စြာ ဘုရား ကိုရည္စူးၿပီး ဝါဆိုပန္း မ်ားကပ္လႉျခင္း၊ ဥပုသ္သီလ ေဆာက္တည္ျခင္း စသည့္ အလႉဒါန ကုသိုလ္အလုပ္မ်ားကို ျပဳလုပ္ၾက သလို ထူးျခား လွေသာ ေန႔ေကာင္းေန႔ျမတ္၌ ဗုဒၶဘာသာဝင္တို႔သည္ ေကာင္းျမတ္ေသာ စိတ္ထားကာ ဥပုသ္ ေဆာက္တည္ျခင္းျဖင့္ေကာင္းမႈ ကုသိုလ္ ယူေလ့ရွိၾကသည္။

ျမတ္စြာဘုရားသည္ အိႏၵိယႏိုင္ငံ ဗာရာဏသီျပည္ မိဂဒါဝုန္ေတာ၌ မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္ ဝါဆိုလျပည့္ေန႔ ေနဝင္လထြက္အခ်ိန္၌ ပၪၥဝဂၢီငါးဦးတို႔အား ဘုရားအျဖစ္ကို ဝန္ခံ ေသာအားျဖင့္ ဓမၼစၾကာ တရားေတာ္ကို ေဟာၾကားေတာ္မူခဲ့ပါသည္။

ဓမၼစၾကာတရားေတာ္သည္ သစၥာေလးပါးတရားကို ၫႊန္းဆိုေဟာၾကားေသာ ေဒသနာျဖစ္၍ ပိဋက သုံးပုံ၏ အႏွစ္ခ်ဳပ္တရားဟု ဆိုထိုက္ပါသည္။ ဓမၼစၾကာတရားေတာ္မွာ ဗုဒၶ၏ လမ္းစဥ္ ့ျဖစ္သည့္ (အစြန္း ၂-ခု) ကို ေရွာင္ၾကဥ္ေရး၊ မဇၩိမပဋိပဒါ လမ္းစဥ္မွန္ကို က်င့္သုံးေရးတို႔ကို ၫႊန္ၾကားထားၿပီး သစၥာ ေလးပါး တရားကို သိျမင္ေစရန္ ေဟာၾကားထားေသာေၾကာင့္ ဗုဒၶဝါဒ၏ တိက်ခိုင္မာေသာ သေဘာတရားကို ေတြ႕ျမင္ႏိုင္သည္။

ျမတ္ဗုဒၶမိန႔္ေတာ္မူတဲ့ အလယ္အလတ္ လမ္းစဥ္ဆိုသည္မွာ တစ္ျခား မဟုတ္ဘဲ မဂၢင္ရွစ္ပါး လမ္းစဥ္ပင္ျဖစ္သည္။
ဘာပဲလုပ္လုပ္ အစြန္းမေရာက္ ေစရန္အတြက္
မွန္ကန္တဲ့အျမင္ သမၼာဒိ႒ိ
မွန္ကန္တဲ့အေတြး သမၼာသကၤပၸ
မွန္ကန္တဲ့စကား သမၼာဝါစာ
မွန္ကန္တဲ့အလုပ္ သမၼာကမၼႏၲ
မွန္ကန္တဲ့အသက္ေမြးမႈ သမၼာအာဇီဝ
မွန္ကန္တဲ့ႀကိဳးစားအားထုတ္မႈ သမၼာဝါယမ
မွန္ကန္တဲ့သတိရွိမႈ သမၼာသတိ
မွန္ကန္တဲ့သမာဓိရွိမႈ သမၼာသမာဓိ ဆိုတဲ့ လမ္းစဥ္ရွစ္ခ်က္ကို လက္ကိုင္ထားၿပီး ႀကိဳးစားအား ထုတ္ဖို႔ ေဟာေတာ္မူခဲ့သည္။

ထို႔ေၾကာင့္လည္း ဝါဆိုလျပည့္ေန႔ကို ဓမၼစၾကာ အခါေတာ္ေန႔ အထိမ္းအမွတ္အျဖစ္ ဗုဒၶဘာသာႏိုင္ငံ မ်ားတြင္ က်င္းပ ေလ့ရွိၾကသည္။ ထိုေန႔တြင္ ဓမၼစၾကာတရားေတာ္ကို ျမတ္စြာဘုရား က ေဟာၾကားေတာ္မူသည္ကို အေၾကာင္း ျပဳ၍ ဓမၼစၾကာ အခါေတာ္ေန႔ အျဖစ္ ဗုဒၶဘာသာဝင္မ်ားက အစဥ္အဆက္ က်င္းပခဲ့ၾကျခင္းျဖစ္သည္။ဝါဆိုလျပည့္ေန႔သည္ မိုးကာလ သုံးလတာပတ္လုံးဝါဆိုဝါကပ္ၾကမည့္ ရဟန္းသံဃာမ်ားကို ဝါဆိုသကၤန္းကပ္လႉၾကေလ့ရွိသည့္အခါလည္းျဖစ္သည္။

ဝါဆို ဝါကပ္တြင္ ရဟန္းအား ေပးလႉအပ္ေသာ သကၤန္းကို ဝႆာဝါသိက စီဝရ ဝါဆိုသကၤန္းဟု ေခၚပါသည္။ ဝါဆိုသကၤန္းဆိုသည္မွာ ဝါဆိုရက္တြင္ ဝါဆိုၿပီး ဝါကြၽတ္ သည့္ တိုင္ေအာင္ ဝါမက်ိဳး မေပါက္ သီတင္းသုံးေနထိုင္ေသာ ရဟန္းအား လႉဒါန္းရေသာ သကၤန္းျဖစ္ေပသည္။

ဝါဆိုသကၤန္းဟူသည္ သံဃိကေက်ာင္းကို မိုးအခါ၌ ေက်ာင္းအလႉခံေစျခင္း /ေက်ာင္းေစာင့္အပ္ ျခင္းျဖင့္ ေက်ာင္းအလႉခံ၍/ ေက်ာင္းလက္ခံ၍ သီတင္းသုံးေနေသာ ရဟန္းတို႔အား ေက်ာင္းဒါယကာတို႔က မိမိတို႔ေက်ာင္း၌ မိုးလ (ဝါတြင္း ၃ လ) ပတ္လုံးေန၍ ေက်ာင္းကိုသုတ္သင္ ျပင္ဆင္ေဖာ္ရ ေစာင့္ေရွာက္ ေဖာ္ရသည့္အတြက္ ေက်းဇူးဆပ္သည့္ အေနျဖင့္၎၊ ေက်ာင္းဒါယကာ မဟုတ္သူ တို႔ကလည္း မိုးလ ပတ္လုံးေန၍ ရဟန္း က်င့္ဝတ္ကို ျဖည့္က်င့္ေဖာ္ ရသည့္အတြက္ ၾကည္ညိဳ သျဖင့္၎ ဝါကြၽတ္ေသာအခါ၌ လႉဒါန္းေသာ ဝါကြၽတ္သကၤန္းဟုလည္း ဆိုၾကေသးသည္။

ဝါဆိုသကၤန္းတြင္လည္း သဒၶါေဒယ်သကၤန္းႏွင့္ တၾတဳပၸါဒသကၤန္း ဟူ၍ ၂ မ်ိဳးရွိသည္။ သဒၶါေဒယ် သကၤန္းမွာ ယုံၾကည္သျဖင့္ ၾကည္ညိဳသျဖင့္ လႉဒါန္းအပ္ေသာ ဝါဆိုသကၤန္းျဖစ္ၿပီး တၾတဳပၸါဒ သကၤန္းမွာ ေက်ာင္းဒါယကာ စသည္တို႔က ကပၸိယကာရကတို႔၏ လက္၌ အပ္စပ္ေသာ ဝတၳဳကို သုံးေဆာင္ျခင္း အက်ိဳးငွာ လႉထားအပ္ေသာ လယ္ယာ ဥယ်ာဥ္ ၿခံေျမ တိုက္တာ အိုးအိမ္ စေသာ ဝတၳဳတို႔မွ ျဖစ္ပြားေပၚေပါက္လာေသာ လႉသည့္ သကၤန္းကိုေခၚသည္။

ထိုသဒၶါေဒယ်သကၤန္းတြင္လည္း ေက်ာင္းဒါယကာတို႔က လႉဒါန္းအပ္ေသာ သဝိဟာရ သကၤန္းႏွင့္ ေက်ာင္းဒါယကာ မဟုတ္သူတို႔က လႉဒါန္းအပ္ေသာ အဝိဟာရ သကၤန္း ဆိုသည္ လည္း ရွိသည္။ဝါဆို ဝါကပ္ေသာ ရဟန္းတြင္လည္း အာဂႏၲဳကရဟန္း (ဝါကြၽတ္ ဝါထြက္လွ်င္ အျခားေနရာသို႔ ေျပာင္း ေ႐ႊ႕ေန မည့္ ရဟန္း) ၊ အာဝါသိကရဟန္း (မိမိလက္ရွိ သီတင္း သုံးရာေနရာ၌ပင္ ဆက္၍ သီတင္း သုံးမည့္ ရဟန္း) ဟူ၍ ၂-မ်ိဳးရွိ၏။ ထိုတြင္ အာဂႏၲဳကရဟန္းသည္ မိမိဝါဆိုမည့္ေက်ာင္းသို႔ တစ္လခန႔္ ႀကိဳတင္၍ သြားေရာက္ရမည္။ ဝါဆိုခါနီးမွ ကပ္၍ မသြားရ။

အာဝါသိက အၿမဲေန ရဟန္းသည္လည္း ေစာေစာကပင္လွ်င္ ေက်ာင္း၌ က်ိဳးျပတ္ေသာအရာ ကြဲ အက္ေသာအရာတို႔ကို ျပဳျပင္မြမ္းမံလ်က္ ဝါဆိုလဆန္း ၅-ရက္ေန႔မွစ၍ ဝါဆိုသကၤန္း လႉေနက် ဒါယကာတို႔ကို “ဝါဆိုသကၤန္း ကပ္လႉရန္ အခ်ိန္ နီးကပ္ၿပီ” ဟု ေျပာဆို၍ ဝါဆို သကၤန္း လႉႏိုင္သည္ မလႉႏိုင္သည္ကို ေမးျမန္းရမည္။ ေရွးက အရင္က မလႉဖူးေသာ ဒါယကာတို႔ကို မေမးျမန္းအပ္။ ဒါယကာတို႔၏ စီးပြားေရး အလုပ္ အကိုင္ ေငြေရးေၾကးေရး အေျခေနအရ ေျဖၾကား ေလွ်ာက္ၾကားခ်က္ အားေလ်ာ္စြာ ဝါဆိုသကၤန္း ကပ္လႉဖို႔ စီစဥ္ရ မည္ျဖစ္သည္။

ဝါဆိုသကၤန္းလႉရျခင္းေၾကာင့္ ရအပ္ေသာအက်ိဳးမွာ မႏိူင္းယွဥ္အပ္ေအာင္ မ်ားျပားေပ သည္။ မိုးေရခံ သကၤန္း မည္သည့္သကၤန္းကို မဆို လႉဒါန္းရျခင္းေၾကာင့္ ရဟန္းေတာ္မ်ား သကၤန္းအတြက္ မပူပင္ရျခင္း၊ ပရိယတ္ ပဋိပတ္ စသည့္ ရဟန္းအလုပ္ကို ခ်မ္းခ်မ္းသာသာ လုပ္ႏိုင္ျခင္း၊ အရွက္ကို ကာကြယ္ျခင္း၊ အခ်မ္း အပူ ေလ ေနစတဲ့ ရာသီဥတုဒဏ္မွ ကာကြယ္ျခင္း၊ မွက္, ျခင္, ယင္, ပိုးမႊားစေသာ အႏၲရာယ္တို႔မွ ကာကြယ္ ႏိုင္ျခင္း စသည့္ အက်ိဳးတရားမ်ား ရရွိပါသည္။သကၤန္းသည္ အဝတ္အားလုံးတို႔တြင္ အျမတ္ဆုံးျဖစ္၍ လူ႔ဘဝျဖစ္ ရဟႏၲာျဖစ္သူသည္ ယုတ္ညံ့ေသာ လူ႔အသြင္ျဖင့္ ျမင့္ျမတ္ေသာ အရဟတၱဖိုလ္ကို မေဆာင္ႏိုင္ရကား အရဟတၱဖိုလ္ရသည့္ေန႔တြင္ သကၤန္း ဝတ္ခြင့္ ရဟန္းဝတ္ခြင့္ မရလွ်င္ ပရိနိဗၺာန္စံရေပသည္။

သကၤန္းလႉသူ အလႉရွင္ေတြအတြက္ ရရွိမည့္ သကၤန္းလႉရက်ိဳး ၈ မ်ိဳးမွာ အသားေရ သည္ ေ႐ႊအဆင္းကဲ့သို႔ ဝါဝင္း လွပျခင္း၊ အညစ္အေၾကး ကင္းစင္ျခင္း၊ ၿပိဳးၿပိဳးျပက္ျပက္ အေရာင္ထြက္ျခင္း၊ အသားေရ ႏူးညံ့လွပျခင္း၊ အနီေရာင္ အဝတ္အထည္ေတြ၊ အညိဳေရာင္ အဝတ္အထည္ေတြ၊ အျဖဴေရာင္ အဝတ္အထည္ေတြ၊ ဝါဝါ၀င္းဝင္း ေတာက္ပတဲ့ အဆင္းရွိတဲ့ အဝတ္အထည္ေတြရရွိျခင္း အစရွိသည့္ အက်ိဳးမ်ားကို ရရွိသည္ဟု ဆိုသည္။

ထို႔ျပင္ ဗုဒၶဘာသာဝင္ တစ္ဦးအဖို႔ ပရိကၡရာရွစ္ပါးတြင္ တစ္မ်ိဳးမ်ိဳးကို မလႉဖူးခဲ့လွ်င္ တန္ခိုး ေၾကာင့္ျဖစ္ ေသာ သပိတ္ သကၤန္းကို မရႏိုင္၊ ဧဟိဘိကၡဳ မျဖစ္ႏိုင္ပါ။ တစ္မ်ိဳးမ်ိဳးကို လႉခဲ့ဖူးလွ်င္ တန္ခိုးေၾကာင့္.ုျဖစ္ေသာ သပိတ္ သကၤန္းရႏိုင္ၿပီး ဧဟိဘိကၡဳ ရဟန္း ျဖစ္ႏိုင္သည္။

ဝါဆိုလျပည့္ေန႔တြင္ ဗုဒၵဘာသာဝင္တို႔ ဝါဆိုပန္းကပ္လႉၾကသည့္ဓေလ့ထုံးတမ္းစဥ္လာမွာ အထင္ အရွားရွိသည္။ေရွ႕ယခင္က ေတာလက္ေက်း႐ြာမ်ားတြင္ ဝါဆိုလျပည့္ေန႔မတိုင္ခင္ ဝါဆိုပန္းကပ္ လႉရန္အတြက္ ဝါဆိုပန္းခူးၾကသည့္ဓေလ့ထုံးတမ္းစဥ္လာရွိသည္။ တစ္ေႏြလုံး ေျခာက္ေသြ႕ခဲ့သည့္ သစ္ပင္ပန္းမန္မ်ား မိုးတၿဖိဳင္ၿဖိဳင္႐ြာသည့္ ဒီကာလတြင္ သစ္ပင္မ်ားစိမ္းစိုလန္းဆန္းကာ ပန္းမန္ မ်ားပြင့္လန္းၾကသည့္ အခ်ိန္အခါလည္း ျဖစ္သည္။

ဝါဆိုကာလ ဝါတြင္းကာလတြင္ ဗုဒၶဘာသာဝင္တို႔ ဥပုသ္သီလေဆာက္တည္ၾကၿပီး အက်င့္ သီလ မ်ားကို မက်ိဳးမေပါက္ေအာင္ ထိမ္းသိမ္းျခင္းျဖစ္သည္။ ဥပုသ္သီလေဆာက္တည္ျခင္းမွာ ဤေန႔ ဤရက္၍ က်င့္အပ္ေသာ အဂၤါရွစ္ပါး စည္းကမ္းခ်က္ မ်ားကို လိုက္နာပါမည္ဟု ကိုယ္ႏႈတ္ႏွလုံး သုံးပါး တို႔ ျဖင့္ေစာင့္စည္းကာ ႏွလုံးသြင္း ဆင္ျခင္ျခင္းျဖစ္ပါသည္။

မွန္မွန္ကန္ကန္ ဥပုသ္ေဆာက္တည္ေစာင့္ထိမ္းပါက ေလာကီေလာ ကုတ္ ႏွစ္ျဖာေသာ အက်ိဳးေက်းဇူးရရွိႏိုင္သည္။ ပစၥဳပၸန္ အက်ိဳးအားျဖင့္ ဥပုသ္ေဆာက္တည္ ေနစဥ္ တစ္ခ်ိန္တည္း မွာပင္ ကိုယ္ႏႈတ္ႏွလုံးသုံးပါးကို သတိျဖင့္ ဆင္ျခင္ထိန္းသိမ္းထားသျဖင့္ စိတ္တည္ၿငိမ္ေအးခ်မ္း ျခင္း၊ မေကာင္းမႈမျပဳသျဖင့္ အကုသိုလ္ ကင္းျခင္း၊ ေလာဘ၊ ေဒါသ၊ ေမာဟ၊ မာန္မာနကင္းေနသျဖင့္ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းျခင္းတို႔ကို ခံစားရႏိုင္သကဲ့သို႔ ေလာကုတၱရာ အက်ိဳးအေနျဖင့္ ဗုဒၶဘာသာဝင္တို႔ အလိုအရ လူျဖစ္လ်င္ လူတကာတို႔ထက္ျမတ္ေသာ လူ႔စည္းစိမ္၊ နတ္ျဖစ္လ်င္ နတ္တကာတို႔ထက္ ျမတ္ေသာ နတ္စည္းစိမ္တို႔ကို ခံစားရရွိၿပီး ဥပုသ္ေဆာက္တည္သည့္ အခါမွစ၍ ကိုးဆယ့္တစ္ကမာၻတိုင္တိုင္ ဒုဂၢတိဘဝသို႔ မလားေရာက္ေခ်။

ထိုသို႔ အက်ိဳးေက်းဇူးကုသိုလ္မ်ားရႏိုင္သျဖင့္ ဝါဆိုသကၤန္းလႉဒါန္းသူမ်ားအတြက္ႏွင့္ သီတင္း သီလေဆာက္ တည္ လိုသူေတြအတြက္သာမက ဗုဒၶဘာသာဝင္ မ်ားအတြက္ အက်ိဳးမ်ားသည့္ ဤကာလကို ကုသိုလ္ဒါနျပဳရန္ အခ်ိန္ေကာင္းကာလပင္ျဖစ္သည္။

                                                                                      ၿဖိဳးေဝလွ