【 ဆောင်းပါး 】 “နှစ်သစ်ကူးပေမဲ့ စိတ်သစ်ထူးမလာတဲ့ ဒို့ရွှေမြန်မာတွေ”

【 ဆောင်းပါး 】 “နှစ်သစ်ကူးပေမဲ့ စိတ်သစ်ထူးမလာတဲ့ ဒို့ရွှေမြန်မာတွေ”

မြန်မာသက္ကရာဇ် နှစ်ဟောင်းကုန်ခဲ့ပါပြီ။၁၃၈၀ ပြည့်နှစ်မှ ၁၃၈၁ သို့ ခရစ်သက္ကရာဇ် ၁၇.၄.၂၀၁၉ ရက်နေ့တွင် ကူးပြောင်းခဲ့ပြန်ပါပြီ။၂၀၁၉ ဇန်နဝါရီ ၁ ရက်နေ့၌ ကမ္ဘာသုံးပြက္ခဒိန်အရ နှစ်သစ်ကိုကြိုခဲ့သော ရွှေမြန်မာများသည်  မြန်မာသက္ကရာဇ် နှစ်သစ် ၁၃၈၁ ကို သြင်္ကန် ၃ ရက် ကျင်းပကြိုဆိုခဲ့ကြပါသည်။မည်သည့်လူမျိုးမဆို နှစ်သစ်အပေါ် မျှော်လင့်ချက်များ ထားရှိကြလျက် စိတ်သစ်လူသစ်ဖြင့် နှစ်သစ်ကို ကြိုဆိုသည်။နှစ်သစ်ကို ကျော်ဖြတ်မည်ဟု ဆိုလေ့ရှိကြပါသည်။တစ်နှစ်ကူးတိုင်း ပြောရိုးပြောစဉ် အဆိုပါ နှစ်သစ် လူသစ် စိတ်သစ် စသည်တို့ကိုပြော၍ နှစ်သစ်ကိုကြိုလာသည့် ရွှေမြန်မာတချို့ကား စိတ်ညစ်စိတ်ထေး စိတ်ဟောင်း အကျင့်ဟောင်းများကို မပြင်နိုင်ကြကြောင်း ပြသခဲ့ပါသည်။

အများနှင့်သက်ဆိုင်သောပစ္စည်းကို မယူရ၊ ယူခွင့်မရှိ ဆိုသော အလွန်ရိုးရှင်းသည့် အခြေခံကျင့်ဝတ်မျှကိုပင် မစောင့်ထိန်းနိုင်ကြပါ။အင်းလျားကန်ဘောင်ပေါ်တွင် လမ်းလျှောက်သြင်္ကန်အတွက် အလှဆင်ပေးထားသည့် ပုသိမ်ထီးများကို ဖြုတ်ယူကြ ဖြုတ်ဆောင်းသွားကြသည့် သြင်္ကန်လည်သူများ၏ ရုပ်ပုံများ ဖေ့စ်ဘုတ်ပေါ် တက်လာပါသည်။

၂၀၁၆ တွင် အုပ်ချုပ်ခွင့်အာဏာ စရခဲ့သည့် ဒီချုပ်အစိုးရအပေါ် လူထု၏ မျှော်လင့်ချက် ကြီးမားခဲ့ပါသည်။၂၀၁၆ သြင်္ကန်ကို မူသစ်ဖြင့် ကိုင်တွယ်ပြလိုက်သည့် ရန်ကုန်တိုင်းဝန်ချုပ် ဦးဖြိုးမင်းသိန်း၏ လုပ်ဆောင်မှုများကို ကျေနပ်အားရလှသော လူထုက ကွီးဖြိုးဟု တခဲနက်သြဘာပေး ကြိုဆိုခဲ့ကြပါသည်။သို့သော် သြင်္ကန်အပြီး နောက်ပိုင်း၂၀၁၆ ခုနှစ်အတွင်းမှာပင် ဘယ်အစိုးရတက်တက် အစိုးရဟူသည် အစိုးရပါပဲဟု လူထု မှတ်ချက်ချလာသည်ထိ ရန်ကုန်တိုင်းေဒေသကြီး အစိုးရအပေါ် လူထုမကျေနပ်မှု များပြားခဲ့ပါသည်။၂၀၁၇ သြင်္ကန်တွင် ရန်ကုန်တိုင်းအစိုးရက သံချပ်များကို ပိတ်ပင်ခဲ့ပါသည်။၂၀၁၇ ရန်ကုန်သြင်္ကန်သည် ပြောစမှတ်ပြုရသည်ထိ ခြောက်ကပ်ကပ်ဖြင့် ပြီးဆုံးခဲ့ရပါသည်။

မန္တလေးသြင်္ကန်ကား သံချပ်ကို ပိတ်ပင်ခြင်းမရှိခဲ့ပေ။ထို့ပြင် လမ်းလျှောက်သြင်္ကန်ကိုပါ ထည့်သွင်းကျင်းပပေးခဲ့ပါသည်။၂၀၁၇ ရန်ကုန်သြင်္ကန် ခြောက်ကပ်ကပ်ဖြစ်နေစဉ် မန္တလေးသြင်္ကန်ကား စည်ကားသိုက်မြှိုက်ခဲ့ပါသည်။သို့ဖြင့် ၂၀၁၈ တွင် ရန်ကုန်ကလည်း လမ်းလျှောက်သြင်္ကန် ထည့်သွင်းလုပ်ဆောင်လာပါသည်။
သံချပ်ထိုးမည့် သြင်္ကန်အဖွဲ့များ၏ သံချပ်များကို သံချပ်စိစစ်ရေးအဖွဲ့သို့ တင်ပြရမည်ဟု ရန်ကုန်တိုင်းအစိုးရက စည်းကမ်းထုတ်ခဲ့ပါသည်။၂၀၁၉ သြင်္ကန်တွင် သံချပ်စိစစ်ရေးအဖွဲ့သို့ သံချပ်များ မတင်ပြဘဲ တင်ဆက်ခဲ့သည့် သံချပ်အဖွဲ့ ၃ ဖွဲ့ရှိခဲ့ပါသည်။အဆိုပါ သံချပ်အဖွဲ့ ၃ ဖွဲ့သည် မြောက်ဥက္ကလာပ၊ ကန်သာယာပန်းခြံတွင် သံချပ်ထိုး ဖျော်ဖြေပေးခဲ့ကြပါသည်။

တခြားတဘက်တွင်မူ လမ်းလျှောက်သြင်္ကန်အဖြစ် အင်းလျားကန်ဘောင်ပေါ်၌ အလှဆင်ပေးထားသည့် ပုသိမ်ထီးများကို သြင်္ကန်အကြတ်နေ့တွင် သြင်္ကန်လည်သူတချို့က ဖြုတ်ယူကြပါသည်။ဆင်ဆာအဖြတ်မခံသည့် သံချပ်အဖွဲ့ ၃ ဖွဲ့ ထိုးသည့် သံချပ်သံများ ဖေ့စ်ဘုတ်ပေါ် တက်လာသည့်နည်းတူ၊ ပုသိမ်ထီးများ ဖြုတ်ယူခဲ့သူတို့၏ ရုပ်ပုံများကို ဖေ့စ်ဘုတ်ပေါ် တက်လာကြပါသည်။ထီးဖြုတ်သူများကို အပြစ်တင်ဆဲရေးကြသည့် စာများ တပါတည်းတက်လာပါသည်။လမ်းလျှောက်သြင်္ကန်အတွက် အင်းလျားကန်ဘောင်ပေါ်တွင် ပုသိမ်ထီးများ အလှဆင်ပေးရာတွင် မီးဆင်ခ၊ ပန်းအလှဆင်ခ တန်ဖိုးများ အပါအဝင် ၈၁၇ သိန်း ကုန်ကျခဲ့သည်ဟု ဆိုပါသည်။သြင်္ကန် ၃ ရက်အတွက် ၈၁၇ သိန်း ကုန်ကျခံမည့်အစား သည်ထက်အကျိုးရှိသည့် နေရာတွင် ၈၁၇ သိန်းကို မသုံးသင့်ပေဘူးလား။မြန်မာပြည်တွင် ဖြည့်ပေးရမည့် ကွက်လပ်များ များပြားလှပါသည်။သြင်္ကန် ၃ ရက် အပျော်အတွက် ၈၁၇ သိန်း သုံးမည့်အစား၊ သြင်္ကန်ရက်တွင်း ထိခိုက်ဒဏ်ရာရလာမည့်သူများ၊ အသက်ဆုံးရှုံးသူများအနက် အကူညီလိုသူများအတွက် သုံးလျှင် ပိုအကျိုးမရှိပေဘူးလား။

တိုင်းသူပြည်သားတိုင်း လိုက်နာရသည့် နိုင်ငံသားကျင့်ဝတ်များ ရှိကြပါသည်။တွေ့ရာနေရာ အမှိုက်မပစ်ရန်။တွေ့ရာနေရာ ကွမ်းတံတွေးမထွေးရန်။အများပိုင်ဆိုင်သည့် ပစ္စည်းများကို မဖျက်ဆီးရန် တာဝန်ရှိရုံသာမက၊ ဖျက်ဆီးသူများ၏ရန်မှ ကာကွယ်ပေးရန် စသည်တို့ကို ကိုယ်ရည်ကိုယ်သွေး မြင့်မားသည့် နိုင်ငံသူ နိုင်ငံသားတိုင်း လိုက်နာကြပါသည်။ဒီချုပ်အစိုးရ မဖွဲ့ရသေးမီ ၂၀၁၅ ရွေးကောက်ပွဲ မဲအနိုင်ရပြီးနောက် ဒီချုပ်အဖွဲ့ ပထမဆုံးလုပ်ခဲ့သည့် အလုပ်မှာ နေရာအနှံ့ရှိနေသည့် အမှိုက်များကို ကောက်ပြခြင်းဖြစ်ပါသည်။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမှိုက်ထွက်ကောက်ပြခဲ့ပါသည်။သည်ကတည်းက ယခုထိ မကြာခဏ အမှိုက်ထွက်ကောက်ပြနေသည့် အဖွဲ့များသာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်အမှိုက်ကောက်ပြကြစေကာမူ မြန်မာတို့ကား တွေ့ရာနေရာ အမှိုက်ပစ်နေတုန်း။

ဒီချုပ်အစိုးရ သက်တမ်း ၃ နှစ် ကျော်လာသည့်တိုင် အမှိုက်ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါသည်။ပြည်သူကို အမှိုက်ပစ်မှုနှင့် ပတ်သက်၍ ထိရောက်သည့် ပညာပေးမှု မလုပ်နိုင်ခဲ့ပေ။အမှိုက်ပစ်ခြင်း ပညာပေးသည်ဆိုရာတွင် အမှိုက်များကို အမှိုက်ပုံးထဲပစ်ပါဆိုသော အဆင့်ထက် သာလွန်ပါသည်။အမှိုက်စို၊ အမှိုက်ခြောက် စနစ်တကျ ခွဲခြားပစ်ရပုံ။အမှိုက်ခြောက်များကို အပြီးစွန့်ပစ်လိုက်ရမည့် အမှိုက်နှင့် ပြန်သုံး၍ရသည့် အမှိုက်ခွဲခြားပစ်ရပုံ။ထိုမှတဖန် ပုလင်းကွဲကဲ့သို့သော အမှိုက်မျိုးကို ပစ်မည်ဆိုလျှင် သီးသန့်ထုတ်ပိုးပြီး ထိရှတတ်သည်ဆိုသော စာရေးပြီးမှ စွန့်ပစ်ရမည်ဖြစ်ကြောင်း ပညာပေးခြင်းမရှိခဲ့ပါ။ထိုကဲ့သို့ အမှိုက်များ ခွဲခြားပစ်နိုင်ရန် အမှိုက်ပုံးများကို သက်ဆိုင်ရာက လုံလုံလောက်လောက် ထားမပေးပါ။သြင်္ကန်ရေကစားသူများ ပစ်ခဲ့သည့် ရေသန့်ဘူးခွံ၊ အချိုရည်ဘူးခွံ၊ မုန့်မျိုးစုံ ထုတ်ပိုးသည့် ပလတ်စတစ်အိတ်များ စသည်တို့ကို လမ်းတကာတွင် တွေ့ရခြင်းကလည်း နှစ်သစ်ပြောင်းသော်လည်း စိတ်သစ် အမူအကျင့်သစ် မပြောင်းသည့် မြန်မာတို့၏ ခိုင်မြဲသော စရိုက်တစ်ခုကဲ့သို့ ဖြစ်လာပါသည်။

ဖေ့စ်ဘုတ်ပေါ် တက်လာသည့် ပုသိမ်ထီး ဖြုတ်ယူသူများသည် အရွယ်ကောင်း အရွယ်လှ မိန်းမငယ် ယောကျ်ားငယ်များ ပါသကဲ့သို့ ခေတ်မီမီဝတ်စားထားသည့် သက်လတ်ပိုင်း အရွယ်များလည်း ပါပါသည်။သူတို့ကို သြင်္ကန်အလှဆင်ထားသော ပုသိမ်ထီးများကို ဖြုတ်သွားသည့် အောက်တန်းစားများဆိုသော စာတန်းများထိုးလျက် ဖေ့စ်ဘုတ်ပေါ် တင်ပေးကြပါသည်။ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင် တစ်ဦးကမူ ၂၀၁၅ လက်ပံတန်းနှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့သော ကျောင်းသားများကို လက်ပတ်နီများက ဝင်ရောက်လုံးထွေး ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ သုံးလေးယောက်ပုံများကို တင်ပေးထားပါသည်။ထိုလက်ပတ်နီတို့ လက်ထဲတွင် လမ်းလျှောက်သြင်္ကန်တွင် အလှဆင်ထားသည့် ပုသိမ်ထီးများ ကိုယ်စီကိုင်ထားကြပါသည်။သည်လက်ပတ်နီများက ရည်ရွယ်ချက်ရှိရှိဖြင့် ပုသိမ်ထီးများကို ဖြုတ်ယူပြကြသည်။သို့ဖြင့် တခြားသူများက ပုသိမ်ထီးဖြုတ်ယူနိုင်သည်ဟု ယူဆပြီး ဖြုတ်ယူကြခြင်းဖြစ်သည်ဟု ဖေ့ဘုတ်ပေါ် ရေးသားသူများလည်း ရှိပါသည်။မည်သို့ဖြစ်စေ မည်သူက လမ်းကြောင်းပြသည်ဖြစ်စေ အများအတွက် လုပ်ထားသည့် အများနှင့်ဆိုင်သော ပုသိမ်ထီးများကို ဖြုတ်မယူသင့်ကြောင်း သိသင့်ပါသည်။တချို့က စိတ်ဆိုးလွန်းကြပြီး ပုသိမ်ထီး ဖြုတ်ယူသူများကို ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချ ရေးသားထားကြပါသည်။

အချုပ်ဆိုရသော် ရွှေမြန်မာအများစုသည် စိတ်သစ် စိတ်သန့်ဘက် မပြောင်းနိုင်ဘဲ စိတ်ဟောင်း စိတ်ညစ် စိတ်ထေးများဖြင့် အမူအကျင့်ဆိုးများကို ဆက်စွဲကိုင်ထားကြောင်း ပြသလျက် ၁၃၈၁ မြန်မာသက္ကရာဇ် နှစ်သစ်ကို ကြိုဆိုခဲ့ကြပါကြောင်း။

ခင်နှင်းဦး
ဧပြီ - ၂၇

( Zawgyi )

ျမန္မာသကၠရာဇ္ ႏွစ္ေဟာင္းကုန္ခဲ့ပါၿပီ။၁၃၈၀ ျပည့္ႏွစ္မွ ၁၃၈၁ သို႔ ခရစ္သကၠရာဇ္ ၁၇.၄.၂၀၁၉ ရက္ေန႔တြင္ ကူးေျပာင္းခဲ့ျပန္ပါၿပီ။၂၀၁၉ ဇန္နဝါရီ ၁ ရက္ေန႔၌ ကမာၻသုံးျပကၡဒိန္အရ ႏွစ္သစ္ကိုႀကိဳခဲ့ေသာ ေ႐ႊျမန္မာမ်ားသည္  ျမန္မာသကၠရာဇ္ ႏွစ္သစ္ ၁၃၈၁ ကို ၾသကၤန္ ၃ ရက္ က်င္းပႀကိဳဆိုခဲ့ၾကပါသည္။မည္သည့္လူမ်ိဳးမဆို ႏွစ္သစ္အေပၚ ေမွ်ာ္လင့္ခ်က္မ်ား ထားရွိၾကလ်က္ စိတ္သစ္လူသစ္ျဖင့္ ႏွစ္သစ္ကို ႀကိဳဆိုသည္။ႏွစ္သစ္ကို ေက်ာ္ျဖတ္မည္ဟု ဆိုေလ့ရွိၾကပါသည္။တစ္ႏွစ္ကူးတိုင္း ေျပာ႐ိုးေျပာစဥ္ အဆိုပါ ႏွစ္သစ္ လူသစ္ စိတ္သစ္ စသည္တို႔ကိုေျပာ၍ ႏွစ္သစ္ကိုႀကိဳလာသည့္ ေ႐ႊျမန္မာတခ်ိဳ႕ကား စိတ္ညစ္စိတ္ေထး စိတ္ေဟာင္း အက်င့္ေဟာင္းမ်ားကို မျပင္ႏိုင္ၾကေၾကာင္း ျပသခဲ့ပါသည္။

အမ်ားႏွင့္သက္ဆိုင္ေသာပစၥည္းကို မယူရ၊ ယူခြင့္မရွိ ဆိုေသာ အလြန္႐ိုးရွင္းသည့္ အေျခခံက်င့္ဝတ္မွ်ကိုပင္ မေစာင့္ထိန္းႏိုင္ၾကပါ။အင္းလ်ားကန္ေဘာင္ေပၚတြင္ လမ္းေလွ်ာက္ၾသကၤန္အတြက္ အလွဆင္ေပးထားသည့္ ပုသိမ္ထီးမ်ားကို ျဖဳတ္ယူၾက ျဖဳတ္ေဆာင္းသြားၾကသည့္ ၾသကၤန္လည္သူမ်ား၏ ႐ုပ္ပုံမ်ား ေဖ့စ္ဘုတ္ေပၚ တက္လာပါသည္။

၂၀၁၆ တြင္ အုပ္ခ်ဳပ္ခြင့္အာဏာ စရခဲ့သည့္ ဒီခ်ဳပ္အစိုးရအေပၚ လူထု၏ ေမွ်ာ္လင့္ခ်က္ ႀကီးမားခဲ့ပါသည္။၂၀၁၆ ၾသကၤန္ကို မူသစ္ျဖင့္ ကိုင္တြယ္ျပလိုက္သည့္ ရန္ကုန္တိုင္းဝန္ခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၏ လုပ္ေဆာင္မႈမ်ားကို ေက်နပ္အားရလွေသာ လူထုက ကြီးၿဖိဳးဟု တခဲနက္ၾသဘာေပး ႀကိဳဆိုခဲ့ၾကပါသည္။သို႔ေသာ္ ၾသကၤန္အၿပီး ေနာက္ပိုင္း၂၀၁၆ ခုႏွစ္အတြင္းမွာပင္ ဘယ္အစိုးရတက္တက္ အစိုးရဟူသည္ အစိုးရပါပဲဟု လူထု မွတ္ခ်က္ခ်လာသည္ထိ ရန္ကုန္တိုင္းေေဒသႀကီး အစိုးရအေပၚ လူထုမေက်နပ္မႈ မ်ားျပားခဲ့ပါသည္။၂၀၁၇ ၾသကၤန္တြင္ ရန္ကုန္တိုင္းအစိုးရက သံခ်ပ္မ်ားကို ပိတ္ပင္ခဲ့ပါသည္။၂၀၁၇ ရန္ကုန္ၾသကၤန္သည္ ေျပာစမွတ္ျပဳရသည္ထိ ေျခာက္ကပ္ကပ္ျဖင့္ ၿပီးဆုံးခဲ့ရပါသည္။

မႏၲေလးၾသကၤန္ကား သံခ်ပ္ကို ပိတ္ပင္ျခင္းမရွိခဲ့ေပ။ထို႔ျပင္ လမ္းေလွ်ာက္ၾသကၤန္ကိုပါ ထည့္သြင္းက်င္းပေပးခဲ့ပါသည္။၂၀၁၇ ရန္ကုန္ၾသကၤန္ ေျခာက္ကပ္ကပ္ျဖစ္ေနစဥ္ မႏၲေလးၾသကၤန္ကား စည္ကားသိုက္ျမႇိဳက္ခဲ့ပါသည္။သို႔ျဖင့္ ၂၀၁၈ တြင္ ရန္ကုန္ကလည္း လမ္းေလွ်ာက္ၾသကၤန္ ထည့္သြင္းလုပ္ေဆာင္လာပါသည္။
သံခ်ပ္ထိုးမည့္ ၾသကၤန္အဖြဲ႕မ်ား၏ သံခ်ပ္မ်ားကို သံခ်ပ္စိစစ္ေရးအဖြဲ႕သို႔ တင္ျပရမည္ဟု ရန္ကုန္တိုင္းအစိုးရက စည္းကမ္းထုတ္ခဲ့ပါသည္။၂၀၁၉ ၾသကၤန္တြင္ သံခ်ပ္စိစစ္ေရးအဖြဲ႕သို႔ သံခ်ပ္မ်ား မတင္ျပဘဲ တင္ဆက္ခဲ့သည့္ သံခ်ပ္အဖြဲ႕ ၃ ဖြဲ႕ရွိခဲ့ပါသည္။အဆိုပါ သံခ်ပ္အဖြဲ႕ ၃ ဖြဲ႕သည္ ေျမာက္ဥကၠလာပ၊ ကန္သာယာပန္းၿခံတြင္ သံခ်ပ္ထိုး ေဖ်ာ္ေျဖေပးခဲ့ၾကပါသည္။

တျခားတဘက္တြင္မူ လမ္းေလွ်ာက္ၾသကၤန္အျဖစ္ အင္းလ်ားကန္ေဘာင္ေပၚ၌ အလွဆင္ေပးထားသည့္ ပုသိမ္ထီးမ်ားကို ၾသကၤန္အၾကတ္ေန႔တြင္ ၾသကၤန္လည္သူတခ်ိဳ႕က ျဖဳတ္ယူၾကပါသည္။ဆင္ဆာအျဖတ္မခံသည့္ သံခ်ပ္အဖြဲ႕ ၃ ဖြဲ႕ ထိုးသည့္ သံခ်ပ္သံမ်ား ေဖ့စ္ဘုတ္ေပၚ တက္လာသည့္နည္းတူ၊ ပုသိမ္ထီးမ်ား ျဖဳတ္ယူခဲ့သူတို႔၏ ႐ုပ္ပုံမ်ားကို ေဖ့စ္ဘုတ္ေပၚ တက္လာၾကပါသည္။ထီးျဖဳတ္သူမ်ားကို အျပစ္တင္ဆဲေရးၾကသည့္ စာမ်ား တပါတည္းတက္လာပါသည္။လမ္းေလွ်ာက္ၾသကၤန္အတြက္ အင္းလ်ားကန္ေဘာင္ေပၚတြင္ ပုသိမ္ထီးမ်ား အလွဆင္ေပးရာတြင္ မီးဆင္ခ၊ ပန္းအလွဆင္ခ တန္ဖိုးမ်ား အပါအဝင္ ၈၁၇ သိန္း ကုန္က်ခဲ့သည္ဟု ဆိုပါသည္။ၾသကၤန္ ၃ ရက္အတြက္ ၈၁၇ သိန္း ကုန္က်ခံမည့္အစား သည္ထက္အက်ိဳးရွိသည့္ ေနရာတြင္ ၈၁၇ သိန္းကို မသုံးသင့္ေပဘူးလား။ျမန္မာျပည္တြင္ ျဖည့္ေပးရမည့္ ကြက္လပ္မ်ား မ်ားျပားလွပါသည္။ၾသကၤန္ ၃ ရက္ အေပ်ာ္အတြက္ ၈၁၇ သိန္း သုံးမည့္အစား၊ ၾသကၤန္ရက္တြင္း ထိခိုက္ဒဏ္ရာရလာမည့္သူမ်ား၊ အသက္ဆုံးရႈံးသူမ်ားအနက္ အကူညီလိုသူမ်ားအတြက္ သုံးလွ်င္ ပိုအက်ိဳးမရွိေပဘူးလား။

တိုင္းသူျပည္သားတိုင္း လိုက္နာရသည့္ ႏိုင္ငံသားက်င့္ဝတ္မ်ား ရွိၾကပါသည္။ေတြ႕ရာေနရာ အမႈိက္မပစ္ရန္။ေတြ႕ရာေနရာ ကြမ္းတံေတြးမေထြးရန္။အမ်ားပိုင္ဆိုင္သည့္ ပစၥည္းမ်ားကို မဖ်က္ဆီးရန္ တာဝန္ရွိ႐ုံသာမက၊ ဖ်က္ဆီးသူမ်ား၏ရန္မွ ကာကြယ္ေပးရန္ စသည္တို႔ကို ကိုယ္ရည္ကိုယ္ေသြး ျမင့္မားသည့္ ႏိုင္ငံသူ ႏိုင္ငံသားတိုင္း လိုက္နာၾကပါသည္။ဒီခ်ဳပ္အစိုးရ မဖြဲ႕ရေသးမီ ၂၀၁၅ ေ႐ြးေကာက္ပြဲ မဲအႏိုင္ရၿပီးေနာက္ ဒီခ်ဳပ္အဖြဲ႕ ပထမဆုံးလုပ္ခဲ့သည့္ အလုပ္မွာ ေနရာအႏွံ႔ရွိေနသည့္ အမႈိက္မ်ားကို ေကာက္ျပျခင္းျဖစ္ပါသည္။ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ အမႈိက္ထြက္ေကာက္ျပခဲ့ပါသည္။သည္ကတည္းက ယခုထိ မၾကာခဏ အမႈိက္ထြက္ေကာက္ျပေနသည့္ အဖြဲ႕မ်ားသာ တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ ထြက္အမႈိက္ေကာက္ျပၾကေစကာမူ ျမန္မာတို႔ကား ေတြ႕ရာေနရာ အမႈိက္ပစ္ေနတုန္း။

ဒီခ်ဳပ္အစိုးရ သက္တမ္း ၃ ႏွစ္ ေက်ာ္လာသည့္တိုင္ အမႈိက္ျပႆနာကို မေျဖရွင္းႏိုင္ခဲ့ပါသည္။ျပည္သူကို အမႈိက္ပစ္မႈႏွင့္ ပတ္သက္၍ ထိေရာက္သည့္ ပညာေပးမႈ မလုပ္ႏိုင္ခဲ့ေပ။အမႈိက္ပစ္ျခင္း ပညာေပးသည္ဆိုရာတြင္ အမႈိက္မ်ားကို အမႈိက္ပုံးထဲပစ္ပါဆိုေသာ အဆင့္ထက္ သာလြန္ပါသည္။အမႈိက္စို၊ အမႈိက္ေျခာက္ စနစ္တက် ခြဲျခားပစ္ရပုံ။အမႈိက္ေျခာက္မ်ားကို အၿပီးစြန႔္ပစ္လိုက္ရမည့္ အမႈိက္ႏွင့္ ျပန္သုံး၍ရသည့္ အမႈိက္ခြဲျခားပစ္ရပုံ။ထိုမွတဖန္ ပုလင္းကြဲကဲ့သို႔ေသာ အမႈိက္မ်ိဳးကို ပစ္မည္ဆိုလွ်င္ သီးသန႔္ထုတ္ပိုးၿပီး ထိရွတတ္သည္ဆိုေသာ စာေရးၿပီးမွ စြန႔္ပစ္ရမည္ျဖစ္ေၾကာင္း ပညာေပးျခင္းမရွိခဲ့ပါ။ထိုကဲ့သို႔ အမႈိက္မ်ား ခြဲျခားပစ္ႏိုင္ရန္ အမႈိက္ပုံးမ်ားကို သက္ဆိုင္ရာက လုံလုံေလာက္ေလာက္ ထားမေပးပါ။ၾသကၤန္ေရကစားသူမ်ား ပစ္ခဲ့သည့္ ေရသန႔္ဘူးခြံ၊ အခ်ိဳရည္ဘူးခြံ၊ မုန႔္မ်ိဳးစုံ ထုတ္ပိုးသည့္ ပလတ္စတစ္အိတ္မ်ား စသည္တို႔ကို လမ္းတကာတြင္ ေတြ႕ရျခင္းကလည္း ႏွစ္သစ္ေျပာင္းေသာ္လည္း စိတ္သစ္ အမူအက်င့္သစ္ မေျပာင္းသည့္ ျမန္မာတို႔၏ ခိုင္ၿမဲေသာ စ႐ိုက္တစ္ခုကဲ့သို႔ ျဖစ္လာပါသည္။

ေဖ့စ္ဘုတ္ေပၚ တက္လာသည့္ ပုသိမ္ထီး ျဖဳတ္ယူသူမ်ားသည္ အ႐ြယ္ေကာင္း အ႐ြယ္လွ မိန္းမငယ္ ေယာက်္ားငယ္မ်ား ပါသကဲ့သို႔ ေခတ္မီမီဝတ္စားထားသည့္ သက္လတ္ပိုင္း အ႐ြယ္မ်ားလည္း ပါပါသည္။သူတို႔ကို ၾသကၤန္အလွဆင္ထားေသာ ပုသိမ္ထီးမ်ားကို ျဖဳတ္သြားသည့္ ေအာက္တန္းစားမ်ားဆိုေသာ စာတန္းမ်ားထိုးလ်က္ ေဖ့စ္ဘုတ္ေပၚ တင္ေပးၾကပါသည္။ေဖ့စ္ဘုတ္အေကာင့္ပိုင္ရွင္ တစ္ဦးကမူ ၂၀၁၅ လက္ပံတန္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ဆႏၵျပခဲ့ေသာ ေက်ာင္းသားမ်ားကို လက္ပတ္နီမ်ားက ဝင္ေရာက္လုံးေထြး ဖမ္းဆီးရာတြင္ ပါဝင္ခဲ့သူ သုံးေလးေယာက္ပုံမ်ားကို တင္ေပးထားပါသည္။ထိုလက္ပတ္နီတို႔ လက္ထဲတြင္ လမ္းေလွ်ာက္ၾသကၤန္တြင္ အလွဆင္ထားသည့္ ပုသိမ္ထီးမ်ား ကိုယ္စီကိုင္ထားၾကပါသည္။သည္လက္ပတ္နီမ်ားက ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ပုသိမ္ထီးမ်ားကို ျဖဳတ္ယူျပၾကသည္။သို႔ျဖင့္ တျခားသူမ်ားက ပုသိမ္ထီးျဖဳတ္ယူႏိုင္သည္ဟု ယူဆၿပီး ျဖဳတ္ယူၾကျခင္းျဖစ္သည္ဟု ေဖ့ဘုတ္ေပၚ ေရးသားသူမ်ားလည္း ရွိပါသည္။မည္သို႔ျဖစ္ေစ မည္သူက လမ္းေၾကာင္းျပသည္ျဖစ္ေစ အမ်ားအတြက္ လုပ္ထားသည့္ အမ်ားႏွင့္ဆိုင္ေသာ ပုသိမ္ထီးမ်ားကို ျဖဳတ္မယူသင့္ေၾကာင္း သိသင့္ပါသည္။တခ်ိဳ႕က စိတ္ဆိုးလြန္းၾကၿပီး ပုသိမ္ထီး ျဖဳတ္ယူသူမ်ားကို ျပင္းျပင္းထန္ထန္ အျပစ္တင္ရႈံ႕ခ် ေရးသားထားၾကပါသည္။

အခ်ဳပ္ဆိုရေသာ္ ေ႐ႊျမန္မာအမ်ားစုသည္ စိတ္သစ္ စိတ္သန႔္ဘက္ မေျပာင္းႏိုင္ဘဲ စိတ္ေဟာင္း စိတ္ညစ္ စိတ္ေထးမ်ားျဖင့္ အမူအက်င့္ဆိုးမ်ားကို ဆက္စြဲကိုင္ထားေၾကာင္း ျပသလ်က္ ၁၃၈၁ ျမန္မာသကၠရာဇ္ ႏွစ္သစ္ကို ႀကိဳဆိုခဲ့ၾကပါေၾကာင္း။

ခင္ႏွင္းဦး
ဧၿပီ - ၂၇